← Chapters

အချိန်ကာလထဲမှ အပေးအယူ

Vol. 85 Ch. 1305

အချိန်ကာလထဲမှ အပေးအယူ

Vol. 85 Ch. 1305

နတ်ဘုရားမျက်လုံးထဲတွင် မထူးမခြားနားအရိပ်အယောင်သာ ရှိသည်။

ဤသည်မှာ ၎င်း၏ ဘဝတွင် ပျော်ရွှင်ခြင်းနှင့် ဝမ်းနည်းခြင်း လုံးဝမရှိပုံပေါ်သည်။ မွေးဖွားခြင်းနှင့် သေဆုံးခြင်းက ၎င်းအတွက် ရိုးရှင်းသော သံသရာစက်ဝန်းတစ်ခုမျှသာ ဖြစ်သည်။

မည်သည့်အချိန်မှာ ၎င်းက သေဆုံးပြီး မည်သည့်အချိန်မှာ ပြန်ရှင်လာမည်ကို မြင်နိုင်စွမ်း ရှိသည်။

ကံကြမ္မာသည် ၎င်းအတွက် မရေမတွက်နိုင်သော အမှုန်အမွှားများဖြင့် ဖွဲ့စည်းထားသော မြစ်တစ်စင်းဖြစ်သည်။ ရေပြင်ပေါ်မှ လှိုင်းဂယက်များနှင့် လှိုင်းလုံးများထဲမှ အရာအားလုံးကို ၎င်းက သိထားသည်။

ထို့ကြောင့် နတ်ဘုရားမျက်လုံးသည် အမြဲတမ်း တည်ငြိမ်နေပြီး လှိုင်းထသွားခြင်း မရှိပေ။

၎င်း၏ အသိစိတ်က ပြန်နိုးထလာသည့်အခါမှာပင် ၎င်း၏ မျက်လုံးထဲမှာ မည်သည့်လှိုင်းဂယက်မှ မထွက်ပေါ်လာပေ။ ဘိုးဘေးမှော်သခင်ကြီးနှင့် တိုက်ပွဲမှာသော်လည်းကောင်း နတ်ဘုရားသုံးပါး၏ ဖိနှိပ်ခံထားရစဉ်မှာသော်လည်းကောင်း ၎င်း၏ မျက်လုံးက အမြဲတည်ငြိမ်နေသည်။

ယနေ့မှာ ၎င်းက နတ်ဘုရားနယ်မြေအတွင်းမှ ဘိုးဘေးအင်ပါယာအလောင်း၏ အကူအညီဖြင့် ပြန်အသက်ရှင်လာပြီး တောင်တန်းပင်လယ်ဒေသကြီးထဲမှာ ချိပ်ပိတ်ခံထားရသော ၎င်း၏ အခြေအနေကို ဖြေရှင်းလိမ့်မည်။ ၎င်းအတွက်တော့ နှစ်ပေါင်းမြောက်များစွာဟူသော အချိန်ကာလသည် မနေ့တစ်နေ့ကအတိုင်း ဖြစ်သည်။

၎င်း၏ လက်ရှိခန္ဓာကိုယ်က အလွန်အားနည်းနေသော်လည်း အောင်မြင်ခြင်း သို့မဟုတ် ကျရှုံးခြင်းသည် ၎င်းအတွက် အတွေ့အကြုံတစ်ခု ဖြစ်နေဆဲပင်။

သို့ဖြစ်၍ ၎င်းက အသက်ပြန်ရှင်လာသော နေရာကို ကြည့်လိုက်သည်။

ကောင်းကင်ပေါ်ရှိ ကြယ်များ၏ အက်ကွဲမှုမှ ဖြစ်ပေါ်လာသော ဖုန်မှုန့်မုန်တိုင်းသည် ဆက်လက် မပျံ့နှံ့တော့ပေ။ မုန်တိုင်းသည် ရပ်တန့်သွားသည်။ ဤနေရာမှ အချိန်စီးဆင်းမှုသည် ရပ်တန့်သွားပြီး ဤနေရာမှ နိယာမများနှင့် ဥပဒေသများသည် မူလဇစ်မြစ်ကို ဆုံးရှုံးသွားကြသည်။

ဟင်းလင်းပြင်သည်ပင် အေးခဲသွားသည်။

အဝေးမှ ပြေးလာနေကြသော ပုရွက်ဆိတ်သုံးကောင်ကိုတော့ ထည့်ပြောနေစရာ မလိုပေ။

သူတို့က ရွှီချင်း၊ အားညိုနှင့် ရွှမ်မီးလျှံဖြစ်သည်။

သူတို့သုံးယောက်သည် ဟင်းလင်းပြင်ထဲမှာ ရပ်တန့်သွားကြသည်။ ဤအခိုက်အတန့်မှာ သူတို့က အလွယ်တကူ ဆုတ်ပြဲနိုင်သော စက္ကူများဖြစ်လာသည်။

သူတို့၏ အသွေးအသားများ၊ ဝိညာဉ်နှင့် ကံကြမ္မာသည် ညှိုးခြောက်လာသည်။

နတ်ဘုရား၏ မျက်လုံးအောက်မှာ သူတို့က ဖြည်းညင်းစွာ ဖယ်ရှားခံလိုက်ရသည်။

အနန္တအသိဉာဏ်ဖြင့် ၎င်းမြင်ထားသည့်အတိုင်း ဤနေရာမှာ မည်သည့်အပြောင်းအလဲမှ မဖြစ်ပေါ်လာနိုင်ဟန် ရ၏။

ထို့ကြောင့် ၎င်းက စက္ကူပုံရိပ်သုံးခုကို အရေးမစိုက်တော့ပေ။ ယင်းအစား ၎င်းက အင်ပါယာနန်းတော်၏ အပြင်ဘက်ကို ကြည့်လိုက်ပြီး ၎င်း၏ အနန္တအသိဉာဏ်အတွင်းမှာ မြင်နိုင်သော နောက်ထပ်ကံကြမ္မာကို ကြည့်လိုက်သည်။

၎င်းအတွက် အခွင့်အရေးတစ်ခုသာ ရှိသည်။

အစွမ်းထက် နတ်ဘုရားတစ်ပါးအနေဖြင့် ဤစကြာဝဠာထဲမှာ အလုံးစုံသိမြင်နိုင်သော အနန္တအသိဉာဏ်မရှိကြောင်း ၎င်းသိထားသည်။ သက်ရှိများ၏ ဘဝအဆင့်အတန်းပေါ်မူတည်၍ ၎င်းတို့သိမြင်နိုင်သော အနန္တအသိဉာဏ်ထဲမှာ အကန့်အသတ်ရှိသည်။

ထို့ကြောင့် ဤတိုက်ပွဲသည် ဟိုးလွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက စတင်ခဲ့သော နတ်ဘုရားသုံးပါးနှင့် ၎င်းကြားမှ တိုက်ပွဲဖြစ်သည်။ တိုက်ပွဲသည် အချိန်နှင့်လေဟာနယ်ကို ကျော်လွန်သွားသည်။

ဤတိုက်ပွဲသည် နှစ်ဖက်စလုံးအတွက်တော့ နတ်ဘုရားသစ်သီးဖြစ်သည်။

နတ်ဘုရားသုံးပါးသည် ၎င်း၏ မဟာရန်သူတော်များ ဖြစ်ကြသည်။

ထို့ပြင် ယခု ၎င်းက ဤနေရာမှာ အသက်ပြန်ရှင်လာပြီဖြစ်လေရာ တောင်တန်းပင်လယ်ဒေသကြီးထဲရှိ ၎င်း၏ မူလခန္ဓာကိုယ်ထဲမှ နတ်ဘုရားအရင်းအမြစ်ကို လက်လျော့နိုင်သွားပြီ ဖြစ်သည်။ ၎င်းက ဤနတ်ဘုရားနယ်မြေ၏ အရှင်သခင်ဟူသော အခွင့်အာဏာကို ပြန်ရရှိမည်ဆိုလျှင် ဤနေရာမှ နတ်ဘုရားတိုက်ပွဲကို အနိုင်ရလိမ့်မည်။

ထို့နောက် ၎င်းက နတ်ဘုရားသုံးပါးကို ဖိနှိပ်ပြီး ၎င်းတို့ထံမှ နတ်ဘုရားသစ်သီးများကို ဝါးမျိုပစ်လိမ့်မည်။

ထို့ပြင် ဤတစ်ကြိမ် ၎င်း၏ အတွေ့အကြုံကို အသုံးပြု၍ နတ်ဘုရားယဇ်ပလ္လင်တစ်ခုကို ဖွဲ့စည်းလိမ့်မည်။ နတ်ဘုရားယဇ်ပလ္လင်ကို ဖွဲ့စည်းနိုင်သည့်အခါ ၎င်းက နတ်ဘုရားများ၏ နောက်ထပ်နယ်ပယ်တစ်ခုကို တတ်လှမ်းနိုင်လိမ့်မည်။

ထို့နောက် ၎င်းက အရာအားလုံးကို ပြန်တည်ဆောက်လိမ့်မည်။ အချိန်သည် ၎င်းအတွက် ပြောင်းလဲသွားလိမ့်မည်။ ဤလောကကြီးက နားမလည်နိုင်သော စွမ်းအားနှင့်အတူ အချိန်ကာလသည် အတိတ်တုန်းက ဘိုးဘေးမှော်သခင်ကြီးနှင့် ၎င်းကြားမှ တိုက်ပွဲကာလသို့ ပြန်ရောက်သွားလိမ့်မည်။ ထို့နောက် ၎င်းအတွက် ဆိုးဝါးသော ကံကြမ္မာအားလုံးကို ဖျက်ဆီးပစ်လိမ့်မည်။

ကျန်ရှိနေမည့် တစ်ခုတည်းသော ကံကြမ္မာမှာ ၎င်း၏ နတ်ဘုရားယဇ်ပလ္လင်ဖြစ်သည်။

ယင်းက ၎င်း၏ နတ်ဘုရားလမ်းစဉ်ဖြစ်သည်။ အချိန်မြစ်ကို ဖြတ်သန်းသွားပြီး ကံကြမ္မာကို ဖြတ်တောက်ပစ်ကာ နတ်ဘုရားမီးတောက်ကို ရယူမည်။ ထို့နောက် ၎င်းက နတ်ဘုရားယဇ်ပလ္လင်အဆင့်သို့ တတ်လှမ်းသွားမည်။

ယင်းက ၎င်းအတွက် အလွန်အရေးကြီးသည်။ သို့သော်လည်း အနန္တအသိဉာဏ်ကို ပိုင်ဆိုင်ထားပြီး နတ်ဘုရားများအကြောင်းကို ကောင်းမွန်စွာ သိထားသော ၎င်းအနေဖြင့် နတ်ဘုရားယဇ်ပလ္လင်အဆင့်သို့ တတ်လှမ်းရာတွင် အတားအဆီးများက သေချာပေါက် ထွက်ပေါ်လာလိမ့်မည်ဖြစ်ကြောင်း သိသည်။

၎င်းမြင်ထားသော ကံကြမ္မာထဲမှာ ၎င်း၏ အဆင့်တတ်မှုကို အနှောင့်အယှက်ပေးမည့်အရာသည် လျှို့ဝှက်ဆန်းကြယ်သော နတ်ဘုရားသုံးပါးဖြစ်သည်။ ထို့ကြောင့် ၎င်းသည် ဟိုးလွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက နတ်ဘုရားနယ်မြေကို စစ်မြေပြင်အဖြစ် ပြောင်းလဲပစ်ခဲ့ပြီး နတ်ဘုရားသုံးပါးနှင့် တိုက်ခိုက်ခဲ့သည်။ ယင်းက အပြန်အလှန် အမြတ်ထုတ်ခြင်း ဖြစ်သည်။

၎င်းနားလည်ထားသကဲ့သို့ နတ်ဘုရားတစ်ပါး၏ အနန္တအသိဉာဏ်သည် အလုံးစုံသိမြင်နိုင်ခြင်း မဟုတ်ပေ။ ၎င်းတို့၏ အဆင့်ပေါ်မူတည်၍ အကန့်အသတ်ရှိသည်။

သို့ဖြစ်၍ ၎င်းက အင်ပါယာနန်းတော်၏ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်နှင့်ချက်ချင်း ၎င်း၏ အနန္တအသိဉာဏ်ဖြင့် ကြိုမမြင်နိုင်သော အပြောင်းအလဲတစ်ခုသည် အချိန်မြစ်ထဲမှာ ပုန်းအောင်းနေရာမှ ရုတ်တရက် ပေါ်လျှိုးလာသည်။

ထိုအပြောင်းအလဲသည် ၎င်းလျစ်လျူရှုထားသော ပုရွက်ဆိတ်များထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယင်းက အားညိုနှင့် ရွှီချင်း၏ အချိန်ကာလမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

အတိအကျဆိုရလျှင် ယင်းက ၎င်း၏ အနန္တအသိဉာဏ်ထက် ကျော်လွန်ပြီး ၎င်းထက် ပိုပြီးအဆင့်မြင့်သော တခြားနတ်ဘုရားတစ်ပါးထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဟိုးလွန်ခဲ့သော နှစ်အနည်းငယ်တုန်းက လပူဇော်ဒေသကြီးထဲတွင် ရွှီချင်းက ခေါင်းဆောင်ကို မေးခွန်းတစ်ခု မေးခဲ့သည်။

“ စီနီယာအကိုကြီး… အနီရောင်လဗိမာန်က နတ်ဘုရားသားတော်နဲ့ တိုက်ပွဲမှာ လီဇီဟွား နတ်ဘုရားဖြစ်နေတုန်းအချိန်ကာလကို မင်းဝင်ရောက်သွားခဲ့တယ် ”

“ အဲ့ဒီမှာ လီဇီဟွားနဲ့ မင်းတွေ့ခဲ့လား ”

အတိတ်တွင် လီဇီဟွားက လပူဇော်ဒေသကြီးဆီသို့ ဆင်းသက်လာပြီး နီလာနတ်သမီးနှင့် အနီရောင်လကို ဝမ်ကူးကုန်းမြေနှင့် ဝေးရာသို့ ခေါ်ဆောင်သွားခဲ့သည်။ ထိုအချိန်တုန်းက ခေါင်းဆောင်သည် ရွှီချင်း၏ မေးခွန်းကို ပြန်ဖြေခဲ့သည်။

“ အဲ့ဒီအချိန်ကာလထဲမှာ လီဇီဟွားနဲ့ ငါ အပေးအယူတစ်ခု လုပ်ခဲ့တယ် ”

အတိတ်တွင် ရွှီချင်းစဉ်းစားမိခဲ့သည်မှာ ထိုအပေးအယူက နီလာနတ်သမီးနှင့် ဆက်စပ်နေလိမ့်မည်။

သို့သော်လည်း ဤအခိုက်အတန့်မှာ အချိန်ကာလထဲမှ အပေးအယူက အချိန်ကာလထဲမှာသာ ထွက်ပေါ်လာနိုင်ကြောင်း သူနားလည်သွားသည်။

ထို့ကြောင့် လီဇီဟွားက ရောက်လာသည်။

ယခု အချိန်မြစ်ထဲမှ ထွက်ပေါ်လာသည်မှာ လီဇီဟွားနှင့် ခေါင်းဆောင်ကြားမှ အပေးအယူဖြစ်သည်။

ယင်းက လက်ချောင်းတစ်ချောင်း ဖြစ်သည်။ လက်ချောင်းသည် ခေါင်းဆောင်နှင့် ရွှီချင်း၏ အချိန်ထဲမှ ဆန့်တန်းထွက်လာသည်။ ဤသည်မှာ လက်ချောင်းက အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့ရပုံပေါ်သည်။

ထိုလက်ချောင်းကို ဖော်ပြရန် ခဲယဉ်းသည်။ ပထမအကြိမ် ကြည့်လျှင် ယင်းက ကံကြမ္မာမှ ဖြစ်ပေါ်လာဟန် ရ၏။ ယင်းထဲမှာ နဂါးငွေ့တန်းနှင့် စကြာဝဠာ၏ စိတ်ဆန္ဒလည်း ပါရှိသည်။

အရာအားလုံး၏ အလင်းရောင်နှင့် စွမ်းအင်က ထိုထဲမှာ စုဝေးနေသည်။

လက်ချောင်း၏ ထွက်ပေါ်လာမှုကြောင့် အင်ပါယာနန်းတော်တစ်ခုလုံး မတည်မငြိမ်ဖြစ်လာသည်။

ကြယ်ဂြိုလ်တစ်ခုလုံးသည် သေးနုတ်သွားပြီး မထင်မရှားဖြစ်လာသည်။

နတ်ဘုရားနယ်မြေတစ်ခုလုံးသည် လျစ်လျူရှုခံလိုက်ရသည်။

လက်ချောင်းနှင့် နှိုင်းယှဉ်လျှင် ထိုအရာအားလုံးက ဖုန်မှုန့်တစ်ခုထက် မပိုပေ။

ဒုတိယအကြိမ်ကြည့်လျှင် လက်ချောင်းသည် သာမန်လက်ချောင်းတစ်ချောင်းသာ ဖြစ်သည်။

ယင်းမှာ မည်သည့်ထူးခြားချက်မှ မရှိပေ။ တစ်စုံတစ်ယောက်သည် လက်ချောင်းပေါ်မှ လက္ခဏာမျဉ်းကြောင်းများကိုပင် ရှင်းလင်းစွာ မြင်နိုင်ပေသည်။

နတ်ဘုရား၏ အကြည့်အောက်မှာ လက်ချောင်းသည် ပင့်ကူ၏ မျက်နှာပေါ်သို့ ကျဆင်းသွားသည်။

ယင်းက ညင်သာသော ထိတွေ့မှုဖြစ်သည်။

အင်ပါယာအလောင်း၏ မျက်နှာပေါ်မှ ပင့်ကူသည် အပြင်းအထန် တုန်ယင်သွားသည်။ ၎င်း၏ မျက်လုံးထဲမှ ထာဝရ တည်ငြိမ်မှုနှင့် အဆုံးမဲ့သော အေးစက်မှုသည် အပြီးတိုင် ဖျက်ဆီးခံလိုက်ရသည်။

နတ်ဘုရားများမှာလည်း စိတ်ခံစားချက်များရှိသည်။

၎င်း၏ မထူးမခြားနား အမူအရာသည် စိတ်ရှုပ်ထွေးမှုအဖြစ် ပြောင်းလဲသွားသည်။

၎င်း၏ တည်ငြိမ်မှုသည် ထူးဆန်းမှုအဖြစ် ပြောင်းလဲသွားသည်။

ဤအခိုက်အတန့်မှာ ၎င်းက နားလည်သွားသည်။ နတ်ဘုရားယဇ်ပလ္လင်အဆင့်သို့ တတ်လှမ်းရာတွင် ၎င်းတွေ့ကြုံရမည့် အဟန့်အတားသည် နတ်ဘုရားသုံးပါးမဟုတ်ပေ။ ယင်းအစား ဤနေရာမှာ မထွက်ပေါ်လာသင့်သော လက်ချောင်းဖြစ်သည်။

“ ဒီတော့ ငါက ခြေနင်းကျောက်တုံးပဲ ”

မျှော်လင့်ထားသကဲ့သို့ပင် ပင့်ကူသည် အပိုင်းပိုင်းအစစ အက်ကွဲသွားပြီး ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားသည်။

အင်ပါယာအလောင်းသည်လည်း မတောင့်ခံနိုင်ပေ။ ခေါင်းတလားအောက်မှ ယဇ်ပလ္လင်သည် အသူရာချောက်နက်အဖြစ် ပြောင်းလဲသွားသည်။ ထိုအခါ ခေါင်းတလားသည် အသူရာချောက်နက်ထဲသို့ ဆက်ပြီး ကျဆင်းသွားသည်။ ဤသည်မှာ ခေါင်းတလားက အသူရာချောက်နက်ထဲမှာ ဗလာနတ္ထိအဖြစ် မြှုပ်နှံခံရတော့မည့်အလားပင်။

ထို့ကြောင့် အကြွင်းအကျန်ဝိညာဉ်များသည် မည်သည့်လှိုင်းဂယက်ကိုမှ မပြုလုပ်နိုင်ကြပေ။ ၎င်းတို့အားလုံးက ဖိနှိပ်ခံလိုက်ရသည်။

လောကကြီးသည် မည်းမှောင်သွားသည်။

ဤနေရာတစ်ခုတည်း မည်းမှောင်သွားခြင်းမဟုတ်ပေ။ တောင်တန်းပင်လယ်ဒေသကြီးသည်လည်း ထို့အတူ မည်းမှောင်သွားသည်။

လောကကြီးက အနက်ရောင်သို့ ပြောင်းလဲသွားသော်လည်း ရွှီချင်းနှင့် ခေါင်းဆောင်၏ မြင်ကွင်းထဲတွင် အင်ပါယာနန်းတော်သည် အရောင်ရှိသည်။ စက္ကူသည် ပယ်ဖျက်မခံရတော့ပေ။ သူတို့၏ အသက်ဓာတ်က ပြန်ရောက်လာသည်။

ခေါင်းဆောင်သည် ဤတစ်ကြိမ်မှာလည်း ရွှီချင်းကို စိတ်မပျက်စေခဲ့ပေ။

“ အသံလှိုင်းက အကာအကွယ်တွေကို ဖယ်ရှားလိုက်ပြီး အာရုဏ်ဦးနေမင်းက ချိပ်တံဆိပ်ကို ဖျက်ဆီးလိုက်တယ်… ပြီးတော့ အချိန်ကာလအမှတ်ထဲက အပေးအယူက နတ်ဘုရားကို ဖိနှိပ်လိုက်တယ်… ဂျူနီယာညီလေး… ငါတို့ခေတ်ကို ရောက်ပြီ ”

ခေါင်းဆောင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ထို့နောက် သူက အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး လီဇီဟွား၏ လက်ချောင်းဖြင့် ဖိနှိပ်ခံထားရသော အင်ပါယာအလောင်းဆီသို့ ဦးတည်သွားသည်။

ပြင်းထန်သော လှိုင်းဂယက်သည် ရွှီချင်း၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ ဤသည်မှာ နတ်ဘုရားနယ်မြေထဲသို့ ဝင်ရောက်ပြီးနောက် ထိုမျှပြင်းထန်သော လှိုင်းဂယက်က သူ၏ နှလုံးသားထဲမှာ ပထမဆုံးအကြိမ် ထွက်ပေါ်လာခြင်း ဖြစ်သည်။ သူက အတိတ်မှာ ခေါင်းဆောင်နှင့် ကိစ္စကြီးများစွာကို အတူလုပ်ဆောင်ခဲ့ဖူးသောကြောင့် သူ၏ နှလုံးကို လှုပ်ခတ်စေနိုင်သော ကိစ္စများသည် ရှားပါးသည်။

သို့တိုင်အောင် ဤအခိုက်အတန့်မှာ သူ၏ နှလုံးက အမှန်တကယ် လှုပ်ခတ်သွားသည်။ သို့သော်လည်း သူက တုံ့ဆိုင်းမနေပေ။ သူ၏ ခန္ဓာကိုယ်သည် အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး ခေါင်းဆောင်နှင့်အတူ အင်ပါယာအလောင်းဆီသို့ ဦးတည်သွားသည်။

တစ်ယောက်သည် ခန္ဓာကိုယ်ကို လိုချင်ပြီး တခြားတစ်ယောက်သည် ဝိညာဉ်ကို လိုချင်သည်။

ထို့ပြင် မြန်ဆန်စွာ ပြေးလွှားနေသော နောက်ထပ်ပုံရိပ်တစ်ခုလည်း ရှိသည်။ ၎င်းက ရွှမ်မီးလျှံမှလွဲ၍ တခြားလူမဟုတ်ပေ။

သူက ဖြစ်စဉ်တစ်ခုလုံးကို အစအဆုံးမြင်ခဲ့သည်။ ထိုမြင်ကွင်းက သူ့ကို နှလုံးတုန်စေခဲ့သော်လည်း သူ့ကိုယ်သူ ယုံကြည်ချက်ရှိသည်။ သူတို့နှစ်ယောက်ကို တားဆီးခြင်းဖြစ်စေ သို့မဟုတ် လုယက်ခြင်းဖြစ်စေ သူက ဤအခွင့်အရေးကို မည်သည့်နည်းနှင့်မျှ လက်မလွှတ်နိုင်ပေ။

သူက ရွှီချင်းနှင့် ခေါင်းဆောင်နှင့်အတူ အင်ပါယာအလောင်းဆီသို့ ပြေးသွားသည်။

ထိုအခိုက်အတန့်မှာ ခေါင်းဆောင်သည် လက်မြှောက်လိုက်ပြီး ချိပ်တံဆိပ်လက်ဟန်များကို ဖွဲ့စည်းလိုက်ကာ အဝေးသို့ လက်ညှိုးညွှန်လိုက်သည်။

ထိုအခါ အင်ပါယာသင်္ချိုင်းအတွင်း အင်ပါယာနန်းတော်၏ အပြင်ဘက်၌ အပျက်အစီးနေရာတစ်ခုမှာ ပုလဲတစ်လုံး ထွက်ပေါ်လာသည်။

ပုလဲသည် အနီရောင်တောက်ပပြီး ယင်ယန်ကို ပြောင်းလဲပေးနိုင်သည်။ ရှေးဟောင်းအရှိန်အဝါက ပုလဲထဲမှာ လှည့်ပတ်နေပြီး ယင်းထဲမှာ တစ်စုံတစ်ယောက်၏ သက်စောင့်အစွမ်း ပါရှိသည်။ ယင်းက အထွတ်အမြတ်ရတနာဖြစ်ကြောင်း မည်သူမဆို အကြည့်တစ်ချက်ဖြင့် ပြောနိုင်ပေသည်။

သို့သော်လည်း ဤအခိုက်အတန့်မှာ ပုလဲထွက်ပေါ်လာသည်နှင့်ချက်ချင်း ယင်းက ပင်လယ်ထဲမှ ခုန်ထွက်လာသော ငါးတစ်ကောင်နှယ် စွမ်းအင်အရင်းအမြစ်ကို ဆုံးရှုံးသွားဟန် ရသည်။

ထို့ကြောင့် ပုလဲသည် စတင်ခြောက်သွေ့လာပြီး အက်ကွဲလာသည်။

အကယ်၍ စွမ်းအင်အရင်းအမြစ်ကို အချိန်တိုလေးအတွင်း ပြန်မရဘူးဆိုလျှင် ပုလဲက လုံးဝအက်ကွဲသွားလိမ့်မည်။

ထိုအခါ အင်ပါယာအလောင်းဆီသို့ ပြေးသွားနေသော ရွှမ်မီးလျှံသည် ရုတ်တရက် တုန်ယင်သွားသည်။ ပုလဲ၏ အရှိန်အဝါကို သူအာရုံခံမိသည်။ ယင်းက သူ၏ သက်စောင့်ပုလဲဖြစ်ပြီး အားညိုအပေါ် သူအမုန်းကြီး မုန်းတီးနေရသည့် အဓိကအကြောင်းအရင်း ဖြစ်သည်။

အားညိုအပေါ် သူ၏ သတ်ဖြတ်ချင်စိတ်ကို ကြည့်ရုံဖြင့် ထိုပုလဲက သူ့အတွက် မည်မျှအရေးကြီးကြောင်း ခန့်မှန်းနိုင်သည်။

သူက ဆုံးဖြတ်ချက်တစ်ခုကို မြန်ဆန်စွာ ချမှတ်ရလိမ့်မည်။ သက်စောင့်ပုလဲနှင့် အင်ပါယာအလောင်းကြားမှာ တစ်ခုကို သူရွေးချယ်ရလိမ့်မည်။ အကယ်၍ သူက အင်ပါယာအလောင်းကို ရွေးချယ်မည်ဆိုလျှင် သူ၏ သက်စောင့်ပုလဲကို ထာဝရ ဆုံးရှုံးသွားလိမ့်မည်။

ယင်းက ခေါင်းဆောင်၏ အကြံအစည် ဖြစ်သည်။

ရွှမ်မီးလျှံမှာ တခြားရွေးချယ်စရာ မရှိပေ။

သူ၏ မျက်လုံးက သွေးရောင်လွှမ်းလာသည်။ သူက ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး သက်စောင့်ပုလဲ၏ တည်နေရာဆီသို့ ချက်ချင်း ပြေးသွားသည်။

သူထွက်သွားသည်နှင့်ချက်ချင်း ခေါင်းဆောင်နှင့် ရွှီချင်းသည် အသူရာချောက်နက်ထဲသို့ ကျဆင်းသွားနေသော အင်ပါယာအလောင်းနားသို့ ရောက်ရှိသွားကြသည်။ တစ်ယောက်သည် အပေါ်မှာရှိပြီး တခြားတစ်ယောက်သည် အောက်မှာရှိသည်။ သူတို့နှစ်ယောက်သည် အသူရာချောက်နက်ထဲသို့ ချက်ချင်း ခုန်ဆင်းသွားကြသည်။

အင်ပါယာအလောင်းသည် အသူရာချောက်နက်ထဲသို့ ကျဆင်းသွားပြီး ပျောက်ကွယ်သွားသည်။

ဤအခိုက်အတန့်မှာ အင်ပါယာနန်းတော်သည် လုံးဝပြိုကျပျက်စီးသွားပြီး ဆက်လက် မတည်ရှိတော့ပေ။

အင်ပါယာသင်္ချိုင်းနှင့် ကြယ်ဂြိုလ်သည် အတူတကွ ပျက်စီးသွားသည်။

ထျန်းမိုဇီနှင့် တခြားနှစ်ယောက်သည်တော့ ပြင်းထန်သော အကြောက်တရားနှင့်အတူ မြန်ဆန်စွာ တည်နေရာပြောင်းရွှေ့သွားကြသည်။

လူတိုင်းထွက်သွားပြီးနောက် နတ်ဘုရားနယ်မြေ၏ အဓိကအချက်အချာဖြစ်သော ကြယ်ဂြိုလ်သည် အနက်ရောင်ဝဲကတော့အဖြစ် ပြောင်းလဲသွားပြီး တိတ်တဆိတ် လှည့်ပတ်လိုက်သည်။ ယင်းက နတ်ဘုရားနယ်မြေတစ်ခုလုံးကို လမ်းပြပေးနေသည်။

ဝဲကတော့၏ အပြင်ဘက်တွင် ထျန်းမိုဇီနှင့် တခြားနှစ်ယောက်သည် နှုတ်ဆိတ်နေကြသည်။

ယင်းက သူတို့အပေါ်သို့ အလွန်ကျယ်ပြောသော အရှိန်အဝါတစ်ခု သက်ဆင်းမလာခင်အထိ ဖြစ်သည်။ နတ်ဘုရားအလင်းနှင့် နတ်ဘုရားစွမ်းအင်သည် ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။ နတ်ဘုရားသုံးပါး၏ ပုံရိပ်များသည် နတ်ဘုရားနယ်မြေဆီသို့ ဆင်းသက်လာကြပြီး ထိုဝဲကတော့၏ အပေါ်မှာ ထွက်ပေါ်လာကြသည်။

“ အချိန်ကျပြီ ”

နေနတ်ဘုရားက တည်ငြိမ်စွာ ပြောသည်။

ထျန်းမိုဇီနှင့် တခြားလူများသည် ခေါင်းငုံ့လိုက်ကြသည်။ သူတို့၏ နှလုံးသားထဲမှာ ရှုပ်ထွေးသော စိတ်ခံစားချက်များ ထွက်ပေါ်လာသည်။ ဤမတိုင်ခင် နတ်ဘုရားသုံးပါးက မည်သို့ကြောင့် ထွက်ပေါ်မလာသေးကြောင်း သူတို့စဉ်းစားခဲ့ကြသည်။

သို့သော်လည်း ယခု နတ်ဘုရားသုံးပါးကို မြင်လိုက်ရသောအခါ သူတို့က နောက်ထပ် သံသယမရှိကြတော့ပေ။

သက်စောင့်ပုလဲကို သိမ်းဆည်းပြီးနောက် ပြန်ရောက်ရှိလာသော ရွှမ်မီးလျှံသည်လည်း တိတ်ဆိတ်နေသည်။ သူအပါအဝင် ထျန်းမိုဇီနှင့် တခြားလူများသည် ဤနတ်ဘုရားနယ်မြေထဲမှာ စစ်တုရင်အရုပ်များသာဖြစ်ကြောင်း သူသိလိုက်သည်။

“ အဲဒါဆို နောက်ထပ် စစ်တုရင်ကစားသမားက ဘယ်သူဖြစ်မလဲ ”

ရွှမ်မီးလျှံသည် ခေါင်းငုံ့လိုက်ပြီး နက်ရှိုင်းသော အနက်ရောင်ဝဲကတော့ကို စိုက်ကြည့်လိုက်သည်။ ဝဲကတော့က သူ၏ မျက်လုံးထဲမှာ တဖြည်းဖြည်း ကျယ်ပြန့်လာပြီး သူ၏ သူငယ်အိမ်များကို သိမ်းပိုက်သွားသည်။

ထိုအခါ သူ၏ မျက်လုံးက အနက်ရောင်သို့ ပြောင်းလဲသွားသည်။

တစ်ချိန်တည်းမှာ တောင်တန်းပင်လယ်ဒေသကြီးမှ ကျူးလီတားမြစ်ဇုန်အောက်ရှိ အမှောင်ထုထဲမှာ မျက်လုံးတစ်စုံသည် ဖြည်းညင်းစွာ ပွင့်သွားသည်။ ဘေးပတ်ဝန်းကျင်မှ အမှောင်ထုသည် ၎င်း၏ သူငယ်အိမ်များထဲမှာ အဆုံးမဲ့သော ဝဲကတော့တစ်ခုနှယ် စုဝေးသွားသည်။

“ အချိန်ကျပြီလား ”

အက်ရှရှအသံက သူ၏ ပါးစပ်ထဲမှ ထွက်ပေါ်လာသည်။ ထို့နောက် အချိန်အငွေ့အသက်ကို သယ်ဆောင်ထားဟန်ရသော လေပြေလေညင်းသည် အသူရာချောက်နက်ထဲမှ ပေါ်လျှိုးလာပြီး ဤဧရိယာတစ်ခုလုံးကို ရိုက်ခတ်သွားသည်။ နတ်ဘုရားဖြစ်ခါနီးနေသော အရှိန်အဝါသည် ထိုပုဂ္ဂိုလ်ထံမှ ထွက်ပေါ်နေသည်။

သူက ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်သည်။

သူက ကျူးလီအောက်တွင် ချိပ်ပိတ်ခံထားရသော နတ်စင်ဆီသို့ တန်းမတ်စွာ လျှောက်သွားသည်။

နတ်စင်ထဲတွင် သေဆုံးနေသော ပင့်ကူနတ်ဘုရား၏ အလောင်းရှိသည်။ ကံကြမ္မာ၏ ဆက်နွယ်မှုကြောင့် နတ်စင်ဆီသို့ လမ်းလျှောက်သွားနေသော ထိုပုံရိပ်၏ အရှိန်အဝါသည် တဖြည်းဖြည်း ပိုအားကောင်းလာသည်။

သူက ပင့်ကူနတ်ဘုရားထံမှ အရာအားလုံးကို စုပ်ယူနေသည်။

All Chapters