← Chapters

တာအိုစုန့် နိုင်ငံခြားဘာသာစကား အထက်တန်းကျောင်း

Vol. 57 Ch. 849

တာအိုစုန့် နိုင်ငံခြားဘာသာစကား အထက်တန်းကျောင်း

Vol. 57 Ch. 849

သြဂုတ်လ ၁၆ ရက် ဗုဒ္ဓဟူးနေ့သည် နွေရာသီအားလပ်ရက်၏ တတိယမြောက်နေ့ဖြစ်သည်။

အမှတ် 60 အထက်တန်းကျောင်း၏ လက်ရွေးစင်ကျောင်းသားများမှလွဲ၍ အခြားကျောင်းသားများသည် နွေရာသီအားလပ်ရက်မုဒ်တွင် ရှိနေပြီဖြစ်သည်။

ကျောင်းအုပ်ကြီးချန်း နှင့် ဒါရိုက်တာရှီး တို့က အသေအချာ စဉ်းစားပြီးနောက်တွင် လက်ရွေးစင် အတန်းမှ ကျောင်းသားများကို နှစ်ယောက်တွဲ တိုက်ပွဲအတွက် စာမေးပွဲ စစ်ခိုင်းရန် ဆုံးဖြတ်ခဲ့ကြသည်။

တကယ်တမ်းတွင် ဤသည်က ရှားရှားပါးပါး အခွင့်အရေးတစ်ခု ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဤတစ်ကြိမ် လျှောက်ထားသူများတွင် မိသားစုကြီးလေးစုထဲမှ သခင်လေးလီနှင့် သခင်လေးကျိုးတို့လို ကျောင်းသားများ ပါဝင်နေခြင်းကြောင့်ပင်။

မိသားစုနောက်ခံ ရှိခြင်းကြောင့် ရွယ်တူများကြားတွင် ၎င်းတို့၏ ခွန်အားကို သံသယဖြစ်စရာ မလိုပေ။

ဤသည်က အပေါ်ယံတွင် ကျောင်းသားသစ် အပြောင်းအရွှေ့ကို အကဲဖြတ်ရန်အတွက် တိုက်ပွဲစာမေးပွဲအင်တာဗျူးတစ်ခု ဖြစ်သော်လည်း တကယ်တမ်းတွင် အမှတ်60 အထက်တန်းကျောင်း၏ လက်ရွေးစင်ကျောင်းသားများအတွက် စာမေးပွဲတစ်ခုလည်း ဖြစ်သည်။

ထို့ကြောင့် ဝမ်လင်းသည် အစပိုင်းတွင် သာမန်အတန်းသို့သာ တက်ချင်ခဲ့ခြင်း ဖြစ်၏။

လက်ရွေးစင်ကျောင်းသား ဖြစ်ရသည်က တော်တော်လေး ပင်ပန်းသည် မဟုတ်ပါလော။

ထိုနေ့မဲခွဲပွဲအတွင်း ချန်းချောင်သည် အနည်းငယ် မကျေမနပ် ဖြစ်နေခဲ့သည်။

ဆရာမဖန်က လက်ရွေးစင် ကျောင်းသားများအားလုံး တက်ရောက်ရမည်ဟု အတန်းချက်ဂရုတွင် အလေးပေး ပြောဆိုခဲ့သော်လည်း ချန်းချောင်က စိတ်မပါ ဖြစ်နေခဲ့သည်။

သို့သော်လည်း သူက မသွားဘဲမနေရဲချေ။

ထို့ကြောင့် ချန်းချောင်က သူ၏မကျေနပ်မှုကို ဖော်ပြရန် သူ၏ WeChat ဂရုငယ်လေး၏ နာမည်ကို "သမုဒ္ဒရာမှ ငါးဆားနယ်" ကနေ "ဘယ်ကိုမှမသွားတော့မဲ့ ဆားနယ်ငါးကြီး"ဟု ရိုးရိုးရှင်းရှင်း ပြောင်းလဲခဲ့သည်။

ဆရာမဖန်က အချိန်ကို ရှစ်နာရီဟု သတ်မှတ်ခဲ့သော်လည်း တချို့က အတန်းထဲကို ခပ်စောစော ရောက်လာသည်။

ချန်းချောင်းနှင့် ကော်ဟောက်တို့ကမူ ခြောက်နာရီတွင်ထ၍ ဝတ္ထုထိုင်ဖတ်နေကြသည်။

ထို့နောက်တွင် ပင်ပန်းနွမ်းနယ်လာ၍ ရေချိုးကာ ကျောင်းသို့ထွက်လာခဲ့၏။

ဝမ်လင်း စာသင်ခန်းသို့ ရောက်သောအခါတွင် လူအများအပြား ရောက်နေပြီ ဖြစ်သည်။

ကော်ဟောက်က ချက်ဂရု အမည်ကို ပြောင်းသည့်ကိစ္စနှင့်ပတ်သက်ပြီး ချန်းချောင် နှင့် ငြင်းခုံနေသည်။

ကော်ဟောက် "ချန်းချောင်.. မင်းမကျေနပ်လည်း ငါတို့ကသူငယ်ချင်းပဲဟာ.. အလျော့ပေးလိုက်ပါ"

ချန်းချောင် "အလျော့ပေး ရမယ်ဟုတ်လား.. မင်းကရော ဘာလို့အလျော့မပေးတာလဲ.. မင်းနဲ့ ဝမ်လင်းက လွဲပြီး အတန်းထဲမှာဘယ်သူက ငါ့ကို အလျော့ပေးမှာလဲ"

ဝမ်လင်း “........…”

အင်တာဗျူးသည် အပြောင်းအရွှေ့ကျောင်းသားများ၏ စာမေးပွဲတစ်ခုဟု ထင်ရသော်လည်း လက်ရွေးစင် ကျောင်းသားများသည် နောက်ဆုံးစာမေးပွဲများ အတွင်း ၎င်းတို့ခံစားခဲ့ရသည့် ဖိအားထက် ပိုများသည်ဟု ခံစားခဲ့ရသည်။

ဤတိုက်ပွဲတွင် သူတို့က ကျောင်းကို ကိုယ်စားပြုနေသည်။

သူတို့ရှုံးနိမ့်ပြီး ကျောင်းကို အရှက်ခွဲသလို ဖြစ်သွားလျှင် ဘာဖြစ်မလဲ မပြောနိုင်ပေ။

ယခင်နှစ်များက စည်းမျဉ်းမှာ လက်ရှိအတန်းအစီအစဥ်များကို မထိခိုက်စေပေ။

ဤနှစ်တွင်မူ အပြောင်းအရွှေ့ကျောင်းသားထဲမှ ထူးချွန်သောကျောင်းသားများကို လက်ရွေးစင် အခန်းတွင် တက်ရောက်စေမည့်ပုံ ရသည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် အတန်းအတွင်း နောက်ထပ် လူသစ်များ မဝင်ရောက်ရန်မှာ ဝမ်လင်း၏ ပန်းတိုင် ဖြစ်၏။

သူက ပထမနှစ် အခန်း၃ကို တခြားမည်သူ့ကိုမှ ဝင်ခွင့်မပေးနိုင်ပေ။

အကြောင်းပြချက်မှာ အလွန်ရိုးရှင်းသည်။

လူသစ်ဝင်လာသည်နှင့် အမျှ သူ့အမှတ်တွေကို ထိန်းချုပ်ဖို့ ပိုခက်ခဲလာလိမ့်မည် ဖြစ်သည်။

ထို့ကြောင့် အတန်းရှိလူများက မည်သို့သော ပြိုင်ဘက်မျိုးနှင့် ကြုံရပါစေ၊ ဝမ်လင်းသည် သူ၏ အတန်းဖော်များကို တိတ်တဆိတ် စောင့်ကြည့်ကာ ကူညီရန် စိတ်ပိုင်းဖြတ်ထားခဲ့သည်။

လူတိုင်းက စောစော ရောက်လာကြ၏။

နောက်ဆုံး စာမေးပွဲ ပြီးသွားသောအခါသည် ကျောင်းသားများ အတွက် အားလပ်မှုအရှိဆုံး ကာလ ဖြစ်သည်။

စာမေးပွဲ ရလဒ်အတွက် စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေသော ကျောင်းသားများသည် ပရိသတ်များအဖြစ်သို့ ပြောင်းလဲသွားပြီး ယနေ့နံနက်တွင် အမှတ်၆၀ အထက်တန်းကျောင်းသို့ ပြောင်းရွှေ့လိုသော ကျောင်းသားများ၏ အချက်အလက်များကို စတင်စုဆောင်းရန် ကျောင်း၏ (Tieba)အကောင့်ကို မွှေနှောက်လိုက်သည်။

တာအိုစုန့် နိုင်ငံခြားဘာသာစကား အထက်တန်းကျောင်းမှ ကျောင်းသားတစ်ဦးသည် သူတို့ကျောင်း၏ Tieba တွင် အမှတ်၆၀ အထက်တန်းကျောင်း၏ တရားဝင်ထုတ်ပြန်ထားသော လျှောက်လွှာဓာတ်ပုံကို မျှဝေခဲ့သည်။

“ဟားဟား.. အမှတ် ၆၀ အထက်တန်းကျောင်းက လက်ရွေးစင် ကျောင်းသားတွေကို တိုက်ပွဲအင်တာဗျူး စစ်ခိုင်းတယ်လို့ ကြားတယ်.. သူတို့အနိုင်ရဖို့ အခွင့်အလမ်း ဘယ်လောက်ရှိမလဲ”

"မင်းတို့ ဘယ်အခန်းကိုစိတ်ဝင်စားလဲ.. ကျောင်းပြောင်းရမယ်ဆို ဘယ်ကျောင်းကိုပြောင်းချင်လဲ

“ငါကတော့ ဒီချီးထုပ်ကျောင်းကို မပြောင်းချင်ဘူး.. ဘာလို့လဲဆိုတော့ ငါတို့ တာအိုစုန့်က နံပါတ်တစ် ကျောင်း ဖြစ်နေလို့ပဲ"

အစပိုင်းတွင် ဤပို့စ်ကို စိတ်ဝင်စားသော အရေအတွက်က မများပေ။

သို့သော် အမှတ် 60 အထက်တန်းကျောင်းမှ ကျောင်းသားများ၏ အပြောင်းအရွှေ့ကျောင်းသားများနှင့် ပတ်သက်သည့် အချက်အလက်များကို ရှာဖွေမှုနဲ့အတူ ဤအကြောင်းအရာသည်(Tieba)တွင် ချက်ချင်းဆိုသလို ပေါက်ကွဲသွားခဲ့သည်။

"တာအိုစုန့် နိုင်ငံခြားဘာသာစကားအထက်တန်းကျောင်းလား.. မေဘေးလေးတွေ. မာန်တက်လွန်းတယ်"

အမှတ် 60 အထက်တန်းကျောင်းမှ ကျောင်းသား တော်တော်များများက ဤပို့စ်ကို သတိထားမိခဲ့ကြသည်။

မူရင်းပို့စ်ကို စခရင်ရှော့ရိုက်ယူပြီး အမှတ်၆၀ အထက်တန်းကျောင်း၏ (Tieba)တွင် လင့်ခ်တစ်ခုဖြင့် တင်ခဲ့သည်။

အမှတ် ၆၀ အထက်တန်း ကျောင်းသား အများအပြားသည် တာအိုစုန့် နိုင်ငံခြားဘာသာစကား အထက်တန်းကျောင်း၏ မောက်မာသော စကားလုံးများကြောင့် နံနက်စောစောမှာပင် ဒေါသတကြီး ဖြစ်နေကြသည်။

အွန်လိုင်းတွင် စော်ကားခံရသောပို့စ်ကို တွေ့သူများတွင် ကုစား ကျောင်းသားများနှင့် သာမန် ကျောင်းသားများလည်း ပါဝင်သည်။

ထို့အပြင် တစ်ဖက်လူသည် တမင်တကာပင် ပြဿနာတက်အောင် လှုံ့ဆော်ခဲ့ပုံရသည်။

"တာအိုစုန့် နိုင်ငံခြားဘာသာစကား အထက်တန်းကျောင်းလား.. ဒီကျောင်းက ဘယ်လိုကျောင်းမျိုးလဲ"

ချန်းချောင်က လက်ဝါးဖြင့် စားပွဲကိုရိုက်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။

"ချီးပဲ.. ငါ အဲဒီကျောင်းက ကောင်တွေနဲ့ တိုက်ချင်တယ်"

“တာအိုစုန့် နိုင်ငံခြားဘာသာစကား အထက်တန်းကျောင်းက ဇိမ်ခံပစ္စည်းတင်သွင်းတဲ့ နိုင်ငံခြားကုမ္ပဏီတစ်ခုကနေ တည်ထောင်ထားတဲ့ ကျင့်ကြံခြင်း အထက်တန်းကျောင်းပဲ.. ဒီကျောင်းကို အင်္ဂလိပ်လို အတိုကောက် DG လို့ခေါ်ပြီး လီရှို့နိုင်ငံမှာ သူတို့ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ် ရှိတယ်.. အဓိကအလုပ်က တန်ဖိုးကြီး ဇိမ်ခံပစ္စည်း အရောင်းအဝယ်လုပ်ငန်းပဲ.. ဒါပေမဲ့ ဒီကျောင်းက ငါတို့ ဖေးယန်ခရိုင်က မဟုတ်ဘူး..လီယွမ်ခရိုင်က ထိပ်တန်း ကျောင်းတစ်ကျောင်း ဖြစ်တယ်”

ကော်ဟောက်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

“ငါ ဒီစခရင်ရှော့ကို ပညာရေးနယ်ပယ်မှာနေတဲ့ ငါ့ဦးလေးတစ်ယောက်ဆီ စောစောက ပို့လိုက်တယ်.. တာအိုစုန့် နိုင်ငံခြားဘာသာစကား အထက်တန်းကျောင်းရဲ့ ကျောင်းသားတွေ အားလုံးက သူတို့ရဲ့ ယူနီဖောင်းတွေနဲ့ ဝိညာဥ်ဓားတွေမှာ ဒီနိုင်ငံခြားကုမ္ပဏီရဲ့ အမှတ်တံဆိပ်ကို တပ်ဆင်ထားကြတယ်"

"ဒီကျောင်းက ဝင်ဖို့လည်း အရမ်းလွယ်တယ်.. ပိုက်ဆံအကုန်အကျခံနိုင်ရင်ရပြီ.. ကျောင်းဝင်ခွင့်အတွက် ဇိမ်ခံပစ္စည်း တစ်ခုလောက် ဝယ်ယူဖို့ပဲ လိုအပ်တယ်.. ဒါ့အပြင် ကျောင်းသားတွေက အရည်အချင်း မပြည့်မီရင်တောင် အနည်းဆုံးတော့ အခြေခံ တည်ထောင်ခြင်းနှောင်းပိုင်းအဆင့်ကို ရောက်ရှိစေရမယ်လို့ အာမခံမှုလည်း ရှိတယ်"

ကော်ဟောက်က ပြောပြလိုက်ရာ အားလုံးက သဘောပေါက်သွားကြသည်။

ရှင်းလင်းစွာပြောရလျှင် ဤကျောင်းသည် သူဌေးများအတွက် ရည်ရွယ်၍ ဖွင့်ထားသော ကျောင်းတစ်ကျောင်းပင်။

ထို့အပြင် ထိုကဲ့သို့ အာမခံချက်ပေးနိုင်ရန် ယုံကြည်မှုလွန်ကဲရခြင်း အတွက် ၎င်းတို့တွင် ကိုယ်ပိုင် အကြောင်းပြချက်များ ရှိနေသည်မှာ ထင်ရှားသည်။

ခေတ်မီ ကျင့်ကြံခြင်းခေတ်တွင် လူသားများသည် ပိုက်ဆံ ချမ်းသာသရွေ့ ငွေလမ်းခင်း၍ အခြေခံ တည်ထောင်ခြင်း အဆင့်နှင့် ရွှေအမြူတေ အဆင့်များအထိ ရောက်ရှိနိုင်ပေသည်။

ဤသည်က ချမ်းသာသည့် ကျောင်းသားများ နှင့် ဆင်းရဲသည့် ကျောင်းသားများကြားမှ တကယ့် ကွာခြားချက်ပင်။

"မေဘေးကျောင်းက ပိုက်ဆံလေး နည်းနည်းလောက် ချမ်းသာတာကို ဘာတွေမာန်တက်နေတာလဲ.. စွန်းရုံတို့ မိသားစုနဲ့ ယှဥ်ရင် ဆီနဲ့ရေလိုပဲ ဆိုတာ ရှင်းနေတာပဲ"

သာမန်အားဖြင့် သဘောကောင်းသူဖြစ်သည့် မြေပဲလေးပင်လျှင် အနည်းငယ် ဒေါသထွက်နေသည်။

စွန်းရုံကလည်း ဒေါသတကြီး ဖြစ်နေသည်။

“ဒီပို့စ်က သူဌေးသားတစ်ယောက်ရဲ့ လက်ချက်ဆိုတာ သေချာတယ်.. ဒီကောင်က သူ့မိသားစုရဲ့ ငွေကြေးနဲ့ နောက်ခံကို အားကိုးပြီး ရန်စနေတာပဲ”

ထိုအချိန်တွင် ကော်ဟောက်က ရုတ်တရက် ပြောလိုက်သည်။

"ဒီလူက ထပ်ပြီးမှတ်ချက်ပေးနေပြန်ပြီ"

သူက အတန်းချက်ဂရု​တွင် လင့်ခ်ကို မျှဝေလိုက်သည်။

လင့်ခ်ကို သူတို့ဖွင့်ကြည့်လိုက်သောအခါ ထိုကျောင်းသားသည် မူရင်းပို့စ်အောက်တွင် မန့်များ ဆက်တိုက်မန့်ခဲ့သည်။

"ဟားဟားဟား.. အမှတ် 60 အထက်တန်းကျောင်းရဲ့ အမှိုက်တွေက အုပ်စုလိုက် စပ်သွားတဲ့ပုံပဲ.. ငါ အခု ခေါင်းစဉ်တစ်ခုနဲ့ ပို့စ်တစ်ခုလောက် တင်လိုက်ရင် ကောင်းမလား.. ငါမပြောင်းချင်သောကျောင်း ဆိုပြီးပေါ့"

"ဒါပေမယ့် ဒါက အမှတ် ၆၀ အထက်တန်းကျောင်းက ကျောင်းသားတွေကို သင်ခန်းစာပေးဖို့ အခွင့်အရေးကောင်းပဲ.. မင်းတို့ကို ယောက်ျားပီသအောင် ငါသင်ပေးမယ်.. ဟားဟား"

"ငါက ဟွာရှို့မှာ ဒီလိုအမှိုက်ကျောင်းရှိတယ်ဆိုတာကို ငါ့ခွန်အားကိုသုံးပြီး လူတိုင်းကိုပြသမယ်.. စောင့်ကြည့်နေလိုက်"

"ငါ ဒီမအလကောင်ကို သည်းမခံနိုင်တော့ဘူး"

"ငါ သူ့ကိုရိုက်ချင်တယ်"

ပထမနှစ် အခန်း၃မှ ကျောင်းသားများက သည်းမခံနိုင်တော့ပေ။

ဝမ်လင်း ကိုယ်တိုင်ကမူ ထိုကျောင်းသား၏ မှတ်ချက်ကို တိတ်တဆိတ် စခရင်ရှော့ခ် ရိုက်ယူပြီး ဗုံးပစ်စီနီယာ အင်မော်တယ်ထံ တိုက်ရိုက် ပေးပို့ခဲ့သည်။

သူက ပုံအောက်တွင် စာလုံးနှစ်လုံးသာ ရိုက်ထား၏။

"ဒီကောင့်ကို သောက်ချိုးပြင်ပေးလိုက်"

DG အထက်တန်းကျောင်းမှ ကျောင်းသားလေးသည် သူ့အခြေအနေ မည်မျှအထိ ဆိုးရွားနေမှန်းကို လုံးဝ မသိသေးပေ။

အပိုင်း(၈၄၉) ပြီး၏

All Chapters