← Chapters

မာကျောက်တပ်ဖွဲ့၏ ဂိမ်းအသစ်- စာရေးသူကိုသတ်

Vol. 57 Ch. 845

မာကျောက်တပ်ဖွဲ့၏ ဂိမ်းအသစ်- စာရေးသူကိုသတ်

Vol. 57 Ch. 845

ယန်ဟွိုက်က သူ့အပေါ် ကြမ္မာသက်ရောက်မည့်နေ့ ကျရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ယခုအခါတွင်‌ ကောင်းကင်တာအို၏ အသံက သူ့ဦးနှောက်ထဲတွင် ပဲ့တင်ထပ်နေသည်။

ဆိုရလျှင် ကောင်းကင်တာအို၏ ဝိညာဉ်ရေးဖိအားက သူ့အပေါ်တွင် သက်ရောက်နေခြင်း ဖြစ်၏။

သူ့ဦးနှောက်ထဲတွင် လျှပ်စစ်စီးကြောင်း၏ ဆူညံသံသည် အဆုံးမသတ်နိုင်သော လှိုင်းလုံးကြီးတစ်ခုလို ဖြစ်နေပြီး သေချင်စိတ်ကိုပင် ဖြစ်ပေါ်စေသည်။

သူက ပြတ်ပြတ်သားသားပင် လျှာကို ကိုက်လိုက်သော်လည်း ထူးဆန်းသည်မှာ သူကိုက်လိုက်သည်နှင့် လျှာက သူ့အလိုလို ပြန်လည် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယင်းမှာ သေခြင်းရှင်ခြင်း ကောင်းကင်တာအို၏ စွမ်းအားက ယန်ဟွိုက် တစ်ယောက် ကိုယ့်ကိုယ်ကိုယ် သတ်သေ၍မရအောင် ပြုလုပ်ခဲ့ခြင်း ဖြစ်၏။

ထိုအစား သူ့ကိုယ်သူ သတ်သေသည့်ဝေဒနာပါ ထပ်ပေါင်း၍ ဝေဒနာကိုနှစ်ဆ ခံစားစေခဲ့သည်။

တစ်ဖက်တွင်လည်း ခွန်အား ကောင်းကင်တာအို၏ ဒဏ်ခတ်မှုကြောင့် ယန်ဟွိုက်၏ ကြွက်သားများသည် တဖြည်းဖြည်း ကြီးထွားလာခဲ့သည်။

အဆုံးသတ်တွင် ခွန်အား ကောင်းကင်တာအိုသည် ယန်ဟွိုက်ဝန်ခံမှု ပြုလုပ်နိုင်ရန်အတွက် လျှာမှ ကြွက်သားတစ်သျူးများကို ချန်ထားပေးခဲ့သည်။

ယန်ဟွိုက်က သူ့အမှားများကို ဝန်မခံသရွေ့ ကောင်းကင်တာအို၏ ပြစ်ဒဏ်က ရပ်တန့်သွားမည်မဟုတ်ပေ။

ယခုအခါတွင် ယန်ဟွိုက်၏ပုံစံက အလွန်ပင် ကြည့်မကောင်းရှုမကောင်း ဖြစ်နေသည်။

ထိုထက် ဝမ်းနည်းစရာကောင်းသည်မှာ ယန်ဟွိုက်သည် စုန့်ဟိုင်ထောင်၏ မာကျောက်အခန်းသို့ ပို့ဆောင်ခံရခြင်း ဖြစ်၏။

ယန်ဟွိုက်ကို အထူးအကျဉ်းခန်းသို့ ထောင်အရာရှိများ မပို့်ဆောင်မီက မာကျောက်အဖွဲ့သည် ဂိမ်းအသစ်တစ်ခုကို ကစားနေခဲ့သည်။

မိစ္ဆာအင်ပါယာ ကွာဖီ၊ မိစ္ဆာဓားနတ်ဘုရားနှင့် အင်မော်တယ်စံအိမ်သခင် ချန်ယွီတို့ ကစားနေသည့်ဂိမ်းမှာ "စာရေးဆရာကိုသတ်" ဟူသောဂိမ်း ဖြစ်သည်။

ထိုဂိမ်းက အွန်လိုင်းစာရေးဆရာများ၏ အထောက်အထားများကို အသုံးပြု၍ ဖန်တီးထားသော ကတ်ဂိမ်းတစ်ခုဖြစ်သည်။

ကစားသမားတစ်ဦးစီသည် ဂိမ်းစတင်သည်နှင့် ဇာတ်ကောင်တစ်ခုကို ရွေးချယ်ရမည်ဖြစ်ပြီး ဇာတ်ကောင်တစ်ခုစီတွင် သက်တမ်းများလည်း ရှိ၏။

ကစားသမားများသည် ဂိမ်းမစတင်မီတွင် ကတ် ၅ကတ်စီကို ထုတ်ယူရမည် ဖြစ်ပြီး မိမိအလှည့်သို့ ရောက်သည့်အချိန်တွင် ၃ကတ်စီကို ဆွဲယူရမည် ဖြစ်သည်။

မိစ္ဆာအင်ပါယာကွာဖီ၏ ဇာတ်ကောင် ကျန်းနန်

သက်တမ်း = H

ဇာတ်ကောင်စကေးလ် 1 (ဓားသွားချိန်းကြိုး)

ကစားနေစဉ်အတွင်း ကျန်းနန်သည် ဓားသွားကတ် ၃ခုကို ရရှိခဲ့လျှင် နဂါးမင်းသား၏ ဓားသွားသူရဲကောင်းစကေးကို အသုံးပြုထားသည်ဟု မှတ်ယူမည်ဖြစ်ပြီး ကစားသမားတိုင်းသည် ၎င်းတို့၏ ကတ်များကို နေရာမှာပင် ထုတ်ပြရမည်ဖြစ်သည်။

ထို့ပြင် ဓားသွားကတ်နှစ်ခုကိုလည်း စွန့်ပစ်ရမည် ဖြစ်၏။

၎င်းတို့တွင် စွန့်ပစ်ရန် ဓားသွားကတ်များ အလုံအလောက် မရှိခဲ့လျှင် သက်တမ်း အမှတ်တစ်မှတ် ဆုံးရှုံးမည် ဖြစ်သည်။

ဤစွမ်းအင်ကို အလှည့်တိုင်းတွင် တစ်ကြိမ်သာ အသုံးပြုနိုင်သည်။

ဇာတ်ကောင်စကေး2 (တည်ငြိမ်အေးဆေးမှု)

ကစားနေစဉ်အတွင်း ကျန်းနန်သည် ကတ်များကို စွန့်လွှတ်ခဲ့ရလျှင် တည်ငြိမ်သော အပ်ဒိတ်နှောင့်နှေးခြင်း စကေးကို အသုံးပြုသည်ဟု မှတ်ယူမည် ဖြစ်သည်။

ထိုအခါတွင် အခြားသော ကစားသမားများသည် ကတ်ကစားရန် သူတို့၏အလှည့်ကို ကျော်သွားရမည် ဖြစ်သည်။

ကျန်းနန် ကတ်ဆွဲရန် အလှည့်ရောက်သောအခါတွင် အခြားဇာတ်ကောင်များသည် သူတို့လက်ထဲတွင်ရှိသော ဓားသွားကတ်များကို ထုတ်ပြပြီး ကတ်နံပါတ်တူကို ထုတ်ပြရမည်ဖြစ်သည်။

ဤစွမ်းရည်ကို အလှည့်တိုင်းတွင် တစ်ကြိမ်သာ အသုံးပြုနိုင်၏။

အင်မော်တယ်စံအိမ်သခင် ချန်ယွီ၏ဇာတ်ကောင် = ကောင်းကင်ပိုး အာလူး

သက်တမ် = ၇

ဇာတ်ကောင်စကေး1 (အပ်ဒိတ်နှောင့်နှေးမှုဘုရင်)

ကစားနေစဉ်အတွင်း ကောင်းကင်ပိုး အာလူးသည် သက်တမ်းအမှတ်တစ်ခု ကုန်ကျစရိတ်ဖြင့် အခြားသော ဇာတ်ကောင်များအပေါ် စကေးလ် အသုံးပြုနိုင်သည်။

ပစ်မှတ်ထားခံရသော ဇာတ်ကောာင်သည် ၎င်း၏အလှည့်တွင် ကတ်တစ်ကတ်ကိုသာ ဆွဲနိုင်မည် ဖြစ်သည်။

ဤစကေးကို အလှည့်တိုင်းတွင် တစ်ကြိမ်သာ အသုံးပြုနိုင်ပြီး အခြားကတ်ဖြင့် ပယ်ဖျက်၍မရပေ။

ဇာတ်ကောင်စကေး2 (ကန့်သတ်ခြင်းနည်းစနစ်-မီးကြာပန်း)

ကောင်းကင်ပိုးအာလူးသည် ကစားနေစဉ်အတွင်း စွန့်ပစ်ကတ်အပုံမှ တစ်ကြိမ်လျှင် ကတ်နှစ်ကတ်စီ ဆွဲနိုင်သည်။

ကတ်၄ခုစလုံးသည် မတူညီခဲ့လျှင် ကန့်သတ်ခြင်းနည်းစနစ်-မီးကြာပန်းကို အသက်သွင်းသည်ဟု သတ်မှတ်မည်ဖြစ်သည်။

ထိုအခါ အခြားဇာတ်ကောင် အားလုံးသည် ၎င်းတို့၏ကတ် များနှင့် သက်တမ်းအမှတ်၂မှတ်ကို ဆုံးရှုံးမည် ဖြစ်၏။

မှတ်ချက်- ဤကန့်သတ်နည်းစနစ်ကို တစ်ကြိမ်သာ အသုံးပြုနိုင်သည်။

မိစ္ဆာဓားနတ်ဘုရား၏ဇာတ်ကောင် = ကျင်းဟယ်ကြိုင်

သက်တမ်း =6

ဇာတ်ကောင်စကေး1= (ကြီးမားသော တုတ်ချောင်းတစ်ချောင်း)

ကစားနေစဉ် ကျင်းဟယ်ကြိုင်သည် နေရာမှာပင် နပန်းသတ်ရန် ဇာတ်ကောင်တစ်ဦးကို ရွေးချယ်နိုင်သည်။

ကျင်းဟယ်ကြိုင် အနိုင်ရခဲ့လျှင် ကြီးမားသော တုတ်ချောင်းတစ်ချောင်းစွမ်းရည်ကို အသုံးပြုထားသည်ဟု သတ်မှတ်မည်ဖြစ်ပြီး အရှုံးသမားသည် ၎င်း၏ ကတ်အားလုံးကို ကျင်းဟယ်ကြိုင်အား ပေးရမည်ဖြစ်သည်။

ဤစွမ်းရည်ကို အလှည့်တိုင်းတွင် တစ်ကြိမ်သာ အသုံးပြုနိုင်မည်ဖြစ်သည်။

ဇာတ်ကောင်စကေး2 (တားမြစ်ပိတ်ပင်ခြင်း)

ကစားနေစဉ်အတွင်း ကျင်းဟယ်ကြိုင်သည် 'ငါ့မျက်လုံးနှင့်ကောင်းကင်ကို ထပ်မမြင်ချင်ဘူး' စကေးလ်ကို အသုံးပြုရန် အက်ရှင်ကတ်ကို ကစားနိုင်သည်။

ဤစကေးလ်ကို အသက်သွင်းပြီးနောက်တွင် ဇာတ်ကောင်တိုင်းသည် သူတို့လက်ထဲရှိ ကတ်များဖြင့် အကဲဖြတ်ရမည်ဖြစ်သည်။

ကတ်ကျသော ကစားသမားများသည် နောက်အလှည့်တွင် သရုပ်ဆောင်ခြင်းမှ တားမြစ်ခံရမည်။

ကတ်ရှိသော ကစားသမားများကမူ အက်ရှင်ကတ်တစ်ကတ်ကို စွန့်ပစ်ရပေမည်။

၎င်းတို့တွင် အက်ရှင်ကတ်များ မရှိခဲ့လျှင် ၎င်းတို့သည် သက်တမ်းအမှတ် တစ်မှတ်ကို ဆုံးရှုံးမည်ဖြစ်သည်။

ဤစွမ်းရည်ကို အလှည့်တိုင်းတွင် တစ်ကြိမ်သာ အသုံးပြုနိုင်၏။

မိစ္ဆာအင်ပါယာကွာဖီက မိစ္ဆာဓားနတ်ဘုရားနှင့် ကစားခဲ့သည်။

ဓားသွားကတ်

ကတ်အမည် = ဓားသွားကတ်

ကတ်အမျိုးအစား = ပုံမှန်ကတ်

ကတ်စွမ်းရည် = ကစားသောအခါတွက် တစ်ဖက်လူသည် Hp အမှတ်တစ်ခု ဆုံးရှုံးမည်ဖြစ်သည်။

အခြားဓားသွားကတ် တစ်ခုဖြင့် ပယ်ဖျက်နိုင်သည်။

အိုင်းရှဲဒိုးမပါသော မိစ္ဆာဓားနတ်ဘုရား “အပ်ဒိတ်နှောင့်နှေးခြင်းကတ်ပါလား”

ကတ်အမည် = အပ်ဒိတ်နှောင့်နှေးခြင်းကတ်

ကတ်အမျိုးအစား = အက်ရှင်ကတ်

ကတ်စွမ်းရည် = ဓားသွားကတ် နှစ်ခုကို ခုခံကာကွယ်နိုင်သည်။

တစ်ဖက်လူထံတွင် ဓားသွားကတ် နှစ်ခုထက် ပိုခဲ့လျှင်မူ သက်တမ်းအမှတ် ၂မှတ် ဆုံးရှုံးမည်ဖြစ်သည်.

ချန်ယွီ “အက်ဒိတ်မရှိကတ်”

ကတ်အမည် = အက်ဒိတ်မရှိ

ကတ်အမျိုးအစား = အက်ရှင်ကတ်

ကတ်စွမ်းရည် = တစ်ဖက်လူသည် အက်ရှင်ကတ် အားလုံးကို ထုတ်သုံးလျှင်ပင် ထိရောက်မှုမရှိပေ။

အိုင်းရှဲဒိုးမပါသော မိစ္ဆာဓားနတ်ဘုရား =သက်တမ်း-1

မိစ္ဆာဓားနတ်ဘုရား “ငွေရောင်အထွေထွေမဟာမိတ်ကတ်”

ကတ်အမည် = ငွေရောင်အထွေထွေမဟာမိတ်ကတ်

ကတ်အမျိုးအစား = အက်ရှင်ကတ်

ကတ်စွမ်းရည် = စွန့်ပစ်ကတ်အပုံမှ ကတ် ၃ ကတ်ကို ချက်ချင်းဆွဲပါ။

မိစ္ဆာအင်ပါယာကွာဖီ “ရွှေရောင်အထွေထွေမဟာမိတ်ကတ်”

ကတ်အမည် = ရွှေရောင်အထွေထွေမဟာမိတ်ကတ်

ကတ်အမျိုးအစား = အက်ရှင်ကတ်

ကတ်စွမ်းရည် = စွန့်ပစ်ထားသောကတ်အပုံထဲမှ ကတ် ၆ကတ်ကို ချက်ချင်းဆွဲပါ၊ အကယ်၍ အခြားကစားသမားသည် ငွေရောင်အထွေထွေ မဟာမိတ်ကတ်ကို အသုံးပြုခဲ့လျှင် ထိုကစားသမားမှ မူလယူထားသည့် မည်သည့်ကတ်ကိုမဆို ပြန်လည်ပေးအပ်ရမည် ဖြစ်သည်။

မိစ္ဆာအင်ပါယာကွာဖီ “ဘုရင်မ ပြန်ပေးပါကတ်”

ကတ်အမည် = ဘုရင်မကိုပြန်ပေးပါ

ကတ်အမျိုးအစား = အက်ရှင်ကတ်

ကတ်စွမ်းရည် = ညာဘက်ရှိဇာတ်ကောင်မှ ကတ်နှစ်ကတ်ကိုသိမ်းယူပါ၊ ကစားသမားတွင် ကတ်အလုံအလောက် မရှိလျှင် ၎င်းနှင့်ညီမျှသော သက်တမ်းအမှတ်များ ဆုံးရှုံးမည်ဖြစ်သည်။

မိစ္ဆာဓားနတ်ဘုရားက မျက်ရည်ကျလုနီးပါး ဖြစ်လာသည်။

“ဘာလို့ငါ့ကို ဒီလို ဝိုင်းအနိုင်ကျင့်နေကြတာလဲ.. ငါ မကစားတော့ဘူး ထွက်ပြီ”

ထိုအချိန်မှာပင် စုန့်ဟိုင်ထောင်မှ ထောင်အရာရှိနှစ်ဦးသည် ဟက်ဟက်ပက်ပက် ရယ်မောနေသော ယန်ဟွိုက်ကို အကျဉ်းခန်းထဲသို့ ခေါ်ဆောင်လာခဲ့သည်။

မိစ္ဆာအင်ပါယာကွာဖီ “ဘယ်လိုလုပ်ပြီး လူသစ် တစ်ယောက်က ရောက်လာတာလဲ.. ညီနောင်.. ဒီလူက ငါတို့နဲ့ အဆင့်တူတူပဲလား”

ထောင်အရာရှိက ရယ်မောလိုက်သည်။

“သူက မင်းတို့အဆင့်နဲ့ အတော်လေး အလှမ်းဝေးတယ်.. ဒါရိုက်တာကျိုးက မင်းတို့ ငြီးငွေ့လာရင် အပျင်းဖြေဖို့အတွက် အထူးစီစဉ်ပေးလိုက်တာပဲ.. ဒီလူက ဆိုးကျိုးတစ်ခုကို ခံစားနေရတဲ့အတွက် ရယ်မောနေတာကို မရပ်တန့်နိုင်ဘူး.. ဒါရိုက်တာကျိုးက မင်းတို့အားလုံးကို တစ်ခုခု စဉ်းစားစေချင်နေတယ်”

“တစ်ခုခု စဉ်းစားစေချင်တယ် ဟုတ်လား”

မိစ္ဆာအင်ပါယာကွာဖီက ရုတ်တရက် မှင်တက်သွားသည်။

ဤသည်က အင်အားသုံးခိုင်းသည်မှာ ထင်ရှားနေသည် မဟုတ်ပါလော။

“ဒီလိုလုပ်လို့ အဆင်ပြေပါ့မလား”

ချန်ယွီက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

ယန်ဟွိုက်၏ ကျင့်ကြံခြင်းနယ်ပယ်အဆင့်က အလွန်ပင် နိမ့်ကျနေသည်ကို သူခံစားနိုင်ခဲ့သည်။

၎င်းက အိုင်းရှဲဒိုး မဆိုးထားသည့် မိစ္ဆာဓားနတ်ဘုရား၏ ရိုက်နှက်မှုကိုပင် ခံနိုင်ရည်ရှိမည် မဟုတ်လောက်ပေ။

“စိတ်မပူပါနဲ့.. ဒီယန်ဟွိုက်ကို ဘယ်လောက်ပဲရိုက်ရိုက် ဒီကောင်က သေမှာမဟုတ်ဘူး.. ဒီကောင်က ဘယ်တော့မှ မသေဖို့အတွက် ကျိန်စာတိုက်ခံထားရပုံပဲ”

ထောင်အရာရှိက ရယ်မော၍ ပြောလိုက်သည်။

ဤအကြောင်းကို အကျဉ်းထောင်အတွင်းရှိ ခေါင်းဆောင်များနှင့် အရာရှိများသာ သိရှိထားကြပြီး အပြင်သို့ ပေါက်ကြားရန် ခွင့်မပြုခဲ့ပေ။

သို့သော် ယန်ဟွိုက်၏ အခြေအနေကို ထိန်းချုပ်နိုင်စေရန်အတွက် ထောင်အရာရှိများကို မာကျောက်အဖွဲ့မှ လူများထံ အထူးပြောစေခဲ့ခြင်း ဖြစ်သည်။

“အိုး.. ငါနားလည်ပြီ”

မိစ္ဆာအင်ပါယာကွာဖီက သဘောပေါက်သွားခဲ့သည်။

“ဘယ်လောက်ရိုက်ရိုက် မသေဘူးပေါ့.. မိုက်တယ်ကွာ”

နေ့စဉ် မာကျောက်ကို ထိုင်ဆော့နေ၍ သူတို့၏ အကြောအချင်များက ထုံကျဉ်လာသည်။

ထို့ကြောင့် ကိုယ်လက်လှုပ်ရှားရန်အတွက် မိစ္ဆာဓားနတ်ဘုရားကို ရိုက်နှက်ခဲ့သော်လည်း ကူးတို့လှေပေါ် မတော်တဆ တက်မိမည်ကို စိုးရိမ်ခဲ့ရသည်။(မတော်တဆ မသာပေါ်သွားမည်ဟုဆိုလို)

အကြောင်းအရင်းမှာ မိစ္ဆာဓားနတ်ဘုရားသည် လျှော့တွက်၍မရသောသူ ဖြစ်သောကြောင့်ပင်။

ယခုအခါတွင် ဘယ်လောက်ရိုက်ရိုက် မသေသောလူတစ်ယောက် ရောက်ရှိလာပြီ ဖြစ်သည်။

ထို့ကြောင့် မိစ္ဆာဓားနတ်ဘုရားက ရက်အနည်းငယ် အနားယူနိုင်တော့မည် ဖြစ်သည်။

ထောင်အရာရှိများက အကျဉ်းခန်းထဲမှ မထွက်ခွာမီ မိစ္ဆာအင်ပါယာကွာဖီကို ဆေးရည်တစ်ပုလင်း ပေးလိုက်သည်။

“ဒါက.. “

“ဒါက အိုင်းရှဲဒိုးအရည်လေ.. အဲဒီကောင်ကို ရိုက်နှက်တဲ့အခါကျရင် ဒါကို အသုံးပြုပြီး အိုင်းရှဲဒိုးဆွဲဖို့ မိစ္ဆာဓားနတ်ဘုရားကို သတိပေးပေးပါ”

“……….”

အပိုင်း(၈၄၅) ပြီး၏

All Chapters