← Chapters

မျိုးနွယ်စုတစ်သောင်း စုဝေးပွဲ

Vol. 104 Ch. 1549

မျိုးနွယ်စုတစ်သောင်း စုဝေးပွဲ

Vol. 104 Ch. 1549

ခွန်လွင်အပျက်အစီးဒေသ၊ လင်းလုံလျှို့ဝှက်ကုန်းမြေတွင်…

နှစ်ပေါင်းတစ်ရာ ကြာပြီးနောက်.. ဆူဇီမိုသည် ဤနေရာသို့ နောက်တစ်ဖန် ပြန်လည်ရောက်ရှိလာ၏။

ဆူဇီမိုသည် ဤနှစ်များအတွင်း ကျင့်ကြံခြင်းကနေ အကျိုးအမြတ် ကြီးမားစွာ ရရှိခဲ့၏။ သူသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအဆင့်သို့ ဝင်ရောက်ပြီး နတ်ဘုရားစွမ်းအား တစ်စွန်းတစ်စကို နားလည်ဆင်ခြင်နိုင်ခဲ့ပြီဖြစ်၏။

သို့သော်လည်း.. သူက ဆက်လက်၍ အဆင့်ချိုးဖျက်တက်လှမ်းနိုင်ခြင်း မရှိသေးပေ။

လင်းလုံလျှို့ဝှက်ကုန်းမြေမှာ မည်သည့်ပြောင်းလဲမှုမှ ရှိမလာသော်လည်း ဆူဇီမို၏ ဘက်မှာ လူတစ်ယောက် လျော့သွားလေသည်။

နန်းကြည်က မရှိတော့ပေ။

သူသည် လျှို့ဝှက်ကုန်းမြေကို ကြည့်ပြီး ဤနေရာသို့ အဆုံးစွန်မီးနှင့် နန်းကြည်နှင့်အတူ ဝင်ရောက်လာသည့် မြင်ကွင်းကို ပြန်လည်မြင်ယောင်လာ၏။

အဲဒါသည် လွန်ခဲ့သည့် နှစ်တစ်ရာက ဖြစ်ခဲ့သော်လည်း သူက မနေ့တစ်နေ့ကကဲ့သို့ ခံစားရလေသည်။

“ဇီမို.. ဘာမှ မပူနဲ့.. နန်းကြည်က လိမ္မာပါးနပ်တယ်.. သူမက အဆင်ပြေမှာပါ”

အဆုံးစွန်မီးက ဘေးကနေ နှစ်သိမ့်ပေးလိုက်၏။

ညဝိညာဉ်သည် အနက်ရောင်ဝတ် လူငယ်တစ်ယောက်အဖြစ် ပြောင်းလဲထားပြီး ဆူဇီမို၏ နောက်ကနေ တိတ်တဆိတ် လိုက်ပါလာ၏။

“ဒီမှာရှိတဲ့ ရတနာတွေကို ဘယ်လိုလုပ်မလဲ”

သူတို့သုံးယောက်သည် လင်းလုံလျှို့ဝှက်ကုန်းမြေရှိ လျှို့ဝှက်ခန်းတစ်ခုကို ရောက်ရှိလာပြီး နတ်မိမယ်လင်းလုံ ချန်ထားရစ်ခဲ့သော ရတနာများစွာကို ကြည့်ကာ အဆုံးစွန်မီးက မျက်မှောင်ကြုတ်၍ မေးလိုက်၏။

ဆူဇီမိုက ခဏမျှ စဉ်းစားတွေးတောလိုက်၏။

“အဲဒါတွေကို ဒီမှာပဲ ထားလိုက်တာပေါ့”

“အဲဒီရတနာတွေက လူသားမျိုးနွယ်အတွက် နတ်မိမယ်လင်းလုံ ချန်ထားရစ်ခဲ့တဲ့ မျှော်လင့်ချက်ပဲ.. ဒါပေမဲ့ လူသားမျိုးနွယ်က ရှေးဟောင်းခေတ်စစ်ပွဲကို အနိုင်ရခဲ့တယ်”

“ဒါပေမဲ့ အခု ထျန်ဟွမ်ကုန်းမြေတိုက်က ဖရိုဖရဲဖြစ်နေပြီ.. လူသားမျိုးနွယ်ရဲ့ အခြေအနေက ရှေးဟောင်းခေတ်ကထက်တောင် ပိုပြီးတော့ အန္တရာယ်များနေပြီ.. အန္တရာယ်တွေက အတွင်းပိုင်းမှာရော.. အပြင်ပိုင်းမှာပါ ရှိနေတယ်.. ဒီနေရာက လူသားမျိုးနွယ်ရဲ့ နောက်ဆုံး ဆုတ်ခွာရာလမ်းကြောင်း ဖြစ်ကောင်းဖြစ်လိမ့်မယ်”

အဆုံးစွန်မီးက ခေါင်းညိတ်ပြလိုက်၏။

သူတို့နှစ်ယောက်သည် နတ်မိမယ်လင်းလုံက သူမ၏ စကားလုံးများကို ချန်ထားရစ်ခဲ့သည့် နံရံရှိရာသို့ ရောက်ရှိလာပြီး နောက်တစ်ဖန် ဦးညွှတ်ကာ လျှို့ဝှက်ကုန်းမြေကနေ ထွက်ခွာလိုက်ကြ၏။

လွန်ခဲ့သည့် နှစ်တစ်ရာကနှင့်ယှဉ်လျှင်.. ဆူဇီမိုနှင့် အခြားနှစ်ယောက်က များစွာပိုမို သန်မာလာခဲ့၏။

သူတို့သုံးယောက်သည် လင်းလုံလျှို့ဝှက်ကုန်းမြေကနေ ထွက်ခွာပြီး ခွန်လွင်အပျက်အစီးဒေသ၏ အပြင်ဘက်ပိုင်းသို့ ဝင်ရောက်လာကြ၏။ သူတို့ လျှောက်လှမ်းလာရင်း ဆိုးယုတ်တစ္ဆေများနှင့် စိတ်ဝိညာဉ်များ အားလုံးနီးပါးသည် အဝေးသို့ ထွက်ပြေးသွားကြပြီး သူတို့နားသို့ ချဉ်းကပ်မလာရဲကြပေ။

သူတို့သုံးယောက်သည် ရှေ့သို့ တက်လှမ်းလာပြီး နေ့တစ်ပိုင်း မကြာခင်မှာပင် ထျန်ဟွမ်ကုန်းမြေတိုက်သို့ ပြန်လည်ရောက်ရှိလာ၏။

ဆူဇီမိုသည် အလယ်ပိုင်းတိုက် ရှိရာဘက်သို့ ငေးမျှော်ကြည့်ရှုပြီး တီးတိုးရေရွတ်လိုက်၏။

“မျိုးနွယ်စုတစ်သောင်း စုဝေးပွဲတဲ့လား.. အဲဒီကို ငါလာနေပြီ”

. . . . .

အလယ်ပိုင်းတိုက်၊ ကောင်းကင်ဖြန့်ကြက်တောင်ကြောရိုးတွင်…

ထိုတောင်ကြောရိုးသည် တစ်နှစ်ပတ်လုံး ထူထဲသော မြူခိုးများနှင့် ပြည့်နှက်နေ၏။

သို့သော်လည်း ဤအချိန်အတောအတွင်း အဲဒါက ထိန်းချုပ်ခံလိုက်ရသည့်အလား မြူခိုးများက လုံးဝ ပျက်ပြယ်သွား၏။

ပဟေဠိနန်းတော်…

သမိုင်းတစ်လျှောက်တွင် အဲဒါက ကျင့်ကြံရေးလောက၏ အလျှို့ဝှက်ဆုံးနှင့် စွမ်းအားအကြီးဆုံး တည်ရှိမှု၊ လူသားမျိုးနွယ်၏ အထွတ်အမြတ်ကုန်းမြေ ဖြစ်ခဲ့၏။

ရှေးဟောင်းခေတ်မှ စတင်၍ လောကက ပြောင်းလဲလာခဲ့၏။ ထိပ်သီးဂိုဏ်းကြီးများကြားမှာပင်လျှင် သူတို့ထဲမှ များစွာသည် မြင့်မားလိုက် ကျဆင်းလိုက်နဲ့ အဆက်မပြတ် သံသရာလည်နေခဲ့၏။ ပဟေဠိနန်းတော်ကတော့ အမြဲတမ်း အခိုင်အမာ ရပ်တည်ခဲ့လေသည်။

မည်သည့် စစ်ပွဲမီးတောက်ကမှ ပဟေဠိနန်းတော်၏ ပိုင်နက်နယ်မြေအပေါ် သက်ရောက်မှု မရှိခဲ့ပေ။

ဒါ့အပြင်.. ပဟေဠိနန်းတော်သည် ကျင့်ကြံရေးလောကမှာ လျှို့ဝှက်ဆန်းကြယ်မှု အရှိဆုံး တည်ရှိမှု ဖြစ်လေသည်။

ပဟေဠိနန်းတော်ထဲမှာ ဘာရှိသည်ကို မည်သူကမှ မသိကြပေ။

ပဟေဠိနန်းတော်မှ ကျင့်ကြံသူများက လွဲလျှင် မည်သည့် အပြင်လူကမှ ပဟေဠိနန်းတော်ထဲသို့ မဝင်ရောက်နိုင်လုနီးပါးပင်။

သို့သော် ယခုအခါ ပဟေဠိနန်းတော်သည် မျိုးနွယ်စုတစ်သောင်း စုဝေးပွဲကို ဧည့်ခံကျင်းပပေးမည်ဖြစ်ပြီး ပဟေဠိနန်းတော်၏ လျှို့ဝှက်ဆန်းကြယ်သော မျက်နှာဖုံးက ကွာကျလာခဲ့လေပြီ။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း.. မရေမတွက်နိုင်သော ဂိုဏ်းများ၊ အဖွဲ့အစည်းများ၊ ကျင့်ကြံသူများနှင့် မျိုးနွယ်စုများသည် ပဟေဠိနန်းတော်သို့ ရောက်ရှိလာခဲ့ကြ၏။

မျိုးနွယ်စုတစ်သောင်း စုဝေးပွဲက အကုန်လုံးကို ခြုံငုံမိလေသည်။

သူတို့သည် ဂိုဏ်းကြီးများ၊ ဂိုဏ်းငယ်များ၊ ခြေသလုံးအိမ်တိုင် ကျင့်ကြံသူများ၊ ရှေးတော်ဝင်မိသားစုများ၊ အနာကွန်ဒါများ၊ မြွေများ သို့မဟုတ် သားရဲမျိုးနွယ်မှ တခြား ဘယ်မျိုးကွဲတောကောင်ဖြစ်စေ.. ကိစ္စမရှိပေ။ သူတို့၏ ကျင့်ကြံမှုအဆင့်များက လုံလောက်အောင် မြင့်မားနေသည်နှင့်အမျှ သူတို့သည် မျိုးနွယ်စုတစ်သောင်း စုဝေးပွဲကို ပါဝင်တက်ရောက်နိုင်လေသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းမှာ မရေမတွက်နိုင်သော ဂိုဏ်းများ၊ အဖွဲ့အစည်းများနှင့် စွမ်းအားကြီးမားသော သက်ရှိများသည် ကောင်းကင်ဖြန့်ကြက်တောင်ကြောရိုးသို့ ရောက်ရှိလာပြီး ပဟေဠိနန်းတော်သို့ ဝင်ရောက်လာကြ၏။

ပညာရှင်များစွာက စုဝေးလာကြလေပြီ။

တကယ်ဆို တံခါးပိတ်ကျင့်ကြံနေသော ခြေသလုံးအိမ်တိုင် ကျင့်ကြံသူအချို့ပင်လျှင် ပေါ်ထွက်လာကြ၏။

မည်သူကမှ ဤမဟာစုဝေးပွဲကို လက်လွှတ်မခံလိုကြပေ။

အဲဒါက စုဝေးပွဲတစ်ခုမျှသာ မဟုတ်သည်ကို လူတိုင်းက သိထားကြ၏။

ဤစုဝေးပွဲသည် မျိုးနွယ်စုတစ်သောင်း၏ ကံကြမ္မာ အပါအဝင် ထျန်ဟွမ်ကုန်းမြေတိုက်၏ အနာဂတ်ကို ဆုံးဖြတ်ပေးနိုင်လေသည်။

တာအိုနန်းတော်များသည် လျှို့ဝှက်ဆန်းကြယ်သော ပုံစံများနှင့် ပဟေဠိနန်းတော်၏ နေရာတစ်ဝှမ်း ဖြန့်ကြက်ထားပြီး ကောင်းကင်ထက်ရှိ ကြယ်များကို ကိုယ်စားပြုနေသည်ဟု ထင်ရ၏။

စိတ်ဝိညာဉ်တောင်ထွတ်များက မားမားမတ်မတ် ရပ်တည်နေပြီး သူတို့ပေါ်တွင် ကြည်လင်စိမ်းလဲ့သော စမ်းချောင်းများက လှည့်ပတ်စီးဆင်းနေ၏။ သူတို့၏ ဘေးပတ်လည်မှာ တိမ်စိုင်များကလည်း လွင့်မျောနေ၏။

အသံဗလံများကြားမှာ ရေတံခွန်များသည် အပေါ်ကနေ ထိုးဆင်းကျနေသည်ကို တွေ့မြင်နိုင်လေသည်။ ရေစက်ရေမှုန်များက လွင့်ပျံနေပြီး တောင်ထွတ်နှစ်ခုကို ချိတ်ဆက်ထားသည့် သက်တံတစ်ခုကို ဖြစ်ပေါ်စေ၏။

ရေတံခွန်များ၏ အောက်ဘက်ရှိ ရေကန်ထဲတွင် ရေများက တလက်လက် တောက်ပနေပြီး လှပသော ငါးများက မကြာ မကြာ ထခုန်နေ၏။

အရာရာတိုင်းက သုခဘုံတစ်ခုကဲ့သို့ ဖြစ်လေသည်။

မျိုးနွယ်စုတစ်သောင်း စုဝေးပွဲကို နောက်ရက်အနည်းငယ်နေမှ စတင်မှာ ဖြစ်သော်လည်း မတူညီသော မျိုးနွယ်စုများမှ များစွာသော ကျင့်ကြံသူများသည် ပဟေဠိနန်းတော်သို့ ရောက်ရှိလာခဲ့ကြပြီဖြစ်ပြီး စည်ကားသိုက်မြိုက်နေ၏။

ဒေါင်…

ထိုစဉ်မှာပင်.. ပဟေဠိနန်းတော်ကနေ ခေါင်းလောင်းထိုးသံက ထွက်ပေါ်လာ၏။

“အရေးကြီးပုဂ္ဂိုလ်တချို့ ရောက်လာတာကြောင့်ဖြစ်မယ်”

“ကြည့်စမ်း.. ဟိုမှာ”

များစွာသော ကျင့်ကြံသူများနှင့်​ သက်ရှိများသည် ပဟေဠိနန်းတော်၏ ဝင်ပေါက်ရှိရာဘက်သို့ လှည့်ကြည့်လိုက်ကြ၏။

မြင့်မြတ်ခံ့ညားသော ပုဂ္ဂိုလ်တစ်ယောက် ရောက်ရှိလာမှသာ ပဟေဠိနန်းတော်က ခေါင်းလောင်းထိုးပေမည်။ ထိုအချိန်ကျလျှင် ပဟေဠိနန်းတော်မှာ ဂုဏ်အဆင့်အတန်း မြင့်မားသော တစ်စုံတစ်ယောက်က ဧည့်သည်များကို ကြိုဆိုလက်ခံဖို့ ထွက်လာပေလိမ့်မည်။

ခပ်လှမ်းလှမ်းကနေ ကျင့်ကြံသူ တစ်အုပ်စုသည် ကြယ်အလင်းများပေါ်ကနေ ရောက်ရှိလာကြ၏။ သူတို့သည် လူပေါင်းရာချီရှိပြီး အားအနည်းဆုံးက ဓမ္မဝိသေသ တာအိုအရှင်များ ဖြစ်ကြ၏။

သူတို့ကြားမှာ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်အချို့ပင် ပါဝင်လေသည်။

မျက်စိစူးသော ကျင့်ကြံသူများသည် သူတို့ထဲမှ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများ၏ အော်ရာများကိုပင် ခံစားမိကြလေသည်။

ခေါင်းဆောင်ဖြစ်သူက သူ၏ ခေါင်းပေါ်မှာ တာအိုသရဖူတစ်ခုကို ဆောင်းထားပြီး သူ၏ ဝတ်ရုံပေါ်မှာ ခပ်ယဲ့ယဲ့ တောက်ပနေသော ကြယ်များစွာကို ပုံသွင်းထားလေသည်။

“အဲဒါက ကောင်းကင်စင်ရော်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ”

(တကယ်တော့ ကောင်းကင်စင်ရော်ဂိုဏ်း၏ အမည်မှန်က ခုနှစ်စင်ကြယ်ဂိုဏ်းပါ။ ဘာသာပြန်သူ၏ မှားယွင်းဖော်ပြခဲ့မှု ဖြစ်ပါသည်။)

“သူတို့ ဂိုဏ်းချုပ်ကိုယ်တိုင်က မျိုးနွယ်စုတစ်သောင်း စုဝေးပွဲကို တက်ရောက်လာတာပဲ”

“မင်း အဲဒါကို မသိဘူးလား.. ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ထိပ်သီးဂိုဏ်းကြီးတွေကို သူတို့ရဲ့ ဂိုဏ်းချုပ်တွေက ကိုယ်တိုင်ဦးဆောင်လာခဲ့တယ်… ဒီစုဝေးပွဲက အရမ်းကို အရေးကြီးတယ်”

များစွာသော ကျင့်ကြံသူများက စုစည်းမိနေကြပြီး တိတ်တဆိတ် ဆွေးနွေးနေကြ၏။

ပဟေဠိနန်းတော်မှ ကျင့်ကြံသူများစွာက ပေါ်ထွက်လာပြီး ဝင်ရောက်လာသော သူများကို ကြိုဆိုလိုက်ကြ၏။ သူတို့၏ ခေါင်းဆောင်က ပဟေဠိနန်းတော်၏ နန်းတော်အရှင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချင်ဇီ ဖြစ်လေသည်။

“မင်း အဲဒါကို သိလား.. လွန်ခဲ့တဲ့ နှစ်တစ်ရာက အထီးကျန်သိုင်းသခင်က ပဟေဠိနန်းတော်ထဲမှာ သောင်းကျန်းခဲ့ပြီး တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချင်ဇီက သူ့ရဲ့ အမှားတွေကို ဆင်ခြင်သုံးသပ်ဖို့အတွက် အပြစ်ပေးခံခဲ့ရတယ်။ သူက မကြာသေးခင်ကမှ ပြန်ထွက်လာတာလို့ ငါကြားမိတယ်”

“အထီးကျန်သိုင်းသခင် အကြောင်း ပြောရရင်တော့ အဲဒါက ထူးဆန်းတယ်.. ဒီနှစ်တွေထဲမှာ သူ့ဆီကနေ ဘာသတင်းမှ ရမလာတော့ဘူး”

“အထီးကျန်သိုင်းသခင်က သေသွားလောက်ပြီလို့ ငါထင်တယ်”

“သူက မသေဘူးဆိုရင်တောင် သူက ပေါ်ထွက်လာရဲမှာ မဟုတ်ဘူး… သွေးနွယ်ပင်မျိုးနွယ်က အထီးကျန်သိုင်းသခင်ပေါ်မှာ သတ်ဖြတ်ခြင်းတံဆိပ်ပြားကို ထုတ်ဖော်ထားပြီး သူက တခြား ကမ္ဘာဦးမျိုးနွယ် ၅စုရဲ့ အမဲလိုက်ခြင်းကိုလည်း ခံနေရတယ်… သူက အသက်ရှင်ရတာကို ငြီးငွေ့နေတာ မဟုတ်ရင် သူက ဒီလိုအချိန်မျိုးမှာ ပေါ်ထွက်လာမှာ မဟုတ်ဘူး”

မျိုးနွယ်စုတစ်သောင်း စုဝေးပွဲက နီးကပ်လာသည်နှင့်အမျှ ပဟေဠိနန်းတော်သို့ ရောက်ရှိလာသော ဂိုဏ်းများနှင့် အဖွဲ့အစည်းများ၏ အရေအတွက်က တိုးလာနေ၏။

အဆင့်မြင့်ဂိုဏ်း ၁၀၈ ဂိုဏ်းထဲမှ များစွာသည် ကမ္ဘာဦးမျိုးနွယ် ၆စု၏ ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး ကျန်ရှိနေသော ဆယ်ဂဏန်းအချို့က ရောက်ရှိလာကြ၏။

မျိုးနွယ်စုတစ်သောင်း စုဝေးပွဲ စတင်သော နေ့တွင်.. အင်မော်တယ်ဂိုဏ်း ၈ဂိုဏ်း၊ မိစ္ဆာဂိုဏ်း ၇ဂိုဏ်း၊ ဗုဒ္ဓကျောင်းတော် ၆ကျောင်း၊ မိစ္ဆာဒိဋ္ဌိ ၅ဝါဒီ၊ တစ်သီးပုဂ္ဂလ ၄အုပ်စုနှင့် ရှေးတော်ဝင်မိသားစု ၃စုတို့က ရောက်ရှိလာကြ၏။

မိစ္ဆာဒိဋ္ဌိ ၅ဝါဒီထဲမှာ ဂူဂိုဏ်းက ဖျက်ဆီးခံခဲ့ရပြီးလေပြီ။

သို့သော်လည်း အဲဒီမှာ ဂူဂိုဏ်းကို ကိုယ်စားပြုပေးမည့် ဂူသခင်တချို့ ကျန်ရှိနေသေး၏။

သနားစရာကောင်းသည်မှာ အင်မော်တယ်ဂိုဏ်း ၉ဂိုဏ်းထဲမှ ရှင်းသန့်လေပြေဘုရားကျောင်း၊ ဗုဒ္ဓကျောင်းတော် ၆ကျောင်းထဲမှ သန့်စင်နှလုံးသား သီလရှင်ကျောင်းက ဖျက်ဆီးခံခဲ့ရလေသည်။ သူတို့ထဲ မည်သည့်ကျင့်ကြံသူကမှ ရောက်ရှိမလာကြပေ။

သားရဲနယ်မြေ ၈ခွင်မှ များစွာသော မဟာသားရဲများကလည်း ရောက်ရှိလာကြ၏။

သားရဲအချို့သည် လူသားများနှင့် ကွာခြားသည့်ပုံမပေါ်သော မိစ္ဆာသားရဲများအ​ဖြစ် အသွင်ပြောင်းလဲထား၏။

သို့သော်လည်း သားရဲအချို့သည် သူတို့၏ အစစ်အမှန်ပုံစံမှာ ရှိနေပြီး သူတို့၏ သားရဲချီများက တလိပ်လိပ်တက်ကာ လူအုပ်ကြားထဲမှာ ထင်ရှားပေါ်လွင်နေ၏။

ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ အဖွဲ့အစည်းများ အားလုံးနီးပါးကို စုစည်းမိသော ဤကဲ့သို့ မဟာပွဲတော်တစ်ခုသည် ရှေးဟောင်းခေတ်မှာပင်လျှင် ရှားရှားပါးပါး ဖြစ်လေသည်။

ပဟေဠိနန်းတော်ကသာလျှင် ဤကဲ့သို့သော လွှမ်းမိုးနိုင်စွမ်း ရှိပေလိမ့်မည်။

သူတို့ကသာလျှင် မျိုးနွယ်စုတစ်သောင်းကို ဆင့်ခေါ်နိုင်သည့် သတ္တိရှိပေလိမ့်မည်။

ပဟေဠိနန်းတော်က ကျယ်ပြန့်ပြီး မျိုးနွယ်စုတစ်သောင်းမှ ပညာရှင်များကို အလွယ်တကူ ဝင်ဆံ့နိုင်လေသည်။

သို့သော်လည်း မျိုးနွယ်စုတစ်သောင်း စုဝေးပွဲ၏ တရားဝင်နေ့တွင် ကမ္ဘာဦးမျိုးနွယ် ၉စုထဲမှ မည်သူကမှ ပေါ်ထွက်မလာကြပေ။

ဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများ၏ ဂိုဏ်းချုပ်များနှင့် နန်းတော်အရှင်များသည် အမူအရာ ပြောင်းလဲသွားခြင်း မရှိဘဲ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေကြ၏။

ဤမျိုးနွယ်စုတစ်သောင်း စုဝေးပွဲ၏ ရည်ရွယ်ချက်သည် ကမ္ဘာဦးမျိုးနွယ်များနှင့် ညှိနှိုင်းဖို့ ဖြစ်သည်ဆိုတာကို သူတို့က သိထားကြ၏။

ကမ္ဘာဦးမျိုးနွယ်များက ပါဝင်တက်ရောက်လာခြင်း မရှိလျှင် မျိုးနွယ်စုတစ်သောင်း စုဝေးပွဲက ဘာအဓိပ္ပာယ်မှ ရှိတော့မည် မဟုတ်ပေ။

All Chapters