ကောင်းကင်အင်ပါယာဓားသိုင်း
Vol. 1 Ch. 2
(အဆင့်တွေရယ်၊ အသုံးတွေရယ်ရှုပ်မှာစိုးလို့ ရေးပေးလိုက်တယ်။ ဖတ်ပြီးမှတ်ထားလိုက်၊ ဒါမှမဟုတ် Screenshot ရိုက်ထားလိုက်ပါ။ နောက်ပိုင်းမှာ အဆင့်တွေ ရောကုန်ရင် ဖတ်ရအရသာပျက်နေမယ်)
အဆင့်များ
ကျင့်ကြံဆင့်
နံပါတ်(၁) ချီစုဆောင်းခြင်းအဆင့်
နံပါတ်(၂) အခြေတည်ထောင်ခြင်းအဆင့်
နံပါတ်(၃) အမြူတေဖွဲ့စည်းခြင်းအဆင့်
နံပါတ်(၄) ချီအရည်ဖွဲ့စည်းခြင်းအဆင့်
နံပါတ်(၅) ဓာတ်ကြီးသုံးပါးနတ်အဆင့်
နံပါတ်(၆) ဝိဉာဥ်သန္ဓေအဆင့်
နံပါတ်(၇) စိတ်ဝိဉာဉ်ခွဲထွက်ခြင်းအဆင့်
ထိုအဆင့်များကို အဆင့်သေးများအဖြစ် ဆက်လက်၍ ခွဲထားသည်။ အဆင့်တစ်ဆင့်ဆီတိုင်းတွင် အစောပိုင်းအဆင့်၊ စဦးအဆင့်၊ အလယ်အဆင့်၊ ထိပ်ဆုံးအဆင့်နှင့် အထွဋ်အထိပ်အဆင့်ဟူ၍ ရှိသည်။
သိုင်းပညာရပ်များနှင့် မှော်လက်နက်များ၏ အဆင့်
နံပါတ်(၁) သေမျိုးအဆင့်
နံပါတ်(၂) မြေကမ္ဘာအဆင့်
နံပါတ်(၃) ကောင်းကင်အဆင့်
နံပါတ်(၄) သူတော်စင်အဆင့်
နံပါတ်(၅) နတ်ဘုရားအဆင့်
ထိုအဆင့်များတွင်လည်း အဆင့်သေးများ(၃)ခု ခွဲထားသည်။ အဆင့်တစ်ခုဆီတိုင်းတွင် အဆင့်နိမ့်၊ အလယ်အလတ်နှင့် အဆင့်မြင့်ဟူ၍ (၃)မျိုးခွဲခြားထားပါသည်။
ပါရမီအဆင့်
နံပါတ်(၁) နိမ့်ကျတဲ့ပါရမီ
နံပါတ်(၂) သာမန်ပါရမီ
နံပါတ်(၃) သာမန်ထက်မြင့်သော ပါရမီ
နံပါတ်(၄) ထူးခြားသော ပါရမီ
နံပါတ်(၅) ပါရမီရှင်အဆင့်
နံပါတ်(၆) ကောင်းကင်ဘုံ၏ ဂုဏ်သိက္ခာ
မီးတောက်အဆင့်များ
နံပါတ်(၁) သေမျိုးမီးတောက်
နံပါတ်(၂) ဝိဉာဉ်မီးတောက်
နံပါတ်(၃) ဆန်းကြယ်မီးတောက်
နံပါတ်(၄) ကောင်းကင်မီးတောက်
ဆေးဆရာ/ အစီအရင်ဆရာ
နံပါတ်(၁) အဆင့်တစ်
နံပါတ်(၂) အဆင့်နှစ်
နံပါတ်(၃) အဆင့်သုံး
နံပါတ်(၄) အဆင့်လေး
နံပါတ်(၅) အဆင့်ငါး
နံပါတ်(၆) အဆင့်ခြောက်
အဆင့်တစ်ရှိသော ဆေးဆရာသည် အနည်းဆုံး အဆင့်တစ်ရှိသော ဆေးလုံးကို ဖော်စပ်နိုင်သည်။ သို့သော် အဆင့်တစ်ရှိသည့် မည်သည့်ဆေးလုံးကိုမဆို ဖော်စပ်နိုင်ခြင်းတော့ မရှိပါ။ အဓိပ္ပါယ်မှာ သူတို့သည် အနည်းဆုံး အဆင့်တစ်ရှိသော ဆေးလုံးကို ဖော်စပ်နိုင်စွမ်းသာ ရှိသည်။
တချို့ဆေးလုံးများသည် အဆင့်တစ်သာဖြစ်သော်လည်း အဆင့်တစ်ဆေးဆရာတစ်ယောက် ဖော်စပ်ရန် ခက်ခဲလွန်းလှပါသည်။ ကျွမ်းကျင်ကာ အတွေ့အကြုံရင့်ကျက်သော အဆင့်တစ်ဆေးဆရာသာ ထိုအဆင့်တစ်ဆေးလုံးများကို ဖော်စပ်နိုင်စွမ်းရှိပေလိမ့်မည်။
ထိုကဲ့သို့ အလားတူပင် အဆင့်တစ်အစီအရင်ဆရာသည် အဆင့်တစ်အစီအရင်များကို စီရင်နိုင်ခြင်း (သို့မဟုတ်) ဖြေရှင်းနိုင်ခြင်းများ မရှိပါ။
သူက ဟောခန်းမကြီး၏ ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည်။ ခန်းမတစ်ခုလုံးသည် ပျော်ရွှင်မှုများ၊ ရယ်မောသံများနှင့် ပြည့်နှက်နေ၏။ ဘယ်သူကမှ သူ့ကို အာရုံစိုက်မနေပါ။ စနစ်၏ ရောက်လာခြင်းသည် လက်ရှိအခြေအနေကို အကြီးအကျယ် ပြောင်းလဲသွားစေခဲ့သည်။ ဖုန့်ချန်းမှာ စနစ်က သူ့ကို ဘာတွေများထောက်ပံ့နိုင်မလဲဆိုတာကို သိရန်အတွက် မစောင့်နိုင်ပါတော့ချေ။
“ စနစ် “
သူ တိုးတိုးလေးခေါ်လိုက်သည်။
“ မင်း ဘာတွေများ လုပ်နိုင်လဲ။ “
[ ကြိုဆိုပါတယ် ပိုင်ရှင်၊ သိုင်းပညာစနစ်က ပိုင်ရှင့်ကို ကောင်းကင်နယ်မြေအတွင်းမှာ တုနှိုင်းမဲ့ပုဂ္ဂိုလ်တစ်ပါးဖြစ်အောင် ထောက်ပံ့ပေးမှာပါ။ ပိုင်ရှင်က စနစ်ဆီကနေ သိုင်းပညာကျင့်စဉ်များ၊ ကျင့်ကြံခြင်းအရင်းအမြစ်များနှင့် ပိုင်ရှင်အတွက် အတိအကျလိုအပ်တဲ့အရာတွေကို ထောက်ပံ့ပေးမှာပါ။ ပြိုင်ဘက်ကင်းပုဂ္ဂိုလ်ဖြစ်လာမဲ့လမ်းကြောင်းက ယခုအချိန်ကနေပြီးတော့ စတင်ပါပြီ။ ]
‘ သောက်ကျိုးနည်းကို ပြိုင်ဘက်ကင်းပုဂ္ဂိလ်ပါလား၊ ဘောကို ပြိုင်ဘက်ကင်းပုဂ္ဂိုလ်ပါလား။ ‘
သူသည် ပါရမီရှင်ဖြစ်ရမည့် အသက်အရွယ်ကို ကျော်လွန်နေပြီဖြစ်သည်။ အသက်(၃၀)ဆိုသည်မှာ အိုမင်းတော့မည့်အရွယ်၏ အစပင် ဖြစ်သည်။ သိပ်မကြာခင် သူသည် အဘိုးကြီးဖြစ်ပြီး တုတ်ကောက်တစ်ချောင်းကို ကိုင်ကာ ခါးကုန်းပြီး လျှောက်သွားရတော့မည်ဖြစ်ပါတော့သည်။
ကံဆိုးတာက ယခုထက်ထိ သူသည် လက်တွဲဖော်အမျိုးသမီး မရှိသေးပါ။ သူ၏ မိခင်နှင့် ဖခင်သည် ရက်စပ်လွန်းပါသည်။ ညီဖြစ်သူကို ပေါက်စဘဝထဲကိုက အမျိုးသမီးတစ်ဦးနှင့် စေ့စပ်ကြောင်းလမ်းမှုကို စီစဉ်ပေးခဲ့ပြီး သူ့အတွက်ကိုတော့ တစ်ဦးတစ်ယောက်နှင့်မှလည်း မစီစဉ်ပေးပါ။
သောက်ကျိုးနည်း ဝတ္ထုဇာတ်ကောင်တွေ သောက်ပဲကွာ အားလုံးကို သောက်ပဲဟေ့…
သူ့ဘာသာသူ ချစ်မြတ်နိုးရမည့်အမျိုးသမီးကို ရှာဖွေရန်အတွက်လည်း မိသားစုခေါင်းဆောင်ဖြစ်နေသောကြောင့် မိသားစုကို အဘက်ဘက်က ထောက်ပံ့ရမည့်အရေးကိုသာ သူ အားစိုက်နေခဲ့ရသည်။ ယခုထက်ထိ သူသည် ချစ်သူရည်းစားအတွက်ကို မလှည့်နိုင်သေးပါချေ။
ဒါပေမဲ့ သူသည် ပါရမီရှင်ဖြစ်ရန် အသက်အရွယ်ကျော်လွန်နေပြီဆိုပေမဲ့လည်း စနစ်က သူ့မိသားစု၏ လူငယ်မျိုးဆက်များကို ကြက်ဘဝမှ ဖီးနစ်ဘဝသို့ ပြောင်းလဲရန်အတွက် အကူအညီပေးကောင်းပေးနိုင်ပါလိမ့်မည်။
“ အရင်ဆုံး ငါ ဘာလုပ်ရင်ကောင်းမလဲ။ “
ဖုန့်ချန်းသည် စနစ်ကို စိတ်ထဲမှ မေးလိုက်သည်။
[ ပိုင်ရှင်၊ စနစ်က ပိုင်ရှင့်ကို လူသစ်လက်ဆောင်တစ်ခု ထောက်ပံ့ပေးမှာဖြစ်ပါတယ်၊ လူသစ်လက်ဆောင်ထဲမှာ အခြေခံကျင့်ကြံခြင်းအရင်းအမြစ်တွေ ပါပြီးတော့ ပိုင်ရှင်ရဲ့ စွမ်းအားကို ဘယ်လိုမြှင့်တင်ရမလဲဆိုတဲ့ လမ်းညွှန်စာအုပ်လည်း ပါပါတယ်။ ထပ်ပြီးတော့ ပိုင်ရှင်အနေနဲ့ လက်ဆောင်တွေ ရချင်တယ်ဆိုရင် စနစ်ကပေးတဲ့ တာဝန်တွေ လိုအပ်ချက်တွေကို ဖြည့်ဆည်းပြီးတော့ သင့်တော်တဲ့လက်ဆောင်တွေကို လက်ခံရယူနိုင်ပါတယ်။ ]
ဖုန့်ချန်း၏ မျက်လုံးများသည် ပျော်ရွှင်မှုများ၊ တက်ကြွမှုများနှင့် အရောင်တောက်ပသွားသည်။ စနစ်က အမှန်တကယ် ဘာတွေလုပ်နိုင်လဲဆိုတာကို သူ မသိသေးပေမဲ့ အရင်ဘဝတုန်းက စနစ်နှင့်ပတ်သက်သော ဝတ္ထုများကို ဖတ်ရှုခဲ့ဖူးသောကြောင့် စနစ်ဆိုသည်မှာ စွမ်းအားကြီးလှသော စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး ဖြစ်စေရန်အတွက် ဖြတ်လမ်းဆိုသည်ကိုတော့ သူ ကောင်းကောင်းသိပါသည်။
“ အရင်ဆုံး လူသစ်လက်ဆောင်ထုတ်နဲ့ စကြတာပေါ့။ “
ဖုန့်ချန်းက အမိန့်ပေးလိုက်သည်။
[ ဂုဏ်ယူပါတယ်၊ ပိုင်ရှင်က အမြူတေအရည်ဖွဲ့ခြင်းဆေးလုံး(၁၀)လုံး၊ အရိုးသန့်စင်ဆေးလုံး(၁၀)လုံး၊ အဆင့်မြင့်ကောင်းကင်အဆင့်ဓားသိုင်းဖြစ်တဲ့ ကောင်းကင်အင်ပါယာဓားသိုင်း၊ သန့်စင်အနှစ်သာရဆေးပုလင်း(၁)ပုလင်းကို လက်ဆောင်အနေနဲ့ ရရှိပါတယ်။ ကျေးဇူးပြုပြီး လက်ဆောင်များကို အချိန်အကုန်ခင် သိမ်းဆည်းပါ။ ]
“ ဒါ အရမ်းမိုက်တာပဲ။ “
ဖုန့်ချန်းက တီးတိုးရေရွတ်လိုက်သည်။ သူ့မျက်နှာက အပြုံးများ ပွင့်လန်းနေသည်။
( ကံဆိုးတာပဲ၊ အမြူတေဖွဲ့စည်းခြင်းဆေးလုံး(၁၀)လုံးက ငါ့အတွက် အသုံးမဝင်တော့ဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ငါ့ရဲ့ မိသားစုအကြီးအကဲတွေကိုတော့ ဒီဆေးလုံးက အသုံးဝင်မှာပါ။ )
ဖုန့်ချန်း တွေးလိုက်သည်။ အမြူတေအရည်ဖွဲ့ခြင်းဆေးသည် အမြူတေဖွဲ့စည်းခြင်းအဆင့်တွင်သာ အသုံးဝင်ပါသည်။ အမြူတေဖွဲ့စည်းခြင်းအဆင့်၏ အထက်တွင် ထိုဆေးလုံးများသည် အသုံးမဝင်တော့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ထိုဆေးလုံးများထက် အရိုးသန့်စင်ဆေးလုံးက ဖုန့်ချန်း ပိုသဘောကျမိပါသည်။
ထိုဆေးလုံးများသည် သောက်သုံးလိုက်ပါက ကျင့်ကြံသူ၏ အရိုးနှင့် အရွတ်များ၏ သန်စွမ်းမှုကို တိုးမြှင့်ပေးသည်။ မိမိခန္ဓာကိုယ်၏ ကျင့်ကြံနိုင်မှုအလားအလာကို မြှင့်တင်ပေးသည်။ ထိုအရာသည် ခန္ဓာကိုယ်အတွင်းရှိ မသန့်စင်မှုများကို ဖယ်ရှားပြီး မိမိ၏ ခန္ဓာကိုယ်တစ်ခုလုံး၏ ကျန်းမာရေးနှင့် စိတ်ဝိဉာဉ်စွမ်းအားများကို စုပ်ယူနိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပါသည်။
ထိုဆေးလုံးများသည် တစ်စုံတစ်ဦး၏ ပါရမီကို လုံးဝပြောင်းလဲသွားစေနိုင်ပါသည်။ ထိုဆေးလုံးများသည် ကောင်းကင်ဘုံ၏ ဂုဏ်သိက္ခာဟူသော ပါရမီကို မရစေနိုင်သော်လည်း သာမန်ထက် စွမ်းအားကြီးသောခန္ဓာကိုယ်နှင့် ကံတရားကို ပိုင်ဆိုင်စေပါသည်။ ထိုဆေးလုံးသည် လက်ရှိ သူ၏ ဖုန့်မိသားစု လိုအပ်နေသောအရာပင် ဖြစ်ပါသည်။
နောက်တစ်ခုက ကောင်းကင်အဆင့်ဓားသိုင်းပင် ဖြစ်သည်။ ထိုဓားသိုင်းက မိသားစုအတွက် သိပ်ပြီးတော့ အသုံးမဝင်ပေမဲ့ သူ့အတွက်တော့ အသုံးဝင်ပါလိမ့်မယ်။
ကျင့်ကြံခြင်းအဆင့်တွင် သိုင်းပညာရပ်များကို အဆင့်(၅)ခုခွဲထားသည်။ သေမျိုး၊ မြေကမ္ဘာ၊ ကောင်းကင်၊ သူတော်စင်နှင့် နတ်ဘုရားဟူ၍ ဖြစ်သည်။ ကျင့်ကြံသူအများစုသည် သေမျိုးအဆင့်ကျင့်စဉ်များကိုသာ ပိုင်ဆိုင်ထားကြသည်။ မြေကမ္ဘာအဆင့်ကျင့်စဉ်ကို ရယူနိုင်ခြင်းကပင်လျှင် အောင်မြင်မှုကြီးကြီးမားမားဟု သတ်မှတ်၍ ရရှိနေပြီဖြစ်ပါသည်။
ကောင်းကင်အဆင့်ကျင့်ကြံခြင်းနည်းလမ်းများကတော့ မိုးပြာကောင်းကင်အင်ပါယာ၏ နံပါတ်တစ်ထိပ်တန်းဂိုဏ်းများတွင်သာ ရှိကောင်းရှိနိုင်ပါပေလိမ့်မည်။ ထိုဂိုဏ်းကြီးများမှလွဲ၍ တော်ဝင်မိသားစုတွင်ပင်လျှင် ကောင်းကင်အဆင့်ကျင့်ကြံခြင်းနည်းလမ်းများသည် တစ်ခု (သို့မဟုတ်) နှစ်ခုခန့်သာ ရှိပေလိမ့်မည်။
ယခုတွင်တော့ သူသည် ရှားပါးလှသောကောင်းကင်အဆင့်ကျင့်စဉ်ကို ပိုင်ဆိုင်ထားသည့် လူနည်းစုထဲမှ တစ်ဦးဖြစ်လာခဲ့ပြီဖြစ်သည်။ ကောင်းကင်အဆင့်ကျင့်စဉ်နှင့်သာဆိုလျှင် သူ့ထက် အဆင့်သေး(၃)ဆင့် (၄)ဆင့်ခန့်မြင့်သောလူများကို ကိုင်တွယ်ရန်မှ မခက်ခဲတော့လှပါချေ။
[ ပိုင်ရှင်၊ ကောင်းကင်အင်ပါယာဓားသိုင်းကို သင်ယူလိုပါသလား။ ]
စနစ်က မေးလိုက်သည်။
“ ဘယ်လို၊ ငါက ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ ကျွမ်းကျွမ်းကျင်ကျင် သင်လို့ရတာလား။ “
စနစ်ပြောလိုက်သောစကားကို ကြားသော် ဖုန့်ချန်းက အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ ပုံမှန်ဆိုလျှင် တစ်စုံတစ်ဦးသည် ကျင့်စဉ်ကို ကျင့်ကြံရန်အတွက် ရက်ပေါင်း၊ လပေါင်း၊ နှစ်ပေါင်းများစွာကြာအောင် ကျင့်ကြံရမည်ဖြစ်သည်။ ထို့အပြင် ထိုကျင့်စဉ်ကို ကျွမ်းကျင်ရန်အတွက် အချိန်အများအပြားပေးရမည် ဖြစ်သည်။
ယခုကြည့်ရသလောက်ကတော့ သူသည် အချိန်ပေးစရာမလိုပေ။ စနစ်ထံမှ တိုက်ရိုက်သင်ကြား၍ ရသည်ထင်သည်။
“ ဒါပေါ့၊ သင်မှာပေါ့၊ မသင်ရအောင် ငါက အရူးလား။ “
ဖုန့်ချန်းက ပျော်ရွှင်စွာဖြင့် အမိန့်ပေးလိုက်သည်။ ချက်ချင်းပင်လျှင် လွန်စွာများပြားလှသော အသိပညာများသည် ဖုန့်ချန်း၏ စိတ်အတွင်းအာရုံထဲသို့ ဝင်ရောက်လာသည်။ ချက်ချင်းပင်လျှင် သူ့ကို ကောင်းကင်အင်ပါယာဓားသိုင်းနှင့်ပတ်သက်ပြီး အပြည့်အဝနားလည်မှုကို ပေးစွမ်းလိုက်သည်။
သူက ချက်ချင်းတတ်မြောက်သွားသောကြောင့် ပျော်ရွှင်မှုကို အတင်းအကြပ် ထိန်းချုပ်လိုက်ရသည်။
“ ဟားဟားဟားဟားဟား “
သူက အားပါးတရ ရယ်မောလိုက်ပြန်၏။ သူ မထိန်းနိုင်တော့ပါ။