← Chapters

လွှမ်းမိုးခြယ်လှယ်ခြင်း

Vol. 104 Ch. 1551

လွှမ်းမိုးခြယ်လှယ်ခြင်း

Vol. 104 Ch. 1551

ယက္ခသည် ဆန်းကြယ်တောင်ထွတ်မှ လူတိုင်းကို စိုက်ကြည့်ပြီး မကောင်းဆိုးဝါးဆန်ဆန် အပြုံးတစ်ခုနှင့်အတူ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာ၏။ သူ၏ အကြည့်က ကြမ်းကြုတ်ခက်ထန်၍ အကြည့်ခံရသူတိုင်းကို ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားစေနိုင်သည်။

ဆန်းကြယ်တောင်ထွတ်၏ ဘေးပတ်လည်မှာရှိသော များစွာသောဂိုဏ်းများနှင့် အဖွဲ့အစည်းများက ဘေးသို့ ရှဲထွက်သွားကြ၏။

တစ်ခဏအတွင်းမှာပင် ဆန်းကြယ်တောင်ထွတ်၏ ဘေးပတ်လည်မှာ နေရာလွတ်တစ်ခု ဖြစ်ပေါ်လာ၏။

ဆန်းကြယ်တောင်ထွတ်မှ ရောက်လာသောလူများက ဆယ်ယောက်ကျော်ကျော်သာလျှင်ရှိလေသည်။

ထိုလူဆယ်ယောက်ကျော်ကျော်ကြားတွင် အသန်မာဆုံးမှာ ပေါင်းစည်းခန္ဓာအဆင့်မှာသာရှိကြ၏။ ယက္ခသည် ဆန်းကြယ်တောင်ထွတ်မှ လူတိုင်းကို လှုပ်ရှားကွက်တစ်ကွက်ဖြင့် သတ်ဖြတ်နိုင်လေသည်။

ဂိုဏ်းများနှင့် အဖွဲ့အစည်းများစွာက မှင်သေ​သေ အမူအရာများရှိနေကြ၏။

သူတို့နှင့် ပတ်သက်ဆက်နွယ်မှုမရှိသော လူတချို့အတွက် မည်သူကမှ ယက္ခမျိုးနွယ်ကို ရန်မစချင်ကြပေ။

စောစောက ပဒေသရာဇ်နန်းတော်၏ နန်းတော်အရှင်ပင်လျှင် သူ၏ တပည့်ဂိုဏ်းသားများ သတ်ဖြတ်ခံရခြင်းကို သည်းခံခဲ့ရ၏။ ထျန်ဟွမ်ကုန်းမြေတိုက်မှာ ဆန်းကြယ်တောင်ထွတ်ကဲ့သို့ ဂိုဏ်းနှင့် အဖွဲ့အစည်းပေါင်းများစွာရှိလေသည်။ သူတို့အတွက် ဘယ်သူက ထွက်ရပ်ပေးပါ့မလဲ။

ကျင့်ကြံသူများစွာ အတွက်တော့ ဆန်းကြယ်တောင်ထွတ်မှလူများက သေလူများဖြစ်သွားကြလေပြီ။

သို့သော်လည်း ဆန်းကြယ်တောင်ထွတ်က တစ်မူထူးခြားလေသည်။

ထိုဂိုဏ်းက ကြီးမားမှုမရှိပဲ ထိုဂိုဏ်း၏ အခြေခံအုတ်မြစ်နှင့်ခွန်အားက ထိပ်သီးဂိုဏ်းကြီးများထက် များစွာနိမ့်ကျသော်လည်း ယက္ခမျိုးနွယ်သည် ဆန်းကြယ်တောင်ထွတ်ဘက်သို့ လှည့်လာသောအခါ ရုတ်ရုတ်သဲသဲ အခြေအနေတစ်ရပ်ဖြစ်ပေါ်လာ၏။

နေရာအမျိုးမျိုးမှလူများက တစ်ချိန်တည်းမှာ ရှေ့သို့ ထွက်ရပ်လာကြ၏။

အဲ့ဒီမှာ လူသားများနှင့် မိစ္ဆာသားရဲများပင်ပါဝင်လေသည်။

တစ်သီးပုဂ္ဂလ လေးအုပ်စုထဲတွင်ပါဝင်သော ယန်ဆေးဂိုဏ်းမှကျင့်ကြံသူနှစ်ယောက်က ချင်ချင်းရှေ့သို့ ထွက်လာကြ၏။ သူတို့က ဆူရှောင်းနင်နှင့် ကျိချန်းရှန် ဖြစ်လေသည်။

အခြားတစ်ဘက်မှာတော့ အေးစက်၍ တစ်သီးတစ်ခြားနေတတ်ပုံရသော အမျိုးသမီးတစ်ယောက်က ဖြည်းဖြည်းချင်း ထွက်ရပ်လာ၏။ အဲ့ဒါက ကြိုးကြာတစ်ထောင်ဂိုဏ်း၏ သခင်မလေး နတ်မိမယ် ကြိုးကြာတစ်ထောင် လမ့်ရို ဖြစ်လေသည်။

ဆူရှောင်းနင်သည် ဆန်းကြယ်တောင်ထွတ်နှင့် ဆူဇီမို၏ ပတ်သက်ဆက်နွယ်မှုကို သိရှိထားသည့်အတွက် သူမက ဒီတိုင်းကြည့်နေနိုင်လိမ့်မည် မဟုတ်ပေ။

ကျိချန်းရှန်နှင့် လမ့်ရိုကတော့ သူတို့သည် တစ်ခါတုန်းက ဆန်းကြယ်တောင်ထွတ်မှ ကျင့်ကြံသူများ ဖြစ်ခဲ့ကြဖူးလေသည်။

သူတို့သည် တစ်သီးပုဂ္ဂလ လေးအုပ်စုသို့ ဝင်ရောက်သွားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်လျှင်တောင် သူတို့သည် ဆန်းကြယ်တောင်ထွတ်၏ ကျေးဇူးတရားကို ဘယ်တုန်းကမှ မမေ့လျော့ခဲ့ကြပေ။

အုတ်ဂူဂိုဏ်း၏ ဖက်တီးလေးကလည်း သုန်မှုန်နေသော အမူအရာတစ်ခုနှင့်အတူ ရှေ့သို့ထွက်ရပ်လာ၏။

“ဖက်တီး... မင်းက အရင်တုန်းက သေမှာအရမ်းကြောက်တာမဟုတ်ဘူးလား ဘာလို့... အခုမကြောက်တော့တာလဲ”

ရှစ်ကျန့်က မကျေမနပ် တိုးတိတ်စွာဖြင့် ပြောဆို၍ သူကလည်း ရှေ့သို့ထွက်ရပ်လာ၏။

“တချို့အရာတွေကနေ ငါရှောင်ပုန်းနေလို့ရတယ်”

ဖက်တီးလေး၏ မျက်နှာက ရှားရှားပါးပါးတည်တံ့နေပြီး တည်ကြည်လေးနက်စွာဖြင့် ပြောလိုက်၏။

“ဒါပေမဲ့... သူတို့က ဆန်းကြယ်တောင်ထွတ်ကိုတော့ ထိလို့မရဘူး”

ဒီပင်္ကရာကျောင်းတော်မှ ငယ်ရွယ်သောကိုယ်တော်တစ်ပါးက သူ၏ လက်ဖဝါးနှစ်ဖက်ကို ယှက်ပြီး အစိမ်းရောင်မီးအိမ်တစ်လုံးကိုကိုင်ဆွဲကာ ဗုဒ္ဓမေတ္တာစာများကို ရွတ်ဆို၍ လူအုပ်ကြီးထဲကနေ ထွက်လာခဲ့၏။

မိစ္ဆာဂိုဏ်းများ၏ စင်ကြယ်အပျိုစင်ဂိုဏ်းမှ မျက်နှာဖုံးတစ်ခုတပ်ထားသော ပန်းရောင်ဝတ်မိန်းကလေးတစ်ယောက်ကလည်း ညင်သာစွာပြုံး၍ ရှေ့သို့ထွက်လာခဲ့၏။

မျောက် ၊ စိတ်ဝိညာဥ်ကျား ၊ ချင်ချင် ၊ ရွှေခြင်္သေ့နှင့် မြေခွေးလေးတို့ကလည်း သားရဲအုပ်စုများကြားကနေ ထွက်လာကြ၏။

“ဟမ်...”

ယက္ခသည် ထိုသည်ကို သတိထားမိသောအခါ သူ၏ မျက်လုံးကို မှေးကျဥ်းပြီး ကြောက်မက်ဖွယ်ရာရယ်မောလိုက်၏။

“ဘာလို့လဲ... ငါက ပုရွက်ဆိတ်တချို့ကိုသတ်ချင်ရုံနဲ့ ပုရွက်ဆိတ်အသိုက်တစ်ခုက ပေါ်ထွက်လာတာလား”

“ရှေ့ကိုထွက်လာတဲ့ ပုရွက်ဆိတ်တွေ... မင်းတို့က အသက်ရှင်ရတာ ငြီးငွေ့နေပြီနဲ့တူတယ်”

ယက္ခက ကြမ်းကြုတ်ခက်ထန်သောအကြည့်နှင့်အတူ သူ၏ ဘေးပတ်လည်ကို လှည့်ပတ်ကြည့်ရှုလိုက်၏။

ဆန်းကြယ်တောင်ထွတ်မှ အင်မော်တယ်ကြိုးကြာအိုကြီးက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ယက္ခ... ကျွန်မတို့က ရှင့်ကိုဘယ်လိုဆန့်ကျင်ခဲ့မိသလဲ သိပါရစေ... ဆန်းကြယ်တောင်ထွတ်က ဘယ်သူကမှ ဘာမှမပြောခဲ့ကြဘူး”

ယက္ခက သွားဖြဲပြလိုက်၏။

“မင်းတို့တွေက ယက္ခမျိုးနွယ်က ငါတို့ရဲ့သခင်မလေးကို အကြာကြီးစိုက်ကြည့်ခဲ့ကြတယ်... အဲ့ဒါကြောင့် မင်းတို့အားလုံးက သေရမယ်”

“ငါတို့ရဲ့သခင်မလေးက... ကြည်လင်သန့်စင်ပြီးတော့ အပြစ်ကင်းတယ်... သူက မင်းတို့လိုလူတွေ မလေးမစား ကြည့်ချင်တိုင်း ကြည့်နိုင်တဲ့သူမျိုး မဟုတ်ဘူး”

သူ၏ စကားများက အတော်လေး ရုတ်ရုတ်သဲသဲ ​ဖြစ်သွားစေ၏။

ယက္ခမျိုးနွယ်က အရမ်းကို စီးပိုးခြယ်လှယ်လွန်းလေသည်။

သူတို့အကြောင်းပြောဆိုခြင်းကို တားမြစ်ခြင်းက လက်ခံနားလည်၍ ရနိုင်လေသည်။

ယခုအခါ ယက္ခယုကို ခဏကြာကြာကြည့်မိသည်ကပင် သူတို့၏ အသက်များကို ဆုံးရှုံးရမည့်ပုံရှိနေ၏။

ကျင့်ကြံသူမျသည် ရင်တစ်ချက်ထိတ်သွားပြီး သူတို့၏ ဦးခေါင်းများကို အလိုလိုငုံ့လိုက်ကြ၏။ သူတို့သည် ယက္ခယုကို ဆက်လက်၍ ကြည့်ရှုရဲခြင်း မရှိတော့ပေ။

ဆူရှောင်းနင်က မျက်မှောင်ကြုတ်လိုက်၏။

“ဒီတိုင်းကြည့်မိတာနဲ့ပဲ... ရှင်က သတ်ဖြတ်ချင်တာလား... လောကမှာ ဒီလိုမျိုးစည်းမျဥ်းစည်းကမ်းက ဘယ်လိုလုပ်ရှိနိုင်ပါ့မလဲ”

“ဟီးဟီး”

စိတ်ဝိညာဥ်ကျားက လှောင်ပြောင်ထေ့ငေါ့လိုက်၏။

“စိတ်ဝင်စားစရာပဲ... ငါ့မျက်လုံးတွေကို ငါပဲပိုင်တာ ငါကြည့်ချင်တဲ့နေရာကို ငါကြည့်မှာပဲ... အဲ့ဒါက မင်းအပူတစ်ပြားမှ မပါဘူး”

“ဟမ့်...”

ယက္ခ၏ အကြည့်က လူအုပ်ကြီးကိုဖြတ်၍ စိတ်ဝိညာဥ်ကျားအပေါ်ကျဆင်းသွား၏။

“မင်းကတော့ သေချင်နေပြီပဲ”

ရွှစ်...

ယက္ခက သူ၏ တောင်ပံများကို ​ဖြန့်ပြီး အနက်ရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာ ချက်ချင်းပျောက်ကွယ်သွား၏။

နောက်ခဏ၌ သူသည် စိတ်ဝိညာဥ်ကျား၏ ဦးခေါင်းထက်သို့ ရောက်ရှိလာပြီး ကောင်းကင်ထက်ကနေ ထိုးဆင်းကာ သူ၏ ထက်ရှသော တောင်ပံများနှင့်အတူ စိတ်ဝိညာဥ်ကျား၏ ဦးခေါင်းကို ပစ်ရိုက်ချလိုက်၏။

အဲ့ဒါက အရမ်းကိုမြန်ဆန်လွန်းလေသည်။

ကျင့်ကြံသူများစွာက အဲ့ဒါကို မတုံ့ပြန်နိုင်ကြပေ။

သို့သော်လည်း စိတ်ဝိညာဥ်ကျားက ကြိုတင်ပြင်ဆင်ထားပြီး သူ၏ ခန္ဓာကိုယ်က လျှပ်စီးများဖြင့် တဖျတ်ဖျတ်လက်လာ၏။ ဒေါသတကြီးဟိန်းဟောက်သံနှင့်အတူ သူက သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲပြီး ယက္ခ၏ တောင်ပံများနှင့် ရိုက်ခတ်ဖို့အတွက် သူ၏ လက်နှစ်ဖက်ကို ဝေ့ယမ်းလိုက်လေသည်။

ချွမ်း... ချွမ်း...

မီးပွားများက လွင့်စင်ထွက်သွား၏။

ချက်ချင်းဆိုသလို စိတ်ဝိညာဥ်ကျားသည် ယက္ခထံမှ သတ်ဖြတ်ကွက်ဆယ်ကွက်ကျော်ကို ပိတ်ဆို့တားဆီးလိုက်၏။

သို့သော်လည်း စိတ်ဝိညာဥ်ကျား၏ ခန္ဓာကိုယ်က အရမ်းကိုကြီးမားပြီး ပေါ့ပါးဖျတ်လတ်မှုနှင့် အမြန်နှုန်းအရာမှာ သူက ယက္ခထက်များစွာနိမ့်ကျလေသည်။ ယက္ခထံမှ အဆက်မပြတ်တိုက်ခိုက်မှုများကြောင့် သူက ပျာပျာသလဲဖြစ်လာ၏။

“သွားစမ်း”

ထိုစဥ်မှာပင် တိုက်ပွဲနယ်မြေကနေ ကျယ်လောင်သောဟိန်းဟောက်သံက ထွက်ပေါ်လာ၏။

မနှိုင်းယှဥ်သာအောင် တုတ်ခိုင်သော ရွှေရောင်တုတ်တစ်ချောင်းသည် ရုတ်တရက်ဆင်းသက်လာပြီး ယက္ခထံသို့ ကျဆင်းလာခဲ့၏။

ယက္ခက ရှောင်တိမ်းချင်သော်လည်း သူက ဘယ်လိုပင်ကြိုးစားသည်ဖြစ်စေ သူက ရွှေရောင်တုတ်၏ သက်ရောက်မှုကနေ မလွတ်​မြောက်နိုင်ကြောင်း နားလည်သွား၏။

ချွမ်း...

ယက္ခသည် ခုခံဖို့အတွက် သူ၏ ဆေဘာကွေးကို အလောတကြီး ထုတ်ဖော်လိုက်၏။

ဆေဘာကွေးက ရွှေရောင်တုတ်နှင့် ထိတွေ့ရိုက်ခတ်သွားလေသည်။ ရွှေရောင်တုတ်က အလွန်တရာကြောက်စရာကောင်းသော စွမ်းအားတစ်ခုကို ထုတ်ဖော်ပြီး ယက္ခ၏ ရင်ဘတ်ပေါ်ကို ကျဆင်းကာ သူ့ကို လွင့်စင်ထွက်သွားစေ၏။

လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။

သာမန်ပုံစံဟုသာထင်ရသော ဤမျောက်သည် ဤမျှအထိ လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။

အဲ့ဒါထက် ထိုမျောက်သည် ပေါင်းစည်းခန္ဓာ ယက္ခတစ်ကောင်ကို ရိုက်ချက်တစ်ချက်တည်းဖြင့် လွင့်စင်ထွက်သွားစေလိမ့်မည်ဟု မည်သူကမှ မထင်ထားကြပေ။

စိတ်ဝိညာဥ်ကျားက ရယ်မောလိုက်၏။

“အစ်ကိုမျောက်... ခင်ဗျားကတော့ အတော်ဆုံးပဲ “

ဘုန်း...

မျောက်၏ အမူအရာကအေးစက်နေပြီး သူ၏ မျက်လုံးများက သွေးရောင်အလင်းဖြင့် တောက်ပနေ၏။ သူက မလှမ်းမကမ်းတွင်ရှိသော ယက္ခကို စိုက်ကြည့်ကာ အကျော်ဇေယျကို မြေပြင်ပေါ်သို့ ပြင်းထန်စွာ စိုက်ချလိုက်၏။

မြေပြင်ရှိ ကျောက်ချပ်များက ချက်ချင်းပင် ပေါက်ကွဲထွက်သွား၏။

မျောက်၏ သားရဲချီက သိပ်သည်းပြင်းထန်ပြီး အော်ရာချင်းယှဥ်ရာမှာ သူက ယက္ခကို အပြတ်အသတ်ဖိနှိမ်နိုင်လေသည်။

ဘန်း...

ယက္ခသည် မြေပြင်ပေါ်သို့ ပစ်ကျသွားသော်လည်း သုန်မှုန်နေသောအမူအရာတစ်ခုနှင့်အတူ သူက အလျင်အမြန် ပြန်ထလာခဲ့၏။ သူ့ရင်ဘတ်ပေါ်ရှိ အရိုးတချို့က ကျိုးသွားခဲ့လေပြီ။

ဤကဲ့သို့သော ဒဏ်ရာက ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်အတွက် ပြင်းထန်သောဒဏ်ရာတစ်ခုဟု မဆိုနိုင်ပေ။

သို့သော်လည်း ယက္ခက ဆိုးဆိုးဝါးဝါး အရှက်ခွဲခံလိုက်ရသည်ဟု ခံစားလိုက်ရ၏။

သူတို့က မျိုးနွယ်စုတစ်သောင်း စုဝေးပွဲမှာရောက်ရှိနေကြပြီး အားလုံး၏ ရှေ့မှောက်မှာ သူက မျောက်တစ်ကောင်၏ ရိုက်နှက်ခြင်းကို ခံလိုက်ရ၏။

“ဟီးဟီး...”

“ဝမ်ယို... မင်းရဲ့တိုက်ခိုက်ရည်ခွန်အားက ဆုတ်ယုတ်လာခဲ့တာပဲ... ဘယ်လောက်တောင်ရှက်ဖို့ ကောင်းလိုက်သလဲ”

အခြားသောယက္ခများက ထိုသည်ကို တွေ့မြင်သောအခါ ရယ်မောလိုက်ကြ၏။

ယက္ခဝမ်ယို၏ မျက်နှာကအစိမ်းရောင်နှင့်အဖြူရောင် တစ်လှည့်စီပြောင်းလဲသွား၏။ သူ၏မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်က သိပ်သည်းစုဖွဲ့လာပြီး အေးစက်စွာဖြင့် ပြောလိုက်၏။

“အဲ့ဒီကနေ ရပ်ကြည့်မနေကြနဲ့... ကျားရှစ် ဒီကိုလာပြီး ငါ့ကိုကူဦး”

“ဒါပေါ့”

ကျားရှစ်ဟုအမည်ရသော ယက္ခက ပြုံးဖြီးလိုက်လေသည်။

သူက ဆက်လက်၍ မချုပ်တည်းနိုင်တော့ပဲ သူ၏ မသတီစရာလျှာနီနီဖြင့် သူ၏ နှုတ်ခမ်းကိုသပ်ကာ ရှေ့သို့ပျံသန်းလာခဲ့၏။

ယက္ခဝမ်ယိုက သူ၏ ရင်ဘတ်ကို လက်ဖြင့်အုပ်ကိုင်ပြီး သူ၏ ဒဏ်ရာများကို ကုသရင်း ပြောလိုက်၏။

“အဲ့ဒီမျောက်ကို ငါမင်းအတွက် ထားလိုက်တော့မယ်”

“ကိစ္စမရှိဘူး”

ယက္ခကျားရှစ်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေ၏။

ယက္ခဝမ်ယို၏ အကြည့်က ဆန်းကြယ်တောင်ထွတ်ဘက်သို့ နောက်တစ်ဖန် ကျဆင်းသွားပြီး အေးစက်စွာဖြင့် ပြောလိုက်၏။

“စောစောက ငါတို့ရဲ့ သခင်မလေးကိုစိုက်ကြည့်ခဲ့တဲ့ အဲ့ဒီပုရွက်ဆိတ်တွေကိုတော့ ငါအရင်သတ်လိုက်မယ်”

All Chapters