← Chapters

နတ်ဘုရားနယ်မြေမှ လျှို့ဝှက်ဆန်းကြယ်သော ဧည့်သည်

Vol. 57 Ch. 853

နတ်ဘုရားနယ်မြေမှ လျှို့ဝှက်ဆန်းကြယ်သော ဧည့်သည်

Vol. 57 Ch. 853

မြင်လိုက်သည်နှင့် လီဟောင်နှင့်သူ့အဖေက နိုင်ငံခြားသားမှန်း လူတိုင်းက တန်းသိနိုင်သည်။

ရှင်းလင်းစွာပြောရလျှင် လီဟောင်သည် ဟွာရှို့၏ ဒေသန္တရ ကျင့်ကြံခြင်း ပညာရေးစနစ်ကို ရွေးချယ်ခဲ့ရခြင်း အကြောင်းအရင်းမှာ သူ၏ သွေးထဲတွင် နိုင်ငံခြားမှသွေးများ စီးဆင်းနေသောကြောင့် ဖြစ်သည်။

သူ့အမေက ဟွာရှို့မှဖြစ်ပြီး သူ့အဖေ လီတျောင်က လီရှို့မှဖြစ်သည်။

လီဟောင်က မွေးဖွားပြီးကတည်းကပင် လီရှို့နိုင်ငံ၏ ဒေသခံ သွေးစုပ်ဖုတ်ကောင် ကျင့်ကြံသူ ဖြစ်ပြီး လီရှို့နိုင်ငံတွင် လူသိများသည်။

ကျင့်ကြံခြင်းတွင် သွေးစုပ်ဖုတ်ကောင်များသည် အခြေခံအားဖြင့် သာမန်ကျင့်ကြံသူများထက် သဘာဝ အားသာချက်များရှိပြီး အပြည်ပြည်ဆိုင်ရာ ကျင့်ကြံခြင်းနိဒါန်းတွင် အထူးအသိုင်းအဝိုင်းအဖြစ် အဆင့်သတ်မှတ်ခံထားရသည်။

တကယ်တမ်းတွင် အပြည်ပြည်ဆိုင်ရာ ကျင့်ကြံခြင်း သဘောတူညီချက်အရ အထူးအသိုင်းအဝိုင်းများကို ဒေသဆိုင်ရာအာဏာပိုင်များက ထိန်းကျောင်းရမည် ဖြစ်သည်။

ဆိုရလျှင် အထူး အသိုင်းအဝိုင်းမှ လူများသည် သာမန်လူတစ်ယောက်လို တန်းတူ အခွင့်အရေးမရခင် အန္တရာယ်ကင်းကြောင်း သက်သေပြရပေမည်။

ထို့ကြောင့် လီဟောင်တို့သားအဖ လွတ်လွတ်လပ်လပ်ရှိနေသည်ကို ထောက်လျှင် ဤနှစ်ယောက်သည် အမှန်တကယ်စိတ်ရင်းမဆိုးဟု သိနိုင်ပေသည်။

ဝမ်လင်းက လီရှို့နိုင်ငံမှ သွေးစုပ်ဖုတ်ကောင် နှစ်ယောက်အကြောင်းကို တွေးနေမိသည်။

၎င်းတို့က သာမန်လူတစ်ယောက်နှင့် တူညီသော အခွင့်အရေးရရန် အကြိမ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ရပုံရသည်။

သူတို့လက်ရှိ လွတ်မြောက်မှုအတွက် "အဘွားအို ဘယ်နှယောက်ကို လမ်းဖြတ်ကူးရန် ကူညီပေးခဲ့ရသလဲ" သူအမှန်တကယ် သိချင်မိသည်။

သူတို့နှင့်ဆန့်ကျင်ဘက် သွေးအလိုဆန္ဒကို မထိန်းချုပ်နိုင်သော သွေးစုပ်ဖုတ်ကောင်များကမူ လီရှို့နိုင်ငံ၏ ထိန်းကျောင်းမှုအောက်ရှိ အမှောင်ထဲတွင်သာ နေထိုင်နိုင်ခဲ့သည်။

နားနေခန်းထဲတွင် ထိုင်နေသည့် ဝမ်လင်းက လီဟောင်နှင့်သူ့အဖေကို အင်တာနက်ပေါ်မှ ကီးဘုတ်စစ်သည်များနှင့် အလွန်ဆင်တူသည်ဟု ထင်ခဲ့သည်။

ကီးဘုတ်စစ်သည်များသည် ၎င်းတို့၏ အွန်လိုင်းနှင့် လက်တွေ့ဘဝ အသွင်အပြင်များ လုံးဝနီးပါး ကွဲပြားလေ့ရှိသည်။

လီရှို့နိုင်ငံက သွေးစုပ်ဖုတ်ကောင်များကို အမြဲလိုလို တင်းကျပ်စွာ ကြီးကြပ်ခဲ့သည်။

ဤသားအဖနှစ်ယောက်က ဟွာရှို့နိုင်ငံသို့ ရောက်ရှိလာပြီးနောက်တွင် စောင့်ကြည့်ခံရမှုမှ လုံးဝ လွတ်လပ်သွားသည်ဟု ဆိုရမည်။

သွေးစုပ်ဖုတ်ကောင် ကျင့်ကြံသူများသည် ဝမ်လင်း မကြုံဖူးသော ပြိုင်ဘက်အမျိုးအစား ဖြစ်၍ တိုက်ပွဲတွင် မည်သို့မည်ပုံ ဖြစ်မည်ကို သူမသိခဲ့ပေ။

သို့သော် ဝမ်လင်းအတွက် ဤတိုက်ပွဲမျိုးသည် တိုက်ပွဲဟုပင် လုံးဝမခေါ်နိုင်ပေ။

၎င်းက သွေးပူလုပ်ရုံလောက်သာ ရှိပေသည်။

ထွင်ထျန်းဟာကို လမ်းထွက်၍ ကျောင်းပေးရသည်ကပင် ဤတိုက်ပွဲထက် အနည်းငယ် ပိုပင်ပန်းမည်ဟု ဝမ်လင်းခံစားမိသည်။

အဓိကအချက်မှာ ကယ်လိုရီ လောင်ကျွမ်းမှုကို လုံးဝ မထောက်ပံ့ပေးနိုင်ခြင်း ဖြစ်သည်။

လီဟောင်တို့သားအဖ ပွဲမစမီ ပွဲစဉ်နှစ်ပွဲ ရှိခဲ့သည်။

ကျောင်းသားများကို အဖွဲ့များခွဲထားပြီးပြီ ဖြစ်သော်လည်း တိုက်ပွဲအစဉ်လိုက်ကိုမူ မဲနှိုက်ခြင်းဖြင့် ဆုံးဖြတ်သည်။

ဤမတိုင်မီ တိုက်ပွဲနှစ်ပွဲတွင် တစ်ပွဲမှာ လျူချင်းရီနှင့် ဝမ်ကျန်းတို့ဖြစ်ပြီး လက်ရွေးစင်အခန်း၂မှ ကျောင်းသားနှစ်ဦးနှင့်ရင်ဆိုင်ရမည် ဖြစ်သည်။

နောက်တစ်ပွဲမှာ လက်ရွေးစင်အခန်း၂မှ ကျောင်းသားနှစ်ယောက်နှင့် မှီခိုရာ အထက်တန်းကျောင်းမှ ကျောင်းသား လန်စုနှင့် ဝမ်လင်း အမှတ်မထင် သတိထားမိခဲ့သော ကျင့်ကြံသူတစ်ဦး ဖြစ်သည့် ကူရွှင်းကျစ်တို့ ဖြစ်သည်။

လွန်ခဲ့သည့်နှစ်ရက်အတွင်းတွင် လျူချင်းရီနှင့် ဝမ်ကျန်းတို့အပေါ် ထားရှိသော ဝမ်လင်း၏ သဘောထားသည် အနည်းငယ် ပြောင်းလဲလာခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ယမန်နေ့ညက လျူချင်းရီနှင့် ဝမ်ကျန်းတို့သည် ခေါက်ဆွဲခြောက်ကြွပ်ကြော်ထုပ်ကို ထရပ်ကားနှင့်အပြည့် ဝယ်ပေးခဲ့ကြ၍ ဖြစ်သည်။

ထို့ပြင် ထိုခေါက်ဆွဲခြောက်ထုပ် အားလုံးသည် အကန့်အသတ်ဖြင့် ထုတ်လုပ်ထားသည့် ခေါက်ဆွဲခြောက်ထုပ်များ ဖြစ်သည်။

သို့ရာတွင် ဝမ်လင်းက ၎င်းတို့ကို ပထမနှစ် အခန်း၃သို့ ဝင်ခွင့်မပြုခဲ့ပေ။

အကြောင်းအရင်းမှာ ထိုနှစ်ယောက် ဝင်လာခဲ့လျှင် ဝမ်လင်း၏ အဆင့်ကို ဆိုးရွားစွာ ထိခိုက်စေနိုင်သောကြောင့် ဖြစ်သည်။

ပထမနှစ် အခန်း၃ မဖြစ်သရွေ့ ကျန်သည့် အခန်းများအားလုံးက သူ့အတွက် အဆင်ပြေပေသည်။

ထို့ကြောင့်ဝမ်လင်းက လျူချင်းရီနှင့် ဝမ်ကျန်းတို့ကို ပထမနှစ် အခန်း၃သို့ မတော်တဆ ရောက်သွားခဲ့လျှင် ဆုံးမခံရမည်ဟု မက်ဆေ့ချ် ပေးပို့လိုက်သည်။

လျူချင်းရီနှင့် ဝမ်ကျန်းတို့က ထိုစာကို ဖတ်ပြီးသောအခါတွင် တုန်လှုပ်သွားကြသည်။

ဝမ်လင်းတွင် ထိုကဲ့သို့ လုပ်ဆောင်နိုင်သည့် အစွမ်းရှိကြောင်း သူတို့်နှစ်ယောက်လုံး သိထားကြသည် မဟုတ်လော။

ယခုတစ်ကြိမ် တိုက်ပွဲအတွက် ဝမ်လင်းသည် ကူရွှင်းကျစ်ဟူသော ကျောင်းသားသစ်ကို သတိပြုမိခဲ့သည်။

လျူချင်းရီနှင့် ဝမ်ကျန်းတို့က သူတို့ကိုယ်သူတို့ အလွန်နက်နဲစွာ ဖုံးကွယ်ထားခဲ့သော်လည်း ဤလူနှင့် ယှဉ်လျှင် အတော်လေး အလှမ်းဝေးနေသည်ကို ဝမ်လင်း သေချာပေါက် သိနေခဲ့သည်။၊

အကြောင်းရင်းမှာ ကူရွှင်းကျစ် ထံတွင်လည်း နတ်ဘုရားနယ်မြေ၏ အော်ရာများ ရှိနေ၍ ဖြစ်၏။

ကူရွှင်းကျစ်…

ဝမ်လင်းက စိတ်ထဲကနေ ထိုနာမည်ကို ထပ်ကာတလဲလဲရေရွတ်လိုက်သည်။

လက်ရှိကိုးဆကြယ်၏ နံပါတ်တစ် မိသားစုမှာ ကူမိသားစုဖြစ်သည်ဟု ဝမ်ကျန်း ပြောဖူးသည်ကို သူအမှတ်ရမိသည်။

သို့ဆိုလျှင် ကူရွှင်းကျစ်နှင့် ကူမိသားစုကြား၌ ဆက်နွယ်မှုများ ရှိနေပါသလော။

ကျိုးကြောင်းဆီလျော်စွာ ပြောရလျှင် ကူရွှင်းကျစ်သည် ကူမိသားစုမှ ဖြစ်ခဲ့လျှင် ဝမ်ကျန်းအနေဖြင့် မသိစရာအကြောင်းမရှိပေ။

အစောကတည်းကပင် သိနှင့်နေရမည် ဖြစ်သည်။

ကောင်းကင်တာအိုက ဝမ်ကျန်း၏ အင်အားကို ယခုအချိန်ထိ ကန့်သတ်ထားဆဲ ဖြစ်သော်လည်း ကူမိသားစုသည် ဝမ်မိသားစု၏ရန်သူ ဖြစ်သောကြောင့် ကူမိသားစု၏ အဖွဲ့ဝင်များအပေါ်တွင် ဝမ်ကျန်းအနေဖြင့် အလွန်အကဲဆတ်သင့်သည်။

သို့ရာတွင် ဝမ်ကျန်းအနေဖြင့် မည်သို့မျှ တုံ့ပြန်မှု မရှိခဲ့သည်မှာ အလွန်ထူးဆန်းသောအရာ ဖြစ်နေသည်။

ကံကောင်းထောက်မစွာဖြင့် ဝမ်လင်းသည် ကူရွှင်းကျစ်ကို သတိပြုမိခဲ့သည်။

သို့သော် ဤအချိန်က တစ်ဖက်လူ သတိထားမိအောင် လုပ်ရမည့်အချိန် မဟုတ်ပေ။

ထို့ကြောင့် ဝမ်လင်းက ဘာမှသတိမထားမိဟန် ဆောင်နေခဲ့သည်။

ထို့ပြင် ကူရွှင်းကျစ်သည် အလွန်ထူးဆန်းသည်။

သူ့တွင် ဝမ်လင်း စိတ်ဖတ်၍ မရအောင် တားဆီးထားသည့် မှော်ရတနာတစ်ခုခု ရှိနေပုံရသည်။

ယင်းအတွက်ကြောင့် တစ်ဖက်လူက သူ သို့မဟုတ် ဝမ်ကျန်းနှင့်လျူချင်းရီတို့အား ပစ်မှတ်ထားနေသလား မသိနိုင်ပေ။

တစ်ဖက်လူ၏ ရည်ရွယ်ချက်အစစ်အမှန်ကို မသိရသေးမီ ဘာမှမသိသေးဟန် ဆောင်ခြင်းက အကောင်းဆုံး ဖြစ်မည်ဟု ဝမ်လင်း ယူဆခဲ့သည်။

လျူချင်းရီနှင့် ဝမ်လင်းတို့က အခန်း၂ မှ ထိပ်တန်းကျောင်းသားများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း တိုက်ပွဲကလျင်မြန်စွာပင် ပြီးဆုံးသွားခဲ့သည်။

သို့ရာတွင် အခန်း၂မှ ကျောင်းသားများ ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားသည့်ပုံ မပေါ်ပေါက်စေရန်အတွက် ထိုကျောင်းသားများ၏ လက်ဝါးရိုက်ချက်များကို သူတို့၏ ကိုယ်ပေါ်သို့ ကျရောက်စေခဲ့သည်။

တစ်ခုတည်းသော ပြဿနာမှာ တိုက်ပွဲကွင်းပြင်မှ ထွက်ခွာသွားပြီးနောက်တွင် ကျောင်းသားနှစ်ဦးသည် လက်များအလွန်အမင်း နာကျင်နေခြင်း ဖြစ်သည်။

ဝမ်လင်းက ကူရွှင်းကျစ်တို့ အဖွဲ့ကိုသာ အထူးဂရုစိုက်ခဲ့သည်။

ကူရွှင်းကျစ်တွင် အလွန်အစွမ်းထက်သော ခန္ဓာကိုယ်လှုပ်ရှားမှုများနှင့် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများ ရှိခဲ့သည်။

ကူရွှင်းကျစ်က အထူးမှော်စွမ်းရည်မျိုး သို့မဟုတ် မှော်ရတနာမျိုးကို လုံးဝ အသုံးမပြုခဲ့ဘဲ အခန်း၂မှ ကျောင်းသားများကို အနိုင်ယူပြခဲ့သည်။

ကူရွှင်းကျစ်က လျူချင်းရီနှင့် ဝမ်ကျန်းတို့ထက်ပင် ပို၍ ဟန်ဆောင်ကောင်းခဲ့သည်။

မဆုတ်မနစ် တိုက်ပွဲဝင်နေသော သူ၏ပုံရိပ်က အားလုံး၏ မျက်လုံးထဲတွင် စွဲထင်သွားခဲ့သည်။

တိုက်ပွဲတစ်လျှောက်လုံးတွင် လူတိုင်းက သူ့ကို တခဲနက်အားပေးခဲ့ကြသည်။

တိုက်ပွဲကို ကြည့်ရှုနေသော အမှတ်၆၀ အထက်တန်းကျောင်းမှ ဆရာများက ကူရွှင်းကျစ်၏ ကိုယ်ရေးအကျဉ်းကို လှန်လှော ကြည့်လိုက်ကြသည်။

“ဒီကူရွှင်းကျစ်က ဘယ်ကျောင်းကလဲ.. အရမ်းကို သန်မာလွန်းတယ်”

“ဂါလီတန်ကျင့်ကြံခြင်းကျောင်း”

ရှေးဟောင်းစာအုပ်ကြီးက မျက်မှန်ကို ပင့်တင်လိုက်သည်။

“ဒီကျောင်းက စုန့်ဟိုင်မြို့မှာရှိတဲ့ ကျင့်ကြံခြင်းအထက်တန်းကျောင်းပဲ.. ဒါပေမဲ့ အောက်ခြေအဆင့်မှာသာ ရှိပြီး အမှတ်၆၀ အထက်တန်းကျောင်းထက် အများကြီးအားနည်းတယ်.. ဒါပေမဲ့ ဒီကျောင်းသား ကူရွှင်းကျစ်က လွန်ခဲ့တဲ့ သုံးလကမှ အဲဒီကျောင်းကို ပြောင်းရွှေ့ခဲ့တာပဲ”

“အဲဒီလိုလား.. ဘာပဲဖြစ်ဖြစ် ဒီကလေးက ရှားပါးမျိုးစေ့ကောင်းပဲ”

ဆရာများက တအံ့တဩ ရေရွတ်လိုက်ကြသည်။

ကျောင်းသားကူရွှင်းကျစ်က ခန္ဓာကိုယ် နည်းစနစ်ပိုင်းတွေကို ကျွမ်းကျင်ပုံရတယ်.. Grade 1 အခန်း၃က ချန်းချောင်က လွဲရင် ငါတို့ကျောင်းမှာ အခြေခံအားဖြင့် ခန္ဓာကိုယ်နည်းစနစ် ကောင်းမွန်တဲ့ ကျောင်းသား မရှိသေးဘူး.. ငါတို့သာ သူ့ကိုခေါ်နိုင်ရင် ကျောင်းသားတွေအတွက် ခန္ဓာကိုယ်နည်းစနစ်ပိုင်းမှာ အများကြီး အကျိုးသက်‌ရောက်မှု ရှိလာနိုင်တယ်.. သူအသုံးပြုတဲ့ ခန္ဓာကိုယ် နည်းစနစ်တွေကို ငါတစ်ခါမှ မမြင်ဖူးဘူး.. သူ့ရဲ့ခန္ဓာကိုယ် လှုပ်ရှားမှုတွေက တကယ်ကို ထူးခြားလွန်းတယ်.. သူ့ရဲ့လှုပ်ရှားမှုတွေကို ကြည့်ပြီး လူတစ်ယောက်ကို အမှတ်ရမိတယ်..”

“ဆန္ဒချိုးဖျက်ခြင်း နည်းစနစ်ကို ကျင့်ကြံခဲ့တဲ့သူလား”

“ဟုတ်တယ်.. အဲဒီလူပဲ”

ဆရာက ခေါင်းညိမ့်လိုက်သည်။

“ဒါပေမဲ့ သူ့နောက်ပိုင်းမှာ ဆန္ဒချိုးဖျက်ခြင်း နည်းစနစ်တွေကို ဘယ်သူမှမလေ့လာနိုင်ခဲ့ဘူး.. ဘာလို့လဲဆိုတော့ ဒီနည်းစနစ်က ခန္ဓာကိုယ်လှုပ်ရှားမှုတွေကို အစွမ်းကုန် လှုံ့ဆော်ပေးနိုင်ဖို့အတွက် ငယ်ပါကို ဖြတ်ထုတ်ရလို့ပဲ”

ရှေးဟောင်းစာအုပ်ကြီးက ပြောလိုက်သည်။

ဆရာများ၏ စကားဝိုင်းကိုနားထောင်ရင်း ဝမ်လင်းကသူ၏ ဂွေးကျိ အနည်းငယ် နာကျင်သွားသလိုပင် ခံစားလိုက်ရသည်။

အပိုင်း(၈၅၃) ပြီး၏

All Chapters