ဝမ်လင်းရဲ့နွေရာသီအိမ်စာ
Vol. 57 Ch. 848
နွေရာသီအားလပ်ရက်၏ ဒုတိယမြောက်နေ့ ဖြစ်သည်။
အထက်တန်းကျောင်း သုံးနှစ်၏ နွေရာသီအားလပ်ရက်များထဲတွင် မည်သည့်နှစ်က စိတ်အပေါ့ပါးဆုံးနည်း။
သင်တန်းတက်ရန် ဖိအားမရှိသည်မှာ ထုံးစံအတိုင်း ပထမနှစ် ဖြစ်သည်။
ဆိုရလျှင် ပထမနှစ်သည် ကျောင်းပျော်ကဲ့သို့ ဖြစ်ပြီး ဒုတိယနှစ်နှင့် တတိယနှစ်များကမူ ထိုကဲ့သို့ မဟုတ်တော့ပေ။
သို့သော် ဝမ်လင်း၏ နွေရာသီအားလပ်ရက်သည် အခြားသူများနှင့် ယှဉ်လျှင် ပို၍ပင် လွတ်လပ်ပေါ့ပါးမှုရှိ၏။
နွေရာသီအားလပ်ရက်တွင် ကျောင်းသားများ စိတ်အညစ်ရဆုံးအရာမှာ ကျူရှင်တက်ခြင်း ဖြစ်သည်။
အထူးသဖြင့် လက်ရွေးစင် အတန်းထဲမှ ကလေးများသည် တခြား ကျောင်းသားများထက် ရှေ့ရောက်ချင်လျှင် နောက်ကွယ်၌ ကြိုးကြိုးစားစား လုပ်ရမည် မဟုတ်ပါလော။
နွေရာသီအားလပ်ရက် မစတင်မီတွင် ချန်းချောင်၊ ကော်ဟောက်နှင့် မြေပဲလေးတို့၏ မိဘများသည် ၎င်းတို့အတွက် အရာအားလုံးကို အပြည့်အဝ စီစဉ်ထားပြီးပြီ ဖြစ်သည်။
နွေရာသီအားလပ်ရက်၏ ပထမအပတ်တွင် ဆရာမဖန်သည် ကလေးများကို ကျူရှင်မတက်ခိုင်းရန် မိဘများ ချက်ဂရုတွင် မက်ဆေ့ချ်ပေးပို့ခဲ့သည်။
"ပူးပေါင်းကြံစည်မှု.. ဒါပူးပေါင်းကြံစည်မှုပဲ ဖြစ်ရမယ်"
"သမုဒ္ဒရာထဲမှ ငါးဆားနယ်"ဟု အမည်ပေးထားသည့် ချက်ဂရုတွင် ချန်းချောင်သည် မိဘများထံ ပေးပို့ခဲ့သည့် ဆရာမဖန်၏ မက်ဆေ့ချ်ကို SSရိုက်၍ တင်ထားခဲ့သည်။
"ဒီဆရာမဖန်က အတုပဲ ဖြစ်ရမယ်..."
မြေပဲလေးက ခပ်သွက်သွက်ပင် ပြန်ဖြေလိုက်သည်။
နှစ်ဝက်ကြာ ကျောင်းတက်လာပြီးနောက်တွင် တာဝန်ခံ ဆရာမ ဖန်ရှန့်စုန့်၏ ပင်ကိုစရိုက်ကို ကျောင်းသားများက အနည်းနှင့်အများ သိရှိခဲ့ကြသည်။
ဆရာမဖန်သည် တစ်စုံတစ်ရာ ဆွဲဆောင်မှုဖြင့် သင်ကြားတတ်သည့်သူ မဟုတ်ဘဲ သင်ကြားမှုတွင် အထူးကြပ်မတ်လေ့ရှိ၏။
ဆရာမဖန် နှင့် ညှိနှိုင်းရန် အခြေခံကျသည့် အခြေအနေတစ်ခုမှာ ကျောင်းသားများအနေဖြင့် ၎င်းတို့၏ စာလေ့လာမှုအား လျစ်လျူမရှုထားသရွေ့ အခြား အရာအားလုံးကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး၍ရခြင်း ဖြစ်သည်။
သို့သော်လည်း ဤ စည်းကမ်းတင်းကျပ်သော ဆရာမသည် ယခုအခါတွင် နွေရာသီအားလပ်ရက်၏ ပထမပတ်တွင် ကလေးများအတွက် ကျူရှင်များ မစီစဉ်ရန် မိဘများအား တောင်းဆိုနေသည်။
ယင်းက မည်သည့် နည်းလမ်းနှင့်မှ ယုံချင်စရာမရှိပေ။
"ခွေးတွေက ထန်းလျက်တွေ အားလုံးကို လျှာနဲ့ လျက်တဲ့အချိန်၊ ဂျီဖတ်က နန်းစုနဲ့ ပြန်တွဲပြီး လွှမ်းပိုင်က ဘော်ဘီဆောက်ဆာနဲ့ စုံတွဲသီချင်း ထွက်လာတဲ့အချိန်မှ ငါယုံကြည်လိုက်မယ်"
ချန်းချောင် "ဒီကိစ္စနဲ့ ပတ်သက်ပြီး မသင်္ကာစရာကောင်းတယ်လို့ မထင်ဘူးလား"
"ဘာလို့လဲဆိုတာ ငါသိမယ်ထင်တယ်"
ထိုအချိန်တွင် ကော်ဟောက်က ပြောလိုက်သည်။
"ဒီနှစ် နွေရာသီအားလပ်ရက်မှာ ကျောင်းသား အပြောင်းအရွှေ့အတွက် အမှတ်၆၀ အထက်တန်းကျောင်းက အကဲဖြတ်နေတယ်ဆိုတာ မင်းတို့သိလား.. ဒီနှစ်မှာ လျှောက်ထားတဲ့ အရေအတွက်က အရင်နှစ်တွေထက် အဆသုံးဆယ် ပိုများတယ်လို့ ကြားတယ်"
ချန်းချောင် နှင့် မြေပဲလေးက ထိတ်လန့်အံ့သြသွားသည်။
"အဆသုံးဆယ်တောင်လား"
ကော်ဟောက်က ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်.. တချို့က စီနီယာကျိုးရီကြောင့်လို့ ပြောသလို တချို့ကလည်း စွန်းရုံကြောင့်လို့ ပြောကြတယ်"
ချန်းချောင် "မှန်ပါတယ်.. သူတို့က ငါတို့ကျောင်းရဲ့ မျက်နှာဖုံးတွေပဲလေ.. သူတို့က မင်းအတွက် ဒါမှမဟုတ် ဝမ်လင်းအတွက် လာတာမျိုးတော့ ဘယ်ဖြစ်နိုင်မှာလဲ.. ဟီးး"
ဝမ်လင်း “…..........”
ချက်ဂရုတွင် ဆွေးနွေးပြီး မကြာမီမှာပင် Grade1 အခန်း၃၏ အတန်းချက်ဂရုတွင် မက်ဆေ့ခ်ျအသစ် ဝင်သည့် အကြောင်းကြားချက် ရုတ်တရက် ထွက်ပေါ်လာသည်။
ချန်းချောင် "ဆရာမဖန်က လူတိုင်းကို မန်းရှင် ခေါ်နေတယ်ဟ"
ဝမ်လင်းက အတန်းချက်ဂရုတွင် ဖွင့်လိုက်ရာ သူမြင်လိုက်ရသော ပထမဆုံးစာကြောင်းမှာ ဆရာမဖန်၏ အလွန် ထူးခြားသော နှုတ်ဆက်စကား ဖြစ်သည်။
“ချစ်ခင်ရပါသော ကျောင်းသားကျောင်းသူများ”
ချန်းချောင်"ဆရာမဖန်.. သားတို့ကို မခြောက်ပါနဲ့"
ကော်ဟောက်" ဆရာမဖန်.. အိမ်စာထပ်ပေးချင်ရင်လည်း ပေးလိုက်ပါ.. ဒီလိုတော့မလုပ်ပါနဲ့.. သားတို့ကြောက်တယ်"
မြေပဲလေး "သားမနေ့က အိမ်စာ လုပ်ပြီးသွားပြီနော်.. အိမ်စာထပ်ပေးရင် အသည်းက မခံနိုင်လောက်တော့ဘူး.. သားက လွတ်လွတ်လပ်လပ် အနားရအောင် အိမ်စာအားလုံးကို ပြီးအောင် လုပ်လေ့ရှိတယ်"
မြေပဲလေးက ထိုသို့ပြောသောအခါ ဝမ်လင်းက စားပွဲပေါ်တွင် သူ့ကိုယ်စား အိမ်စာလုပ်ပေးနေသော မွန်းစတားဘောပင်နှင့် မှင်စာခဲဖျက် တို့ကို တစ်ချက်ကြည့်လိုက်သည်။
အိမ်စာလုပ်ထားသည့် စာအုပ်များက သူ့စားပွဲပေါ်တွင် အပုံလိုက်ရှိနေသည်။
၎င်းတို့မှာ ဆရာမဖန် တာဝန်ပေးထားသည့် အိမ်စာများ ဖြစ်၏။
မွန်းစတားဘောပင် "သခင် စိတ်ချပါ.. ကျနော်တို့က သခင်ရဲ့ နွေရာသီအိမ်စာကို ၇၈%လောက် ပြီးစီးသွားပါပြီ"
မှင်စာခဲဖျက် "ခန့်မှန်းခြေ နောက်ထပ် နှစ်နာရီလောက်ဆို အားလုံးပြီးစီးပါပြီ"
ဆရာမဖန်" ကလေးတချို့ အိမ်စာတွေပြီးသွားပြီဆိုတာ သိရတော့ ဆရာမ အရမ်းဝမ်းသာပါတယ်"
အမှတ် 60 အထက်တန်းကျောင်း၏ ရွှေတံဆိပ်ရ ဆရာမတစ်ဦးဖြစ်ပြီး ဒဏ္ဍာရီဆန်သော သင်ကြားရေး ရှေ့ဆောင်တစ်ဦးအနေဖြင့် ဆရာမဖန်သည် သူမ၏ဂုဏ်သတင်းနှင့် ထိုက်တန်သည်။
သူမက ကျောင်းသားများကို မသိမသာမြှောက်ပင့်၍ အာရုံကို ဆွဲဆောင်လိုက်သည်။
သူမက ဖျတ်ခနဲ ပြုံးလိုက်ပြီး
“ကျောင်းသားမြေပဲလေးကို ကြည့်စမ်းပါဦး.. မင်းတို့လေးတွေ အားလုံးက ငါ့တပည့်တွေ ဆိုပေမဲ့ သူ့လိုမျိုး တစ်ညတည်းနဲ့ ဘာလို့ အိမ်စာတွေ ပြီးအောင် မလုပ်ကြတာလဲ.. ဒါက မင်းတို့တွေ သူ့လောက် အလုပ်မကြိုးစားဘူးဆိုတာ သက်သေပြနေတာပဲ.. ကိုယ့်ကိုယ်ကိုယ် ရိုးရိုးသားသား မေးကြည့်ပါ.. ငါ မင်းတို့ကို အိမ်စာတွေ အများကြီးပေးခဲ့လို့လား"
"ငါ့ရဲ့ အိမ်စာက ကြက်ဥထက်တောင် ပိုပေါ့ပါးတယ်.. ငါတို့ခေါင်းဆောင်တွေရဲ့ တောင်းဆိုချက်အရ မင်းတို့လေးတွေရဲ့ ဝန်ကို ပေါ့ပါးစေမယ့် မူဝါဒကို ငါအမြဲလိုက်နာခဲ့တယ်"
လူတိုင်း "…........."
ဆရာမဖန် "ချစ်တပည့် မြေပဲလေး မင်း အရမ်းတော်တယ်.. ဒါနဲ့ စကားမစပ် မှာရဦးမယ်.. တခြားသူတွေရဲ့ အိမ်စာတွေကို မကူးယူမိဖို့ အားလုံးကို သတိပေးချင်တယ်.. ငါပေးထားတဲ့ အိမ်စာလုပ်မဲ့ စာရွက်တွေထဲမှာ အိမ်စာအဖြေတွေကို အလိုအလျောက် မှတ်မိနိုင်တဲ့ အစီအရင်တစ်ခု ပါရှိတယ်..ဒါကြောင့် ကူးချမယ်ဆိုရင် ငါချက်ချင်းသိရှိနိုင်တယ်"
"ယခုနှစ် နွေရာသီအားလပ်ရက်အတွက် ငါကိုယ်တိုင် အိမ်အလည်လာမဲ့ စာရင်းကို ငါမပြင်ဆင်ရသေးဘူး.. အိမ်စာကူးတဲ့သူက ဒီစာရင်းထဲမှာ ပါသွားလိမ့်မယ်"
လူတိုင်း ".........…"
ဆရာမဖန်က သူမ၏လည်ချောင်းကို ရှင်းထုတ်ပြီးနောက် ချက်ဂရုထဲသို့ အသံမက်ဆေ့ချ် ပေးပို့ခဲ့သည်။
"အဓိကအချက်ကို ပြန်သွားရအောင်.. အခုငါပြောမဲ့အရာက မင်းတို့ရဲ့ နွေရာသီအိမ်စာ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး လက်တွေ့လုပ်ဆောင်မှုတစ်ခုလည်း ဖြစ်တယ်"
"လက်တွေ့လား"
“မင်းတို့အားလုံးက အမှတ် ၆၀ အထက်တန်းကျောင်းမှာ စာသင်တာ နှစ်ဝက်ရှိသွားပြီ.. ဘွဲ့ယူဖို့ နောက်ထပ် စာသင်နှစ်ဝက် ငါးခုကျန်သေးတယ်.. စာသင်နှစ်တစ်ဝက်ကို အခန်း၈၀၀ ဝန်းကျင်ဆိုတော့ နောက်ထပ်အခန်းပေါင်း 4000 လောက် ကျန်ပါသေးတယ်"
ကျောင်းသားများ “........…”
"ငါတို့ အမှတ် 60 အထက်တန်းကျောင်းရဲ့ ဒုတိယ စာသင်နှစ်ဝက်အတွက် အပြောင်းအရွှေ့ ကျောင်းသား အချို့ လက်ခံနေတယ်ဆိုတာ အားလုံး ကြားမိမယ်လို့ ထင်ပါတယ်"
"ဒီတစ်ကြိမ်မှာ ငါတို့က အခြေခံစာရင်းသွင်းခြင်း နည်းလမ်းကို အသုံးပြုနေတယ်.. မိသားစုနောက်ခံ ဘယ်လိုပဲရှိရှိ၊ အကဲဖြတ်မှုအတွင်း ထူးချွန်စွာလုပ်ဆောင်နိုင်တဲ့ ကျောင်းသားတွေကိုပဲ ရွေးချယ်မှာဖြစ်တယ်.. စာရွက်ပေါ်က စွမ်းဆောင်ရည်အပြင် တိုက်ပွဲအင်တာဗျူးကလည်း အရေးကြီးတဲ့ အကဲဖြတ် စံနှုန်းတစ်ခုဖြစ်တယ်
“….........”
ထိုစကားကိုကြားလျှင် အတန်းချက်ဂရုမှ လူဆယ့်ခြောက်ယောက်သည် လူသေကဲ့သို့ တိတ်ဆိတ်သွားပြီး ဝမ်လင်းသည် ဆိုးရွားသော ခံစားချက်ကို အလိုလိုလy ခံစားခဲ့ရသည်။
"မင်းတို့ရဲ့ နောက်ဆုံးစာမေးပွဲက စာရွက်တွေကို အမှတ်ခြစ်နေရတဲ့အတွက် ငါအလုပ်ရှုပ်နေတယ် ဆိုတာ မင်းတို့သိပါတယ်.. ဒီကြားထဲ စုန်းပြူး ကျောင်းသားတွေရဲ့အိမ်ကို သွားလည်ရသေးတော့ ငါအရမ်းအလုပ်များနေတယ်"
“.......…”
"ဒါကြောင့် ဒီတစ်ကြိမ် တိုက်ပွဲအင်တာဗျူးအတွက် မင်းတို့ကို စာမေးပွဲ စစ်ခိုင်းမယ်"
“…........”
"ဟုတ်တယ်.. မင်းတို့ရဲ့ တာဝန်ခံ ဆရာမအနေနဲ့ မင်းတို့နဲ့ လိုက်ဖက်လောက်မဲ့ ပြိုင်ဘက်ကို ငါစီစဉ်ပေးပါ့မယ်"
“...........…”
"တိုက်ပွဲအင်တာဗျူးက နှစ်ယောက်တွဲ တိုက်ခိုက်ရမှာ ဖြစ်တယ်.. နွေရာသီလေ့လာရေး စခန်းအတွင်း မင်းတို့တွေ လေ့လာခဲ့တဲ့ နည်းစနစ်တွေကို ပြသဖို့ အခွင့်အရေးပေါ့"
ထိုစကားကိုကြားလျှင် ကျောင်းသားအချို့က နားလည်သွားကြသည်။
ယင်းက အပေါ်ယံတွင် အပြောင်းအရွှေ့ ကျောင်းသားများ၏ ခွန်အားကို စမ်းသပ်ရန်အတွက် စာမေးပွဲအင်တာဗျူး တစ်ခုကဲ့သို့ ဖြစ်သည်။
တကယ်တမ်းတွင်မူ လက်ရွေးစင် ကျောင်းသားများကို စမ်းသပ်ခြင်းဖြစ်၏။
“စာမေးပွဲ အင်တာဗျူးကို မနက်ဖြန် သဘက်ခါစမယ်.. လက်ရွေးစင် ကျောင်းသားတွေအနေနဲ့ နံနက် ရှစ်နာရီမှာ ကျောင်းကို အချိန်မှန်လာပြီး မဲနှိုက်ရမယ်.. နောက်ကျတဲ့ သူတွေကတော့ နောက်ဆုံးစာမေးပွဲမှာ ရထားတဲ့ ရမှတ်ကနေ ရမှတ်ငါးခုကို နုတ်ယူခံရမှာ ဖြစ်တယ်.. လုံးဝ မလာတဲ့သူတွေကတော့ 61မှတ် နုတ်ခံရမယ်”
“….........”
ထိုစကားကို ပြောရင်း ဆရာမဖန်က အနည်းငယ် ကြမ်းတမ်းလွန်းသည်ဟု သူ့ကိုယ်သူ ခံစားမိကာ အနီရောင် အံပေါင်း အထုပ်တစ်ထုပ်ကို ချက်ဂရုထံ ပေးပို့လိုက်သည်။
"ဒါက မင်းတို့အားလုံးကို နှစ်သိမ့်တဲ့အနေနဲ့ပေးတဲ့ မုန့်ဖိုးပဲ.. တကယ်တော့ ဒီဆရာမက မင်းတို့ကို အရမ်းချစ်ပါတယ်"
“…........”
ဝမ်လင်းက အနီရောင်အထုပ်ကို နှိပ်၍ ကြည့်လိုက်သည်။
"အမ်"
ဤသည်က 1 HNY တန်ဖိုးသာ ရှိသော အနီရောင်အထုပ် တစ်ထုပ်ဖြစ်သည့်အပြင် ကိုးဆယ့်ကိုးပိုင်း ခွဲခြမ်းထား၏။
[ကပ်စေးနဲ ဆရာမဖန်]
အပိုင်း(၈၄၈) ပြီး၏