← Chapters

ငါ့မှာ နောင်တရစရာမရှိဘူး

Vol. 85 Ch. 1308

ငါ့မှာ နောင်တရစရာမရှိဘူး

Vol. 85 Ch. 1308

လေသည် အချိန်နှင့်လေဟာနယ်ကိုဖြတ်၍ တိုက်ခတ်သွားသည်။ ယင်းက လူသားလောကမှ နတ်ဘုရားနယ်မြေအထိ၊ ဝမ်ကူးကုန်းမြေမှ ပေဖန်းအင်မော်တယ်အင်ပါယာလောကအထိ တိုက်ခတ်သွားပြီး နတ်ဘုရားသုံးပါးအောက်မှ ဝဲကတော့ပေါ်သို့ ကျဆင်းသွားသည်။

မိုးခြိမ်းသံသည် နတ်ဘုရားနယ်မြေတစ်လျှောက် ပဲ့တင်ထပ်သွားသည်။ ဤသည်မှာ တစ်စုံတစ်ခုက အတင်းအဓမ္မ ပိုင်းဖြတ်ခံနေရသည့်အလားပင်။ အချိန်ထဲမှ ကတိသည် နှစ်ထောင်သောင်းချီကြာမြင့်ခဲ့သော ကမ္မကို တာဝန်ယူလျက် ထိတ်လန့်ဖွယ်ကောင်းသော ထက်ရှမှုနှင့်အတူ ပိုင်းဖြတ်လိုက်သည်။ ထိုအခါ ဤနေရာမှ ဟင်းလင်းပြင်သည် တိုက်ရိုက် အက်ကွဲသွားသည်။

ကြီးမားသော အက်ကွဲကြောင်းတစ်ခုသည် နတ်ဘုရားသုံးပါး၏ မျက်စိရှေ့မှာ ထွက်ပေါ်လာသည်။

ထိုအက်ကွဲကြောင်းသည် အဆုံးမဲ့စွာ ဆန့်တန်းသွားပြီး ဝဲကတော့ကို ဖြတ်သန်းသွားသည်။ အဝေးမှ ကြည့်လျှင် ယင်းက ပွင့်နေသော မျက်လုံးတစ်လုံးနှင့် ဆင်တူပြီး ကြီးကျယ်မြင့်မြတ်ခြင်းနှင့် ကျယ်ပြောခြင်းကို ပေးသည်။

လေသည် အက်ကွဲကြောင်းထဲမှ ပင့်တတ်လာပြီး အရပ်မျက်နှာအဘက်ဘက်သို့ ရိုက်ခတ်သွားသည်။ ယင်းက နတ်ဘုရားသုံးပါး၏ အေးစက်သော မျက်စိအောက်သို့ ပန်းတစ်ပွင့်နှယ် ကျရောက်လာသည်။

ဤအခိုက်အတန့်မှာ တောင်တန်းပင်လယ်ဒေသကြီး၌ ၎င်းတို့ကြည့်ရှုနေသော ရွေးချယ်မှုသည် ပြီးဆုံးသွားသည်။

အက်ကွဲကြောင်းထဲတွင် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ တောင်တန်းပင်လယ်ဒေသကြီး ရှိသည်။ ထိုဒေသကြီး၏ အလယ်တွင် ကျူးလီတားမြစ်ဇုန်ရှိသည်။

ကျူးလီတားမြစ်ဇုန်သည် အထဲသို့ ကျွံဝင်သွားပြီး ချိပ်ပိတ်ခံထားရသော ပင့်ကူနတ်စင်က ပြန်ပေါ်ထွက်လာသည်။

သို့သော်လည်း နတ်စင်သည် ရောင်ဝါတောက်ပခြင်းမရှိဘဲ ဖုန်မှုန့်ဖြင့် ပြည့်နှက်နေသည်။ နတ်စင်ထဲမှ ပင့်ကူနတ်ဘုရားသည်တော့ အပြင်းအထန် တုန်ယင်နေသည်။ ၎င်းက သာမန်မျက်စိဖြင့် မြင်နိုင်သော အလျင်နှင့်အတူ ခြောက်သွေ့နေသည်။

၎င်း၏ အသွေးအသားသာ ခြောက်သွေ့နေခြင်းမဟုတ်ဘဲ ၎င်း၏ ကမ္မသည်လည်း ခြောက်သွေ့နေသည်။ ၎င်း၏ အချိန်သည်ပင် တိတ်တဆိတ် ယိုယွင်းပျက်စီးနေသည်။

အရာအားလုံးသည် ၎င်းရှေ့မှ လက်၏ ယူဆောင်သွားခြင်းခံလိုက်ရသည်။

ယင်းက အနက်ရောင်အရိုးလက် ဖြစ်သည်။ လက်၏ ပိုင်ရှင်သည် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ ဝတ်ရုံသည် တဖျပ်ဖျပ်လှုပ်ခတ်နေပြီး သူ၏ မျက်နှာကို ဖုံးအုပ်ထားသည်။ သို့သော်လည်း ယင်းက သူ၏ ခန္ဓာကိုယ်ပေါ်မှ ရှေးဟောင်းအငွေ့အသက်ကိုတော့ မဖုံးကွယ်ထားနိုင်ပေ။

သူက ပင့်ကူနတ်ဘုရား၏ အရှေ့မှာ မတ်တတ်ရပ်နေသည်။ သူ၏ အရိုးလက်ထဲမှာ တဖြည်းဖြည်း အသွေးအသားများ ထွက်ပေါ်လာသည်။ ပင့်ကူနတ်ဘုရားသည်တော့ ပိုပြီးပြင်းထန်စွာ တုန်ယင်လာသည်။

၎င်းက ရုန်းကန်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ၎င်း၏ ကံတရားက သတ်မှတ်ခံထားရပြီးသား ဖြစ်သည်။ သို့ဖြစ်၍ ၎င်း၏ ရုန်းကန်မှုက အချည်းနှီးသာ ဖြစ်သည်။

နောက်ဆုံးမှာတော့ ၎င်းက ပြာမှုန်အဖြစ် ပြောင်းလဲသွားပြီး ဤလောကထဲမှာ လွင့်ပြယ်သွားသည်။ လက်သည်တော့ သေခြင်းမှ အသွင်ပြောင်းလဲသွားပြီး အချိန်ကာလထဲမှ ပြန်ရောက်လာဟန် ရ၏။ သွေးနီရောင်အလင်းသည် လက်ထဲမှ ထွက်ပေါ်လာသည်။ ထို့နောက် လက်သည် အသွေးအသားဖြင့် ပြန်ပြည့်သွားသည်။

ဤအခိုက်အတန့်မှာ လေက သူ၏ ဝတ်ရုံကို ပင့်တင်လိုက်လေရာ သူ၏ ရှည်လျားသော မီးခိုးရောင်ဆံပင်နှင့် အရွယ်အိုမင်းသော မျက်နှာက ထင်ရှားစွာ ထွက်ပေါ်လာသည်။

အချိန်စီးဆင်းမှုကြောင့် သူက လူသားနှင့် မတူတော့သလို တစ္ဆေနှင့်လည်း မတူတော့ပေ။

သို့သော်လည်း သူက ပင့်ကူနတ်ဘုရားထံမှ အရာအားလုံးကို စုပ်ယူနေစဉ် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ ရှေးဟောင်းရုပ်တုနှင့် ဆင်တူသော ကြီးကျယ်မြင့်မြတ်မှုကို ထုတ်လွှတ်နေသည်။ သူ၏ အရွယ်အိုမင်းသော မျက်နှာပေါ်မှာ တဖြည်းဖြည်း အသွေးအသားများ ပြန်ပြည့်လာသည်။

သူက လွန်ခဲ့သော နှစ်ထောင်သောင်းချီက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ကို စည်းလုံးညီညွတ်စေခဲ့သော ဂမ္ဘီရမှော်သခင်ဖြစ်သည်။

သူက အောက်သို့ ငုံ့ကြည့်လိုက်သည်။ ဤသည်မှာ သူက ဤကုန်းမြေ၏ သမိုင်းကြောင်းကို ပြန်ကြည့်ရှုနေသည့်အလားပင်။

သူက မီးလျှံလ၏ မြင့်တတ်လာမှု၊ မီးလျှံလနှင့် အသင်္ချေမျိုးနွယ်စုများကြားမှ တိုက်ပွဲကို မြင်သွားသည်။ မီးလျှံလနှင့် လူသားမျိုးနွယ်၏ စစ်ပွဲသော်လည်းကောင်း၊ နတ်ဘုရားသုံးပါး၏ ကာကွယ်ပေးမှုသော်လည်းကောင်း ဝမ်ကူးကုန်းမြေပေါ်မှ မီးလျှံလ၏ အဆင့်အတန်းကိုသော်လည်းကောင်း သူမြင်သွားသည်။

သူ၏ အကြည့်က အတိတ်နှင့် ပစ္စုပ္ပန်ကို ဖြတ်သန်းသွားသည်နှင့် သူ၏ အရှိန်အဝါက တဖြည်းဖြည်း ပိုပြီးအားကောင်းလာသည်။ သူ၏ အရှိန်အဝါက တောင်တန်းပင်လယ်ဒေသကြီးတစ်လျှောက်သို့ ပျံ့နှံ့သွားပြီး မီးလျှံလ၏ ပိုင်နက်ကုန်းမြေများပေါ်သို့ သက်ရောက်သွားသည်။ ယင်းက ကောင်းကင်နှင့်မြေပြင်၏ အရောင်ကို ပြောင်းလဲသွားစေပြီး လေနှင့် တိမ်တိုက်များကို ပရမ်းပတာဖြစ်စေသည်။

မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်မှ ကျင့်ကြံသူအားလုံးသည် သူတို့၏ သွေးမျိုးဆက်ပဲ့တင်မှုကို ချက်ချင်း ခံစားမိသွားကြသည်။ အထူးသဖြင့် သူတော်စင်နတ်ဆရာသုံးပါးဖြစ်သည်။ သူတို့က မဟာရွက်ဖျင်တဲများထဲမှ အံ့ဩထိတ်လန့်သော အမူအရာနှင့်အတူ ထွက်လျှောက်လာကြပြီး တောင်တန်းပင်လယ်ဒေသကြီးကို ကြည့်လိုက်ကြသည်။ ထိုနေရာတွင် အောင်ပွဲနှင့်အတူ ထွက်လျှောက်လာသော ဘိုးဘေးကို သူတို့မြင်သွားကြသည်။

မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်အတွက်တော့ ဂမ္ဘီရမှော်သခင်၏ အဆင့်အတန်းသည် နတ်ဘုရားနှင့်မခြားပေ။

သူတို့အားလုံးက ဂမ္ဘီရမှော်သခင်ကို အရိုအသေပေးလိုက်ကြသည်။

မျိုးနွယ်စုတစ်ခုလုံး၏ အရိုအသေပေးမှုအောက်မှာ ဂမ္ဘီရမှော်သခင်၏ အကြည့်သည် ကောင်းကင်ပေါ်သို့ ရွှေ့ပြောင်းသွားသည်။

ထို့နောက် သူက ခြေထောက်ကြွလိုက်ပြီး ကောင်းကင်ဆီသို့ လျှောက်သွားကာ အက်ကွဲကြောင်းထဲသို့ ဝင်ရောက်သွားသည်။

သူစုပ်ယူလိုက်သည်မှာ ပင့်ကူနတ်ဘုရား၏ အသွေးအသားနှင့် အချိန်သာ မဟုတ်ပေ။ ထိုထဲမှာ နတ်ဘုရားနယ်မြေ၏ အခွင့်အာဏာတစ်ပိုင်းလည်း ပါဝင်သည်။

ထိုအခွင့်အာဏာကြောင့် သူက လမ်းလျှောက်သွားနေစဉ် သူ၏ ကံကြမ္မာက ပြောင်းလဲသွားသည်။ ယင်းက သူ၏ ကံတရားကို ပိုပြီးအားကောင်းလာစေပြီး ချို့ယွင်းချက်များကို ပျောက်ကွယ်သွားစေသည်။ လွန်ခဲ့သော နှစ်ထောင်သောင်းချီက ငြိမ်းသတ်သွားခဲ့သော မီးပွားစများသည်ပင် ပြန်လည်ရှင်သန်လာသည်။

ထိုသို့ဖြင့် သူက တစ်လှမ်းချင်း တစ်လှမ်းချင်း လျှောက်သွားသည်။ သူ၏ ဘဝအဆင့်အတန်းက မည်သို့ဖြစ်ပါစေ သူ့အရှေ့မှ အရာအားလုံးက အငွေ့ပျံသွားကြသည်။ နောက်ဆုံးမှာတော့ သူက အက်ကွဲကြောင်းမှတဆင့် နတ်ဘုရားနယ်မြေထဲသို့ ဝင်ရောက်သွားပြီး နတ်ဘုရားသုံးပါး၏ အရှေ့သို့ ရောက်ရှိသွားသည်။

သူက နတ်ဘုရားသုံးပါးကို ကြည့်လိုက်ပြီး အက်ရှရှအသံဖြင့် ပြောသည်။

“ မင်းတို့ကို စောင့်ဆိုင်းစေမိတာ တောင်းပန်ပါတယ် ”

သူ၏ အသံသည် ကောင်းကင်ဘုံမိုးခြိမ်းသံသဖွယ် နတ်ဘုရားနယ်မြေထဲမှာ ပဲ့တင်ထပ်သွားပြီး ဝဲကတော့ထဲသို့ ကျဆင်းသွားသည်။

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ တစ်ဖက်လူ၏ သရုပ်ကို သူမှတ်မိသည်။ တစ်ချိန်တည်းမှာ ဂမ္ဘီရမှော်ဝင်ရတနာသိုက်ထဲမှ ဝမ်းနည်းမှုကို သူခံစားမိသွားသည်။

ကျူးလီ၏ မှတ်ဉာဏ်များထဲမှ သစ္စာဖောက်မှုကို ရှင်းလင်းစွာ သူမြင်တွေ့ခဲ့သည်။

ယခု ထိုသစ္စာဖောက်ခြင်း၏ အကျိုးတရားနှင့် အကြောင်းတရားက ရှင်းလင်းသွားဟန် ရ၏။

ဝဲကတော့၏ အပြင်ဘက်တွင် နေနတ်ဘုရားနှင့် လနတ်ဘုရားသည် ဂမ္ဘီရမှော်သခင်ကဲ့သို့ နှုတ်ဆိတ်နေသည်။ ကြယ်နတ်ဘုရားသည် ဝဲကတော့ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ ဒါဆို စတင်ရအောင် ”

ဤသည်ကို ဂမ္ဘီရမှော်သခင်ကြားသောအခါ သူ၏ အကြည့်က နတ်ဘုရားနယ်မြေပေါ်သို့ ကျရောက်သွားသည်။

“ အတိတ်တုန်းက ငါ့မှာ မေးခွန်းတစ်ခုရှိခဲ့တယ်… အဲ့ဒါကို ဒီနေ့ ငါမေးချင်တယ် ”

“ မင်းတို့သုံးယောက်ပြောပုံအရဆို ဒီနတ်ဘုရားနယ်မြေက မင်းတို့ရဲ့ ဇာတိမြေဖြစ်ခဲ့တယ်… အဲ့လိုဆိုရင် ဒီနေရာမှာ အသိစိတ်ကင်းမဲ့နေကြတဲ့ နတ်ဘုရားသက်ရှိတွေက မင်းတို့ရဲ့ အရင်ပြည်သူတွေ မဟုတ်ဘူးလား… မင်းတို့က သူတို့ကို စတေးပစ်ဖို့ တကယ်ဆန္ဒရှိတာလား ”

“ ပေဖန်းအင်မော်တယ်အင်ပါယာက သေဆုံးသွားပြီ… ကမ္မကလည်း အဲ့ဒီမှာ အဆုံးသတ်သွားပြီ… သူက ငါတို့ဆိုပေမဲ့ ငါတို့က သူမဟုတ်ဘူး ”

ထိုမေးခွန်းကို ပြန်ဖြေသူသည် လနတ်ဘုရားဖြစ်သည်။

ဂမ္ဘီရမှော်သခင်သည် နှုတ်ဆိတ်သွားသည်။

နေနတ်ဘုရား၏ အသံသည် ကြီးမြတ်သော ဩဇာအာဏာကို သယ်ဆောင်လျက် နတ်ဘုရားနယ်မြေအတွင်းမှာ ပဲ့တင်ထပ်သွားသည်။

“ ရှေးခေတ်က ဗလာမဟုတ်ဘူး… ထွန်းလင်းတောက်ပတဲ့ ရှေးဦးအပျက်အစီးရှိတယ်… အခုချိန်ထိ အိပ်မောကျနေတယ်… မူလဇစ်မြစ်က အချိန်ထဲမှာ ပြန့်ကျဲသွားတယ် ”

“ ကြယ်တာရာစက်ဝန်းတွေ ဖြစ်ပေါ်လာတယ်… သက်ရှိအားလုံးက သူ့ရဲ့ ကလေးငယ်တွေပဲ… အသင်္ချေနယ်မြေတွေက တုန်လှုပ်သွားကြတယ်… ငါတို့က သူ့ကို ဘုရားသခင်လို့ ခေါ်တယ် ”

“ ဒီနေ့ ပေဖန်းအင်မော်တယ်လောကရဲ့ ကလေးငယ်တွေဖြစ်တဲ့ နေ၊ လ၊ ကြယ်က ဘုရားသခင်အတွက် ယဇ်ပူဇော်မှုငါးခုကို ပြုလုပ်မယ် ”

နေနတ်ဘုရား၏ အသံသည် နတ်ဘုရားနယ်မြေတစ်ခွင် ပဲ့တင်ထပ်သွားသည်။ ၎င်း၏ စကားလုံးတစ်လုံးစီက နတ်ဘုရားနယ်မြေကို တုန်ယင်သွားစေသည်။ ထိုစကားလုံးများက ပေါင်းစည်းသွားသည့်အခါ ဝမ်ကူးကုန်းမြေထဲတွင် သိသာသော အပြောင်းအလဲတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် ဧရာမနေလုံးက ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားသည်။

လနတ်ဘုရားသည် မျက်လုံးမှိတ်ထားသည်။ တောက်ပသော လရောင်ခြည်က ကောင်းကင်ပေါ်မှာ ထွန်းလင်းသွားသည်။ ကြယ်နတ်ဘုရားသည် မျက်လုံးဖွင့်ထားသည်။ ထိုအခါ နတ်ဘုရားနယ်မြေ၏ ကောင်းကင်ပေါ်မှာ အဆုံးမဲ့သော ကြယ်များဖြင့် ပြည့်နှက်သွားသည်။

နတ်ဘုရားသုံးပါးသည် နတ်ဘုရားမျက်နှာပျက်ကြီးအတွက် ယဇ်ပူဇော်တော့မည် ဖြစ်သည်။

ဤအခိုက်အတန့်မှာ လေချည်းသာ တိုက်ခတ်ခြင်း မဟုတ်ပေ။ မုန်တိုင်းကျရောက်လာသည်။

ဝဲကတော့၏ အောက်တွင် အရာအားလုံးကို ကြည့်ရှုနေသော အင်ပါယာအလောင်းက တုန်လှုပ်သွားသည်။ အထဲမှ ခေါင်းဆောင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ရွှီချင်းသည်တော့ အရာအားလုံးကို နားလည်သွားသည်။

နတ်ဘုရားသုံးပါး၏ ရည်ရွယ်ချက်သည် အပြည့်အဝ ထွက်ပေါ်လာသည်။

၎င်းတို့က နတ်ဘုရားမျက်နှာပျက်ကြီးကို မျက်လုံးဖွင့်လှစ်စေပြီး ၎င်းတို့ရှိနေသော နတ်ဘုရားနယ်မြေကို ကြည့်စေချင်သည်။ ထိုအတွက် ၎င်းတို့က ယဇ်ပူဇော်မှုများကို ပေးဆပ်လိမ့်မည်။

နတ်ဘုရားမျက်နှာပျက်ကြီး၏ ပထမဆုံး အကြည့်သည် တားမြစ်ဇုန်ကို ဖြစ်ပေါ်စေလိမ့်မည်။ အကယ်၍ ၎င်းက တားမြစ်ဇုန်ကို ကြည့်လိုက်သည့်အခါ တားမြစ်ဇုန်သည် တားမြစ်ဒေသကြီးအဖြစ် ပြောင်းလဲသွားလိမ့်မည်။ အကယ်၍ ၎င်းက တားမြစ်ဒေသကြီးကို ကြည့်လိုက်မည်ဆိုလျှင် တားမြစ်ဒေသကြီးသည် နတ်ဘုရားနယ်မြေအဖြစ် ပြောင်းလဲသွားလိမ့်မည်။

သို့သော်လည်း နတ်ဘုရားမျက်နှာပျက်ကြီးက နတ်ဘုရားနယ်မြေကို ကြည့်လိုက်မည်ဆိုလျှင် မည်သို့ဖြစ်လာမည်နည်း။

ထိုအဖြေကို အနီရောင်လဂြိုလ်ပေါ်မှာကတည်းက ရွှီချင်း သိခဲ့သည်။

ထိုအချိန်ကျလျှင် နတ်ဘုရားနယ်မြေသည် နတ်ဘုရားကမ္ဘာအဖြစ် တတ်လှမ်းသွားလိမ့်မည်။

ထိုသို့ဖြစ်လျှင် နတ်ဘုရားနယ်မြေ၏ အရှင်သခင်များသည် နတ်ဘုရားနယ်မြေနှင့်အတူ အဆင့်တတ်သွားကြလိမ့်မည်။

ခေါင်းဆောင်၏ အစာနက စကားများကို ပြန်အမှတ်ရသွားသောအခါ နတ်ဘုရားသုံးပါး၏ လမ်းစဉ်ကို ရွှီချင်း နားလည်သွားသည်။

၎င်းတို့က နတ်ဘုရားနယ်မြေ၏ အရှင်သခင်ဟူသော သရုပ်ကို ငှားယူ၍ ကပ်ဘေးမီးတောက်အဆင့်တစ်ခုလုံးကို ကျော်လွှားပြီး ပြစ်ချက်မဲ့အဆင့်ဆီသို့ ခြေတစ်လှမ်းတည်းဖြင့် တိုက်ရိုက် တတ်လှမ်းချင်ကြသည်။

ထိုနည်းဖြင့် ၎င်းတို့က နီလာနတ်သမီးနှင့် ပင့်ကူနတ်ဘုရားကဲ့သို့ ကပ်ဘေးဒုက္ခကို မတွေ့ကြုံရတော့ဘဲ ၎င်းတို့၏ ကံကြမ္မာက ပြီးပြည့်စုံသွားလိမ့်မည်။ ထို့ပြင် ၎င်းတို့အတွက် နတ်ဘုရားယဇ်ပလ္လင်လမ်းကြောင်းက ပွင့်သွားလိမ့်မည်။

၎င်းတို့က အနာဂတ်မှာ အလုံအလောက် စွမ်းအင်စုဆောင်းနိုင်သရွေ့ နတ်ဘုရားယဇ်ပလ္လင်ဆီသို့ ရောက်ရှိနိုင်လိမ့်မည်။

ယင်းက အလွန်ကြီးမားပြီး အံ့ဖွယ်ကောင်းသော အခွင့်အရေးဖြစ်သည်။ ထို့အတူ ယင်းက အလွန်အန္တရာယ်များသည်။

အတိတ်တွင် နီလာနတ်သမီးသည် ကျရှုံးသွားခဲ့သည်။

သို့သော်လည်း နတ်ဘုရားသုံးပါးသည်တော့ နီလာနတ်သမီးနှင့် ခြားနားသည်။

နီလာနတ်သမီးသည် ကပ်ဘေးဒုက္ခကို မရှောင်လွှဲနိုင်ခဲ့ပေ။ နတ်ဘုရားသုံးပါးသည်တော့ လွတ်လမ်းကို ရှာဖွေခဲ့ကြသည်။

တစ်ယောက်သည် ကြိုမပြင်ဆင်ထားဘဲ တခြားတစ်ယောက်သည် နှစ်ထောင်သောင်းချီကြာအောင် ကြိုပြင်ဆင်ထားခဲ့သည်။

“ ဘယ်လောက်ကြီးလိုက်တဲ့ လှုပ်ရှားမှုလဲ ”

ရွှီချင်း၏ အမူအရာသည် ပြောင်းလဲသွားသည်။ အတိတ်တွင် သူ၏ ကျင့်ကြံခြင်းက လွန်စွာ အားနည်းသောကြောင့် ထိုသို့လှုပ်ရှားမှုကြီးမှာ ဝင်ရောက်စွက်ဖက်နိုင်စွမ်း မရှိခဲ့ပေ။

သို့သော်လည်း ယခုတော့ ခြားနားသွားသည်။

အပြင်လောကတွင် ကြီးမားသော အပြောင်းအလဲများက ဆက်လက် ဖြစ်ပွားနေဆဲပင်။

နေနတ်ဘုရား၏ ဩဇာကြီးမားသော အသံသည် နတ်ဘုရားနယ်မြေထဲမှာ ပဲ့တင်ထပ်သွားသည်။

“ ပထမယဇ်ပူဇော်မှုအနေနဲ့ ဒေသကြီးခုနစ်ခုက သက်ရှိတွေကို ယဇ်ပူဇော်ပါတယ် ”

နေနတ်ဘုရား၏ ကမ္ဘာတုန်ဟီးစေမည့် စကားသံသည် ဝမ်ကူးကုန်းမြေပေါ်သို့ ကျရောက်လာသည်။ ဤသည်မှာ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်က နှစ်ပေါင်းများစွာကြာအောင် ကြိုပြင်ဆင်ထားခဲ့သော ဒေသကြီးခုနစ်ခုဖြစ်သည်။ သူတို့က ယနေ့ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

ထိုဒေသကြီးခုနစ်ခုထဲမှ မည်သည့်ဒေသကြီးမဆို အလွန်အမင်း ကျယ်ပြောသည်။

ဤအခိုက်အတန့်မှာ ဒေသကြီးခုနစ်ခုထဲ၌ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်မှ ဘုရင်များသည် လေထဲသို့ ပျံတတ်သွားကြသည်။ သူတို့၏ အရှိန်အဝါကြောင့် လေနှင့် တိမ်တိုက်များက ပရမ်းပတာဖြစ်သွားသည်။

မျက်စိတစ်ဆုံးမြင်နိုင်သည်မှာ ဒေသကြီးခုနစ်ခုထဲတွင် မီးလျှံလစစ်တပ်သည် အနက်ရောင်မြူခိုးထုသဖွယ် တည်ရှိနေသည်။ အလံတိုင်များက လေထဲမှာ တလူလူပျံ့လွင့်နေကြစဉ် ယင်းတို့က ကောင်းကင်ကို ဖုံးလွှမ်းပစ်နိုင်စွမ်းရှိဟန် ရသည်။

ထိုစစ်တပ်၏ အရှေ့တွင် မရေမတွက်နိုင်သော အကျဉ်းသားများ ရှိသည်။

ဒေသကြီးခုနစ်ခု၏ ထူးခြားမှုသည်လည်း ထိုအကျဉ်းသားများပေါ်မှာ ပုံရိပ်ပြန်လာသည်။ ဒေသကြီးတစ်ခုလုံးမှာ မျိုးနွယ်စုတစ်ခုတည်းသာ ရှိသည်။

ထိုဒေသကြီး၏ မျိုးနွယ်စုမှလွဲ၍ တခြားမျိုးနွယ်စုများ မရှိပေ။

ဤအခိုက်အတန့်မှာ အကျဉ်းသားအားလုံးက ဒူးထောက်နေကြသည်။ စိတ်ပျက်အားငယ်မှုက သူတို့၏ မျက်လုံးထဲမှာ အထင်အရှား ထွက်ပေါ်နေသည်။ နောက်အခိုက်အတန့်မှာ နေနတ်ဘုရား၏ အသံက ဝမ်ကူးကုန်းမြေဆီသို့ ပဲ့တင်ထပ်လာသည့်အခါ ဘုရင်များသည် စတင်လှုပ်ရှားလိုက်ကြသည်။

“ သွေးယဇ်ပူဇော်မှု စတင်မယ် ”

ဘုရင်များ၏ အမိန့်ပေးမှုနှင့်အတူ ဒေသကြီးခုနစ်ခုထဲ၌ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုက တစ်ပြိုင်နက် ဖြစ်ပွားသွားကြသည်။

ချက်ချင်းဆိုသလို လူအများအပြား သေဆုံးသွားကြသည်။ ယင်းက ဝမ်ကူးကုန်းမြေမှာ တစ်ခါမှမဖြစ်ပျက်ဖူးသော ကိစ္စမဟုတ်သော်လည်း ထိုသို့သတ်ဖြတ်မှုကြီးကို နှစ်တစ်သောင်းအတွင်းမှာ မြင်တွေ့ခဲသည်။

သွေးသည် မြစ်ကြီးတစ်စင်းနှယ် စီးဆင်းသွားပြီး ဝိညာဉ်များသည် ကောင်းကင်တစ်ခွင် ပြည့်နှက်သွားကြသည်။

တချို့သည် လွတ်မြောက်ရန် ကြိုးစားကြပြီး တချို့သည် တန်ပြန်တိုက်ခိုက်ကြသည်။ သို့သော်လည်း မည်သို့လုပ်ဆောင်ပါစေ သူတို့သည် အသက်သေဆုံးမည့် ကံကြမ္မာမှ မလွတ်မြောက်နိုင်ကြပေ။

ထိုမျိုးနွယ်စုခုနစ်ခု၏ နောက်ထပ်ထူးခြားချက်သည် သူတို့အသတ်ခံရပြီးနောက် ထွက်ပေါ်လာသည်။

သူတို့၏ သွေးသည် အရောင်ခုနစ်ရောင် ရှိသည်။

အနီရောင်၊ လိမ္မော်ရောင်၊ အဝါရောင်၊ အစိမ်းရောင်၊ အပြာရောင်၊ မဲနယ်ရောင်နှင့် ခရမ်းရောင် ဖြစ်သည်။

ဒေသကြီးတစ်ခုသည် အရောင်တစ်ရောင် ဖြစ်သည်။

အနီရောင်သွေးတည်ရှိသော ဒေသကြီးတွင် မျိုးတုန်းသတ်ဖြတ်ခံလိုက်ရသော မျိုးနွယ်စုသည် လူသားမျိုးနွယ်မဟုတ်ပေ။

သို့သော်လည်း မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ လွှမ်းမိုးဖိနှိပ်မှုအရ အနီရောင်သွေးတည်ရှိသော ဒေသကြီးအတွက် သူတို့၏ မူလပစ်မှတ်က လူသားမျိုးနွယ်မဟုတ်ကြောင်း ပြောရန် မဖြစ်နိုင်ပေ။ အတိတ်တုန်းက စစ်ပွဲကို ကြည့်မည်ဆိုလျှင် ကောင်းကင်နက်မျိုးနွယ်၏ ကျူးကျော်ဝင်ရောက်လာမှုက ထိုအတွက်ကြောင့် မဟုတ်ပါလော။

အကယ်၍ ထိုစစ်ပွဲမှာသာ လူသားမျိုးနွယ်က စစ်ရှုံးသွားမည်ဆိုလျှင်၊ အကယ်၍ လူသားမျိုးနွယ်မှာ အာရုဏ်ဦးနေမင်းမရှိလျှင်၊ အကယ်၍ ဓားကိုင်ဧကရာဇ်၏ နောက်ဆုံးဓားချက်ကို တွန်းအားမပေးချင်သောကြောင့် မဟုတ်လျှင်…

သို့သော်လည်း အကယ်၍ဟူသော စကားလုံးသည် သမိုင်းထဲမှာ မရှိပေ။ သမိုင်းထဲမှာ ရလဒ်သာ ရှိသည်။

ဤအခိုက်အတန့်မှာ ဒေသကြီးခုနစ်ခုထဲမှ မျိုးနွယ်စုခုနစ်ခုသည် အမြစ်ဖြတ်သုတ်သင်ရှင်းလင်းခံလိုက်ရသည်။ အလောင်းများသည် တောင်ကြီးတစ်ခုနှယ် စုပုံသွားပြီး သွေးသည် ပင်လယ်ကြီးတစ်ခုနှယ် စုဝေးသွားသည်။ သူတို့၏ ဝိညာဉ်များသည် ကောင်းကင်ပေါ်မှာ ပြည့်နှက်သွားပြီး တစ္ဆေလောကတစ်ခုကို ဖန်တီးလိုက်သည်။ သူတို့အားလုံးက ယဇ်ပူဇော်ခံလိုက်ရသည်။

ဝမ်ကူးကုန်းမြေ၏ အပေါ်တွင် အမြင့်မြတ်ဆုံး တည်ရှိမှုဖြစ်သော၊ ကျင့်ကြံသူအားလုံး၊ သက်ရှိအားလုံးနှင့် နတ်ဘုရားအားလုံးကိုပင် ဖိနှိပ်ထားနိုင်သော နတ်ဘုရားမျက်နှာပျက်ကြီးသည် အနည်းငယ် မျက်ခွံလှုပ်ခါသွားသည်။

ထို့နောက် နတ်ဘုရားနယ်မြေထံမှ အသံသည် ထပ်မံ ပဲ့တင်ထပ်လာသည်။

“ ဒုတိယယဇ်ပူဇော်မှုအနေနဲ့ လွန်ခဲ့တဲ့ နှစ်တစ်သောင်းက တိုက်ပွဲဝိညာဉ်တွေကို ယဇ်ပူဇော်ပါတယ် ”

ထိုအသံသည် နေနတ်ဘုရား၏ အသံမဟုတ်ပေ။ ဂမ္ဘီရမှော်သခင်၏ အသံဖြစ်သည်။

ဤတစ်ကြိမ်တွင် ယဇ်ပူဇော်မည်မှာ လွန်ခဲ့သော နှစ်တစ်သောင်းအတွင်း မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ထဲမှာ သေဆုံးသွားခဲ့ကြသော သူရဲကောင်းများ၏ ဝိညာဉ်များ ဖြစ်သည်။ ယင်းက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ ယဇ်ပူဇော်မှုဖြစ်သည်။

သို့မှသာ ဤယဇ်ပူဇော်မှုကို စိတ်ရင်းမှန်ဖြစ်သည်ဟု သတ်မှတ်နိုင်လိမ့်မည်။

သို့မှသာ ယင်းကို ယဇ်ပူဇော်မှုဟု ခေါ်ဆိုနိုင်လိမ့်မည်။

နတ်ဘုရားသုံးပါးသည် တိုက်ပွဲဝိညာဉ်များကို ယဇ်ပူဇော်ခိုင်းရန် အရည်အချင်းမပြည့်မီကြချေ။

ဂမ္ဘီရမှော်သခင်သည်သာ ထိုကမ္မကို ဖြည့်ဆည်းပေးနိုင်လိမ့်မည်။

အကယ်၍ သူသေဆုံးသွားလျှင် သူ၏ နေရာမှာ လက်ရှိသူတော်စင်နတ်ဆရာသုံးပါးက အစားထိုး ဝင်ရောက်လိမ့်မည်။

ချက်ချင်းဆိုသလို မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ ဘိုးဘေးခန်းမအားလုံးနှင့် သူတော်စင်နတ်ဆရာသုံးပါး၏ လက်အောက်မှ သူရဲကောင်းဝိညာဉ်များသည် တစ်ပြိုင်နက် တုန်ယင်သွားကြသည်။ ဤနှစ်တစ်သောင်းအတွင်းမှာ မျိုးနွယ်အတွက် အကျိုးပြုခဲ့ကြသော မရေမတွက်နိုင်သည့် ဝိညာဉ်များသည် လေထဲသို့ မြှောက်တတ်သွားကြပြီး ယဇ်ပူဇော်ခံလိုက်ရသည်။

မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်တစ်ခုလုံး နှုတ်ဆိတ်သွားသည်။ သာမန်ပြည်သူများမှစ၍ ဘုရင်များအထိ သူတို့၏ နှလုံးသားထဲမှာ ဝမ်းနည်းပူဆွေးမှုက ထိန်းချုပ်မရအောင် ပေါ်လျှိုးလာသည်။

သို့သော်လည်း ယင်းက ဘဝဖြစ်သည်။

သူတို့၏ ဘဝကို ဂမ္ဘီရမှော်သခင်က ပိုင်သည်။

အတိတ်တွင် သူက သစ္စာဖောက်ရန် ရွေးချယ်ခဲ့သည်။ ယင်းက နတ်ဘုရားဖြစ်လာရန် ကတိတစ်ခုကြောင့်ဖြစ်သော်လည်း သူက မျိုးနွယ်စု၏ နှစ်ရှည်ကြာ အကျိုးစီးပွားကို ထည့်စဉ်းစားခဲ့ခြင်း ဖြစ်သည်။

ဘိုးဘေးမှော်သခင်ကြီး၏ အမွေအနှစ်ကို ဆက်ခံခဲ့သော ကျူးလီက ပင့်ကူနတ်ဘုရားကို အမြစ်ဖြတ်မသုတ်သင်နိုင်ကြောင်း သူသိသည်။ သူက ဂမ္ဘီရမှော်ဝင်မျိုးနွယ်၏ ကံကြမ္မာကို နတ်ဘုရားသတ်ဖြတ်ခြင်းအစီအရင်တစ်ခုတည်းပေါ်မှာ ပုံမအောချင်ပေ။

“ ကျူးလီရဲ့ ရွေးချယ်မှုက မျိုးနွယ်ကို တစ်ခဏကြာအောင်ပဲ ကာကွယ်ပေးနိုင်တယ် ”

“ ငါ့ရွေးချယ်မှုက မျိုးနွယ်ကို အနာဂတ်ရှိအောင် လုပ်ဆောင်ပေးနိုင်တယ် ”

“ သမိုင်းထဲမှာ အကယ်၍ဆိုတာ မရှိဘူး… ရလဒ်တွေပဲ ရှိတယ် ”

“ ဒါကြောင့် ငါနောင်တမရဘူး ”

All Chapters