← Chapters

ပကတိဖိနှိမ်ခြင်း

Vol. 104 Ch. 1546

ပကတိဖိနှိမ်ခြင်း

Vol. 104 Ch. 1546

“လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်၏ အမူအရာက ပြောင်းလဲသွားပြီး သူတို့၏ နောက်ဘက်ရှိ အော်ရာအတက်အကျတစ်ခုကို ခံစားမိလိုက်ကြ၏။

ဘာတွေဖြစ်နေတာလဲ..

လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်က အလိုလိုလှည့်ကြည့်မိလိုက်ကြ၏။

ဖြစ်ပျက်နေသည့်အရာကို သူတို့ပုံမဖော်နိုင်ခင်မှာပင် ဧရာမပုံရိပ်တစ်ခုက ယိမ်းနွဲ့လှုပ်ရှားသွားပြီး ချစ်ချစ်တောက်ပူလောင်သော အော်ရာတစ်ခုက သူတို့ထံသို့ တလိပ်လိပ်တိုးဝင်လာသည်ဟု ခံစားလိုက်ရ၏။

နောက်ခဏ၌ လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်၏ ကြီးမားသော ခန္ဓာကိုယ်များက အထိန်းအကွပ်မဲ့စွာ မ,ယူခြင်းခံလိုက်ရ၏။

လုံစန်းတို့အုပ်စုနှင့် ကျန်ရှိနေသော လူရိုင်းမျိုးနွယ်ဝင်များသည် သူတို့၏ ဦးခေါင်းများကို အလိုလိုမော့ပြီး ပါးစပ်အဟောင်းသားဖြင့် အရာရာတိုင်းကို ငေးကြည့်လိုက်ကြ၏။

လေထဲတွင် သွေးနီရောင်မီးတောက်များဖြင့် တောက်လောင်နေသော နဂါးဖီးနစ်တစ်ကောင်သည် သူ၏ တောင်ပံများကိုခတ်ပြီး လေထဲမှာ ရစ်ဝဲနေ၏။ သူ၏ လက်သည်းတစ်ဖက်စီက လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်ကို ဖမ်းဆွဲပြီး သူ၏ အော်ရာက သိပ်သည်းပြင်းထန်နေ၏။

သူတို့က ကမ္ဘာဦးမျိုးနွယ်များ၏ မျိုးနွယ်စုခေါင်းဆောင်များဖြစ်ကြ၏။

သို့သော်လည်း နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ လက်သည်းများနှင့် ရင်ဆိုင်ရချိန်မှာ သူတို့သည် ကြက်ကလေးနှစ်ကောင်ကဲ့သို့ ဆွဲမ,ယူခြင်းခံလိုက်ရ၏။

နဂါးဖီးနစ်လက်သည်းများက လူရိုင်းမျိုးနွယ်​စုခေါင်းဆောင်နှစ်ယောက်၏ ဦးခေါင်းအထက်မှာရှိနေ၏။

လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်သည် ဒေါသထွက်သွားပြီး ရုန်းထွက်ချင်ကြလေသည်။

သို့သော်လည်း သူတို့လှုပ်ရှားလိုက်သည့်ခဏမှာပင် ပူနွေးသောအရည်များက သူတို့၏ ပါးပြင်ပေါ် စီးကျလာသည့်အလား သူတို့၏ ဦးရေပြားပေါ်မှာ စူးရှသော နာကျင်မှုတစ်ခုစီကို ခံစားလိုက်ကြရ၏။

သူတို့က သွေးထွက်နေကြခြင်းပင်။

လူရိုင်းမျိုးနွယ်သည် အသန်မာဆုံး ကိုယ်ကာယကို ပိုင်ဆိုင်ထားကြ၏။

နတ်ဘုရားမျိုးနွယ်၏ ဓမ္မရတနာများကပင်လျှင် သူတို့၏ လူရိုင်းခွန်အားကို ထုတ်ဖော်ထားပါက လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်ကို ထိခိုက်စေချင်မှ ထိခိုက်စေနိုင်ပေလိမ့်မည်။

သို့သော် ယခုအခါ... လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်၏ ဦးခေါင်းများသည် နဂါးဖီးနစ်လက်သည်းများ၏ ထိုးဖောက်ခြင်းကို ခံလိုက်ရ၏။

လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်၏ မျက်နှာများက ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး တုန်လှုပ်သွားသော အမူအရာများနှင့်အတူ လှုပ်ရှားရဲခြင်း မရှိကြတော့ပေ။

သူတို့က ဆက်လက်၍ ရုန်းကန်မည်ဆိုလျှင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် သူ၏ စိတ်ဝိညာဥ်အသိစိတ်မှ အတွေးတစ်ချက်နှင့်အတူ သူတို့၏ ဦးခေါင်းများကို ထိုးဖောက်ပြီး သူတို့၏ အမြုတေစိတ်ဝိညာဥ်များကို တိုက်ရိုက်သတ်ဖြတ်နိုင်ကြောင်း သူတို့က ကောင်းကောင်းသိလိုက်ကြ၏။

ထိုအချိန်ကျလျှင် သူတို့က သွေးကနေပြန်လည်မွေးဖွားခြင်းကိုပင် အသုံးပြုနိုင်တော့မည် မဟုတ်ပေ။

“လုံမိုက... ဘာဖြစ်သွားတာလဲ”

“သူက မဟာယာနအဆင့်ကို မတက်လှမ်းနိုင်သေးတာတောင် သူက အရင်ကထက် ပိုသန်မာပြီး ပိုကြောက်စရာကောင်းလာတဲ့ပုံပဲ”

“လုံမိုက ရူးသွပ်သွားမယ်ဆိုရင် ငါတို့ကို တကယ်ပဲ သတ်ဖြတ်တော့မှာလား”

လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်သည် ထိတ်လန့်သွားပြီး ဗြောင်းဆန်နေသောအတွေးများနှင့်အတူ ထိတ်လန့်သွားကြ၏။

ထိုစဥ်မှာပင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်ကို နောက်ဘက်သို့ သာမန်ကာလျှံကာ ပစ်ထုတ်လိုက်၏။

လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်၏ ပုံရိပ်များသည် အနက်ရောင်အရိပ်များအသွင်ပြောင်းလဲသွားပြီး လူရိုင်းနန်းတော်၏ နံရံနှင့် ပစ်ရိုက်မိသွားလေသည်။

ဘုန်း...

နံရံပေါ်ရှိကျောက်တုံးများက ကြေမွသွား၏။

လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်သည် ပင့်သက်ကိုရှိုက်ပြီး နာကျင်စွာရှုံ့တွ၍ နံရံပေါ်ကနေ ဖြည်းဖြည်းချင်း လျှောကျလာ၏။

“မျိုးနွယ်စုခေါင်းဆောင်တို့...”

လူရိုင်းမျိုးနွယ် သခင်လေးက အံ့အားတသင့်ခေါ်ဆိုပြီး လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်ကို ထူမပေးရန် အလောတကြီး ပြေးတက်လာ၏။

“ရတယ်... ရတယ်”

လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်က နံရံနှင့်ပစ်ပေါက်ခံလိုက်ရသော်လည်း သူတို့၏ မျက်လုံးများထဲမှာ ကပ်ဘေးတစ်ခုကနေ ရှင်သန်လာနိုင်သည့် ဝမ်းသာပျော်ရွှင်သည့်ပုံရိပ်က ထင်ဟပ်နေ၏။

“သခင်လေးက ဘာဖြစ်သွားတာလဲ”

လုံရှီက စိုးရိမ်ပူပန်နေ၏။

“မပူနဲ့... သခင်လေးက သတိကောင်းကောင်းရှိနေတုန်းပဲ”

လုံစန်းက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“သခင်လေးက... လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်ကို မသတ်ဖြတ်ဘူးဆိုတာ စောစောက သူတို့က ဘိုးဘေးနတ်ဘုရားနှစ်ယောက်ကို ပိတ်ဆို့တားဆီးပေးခဲ့လို့ပဲ... ဒါပေမဲ့ လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်က စစချင်း ဘိုးဘေးနတ်ဘုရားနှစ်ယောက်နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့အတွက် သူတို့ကို အပြစ်ပေးတဲ့အနေနဲ့ ငါတို့ရဲ့ သခင်လေးက သူတို့ကို နံရံဆီပစ်ပေါက်ခဲ့တာပဲ”

လုံစန်းက နဂါးများကို တီးတိုးပြောပြနေစဥ်မှာပင် တိုက်ပွဲနယ်မြေမှာ ပြောင်းလဲမှုတစ်ရပ်ဖြစ်ပေါ်လာ၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် အေးစက်သောအမူအရာတစ်ခုရှိပြီး ဘိုးဘေးနတ်ဘုရားနှစ်ယောက်ထံသို့ အလောတကြီးမရှိပဲ လျှောက်လှမ်းလာလေသည်။

“မင်းက ဘိုးဘေးအဆင့်ကို ချိုးဖျက်တက်လှမ်းသွားပြီလို့ ငါကထင်နေတာ... လက်စသတ်တော့ မင်းက တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအဆင့်မှာ ရှိနေသေးတာပဲ”

သက်လတ်ပိုင်းအရွယ် ဘိုးဘေးနတ်ဘုရားက သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးပြီးနောက် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ကျင့်ကြံမှုအဆင့်ကို အာရုံခံမိသွားကာ စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။ သူက သူ့ကိုယ်သူ ဣန္ဒြေဆယ်ပြီး လှောင်ရယ်လိုက်၏။

အမျိုးသမီးအိုက အေးစက်စွာ ပြောလိုက်၏။

“နင်က တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးပဲဆိုရင် နင်က ဒီနေ့သေချာပေါက်သေရလိမ့်မယ်”

“သတ်”

ဘိုးဘေးနတ်ဘုရားနှစ်ယောက်က ဟိန်းဟောက်၍ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာထံသို့ ပြေးဝင်သွားကြ၏။

ဘိုးဘေးနတ်ဘုရားနှစ်ယောက်၏ နတ်ဘုရားစွမ်းအားများက ထိုးတက်လာပြီး နတ်ဘုရားအလင်းများကို ထုတ်ဖော်လိုက်ကြ၏။

ကောင်းကင်ဘုံနတ်ဘုရားပုံရိပ်ယောင်က ဘိုးဘေးနတ်ဘုရားနှစ်ယောက်၏ အော်ရာကို ပိုမိုသိပ်သည်းအားကောင်းလာစေဖို့အတွက် အဆုံးမဲ့စွမ်းပကားတစ်ခုကို ဖြာထုတ်ပေးနေ၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ အကြည့်က တောက်လောင်ပြင်းပြနေ၏။

ရုတ်တရက်... သူ၏နောက်ဘက်တွက် အလွန်ကြီးမားသည့် နတ်ဆင်တစ်ကောင်က ပေါ်ထွက်လာပြီး ၎င်း၏ နှာမောင်းကို လွှဲယမ်းကာ ဘိုးဘေးနတ်ဘုရားနှစ်ယောက်ရှိရာဘက်သို့ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။

“အောင်းး...”

(ဆင်အော်သံကို လူတိုင်းလိုလို ကြားဖူးကြမှာပါ။ အသံရှည်ရှည်ဆွဲပြီး အော်တတ်ပါတယ်။ ဒါပေမယ့် စာနဲ့ ရေးပြဖို့က ခက်ပါတယ်။)

နတ်ဆင်သည် မာန်ဖီအော်ဟစ်၍ လေထဲကနေဖြတ်သန်းလာ၏။

ကောင်းကင်ဘုံနတ်ဘုရားပုံရိပ်ယောင်သည် တုန်လှုပ်သွားသည့်အလား ဘိုးဘေးနတ်ဘုရားနှစ်ယောက်၏ နောက်ဘက်တွင် အနည်းငယ်တုန်ယင်၍ ကြောက်ရွံ့နေသောအမူအရာများကို ထုတ်ဖော်ပြသလာကြ၏။

နတ်ဆင်၏ စွမ်းပကားနှင့် ၎င်း၏ အော်ရာအောက်တွင် ကောင်းကင်ဘုံနတ်ဘုရားပုံရိပ်ယောင်နှစ်ခုသည် ဘာမှမကျန်အောင် ပျက်ပြယ်သွားလေသည်။

ထိုမြင်ကွင်းက အုန်းအုန်းကျက်ကျက်ဖြစ်သွားစေ၏။

အဲ့ဒါက ဘာကိုဆိုလိုတာလဲ။

ဘိုးဘေးနတ်ဘုရားနှစ်ယောက်ကနေ ထုတ်ဖော်ထားသော နတ်ဘုရားစွမ်းအားများသည် နတ်ဆင်၏ ဖျက်ဆီးခြင်းကို ခံလိုက်ရတာလား။

အစွယ်ခြောက်ချောင်းနတ်ဆင်က ဆင်းသက်လာပြီး လောကကို လှုပ်ခါသွားစေ၏။

တကယ်တော့ အစွယ်ခြောက်ချောင်းနတ်ဆင်၏ ပါးပြင်ပေါ်တွင် ဆင်စွယ်နှစ်ချောင်းသာလျှင်ရှိနေ၏။

နောက်ဆုံးမှာတော့ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် ဤနတ်ဘုရားစွမ်းအားကို ယခုတင် နိုးထလိုက်ခါစဖြစ်ပြီး ဆင်စွယ်နှစ်ချောင်းကို ကျင့်ကြံနိုင်ခြင်းက သူ၏ အကန့်အသတ် ဖြစ်နေခဲ့လေပြီ။

ထိုသို့ဆိုလျှင်တောင် ဆင်စွယ်နှစ်ချောင်းက လုံလောက်အောင်သန်မာနေပြီဖြစ်၏။

ဆိုလိုသည်မှာ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ မျိုးဆက်သွေး ၊ ကိုယ်ကာယ ၊ အမြုတေစိတ်ဝိညာဥ် ၊ ဓမ္မစွမ်းအားများ ၊ နတ်ဘုရားစွမ်းအားများနှင့် အခြားသောစွမ်းအားများအားလုံးသည် နှစ်ဆဖြစ်လာပေလိမ့်မည်။

သူ၏ အလုံးစုံခွန်အား နှစ်ဆမြင့်တက်လာခြင်းက စဥ်းစားကြည့်၍ မရနိုင်သော သဘောတရားတစ်ခု ဖြစ်လေသည်။

၎င်း၏ အကန့်သတ်ထိ ကျင့်ကြံသောအခါ ဆေဘာဧကရာဇ်ချန်ထားရစ်ခဲ့သော ဒီလှိုင်းကျမ်းသည် သူ၏ ခွန်အားကို ကိုးဆယ်ရာခိုင်နှုန်းသာ တိုးမြင့်လာစေနိုင်၏။

သို့သော်လည်း အစွယ်ခြောက်ချောင်းနတ်ဆင်ခွန်အား၏ နတ်ဘုရားစွမ်းအားကို နိုးထစေလိုက်သည့်ခဏမှာပင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ စွမ်းအားက နှစ်ဆဖြစ်လာခဲ့၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ရှေ့သို့တက်လှမ်းပြီး သူ၏ ကြီးမား၍ ကြောက်စရာကောင်းသော လက်သည်းများကို သက်လတ်ပိုင်းအရွယ် ဘိုးဘေးနတ်ဘုရားရှိရာထံသို့ ဆန့်ထုတ်လိုက်၏။

ထိုကုတ်ဆွဲချက်နှင့်အတူ လေထဲမှာ အကွဲကြောင်းငါးခုက ပေါ်ထွက်လာ၏။

သက်လတ်ပိုင်းအရွယ် ဘိုးဘေးနတ်ဘုရားသည် တုန်လှုပ်သွားသော်လည်း သူကိုယ်သူတည်ငြိမ်စေဖို့ အကောင်းဆုံးကြိုးစားလိုက်၏။ သူက နက်ရှိုင်းစွာမာန်သွင်းအော်ဟစ်၍ သူ၏ မျိုးဆက်သွေးကို လှည့်ပတ်ကာ သူ့လက်ထဲရှိ ဧရာမဓားကိုလွှဲပြီး နဂါးဖီးနစ် လက်သည်းကို ခုတ်ပိုင်းချလိုက်၏။

ချွမ်း...

ဧရာမဓားသည် နဂါးဖီးနစ်လက်သည်းနှင့် ထိတွေ့ရိုက်ခတ်ပြီး မီးပွားများနှင့်အတူ သတ္တုချင်းထိခတ်သံက ထွက်ပေါ်လာ၏။

ထို့နောက်ချက်ချင်းပင် သူ၏ မျက်လုံးများက ပြူးကျယ်သွားရ၏။

နဂါးဖီးနစ်လက်သည်းတစ်လျှောက် သိပ်သည်းပြင်းထန်သောအင်အားတစ်ခုက ဖိခြေကျဆင်းလာသည်ကို သူကခံစားလိုက်ရ၏။ သူ၏ ဓမ္မရတနာက နဂါးဖီးနစ်လက်သည်းနှင့် ရင်ဆိုင်ရာမှာ ကစားစရာအရုပ်တစ်ခုလို ဖြစ်နေ၏။

ထိုစွမ်းအားနှင့် ရင်ဆိုင်ရချိန်မှာ သူက ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အရေးမပါအရာမရောက်ဖြစ်သွားရ၏။

ဗြစ်...

နဂါးဖီးနစ်လက်သည်းသည် သက်လတ်ပိုင်းအရွယ် ဘိုးဘေးနတ်ဘုရားကို ထိုးခွဲပြီး လတ်ဆတ်သောသွေးများကို ပြန့်ကျဲသွားစေ၏။ သူ၏ ခြေလက်များက ပြတ်တောက်သွားပြီး သူ၏ အင်္ဂါအစိတ်အပိုင်းများက သိပ်သည်းပြင်းထန်သော သွေးရနံ့နှင့်အတူ မြေပြင်ပေါ်ကို ပြန့်ကျဲကျဆင်းသွား၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ဘေးတွင် အမျိုးသမီးအိုသည် သူမ၏ နဂါးဦးခေါင်းတောင်ဝှေးကို လွှဲယမ်းလိုက်လေသည်။ သူမက ရှေ့သို့ပြေးဝင်လာသည့်ခဏမှာပင် ကြီးမားသော သွေးနီရောင်အရိပ်တစ်ခုက သူမ၏ ရှေ့မှာ ပေါ်ထွက်လာ၏။

ဖောင်း...

အမျိုးသမီးအို၏ ခန္ဓာကိုယ်သည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ အမြီးရိုက်ချက်ဖြင့် သွေးမြူတစ်ခုအဖြစ် ပေါက်ကွဲထွက်သွားရ၏။

ပကတိဖိနှိမ်ခြင်း...

ဘိုးဘေးနတ်ဘုရားနှစ်ယောက်သည် အလွန်တရာလျင်မြန်စွာတုံ့ပြန်၍ သူတို့၏ အမြုတေစိတ်ဝိညာဥ်များနှင့်အတူ ချက်ချင်းပင် ထွက်ပြေးလိုက်ကြ၏။

သိပ်မကြာခင် သက်လတ်ပိုင်းအရွယ် ဘိုးဘေးနတ်ဘုရားသည် ခန္ဓာကိုယ်အသစ်တစ်ခုကို ပြန်လည်တည်ဆောက်ဖို့အတွက် သွေးကနေ ပြန်လည်မွေးဖွားခြင်းကို အသုံးပြုပြီး ဖြူဖပ်ဖြူရော် အမူအရာတစ်ခုနှင့်အတူ ပြန်လည်ပေါ်ထွက်လာ၏။

သွေးကနေ မွေးဖွားခြင်းကို အကန့်အသတ်မရှိ အသုံးမပြုနိုင်ပေ။

သွေးကနေတစ်ဆင့် မွေးဖွားခြင်းသည် အမြုတေစိတ်ဝိညာဥ်အပေါ် ကြီးမားစွာဝန်ပိမှုတစ်ခုဖြစ်​စေ၏။

သူ့အမြုတေစိတ်ဝိညာဥ်၏ စွမ်းအားအရ သက်လတ်ပိုင်းအရွယ် ဘိုးဘေးနတ်ဘုရားသည် သွေးကနေပြန်လည်မွေးဖွားခြင်းကို အလွန်ဆုံး သုံးကြိမ်သာလျှင် ထုတ်ဖော်နိုင်လေသည်။

လေးကြိမ်မြောက်တွင် သူ၏ အမြုတေစိတ်ဝိညာဥ်သည် အားအင်ကုန်ခန်း၍ သူက အလိုရှိသည်ဆိုလျှင်တောင် သူ၏ ကိုယ်ကာယခန္ဓာကိုယ်ကို စုဖွဲ့နိုင်တော့မည် မဟုတ်ပေ။

အမျိုးသမီးအို၏ ခန္ဓာကိုယ်ဖွဲ့တည်ခြင်းအမြန်နှုန်းက သိသိသာသာ နှေးကွေးသွား၏။

သူမသည် အစကတည်းက သူမဘဝ၏ နှောင်းပိုင်းအရွယ်မှာရှိနေပြီး တိုက်ပွဲအစ ကျတ်တီးမြေ၏ သက်ရောက်မှုကြောင့် သူမဘဝသက်တမ်းသည် ထပ်မံလျော့ကျထား၏။

စောစောက သူမ၏ ခန္ဓာကိုယ်သည် တစ်ခါပေါက်ကွဲထွက်သွားခဲ့ပြီး ကြီးမားသည့် တိုက်ပွဲတစ်ခုကို ဆင်နွဲပြီးနောက် သူမ၏ အသက်ဓာတ်အားက အလျင်အမြန်ယိုယွင်းပျက်စီးသွားခဲ့ပြီဖြစ်၏။

အမျိုးသမီးအိုသည် ဤတစ်ခေါက်သွေးကနေ ပြန်လည်မွေးဖွားခြင်းတွင် သူမအမြုတေစိတ်ဝိညာဥ်၏ စွမ်းအားက အားအင်ကုန်ခန်းလုနီးပါး ဖြစ်သွားလေသည်။

အမျိုးသမီးအိုက ပြန်လည်မွေးဖွားလာသော်လည်း သူမသည် အချိန်တိုအတွင်းမှာ နှစ်ပေါင်းတစ်ထောင်အိုစာသွားသည်ဟု ထင်ရလေသည်။

သူမ၏ ဆံပင်များက မီးခိုးဖြူရောင်ဖြစ်လာပြီး သူမ၏ မျက်နှာပေါ်ရှိ ပါးရည်နားရည်များက ပိုမိုနက်ရှိုင်းလာကာ ယိုယွင်းပျက်စီးမှုအော်ရာတစ်ခုကို ဖြာထုတ်ပေးနေ၏။

All Chapters