← Chapters

စနစ်၏ ဈေးဆိုင်

Vol. 1 Ch. 11

စနစ်၏ ဈေးဆိုင်

Vol. 1 Ch. 11

ဖုန့်ချန်းက အဓိကခန်းမထဲသို့ လမ်းလျှောက်သွားသည်။ သူ၏ စိတ်ထဲတွင်တော့ စနစ်၏ ဈေးဆိုင်ကိုသာ ရောက်ရှိနေသည်။

" စနစ် ဈေးဆိုင်ဖွင့်လိုက်စမ်း။ "

ဖုန့်ချန်းက အားပါးတရဖြင့် ပြောလိုက်သည်။ ချက်ချင်းပင် ပုံရိပ်ယောင်ဖန်သားပြင်တစ်ခုသည် သူ့မျက်နှာအရှေ့တွင် ပေါ်လာ၏။

" ဟင်းးးး "

စနစ်၏ ဈေးဆိုင်အောက်တွင် အပိုင်းနှစ်ပိုင်းခွဲခြားထားသည်ကို သူ တွေ့လိုက်ရသည်။ တစ်ခုကို အဓိကဈေးဆိုင်ဟု နာမည်ပေးထားပြီး နောက်တစ်ခုမှာ အချိန်အကန့်အသတ်ဈေးဆိုင်ဟု နာမည်ပေးထားသည်။

ဖုန့်ချန်းက အဓိကဈေးဆိုင်ကို လက်နဲ့တို့ပြီး နှိပ်လိုက်သည်။ ချက်ချင်းပင် ဖန်သားမျက်နှာပြင်သည် မြောက်မြားစွာလှသော ပစ္စည်းပေါင်းများကို စာရင်းနှင့်တကွ စနစ်က ပြသပေးလိုက်သည်။

အမျိုးအစားများမှာ ရှားပါးသည့် ကျင့်ကြံခြင်းနည်းလမ်းများနှင့် စွမ်းအားကြီးမားသည့် မှော်ရတနာလက်နက်များလည်း ပါဝင်သည့်အပြင် မရေမတွက်နိုင်သော ဆေးရည်များ၊ မိုးမြေရတနာများစွာကလည်း အပုံလိုက်ကြီး ပါနေခဲ့သည်။

ပစ္စည်းတစ်ခုချင်းဆီကို စနစ်ရမှတ်များဖြင့် ဝယ်ယူနိုင်သည်။ စနစ်ရမှတ်များကုန်ဆုံးမှုသည် ပစ္စည်း၏ ရှားပါးမှုနှင့် တန်ဖိုးကြီးမှုအပေါ်တွင် မူတည်ပြီး ကွဲပြားပါသည်။

ဖုန့်ချန်းက စတင်၍ ကျင့်စဉ်များကို တစ်ခုပြီးတစ်ခုရွှေ့ပြီး ကြည့်လိုက်ပါ၏။ အရင်ဦးဆုံး စနစ်တွင် အနိမ့်ဆုံးအဆင့် ကျင့်ကြံနည်းလမ်းအဆင့်သည် မြေကမ္ဘာအဆင့် ကျင့်ကြံနည်းလမ်းများပင် ဖြစ်သည်။

ကြည့်ရသလောက်က စနစ်သည် အလွန်အမင်းမာနကြီးပြီး ဖင်ခေါင်းကျယ်ပုံရသည်။

အဘယ်ကြောင့်ဆိုသော် သူသည် မြေကမ္ဘာအဆင့်ကိုပင် အဆင့်အနိမ့်ဟု သက်မှတ်ထားသောကြောင့် ဖြစ်ပါသည်။ စနစ်သည် သေမျိုးအဆင့်ကျမ်းများနှင့် ရတနာပစ္စည်းများကို သောက်ဖတ်ပင် မလုပ်ချေ။

" အမယ်လေး မြတ်စွာဘုရား နည်းနည်းနောနော မြေကမ္ဘာအဆင့် ကျင့်စဉ်ကျမ်းတွေလား။ ပြီးတော့ သူတို့ထဲက အများစုက စနစ်ရမှတ်တစ်သောင်းလောက်ပဲ ကုန်တာလား၊ ဈေးပေါလွန်းလှချည်လားဟ။ "

ဖုန့်ချန်းသည် ဈေးပေါလွန်းလှသောကြောင့် အလွန်အမင်း စိတ်လှုပ်ရှားနေ၏။ လောလောဆယ်တွင် သူ့၌ စနစ်ရမှတ်အားလုံးပေါင်း နှစ်သိန်းခြောက်သောင်းခုနစ်ထောင် ရှိပါသည်။ ထိုအဓိပ္ပါယ်မှာ သူသည် အနည်းဆုံး မြေကမ္ဘာအဆင့်သိုင်းကျမ်းများ အခုနှစ်ဆယ်ခန့် ဝယ်၍ရသည်။

သူ၏ သက်တမ်းသုံးဆယ်လုံးတွင် သူသည် မြေကမ္ဘာအဆင့်ကျင့်စဉ်တစ်ခုကိုသာ ရယူနိုင်ခဲ့ပါ၏။ ယခုအချိန်တွင်တော့ သူသည် အခုနှစ်ဆယ်လောက် အသာလေး ဝယ်နိုင်ပြီဖြစ်သည်။

' ငါ အရင်က ဘာတွေများ လုပ်နေမိခဲ့တာလဲ။ '

ဖုန့်ချန်း တွေးလိုက်မိသည်။ သူသည် မိမိကိုယ်ကိုမိမိ မထိန်းချုပ်နိုင်ဘဲ ခပ်မြန်မြန်ပင် သူတော်စင်အဆင့်သိုင်းကျမ်းများ ရှိမရှိကို ရှာဖွေလိုက်သည်။

" သ..သ..သူ...သူတော်စင်အဆင့်တစ်ခုကို စနစ်ရမှတ်နှစ်သိန်း "

ဖုန့်ချန်းက မိုးပေါ်မြောက်နေပြီ။ သူက သူတော်စင်အဆင့်မိုးကြိုးခန္ဓာကိုယ် ရရှိထားသောကြောင့် ဖုန့်ချန်းသည် အလွန်အမင်း မိုးပေါ်ရောက်နေပြီဟု ခံစားနေရသော်လည်း စနစ်က သူ့ကို ထပ်မံ၍ ပါးဖြတ်ရိုက်လိုက်ပြန်ပါတော့သည်။

' ဒါ...ဒါဆိုလို့ရှိရင် နတ်ဘုရားအဆင့်တွေလည်း ရှိမှာပဲ။ '

ဖုန့်ချန်းက ခပ်မြန်မြန်ပင် နတ်ဘုရားအဆင့်သိုင်းကျမ်းများကို ရှာလိုက်သည်။ နတ်ဘုရားအဆင့် - နတ်ဘုရားအဆင့်သည် သူ အိပ်မက်ပင် မမက်ရဲသောသိုင်းကျမ်းများ ဖြစ်သည်။ သို့သော် ယခုအချိန်တွင် စနစ်၏ ရောက်ရှိလာမှုကြောင့် သူက နတ်ဘုရားအဆင့်များကိုပင် ရရှိတော့မှာ ကျိန်းသေပါသည်။

သိပ်မကြာခင် သူသည် နတ်ဘုရားအဆင့်ကျင့်ကြံကျမ်းများကို တွေ့လိုက်သည်။ နတ်ဘုရားအဆင့်ကျမ်းများကို မြင်သောအခါ သူ့မျက်လုံးက အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားသည်။ သူ မျှော်လင့်ထားပြီးသား ဖြစ်ပါသည်။ သို့ပေမဲ့ စိတ်ကို ပြင်ဆင်ထားသည့်တိုင် နတ်ဘုရားအဆင့်များကို မြင်ပြီးသောအခါတွင် ဖုန့်ချန်းက ခုန်ဆွခုန်ဆွဖြစ်နေခဲ့သည်။

" သိုင်းကျမ်းတစ်ခုကို စနစ်ရမှတ်ငါးမီလီယံတောင် လိုတာလား၊ အားပါးပါး စနစ်ရှိတာတောင်မှ နတ်ဘုရားအဆင့်တွေ ရဖို့က အတော်လေးခက်တာပဲ။ "

လောလောဆယ်၌ နတ်ဘုရားအဆင့်ကို သူ မတတ်နိုင်သော်လည်း အနာဂတ်တွင်တော့ နတ်ဘုရားအဆင့်ကို ရကိုရရမည်ဟု ဖုန့်ချန်းက အံကြိတ်ကာ တေးမှတ်ထားလိုက်ပါသည်။

ထို့နောက် ဖုန့်ချန်းသည် စနစ်၏ ဆေးဆိုင်ကို စတင်၍ မွှေနှောက်ရှာဖွေပါတော့သည်။ မြင်လိုက်ရသောမြင်ကွင်းကြောင့် သူ၏ မျက်လုံးများမှာ တစ်ဆထက်တစ်ဆ ပြူးကျယ်လာပြီး မျက်လုံးပေါက်ထဲမှ ထွက်ကျလုမတတ် ဖြစ်နေခဲ့၏။

ဆေးလုံးများစွာကိုလည်း သူ တွေ့လိုက်ရသည်။ ဆေးလုံးများကို အဆင့်တစ်မှ အဆင့်တစ်ဆယ်အထိ သူ တွေ့နေသည်။ ယခုအချိန်သည် ဖုန့်ချန်းအတွက်တော့ အမြင်လုံးဝကျယ်သွားသည့် အခိုက်အတန့်ပင် ဖြစ်သည်။

သူသည် ယခုအချိန်တွင် ဆေးလုံးများကို အဆင့်ခုနစ်နှင့်အထက် ဆေးလုံးကို မဝယ်နိုင်သေးပါ။ သို့ပေမဲ့ သူက အဆင့်ခြောက်ဆေးလုံးများကို စနစ်ရမှတ်တစ်သိန်းခန့် အသုံးပြုပြီး ဝယ်ယူနိုင်မည်ဖြစ်သည်။

ထိုအရာများတင် မကသေး၊ ဖုန့်ချန်း လုံးဝမသိသော အရာများလည်း မြင်ခဲ့ရသည်။ ဥပမာပြောရလျှင် ပုံရိပ်ယောင်သစ်သီးဟု ခေါ်သော အသီးတစ်မျိုးပင် ဖြစ်သည်။ ထိုအသီးကို စားသုံးလိုက်ပါက သာမန်သောက်သုံးမကျသော အမှိုက်လိုလူကို လူတစ်သောင်းမှာ တစ်ယောက် ရရန်ခက်ခဲလှသည့် နတ်ခန္ဓာတစ်ခုကို ချက်ချင်းနိုးထသွားစေခဲ့ပါသည်။

နောက်ထပ်ရတနာများလည်း ရှိပါသေးသည်။ ရတနာတစ်ခုကို လက်ထဲ ကိုင်လိုက်ရုံနှင့် ဓားနှင့်ပတ်သက်သော ဉာဏ်အလင်းကို ချက်ချင်းပွင့်သွားစေသည့် ရတနာများလည်း ရှိ၏။ ထို့အပြင် တခြားတခြားသော ရတနာမျိုးစုံကိုလည်း စနစ်၏ ဈေးဆိုင်ထဲတွင် ရှိနေသည်။

' အင်းး ဈေးဆိုင်အကူအညီနဲ့ ဖုန့်မေရဲ့ ဖီးနစ်ခန္ဓာကိုယ်ကို နိုးထနိုင်မယ်လို့ မျှော်လင့်ရတာပဲ ဟုတ်တယ်မလား။ '

ဖုန့်ချန်းက တစ်ယောက်ထဲ တွေးလိုက်သည်။ သူသည် အချိန်သိပ်မရသောကြောင့် စနစ်၏ ဈေးနှုန်းကို သေချာလည်း မကြည့်နိုင်ပါ။ ထို့အပြင် သူ့၌ စနစ်ရမှတ်များသည်လည်း အကန့်အသတ်မျှသာ ရှိသောကြောင့် မိမိလောဘကိုမိမိ အတင်းအကြပ် ထိန်းချုပ်လိုက်ပါတော့သည်။

ထို့နောက်တွင် သူသည် မှော်လက်နက်များကို တစ်ချက်ကြည့်လိုက်သည်။ ဤနေရာတွင်တော့ သိုင်းကျမ်းများကဲ့သို့ပင် သေမျိုးအဆင့်၊ မြေကမ္ဘာအဆင့်၊ ကောင်းကင်အဆင့်၊ သူတော်စင်အဆင့်နှင့် နတ်ဘုရားအဆင့်ဟူ၍ စီစီရီရီထားထားသည်။ စနစ်၌ သေမျိုးအဆင့်မှလွဲ၍ ကျန်သောအရာများအားလုံး ရှိသည်။

' ဟင်းးး ကြည့်ရသလောက်ကတော့ ငါ့ရဲ့ စနစ်ရမှတ်တွေကို ဉာဏ်ရှိရှိနဲ့ အသုံးချမှ ဖြစ်မယ်ထင်တယ်။ '

အတိတ်တုန်းက ဖုန့်ချန်းသည် စနစ်ရမှတ်များက ဘာလုပ်နိုင်လဲဆိုတာကို သူ မသိပါ။ ဒါကြောင့်မလို့ သူသည် စနစ်ရမှတ်များရရှိခြင်းကို စိတ်မလှုပ်ရှားခဲ့ပါ။ လူသစ်လက်ဆောင်ထုပ်တွင် ပါဝင်သော ဆေးလုံးများနှင့် သိုင်းကျမ်းများကိုသာ သူ အလွန်အမင်း စိတ်လှုပ်ရှားခဲ့သည်။ စနစ်ရမှတ်များကတော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး သူ ပစ်ထားခဲ့ခြင်းဖြစ်၏။

ထို့နောက်တွင် စနစ်က သူ့ကို မြူခိုးချိုင့်ဝှမ်း‌မြို့တော်၌ စွမ်းအားအကြီးဆုံးမိသားစုဖြစ်ပါက စနစ်ရမှတ်တစ်သိန်းခန့် ဆုချီးမြှင့်မည်ဟု ပြောထားသည်ကို သတိပြုလိုက်မိသည်။ အဓိကဈေးဆိုင်မှ ပြန်ထွက်လာပြီးနောက်တွင် ဖုန့်ချန်းသည် အချိန်အကန့်အသတ်နှင့် ဈေးဆိုင်ဟူသော မျက်နှာပြင်ထဲသို့ ဝင်သွားလိုက်သည်။

ဤနေရာတွင်တော့ ပစ္စည်းဆယ်ခုခန့်သာ ရှိသည်။ ပစ္စည်းတစ်ခုချင်းဆီတိုင်း၏ နံဘေးတွင် အချိန်ရေတွက်နေသော နာရီများရှိပါသည်။

" စနစ် ဒါက ဘာကြီးတုန်းဟ။ "

ဖုန့်ချန်း မေးလိုက်သည်။

[ ပိုင်ရှင် အချိန်အကန့်အသတ်နဲ့ ဈေးဆိုင်က သက်မှတ်ထားတဲ့ တိကျတဲ့ အချိန်အတောအတွင်းမှာပဲ ဝယ်ယူရရှိနိုင်မဲ့ပစ္စည်းတွေကို ဖော်ပြပေးထားတာပါ၊ အချိန်ကုန်သွားတာနဲ့ ဒီပစ္စည်းတွေက ပျောက်ကွယ်သွားမှာဖြစ်ပြီး တခြားပစ္စည်းအသစ်တွေက ဒီပစ္စည်းတွေနေရာမှာ ထပ်ပေါ်လာမှာဖြစ်ပါတယ်။ ဒီနေရာမှာ ပေါ်လာတဲ့ ပစ္စည်းတွေက အဓိကဈေးဆိုင်ထဲမှာတောင် မရှိသေးတဲ့ အရမ်းကိုရှားပါးတဲ့ ပစ္စည်းတွေပေါ်လာမှာပဲ ဖြစ်ပါတယ်၊ ပြီးတော့ ဒီမှာပေါ်လာတဲ့ ပစ္စည်းတော်တော်များများကလည်း discountချပေးထားတာမို့လို့ စနစ်ရမှတ်တွေကို နှမြောမနေဘဲ လိုအပ်တယ်ဆိုတာနဲ့ တစ်ခါထဲတန်းသုံးဖို့ အကြံပေးပါရစေ။ ]

ဖုန့်ချန်း၏ နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုများတလက်လက်ဖြင့် လှိုင်းထလာပြန်သည်။ စနစ်ရမှတ်များသည် အလွန်အမင်း တန်ဖိုးကြီးမားလှသည့်အပြင် discountချပေးထားတယ်ဆိုမှတော့ ဖုန့်ချန်းက သေလောက်အောင် ပျော်နေပြီဖြစ်သည်။

ဖုန့်ချန်းသည် ဖြည်းဖြည်းချင်း အချိန်အကန့်အသတ်ဈေးဆိုင်ထဲတွင် ဝင်ကြည့်နေလိုက်သည်။ မိနစ်အနည်းငယ်ကြာသောအခါတွင် စိတ်ပျက်မှုများ စတင်၍ ခံစားလာရသည်။ ဤနေရာ၌ တန်ဖိုးကြီးမားသော ရတနာပစ္စည်းများစွာကို discountချပေးထားသော်လည်း အားလုံးနီးပါးက သူ တတ်နိုင်သော ပမာဏထက် များပြားနေခဲ့ပါတော့သည်။ သူ့တွင် ရှိသော စနစ်ရမှတ်များနှင့်ဆိုလျှင် မည်သည့်အရာကိုမှ မဝယ်နိုင်ပါ။

သို့သော် သူ ဝယ်နိုင်သည့်အရာကိုတော့ အဓိကဆေးဆိုင်ထဲက ဝယ်လာခဲ့ပါသည်။ ထိုအရာသည် ဓားအသိပညာဆေးရည်ဟု ခေါ်သည်။ ရှားပါးသည့်ဆေးရည်ပုလင်း ဖြစ်၏။ ထိုဆေးရည်ကို သောက်လိုက်ပါက ဓားတာအိုကို ကျင့်ကြံမှုမြင့်မားစေပြီး ဓားတာအိုကို လေ့လာဆင်ခြင်ရာ၌ လျင်မြန်သွားစေလိမ့်မည်ဖြစ်သည်။

' ဒါကို ငါ နောက်မှသုံးမယ်၊ လောလောဆယ်တော့ အကြီးအကဲတွေနဲ့ အစည်းအဝေးထိုင်ဖို့ ရှိသေးတယ်။ '

တစ်ချိန်ထဲမှာပင် ဖုန့်မိသားစု၏ အိမ်တော်တွင် ပျော်ရွှင်မှုများ၊ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်ကာ ဆူညံနေကြသည်။ လူငယ်များကတော့ ဖုန့်ချန်းတစ်ယောက် အကြီးအကဲကျိုးကို ပညာကောင်းကောင်းပေးလိုက်သည့် မြင်ကွင်းကို အာပေါင်အာရင်းသန်သန်ဖြင့် ပြောဆိုနေကြသည်။

“ ငါတို့ခေါင်းဆောင်ရဲ့ စွမ်းအားကို မင်းတို့ တွေ့လိုက်လား၊ ဆန်းကြယ်မီးတောက်ဂိုဏ်းက ကောင်တွေအကုန်လုံး အမြှီးကုတ်ပြီး ထွက်ပြေးသွားကြတာပဲကွ။ “

“ ဟားဟားဟားဟား ဒီမာနကြီးနေတဲ့ သောက်ရူးတွေက အခုမှပဲ သင်ခန်းစာရသွားတော့တယ်၊ ဒီကောင်တွေ ထောင်ထောင်ထောင်ထောင်နဲ့ ဖြစ်နေတာ ကြာပြီ၊ တစ်ယောက်ယောက်က ပါးဖြတ်ရိုက်ဖို့ လိုနေတာပဲကွ။ “

“ နောက်ပိုင်းကျရင် ဖုန့်မိသားစုကို စော်ကားဖို့ဆိုရင် သူတို့တွေ သုံးကြိမ်သုံးခါတိတိ ပြန်စဉ်းစားကြရလိမ့်မယ်။ “

“ အဲ့ဒီအချိန်တုန်းက မိသားစုခေါင်းဆောင် ပညာပေးလိုက်ပြီးတဲ့အချိန်မှာတောင် ငါက ကျန်တဲ့ကောင်တွေကို ခဲနဲ့ ပေါက်ချင်တဲ့စိတ်တွေ ရှိနေတာဟေ့၊ မလုပ်ရဲလို့သာ ငြိမ်နေလိုက်တာ။ “

လူငယ်များသည် တသောသောဖြင့် ဆွေးနွေးနေကြသည်။ သူတို့၏ နှလုံးသားများသည် ပျော်ရွှင်မှုများ၊ စိတ်အားတက်ကြွမှုများနှင့် ပြည့်နှက်နေခဲ့၏။

“ မင်းတို့ တွေ့လိုက်လား၊ အကြီးအကဲကျိုးကို မိသားစုခေါင်းဆောင်က သိုင်းကွက်တစ်ကွက်ထဲနဲ့ ချလိုက်တဲ့အချိန်မှာ သူတို့ရဲ့ မျက်နှာတွေ ဘယ်လိုဖြစ်သွားလဲဆိုတာ မြင်လိုက်တယ်မလားဟေ့။ “

“ ဖုန့်မိသားစုဝင်ဖြစ်ရတာ ဟျောင့်ရေ အခုလောက်ထိ ဂုဏ်ယူစရာလို့ မခံစားခဲ့ဖူးဘူး၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါတို့တွေ ဂုဏ်ပြုပွဲလုပ်သင့်တယ်ကွ။ “

လူငယ်မျိုးဆက်များသည် အားပါးတရရယ်မောပြီး တစ်ယောက်နှင့်တစ်ယောက် မြှောက်ပင့်ကာ စနောက်ပြောင်နေကြသည်။ မိသားစုခေါင်းဆောင်ဖြစ်သူ ဖုန့်ချန်းကို ယခုအချိန်တွင် သူတို့သည် ဘုရားစင်ပေါ်သို့တင်ကာ ဖင်ဘူးတောင်းထောင်ပြီး ဦးတိုက်ကန်တော့ချင်နေကြပြီ ဖြစ်၏။

ယနေ့သည် စိတ်ပိုင်းဆိုင်ရာ အတက်အကျများစွာဖြင့် ကြုံတွေ့ခဲ့ရသောနေ့ ဖြစ်သည်။ ပထမဦးဆုံးအကြိမ်တွင် သူတို့သည် မိသားစုခေါင်းဆောင်၏ မွေးနေ့ပွဲကို ပျော်ပျော်ပါးပါးနှင့် ကျင်းပနေကြသည်။ နောက်တစ်ခဏတွင် ဆန်းကြယ်မီးတောက်ဂိုဏ်း ရောက်ရှိလာပြီး စေ့စပ်ပွဲကို ဖျက်သိမ်းကာ ဖုန့်မိသားစုကို ပါးဖြတ်ရိုက်ခဲ့သည်။

ဆန်းကြယ်မီးတောက်ဂိုဏ်း၏ မောက်မာသောအပြုအမူက မိသားစုဝင်များအားလုံးကို ဒေါသပုန်ထစေခဲ့၏။ ထို့အပြင် သူတို့သည် ဖုန့်ချန်းကိုလည်း စော်ကားခဲ့ကြပါသည်။ အားလုံးက စိတ်ဓာတ်ကျနေသည့်အချိန်တွင် ဖုန့်ချန်း၏ ခွန်အားကြောင့် နဂိုကျနေသော စိတ်ဓာတ်များက ကောင်းကင်ထိ ထိုးတက်သွားခဲ့ပါတော့၏။

နောက်တစ်ခဏတွင် အစေခံများသည် လူငယ်မျိုးဆက်များ ပြောဆိုနေသည့် စကားဝိုင်းထဲသို့ ရောက်ရှိလာပြီး ကြေညာလိုက်ပါတော့သည်။

“ ဖုန့်ရှောင်ယု၊ ဖုန့်ကျန်းဟောင်၊ ဖုန့်လျန်း၊ အဓိက ဟောခန်းမကို လာခဲ့ပါ၊ မိသားစုခေါင်းဆောင်က အားလုံးကို ဆင့်ခေါ်နေတယ်။ “

“ နားလည်ပါပြီ။ “

သုံးယောက်သားက တစ်ပြိုင်ထဲ ပြန်ဖြေလိုက်ပြီးနောက် အဓိကဟောခန်းမထဲသို့ အပြေးလေးသွားလိုက်ကြသည်။ ထိုသုံးယောက် ထွက်သွားသည်ကို မြင်သောအခါ ကျန်သော လူငယ်များက မနာလိုစွာဖြင့် ကြည့်လိုက်၏။

ထိုသုံးယောက်ကို ဘာလို့ခေါ်မှန်း သူတို့ သိပါသည်။ ထိုသုံးယောက်မှာ လူငယ်မျိုးဆက်များတွင် အသန်မာဆုံးသော လူငယ်များ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့သည် အကြီးအကဲများနှင့် အစည်းအဝေးခေါ်သည့်အခိုက်တိုင်း လူငယ်မျိုးဆက်များ၏ ကိုယ်စားပြုအဖြစ် သွားရောက်၍ နားထောင်ခွင့်ရှိပါသည်။

သူတို့ လူငယ်မျိုးဆက်များ အသက်ကြီးရင့်လာသည့်အခါတွင် ထိုသုံးယောက်သည် ဖုန့်မိသားစု၏ အဓိကထောက်တိုင်ကြီးများ ဖြစ်လာပြီး ဖုန့်မိသားစု၏ အရေးကြီးသော အပိုင်းများကို စီမံခန့်ခွဲကြလိမ့်မည်သာ ဖြစ်ပါသည်။

All Chapters