← Chapters

လူရိုင်းမျိုးနွယ်၏ ဆုံးဖြတ်ချက်

Vol. 104 Ch. 1548

လူရိုင်းမျိုးနွယ်၏ ဆုံးဖြတ်ချက်

Vol. 104 Ch. 1548

မဟာကျောက်တုံးတောအုပ်၏ အနက်ပိုင်းထဲတွင် ဗလတောင့်တောင့်နှင့် လူနှစ်ယောက်သည် စားပွဲခုံတစ်လုံးပေါ်မှာ ဝိုင်ပြင်းပြင်းခွက်တချို့ကို ချထားပြီး မျက်နှာချင်းဆိုင် ထိုင်နေကြ၏။

သူတို့ထဲမှတစ်ယောက်က ပေသုံးဆယ်ကျော်မြင့်မားလေသည်။ သူကတင်ပျဥ်ခွေထိုင်ထားလျှင်တောင် သူက ပေနှစ်ဆယ်နီးပါးမြင့်မားပြီး တောင်တစ်လုံးကဲ့သို့ မားမားမတ်မတ်ဖြစ်နေ၏။

ဗလတောင့်တောင့်လူ၏ အကြည့်က ခံ့ညားထည်ဝါနေ၏။ သူက လူရိုင်းကလန်ခေါင်းဆောင် မန်ဖုန့်ဖြစ်လေသည်။

ဗလတောင့်တောင့်လူ၏ ရှေ့တွင်ရှိသောလူက မီးတောက်များလောင်ကျွမ်းနေသကဲ့သို့ သွေးနီရောင်ဆံပင်များရှိလေသည်။ သူက ကြမ်းတမ်းသော ရုပ်ရည်သွင်ပြင်ရှိပြီး အမွေးအမှင်များကို ရိတ်ထားခြင်းမရှိပဲ ဆိုးယုတ်သောအော်ရာတစ်ခုကို ဖြာထုတ်ပေးနေ၏။

“ဘယ်လို”

ရုတ်တရက်မန်ဖုန့်သည် ဝိုင်ခွက်ကိုမြေပြင်ပေါ်သို့ ပစ်ချပြီး စားပွဲကို ဗန်းခနဲမြည်အောင်ရိုက်လိုက်၏။ သူက သွေးနီရောင်ဆံပင်နှင့် ဗလတောင့်တောင့်လူကို တုန်လှုပ်နေသော အမူအရာဖြင့် စိုက်ကြည့်ပြီး မေးလိုက်၏။

“လုံရန်... မင်းပြောတာတွေက အမှန်ပဲလား”

သွေးနီရောင်ဆံပင်နှင့် ဗလတောင့်တောင့်လူက နဂါးမျိုးနွယ်၏ မွေးနီတစ္ဆေဖြစ်လေသည်။

မွေးနီတစ္ဆေက ခေါင်းညိတ်ပြလိုက်၏။

“လုံးဝအမှန်ပဲ”

မန်ဖုန့်က အိုးတိုးအမ်းတမ်းဖြစ်နေပြီး ခဏမျှ စဥ်းစားတွေးတော၍ မျက်မှောင်ကြုတ်လိုက်၏။

“လုံရန်... ငါတို့ရဲ့ ပတ်သက်ဆက်နွယ်မှုကိုထောက်ထားပြီး နဂါးမျိုးနွယ်က မင်းရဲ့သားပေါက်လေး ထင်တိုင်းကျဲလုပ်နေတာကို ငါက မသိချင်ယောင်ဆောင်ပေးထားနိုင်တယ်”

“ဒါပေမဲ့ မင်းက ဒီလိုမျိုး စကားကို ပေါက်တတ်ကရလျှောက်ပြောလို့ မရဘူး”

လုံရန်က မျက်လုံးစွေကြည့်လိုက်၏။

“လူရိုင်း... ငါတို့က သေခြင်းရှင်ခြင်းတွေကို အတူတကွဖြတ်ကျော်ခဲ့ပြီးပြီ... ဒီလိုမျိုး ကိစ္စနဲ့ပတ်သက်ပြီး ငါကမင်းကို ဘာလို့လိမ်ရမှာလဲ”

အတန်ကြာ စဥ်းစားချင့်ချိန်ပြီးနောက် မန်ဖုန့်က ခေါင်းညိတ်ပြလိုက်၏။

“ငါသေချာပေါက်မင်းကိုယုံတယ်... ဒါပေမဲ့ ပြဿနာက တခြားလူရိုင်းမျိုးနွယ်စုခေါင်းဆောင်တွေကို မင်း ယုံအောင် ဘယ်လိုပြောမှာလဲ”

“လူရိုင်းမျိုးနွယ်ရဲ့ ဆုံးဖြတ်ချက်က သူတို့ရဲ့ အနာဂတ်နဲ့သက်ဆိုင်နေတယ်... ငါက ကလန်ခေါင်းဆောင်ဆိုပေမဲ့ ဒီဆုံးဖြတ်ချက်ကို မချနိုင်ဘူး”

မွေးနီတစ္ဆေက လက်ကာပြလိုက်၏။

“ရတယ်လေ... ငါ့မှာသက်သေရှိတယ်”

မန်ဖုန့်၏ မျက်လုံးက ဝင်းလက်သွားသော်လည်း သံသယဝင်နေဆဲ ဖြစ်၏။

“ဘာပဲပြောပြော ကမ္ဘာဦးစစ်ပွဲပြီးခဲ့တာက အရမ်းကိုကြာမြင့်သွားခဲ့ပြီ... မင်းမှာ ဘာသက်သေရှိနိုင်မှာလဲ”

“သက်သေက ငါ့နဲ့အတူရှိတာ မဟုတ်ဘူး... ဒါပေမဲ့ မျိုးနွယ်စုတစ်သောင်းစုဝေးပွဲကျရင် အကုန်လုံးက ထွက်ပေါ်လာလိမ့်မယ်”

မွေးနီတစ္ဆေက ပြောလိုက်၏။

မန်ဖုန့်က လေးနက်သောအသံဖြင့် ပြောလိုက်လေသည်။

“ကောင်းပြီလေ... ငါမင်းကိုယုံလိုက်မယ်... လူရိုင်းမျိုးနွယ်က မျိုးနွယ်စုတစ်သောင်း စုဝေးပွဲမှာပါဝင်ဖို့ ငါခွင့်ပြုပေးနိုင်တယ် ဒါပေမဲ့... ဒီကိစ္စက ရှင်းရှင်းလင်းလင်း မဖြစ်ခင်ထိ လူရိုင်းမျိုးနွယ်က နဂါးမျိုးနွယ်နဲ့ သေချာပေါက်ပူးပေါင်းပါမယ်လို့ ငါအာမ,မခံနိုင်ဘူး”

“ပြဿနာမရှိဘူး”

မွေးနီတစ္ဆေက ယုံကြည်မှုရှိရှိပြောလိုက်၏။

“မျိုးနွယ်စုတစ်သောင်း စုဝေးပွဲကျရင် အမှန်တရားက သေချာပေါက်ပေါ်ထွက်လာလိမ့်မယ်။

ခဏမျှရပ်တန့်ပြီးနောက် သူက တစ်ဘက်သို့လှည့်ကာ သူ၏ အကြည့်က လေဟာနယ်ကိုဖြတ်ကျော်၍ လူရိုင်းနန်းတော်ထဲသို့ ကျဆင်းသွားပုံရ၏။ ရုတ်တရက်သူက ပြောလိုက်၏။

“ဒါပေမဲ့... အခုချိန်မှာ မင်းက လျှို့ဝှက်ခန်းတစ်ခု စီစဥ်ပေးဦး... သူက အဆင့်ချိုးဖျက်တက်လှမ်းတော့မယ်”

“နောက်ပြီး... သားပေါက်လေးလို့ မင်းခေါ်နေတဲ့သူက တဗူးနဂါးဖီးနစ်တစ်ကောင်ဖြစ်တယ်ဆိုတာ ငါမင်းကိုသတိပေးလိုက်မယ်”

“သူက တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအဆင့်မှာတင် အစောပိုင်းအဆင့် မဟာယာနမျိုးနွယ်စုခေါင်းဆောင်တွေကို သတ်ဖြတ်နိုင်နေပြီ... သူက မဟာယာနအဆင့်ကို ဝင်ရောက်ပြီး မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ဖြစ်လာနဲ့ သူက ငါတို့နဲ့ အဆင့်တူသွားလိမ့်မယ်... စကားကို လက်လွတ်စပယ်မပြောနဲ့”

မန်ဖုန့်က မကျေမနပ်ညည်းတွားလိုက်၏။

“ဟုတ်ပါပြီ... မင်းက သူ့ကိုတော်တော်ကာကွယ်ပေးနေတာပဲ... ငါက မင်းမျက်နှာကိုထောက်နေလို့သာ မဟုတ်ရင် သူက လူရိုင်းမျိုးနွယ်ရဲ့ ပိုင်နက်ထဲမှာ အဲ့လောက်ထိ မောက်မာနေနိုင်မယ်လို့ မင်းထင်လို့်လား”

“ဒီတစ်ခေါက် ငါဒီကိုရောက်လာတာ သူမသိဘူး... မင်းလည်း သူ့ကို မပြောနဲ့”

အတိတ်ကာလတုန်းက တစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား မွေးနီတစ္ဆေ၏ မျက်လုံးထဲတွင် ပူဆွေးဝမ်းနည်းမှုတစ်စွန်းတစ်စက ထင်ဟပ်လာပြီး တီးတိုးရေရွတ်လိုက်၏။

“အဲ့ဒီဖြစ်ရပ်ပြီးကတည်းက ငါက နည်းနည်းစိုးရိမ်တတ်လာတယ်”

မန်ဖုန့်ကလည်း အသံတိတ်သွားပြီး နှစ်သိမ့်ပေးသည့်အနေဖြင့် မွေးနီတစ္ဆေ၏ ပခုံးကို လက်ဖြင့် ပုတ်ပေးလိုက်​​လေသည်။

မွေးနီတစ္ဆေက သူ၏ ကလေးကို သတိရသွားကြောင်း သူသိလိုက်လေသည်။

လွန်ခဲ့သည့်နှစ်တစ်သောင်းက မွေးနီတစ္ဆေ၏ ကလေး သေဆုံးမှုကြောင့် သူသည် လုံးဝရူးသွပ်သွားပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခုကိုစတင်ကာ ကပ်ဆိုးတစ်ခုကို ဖန်တီးခဲ့လေသည်။

မွေးနီတစ္ဆေသည် ဆူဇီမိုကို သူ၏ ကလေးအဖြစ် သတ်မှတ်ထားသည်မှာ ကြာခဲ့လေပြီ။

သူသည် ဆူဇီမိုအပေါ် အတိတ်ကာလတုန်းကလို ဖြစ်ရပ်ဆိုးမျိုး ထပ်မံ၍ ​မဖြစ်စေလိုတော့ပေ။

အဲ့ဒါကြောင့် ဤတစ်ခေါက်မှာ သူသည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာနှင့် အခြားသူများနောက်ကနေ တိတ်တဆိတ်လိုက်ပါလာပြီး သူတို့ကို ကာကွယ်စောင့်ရှောက်ပေးနေခဲ့၏။

သူသည် လူရိုင်းမျိုးနွယ်ထံသို့ ပို၍ပင်စောလင်စွာရောက်ရှိလာပြီး အကျိုးအပြစ်များကို ရှင်းပြဖို့အတွက် လူရိုင်းမျိုးနွယ်စုခေါင်းဆောင်ကို ရှာဖွေခဲ့လေသည်။

မဟုတ်ပါက လူရိုင်းနန်းတော်ထဲမှာ ဤကဲ့သို့ ရုတ်ရုတ်သဲသဲအခြေအနေတစ်ရပ် ဖြစ်ပေါ်လာပြီးနောက် လူရိုင်းမျိုးနွယ်က အဲ့ဒါကို သတိထားမိသွားခဲ့သည်မှာ ကြာနေပေလိမ့်မည်။

ဤမျှအချိန်ကြာသည်အထိ လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်ကလွဲလျှင် တခြားမည်သူမှ ပေါ်ထွက်မလာသည်က ပုံမှန်အခြေအနေတစ်ခု မဟုတ်ပေ။

လူရိုင်းနန်းတော်ထဲတွင် လူရိုင်းမျိုးနွယ်သခင်လေးနှင့် လူရိုင်းမျိုးနွယ် ခေါင်းဆောင်နှစ်ယောက်သည် ပျက်စီးသွားသော လူရိုင်းနန်းတော်ကို ကြည့်လိုက်ကြ၏။ မြေပြင်ပေါ်မှာ နတ်ဘုရားမျိုးနွယ်၏ သွေးများနှင့် အလောင်းများဖြင့် ပြည့်နှက်နေ၏။ သူတို့၏ အမူအယာများက ပျက်ယွင်း၍ သူတို့က ဒေါသူပုန်ထနေကြ၏။

လူရိုင်းမျိုးနွယ်သခင်လေးက သူ၏ လက်သီးနှစ်ဖက်ကိုဆုပ်ပြီး အံကိုတင်းတင်းကြိတ်လိုက်၏။

“လုံမို.. ဒါက လူရိုင်းမျိုးနွယ်ရဲ့ ပိုင်နက်နယ်မြေပဲ... မင်းက ငါတို့ရဲ့ပိုင်နက်ထဲမှာ ထင်တိုင်းကျဲ သတ်ဖြတ်နေတာက အရမ်းကိုမောက်မာလွန်းရာကျမနေဘူးလား”

“လုံမို...”

လူရိုင်းမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ကလည်း အော်ငေါက်လိုက်၏။

“မင်းက အရမ်းကိုမောက်မာပြီးတော့ သွေးဆာရက်စက်လွန်းတယ်... မင်းက လူရိုင်းမျိုးနွယ်ကို မင်းတို့နဲ့ပူးပေါင်းဖို့ အတင်းအကျပ်ဖိအားပေးဖို့ ကြိုးစားနေတာပဲ... ငါမင်းကို တစ်ခါထဲ ပြောလိုက်မယ်... လူရိုင်းမျိုးနွယ်က မင်းတို့နဲ့ သေချာပေါက်ပူးပေါင်းမှာ မဟုတ်ဘူး”

“ကျုပ်က သွေးဆာရက်စက်တာ မဟုတ်ဘူး... အဲ့ဒီနတ်ဘုရားမျိုးနွယ်ဝင်တွေက သေသင့်သေထိုက်လို့ပဲ”

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက မှင်သေသေဖြင့် ပြောလိုက်၏။

“ဟမ့်.. တကယ့်ဟာသပဲ”

အခြားသောလူရိုင်းမျိုးနွယ်စုခေါင်းဆောင်က လှောင်ရယ်လိုက်၏။

“လူရိုင်းမျိုးနွယ်က ဒီနေ့ကိစ္စကို နတ်ဘုရားမျိုးနွယ်ဆီ အမှန်တိုင်းတင်ပြပေးလိုက်မယ်... ထွက်သွားကြတော့... လူရိုင်းမျိုးနွယ်က မင်းတို့ကို မကြိုဆိုဘူး”

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက တိတ်ဆိတ်ငြိမ်သက်သွား၏။

ယနေ့ထွက်ပေါ်လာသောရလဒ်က သေချာပေါက် သူလိုချင်သည့်အရာ မဟုတ်ပေ။

သူက မချင့်မရဲ ဖြစ်နေ၏။

သို့သော်လည်း သူသည် ယခုအချိန်မှာ ကမ္ဘာဦးခေတ်စစ်ပွဲ၏ အမှန်တရားကို ထုတ်ဖော်ပြောဆိုမည်ဆိုလျှင် လူရိုင်းမျိုးနွယ်ထံမှ လှောင်ပြောင်သရော်မှုများကိုသာ လက်ခံရရှိမည်ဖြစ်ပြီး သူတို့က သူ့ကို ယုံကြည်ကြလိမ့်မည် မဟုတ်ပေ။

ဘာပဲပြောပြော အမှန်တရားက အရမ်းကိုတုန်လှုပ်စရာကောင်းလေသည်။

အဲ့ဒါသည် လူတိုင်း၏ အသိအမြင်များကို ကျွမ်းထိုးမှောက်ခုံဖြစ်သွားစေနိုင်၏။

သူသည် နတ်ဘုရားမျိုးနွယ်ဝင်များကို သတ်ဖြတ်ပြီးနောက် မနာလိုမုန်းထားစိတ်ဖြင့် အကြောင်းပြချက်ပေးသည်ဟုသာ လူရိုင်းမျိုးနွယ်က သေချာပေါက်မှတ်ယူကြပေလိမ့်မည်။

သို့သော်လည်း နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် ဤကဲ့သို့ပင် လူရိုင်းမျိုးနွယ်ထံကနေ ထွက်ခွာသွားရမှာကို မချင့်မရဲဖြစ်မိလေသည်။

အခြားတစ်ဘက်မှာတော့ လုံစန်းနှင့် အခြားသူများက ထိုသို့မတွေးမိကြပေ။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် လူရိုင်းနန်းတော်ထဲမှာ ဗြောင်းဆန်အောင် မွှေနှောက်ခဲ့ပြီး မိုးကောင်းကင်ပဒေသရာဇ်ကို သတ်ဖြတ်ခဲ့လေသည်။ သူတို့သည် ဤနေရာကနေ မထိမခိုက်ထွက်ခွာနိုင်မည်ဆိုလျှင် အလွန်ဝမ်းမြောက်စရာကောင်းနေမည်ဖြစ်၏။

“သခင်လေး... အဲ့ဒီအကြောင်းကိုစဥ်းစားမနေနဲ့တော့ ကျုပ်တို့ဒီနေရာကနေ အရင်ဆုံးထွက်ကြရအောင်”

လုံစန်းက အသံတစ်ခုကို တိတ်တဆိတ် ပို့လွှတ်လိုက်၏။

“လူရိုင်းမျိုးနွယ်နဲ့ ပူးပေါင်းဖို့ ကိစ္စကို ကျုပ်တို့နောက်မှ ပြန်စဥ်းစားကြတာပေါ့... ကျုပ်တို့က ဒီနေရာမှာ ကြာကြာနေလို့ မသင့်တော့ဘူး”

“သခင်... မြန်မြန်ပြန်ကြရအောင်”

တစ်ကိုယ်တော်တိမ်စိုင်ကလည်း လောဆော်လိုက်၏။

လူရိုင်းမျိုးနွယ်သည် သူတို့စကားကိုသူတို့ မတည်တော့မှာကို နဂါးများက စိုးရိမ်ပူပန်နေကြ၏။

“နေ နေကြပါဦး”

ရုတ်တရက် လူရိုင်းမျိုးနွယ် သခင်လေးက အော်ပြောလိုက်၏။

“သွားပြီ”

လုံစန်းနှင့် အခြားသူများသည် ရင်တစ်ချက်ထိတ်သွားပြီး အခြေအနေဆိုးပြီးဟု တိတ်တဆိတ် နားလည်လိုက်ကြ၏။

လူရိုင်းမျိုးနွယ် သခင်လေး၏ အမူအရာက အနည်းငယ်ထူးဆန်းနေ၏။ လုံစန်းနှင့်အခြားသူများ မျှော်လင့်ထားသည်နှင့်မတူပဲ သူက ဒေါသထွက်သည့်ပုံနှင့် ကြမ်းကြုတ်ခက်ထန်သည့်ပုံ မပေါ်တော့ပေ။ ထိုအစား သူက ရှက်ကိုးရှက်ကန်းဖြစ်နေ၏။

“အဟမ်း... အဟမ်း...”

သူက ညင်သာစွာ ချောင်းဟန့်၍ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာရှေ့သို့ ရောက်ရှိလာပြီး သူ၏ လက်သီးနှစ်ဖက်ကို ယှက်ပြလိုက်၏။

“ဒါနဲ့... ညီကိုလုံမို စောစောက ရိုင်းပျမိတဲ့အတွက် ကျေးဇူးပြုပြီး ကျုပ်ကိုခွင့်လွှတ်ပေးပါ”

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ မျက်လုံးထဲတွင် အံ့အားသင့်မှုတစ်စွန်းတစ်စက ထင်ဟပ်လာ၏။

လုံစန်းနှင့် အခြားသူများကလည်း ငေးမောမှင်တက်သွားကြ၏။

ဘာတွေဖြစ်ကုန်တာလဲ...

အချိန်တိုအတွင်းမှာပင် သူတို့အပေါ် လူရိုင်းမျိုးနွယ်၏ စိတ်နေသဘောထားက ဆန့်ကျင်ဘက်သို့ ပြောင်းလဲသွားလေသည်။

နဂါးမျိုးနွယ်၏ ပထမဆုံး တုံ့ပြန်မှုမှာ လူရိုင်းမျိုးနွယ်သည် သူတို့ကို လှည့်စားဖို့ကြိုးစားနေခြင်းပင်။

သို့သော်လည်း တစ်ဖန်ပြန်တွေးကြည့်တော့ လူရိုင်းမျိုးနွယ်သည် ကျေးဇူးတရားနှင့် အမုန်းတရားကို ရှင်းလင်းစွာခွဲခြားထားပြီး အမြဲတမ်း ပွင့်လင်းမှုနှင့် ရိုးသားမှုရှိလေသည်။ သူတို့က အခြားသူများအပေါ် ဘယ်တုန်းကမှ အကွက်ချမကြံစည်ခဲ့ပေ။

လူရိုင်းမျိုးနွယ်သည် သူတို့အပေါ် တကယ်တမ်းရန်လိုနေသည်ဆိုလျှင် ဤကဲ့သို့ သေချာပေါက်ပြုမူလာလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း နဂါးများသည် ဖြစ်ပျက်နေသည့်အရာအပေါ် ပဟေဠိဖြစ်နေဆဲ ဖြစ်၏။

လူရိုင်းမျိုးနွယ် သခင်လေးက ဖိတ်ခေါ်သည့် လက်ဟန်အမူအရာတစ်ခုပြုလုပ်ပြလိုက်၏။

“ညီကိုလုံမို ကျေးဇူးပြုပြီး ဒီဘက်ကိုကြွပါ”

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် ခဏမျှစဥ်းစားပြီးနောက် သူ၏ အကြည့်က လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်ထံ ကျရောက်သွား၏။ သူက တုံ့ဆိုင်းစွာဖြင့် ပြောလိုက်လေသည်။

“အဲ့ဒါက သိပ်တော့ မသင့်လျော်ဘူးလေ ဟုတ်တယ်မလား... ဒီလူရိုင်းစီနီယာနှစ်ယောက်က စောစောကတင် လူရိုင်းမျိုးနွယ်က ကျုပ်ကို မကြိုဆိုဘူးလို့ ပြောထားတယ်လေ”

လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်၏ မျက်နှာက နီမြန်းသွားပြီး တွင်းတစ်တွင်းတူး၍ ဝင်ပုန်းချင်စိတ်ပေါက်သွားလေသည်။

သူတို့နှစ်ယောက်သည် မကျေမနပ်ဖြင့် အံကိုတင်းတင်းကြိတ်လိုက်ကြ၏။

သူတို့သည် ရှင်သန်နေထိုင်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် သူတို့ပြောခဲ့သည့်စကားကို တမင်ရည်ရွယ်ချက်ရှိရှိ ပြန်လည်ပြောဆိုနေခြင်းဖြစ်ကြောင်း သူတို့က မသိနိုင်စရာအကြောင်းမရှိပေ။

လူရိုင်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်သည် ဖြည်းဖြည်းချင်း လျှောက်လှမ်းလာပြီး နဂါးဖီးနစ်အစစ်အမှန်ခန္ဓာဘက်သို့ သူတို့၏လက်သီးများကို ယှက်ပြကာ ရှက်ကိုးရှက်ကန်းဟန်ဖြင့် ပြောလိုက်၏။

“ကျေးဇူးပြုပြီး ကျုပ်တို့ကိုခွင့်လွှတ်ပေးပါ နဂါးမျိုးနွယ်ရဲ့သခင်လေး... လူရိုင်းမျိုးနွယ်က တဲ့တိုးဆန်ပြီး စကားကိုလွှတ်ခနဲပြောတတ်လို့ပါ အဲ့ဒါကို စိတ်ထဲမှာ ထည့်မထားပါနဲ့”

“ကောင်းတယ်ဗျာ... ကောင်းတယ်”

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ညင်သာစွာ ပြုံးပြလိုက်၏။

“စီနီယာတို့... ခင်ဗျားတို့က ယဥ်ကျေးလွန်းနေပြီ”

လူရိုင်းမျိုးနွယ်သခင်လေးကလည်း လျှောက်လှမ်းလာပြီး နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ပခုံးကိုဖက်ကာ အပြုံးတစ်ခုနှင့်အတူ ပြောလိုက်လေသည်။

“ညီကိုလုံမို... ကျုပ်တို့စိတ်ကျေနပ်အားရတဲ့အထိသောက်ပြီး ဒီနေ့ကိစ္စကို မေ့လိုက်ကြရအောင်”

“အချိန်ကြရင် ကျုပ်တို့က မျိုးနွယ်စုတစ်သောင်း စုဝေးပွဲကို အတူသွားကြတာပေါ့”

All Chapters