← Chapters

သတ်.. သတ်.. သတ်

Vol. 104 Ch. 1560

သတ်.. သတ်.. သတ်

Vol. 104 Ch. 1560

သက်ရှိများ အားလုံးက လှုပ်လှုပ်ရှားရှား ဖြစ်သွားကြ၏။

တိုက်ပွဲ၏ ဤနေရာအရောက်ထိ.. ယန်ပေးချန် တစ်ယောက်ကသာလျှင် ရွှေကျီးကန်းမျိုးနွယ်ကို သတ်ဖြတ်ဖို့အတွက် စွမ်းအားရှိပြီး သူကသာလျှင် ထိုသို့ပြုလုပ်ရဲသည့် သတ္တိရှိလေသည်။

ယခုတော့.. နောက်ထပ် ခြေသုံးချောင်း ရွှေကျီးကန်းတစ်ယောက်က တိုက်ပွဲမြေပြင်မှာ သေဆုံးသွားရလေသည်။

မရေမတွက်နိုင်သော အကြည့်များက လှမ်းမျှော်ကြည့်ရှုလာကြ၏။

ကောင်းကင်ထက်ကနေ ပုံရိပ် ၅ခုက ဆင်းသက်လာပြီး ခြေသုံးချောင်း ရွှေကျီးကန်းများစွာနှင့် ဆန့်ကျင်တိုက်ခိုက်ဖို့အတွက် တိုက်ပွဲမြေပြင်သို့ ဝင်ရောက်လာကြ၏။

အထင်ရှားဆုံး အရာမှာ… ၎င်း၏ တစ်ကိုယ်လုံး သားမွေးရှည်များဖြင့်​ ဖုံးအုပ်ထားသည့် အရပ်အမောင်းမြင့်မားသော မျောက်ဝံတစ်ကောင် ဖြစ်လေသည်။ ၎င်း၏ မျက်လုံးများက နီရဲနေပြီး ၄င်း၏ ရင်ဘတ်ကို​ တဖုန်းဖုန်း ထုရိုက်ကာ ၎င်း၏ ခြေကို ဆောင့်နင်း၍ ကောင်းကင်ထက်သို့ ဟိန်းဟောက်နေ၏။ ၎င်းသည် သိပ်သည်းပြင်းထန်သော သားရဲချီတစ်ခုနှင့်အတူ ၎င်း၏ ရွှေရောင်​ တောင်ဝှေးတစ်လက်ကို ဝှေ့ယမ်းနေ၏။

ဧရာမ မျောက်ဝံသည် အလွန်တရာ ကြမ်းတမ်းပြီး ခက်ထန်ကြမ်းကြုတ်လေသည်။ ခြေသုံးချောင်း ရွှေကျီးကန်း ၁၀ယောက်နှင့် ဝန်းရံတိုက်ခိုက်နေရစဉ်မှာတောင် ၎င်းက သက်သောင့်သက်သာ ရှိ၍ စွမ်းအားကြီးမားသော တန်ပြန်တိုက်ခိုက်မှုကို ထုတ်ဖော်နိုင်ဆဲ​ ဖြစ်၏။

ခွန်အားအရာမှာ ခြေသုံးချောင်း ရွှေကျီးကန်းသည် ဧရာမ မျောက်ဝံကို မယှဉ်နိုင်ပေ။

ဧရာမ မျောက်ဝံ၏ ဘေးမှာ လျှပ်စီးများဖြင့် တောက်ပနေသည့် ကျားတစ်ကောင် ရှိလေသည်။ ၎င်း၏ လက်သည်းများက ချွန်ထက်ပြီး လေထဲမှာ ယှက်ဖြာသွားလာနေသော ခြေသုံးချောင်း ရွှေကျီးကန်းများနှင့် ကြမ်းကြုတ်ခက်ထန်စွာ ဆန့်ကျင်တိုက်ခိုက်နေ၏။

၎င်း၏ ခန္ဓာကိုယ်ပေါ်မှာ မီးတောက်များ လောင်ကျွမ်းနေသည့် ကြိုးကြာတစ်ကောင်က လေထဲမှာ လှည့်ပတ်နေ၏။ ၎င်း၏ မျိုးဆက်သွေးက ပီဖန်အော်ရာနှင့် ပြည့်လျှမ်းနေလေသည်။

ရွှေခြင်္သေ့တစ်ကောင်ကလည်း ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုနှင့်အတူ ဟိန်းဟောက်နေ၏။

သားရဲ ၄ ကောင်ကြားမှာ အားနည်းပုံရသော ပိန်ပိန်ပါးပါး မြေခွေးတစ်ကောင် ရှိလေသည်။ ၎င်းတွင် သလင်းကဲ့သို့ တလက်လက် တောက်ပနေသော မီးတောက်နီရောင် သွားမွေးများ ရှိလေသည်။

မြေခွေးလေးသည် ပိန်းပိတ်အောင် နက်မှောင်နေသော ခြင်းတောင်းတစ်ခုကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး တိုက်ခိုက်ဖို့အတွက် အခွင့်အလမ်းကို စောင့်ဆိုင်းနေ၏။

စောစောက.. ခြေသုံးချောင်း ရွှေကျီးကန်း၏ အမြုတေစိတ်ဝိညာဉ်သည် ထိုအနက်ရောင် ခြင်းတောင်းကြောင့် သေသည့်တိုင်အောင် လောင်ကျွမ်းသွားခဲ့ရခြင်း ဖြစ်၏။

မျောက်၊ စိတ်ဝိညာဉ်ကျား၊ ချင်ချင်၊ ရွှေခြင်္သေ့နှင့် မြေခွေးလေးတို့က ရှေ့သို့ ထွက်လာခဲ့ပြီး တိုက်ပွဲနယ်မြေသို့ ဝင်ရောက်လာကြ၏။

“အဲဒါ သူတို့ပဲ”

ကောင်းကင်စင်ရော်ဂိုဏ်း၏ ဂိုဏ်းချုပ်က မျောက်နှင့် အခြားသူများကို တွေ့မြင်သောအခါ သူက ရုတ်တရက် မတ်တတ်ထရပ်ပြီး ကြေညာပြောဆိုလိုက်၏။

“ကမ္ဘာဦးမျိုးနွယ်က တာအိုရောင်းရင်းတို့… အဲဒီတောကောင် ၅ကောင်က အထီးကျန်သိုင်းသခင်ရဲ့ သွေးသောက်ညီအစ်ကို မောင်နှမတွေပဲ”

“မင်း အဲဒါ ဘာလုပ်တာလဲ”

ပဟေဠိနန်းတော်၏ နန်းတော်အရှင်က အမျက်ဒေါသဖြင့် ကျယ်လောင်စွာ မေးခွန်းထုတ်လိုက်၏။

ကျိချန်းရှန်ကလည်း မနေနိုင်ဘဲ ဝင်ပြောလိုက်၏။

“ကောင်းကင်စင်ရော်ဂိုဏ်းက လူသားမျိုးနွယ် အနိုင်ကျင့်ခံနေရတာကို ဒီတိုင်းပဲ စောင့်ကြည့်နေတယ်.. အခု ကျုပ်တို့က ဒီသားရဲညီအစ်ကိုတွေရဲ့ အကူအညီကို ရလာတဲ့အခါ.. ခင်ဗျားတို့က ကျေးဇူးတင်ရမယ့်အစား နောက်ကျောကို ဓားနဲ့ထိုးနေကြတာပဲ”

“ဟီးဟီး”

ကောင်းကင်စင်ရော်ဂိုဏ်း၏ ဂိုဏ်းချုပ်က လှောင်ရယ်လိုက်၏။

“သူတို့က တောကောင်တချို့ပဲ… ဒီကိစ္စမှာ အဆူရာက မဆင်မခြင်နဲ့ ရွှေကျီးကန်း အဋ္ဌမ မင်းသားကို သတ်ဖြတ်ခဲ့တာပဲ… သူက သူ့အသက်နဲ့ ပြန်ပေးဆပ်ရသင့်တယ်”

“အဲဒါ အမှန်ပဲ”

ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ ဂိုဏ်းချုပ်ကလည်း ခေါင်းညိတ်လိုက်၏။

“အဆူရာကြောင့်သာ မဟုတ်ရင်.. မျိုးနွယ်စုတစ်သောင်း စုဝေးပွဲကို ချောချောမွေ့မွေ့ ကျင်းပနိုင်နေလောက်ပြီ… ကိစ္စက ဒီအခြေအနေထိ ရောက်လာမှာ မဟုတ်ဘူး”

ထိုသည်ကို ကြားသောအခါ.. ကျိချန်းရှန်သာလျှင် မဟုတ်ဘဲ နှင်းပုံတောင်ကြား၊ ခရမ်းရောင် မိုးကောင်းကင်ဂိုဏ်း၊ ဒီပင်္ကရာကျောင်းတော်၊ စိန်ကျောင်းတော်နှင့် အခြားဂိုဏ်းများမှ ဂိုဏ်းချုပ်များပင်လျှင် ဒေါသတကြီး စိမ်းစိမ်းဝါးဝါး စိုက်ကြည့်လာကြ၏။

အဆူရာသာ ရောက်ရှိမလာဘူးဆိုလျှင်.. လူသားမျိုးနွယ်က မမျှော်မှန်းနိုင်သော အရှက်ကွဲမှုများနှင့် ကြုံတွေ့ရပေလိမ့်မည်။

ထိပ်သီးဂိုဏ်းကြီးများက ငြင်းဆန်နေကြစဉ်မှာ.. အခြားသော ကမ္ဘာဦးမျိုးနွယ် ၅စုကတော့ တည်ငြိမ်နေကြ၏။

အစကတော့.. ကမ္ဘာဦးမျိုးနွယ် ၅စုသည် ပြပွဲကို စောင့်ကြည့်ပြီး အရှိန်အဟုန် မြင့်တက်လာမည့် အခြေအနေကို စောင့်ဆိုင်းချင်ရုံမျှသာ ဖြစ်၏။

သို့သော်လည်း.. မျောက်နှင့် အခြားသူများက အထီးကျန်သိုင်းသခင်၏ သွေးသောက်ညီအစ်ကိုများ ဖြစ်သည်ဟု သူတို့ ကြားရသောအခါ… သူတို့က စိတ်ဝင်စားမှု ရှိလာခဲ့၏။

“အထီးကျန်သိုင်းသခင်က သေသွားလောက်ပြီ”

ထျန်လောက သူ၏ ပါးပြင်ကို ပွတ်သပ်ပြီး ရုတ်တရက် ပြောလိုက်၏။

“ငါတို့က ငါတို့ရဲ့ အမျက်ဒေါသတွေကို ဖြေဖျောက်ဖို့အတွက် အထီးကျန်သိုင်းသခင်ကို မသတ်ဖြတ်ရဘူးဆိုရင်တောင် သူ့ရဲ့ သွေးသောက်ညီအစ်ကို မောင်နှမတွေကို သတ်ဖြတ်ရမယ် ဆိုရင်လည်း မဆိုးပါဘူး”

“ငါတို့က အောက်ကို ဆင်းပြီး ကိုယ်လက်လှုပ်ရှားမှုတချို့ လုပ်ကြရင် ကောင်းလိမ့်မယ်”

ထျန်လောက သူ၏ နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်၏။

“ငါက နည်းနည်းတော့ ဆာနေပြီ… ငါ စားစရာတချို့ကို ဖမ်းဆီးရလိမ့်မယ်”

ကြမ်းကြုတ်မျက်လုံးက မလှုပ်မယှက် ရှိနေပြီး ထိုင်ရာကနေ ထလာဖို့ စိတ်ကူးမရှိသည့်ပုံပင်။

ယက္ခယုက သူမ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ထားပြီး ဝင်ရောက်တိုက်ခိုက်ဖို့ စိတ်ကူးမရှိသည့်အလား အနားယူနေ၏။

နတ်မိမယ် ရှောင်ရှန်း၏ အကြည့်က နတ်ဆိုးမကျိပေါ်သို့ ဆင်းသက်သွားလေသည်။ ရုတ်တရက် သူမက မတ်တတ်ထရပ်ပြီး အေးစက်စွာ ပြောလိုက်၏။

“အဲဒီ နတ်ဆိုးမကိုတော့ ငါ့အတွက် ထားလိုက်”

“အို…”

ထျန်လောက မေးလိုက်၏။

“တာအိုရောင်းရင်း ရှောင်ရှန်း.. ခင်ဗျားက ဘာလို့ အမျိုးသမီးတစ်ယောက်ကို စိတ်ဝင်စားသွားရတာလဲ”

“ငါက ငါ့ထက် လှတဲ့သူကို မတွေ့ဖူးသေးဘူး”

နတ်မိမယ် ရှောင်ရှန်းက မှင်သေသေဖြင့် ပြောလိုက်၏။

“ဒါပေမဲ့.. အဲ့လိုလူ ရှိလာမယ်ဆိုရင်လည်း ငါက သူ့ကို ကိုယ်တိုင်ဖျက်ဆီးပစ်မယ်”

“ရက်စက်လှချေလား.. ကျုပ်တော့ အဲဒါကို သဘောကျတယ်”

ထျန်လောက ဟားတိုက်ရယ်မောလိုက်၏။

သခင်လေး ဆန်းကြယ်တစ္ဆေကလည်း ဖြည်းဖြည်းချင်း ထရပ်လာ၏။ သူက လေထဲတွင် ရှိသော အဆူရာကို ကြည့်​ပြီး အေးစက်စွာ ပြောလိုက်၏။

“ငါကတော့ သူ့ကို ကိုယ်တိုင်ကိုင်တွယ်ရမယ်နဲ့ တူတယ်”

တိုက်ပွဲနယ်မြေတွင်…

သားရဲညီအစ်ကို မောင်နှမ ၅ယောက်၊ နတ်ဆိုးမကျိနှင့် မင်းကျန်တို့က ဝင်ရောက်လာသော်လည်း သူတို့သည် လက်ရှိအခြေအနေပေါ် များစွာသက်ရောက်စေနိုင်ခြင်း မရှိပေ။

သူတို့ တားဆီးပေးထားနိုင်သည့် ခြေသုံးချောင်း ရွှေကျီးကန်းများမှာ အရေအတွက် ၅၀ထက် မပိုပေ။

တစ်နည်းအားဖြင့်ဆိုလျှင်.. ရွှေကျီးကန်း မင်းသား ၃ပါး အပါအဝင် ခြေသုံးချောင်း ရွှေကျီးကန်း အများစုသည် ယန်ပေးချန်ကို ရူးသွပ်စွာ တိုက်ခိုက်နေကြဆဲဖြစ်၏။

ဤကဲ့သို့ ကြောက်စရာကောင်းသော တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်မှာ ယန်ပေးချန်၏ အော်ရာက အဆက်မပြတ် မြင့်တက်လာနေ၏။

သူ့ရင်ထဲရှိ အမုန်းတရားက ပိုမိုသန်မာလေလေ.. အမုန်းသုတ္တန်၏ စွမ်းအားကလည်း ပိုမိုသန်မာလေလေ ဖြစ်၏။

ရွှေကျီးကန်းများက ရာနှင့်ချီ ရှိနေလျှင်ပင် သူတို့က သူ့ကို မဖိနှိမ်နိုင်ပေ။

“အမုန်းတရား…”

ယန်ပေးချန်သည် ချောက်ချားဖွယ်ရာ ဟိန်းဟောက်ပြီး သူ၏ မျက်လုံးများက မင်ကဲ့သို့ ပိန်းပိတ်အောင် နက်မှောင်သွား၏။ အမုန်းမိစ္ဆာဆေဘာကို ဝှေ့ယမ်းပြီး ၎င်း၏ ပတ်လည်မှာ အမုန်းမိစ္ဆာချီစီးကြောင်းများကို ရစ်ပတ်လာစေ၏။ သူတို့က ကြွယ်ဝ၍ ကျယ်ပြောပြီး ဓမ္မပညာရပ်များစွာကို အဆက်မပြတ် ဝါးမျိုနေ၏။

ဖောင်း…

ယန်ပေးချန်၏ ခန္ဓာကိုယ်ပေါ်တွင် ခြေသုံးချောင်း ရွှေကျီးကန်းတစ်ကောင်၏ လက်ချက်ဖြင့် ဒဏ်ရာတစ်ခုက ပေါ်ထွက်လာ၏။

သို့သော်လည်း.. ယန်ပေးချန်သည် လက်ပြန်လွှဲ၍ ခုတ်ပိုင်းကာ ထိုခြေသုံးချောင်း ရွှေကျီးကန်းကို သတ်ဖြတ်ပစ်လိုက်၏။

ထိုခြေသုံးချောင်း ရွှေကျီးကန်းသည် ယန်ပေးချန်၏ ကိုယ်ပေါ်မှာ ဒဏ်ရာတစ်ခု ရရှိလာစေဖို့အတွက် သူ၏ အသက်နှင့် ဖလှယ်လိုက်ရလေသည်။

ဖောက်…

ယန်ပေးချန်၏ ရင်ဘတ်ပေါ်တွင် နက်ရှိုင်းသော ဒဏ်ရာတစ်ခုက ထပ်မံပေါ်ထွက်လာ​ပြီး သွေးများက တစ်စက်စက် စီးကျလာ၏။

သို့သော်လည်း သူသည် မည်သည့်နာကျင်မှုကိုမှ မခံစားရသည့်အလား.. ထိုခြေသုံးချောင်း ရွှေကျီးကန်း ရှိရာဘက်သို့ ခုတ်ပိုင်းကာ ထိုသူကို နှစ်ခြမ်းကွဲထွက်သွားစေ၏။

ခြေသုံးချောင်း ရွှေကျီးကန်း၏ အမြုတေစိတ်ဝိညာဉ်က အမုန်းမိစ္ဆာချီဖြင့် ဝါးမျိုခြင်းခံရပြီး နေရာမှာပင် သေဆုံးသွား၏။

“သတ်… သတ်… သတ်… “

ယန်ပေးချန်သည် သူ၏ ဆင်ခြင်တုံတရားကို လုံးဝဆုံးရှုံးသွား​ပြီး မည်သည့်နာကျင်မှု သို့မဟုတ် မည်သည့်ဖိအားကိုမှ မခံစားနိုင်သည့် အမုန်းစိတ်ဆန္ဒအဆင့်သို့ ဝင်ရောက်သွားလေသည်။

သူ၏ နှလုံးသားထဲမှာ အဆုံးမဲ့သော အမုန်းတရားများသာလျှင် ကျန်ရှိတော့၏။

သူသည် သူ့ရှေ့တွင်ရှိသော သက်ရှိများ အားလုံးကို သတ်ဖြတ်ချင်လေသည်။

ယန်ပေးချန်၏ ခန္ဓာကိုယ်ပေါ်တွင်​ နောက်ထပ် ဒဏ်ရာများက ထပ်မံပေါ်ထွက်လာ၏။

သို့သော်လည်း.. အမုန်းမိစ္ဆာဆေဘာအောက်တွင် သေဆုံးသွားသော ခြေသုံးချောင်း ရွှေကျီးကန်း အရေအတွက်ကလည်း တိုးလာနေ၏။

မြေပြင်မှာ ခြေသုံးချောင်း ရွှေကျီးကန်းများ၏ အလောင်းများက ပြန့်ကျဲနေပြီး သူတို့က အရေအတွက် ၁၀၀ လောက် ရှိကာ ကြည့်ရသည်မှာ တုန်လှုပ်စရာကောင်းလေသည်။

“မင်းတို့တွေက ဘာကို စောင့်နေကြတာလဲ”

သတ္တမင်းသား၏ အသံက တစ်နည်းတစ်ဖုံ စိတ်တိုနေဟန်ဖြင့် ထွက်ပေါ်လာ၏။

ယန်ပေးချန်သည် အမုန်းစိတ်ဆန္ဒအဆင့်သို့ လုံးဝ ဝင်ရောက်သွားပြီး သူ၏ အမုန်းက အကန့်အသတ်မဲ့ကာ သူ၏ ခွန်အားက အတောမသတ်နိုင်ဘဲ သူ၏ တိုက်ခိုက်ရည်ခွန်အားက အဆုံးမဲ့ တိုးလာနေသည်ကို သူက ကောင်းကောင်းသိလိုက်လေသည်။

သူ၏ သက်လုံအားက မကုန်ခမ်းသရွေ့.. သူ၏ တိုက်ခိုက်မှုများကို မည်သူကမှ ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

ရှေးဟောင်းခေတ် စစ်ပွဲမှာတုန်းက မိစ္ဆာဧကရာဇ် အမုန်းသည် ဤစိတ်ဆန္ဒအဆင့်သို့ ဝင်ရောက်ပြီး အမုန်းမိစ္ဆာဆေဘာဖြင့် ကမ္ဘာဦးမျိုးနွယ်မှ မရေမတွက်နိုင်သော ပညာရှင်များကို သတ်ဖြတ်ခဲ့လေသည်။

သခင်လေး ဆန်းကြယ်တစ္ဆေက ညင်သာစွာ ပြုံး၍ ယန်ပေးချန် ရှိရာသို့ လျှောက်လှမ်းလာ၏။

သူ၏ မသတီစရာ အစိမ်းရောင် မျက်လုံးများက ထူးဆန်းသော အရောင်အဝါတစ်ခုဖြင့် တောက်ပလာပြီး မကောင်းဆိုးဝါး စွမ်းအားတစ်ခုဖြင့် ပြည့်လျှမ်းလာ၏။

နောက်ခဏ၌.. ယန်ပေးချန်၏ ရှေ့တွင်ရှိသော ခြေသုံးချောင်း ရွှေကျီးကန်းက ပျောက်ကွယ်သွား၏။

၎င်း၏ နေရာမှာ ရင်းနှီးနေကျ နောက်ကျောတစ်ခုက ပေါ်ထွက်လာ၏။

“ဖျန်ယန်…”

ယန်ပေးချန်သည် မှင်တက်သွားပြီး အလိုလို အံ့အားတသင့် ရေရွတ်လိုက်၏။

“အစ်ကိုယန်.. ကျွန်မပါ.. ကျွန်မက မသေသေးဘူး”

ချောမောလှပသော ပုံရိပ်သည် ယန်ပေးချန် ရှိရာဘက်သို့ လှည့်ပြီး ညင်သာစွာ ပြုံးပြကာ နူးညံ့သော အသံဖြင့် ပြောလိုက်၏။

“ဖျန်ယန်.. မင်း မသေသေးဘူး.. မင်း မသေသေးဘူးပဲ”

ယန်ပေးချန်သည် စိုးရိမ်ပူပန်လာပြီး သူ၏ မျက်နှာပေါ်မှာ ပူနွေးသော မျက်ရည်များက လိမ့်ဆင်းလာကာ သူ့လက်ထဲရှိ အမုန်းမိစ္ဆာဆေဘာနှင့်အတူ သူ့လက်ကို အောက်သို့ ချလိုက်လေသည်။

ချွင်.. ချွင်..

အမုန်းမိစ္ဆာဆေဘာက အန္တရာယ်ကို အာရုံခံမိသွားပြီး တဇီဇီ အော်မြည်၍ တုန်ခါကာ သူ့ကို ထပ်တလဲလဲ သတိပေးနေ၏။

ယန်ပေးချန်က ဤပုံရိပ်ယောင်ထဲမှာ လုံးဝ နစ်မျောသွားပြီဖြစ်ပြီး သူ့ကိုယ်သူ ရုန်းမထွက်စေနိုင်တော့ပေ။

“အဆူရာ…”

ထိုသည်ကို သတိထားမိသောအခါ.. နတ်ဆိုးမကျိက စိုးရိမ်ပူပန်သည့်ပုံပေါ်လာ၏။ သူမသည် ယန်ပေးချန်ကို ဘေးကနေ ပစ်တွန်း​ပြီး ထိုသူကို ပုံရိပ်ယောင်ထဲကနေ နိုးထစေရန် ကူညီပေးဖို့အတွက် ပြေးသွားချင်လေသည်။

ထိုစဉ်မှာပင် နတ်ဆိုးမကျိ၏ ရှေ့မှာ ပုံရိပ်တစ်ခုက ပေါ်ထွက်လာ၏။

နတ်မိမယ် ရှောင်ရှန်းသည် သူမ မျက်လုံးထဲရှိ မနာလိုအားကျမှု တစ်စွန်းတစ်စနှင့်အတူ နတ်ဆိုးမကျိကို ငုံ့ကြည့်လိုက်၏။

“နတ်ဆိုးမ.. နင့်ရဲ့ ပြိုင်ဘက်က ငါပဲ”

All Chapters