← Chapters

ဝမ်လင်း၏ဒေါသပြကွက်

Vol. 57 Ch. 855

ဝမ်လင်း၏ဒေါသပြကွက်

Vol. 57 Ch. 855

အချို့သောလူများသည် ဒေါသထွက်လာသောအခါတွင် ဟန်ဆောင်၍ မရပေ။

ဒေါသကို အောက်ပါနည်းလမ်းများဖြင့် ဖော်ပြကြသည်။

အက်ဒရီနလင် တိုးလာခြင်း၊ မျက်နှာနီမြန်းခြင်းနှင့် အသက်ရှူမြန်လာခြင်း၊ ချွေးပေါက်ကျယ်လာခြင်း၊ မျက်လုံးများတောက်ပလာခြင်း၊ ဆံပင်များထောင်ထလာခြင်း၊ ရင်တဒိတ်ဒိတ်တုန်ခြင်း စသည်တို့ ဖြစ်သည်။

ဝမ်လင်း၏မျက်နှာက သုန်မှုန်သွားသည်ကိုမြင်သည်နှင့် ဖန့်ရှင်းက ဝမ်လင်း ဒေါသထွက်နေပြီ ဖြစ်ကြောင်း ရိပ်စားမိခဲ့သည်။

ဝမ်လင်း ဒေါသထွက်သည့်လက္ခဏာသည် အခြားလူများနှင့်လုံးဝ ခြားနားသည်။

အထင်ရှားဆုံး လက္ခဏာများထဲမှတစ်ခုမှာ အပူချိန်ကျဆင်းခြင်း ဖြစ်သည်။

အားကစားခန်းမရှိ လေအေးပေးစက်က ၂၅ဒီဂရီစီသာ ရှိသည်။

ယင်းက သက်သောင့်သက်သာအရှိဆုံး အပူချိန်ဖြစ်သော်လည်း ပြိုင်ပွဲကို ကြည့်ရှုနေသော ဆရာများသည် အအေးဒဏ်ကို မခံစားနိုင်ကြတော့ပေ။

“ဘာတွေဖြစ်နေတာလဲ.. ဘာကြောင့်ရုတ်တရက်ကြီး အေးစက်လာရတာလဲ.. ဟက်ချိုး”

ဆရာမတစ်ဦးက နှာချေလိုက်ရာ ရှုထုတ်လိုက်သောလေသည် အဖြူရောင်အငွေ့အဖြစ်သို့ ပြောင်းလဲသွားသည်ကို အံ့ဩဖွယ်မြင်တွေ့လိုက်ရသည်။

“လေအေးပေးစက်ပျက်နေတာများလား”

အမျိုးသားဆရာတစ်ဦးက တစ်ဆင့်ပို့အဆောင်လက်ဖွဲ့ဖြင့် ချက်ချင်းပင်သတင်းပို့လိုက်သည်။

“ထောက်ပံ့ပို့ဆောင်ရေးဌာန.. လေအေးပေးစက်ကို ပိတ်လိုက်တော့”

ထိုသတင်းပို့ချက်ကြောင့် ထောက်ပံ့ပို့ဆောင်ရေးဌာနမှ ဆရာက မှင်တက်သွားခဲ့သည်။

လေအေးပေးစက်က ပုံမှန်အတိုင်းအလုပ်လုပ်နေပြီး လုံးဝပြဿနာမရှိပေ။

သို့သော်လည်းအားကစားခန်းမအတွင်း အပူချိန်သိသိသာသာကျဆင်းသွားသည်ကို သူရှင်းမပြတတ်ပေ။

သူကအခန်းတွင်းအပူထိန်းကိရိယာကိုကြည့်လိုက်ရာ အနုတ်၃ဒီဂရီစီပင် ဖြစ်နေခဲ့သည်။

လီဟောင်၏လက်သီးက အလွန်ပင်ပြင်းထန်သော်လည်း ဝမ်လင်းအနီးသို့ရောက်လာသောအခါတွင် လီဟောင်သည်သူ၏ခန္ဓာကိုယ်အတွင်း၌ အေးစက်သောခံစားချက်များကို ရှင်းရှင်းလင်းလင်းခံစားလိုက်ရသည်။

သူ၏ကြွက်သားများအားလုံးက အေးခဲသွားသလိုခံစားလိုက်ရပြီး လက်သီး၏စစ်မှန်သောစွမ်းအားကို မပြသနိုင်တော့ပေ။

“ဒါကဘယ်လိုဖြစ်ရတာလဲ”

လီဟောင်က သူ့ခန္ဓာကိုယ်နှေးကွေးသွားသည်ကို ခံစားလိုက်ရသည်။

“ဒီလောက်လွယ်မလား”

ဖန့်ရှင်းကရှေ့ကိုတိုးလိုက်ပြီး လီဟောင်၏လက်သီးချက်ကို ရင်ဆိုင်လိုက်သည်။

လီဟောင်၏လက်သီးချက်က မပြင်းထန်သော်လည်း ဖန့်ရှင်းက ဝမ်လင်းကိုကာကွယ်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် လူသားတိုင်းသည် ဒေါသထွက်လာသောအခါတွင် တွေးတောဆင်ခြင်နိုင်စွမ်းများ ဆုံးရှုံးသွားတတ်သောကြောင့်ဖြစ်သည်။

လီဟောင်၏လက်သီးသာ ဝမ်လင်းကိုထိုးမိခဲ့လျှင် ဝမ်လင်း၏သူတော်စင်ခန္ဓာမှ တုံ့ပြန်မှုတစ်ခုတည်းကပင် လီဟောင်၏လက်မောင်းသည် ဖုန်မှုန့်များကဲ့သို့ တိုက်ရိုက်ပေါက်ကွဲသွားလိမ့်မည်ဖြစ်သည်။

“ဒီကျောင်းသားနှစ်ယောက်က တစ်ခုခုထူးဆန်းနေတယ်”

အခြေအနေကိုစောင့်ကြည့်နေသည့် လီတျောင်သည် လီဟောင်၏ ရှပ်အင်္ကျီကိုဆွဲမကာ နောက်သို့ခြေတစ်လှမ်းဆုတ်စေခဲ့သည်။

လီဟောင်က တောင်တန်းကဲ့သို့ ခန္ဓာကိုယ်ကြီးမားသော်လည်း ကြက်ကလေးငှက်ကလေးကဲ့သို့ပင် ပါသွားခဲ့သည်။

လက်ရှိအချိန်တွင် လီဟောင်၏ခန္ဓာကိုယ်က အေးစက်နေသောကြောင့် တုန်တုန်ရီရီပင် ဖြစ်နေသည်။

ခေတ်မီသွေးစုပ်ဖုတ်ကောင်များသည် နေကိုမကြောက်ရွံ့သော်လည်း အအေးဒဏ်ကိုမူ ကြောက်ရွံ့ကြသည်။

အကြောင်းအရင်းမှာ သွေးစုပ်ဖုတ်ကောင်များသည် ရှင်သန်ရန်အတွက် သွေးများကိုမှီခိုရသော မျိုးနွယ်မှ ဆင်းသက်လာသောကြောင့်ဖြစ်သည်။

အအေးဓာတ်က သွေးလည်ပတ်မှုကို နှေးကွေးစေပြီး သူတို့်၏လှုပ်ရှားမှုများကို အကန့်အသတ်ဖြစ်စေကာ တုံ့ပြန်မှုများကိုပင် နှေးကွေးစေခဲ့သည်။

လီဟောင်ကိုလူငယ်‌ေသွးစုပ်ဖုတ်ကောင်ဟု ယူဆနိုင်သည်။

သွေးစုပ်ဖုတ်ကောင်တစ်ယောက်၏ အစွမ်းသတ္တိသည် သူရောက်ရှိနေသည့် ကျင့်ကြံခြင်းနယ်ပယ်အဆင့်ထက် ကျော်လွန်နေသော်လည်း အအေးဒဏ်ကိုကြောက်သည်မှာ သူ၏အားနည်းချက်ဖြစ်သည်။

ဤတိုက်ပွဲတွင်ဝမ်လင်း၏ဒေါသသည် လီဟောင်၏အားနည်းချက်ကို မမျှော်လင့်ဘဲထုတ်ဖော်မိခဲ့သည်။

“အသုံးမကျတဲ့ကောင်”

လီတျောင်က သားဖြစ်သူကို စိတ်ပျက်လက်ပျက်ကြည့်ကာ ရေရွတ်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ သွေးစုပ်ဖုတ်ကောင်များသည် ပြင်းထန်သော ပြန်လည်ရှင်သန်နိုင်စွမ်း ရှိသောကြောင့် အနှိပ်စက်ခံရပြီးနောက်မှာပင် ထပ်မံအားဖြည့်နိုင်ပေသည်။

သူက လီဟောင်၏သွေးများကို လည်ပတ်ရန် သူ၏ကိုယ်ပိုင်သွေးစွမ်းအားကို အသုံးပြုလိုက်သည်။

ထိုအခါမှသာ လီဟောင်က သက်သောင့်သက်သာရှိသလို ခံစားလိုက်ရသည်။

စင်စစ်လီဟောင်သည် သွေးစုပ်ဖုတ်ကောင်များကြားတွင် ရေပန်းစားသောအဖျော်ယမကာဖြစ်သည့် ရာသီလာကော်ဖီကို မသောက်သည်မှာ အတော်ကြာပြီဖြစ်သည်။

ဤသို့အအေးဓာတ်လွန်ကဲမှုက သူ့အား ရာသီလာကော်ဖီပူပူလေးကို လွမ်းဆွတ်သွားစေခဲ့သည်။

ဘလက်ကော်ဖီထဲကို ရာသီလာသည့် သွေးခဲများ ရောစပ်ထားသည့် ရာသီလာကော်ဖီသည် သွေးစုပ်ဖုတ်ကောင် မျိုးနွယ်စုတစ်ခုလုံးတွင် ရခဲသည့်သောက်စရာတစ်ခု ဖြစ်သည်။

လီဟောင် အသိစိတ် ပြန်ဝင်လာသည့်အခါတွင် သူ့အဖေက သူ့အား ချုပ်ကိုင်ထားသည်ကို မြင်လိုက်ရ၍ မှင်တက်သွားသည်။

“အဖေ..”

သူက အအေးဒဏ်ကြောင့် အသိခဏ လွတ်သွားမှန်းသိလိုက်သည်။

ကံကောင်းထောက်မစွာပင် လီတျောင်က အချိန်မီ ကိုင်တွယ်ဖြေရှင်းပေးခဲ့သည်။

“မင်းရဲ့ဘောတွေကို ငါဆွဲမဖြုတ်ခင် မင်းယောက်ျားပီပီသသ အားမာန်ပြရင် ကောင်းလိမ့်မယ်”

လီတျောင်က ယခုမှ သတိဝင်လာသည့်လီဟောင်အား မြွေပွေးကဲ့သို့ ကိုက်သတ်လိုသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ယခုအခါတွင် လီဟောင်သည် သူ့ရှေ့ရှိအမှတ်၆၀ အထက်တန်းကျောင်းမှ ကျောင်းသားနှစ်ဦးသည် ကိုင်တွယ်ရမလွယ်ကူသော ပြိုင်ဘက်များဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။

အပူချိန်က တိုက်ပွဲပတ်ဝန်းကျင်၌ ကျဆင်းသွားခဲ့သော်လည်း ပြိုင်ပွဲကွင်းပြင်ကို အတားအဆီးများဖြင့် ကာရံထားသောကြောင့် ပြင်ပတွင်ကြည့်ရှုနေသော ဆရာများနှင့်ကျောင်းသားများသည် လီဟောင်နှင့် လီတျောင်လောက် အအေးဒဏ်ကို မခံစားလိုက်ရပေ။

သူတို့က ပုံမှန်မဟုတ်သော အပူချိန်ပြောင်းလဲမှုကိုသာ ခံစားလိုက်ရသည်။

အတားအဆီး အပြင်ဘက်ရှိ အပူချိန်မှာ အနုတ်၃ဒီဂရီသာရှိသော်လည်း အတွင်းပိုင်းတွင်မူ သုညဒီဂရီအောက် ဒါဇင်ပေါင်းများစွာရှိနေခဲ့သည်။

“ခွေးသားတွေ.. သူတို့ကငါ့အဖေရှေ့မှာ ငါ့ကိုမျက်နှာပျက်အောင် လုပ်လိုက်တာပဲ”

လီဟောင်က ဒေါသထွက်ပြီး အံတင်းတင်းကြိတ်လိုက်ရာ ဒေါသစိတ်ကြောင့် သွေးများက လျင်မြန်စွာလည်ပတ်သွားခဲ့သည်။

ထိုခဏမှာပင် လီဟောင်၏ တိုက်ပွဲဝင်စွမ်းအားက တစ်ခဏချင်း တိုးတက်လာခဲ့သည်။

သွေးစုပ်ဖုတ်ကောင်များ အတွက် သွေးစီးဆင်းမှုတိုးမြင့်လာခြင်းသည် အရှိန်ပိုမြန်ခြင်း၊ တုံ့ပြန်မှုမြန်ဆန်ခြင်းနှင့် စွမ်းအားကြီးမားခြင်းတို့ကို ဖြစ်ပေါ်စေသည်။

“သွား.. သူတို့ကို အနိုင်ယူပြလိုက်.. အထူးသဖြင့်ခေါက်ဆွဲခြောက်လို အမှိုက်အစားအစာတွေ စားပြီး ကြီးပြင်းလာတဲ့ကောင်ပဲ”

လီတျောင်က မျက်လုံးများ ကျဉ်းမြောင်းကာ ဝမ်လင်းကိုစိုက်ကြည့်ရင်း သူ့သားကိုယုံကြည်မှုအပြည့်ဖြင့်ပြောလိုက်သည်။

သူ၏စကားဆုံးသည်နှင့် ပတ်ဝန်းကျင်က အေးခဲသွားသလို ဖြစ်နေကြောင်း လီတျောင် ရုတ်တရက်သိလိုက်ရသည်။

“အချိန်တွေက အေးခဲသွားတာလား”

အချိန်တွေ အေးခဲသွားပြီးနောက် ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွားပြီး အလွန်ထူးဆန်းသောမြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။

ဖန့်ရှင်းနှင့်လီတျောင်မှလွဲ၍ လီဟောင် အပါအဝင် အခြားလူများအားလုံး အေးခဲသွားခဲ့သည်။

“ဝမ်လင်း…”

ဖန့်ရှင်းက ထိုစွမ်းအားကြောင့် ထိတ်လန့်အံ့ဩသွားခဲ့သည်။

အချိန်များကိုတိုက်ရိုက်အေးခဲစေရန်အတွက် တစ်ကမ္ဘာလုံးတွင် ဤကဲ့သို့လူဘယ်နှယောက်က လုပ်နိုင်ပါမည်နည်း။

ထိုအခိုက်အတန့်တွင် ဤကမ္ဘာကြီး၌ လီတျောင်ထက်ပိုကြောက်ရွံ့သည့်သူ မရှိတော့ပေ။

“အချိန်ကိုအေးခဲစေနိုင်တဲ့စွမ်းအား…”

၎င်းတို့ လီမိသားစုသမိုင်းတွင် တစ်ချိန်က တီအော့ဟုခေါ်သော ခေါင်းဆောင်တစ်ဦး ရှိခဲ့ဖူးသည်။

ခေါင်းဆောင်တီအော့က ကမ္ဘာဟု ခေါ်သော စွမ်းအားတစ်ခုကို ရှုံးနိမ့်ခဲ့ဖူးသည်။

ထိုကမ္ဘာဟု ခေါ်သောစွမ်းအားသည် အချိန်အေးခဲခြင်းနှင့် ဆင်တူသော စွမ်းအားတစ်ခုဖြစ်သော်လည်း ကြာချိန်မှာ ၅စက္ကန့်မျှသာ ဖြစ်သည်။

သို့သော် ယခုအခါတွင်မူ မိနစ်အနည်းငယ်မျှ ကြာနေပြီဖြစ်၏။

အချိန်က မလှုပ်မရှားဖြစ်နေဆဲပင်။

“ဒါအန္တရာယ်ပဲ”

လီတျောင်က အန္တရာယ်ကို အလိုလို ခံစားမိလိုက်သည်။

လီဟောင်ကိုဆွဲယူပြီး နောက်ဆုတ်ရန် ကြံစည်ခဲ့သော်လည်း ကြီးမားသောဖိအားတစ်ခုက သူ့ခန္ဓာကိုယ်ကို မရွေ့လျားနိုင်အောင် တားဆီးထားခဲ့သည်။

ထို့နောက်တွင် ဝမ်လင်းသည် လီတျောင်ဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့သည်။

“ဒါဆို ဒါတွေက မင်းပေါ့…”

လီတျောင်က တစ်ကိုယ်လုံး ဇောချွေးများ စိုစွတ်လာခဲ့သည်။

ဝမ်လင်းက အလျင်စလို ဘာမှမလုပ်ခဲ့ပေ။

ဝမ်လင်းက ခေါက်ဆွဲခြောက်တစ်ထုပ်ကို ထုတ်ယူလိုက်သည်။

ထို့နောက် တစ်ထုပ်ကိုဖွင့်ဖောက်ကာ ငရုပ်ကောင်းမှုန့်ထည့်၍ နှံ့အောင် နယ်လိုက်သည်။

လီတျောင်က ထိုလူငယ် ဘာလုပ်ရန် စီစဉ်နေမှန်း မသိခဲ့ပေ။

နောက်ထပ် အခိုက်အတန့်မှာပင် ဝမ်လင်းသည် လီတျောင်၏ မေးရိုးကို တိုက်ရိုက် ဆုပ်ကိုင်လိုက်ပြီး ခေါက်ဆွဲခြောက်ကို ပါးစပ်ထဲ အတင်းလောင်းထည့်လိုက်သည်။

အပိုင်း(၈၅၅) ပြီး၏

All Chapters