← Chapters

စနစ်က ရောက်လာတာ နောက်ကျလွန်းအားကြီးတယ်

Vol. 1 Ch. 3

စနစ်က ရောက်လာတာ နောက်ကျလွန်းအားကြီးတယ်

Vol. 1 Ch. 3

“ အစ်ကို၊ အစ်ကို့ကို ကြည့်ရတာ ဒီနေ့ အရမ်းကို ပျော်နေသလိုပဲနော်။ “

ဖုန့်ချန်း၏ အူကြောင်ကြောင်ဖြစ်နေသော အခြေအနေကို သတိပြုမိသောဖုန့်မေက ထပ်မံ၍ မေးလိုက်သည်။ ဖုန့်မေသည် အတိတ်တုန်းက ဖုန့်ချန်းရယ်မောသည်ကို မမြင်တွေ့ခဲ့ဖူးပါ။ ယနေ့တွင် သူသည် အရူးတစ်ယောက်လို ရယ်မောနေသည်မှာ (၂)ခါရှိနေပြီ။

“ ဟားဟား ဒီနေ့က မင်းတို့အားလုံးနဲ့ ငါ့ရဲ့ မွေးနေ့ကို ကျင်းပရတာမို့လို့ ပျော်ရွှင်နေတာပါ။ “

ဖုန့်ချန်းက သူမ၏ ဦးခေါင်းလေးကို လက်ဖြင့်ပွတ်သပ်ရင်း ချစ်မြတ်နိုးစွာဖြင့် ပြန်ဖြေလိုက်သည်။

( ကောင်းကင်ဘုံအဆင့်ရှိတဲ့သိုင်းပညာကို ချက်ချင်းတတ်သွားတာ မပျော်ဘဲ နေပါ့မလားကွ။ )

သိုင်းကျမ်းကို ရရှိရုံနှင့်ပင် တစ်စုံတစ်ဦးကို ရူးသွပ်သွားစေနိုင်ပါသည်။ တစ်စက္ကန့်အတွင်းမှာပင် သိုင်းပညာကို ကျွမ်းကျွမ်းကျင်ကျင်နှင့် တတ်မြောက်သွားခြင်းက ပို၍ပင် ရူးသွားနိုင်စေပါသည်။

သူက ကမ္ဘာကူးပြောင်းလာသောသူဖြစ်ပြီး မိမိကိုယ်ကိုမိမိ ထိန်းချုပ်နိုင်စွမ်းရှိသောကြောင့်ပင်လျှင် ကျေးဇူးတင်ရမည်ဖြစ်သည်။ မဟုတ်လျှင် သူသည် ဤနေရာတွင် စားပွဲပေါ်တက်ကာ (၂)ပတ်(၃)ပတ်ဂျွမ်းထိုးပြီး ထကနေလိမ့်မည်ဖြစ်သည်။ ပျော်လွန်းသောကြောင့် စားပွဲပေါ်ကို တက်လိုက်ဆင်းလိုက်နှင့် မျောက်တစ်ကောင်လိုမျိုးပင် သူ လုပ်နေဦးမည်ဖြစ်သည်။

ဖုန့်ချန်းသည် အတင်းအကြပ် စိတ်ကို ထိန်းချုပ်လိုက်ပြီး မိမိ၏ ပေါင်ကို မိမိ ဆွဲဆိတ်နေမိသည်။ ထို့နောက်တွင် စနစ်၏ တခြားသော လုပ်ဆောင်နိုင်စွမ်းများကို ဆက်လက်၍ ကြည့်နေသည်။

“ စနစ်ရေ ငါ့ရဲ့ ကိုယ်ရေးအချက်အလက်ကို ကြည့်ချင်တယ်ကွာ။ “

ဖုန့်ချန်းက အတွေးနှင့် အမိန့်ပေးလိုက်သည်။

( ပိုင်ရှင်၏ အချက်အလက်များ )

ပိုင်ရှင် - ဖုန့်ချန်း

အသက် - (၃၀)

ကျင့်ကြံခြင်းအဆင့် - ဓာတ်ကြီးသုံးပါးနတ်အဆင့် ( အထွဋ်အထိပ် )

သိုင်းပညာများ - ကောင်းကင်အင်ပါယာဓားသိုင်း ( အဆင့်မြင့်ကောင်းကင်အဆင့် )၊ သံလက်သီးသိုင်း ( သေမျိုးအလယ်အလတ်အဆင့် )၊ အလင်းဓားသိုင်း ( သေမျိုးအထက်အဆင့် )၊ မြေကမ္ဘာပြိုကွဲလက်ဝါးသိုင်း ( မြေကမ္ဘာအဆင့်အလယ်အဆင့် )။

( စနစ်၏ သိုလှောင်ခန်း )

အမြူတေအရည်ဖွဲ့ခြင်းဆေးလုံး(၁၀)လုံး၊ အရိုးသန့်စင်ဆေးလုံး(၁၀)လုံး၊ သန့်စင်အနှစ်သာရဆေးရည်(၁)ပုလင်း

( စနစ်၏ တာဝန်များ )

နံပါတ်တစ် - ချီစုဆောင်းခြင်းအဆင့်ကို ရောက်ရှိပါ။ ပြီးပြည့်စုံသည်။

နံပါတ်နှစ် - အခြေတည်ထောင်ခြင်းအဆင့်ကို ရောက်ရှိပါ။ ပြီးပြည့်စုံသည်။

နံပါတ်သုံး - အမြူတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်ရှိပါ။ ပြီးပြည့်စုံသည်။

နံပါတ်လေး - ချီအရည်ဖွဲ့ခြင်းအဆင့်ကို ရောက်ရှိပါ။ ပြီးပြည့်စုံသည်။

နံပါတ်ငါး - ဓာတ်ကြီးသုံးပါးနတ်အဆင့်ကို ရောက်ရှိပါ။ ပြီးပြည့်စုံသည်။

ဒင်း

[ ဂုဏ်ယူပါတယ် ပိုင်ရှင်၊ ချီစုဆောင်းခြင်းအဆင့်ကို အောင်မြင်စွာ ရောက်ရှိခဲ့ပါပြီ။ ]

[ ဆုလာဘ်များ - ချီစုဆောင်းခြင်းဆေးလုံး (၁၀)လုံး၊ ဝိဉာဉ်ဆေးလုံး (၁၀)လုံးနှင့် စနစ်၏ ရမှတ်(၂၀၀၀)မှတ် ]

[ ဂုဏ်ယူပါတယ် ပိုင်ရှင်၊ အခြေတည်ထောင်ခြင်းအဆင့်ကို အောင်မြင်စွာ ရောက်ရှိခဲ့ပါပြီ။ ]

[ ဆုလာဘ်များ - အခြေတည်ထောင်ခြင်းဆေးလုံး (၁၀)လုံး၊ ဆန်းကြယ်အဆင့်ဉာဏ်အလင်းပွင့်ကျမ်း (၁၀)ခုနှင့် စနစ်၏ ရမှတ်(၅၀၀၀)မှတ် ]

[ ဂုဏ်ယူပါတယ် ပိုင်ရှင်၊ အမြူတေဖွဲ့စည်းခြင်းအဆင့်ကို အောင်မြင်စွာ ရောက်ရှိခဲ့ပါပြီ။ ]

[ ဆုလာဘ်များ - အမြူတေဖွဲ့စည်းခြင်းဆေးလုံး (၁၀)လုံး၊ အမြူတေသန့်စင်ခြင်းဆေးရည် (၁၀)ပုလင်းနှင့် စနစ်၏ ရမှတ်(၁၀၀၀၀)မှတ် ]

[ ဂုဏ်ယူပါတယ် ပိုင်ရှင်၊ ချီအရည်ဖွဲ့ခြင်းအဆင့်ကို အောင်မြင်စွာ ရောက်ရှိခဲ့ပါပြီ။ ]

[ ‌ဆုလာဘ်များ - ချီမြှင့်တင်ခြင်းဆေးလုံး (၁၀)လုံး၊ ကောင်းကင်အဆင့်ဉာဏ်အလင်းပွင့်ကျမ်း (၁၀)ခုနှင့် စနစ်၏ ရမှတ်(၂၀၀၀၀)မှတ် ]

[ ဂုဏ်ယူပါတယ် ပိုင်ရှင်၊ ဓာတ်ကြီးသုံးပါးနတ်အဆင့်ကို အောင်မြင်စွာ ရောက်ရှိခဲ့ပါပြီ။ ]

[ ‌ဆုလာဘ်များ - ဓာတ်ကြီးသုံးပါးရောထွေးခြင်းဆေးလုံး (၁၀)လုံး၊ ဓာတ်ကြီးသုံးပါးသဟဇာတသလင်းကျောက် (၁၀)တုံးနှင့် စနစ်၏ ရမှတ်(၃၀၀၀၀)မှတ် ]

“ စနစ်ရာ၊ မင်း တကယ်ကို နောက်ကျတာပဲ။ “

ဖုန့်ချန်းသည် ဝမ်းနည်းမှုကိုပင် စတင်၍ ခံစားနေခဲ့ရသည်။ ယခုရရှိသောဆုလာဘ်များကို ကြည့်ပြီးနောက်တွင် စနစ်သာ စောစောစီးစီးလာခဲ့ပါက သူသည် အစွမ်းထက်ဆုံးလူ ယခုလောက်ဆိုရင် ဖြစ်နေပြီဖြစ်သည်။ စနစ်မှပေးသောဆုလာဘ်များသည် သူ့အတွက် ကျင့်ကြံနိုင်ရုံသာမက စွမ်းအားအကြီးဆုံးလူဖြစ်သည်အထိ အရင်းအမြစ်များ ပါရှိနေသည်။

ထိုဆုလာဘ်များသည် အဆင့်တစ်ဆင့်ကို ချိုးဖျက်ပြီး ရရှိလာသောဆုလာဘ်သည် နောက်အဆင့်ကို ကောင်းကောင်းကျင့်ကြံနိုင်ရန်အတွက် လုံလောက်လွန်းလှပါသည်။ ယခုလိုမျိုးအချိန်တွင်တော့ အစောပိုင်းအဆင့်များက ရရှိသောလက်ဆောင်များသည် သူ့အတွက် ဘာမှကို အသုံးမဝင်တော့ပါ။ ဒါပေမဲ့လည်း မျိုးဆက်သစ်လူငယ်များကို ထိုဆေးလုံးများပေးပြီး အကူအညီပေးနိုင်ခြင်းကပင် မဆိုးလှဟု သူ တွေးလိုက်မိသည်။

ဒင်း

[ ဂုဏ်ယူပါတယ် ပိုင်ရှင်၊ လျှို့ဝှက်တာဝန်ကို ပြီးမြောက်အောင်မြင်ခဲ့ပါပြီ။

တာဝန်အမည် - မိသားစုခေါင်းဆောင်ဖြစ်လာရန် ]

ဖုန့်ချန်းသည် အံ့အားသင့်စွာဖြင့် မျက်တောင်ခတ်လိုက်သည်။

[ ဆုလာဘ်များ - စနစ်၏ ရမှတ်(၁၀၀၀၀၀)မှတ်၊ နတ်ဘုရားမျက်လုံးနှင့် အမြူတေဖွဲ့စည်းခြင်းအဆင့် အကာအကွယ်အစီအရင် ]

ထိုလက်ဆောင်များကို မြင်သောအခါ သူ့နှလုံးသားက တစ်ဒုတ်ဒုတ်နှင့် ခုန်လာခဲ့သည်။ အမြူတေဖွဲ့စည်းခြင်းအဆင့် အကာအကွယ်အစီအရင်သည် ကျုးကျော်သူများ၏ တိုက်ခိုက်မှုများကို အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်စွမ်းရှိပေလိမ့်မည်။ မိသားစု၏ အဆောက်အဦးများ ပတ်ပတ်လည်တွင် ထိုအစီအရင်ကို တပ်ဆင်ထားပါက ကျူးကျော်သူများ၏ ရန်ကို အတိုင်းအတာတစ်ခုအထိ လုံခြုံနိုင်မည်ဖြစ်သည်။

ထိုအစီအရင်သည် အမြူတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူများ၏ တိုက်ခိုက်မှုများကို သာသာယာယာကာကွယ်နိုင်ပါသည်။ ချီအရည်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူများ၏ သာမန်တိုက်ချက်များကိုပင် ကာကွယ်နိုင်စွမ်းရှိပေလိမ့်မည်။ နတ်ဘုရားမျက်လုံးကတော့ တစ်ခါမှ သူ မကြားဖူးပါ။

“ စနစ်ရေ နတ်ဘုရားမျက်လုံးဆိုတာ ဘာလဲကွ။ “

သူ မေးလိုက်သည်။

[ မိသားစုခေါင်းဆောင်တစ်ယောက်အနေနဲ့ ကိုယ့်လက်အောက်မှာရှိတဲ့ မိသားစုဝင်တွေရဲ့ အရည်အချင်းနဲ့ စွမ်းအားကို မသိဘဲ မိသားစုခေါင်းဆောင် ဘယ်လိုဖြစ်နိုင်မှာလဲ။ နတ်ဘုရားမျက်လုံးက ပိုင်ရှင့်ကို တခြားလူတွေရဲ့ ခွန်အား၊ ပါရမီအရည်အချင်းနှင့် ခန္ဓာကိုယ်အရည်အသွေးကို ထုတ်ဖော်ပြသနိုင်စွမ်းရှိတယ်။ ဒီစွမ်းအားနှင့် ကိုယ့်မိသားစုဝင်တွေရဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နိုင်မယ်၊ မိသားစုဝင်တွေကို ဘယ်လိုမျိုး စွမ်းအားကြီးအောင် လုပ်ရမလဲဆိုတာကို ဖော်ညွှန်းပြသပေးနိုင်လိမ့်မယ်။ ]

ဖုန့်ချန်း၏ မျက်လုံးများသည် ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားသည်။ ထိုစွမ်းအားမှာ သူ့လို မိသားစုခေါင်းဆောင်အတွက် လုံးဝကို သင့်တော်သည့်စွမ်းအားတစ်ခုပင် ဖြစ်သည်။ မိသားစုဝင်များ၏ အလားအလာများကို ကြည့်ရှုနိုင်ခြင်းက မိသားစုဝင်တစ်ယောက်ချင်းဆီကို ဘယ်လိုမျိုး လေ့ကျင့်ပေးရမလဲဆိုတာကို ဆုံးဖြတ်ချက်ချရာတွင် လွယ်ကူသွားစေလိမ့်မည်ဖြစ်သည်။

“ နတ်ဘုရားမျက်လုံး ပွင့်စမ်း “

သူ အမိန့်ပေးလိုက်သည်။ ချက်ချင်းပင် သူ၏ မြင်ကွင်းများသည် ပြောင်းလဲသွားသည်။ သူ၏ မြင်ကွင်းတွင်ရှိသော ခန်းမသည် အလင်းအနည်းငယ် ပြောင်းလဲသွား၏။ အချက်အလက်အသစ်များသည် သူ့မျက်လုံးထဲတွင် စတင်၍ ပေါ်လာသည်။ သူ ဖုန့်မေကို လှမ်းကြည့်လိုက်သည်။ သူမ၏ နံဘေးတွင် အချက်အလက်များပေါ်နေ၏။

အမည် - ဖုန့်မေ

ကျင့်ကြံခြင်းအဆင့် - အခြေတည်ထောင်ခြင်းအစောပိုင်းအဆင့်

ပါရမီ - ထူးခြားသည်

ခန္ဓာကိုယ် - ကျောက်စိမ်းဖီးနစ် ( မနိုးထသေး )

ဖုန့်ချန်း၏ အကြည့်သည် ဂုဏ်ယူမှုများနှင့် ပြည့်နှက်သွားပြီး အနည်းငယ်နူးညံ့သွားသည်။ ဖုန့်မေ၏ ကျင့်ကြံခြင်းအဆင့်နှင့် အလားအလာများသည် အံ့အားသင့်ဖွယ်ကောင်းလှပါသည်။ မေ့အာသည် အခြေတည်ထောင်ခြင်းအဆင့်ကို ချိုးဖျက်သွားသည်မှန်း သူပင် မသိသေးပါ။

‘ ဒီကောင်မလေးကတော့ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေကို ဖုံးကွယ်ထားတာပဲ ‘

ဖုန့်ချန်းတွေးလိုက်သည်။ လူတိုင်းသိသည်မှာ ဖုန့်မေ၏ ကျင့်ကြံအဆင့်သည် ချီစုဆောင်းခြင်းအဆင့်အထွဋ်အထိပ်တွင် ရှိသည်ဟုသာ သိကြခြင်းဖြစ်သည်။ ချီစုဆောင်းခြင်းအဆင့်အထွဋ်အထိပ်သည် အသက်(၂၀)အောက်တွင်ရှိသော ဖုန့်မိသားစု၏ မျိုးဆက်သစ်များအကြားတွင် အတော်ကို ကောင်းမွန်လှပြီး အမြင့်မားဆုံးသောအဆင့်ဟု ပြော၍ရပါသည်။

‘ ဒီကောင်မလေးက ငါ့ကိုပါ အရူးလုပ်နိုင်တာပဲ၊ ငါ့မှာသာ နတ်ဘုရားမျက်လုံးသာမရှိရင် ဒီကောင်မလေးက အခုထက်ထိ ချီစုဆောင်းခြင်းအဆင့်မှာပဲ ရှိနေဦးမှာလို့ ငါ ထင်ထားမှာပဲ။ “

အဆင့်ချိုးဖျက်တက်ရောက်ပါက မိသားစုခေါင်းဆောင်ကို ဖုန့်မိသားစုဝင်များက ‌အကြောင်းကြားရပါသည်။ ထိုကဲ့သို့အကြောင်းကြားမှုသည် မဖြစ်မနေတော့ မဟုတ်ပါ။ အကြောင်းကြားမှသာ မိသားစုခေါင်းဆောင်က သိပြီး လိုအပ်သော ကျင့်ကြံခြင်းဆေးလုံးများနှင့် အခြားအထောက်အပံ့များကို ပေးအပ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် မျိုးဆက်သစ်များသည် အဆင့်ချိုးဖျက်နိုင်သည်နှင့် မိသားစုခေါင်းဆောင်ထံသို့ အူယားဖားယားပြေးလာပြီး အဆင့်ချိုးဖျက်နိုင်ကြောင်းကို သတင်းပို့ကြပါသည်။

ထိုကဲ့သို့သော ရိုးရာအခြေအနေရှိနေပေမဲ့ ဖုန့်မေသည် အဆင့်ချိုးဖျက်တက်ရောက်သည့်အကြောင်းကို မိသားစုခေါင်းဆောင်ထံ သတင်းမပို့ဘဲ အခြားသူများကို မသိစေရခြင်းမှာ ဖုန့်ယွင်ကြောင့်ပင် ဖြစ်နိုင်ပေသည်။

‘ အင်းး ငါ့ညီကတော့ သူ့ကို သဘောကျတဲ့ကောင်မလေးကို တော်တော်လေးစိတ်ပူအောင် လုပ်နေတာပဲ၊ အရင်တုန်းက ငါ့ညီနဲ့ပတ်သက်ပြီးတော့ ကံတရားကို မပြောင်းလဲနိုင်ပေမဲ့ စနစ်ရှိနေပြီဆိုမှတော့ သူ့ရဲ့ ကံတရားကို ငါပြောင်းလဲနိုင်လောက်ပြီထင်တာပဲ။

All Chapters