ယှဉ်ပြိုင်ခြင်း
Vol. 85 Ch. 1302
ဤအခိုက်အတန့်မှာ ခရမ်းလရတနာသိုက်ဂိတ်တံခါးသည် တုန်ခါသွားသည်။ ဂိတ်တံခါးထဲမှ အစွန်းရောက်ယင်စွမ်းအင်အမျှင်တန်းသည် ရတနာသိုက်ဂိတ်တံခါး၏ မျိုးစေ့ဖြစ်သည်။ ၎င်းက လရောင်ခြည်ကို တုံ့ပြန်နေသော ယင်ငရဲပိုးစုန်းကြူးဖြစ်သည်။
ထို့ပြင် ရွှီချင်းမှာ ခရမ်းလအခွင့်အာဏာရှိသည်။ ထိုအခွင့်အာဏာသည် အနီရောင်လထံမှ ဆင်းသက်လာခြင်းဖြစ်ပြီး ယခု ရွှီချင်းအပိုင်ဖြစ်သွားသည်။ ယင်းက ဆက်သွယ်မှုအမှတ်အသားတစ်ခုလည်း ဖြစ်သည်။
လစန္ဒာသည် မတူညီသော်လည်း အထက်ပါအချက်များမှ သူ့ကို ပေးသော အခွင့်အရေးများကြောင့် သူ၏ လက်ရှိလုပ်ဆောင်မှုက အကျိုးအကြောင်းဆီလျော်ပြီး ယုတ္တိရှိသည်။
သူက လပေါ်မှာ ထိုင်ချလိုက်သည်နှင့်ချက်ချင်း ခရမ်းလရတနာသိုက်ဂိတ်တံခါး၏ အသံသည် ကောင်းကင်အထိ ပဲ့တင်ထပ်သွားသည်။ လဂြိုလ်တစ်ခုလုံးထံမှ ဖော်မပြနိုင်အောင် အလွန်သိပ်သည်းသော အစွန်းရောက်ယင်စွမ်းအားသည် ရွှီချင်းဆီသို့ ဦးတည်သွားသည်။
တစ်ခဏကြာ စိတ်မသက်မသာ ခံစားရပြီးနောက် လစွမ်းအားကို သူတစ်ဦးတည်း ပျော်ရွှင်စွာ သိမ်းပိုက်လိုက်သည်။
ရွှီချင်းနှင့် နှိုင်းယှဉ်လျှင် ထျန်းမိုဇီ၊ ထုန်ရှီရှန်းနှင့် ဖန်းရှီရွှမ်း၏ စွမ်းအင်စုပ်ယူသော နည်းလမ်းများနှင့် စုပ်ယူနိုင်သော စွမ်းအင်ပမာဏသည် ပိုးစုန်းကြူးသာသာမျှသာ ဖြစ်သည်။
ရွှမ်မီးလျှံနှင့် ခေါင်းဆောင်သည်ပင် အထူးနည်းလမ်းဖြင့် စုပ်ယူနေရသည်။ ရွှမ်မီးလျှံသည် ရတနာသိုက်ဂိတ်တံခါးငါးခုကို အသုံးပြု၍ စုပ်ယူပြီး ခေါင်းဆောင်သည် ကောင်းကင်ဘုံခွေးကို အသုံးပြု၍ စုပ်ယူသည်။
အကယ်၍ နှိုင်းယှဉ်စရာမရှိဘူးဆိုလျှင် အဆင်ပြေလိမ့်မည်။ သို့သော်လည်း ယခု နှိုင်းယှဉ်စရာက ထွက်ပေါ်လာသည့်အခါ ခြားနားမှုက ပိုပြီးသိသာလာသည်။
ရွှီချင်းက လပေါ်မှာ ထိုင်နေလေရာ လစန္ဒာ၏ အရှင်သခင်ဖြစ်သည့်အလားပင်။
ထို့ကြောင့် အစောနကတင် အဆင့်ချိုးဖြတ်ခဲ့ကြသော ထုန်ရှီရှန်းနှင့် ထျန်းမီုဇီသည် မအံ့ဩဘဲ မနေနိုင်ပေ။ အစွန်းရောက်ယင်စွမ်းအားကို စုပ်ယူနေသော ဖန်းရှီရွှမ်းသည်တော့ အသက်ရှူမြန်လာသည်။ သူက ရွှီချင်းကို ကြည့်လိုက်လေရာ ခံပြင်းမှုကို ခံစားမိသွားသည်။ သို့သော်လည်း သူဘာမှမတတ်နိုင်ပေ။
အားညိုသည်ပင် စိုးရိမ်ကြောင့်ကြလာသည်။ တစ်ဖက်တွင် သူက အစွန်းရောက်ယင်စွမ်းအားကို လိုအပ်သောကြောင့် ဖြစ်သည်။ အခြားတစ်ဖက်တွင် ဤတစ်ကြိမ် ကိစ္စကြီးမှာ ဂျူနီယာညီလေးက သူ့ထက် ပိုပြီး ထင်ပေါ်ကျော်ကြားနေသည်ဟု သူခံစားမိသည်။
အတိတ်တုန်းကနှင့် နှိုင်းယှဉ်လျှင် ဇာတ်ဆောင်ပြောင်းလဲသွားခြင်းသည် ထပ်မံ ဖြစ်ပေါ်လာသည်။
ယင်းက စီနီယာအကိုကြီးဟူသော သူ၏ ဂုဏ်အဆင့်အတန်းကို ဆိုးဝါးစွာ စိန်ခေါ်နေသည်ဟု သူခံစားမိသွားသည်။
ထို့ကြောင့် သူက ချက်ချင်း အော်ပြောလိုက်သည်။
“ ဂျူနီယာညီလေး… ချစ်လှစွာသော ငါ့ရဲ့ ဂျူနီယာညီလေး… စီနီယာအကိုကြီးအတွက် နည်းနည်းလောက် ချန်ထားပါဦး ”
ကောင်းကင်ဘုံခွေးအသွင် ပြောင်းလဲထားသော အားညိုသည် အစွန်းရောက်ယင်စွမ်းအားကို မစုပ်ယူနိုင်တော့ပေ။ ဤအခိုက်အတန့်မှာ သူက ရွှီချင်းကို အော်ပြောရုံသာ တတ်စွမ်းတော့သည်။ ယင်းက မလုံလောက်သေးကြောင်း ခံစားမိသွားသောအခါ သူက အံတင်းတင်းကြိတ်လိုက်ပြီး ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။ ထို့နောက် သူက ကြယ်အကာအကွယ်ဆီသို့ ဦးတည်သွားသည်။
သူက အနားသို့ ချဉ်းကပ်သွားသည်နှင့်ချက်ချင်း သူ၏ ပါးစပ်ထဲမှ သွေးအန်ထုတ်လိုက်သည်။ ယင်းက သူ့သွေးမဟုတ်သည့်အလား ပမာဏအလွန်များပြားသော သွေးသည် အကာအကွယ်ပေါ်သို့ ကျရောက်သွားသည်။ ထိုအခါ အကာအကွယ်သည် သွေးရောင်စွန်းထင်သွားပြီး အေးခဲသွားသည်။
ထို့နောက် ကောင်းကင်ဘုံခွေးသည် ကျယ်လောင်စွာ ပါးစပ်ဟလိုက်ပြီး အကာအကွယ်ကို ကိုက်ချလိုက်သည်။
အက်ကွဲသံနှင့်အတူ အကာအကွယ်သည် ပြိုကွဲသွားသည်။ ခေါင်းဆောင်သည် အပြင်သို့ ပြေးထွက်လာပြီး လပေါ်သို့ ခြေချရန် ကြိုးစားလိုက်သည်။
သို့သော်လည်း သူ့မှာ ရွှီချင်းကဲ့သို့ အခြေအနေများ မရှိပေ။ ထို့ကြောင့် သူက လနှင့် နီးကပ်သွားသည့်အခါ လစန္ဒာ၏ ငြင်းပယ်ခံလိုက်ရသည်။
ကြီးမားသော တွန်းကန်အားသည် လထံမှ ထွက်ပေါ်လာပြီး ခေါင်းဆောင်ကို အဝေးသို့ ကန်ထုတ်ပစ်လိုက်သည်။ ထိုအခါ မုန်တိုင်းအတွင်းမှ ခေါင်းဆောင်သည် အော်ပြောရုံသာ တတ်စွမ်းတော့သည်။
“ ဂျူနီယာညီလေး… ”
ရွှီချင်းသည် မျက်လုံးမဖွင့်ပေ။ သူက အစွန်းရောက်ယင်စွမ်းအားကို ပျော်ရွှင်စွာ စုပ်ယူနေသည်။ သို့သော်လည်း သူက ညာလက်ကို မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်ကာ ခေါင်းဆောင်ကို လမ်းပြပေးလိုက်သည်။
သူက သူ့ကိုယ်သူ ခေါင်းဆောင်၏ ကျောက်ဆူးအဖြစ် သဘောထားလိုက်ပြီး သဏ္ဍာန်မဲ့ကြိုးတစ်ချောင်းကို ခေါင်းဆောင်နှင့် ချိတ်ဆက်လိုက်သည်။
သို့သော်လည်း အားညိုသည် လ၏ ငြင်းပယ်ခံနေရဆဲပင်။ ထို့ကြောင့် သူက ကျောက်ဆူးကိုသာ အမှီပြု၍ အစွမ်းရောက်ယင်စွမ်းအားကို စုပ်ယူလိုက်သည်။
စီနီယာအကိုကြီးဟူသော သူ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်အတွက် အားညိုသည် စွမ်းအင်စုပ်ယူနေရင်း အမြန်အသံပို့လွှတ်လိုက်သည်။
“ ချင်းလေး… ငါမင်းကို ပြောပြမယ်… အင်ပါယာနန်းတော်ကို ပထမဆုံး ရောက်လာတဲ့သူက ငါပဲ ”
“ ပြီးတော့ တခြားလူတွေ ရောက်မလာခင်မှာ ပြင်ဆင်မှုအားလုံးကို ငါလုပ်ထားပြီးပြီ… ဒီအစွန်းရောက်ယင်စွမ်းအားက အချိုပွဲပဲ ရှိသေးတယ်… အချိန်ကျလာတဲ့အခါ ငါ့ပစ်မှတ်က ဘာလဲ မင်းသိလာလိမ့်မယ်… အဲ့ဒါကမှ အဓိကဟင်းပွဲပဲ ”
ရွှီချင်းက ခေါင်းညိတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ခရမ်းလရတနာသိုက်ဂိတ်တံခါးသည် အစွမ်းရောက်ယင်စွမ်းအားကို ဆက်လက် စုပ်ယူနေသည်။ ထိုအခါ ကောင်းကင်ဘုံတာအို၏ အရှိန်အဝါသည် ပိုပြီးအားကောင်းလာသည်။
တတိယရတနာသိုက်ဂိတ်တံခါးထဲမှာ တဖြည်းဖြည်း ပွင့်လာနေသော အဟရာမှတဆင့် အထဲမှ အအေးဓာတ်က တစ်ဟုန်ထိုး တိုးပွားလာနေကြောင်း မြင်နိုင်လိမ့်မည်။ ကောင်းကင်ဘုံတာအို၏ သန္ဓေသားလောင်းပုံစံဖြစ်သော အစွန်းရောက်ယင်ငရဲပိုးစုန်းကြူးသည် ပိုပြီးကြည်လင်လာသည်။
ရွှီချင်း၏ အရှိန်အဝါသည် မြင့်တတ်သွားသည်။
ယင်းက ခေါင်းဆောင်အတွက်လည်း အတူတူဖြစ်သည်။ သူတို့နှစ်ယောက်သည် လစွမ်းအားထံမှ ကြီးမားသော အကျိုးအမြတ်များကို ရိတ်သိမ်းနိုင်ခဲ့ကြသည်။ မကြာမီ လသည် စတင်ကွယ်သွားပြီး နေရောက်လာသည်။
သူတို့နှစ်ယောက်၏ လနှင့် အလွန်နီးကပ်သော စုပ်ယူမှုကြောင့် ဖန်းရှီရွှမ်းသည် အစွန်းရောက်ယင်စွမ်းအားကို မစုပ်ယူနိုင်တော့ပေ။ သူက အကူအညီမဲ့မှုကို ခံစားမိသွားသည်။ ထို့ကြောင့် သူက အံတင်းတင်းကြိတ်လိုက်ပြီး ချိပ်တံဆိပ်လက်ဟန်များကို ဖွဲ့စည်းလိုက်သည်။ ထိုအခါ မရေမတွက်နိုင်သော ဓားပျံများက သူ၏ ဘေးပတ်ပတ်လည်မှာ ထွက်ပေါ်လာကြသည်။
ထိုဓားပျံများသည် သူရှိနေသော ကြယ်၏ အကာအကွယ်ဆီသို့ ဦးတည်သွားကြသည်။ ထိုအခါ ကျယ်လောင်သော ပေါက်ကွဲသံများက ပဲ့တင်ထပ်လာသည်။ နောက်ဆုံးမှာတော့ ဓားပျံအားလုံးက အတူတကွ စုပေါင်းသွားပြီး အကာအကွယ်ပေါ်မှ တစ်နေရာတည်းကို တိုက်ခိုက်လိုက်သည်။
သူက အကာအကွယ်ကို မဖျက်ဆီးချင်ပေ။ ယင်းအစား သူက အပေါက်တစ်ပေါက်သာ ဖောက်ချင်သည်။
ထိုနည်းဖြင့် သူက ကြယ်အကာအကွယ်အောက်မှာ ဆက်ရှိနေပြီး အပေါက်မှတဆင့် အပြင်ဘက်မှာ လွင့်မျောနေသော ယင်စွမ်းအင်တချို့ကို စုပ်ယူနိုင်လိမ့်မည်။
အစွန်းရောက်ယင်စွမ်းအင်က အပြင်ဘက်မှာ အနည်းငယ်မျှသာ လွင့်မျောနေသော်လည်း ရွှီချင်းက နောက်ကျမှ ရောက်လာသောကြောင့် ဖန်းရှီရွှမ်းသည် စောစောတုန်းက ယင်စွမ်းအင်အများအပြားကို စုပ်ယူနိုင်ခဲ့သည်။ ထို့ကြောင့် သူက ယခုအချိန်မှာ အများကြီး မလိုအပ်ပေ။
ဖန်းရှီရွှမ်းနှင့် နှိုင်းယှဉ်လျှင် ထျန်းမိုဇီနှင့် ထုန်ရှီရှန်းသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့လိုအပ်သည်မှာ နေစွမ်းအင်ဖြစ်သည်။ အစွန်းရောက်ယင်စွမ်းအင်မဟုတ်ပေ။
သို့သော်လည်း သူတို့က အပြည့်အဝ စိတ်မအေးနိုင်ခင်မှာ ရွှမ်မီးလျှံက မျက်မှောင်ကြုတ်လိုက်သည်။
သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်လေရာ အကာအကွယ်၏ အရှေ့သို့ ရောက်ရှိသွားသည်။ ထို့နောက် သူက အကာအကွယ်ကို မဖျက်ဆီးနိုင်သော အင်ပါယာလက်သီးဖြင့် ထိုးချလိုက်သည်။
အကာအကွယ်တစ်ခုလုံးသည် အပိုင်းပိုင်းအစစ အက်ကွဲသွားသည်။
သူက မည်မျှလွှမ်းမိုးဖိနှိပ်ကြောင်း ထိုလက်သီးချက်က ဖော်ပြနေသည်။
ထို့နောက် သူက အဝေးမှ ချဉ်းကပ်လာနေသော နေလုံးဆီသို့ ဦးတည်သွားသည်။ သို့သော်လည်း သူက ခေါင်းဆောင်ကဲ့သို့ အခြေအနေဖြင့် ရင်ဆိုင်လိုက်ရသည်။ သူက နေလုံးပေါ်သို့ ခြေချရန် လိုအပ်ချက်မပြည့်မီပေ။
ထို့ကြောင့် နေလုံးထံမှ တွန်းကန်အားက သူ့ကို ကန်ထုတ်နေသည်။
သို့သော်လည်း သူက ရွှမ်မီးလျှံဖြစ်သည်။ သူက ငြင်းပယ်ခံနေရသော်လည်း သူမုန်းတီးသော လူနှစ်ယောက်က ထိုနည်းလမ်းမှတဆင့် စွမ်းအင်ကို စုပ်ယူနိုင်လေရာ သူက ထိုသို့မလုပ်နိုင်ကြောင်း မယုံကြည်ပေ။
ထို့ကြောင့် တွန်းကန်အားက အလွန်ပြင်းထန်သော်လည်း သူက အရှေ့သို့ ဆက်ရွေ့လျားသွားပြီး ခြေတစ်လှမ်းတိုင်း လက်သီးတစ်ချက် ထိုးလိုက်သည်။
သူ၏ လက်သီးသည် လွှမ်းမိုးဖိနှိပ်ပြီး မဖျက်ဆီးနိုင်ပေ။ ယင်းက သူ၏ တာအိုဖြစ်သည်။
ပြိုင်ဘက်ကင်းပြီး ရပ်တန့်နိုင်ခြင်း မရှိပေ။
ထို့ကြောင့် ကျယ်လောင်သော မြည်ဟိန်းသံများနှင့်အတူ ထျန်းမိုဇီနှင့် ထုန်ရှီရှန်း၏ ထိတ်လန့်မှုအောက်မှာ သူက နေလုံးဆီသို့ တစ်လှမ်းချင်း ချဉ်းကပ်သွားသည်။
ထို့နောက် ရတနာသိုက်ဂိတ်တံခါးငါးခုနှင့် ဗလာနတ္ထိကုန်းမြေက သူ့အနောက်မှာ ထွက်ပေါ်လာကြပြီး မဟာလောကအဖြစ် ပြောင်းလဲသွားသည်။ သူက မဟာလောက၏ ဖိအားကို အသုံးပြု၍ နေလုံးပေါ်မှာ ထိုင်ချလိုက်သည်။
ထိုမြင်ကွင်းသည် ခေါင်းဆောင်ကို မနာလိုဖြစ်စေသည်။
‘ ဒီရွှမ်မီးလျှံက တကယ်ပဲ ထူးချွန်တယ်… သူက ငါ့ထက် နည်းနည်းပဲ နိမ့်ကျပြီး… ဂျူနီယာညီလေးနဲ့ အတူတူလောက် ရှိတယ် ’
ရွှမ်မီးလျှံ၏ လုပ်ဆောင်မှုသည် တခြားလူများကို မြန်ဆန်စွာ တုံ့ပြန်စေသည်။ ထျန်းမိုဇီသည် ဆန္ဒမရှိမှုကို ခံစားမိသွားပြီး အဖြူရောင်ပုလင်းတစ်လုံးကို ထုတ်လိုက်သည်။ သူက ပုလင်းကို ဖွင့်လိုက်ပြီး လေမှုတ်လိုက်သည်။
ကြယ်အလင်းရောင်သည် ပုလင်းထဲမှ ထွက်ပေါ်လာသည်။ ထိုကြယ်အလင်းရောင်သည် ဤလောကထဲမှ ကြယ်အလင်းရောင်နှင့် ခြားနားသည်။ ဤအခိုက်အတန့်မှာ ထျန်းမိုဇီက ပုလင်းကို လေမှုတ်လိုက်သည့်အခါ ကြယ်အလင်းရောင်သည် အသိစိတ်ရှိလာပြီး အကာအကွယ်ဆီသို့ ဦးတည်သွားသည်။
နောက်အခိုက်အတန့်မှာ အကာအကွယ်ပေါ်မှ ဧရိယာတစ်စိတ်တစ်ပိုင်းသည် ဖောက်ထွင်းခံလိုက်သည်။ ထိုအခါ အကာအကွယ်ပေါ်တွင် ဝဲကတော့တစ်ခု ထွက်ပေါ်လာပြီး အပြင်ဘက်မှာ လွင့်မျောနေသော နေစွမ်းအင်ကို စုပ်ယူလိုက်သည်။
ထုန်ရှီရှန်းသည်လည်း သူ့ကိုယ်ပိုင်နည်းလမ်းဖြင့် အကာအကွယ်ကို အပေါက်ဖောက်လိုက်သည်။
ရွှီချင်းနှင့် ရွှမ်မီးလျှံကဲ့သို့ ယှဉ်ပြိုင်သူများဖြင့် ရင်ဆိုင်ရသည့်အခါ သူတို့မှာ တခြားရွေးချယ်စရာ မရှိပေ။ သူတို့က ကိစ္စများကို မရှုပ်ထွေးစေချင်ပေ။ သို့ဖြစ်၍ သူတို့အတွက် စုပ်ယူနိုင်သော စွမ်းအင်ရှိနေသေးသရွေ့ အဆင်ပြေသည်။
မည်သို့ဖြစ်ပါစေ ယခုအချိန်မှာ သူတို့၏ ရည်မှန်းချက်သည် ဝိညာဉ်စုစည်းခြင်းအဆင့်သို့ တတ်လှမ်းရန် ဖြစ်သည်။
အင်ပါယာနန်းတော်ကို စူးစမ်းရှာဖွေရန်အတွက်တော့ အောင်မြင်စွာ အဆင့်ချိုးဖြတ်ပြီးမှသာ သူတို့ဆောင်ရွက်လိမ့်မည်။
လူတိုင်းက စောင့်ဆိုင်းနေကြဟန် ရ၏။
ထျန်းမိုဇီနှင့် တခြားနှစ်ယောက်၏ ရည်မှန်းချက်သည် ဝိညာဉ်စုစည်းခြင်းအဆင့်ဖြစ်သည်။ သို့ဖြစ်၍ သူတို့က အင်ပါယာသင်္ချိုင်းအတွင်းမှာ သူတို့အတွက် ရောက်ရှိလာမည့် အခွင့်အလမ်းများကို စောင့်ဆိုင်းနေကြသည်။ သူတို့က ဗလာနတ္ထိအဆင့်ကို ချိုးဖြတ်ပြီး ဝိညာဉ်စုစည်းခြင်းအဆင့်သို့ တတ်လှမ်းရန် သူတို့၏ ပုံရိပ်ယောင်မဟာလောကက အစစ်အမှန်ဖြစ်လာသည်ကို စောင့်ဆိုင်းနေကြသည်။
ခေါင်းဆောင်သည်လည်း စောင့်ဆိုင်းနေသည်။ သူက အစောနက ပြောခဲ့သော အခွင့်အရေးကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
အပြင်လူများက ခေါင်းဆောင်၏ ရည်မှန်းချက်ကို မသိနိုင်ပေ။ သို့သော်လည်း ရွှီချင်းသည် ခေါင်းဆောင်နှင့် ကိစ္စကြီးများစွာကို အတူလုပ်ဆောင်ခဲ့ဖူးသောကြောင့် ယင်းကို အနည်းနှင့်အများ ခန့်မှန်းနိုင်သည်။
ရွှမ်မီးလျှံသည်လည်း စောင့်ဆိုင်းနေသည်။ သူ၏ ပစ်မှတ်က ဝိညာဉ်စုစည်းခြင်းအဆင့်မဟုတ်သည်မှာ ရှင်းလင်းသည်။ ထျန်းမိုဇီနှင့် တခြားလူများအတွက် အင်ပါယာသင်္ချိုင်းထဲမှ အခွင့်အလမ်းများသည် အရေးကြီးသော်လည်း ရွှမ်မီးလျှံအတွက်တော့ ထိုအခွင့်အလမ်းများကို အများကြီး မလိုအပ်ပေ။
ရွှီချင်း၏ အမြင်တွင် ဤနေရာမှ လူများကို အဆင့်သုံးဆင့် ခွဲခြားနိုင်သည်။
သူကိုယ်တိုင်အတွက်ရော…
သူလည်းပဲ စောင့်ဆိုင်းနေတာ မဟုတ်ဘူးလား…
ခရမ်းလနတ်ဘုရားရတနာသိုက်ထဲမှ ကောင်းကင်ဘုံတာအိုက ပြီးပြည့်စုံလာမည်ကို သူစောင့်ဆိုင်းနေသည်။ ဧကရာဇ်ဓားလျှို့ဝှက်ရတနာသိုက်အတွက် သင့်တော်မည့် ကောင်းကင်ဘုံတာအိုကို သူစောင့်ဆိုင်းနေသည်။ သူ၏ ရတနာသိုက်ဂိတ်တံခါးငါးခုစလုံးက ပွင့်သွားပြီး ဗလာနတ္ထိအဆင့်သို့ သူတတ်လှမ်းနိုင်မည်ကို စောင့်ဆိုင်းနေသည်။
ထို့ပြင် ခေါင်းဆောင်၏ ကိစ္စကြီးကို သူ့စိတ်ထဲမှာ အဆုံးအဖြတ်ပေးနိုင်ရန် စောင့်ဆိုင်းနေသည်။
ထိုသို့ဖြင့် အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။
နေနှင့်လက ဂြိုလ်ပတ်လမ်းကြောင်းအတိုင်း လှည့်ပတ်နေစဉ် ထျန်းမိုဇီနှင့် တခြားနှစ်ယောက်၏ အရှိန်အဝါသည် ပိုပြီးခမ်းနားထည်ဝါလာသည်။ ဝိညာဉ်စုစည်းခြင်းအဆင့် စွမ်းအားသည် သူတို့ထံမှ ထွက်ပေါ်လာသည်။ ထိုစဉ် ခေါင်းဆောင်၏ မျက်လုံးထဲမှာ အနက်ရောင်အလင်း ထွက်ပေါ်လာသည်။ ဤသည်မှာ ရူးသွပ်မှုက ပေါက်ကွဲထွက်လာတော့မည့်အလားပင်။
နေလုံးပေါ်မှာ တင်ပျဉ်ခွေထိုင်နေသော ရွှမ်မီးလျှံသည်လည်း မျက်လုံးဖွင့်လိုက်သည်။ သူ၏ အကြည့်က အပေါ်မှာ မရှိပေ။ ယင်းအစား ကြယ်အောက်မှာ ဖြစ်သည်။
ရွှီချင်းသည်တော့ ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်ထဲမှ ခရမ်းလနတ်ဘုရားရတနာသိုက်က ကျယ်လောင်သော မြည်သံကို ထုတ်လွှတ်လိုက်သည်။ ထိုမြည်သံသည် သူ၏ အသိစိတ်ပင်လယ်ထဲမှာ ပဲ့တင်ထပ်သွားသည်။ မူလက အဟရာသေးသေးလေးသာရှိသော ခရမ်းလရတနာသိုက်ဂိတ်တံခါးသည် ဤအခိုက်အတန့်မှာ အပြည့်အဝ ပွင့်သွားသည်။
ရတနာသိုက်ဂိတ်တံခါးထဲတွင် အစွန်းရောက်ယင်ငရဲပိုးစုန်းကြူးသည် လေထဲသို့ မြှောက်တတ်သွားပြီး အချိန်နှင့် လေဟာနယ်ကို အေးခဲပစ်နိုင်သော အအေးဓာတ်ကို ထုတ်လွှတ်လိုက်သည်။
ယခု ဂိတ်တံခါးငါးခုထဲမှ ဂိတ်တံခါးသုံးခုက ပွင့်သွားသည်။
ရွှီချင်း၏ အရှိန်အဝါသည် ချက်ချင်း မြှောက်တတ်သွားသည်။ ယင်းက အတိတ်တုန်းကထက် ကျော်လွန်သွားသည်။ သူ့အောက်မှ လဂြိုလ်တစ်ခုလုံးကို အေးခဲပစ်နိုင်သော အအေးဓာတ်သည် သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။
ထိုအခိုက်အတန့်မှာ…
နေနှင့်လ၏ အောက်၊ သက်တံ့ရောင်ခြည်စက်ဝန်း၏ အောက်၊ ခေါင်းလောင်းများ၊ အိုးစည်များ၊ ဗုံများနှင့် ကြယ်အလင်းရောင်နဂါးကိုးကောင်၏ အလယ်၊ အရေပြားများဖြင့် ပြုလုပ်ထားသော ကုန်းမြေပေါ်မှ ယဇ်ပလ္လင်ပေါ်ဝယ် အင်မော်တယ်အင်ပါယာ၏ ခေါင်းတလားအတွင်း၌…
နှလုံးခုန်သံ ထွက်ပေါ်လာသည်။
ဒုန်း… ဒုန်း… ဒုန်း…
ထိုနှလုံးခုန်သံသည် ကောင်းကင်ဘုံမိုးခြိမ်းသံထက် ကျော်လွန်သည်။ ကောင်းကင်နှင့်မြေပြင်၏ ဖန်တီးမှုသည်ပင် ထိုနှလုံးခုန်သံကို ယှဉ်ပြိုင်ရန် ခက်ခဲပေသည်။ အဘယ့်ကြောင့်ဆိုသော် ကောင်းကင်သည် နတ်ဘုရားအစွမ်းဖြင့် သက်ရောက်ခံထားရပြီး မြေပြင်သည် နတ်ဘုရားလောကအဖြစ် ပြောင်းလဲသွားသောကြောင့် ဖြစ်သည်။
ထို့ကြောင့် နှလုံးခုန်သံသည် နတ်ဘုရားတစ်ပါး၏ အသံဖြစ်သည်။
အကယ်၍ အင်မော်တယ်နယ်မြေတစ်ခုလုံးက နတ်ဘုရားအစွမ်းဖြင့် သက်ရောက်ခံခဲ့ရသည်ဆိုလျှင် အင်မော်တယ်အင်ပါယာ၏ အလောင်းကရော နတ်ဘုရားအစွမ်းကို ပယ်ဖျက်နိုင်မည်လော။
နှလုံးခုန်သံထွက်ပေါ်လာသည်နှင့်ချက်ချင်း အင်ပါယာနန်းတော်တစ်ခုလုံး တုန်လှုပ်သွားသည်။ ယင်းက အင်ပါယာသင်္ချိုင်းတစ်ခုလုံးပေါ် သက်ရောက်မှုရှိသည်။ ထိုမျှသာ မကပေ။ ယင်းက နတ်ဘုရားနယ်မြေတစ်ခုလုံးကို ရိုက်ခတ်သွားသည်။ တစ်ချိန်တည်းမှာ ရွှမ်မီးလျှံစောင့်ဆိုင်းနေသော အခွင့်အရေးက ရောက်ရှိလာသည်။
သူက လုံးဝတုံ့ဆိုင်းမနေဘဲ နေလုံးထံမှ ပြေးထွက်လာသည်။ နှလုံးခုန်သံများကြားမှာ သူက နတ်ဘုရားအရှိန်အဝါကို ထုတ်လွှတ်နေသော ခမ်းနားထည်ဝါစွာ ထွန်းလင်းတောက်ပနေသည့် သက်တံ့ရောင်ခြည်စက်ဝန်းဆီသို့ ဦးတည်သွားသည်။
ယင်းက အင်မော်တယ်အင်ပါယာ၏ အထွတ်အမြတ်ရတနာဖြစ်သည်။
ယင်းက သူ၏ မဟာလောကအတွက် သူစီစဉ်ထားသော ကောင်းကင်ဖြစ်သည်။
သူက လူတိုင်းထက် သာလွန်သော အထူးမဟာလောကတစ်ခုကို ဖွဲ့စည်းချင်သည်။
သူ၏ မဟာလောကထဲမှ ဗလာနတ္ထိကုန်းမြေက အလွန်ကျယ်ပြောသောကြောင့် ယင်းနှင့် လိုက်ဖက်ညီသော ကောင်းကင်သည် အလွန်ရှားပါးသည်။
ထို့ကြောင့် သက်တံ့ရောင်ခြည်စက်ဝန်းသည် ရွှမ်မီးလျှံ၏ ပစ်မှတ်ဖြစ်သည်။
ထိုအကြောင်းအရင်းကြောင့် သူက အားညိုအပေါ် သတ်ဖြတ်ချင်စိတ်ကို ချိုးနှိမ်ထားခဲ့ခြင်း ဖြစ်သည်။ ဤအခိုက်အတန့်မှာ သူက မြန်ဆန်စွာ ချဉ်းကပ်သွားနေသည်။ သူက မဖျက်ဆီးနိုင်သော အင်ပါယာလက်သီးကို ထုတ်လွှတ်လိုက်ပြီး ကြယ်အလင်းရောင်နဂါးတစ်ကောင်ကို ဖျက်ဆီးပစ်လိုက်သည်။
ကြယ်အလင်းရောင်နဂါးက ပျက်စီးသွားစဉ် သူက သွေးတစ်ပွက် အန်လိုက်ရသည်။ သို့သော်လည်း သူ၏ ပုံရိပ်က မရပ်တန့်သွားပေ။ သူက သက်တံ့ရောင်ခြည်စက်ဝန်းပေါ်မှာ ထွက်ပေါ်လာသည်။
ထို့နောက် သူက သက်တံ့ရောင်ခြည်စက်ဝန်းပေါ်မှာ ထိုင်ချလိုက်လေရာ ရတနာသိုက်ဂိတ်တံခါးငါးခုသည် ပွင့်သွားပြီး ဗလာနတ္ထိကုန်းမြေက ဆင်းသက်လာသည်။ သူက သက်တံ့ရောင်ခြည်စက်ဝန်းကို သူ၏ ခန္ဓာကိုယ်ထဲမှာ သန့်စင်ချင်ပြီး ယင်းကို ဝိညာဉ်စုစည်းခြင်းအဆင့်၏ သက်တံ့ရောင်ခြည်စက်ဝန်းအဖြစ် ပြောင်းလဲပစ်ချင်သည်။ သူ၏ အစီအစဉ်သာ အောင်မြင်သွားလျှင် သူက အထွတ်အထိပ်ကို တတ်လှမ်းသွားနိုင်ပြီး လူတိုင်းထက် သာလွန်သွားလိမ့်မည်။
ထိုသို့ရူးမိုက်မှုသည် ထျန်းမိုဇီနှင့် တခြားလူများဆီမှာ မရှိပေ။ ထို့ကြောင့် ရွှမ်မီးလျှံက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ နံပါတ်တစ်ကောင်းကင်အရွေးချယ်ခံ ဖြစ်နေရခြင်း ဖြစ်သည်။
ယခုအချိန်မှာ သူ၏ ရွေးချယ်မှုကို မည်သူမှ မတားဆီးနိုင်ပေ။ နောက်အခိုက်အတန့်မှာ အထွတ်အမြတ်ဆန္ဒကို ထုတ်လွှတ်နေသော သက်တံ့ရောင်ခြည်စက်ဝန်းသည် ရွှမ်မီးလျှံနှင့် စတင်ပေါင်းစပ်သွားသည်။
သူ၏ အရှိန်အဝါသည် ကောင်းကင်အထိ မြင့်တတ်သွားသည်။
အဝေးမှကြည့်လျှင် သူ၏ အရှိန်အဝါက အင်ပါယာနန်းတော်ထဲမှာ ပွင့်လန်းနေသော နတ်ဘုရားပန်းပွင့်တစ်ပွင့်နှင့် ဆင်တူသည်။ ထိုပန်းပွင့်သည် နေနှင့်လသာမက ဘေးပတ်ဝန်းကျင်မှ ကြယ်(၁၀၈)လုံးထိ ဆက်လက် ပျံ့နှံ့သွားသည်။ ထိုပန်းပွင့်အောက်တွင် သက်တံ့အမြစ်များက ရှင်သန်ကြီးထွားနေကြောင်း မည်သူမဆို မြင်နိုင်လိမ့်မည်။ ယင်းတို့က နှလုံးခုန်သံကို ထုတ်လွှတ်နေသော ခေါင်းတလားနှင့် အမှန်တကယ် ဆက်သွယ်နေသည်။
ထိုခေါင်းတလားထဲမှာ မည်သူက လဲလျောင်းနေပါစေ သို့မဟုတ် မည်သူက ပြန်ရှင်သန်လာနေပါစေ အရေးမကြီးပေ။
အထွတ်အထိပ်သို့ ရောက်ရှိနေသော ရွှမ်မီးလျှံအတွက် သူ၏ ရည်မှန်းချက်သည် ဝိညာဉ်စုစည်းခြင်းအဆင့် မဟုတ်ပေ။ ယင်းအစား နတ်ဘုရားဖြစ်သည်။