← Chapters

စေ့စပ်ပွဲလာရောက်ဖျက်သိမ်းခြင်း

Vol. 1 Ch. 6

စေ့စပ်ပွဲလာရောက်ဖျက်သိမ်းခြင်း

Vol. 1 Ch. 6

" ဒီလိုပါ ဖုန့်မိသားစုခေါင်းဆောင်၊ ကျုပ်တို့ ဆန်းကြယ်မီးတောက်ဂိုဏ်းရဲ့ အထက်ပိုင်းပုဂ္ဂိုလ်တွေက လင်းမိန်းကလေးရဲ့ စေ့စပ်ပွဲသတင်းကို ကြားသိခဲ့ရပါတယ်။ ဖုန့်မိသားစုနဲ့ လင်းမိသားစုကြားက စေ့စပ်ပွဲကို ကျုပ်တို့က ဒီနေ့ ဆွေးနွှေးချင်လို့ပါ။ "

ခန်းမတစ်ခုလုံး ရပ်တန့်သွားသည်။ ဝိုင်းကြည့်နေသော ဧည့်သည်များ အထူးသဖြင့် ကျောက်၊ လျိုနှင့် ယန်မိသားစုဝင်များအားလုံးသည် အထိတ်တလန့်ဖြင့် ကြည့်လိုက်ကြသည်။

' ဖြစ်နိုင်တာက ဖုန့်မိသားစုဂိုဏ်းက ဆန်းကြယ်မီးတောက်ဂိုဏ်းနဲ့ ဆက်ဆံရေးအရမ်းကောင်းနေပြီလား။ '

သို့သော် တချို့တချို့သော လူအကဲခတ်တော်သည့် သူများကတော့ ဆန်းကြယ်မီးတောက်ဂိုဏ်း ရောက်ရှိလာမှုသည် ပျော်ရွှင်မှုနှင့် ရောက်ရှိလာခြင်းမဟုတ်မှန်း သတိပြုမိကြပေလိမ့်မည်။ ဖုန့်ယွင်နှင့် လင်းမေယုအကြားတွင်ရှိသော စေ့စပ်ကြောင်းလမ်းမှုသည် ဆန်းကြယ်မီးတောက်ဂိုဏ်း၏ အကြီးအကဲများကိုယ်တိုင် ရောက်ချလာစရာမလိုပါ။

သို့သော် သူတို့ ဆက်လက်၍ တွေးတောနေရန် မလိုအပ်ပါ။ အကြီးအကဲရှန်းသည် သူတို့ သိချင်နေသောမေးခွန်းကို မေးလိုက်ပါတော့သည်။

" ဖုန့်‌မိသားစုအနေနဲ့ လင်းမေယုရဲ့ စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့ မျှော်လင့်ပါတယ်။ "

အကြီးအကဲရှန်းက လေးနက်စွာ ပြောလိုက်သည်။ ဖုန့်ချန်း၏ အမူအရာသည် ချက်ချင်းမည်းမှောင်သွားသည်။

သူ့ထံမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ် ဝုန်းကနဲ ထွက်ပေါ်လာသည်။ ထိုကဲ့သို့အခြေအနေမျိုးကို မျှော်လင့်ထားသော်လည်း ဖုန့်ချန်းသည် ဒေါသထွက်ဆဲပင် ဖြစ်ပါသည်။

အတိတ်တုန်းက သူသည် ထိုကဲ့သို့သောဇာတ်ဝင်ခန်းများကို ဝတ္ထုများ၌ အကြိမ်ကြိမ်မြင်ဖူးသည်။ သို့သော် သိပ်၍ မတွေးမိခဲ့ပါ။ ဇာတ်လိုက်မင်းသားနှင့် သူနှင့် နီးစပ်သောသူများသည် ထိုကဲ့သို့အဖြစ်မျိုးကို ဘယ်လိုမျိုးကြံ့ကြံ့ခံနိုင်မလဲဆိုတာကို သူသည် စာဖတ်သူအနေနှင့်သာ ပေါ့ပေါ့ပါးပါးသာ တွေးကာ ဖတ်ရှုခဲ့ပါ၏။

ဒါပေမဲ့ ယခုအချိန်တွင်တော့ သူကိုယ်တိုင်အရှင်လတ်လတ် ထိုကဲ့သို့သော အခြေအနေမျိုးကို ကြုံတွေ့ရသည့်အခိုက်တွင် သူ ဒေါသထွက်သည်။ အလွန်အမင်း ဒေါသထွက်သည်။

ထိုကဲ့သို့သော မလေးမစားလုပ်မှုများကို လက်ခံလိုက်ပါက ဖုန့်မိသားစု၏ မျက်နှာကို ပါးဖြတ်အရိုက်ခံလိုက်သည်နှင့် အတူတူပင် ဖြစ်ပြီး ဖုန့်မိသားစု၏ ဂုဏ်သိက္ခာသည် မြောင်းထဲသို့ ရောက်သွားလိမ့်မည်ဖြစ်သည်။

ထို့အပြင် သူ့ညီ၏ ဂုဏ်သိက္ခာလည်း ရှိပါသေးသည်။

ဖုန့်မိသားစု၏ အပြင်ဘက်တွင် သူ့ညီသည် ပါရမီအားနည်းသောကြောင့် အလှောင်ပြောင်ခံနေရပြီးသား ဖြစ်ပါသည်။ ယခုကဲ့သို့ အဖြစ်မျိုးဖြစ်ပြီး စေ့စပ်ပွဲဖျက်သိမ်းခံလိုက်ရပါက အခြေအနေက ပို၍ ဆိုးပေတော့မည်။

သူ၏ စိတ်ခံစားချက်များသည် မိသားစုနှင့် သူ့ညီငယ်တို့ကြုံတွေ့ရမည့် အနာဂါတ်ဘေးဆိုးများကို တွေးပြီး ပို၍ ပြင်းထန်လာပါတော့သည်။

လေထုတစ်ခုလုံး ပြောင်းလဲသွားသည်။ နံဘေးမှကြည့်‌ရှုနေကြသော သူများ၏ လှောင်ရိပ်သန်းနေသော အကြည့်များကို ဖုန့်ချန်း သတိထားမိသည်။ ယခုအချိန်တွင် သူတို့အားလုံးသည် ဖုန့်မိသားစုကို တိတ်တဆိတ်နှင့် လှောင်ပြောင်နေကြပါတော့သည်။

အစောပိုင်းတုန်းက ပျော်ရွှင်စွာဖြင့် အားပါးတရစကားပြောနေကြသော ဖုန့်မိသားစုဝင်များ၏ မျက်နှာများသည်လည်း မည်းမှောင်သွားတော့သည်။ မိသားစုအတွင်း၌ ဖုန့်ယွင်ကို နှိမ့်ချလှောင်ပြောင်ခဲ့သော သူများပင်လျှင် အပြင်လူမှ စော်ကားလာသောကြောင့် ဒေါသပုန်ထနေကြပါပြီ။

ပါရမီနည်းပါးသောကြောင့် တခြားမိသားစုဝင်များသည် ဖုန့်ယွင်ကို နှိမ့်ချကာ မြင်ကြပါသည်။ သို့ပေမဲ့ အပြင်လူက မိမိတို့၏ သွေးသားညီအစ်ကိုကို လာရောက်စော်ကားခြင်းကိုတော့ သူတို့ သည်းမခံနိုင်ပါ။

အနိုင်ကျင့်မယ်ဆိုရင်တောင် ငါတို့ပဲ ကျင့်မယ်၊ တခြားလူလာကျင့်ရင် အကုန်သေရမယ် ဆိုသည့်သဘောတရားကို ဖုန့်မိသားစုဝင်များက လက်ကိုင်ထားဟန်ရှိပါသည်။

စိတ်ပူနေကြသော မိသားစုကြီးသုံးခုမှာ ယခုအချိန်တွင် အားပါးတရဖြင့် အော်ဟစ်ကာ ရယ်မောချင်နေကြပါသည်။ သို့သော် သူတို့က အတင်းအကြပ် ထိန်းချုပ်ထားပြီး ယခုလိုမျိုးအခြေအနေကို ဖုန့်ချန်းက ဘယ်လိုကိုင်တွယ်မလဲဆိုတာကို စိမ်ပြေနပြေဖြင့် ပွဲဆက်ကြည့်နေကြပါတော့သည်။

ဖုန့်ချန်းက ဆန်းကြယ်မီးတောက်ဂိုဏ်း၏ ကမ်းလှမ်းမှုကို လက်ခံသည်ဖြစ်စေ၊ ငြင်းဆန်သည်ဖြစ်စေ၊ ဘယ်လိုပဲလုပ်လုပ် အခြေအနေများက သူတို့အတွက် အကောင်းကြီးပင်သာ ဖြစ်ပါသည်။

' ဒီနေ့ကစပြီး မြူခိုးချိုင့်ဝှမ်းမြို့မှာ မိသားစုကြီးလေးခုပဲ ရှိတော့မယ်ကွ။ '

ကျောက်၊ လျိုနှင့် ယန်မိသားစုဝင်များက တွေးလိုက်ကြသည်။ ဖုန့်မိသားစုနှင့် လင်းမိသားစုတို့အကြား ဆက်ဆံရေးပျက်ပြားသွားပြီဖြစ်သောကြောင့် ဖုန့်ချန်းသည် ကျန်သောမိသားစုကြီးများ၏ ပူးပေါင်းတိုက်ခိုက်မှုကို တောင့်ခံနိုင်မည်မဟုတ်ဟု သူတို့ တစ်ထစ်ချ ယုံကြည်လိုက်ကြပြီဖြစ်သည်။

ဖုန့်ချန်းသာ ဆန်းကြယ်မီးတောက်ဂိုဏ်း၏ အကြီးအကဲများကို ပြစ်မှားစော်ကားမိပါက ဖုန့်မိသားစုသည် ညတွင်းချင်းပင် ပျောက်ကွယ်သွားနိုင်ပါသည်။ သူတို့အနေဖြင့် လက်တစ်ချောင်းပင် မြှောက်စရာမလိုပါ။

“ ကောင်းတယ် သိပ်ကောင်းတယ်။ “

ဖုန့်ချန်းက ကျယ်လောင်စွာပြောလိုက်သည်။ သူ့လေသံထဲတွင် မာနကြီးမှုနှင့် ဒေါသပုန်ထမှုများ ရောယှက်ပါဝင်နေသည်။ ဖုန့်ချန်းတစ်ယောက် စိတ်လွတ်တော့မည်ကို သတိပြုမိသော အကြီးအကဲတစ်ယောက်က ခပ်မြန်မြန်ပင် ဖုန့်ချန်းထံသို့ သွားပြီး စိတ်လျှော့ရန် ကြိုးပမ်းလိုက်သည်။

“ တူလေး စိတ်ထိန်းစမ်း၊ သူတို့တွေက ဆန်းကြယ်မီးတောက်ဂိုဏ်းက လူတွေနော်။ “

ပြောလိုက်သောသူသည် ဖုန့်မိသားစု၏ အကြီးအကဲတစ်ဦး ဖြစ်သည်။ ဖုန့်ချန်း၏ ဦးလေးတော်ပါသည်။ ဖုန့်ချန်းကို တီးတိုးပြောလိုက်ပါ၏။ သူသည်လည်း စိတ်အရမ်းတိုနေသည်။

သို့ပေမဲ့ ဆန်းကြယ်မီးတောက်ဂိုဏ်းကို ဆန့်ကျင်ခြင်းသည် ဖုန့်မိသားစုပျက်စီးခြင်းလမ်းစ ဖြစ်သွားပေလိမ့်မည်။

ထိုဂိုဏ်းသည် နံပါတ်တစ်ဂိုဏ်းဖြစ်ပြီး ချီအရည်ဖွဲ့ခြင်းအဆင့်ကျင့်ကြံသူ အမြောက်အမြားရှိသည့်အပြင် ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူများစွာလည်း ရှိသောဂိုဏ်းပင် ဖြစ်ပါသည်။ သူတို့သည် ဖုန့်မိသားစုကို တစ်စက္ကန့်အတွင်းတွင်ပင် ဖျောက်ဖျက်နိုင်စွမ်းရှိပါသည်။

လင်းမေယုသည် စေ့စပ်ပွဲကို ဖျက်သိမ်းရခြင်းနှင့် ပတ်သက်ပြီး အပြစ်ရှိသောစိတ် ဖြစ်နေခဲ့ပါသည်။ သို့ပေမဲ့လည်း သူမ၏ အနာဂါတ်ကို သူမကိုယ်တိုင် ရွေးချယ်ချင်စိတ်ဖြင့် အပြစ်တင်လိုစိတ်ရှိသည့်တိုင် စေ့စပ်ပွဲကို ဖျက်ဖြစ်အောင် ဖျက်နေပါသည်။

‘ ငါ ဘယ်သူ့ကို လက်ထပ်ရမလဲဆိုတာကို ဘယ်သူကမှ ငါ့ကို အမိန့်ပေးလို့မရဘူး၊ ကြိုစီစဉ်လို့်မရဘူး။ ငါ့လမ်း ငါဖောက်မယ်၊ ငါ့လမ်း ငါလျှောက်မယ်။ ‘

လင်းမေယုက တွေးလိုက်ပါသည်။

“ ကောင်းတယ် သိပ်ကောင်းတယ်၊ လင်းကျန်းက သိပ်ကို လိမ္မာရေးကြားရှိတဲ့ သမီးတစ်ယောက် မွေးထားတာပဲ၊ ငါ သူ့ကို သိပ်အားကျပါတယ်ကွာ။ “

ဖုန့်ချန်းက လှောင်ပြောင်သည့်လေသံဖြင့် ပြောသည်။ သူ၏ အကြည့်မှာ လင်းမေယုကို စူးစိုက်ပြီး ထွင်းဖောက်လုမတတ် ကြည့်နေခဲ့သည်။ မျက်လုံးများသည် ကြောက်မက်ဖွယ်ကောင်းလှ၏။ စိတ်ခံစားချက်များ လုံးဝမရှိပါ။ ယခင်တုန်းကလိုမျိုး နူးညံ့သိမ်မွေ့ကာ ချစ်မြတ်နိုးသောခံစားချက်များသည် ထိုအကြည့်များတွင် မပါဝင်တော့ပါ။

“ အစ်ကိုဖုန့် “

“ တိတ်စမ်း၊ ငါ့ကို ဖုန်းခေါင်းဆောင် ဒါမှမဟုတ် မိသားစုခေါင်းဆောင်ဖုန့်လို့ ခေါ်စမ်း၊

မိန်းကလေးလင်းဆီကနေ အစ်ကိုကြီးဆိုပြီးတော့ ခေါ်ဖို့ ကျုပ်က မထိုက်တန်ပါဘူး။ မင်းက လင်းမိသားစုရဲ့ အဖိုးတန်တဲ့ ပုလဲလုံးလေးပဲလေ၊ အဲ့ဒီအပြင်ကိုမှ ဆန်းကြယ်မီးတောက်ဂိုဏ်းရဲ့ အနာဂါတ်ဂိုဏ်းချုပ်လေးပေါ့။

ငါ့ရဲ့ ညီငယ်လေးက မင်းနဲ့ လုံးဝမထိုက်တန်ပါဘူး၊ ငါ့ရဲ့ ညီငယ်လေးက ငန်းသားစားချင်တဲ့ ဖားတစ်ကောင်ပဲ၊ ငါ့ရဲ့ ညီငယ်လေးက ဖွတ်ကျားဆိုရင် မင်းကတော့ ဖီးနစ်တစ်ကောင်ပဲလေ ဟုတ်တယ်မလား။ “

သူတို့ဖခင်ချင်း ဘယ်လောက်ပင် ရင်းနှီးပေသည်ကို ဖုန့်ချန်း ဂရုမစိုက်ပါ။ လင်းမေယုက သူ၏ မိသားစုနှင့် ညီနောင်ဖြစ်သူကို ယခုလိုလူစုံတက်စုံ သူ့မွေးနေ့ပွဲတွင် ရောက်လာပြီး အရှက်ခွဲခြင်းက သူ လုံးဝလက်မခံနိုင်ပါ။ ချက်ချင်းပင် လင်းမေယုကို သူ မျက်နှာဖြတ်မရိုက်လိုက်ခြင်းကိုကပင်လျှင် လင်းမေယုအပေါ်၌ မျက်နှာသာပေးထားပြီးသား ဖြစ်ပါသည်။

“ ဟမ့် အားနည်းတဲ့ မိသားစုခေါင်းဆောင်လေး ဖြစ်ပြီးတော့များ သောက်ကြီးသောက်ကျယ်နဲ့။ “

ဆန်းကြယ်မီးတောက်ဂိုဏ်းက တခြားအကြီးအကဲတစ်ဦးက မကျေမနပ်ပြောလိုက်သည်။ ထိုကဲ့သို့သော မိသားစုငယ်လေးကို အကျိုးသင့်အကြောင်းသင့် ပြောနေစရာမလိုဟု သူက တွေးပါသည်။ သူတို့က အမိန့်ပေးလိုက်တာနဲ့ ဖုန့်မိသားစုခေါင်းဆောင်က ခွေးတစ်ကောင်လိုမျိုး နာခံပြီး သူတို့ ဖြစ်စေချင်တဲ့အတိုင်း ဆောင်ရွက်ပေးရမည်ဟုသာ သူက တွေးထားပါသည်။

“ ကျိုးလဲ့ မရိုင်းစမ်းနဲ့။ “

အကြီးအကဲရှန်းက ပြောလိုက်သည်။ သို့သော် သူ့လေသံတွင် စိတ်ရင်းမပါပါ။ သူသည်လည်း အကြီးအကဲကျိုး တွေးနေသလိုမျိုးပင် တွေးနေပါသည်။

ကျိုးလဲ့၏ စကားကို ကြားသော် ဖုန့်မိသားစုဝင်များအားလုံးသည် မထိန်းနိုင်အောင် ဒေါသထွက်နေခဲ့ပြီ။

သူတို့မိသားစုဝင်များကို တခြားသူများက စော်ကားချင်သလို စော်ကားပြီး ပြန်မတုံ့ပြန်နိုင်လောက်တဲ့ အခြေအနေအထိ သူတို့မိသားစုက ဒီအဆင့်ကို ဘယ်လိုလုပ်ပြီး ကျဆင်းသွားရတာလဲ။

All Chapters