← Chapters

ကောင်းကင်တာအို၏ဆင်ခြင်တုံတရား

Vol. 57 Ch. 843

ကောင်းကင်တာအို၏ဆင်ခြင်တုံတရား

Vol. 57 Ch. 843

ကဏ္ဍပေါင်းစုံတွင် စည်းမျဉ်းစည်းကမ်းသည် အရေးပါသည်ဟူသော ဆိုရိုးစကားရှိသည်။

ကောင်းကင်တာအို ကော်မတီအစည်းအဝေး ကျင်းပနေချိန်တွင် ကောင်းကင်တာအိုစားပွဲခုံ မပါရှိဘဲ ပြုလုပ်၍မရပေ။

ယန်ဟွိုက်အပေါ်တွင် ကျရောက်နေသည့် ဝမ်လင်း၏ ဒေါသက ကောင်းကင်တာအိုစားပွဲကိုပင် ထွက်ပြေးသည်အထိ ကြောက်ရွံ့စေခဲ့သည်။

ထိုဖြစ်ရပ်ကိုကြည့်လျှင် ဝမ်လင်း၏ဒေါသ မည်မျှပြင်းထန်ကြောင်း သိနိုင်ပေသည်။

ဝမ်လင်း၏ ဒေါသက နှစ်မျိုးနှစ်စားရှိသည်။

ဝှိုက်လစ်စာရင်းကို နှစ်ပေါင်းများစွာကြာအောင် ကိုင်တွယ်ပြီးနောက်တွင် ကောင်းကင်တာအို ကော်မတီသည် ဒေါသအမျိုးအစားနှစ်မျိုးကို ခွဲခြားနိုင်ခဲ့သည်။

ပထမတစ်မျိုးမှာ သူ၏ခေါက်ဆွဲခြောက်ကြွပ်ကြော်များကို ဖျက်ဆီးခြင်း သို့မဟုတ် ဖြုန်းတီးခံရခြင်းတို့တွင် ဖြစ်ပေါ်တတ်သည့် ဒေါသမျိုး ဖြစ်သည်။

ယခုဒေါသကမူ ကောင်းကင်တာအိုစားပွဲပင် ထွက်ပြေးရသော ဒေါသမျိုး ဖြစ်၍ ပထမတစ်မျိုးထက် ပို၍ ပြင်းထန်ကြောင်း သိသာနေ၏။

ဤသည်မှာ ဝမ်လင်း၏ နက်ရှိုင်းသော အမျက်ဒေါသ ဖြစ်သည်။

ယန်ဟွိုက်က လူနာအများအပြားကို နှိပ်စက်ညှင်းပန်းခဲ့သောကြောင့် ဝမ်လင်း၏ အမျက်ဒေါသက အလွန်ပြင်းထန်နေခြင်း ဖြစ်သည်။

“ဒီမေဘေးကြောင့် တာအိုကျင့်ကြံသူဝမ်က ဒေါသအရမ်းထွက်နေတယ်”

စိတ်ဝိညာဉ် ကောင်းကင်တာအိုက သက်ပြင်းကို လေးလံစွာချရင်း ပြောလိုက်သည်။

“ဒါမျိုး ဘယ်တုန်းကမှ ငါမမျှော်လင့်ထားခဲ့ဘူး.. ဒီလိုလူယုတ်မာမျိုးက ဘာလို့ ဒီလောက်ကြာတဲ့အထိ တရားစီရင်ခြင်းကို မခံရတာလဲ”

“နေဦး.. ငါစစ်ဆေးကြည့်လိုက်ဦးမယ်”

သေခြင်းရှင်ခြင်း ကောင်းကင်တာအိုက ပြောလိုက်သည်။

“ယန်မိသားစုရဲ့ ပထမဆုံးဘိုးဘေး ဖြစ်တဲ့ ယန်ဝူတီက ကောင်းကင်တာအို အညီအမျှဖလှယ်ခြင်း အစီအရင်ကို အသက်သွင်းခဲ့ဖူးတယ်လို့ မှတ်တမ်းတွေမှာ တွေ့ရှိရတယ်.. ဒီလူက ကောင်းကင်တာအိုရဲ့ တရားစီရင်ခြင်းကနေ သူ့ရဲ့သားစဉ်မြေးဆက်တွေ ခွင့်လွှတ်မှုရဖို့ အတွက် ရှားပါးရတနာတစ်ပါးနဲ့ လဲလှယ်ခဲ့တယ်.. အဲဒီ ရှားပါးရတနာက အရှင်သခင်တစ်ပါးရဲ့ သင်္ချိုင်းကနေရတဲ့ ဦးခေါင်းခွံပဲ”

အခြားသော ကောင်းကင်တာအိုများက အံ့ဩသွားကြသည်။

“ဒီလိုဖြစ်ရပ်မျိုး ရှိခဲ့တယ်လား”

“ကောင်းကင်တာအို တက်ဘလက်ပေါ်မှာ မှတ်တမ်းတင်ထားတဲ့စာတွေကို ငါသေချာစစ်ဆေးပြီးပြီ.. ဒီဖြစ်ရပ်က အမှန်ပဲ.. ဒါပေမဲ့ ယန်ဝူတီရဲ့ နောက်ပိုင်းမျိုးဆက်တွေက အရမ်းကိုဆိုးသွမ်းလွန်းတယ်.. ယန်မိသားစုက ဆင်းသက်လာတဲ့ ၃၆ဆက်မြောက်က ကောင်ဆိုရင် တာအိုဘိုဘေးဝမ်ရဲ့ မြေးတစ်ဦးရဲ့ ရိုက်နှက်ခြင်းကိုတောင် ခံခဲ့ရတယ်.. ဒီလူက ဘယ်သူလဲ ဆိုတာတော့ အားလုံးသိမယ်လို့ ထင်ပါတယ်”

“တာအိုဘိုးဘေးဝမ်ရဲ့မြေး ဆိုတော့ ဟိုတလောက ငါတို့အရေးယူလိုက်ရတဲ့ ဝမ်ကျန်းလား”

“ဟုတ်တယ် သူပဲ”

ခွန်အား ကောင်းကင်တာအိုက စိတ်သက်သာရာ ရသွားသော အမူအရာဖြင့် ပြောလိုက်သည်။

“လက်ရှိဖြစ်ရပ်က ယန်မိသားစုနဲ့ ကောင်းကင်တာအိုကြားက စာချုပ်စာတမ်းကို အားနည်းသွားစေတာတော့ အမှန်ပဲ.. ဝမ်မိသားစု ပါလာတာနဲ့ အရာအားလုံးက ပြောင်းလဲသွားတာပဲ”

“စာချုပ်စာတမ်းတွေ အားနည်းသွားတာထက် တာအိုကျင့်ကြံသူဝမ်ရဲ့အမျက်ဒေါသက ကျွန်တော်တို့ဘက်ကိုလည်း လှည့်လာနိုင်တယ်ဆိုတာ သတိရဦး”

“ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းတို့က ဘယ်လိုထင်ကြတုန်း.. ဒီယန်ဟွိုက် ဆိုတဲ့ အယုတ်တမာကောင်ကို ဘယ်လိုဖြေရှင်းကြရင်ကောင်းမလဲ”

အခြားသော ကောင်းကင်တာအိုများက တညီတညွတ်တည်း ပြောလိုက်ကြသည်။

“ဘာတွေစဉ်းစားစရာရှိလို့လဲ.. ငါသူ့ကို စောင့်ကြည့်နေတာကြာပြီ”

ခွန်အား ကောင်းကင်တာအိုက အေးစက်စက် ပြောလိုက်သည်။

“ငါက သူ့ရဲ့ ရှိသမျှ ကြွက်သားတွေကို ဖျက်ဆီးပစ်ပြီး ခွန်အားတွေ ဆုံးရှုံးသွားအောင်လုပ်ချင်တယ်”

သေခြင်းရှင်ခြင်းကောင်းကင်တာအို “အကြီးအကဲ ခွန်အားရဲ့ပြစ်ဒဏ်က လုံလောက်အောင် မရက်စက်သေးဘူး.. ငါကတော့ သူ့ကို ဆင်းရဲဒုက္ခတွင်းထဲ ရှင်သန်စေချင်တယ်.. သူဘယ်လိုပဲသတ်သေဖို့ကြိုးစားပါစေ.. သေခွင့်မပေးချင်ဘူး”

အာကာသကောင်းကင်တာအို “အကြီးအကဲ ခွန်အားနဲ့ အကြီးအကဲ သေခြင်းရှင်ခြင်းတို့ရဲ့ နည်းလမ်းတွေက ပျော့လွန်းတယ်.. ဒါပေမဲ့လည်း အကြီးအကဲ သေခြင်းရှင်ခြင်းရဲ့ နည်းလမ်းနဲ့အတူ ဒီအယုတ်တမာရဲ့ ခန္ဓာကိုယ်ကို အဆက်မပြတ် ကိုက်စားမယ့် အာကာသပိုးကောင်တွေကို ငါလုပ်ပေးနိုင်တယ်.. မသေနိုင်တဲ့အတွက် ဒီကောင်က ဝေဒနာတွေကို အဆက်မပြတ် ခံစားနေရမှာပဲ”

စိတ်ဝိညာဉ်ကောင်းကင်တာအို “ငါကတော့ သူ့စိတ်ကိုထိန်းချုပ်မယ်.. သူနိုးထသည်ဖြစ်စေ အိပ်မက်မက်နေသည်ဖြစ်စေ လျှပ်စစ်ရှော့တိုက်တဲ့ ဝေဒနာကို ခံစားစေမယ်.. ယန်ဝူတိရဲ့ မျိုးဆက်တွေ အားလုံးက ဒီအိပ်မက်ကျိန်စာကို မျိုးရိုးစဉ်ဆက် ကြုံတွေ့ရလိမ့်မယ်”

အချိန်ကောင်းကင်တာအို “မင်းတို့အားလုံး ကောင်းကင်တာအိုတွေနော်.. ဘာလို့ ဒီလောက်တောင် ဆိုးသွမ်းနေရတာလဲ.. မင်းတို့ကိုယ်မင်းတို့ မိစ္ဆာတွေလို့ ထင်နေလား”

အခြားကောင်းကင်တာအိုများ “???”

အချိန်ကောင်းကင်တာအို “ငါသာဆို အကြီးအကဲ စိတ်ဝိညာဉ်ကို အကူအညီတောင်းပြီး ယန်ဟွိုက်ရဲ့ စိတ်ဝိညာဉ်ကို နှစ်ပိုင်းခွဲပစ်မယ်.. အကြီးအကဲ သေခြင်းရှင်ခြင်းကိုတော့ ဒီတစ်ဝက်တစ်ပြတ် စိတ်ဝိညာဉ်အတွက် ခန္ဓာကိုယ်အသစ် တစ်ခု ဖန်တီးခိုင်းမယ်.. ပြီးရင် ယန်ဝူတီရဲ့ နောက်ပိုင်းမျိုးဆက်တွေ ကိုယ်တိုင်ကိုယ်ကျ နှိပ်စက်ညှင်းပန်းဖို့အတွက် အချိန်စွမ်းအားကို သုံးပြီး ယန်ဟွိုက်ကို ပြန်ပို့မယ်.. ဟားဟားဟား”

ထိုအချိန်တွင် သေခြင်းရှင်ခြင်းကောင်းကင်တာအိုက အရေးကြီးသော ပြဿနာတစ်ရပ်ကို ရုတ်တရက် တွေ့ရှိလိုက်သည်။

“ကောင်းကင်တာအိုနဲ့ သဘောတူလိုက်တဲ့ စာချုပ်စာတမ်းက ရှိနေဆဲပဲ.. အဲဒီလို လုပ်လိုက်ရင် စည်းကမ်းဖောက်ဖျက်ရာ ကျမနေဘူလား”

ခွန်အားကောင်းကင်တာအို “ဝှိုက်လစ်စာရင်းဝင် ဖောက်သည်တစ်ဦးရဲ့ အခွင့်အာဏာက စည်းမျဉ်းတွေအားလုံးရဲ့ အထက်မှာ ရှိတယ်.. တာအိုတည်ထောင်သူ ပြောခဲ့တဲ့စကားကို မင်းတို့မှတ်မိကြသေးလား.. စည်းမျဉ်းစည်းကမ်းတွေနဲ့ ဝှိုက်လစ်စာရင်းဝင် ဖောက်သည်တွေကြားမှာ ပြဿနာတွေရှိခဲ့ရင် စည်းမျဉ်းစည်းကမ်းတွေက ဘယ်လောက်ပဲ တင်းကျပ်ပါစေ ဝှိုက်လစ်စာရင်းဝင် ဖောက်သည်တွေကိုပဲ ဦးစားပေးရမယ်.. စည်းမျဉ်းစည်းကမ်းကို ဖောက်ဖျက်လို့ ငါတို့ ကောင်းကင်တာအိုရဲ့ ဂုဏ်ကျက်သရေ ညှိုးနွမ်းသွားရင်တောင် ဒါကကောင်းကင်တာအို ဝှိုက်လစ်စာရင်းဝင် ဖောက်သည်တွေရဲ့ အခွင့်အာဏာပဲ”

ထိုစကားကို ပြောပြီးနောက် ခွန်အား ကောင်းကင်တာအိုက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ကမ္ဘာမြေပေါ်ရှိ ပုံရိပ်က ချက်ချင်းပင် ထပ်ပေါ်လာသည်။

ထိုအချိန်တွင် ဝမ်လင်းနှင့်ယန်ဟွိုက်တို့သည် ကုသရေးအခန်းထဲ၌ ရှိနေကြဆဲ ဖြစ်၏။

ယန်ဟွိုက်က ဝမ်လင်းရှေ့သို့ တိုးမလာစေရန် ထိုအခန်းထဲရှိလူနာတစ်ဦး၏ လည်ပင်းကို သိန်းငှက် စွန်ချီ နည်းစနစ်ဖြင့် ဖမ်းဆုပ်ကာ ဝမ်လင်းကို အကျပ်ကိုင်လိုက်သည။

စိတ်ဝိညာဉ်ကောင်းကင်တာအို “ကောင်းကင်တာအိုပြစ်ဒဏ်ကို တရားဝင် မလုပ်ဆောင်ခင် ငါတို့အတူတူ ဒီယန်ဟွိုက်ကို အမြည်းကျွေးလိုက်ရအောင်”

“ကောင်းသားပဲ”

အချိန်ကောင်းကင်တာအိုက ရယ်မောလိုက်သည်။

“ဒီယန်ဟွိုက်ဆိုတဲ့ ငမိုက်သားက ဝှိုက်လစ်စာရင်းဝင်ဖောက်သည်တွေကိုတောင် စော်ကားဖို့ အတင့်ရဲတယ်.. အသက်ရှင်ရတာ ပင်ပန်းနေပုံပဲ.. ဘယ်လိုလူကမှ ဝှိုက်လစ်စာရင်းဝင် ဖောက်သည်တွေကို စော်ကားခွင့်မရှိဘူး.. ဒီကောင်က အသတ်ခံရဖို့ လုံလောက်နေပြီ”

စိတ်ဝိညာဉ်ကောင်းကင်တာအို “အကြီးအကဲခွန်အား မင်းဒီအကွာအဝေးကနေ ယန်ဟွိုက်ကို တစ်ခုခုလုပ်နိုင်မလား”

သေခြင်းရှင်ခြင်းကောင်းကင်တာအို “ယန်ဟွိုက်က အပြစ်မဲ့လူငယ်တစ်ယောက်ကို ဓားစာခံအဖြစ် ချုပ်နှောင်ထားတဲ့အတွက် အကြီးအကဲခွန်အားက အရေးယူဖို့ ခက်ခဲနိုင်တယ်.. ဒါ့အပြင် သူ့ရဲ့ကောင်းကင်တာအိုက အားကောင်းလွန်းတော့ လူငယ်လေးကို မတော်တဆ ထိခိုက်နိုင်တယ်”

ထိုစကားကိုကြားလျှင် ခွန်အားကောင်းကင်တာအိုက ရယ်မောလိုက်သည်။

“ရယ်စရာပဲ.. တိကျတဲ့ လုပ်ကြံမှုစွမ်းရည်ကို ငါကျင့်ကြံခဲ့တာကြာပြီလေ.. အကြီးအကဲ သေခြင်းရှင်ခြင်းက ငါ့ကိုအထင်သေးနေတာလား.. တာအိုတည်ထောင်သူ ဆီကနေ အရင်က ငါ့အကြောင်းကို မင်းမကြားခဲ့ဖူးဘူးလား”

သေခြင်းရှင်ခြင်း ကောင်းကင်တာအိုက ချွေးတလူးလူး ထွက်လာခဲ့သည်။

“ထားလိုက်ပါ.. ငါတို့အတူတူ လက်တွဲပြီး ဒီဆိုးညစ်တဲ့ကောင်ကို သင်ခန်းစာ အတူတူပေးကြရအောင်”

ထိုအချိန်တွင် ဝမ်လင်းသည် ယန်ဟွိုက်နှင့် ဆက်ဆံရန် နည်းလမ်းပေါင်းတစ်သောင်းကို ကြိုတွေးထားခဲ့သည်။

ဓားစာခံလူငယ်ကို ကယ်တင်ပြီး တစ်ချိန်တည်းမှာပင် ယန်ဟွိုက်ကို ဥပဒေအရ အပြစ်ပေးမခံရမီ ကောင်းကောင်းလေး ရိုက်နှက်ပေးရမည်ဟု တွေးတောခဲ့သည်။

ထို့နောက်တွင် သူက ကျိုးရီကိုခေါ်၍ ယန်ဟွိုက်ကို စုန့်ဟိုင်အကျဉ်းထောင်သို့ ပို့စေကာ နည်းလမ်းပေါင်း တစ်သောင်းဖြင့် နှိပ်စက်စေမည် ဖြစ်၏။

ဤသည်က သူစိတ်ကူးထားသည့် ပြီးပြည့်စုံသော စိတ်ကူးတစ်ခု ဖြစ်သည်။

ဝမ်လင်း တွေးတောနေစဉ်မှာပင် ကောင်းကင်ထက်၌ ရုတ်တရက် မိုးချုန်းသံကို ကြားလိုက်ရသည်။

နောက်ထပ် အခိုက်အတန့်တွင် ယန်ဟွိုက်ကို တိုက်ရိုက် ချုပ်နှောင်ရန် ထူးဆန်းသော သင်္ကေတများနှင့်အတူ ထူးဆန်းသော လက်တစ်စုံက မြေပြင်မှ ထွက်ပေါ်လာခဲ့သည်။

ယန်ဟွိုက်က လုံးဝ မလှုပ်ရှားနိုင်တော့ဘဲ အရိုးများအားလုံးပျော့ပျောင်းသွားသကဲ့သို့ ခန္ဓာကိုယ်ရှိ ခွန်အားများ ဆုံးရှုံးသွားခဲ့သည်။

ယန်ဟွိုက်က အခြေအနေကို နားလည် သဘောပေါက်လိုက်ပြီး သူဓားစာခံ လုပ်ထားသည့်လူငယ်ကို အလျင်အမြန် တွန်းထုတ်ပစ်လိုက်သည်။

သူက မြေပြင်ပေါ်တွင် ထော့နဲ့ထော့နဲ့ လမ်းလျှောက်ရင်း ခွန်အားကောင်းကင်တာအို၏ နောက်ထပ် တိုက်ခိုက်မှုတစ်ခုကို ကြုံတွေ့လိုက်ရသည်။

ဤသည်က အရက်စက်ဆုံးပြစ်ဒဏ်ဖြစ်သည့် ခြေဖဝါးကို ကလိထိုးခြင်း ဖြစ်၏။

အပိုင်း(၈၄၃) ပြီး၏

All Chapters