← Chapters

ဝမ်းနည်းစရာ ယန်ဟွိုက်နှင့် သူ၏လူနာများ

Vol. 57 Ch. 846

ဝမ်းနည်းစရာ ယန်ဟွိုက်နှင့် သူ၏လူနာများ

Vol. 57 Ch. 846

ယနေ့သည် ဩဂုတ်လ၁၃ရက် စာသင်နှစ်၏ ၁၅ပတ်မြောက် တနင်္ဂနွေနေ့ ဖြစ်သည်။

အမှတ်၆၀ အထက်တန်းကျောင်း၏ ပထမနှစ်ဝက် စာမေးပွဲ တတိယမြောက်နေ့လည်း ဖြစ်၏။

ဤသည်က ဝမ်လင်း၏ အထက်တန်းကျောင်းသားဘဝ ပထမနှစ်ဝက်၏ နောက်ဆုံးနေ့လည်း ဖြစ်သည်။

ထို့နေ့နံနက်တွင် လူတိုင်းသည် ကျောင်းသို့ အစောကြီး ရောက်ရှိလာကြသည်။

ဝမ်လင်း ထင်ထားသည့်အတိုင်းပင် အဆုံးသတ်တွင် ထိုက်တန်သောပြစ်ဒဏ်ကို ရရှိသွားခဲ့သည့် နာမည်ဆိုးဖြင့်ကျော်ကြားသော ပြန်လည်ထူထောင်ရေး ကုထုံးဆရာ ယန်ဟွိုက်၏ အကြောင်းကို ဆွေးနွေးမှု ခေါင်းစဉ်သို့ ရောက်ရှိသွားခဲ့သည်။

“ငါ့ရဲ့ဦးလေးတစ်ယောက်က ဒီယန်ဟွိုက်က တော်တော် သနားဖို့ကောင်းတယ်လို့ ပြောတယ်”

ကော်ဟောက်က ပြောလိုက်သည်။

“အကျဉ်းထောင်ထဲမှာ လစ်လပ်တဲ့ အခန်းတွေမရှိတဲ့ အတွက် သူ့ကို အခုအထူးအကျဉ်းခန်းထဲမှာ ထားရှိထားတယ်.. အဲဒီအထူးအကျဥ်းခန်းထဲမှာ ဘယ်သူတွေရှိလဲ မင်းတို့သိလား.. အဲဒီအခန်းထဲမှာ မိစ္ဆာအင်ပါယာကွာဖီ၊ အင်မော်တယ်စံအိမ်သခင်ချန်ယွီနဲ့ မိစ္ဆာဓားနတ်ဘုရားတို့ ရှိတယ်”

သူ့စကားကိုကြားလျှင် သူ့ပတ်ဝန်းကျင်ရှိ လူများက မအံ့ဩဘဲ မနေနိုင်တော့ပေ။

သူတို့က ယန်ဟွိုက်တစ်ယောက် မည်မျှပင် သနားစရာကောင်းသလဲ ဆိုသည်ကို အခြေခံအားဖြင့် တွေးကြည့်နိုင်လောက်ပြီ ဖြစ်သည်။

“အရင်ကဆိုရင် စုန့်ဟိုင်ထောင်ရဲ့ အထူးအကျဉ်းခန်းက အလွတ်ပဲရှိတယ်.. သူတို့တွေအားလုံးက စီနီယာကျိုးရီရဲ့ ကြိုးစားအားထုတ်မှုကြောင့် ဖမ်းမိခဲ့တာပဲ.. အထူးအကျဉ်းခန်းထဲက လူတွေကို အလွန်ဆိုးရွားတဲ့ သက်ရှိတွေလို့တောင် ခေါ်ဆိုနိုင်တယ်.. ယန်ဟွိုက်ရဲ့ ဆိုးသွမ်းတဲ့နှလုံးသားကတော့ အထူးအကျဉ်းခန်း အတွက် အရည်အချင်း ပြည့်မီနိုင်ပေမဲ့ ကျင့်ကြံခြင်းနယ်ပယ် အဆင့်အရဆိုရင် အဲဒီနေရာမှာရှိတဲ့ ဘယ်သူမဆို သူ့ကို အလွယ်တကူ ရိုက်နှက်နိုင်တယ်”

လူသိများသော သတင်းထောက်တစ်ဦးက ကုသရေးဌာနနှင့်ပတ်သက်၍ ယန်ဟွိုက်ကို အင်တာဗျူးခဲ့သည်အား ကော်ဟောက် ရှင်းလင်းစွာ မှတ်မိနေခဲ့သည်။

ထိုအချိန်က ယန်ဟွိုက်သည် ကင်မရာကို ပြုံးပြုံလေးကြည့်နေပြီး တုန်လှုပ်ခြောက်ခြားနေပုံမရပေ။

သို့သော် ယခုအခါတွင် ထိုကဲ့သို့အပြုံးမျိုး ဘယ်သောအခါမှပြုံးနိုင်တော့မည် မဟုတ်ဟု သူတွေးမိခဲ့သည်။

အင်မော်တယ်ထုန်ရာက ကုသရေးဌာနမှ မေ့မြောနေသော လူနာ၄ဦးအား ဂန္ဓမာကျွန်းသို့ ခေါ်၍ ကုသပေးခဲ့သည်။

ယန်ဟွိုက်က ၎င်းတို့ကို ပြင်းထန်စွာ နှိပ်စက်ခဲ့၍ ၎င်းတို့၏ ဦးနှောက်အာရုံကြောများက ပြင်းထန်စွာ ပျက်စီးသွားခဲ့သည်။

ဆိုလိုသည်မှာ ၎င်းတို့၏ အရေးပါသော လက္ခဏာများ တည်ငြိမ်နေလျှင်ပင် ၎င်းတို့သည် ဘဝတစ်လျှောက်လုံး ကိုမာဝင်ပြီး ဘယ်သောအခါမှ မနိုးထနိုင်ရန် အခွင့်အလမ်း အလွန်မြင့်မား၏။

သို့သော် အင်မော်တယ်ထုန်ရာက စိတ်ပိုင်းဆိုင်ရာ အခြေအနေများကို ကုသရာတွင် မကြာသေးမီကစပြီး အတွေ့အကြုံများကို ရရှိခဲ့သည်။

အင်မော်တယ်ထုန်ရာက လျူချင်းရီ၏ မေ့မြောမှုကို ကုသရန်အတွက် သူ၏ ဘိုးဘွားပိုင်ရတနာ ဖြစ်သည့် သံသရာကိုးပါးစေတီကိုပင် အသုံးပြုခဲ့သည်။

၎င်းက ကမ္ဘာ့ဖီဆန်မှော်ရတနာတစ်ပါး ဖြစ်သော်လည်း ကြီးမားသော စစ်ပွဲတစ်ခုအတွင်း ပျက်စီးသွားခဲ့ပြီး ပြန်လည် ကောင်းမွန်လာခြင်း မရှိတော့ပေ။

ယခုအခါတွင် ထိုသံသရာကိုးပါးစေတီကို အင်မော်တယ်ထုန်ရာက ဆေးဘက်ဆိုင်ရာ သုတေသနစာတမ်းများ သိုလှောင်သည့် နေရာတစ်ခုအဖြစ် အသုံးချခဲ့သည်။

အင်မော်တယ်ထုန်ရာက ခေါင်းငုံ့၍ ဆေးစာများကို တွေးတောနေစဉ် ကျင်းရှီနှင့် ယင်းရှီတို့က ရောက်ရှိလာကြသည်။

“ဆရာ.. လူနာတွေရဲ့ အခြေအနေက တည်ငြိမ်သွားပြီ”

ကျင်းရှီက ပြောလိုက်သည်။

“တော်သေးတယ်”

အင်မော်တယ်ထုန်ရာက ရေရွတ်လိုက်သည်။

ဤလေးယောက်လုံးက ထူးခြားသော နောက်ခံများ ရှိသည်ကို သူသတိရမိသည်။

ထိုထက်ပို၍ အံ့ဩစရာကောင်းသည်မှာ သူတို့အားလုံးသည် (bilibili)၏ အပ်လုပ်ဒ်တင်သူများ ဖြစ်သည်။

ပထမဆုံးအပ်လုပ်ဒ်တင်သူ.. လပ်စ်ဘန်နာ

ထိုလူက ကုသရေးဌာနသို့ အပို့မခံရမီတွင် ပရိတ်သတ်များကြား အလွန်ရေပန်းစားခဲ့သည့် ဟဲဗီးဝိတ်တင်သူ ဖြစ်သည်။

သို့သော် လွန်ခဲ့သည့်လအနည်းငယ်ကစပြီး သူသည် ကမ္ဘာမြေကနေ ပျောက်ကွယ်သွားခဲ့သည်။

ယန်ဟွိုက်၏ ကုသရေးဌာနကိုသာ မဖော်ထုတ်နိုင်ခဲ့လျှင် ပရိတ်သတ်များသည် ၎င်းတို့၏ အနှစ်သက်ဆုံး အပ်လုပ်ဒ်တင်သူက ဤကဲ့သို့ ကြောက်စရာကောင်းသည့် ကုသရေးဌာနသို့ ပို့ဆောင်ခံရမည်ဟု ဘယ်သောအခါမှသိရှိနိုင်မည်မဟုတ်ပေ။

တစ်ချိန်တည်းမှာပင် လပ်စ်ဘန်နာသည် အချိန်တော်ကြာ လျှပ်စစ်ရှော့တိုက် ကုသခံရခြင်းကြောင့် ခန္ဓာကိုယ်အတွင်းပိုင်း အီလက်ထရောနစ် မညီမျှမှုများ ဖြစ်လာပြီး အဝလွန်လာခဲ့သည်။

သူက ကုသရေးဌာနကိုမဝင်ခင်တွင် ဂျင်260 အလေးချိန် ရှိခဲ့သည်။

ယန်ဟွိုက်၏ လျှပ်စစ်ရှော့တိုက် ကုသမှုကို ခံယူပြီးနောက်တွင် သူ၏ခန္ဓာကိုယ်က ဟန်ချက်မညီတော့ပဲ ဂျင်၃၈၀ အလေးချိန်ထိ ရှိလာခဲ့သည်။

ဒုတိယအပ်လုပ်ဒ်တင်သူ.. သခင်နို့်ပုလင်း

ထိုသူက E sport ဂိမ်းပြိုင်ပွဲများတွင် နို့ကလွဲ၍ ဘာမှမသောက်ဟု ပြောခဲ့သောကြောင့် ပရိတ်သတ်များက ရန်ပုံငွေရှာပြီး ယန်ဟွိုက်၏ ကုသရေးဌာနသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

ဆိုရလျှင် သခင်နို့ပုလင်းသည် အာဟာရအတွက် နို့မှုန့်ကိုသာအားကိုး၍ ရှင်သန်လာခဲ့ရသူ ဖြစ်သ်ည။

ကုသရေးဌာနသို့ ဝင်ရောက်ပြီးနောက်တွင် အချိန်အတော်ကြာ နို့မသောက်ရသောကြောင့် အာဟာရ ချို့တဲ့လာခဲ့သည်။

အစပိုင်းတွင် သူ၏အလေးချိန်က ၅၆၀ဂျင် ရှိသော်လည်း ယခုအခါ ၆၀အထိ ကျသွားပြီ ဖြစ်၏။

ကျင်းရှီနှင့်ယင်းရှီတို့က သခင်နို့ပုလင်းကို ရွှေ့ပြောင်းသောအခါတွင် အထူး သတိထားခဲ့ရသည်။

နို့ပုလင်းများက လွယ်လွယ်နှင့် ကွဲသွားတတ်သည် မဟုတ်ပါလော။

တတိယအပ်လုပ်ဒ်တင်သူ.. ဖီဖီရွယ်

ဖီဖီရွယ်က စာရေးဆရာတစ်ဦး ဖြစ်သော်လည်း သူ၏ အလုပ်ကို လျစ်လျူရှုပါများ၍ ပရိတ်သတ်များ၏ ဒေါသကို မြင့်တက်စေခဲ့သည်။

စာမရေးဘဲ သူနေ့စဉ်လုပ်နေသည်မှာ (Remix) သီချင်းများဖန်တီးရန် ဖြစ်သည်။

ထို့ကြေင့် သူ့ကို ဆန့်ကျင်သည့် ပရိတ်သတ်များက အွန်လိုင်းရန်ပုံငွေရှာ၍ ကုသရေးဌာနသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် အခြားလူနာများနှင့် မတူဘဲ ဖီဖီရွယ်သည် ယန်ဟွိုက်၏ လျှပ်စစ်ရှော့တိုက်ကုထုံးဖြင့် ခံယူမှုအောက်တွင် မမျှော်လင့်ဘဲ ပို၍ပို၍ ချောမောလာခဲ့သည်။

ကုသရေးဌာနမှ ထွက်လာပြီး နောက်တွင် သူ၏ရုပ်ရည်ချောမောမှုကို မနာလိုသည့် ဆန့်ကျင်ဘက် ပရိတ်သတ်သည် သူ့ကို အပြင်းအထန် ရိုက်နှက်ခဲ့ကြ၍ အရေးပေါ်သို့ ပို့ဆောင်ခံခဲ့ရခြင်း ဖြစ်သည်။

ထို့ကြောင့် အပ်လုပ်ဒ်တင်သူ လေးဦးအနက် ဖီဖီရွယ်သည် ယန်ဟွိုက်ကြောင့် မဟုတ်ဘဲ အရေးပေါ်သို့ ရောက်ခဲ့ရသည်မှာ ၎င်းကို ဆန့်ကျင်သော ပရိသတ်များကြောင့်ဖြစ်သည်။

စတုတ္ထအပ်လုပ်ဒ်တင်သူ.. ကျောက်ကပ်အခွံပိုပေးသော ဘက်တီးရီးယား

ဤလူကိုမူ အိမ်နီးချင်းများက ကုသရေးဌာနသို့ ပို့ဆောင်ခဲ့ကြခြင်းဖြစ်သည်။

သူက ဂိမ်းတိုက်ရိုက်ထုတ်လွှင့်သူဖြစ်ပြီး လေးယောက်ထဲတွင် အရှက်အမဲ့ဆုံးလူ ဖြစ်သည်။

၎င်းက ဂိမ်းတိုက်ရိုက် ထုတ်လွှင့်သောအခါတွင် အော်ကြီးဟစ်ကျယ် ပြောဆို၍ လွှင့်လေ့ရှိသည်။

သူ၏ ကြိမ်နှုန်းမြင့် အော်သံများက အိမ်နီးချင်းများ၏ အိပ်စက်ခြင်းကို ဆိုးရွားစွာ ထိခိုက်စေခဲ့သည်။

ထို့ကြောင့်ပင် အိမ်နီးချင်းများက ကျောက်ကပ်အခွံပိုပေးသော ဘက်တီးရီးယားကို ယန်ဟွိုက်၏ ကုသရေးဌာနသို့ ပို့ဆောင်ခဲ့ကြသည်။

အဆုံးသတ်တွင် ယန်ဟွိုက်ကိုယ်တိုင်ပင် သူ၏အော်သံကို မခံနိုင်တော့၍ ဤအပ်လုပ်ဒ်တင်သူ၏ အသံကြိုးကို လျှပ်စစ်ရှော့တိုက်ခြင်းဖြင့် ဖြတ်ပစ်ခဲ့ရသည်။

ထို့နောက်တွင် ကျောက်ကပ်အခွံပိုပေးသော ဘက်တီးရီးယားသည် အသံဆုံးရှုံးရာမှ ပြန်လည် ကောင်းမွန်လာခြင်း မရှိတော့သည့်အပြင် အချိန်အတော်ကြာ မေ့မျောသွားခဲ့သည်။

ထိုနောက်ပိုင်းတွင် ပျံ့လွင့်နိုင်ခြင်း မရှိတော့သည့် ကြိမ်နှုန်းမြင့်လှိုင်းများသည် သူ့ခန္ဓာကိုယ်ထဲတွင်ရှိသည့် အဒရီနလင်ကို လှုံ့ဆော်ပေးခဲ့ပြီး သူ၏ ခန္ဓာကိုယ်ကို ပြောင်းလဲသွားစေခဲ့သည်။

အဒရီနလင်=စိတ်လှုပ်ရှားသောအခါတွင် ထွက်ပေါ်လာသည့်နှလုံးခုန်နှုန်း၊ စွမ်းအင်နှင့် တုံ့ပြန်မှုကို ပိုမို ထက်မြက်စေသော အရည်။

သူ၏လက်ရှိကိုယ်အလေးချိန်သည် ၄၂၉ဂျင် ဖြစ်သည်။

"ကျွန်တော်တို့ကို လူနာသုံးယောက် သယ်ပိုးဖို့အတွက် လျူမိန်းကလေးက လက်တစ်ဖက်စီနဲ့ ခေါင်းပေါ်မှာရွက်ပြီး ကူညီပေးခဲ့တယ်.. သူမက အရမ်းမိုက်တာပဲ"

ကျင်းရှီက ပြောလိုက်ရာ အင်မော်တယ်ထုန်ရာက ထိတ်လန့်သွားခဲ့သည်။

"လျူမိန်းကလေးက အခုမှ သတိရစပြုတာလေ.. မင်းတို့ကို ဘယ်လိုလုပ် ကူညီနိုင်မှာလဲ"

အင်မော်တယ်ထုန်ရာက လူနာလေးဦး၏ ဘေးကင်းရေးအတွက် စိတ်ပူလာသည်။

လျူမိန်းကလေး "စိတ်မပူပါနဲ့ အင်မော်တယ်ထုန်ရာ.. ငါ့ကိုယ်ငါ ထိန်းချုပ်နိုင်ပါတယ်.. လွန်ခဲ့တဲ့နှစ်ရက်ကစပြီး ကျင်းရှီနဲ့ ယင်းရှီတို့က အလုပ်များနေကြတယ်.. ငါလည်း ဒီမှာနေနေတာကြာပြီလေ.. ကိုယ်လက်လှုပ်ရှားမှု လုပ်တာက ငါ့အတွက်လည်း ကောင်းတာပဲ မဟုတ်လား.. အင်မော်တယ်ထုန်ရာ.. ရှင်ကျွန်မကို အားနာနေစရာ မလိုပါဘူး.. ခိုင်းစရာတွေရှိရင် ကျွန်မကို အချိန်မရွေး ပြောပါ"

ထိုစကားကိုကြားလျှင် အင်မော်တယ်ထုန်ရာက ချွေးစေးများပင် ထွက်လာခဲ့သည်။

သူက နတ်ဘုရားနယ်မြေမှ လူတစ်ယောက်ကို အမိန့်ပေးဝံသည်အထိ မရူးမိုက်ပေ။

"အိုး.. ဒါနဲ့ အင်မော်တယ်ထုန်ရာ.. ဝမ်ကျန်းနဲ့ငါ ဟိုကိစ္စကိုဆွေးနွေးခဲ့ပြီးပြီ.. ငါတို့တွေ အမှတ်၆၀ အထက်တန်းကျောင်းမှာ တိုက်ပွဲမလုပ်ဖို့် ဆုံးဖြတ်လိုက်ပြီ.. ငါတို့က လူကြီးတွေဖြစ်နေပြီလေ.. နည်းနည်းလေးတော့ ပိုပြီး ဆင်ခြင်သင့်တယ် မဟုတ်လား"

လျူချင်းရီက ပြောလိုက်၏။

အင်မော်တယ်ထုန်ရာက မျက်လုံးများတောက်ပလာပြီး ခေါင်းငြိမ့်လိုက်သည်။

"အရမ်းကောင်းတယ်.. လျူမိန်းကလေးက ငါထင်ထားတဲ့အတိုင်းပဲ အရမ်းကို အမျှော်အမြင်ရှိတယ်"

"ဟုတ်လား.. ကျွန်မလည်း အဲလိုပဲခံစားရတယ်"

လျူချင်းရီက ဟာသနှော၍ပြောကာ ရယ်မောလိုက်သည်။

"ဒါနဲ့ ငါဝမ်ကျန်းနဲ့ ဆွေးနွေးပြီးပြီ.. ငါတို့တွေ အသေအကျေတိုက်ခိုက်နေမယ့်အစား အမှတ်တွေနဲ့ တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပြီ"

"အမှတ်တွေနဲ့ တိုက်ခိုက်မယ်.. ဟုတ်လား"

"ဟုတ်တယ်.. အမှတ်တွေနဲ့"

"အမှတ်တွေနဲ့ ဘယ်လိုတိုက်တာလဲ"

"ငါတို့က အမှတ်၆၀အထက်တန်းကျောင်းကိုပြောင်းပြီး ဘယ်သူက ပိုကောင်းတဲ့အဆင့်တွေ ရလဲဆိုတာ ပြိုင်ဆိုင်ကြမယ်"

"ဘယ်လို.."

"ဟုတ်တယ်.. ငါတို့တွေ အမှတ်၆၀ အထက်တန်းကျောင်းကို အပြောင်းအရွှေ့ ကျောင်းသားတွေအနေနဲ့ တက်ဖို့ ဆုံးဖြတ်ထားလိုက်ပြီ.. ဘယ်သူက အမှတ်ပိုကောင်းမလဲ ဆိုတာ ကြည့်ရသေးတာပေါ့"

"............"

အပိုင်း(၈၄၆) ပြီး၏

All Chapters