ငါက အထီးကျန်သိုင်းသခင်ပဲ
Vol. 105 Ch. 1562
များစွာသော ကျင့်ကြံသူများသည် ထိုသည်ကိုတွေ့မြင်သောအခါ သူတို့၏ ခေါင်းမွေးများ ထောင်ထလာသည်ဟု ခံစားလိုက်ရ၏။
အဲ့ဒါသည် ပဒေသရာဇ်နန်းတော်၏ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်၏။
သူသည် ဤကဲ့သို့ပင် ထန်လော၏ အရှင်လတ်လတ်စားသုံးခြင်းကို ခံလိုက်ရ၏။
“လခွမ်းပဲ... ငါတို့က ဘာကိုထပ်ပြီး ကြောက်နေရဦးမှာလဲ”
ပဒေသရာဇ်နန်းတော်၏ နန်းတော်အရှင်က ဆက်လက်၍ သည်းမခံနိုင်တော့ပဲ သူ၏ သိုလှောင်အိတ်ထဲကနေ ဧရာမလှံတစ်လက်ကို ဆွဲထုတ်ကာ မြေပြင်ပေါ်သို့ ပစ်စိုက်ချပြီး အော်ပြောလိုက်၏။
“မိစ္ဆာဂိုဏ်းတွေရဲ့ ငါတို့က ကျင့်ကြံတယ်ဆိုတာ... ငါတို့က လွတ်လွတ်လပ်လပ် နဲ့ ချုပ်နှောင်မှုကင်းတဲ့ဘဝကို လိုချင်လို့ပဲ... ငါတို့က အခုချိန်မှာ ကန့်သတ်ချုပ်နှောင်မှုနဲ့ ရှင်သန်ရမယ်ဆိုရင် ငါတို့က ငါတို့ရဲ့ ခွန်အားကုန်နဲ့ တိုက်ခိုက်ရလိမ့်မယ်”
“ငါတို့က သေရမယ်ဆိုရင်တောင်မှ ခမ်းခမ်းနားနားပုံစံနဲ့ပဲ သေချင်တယ်”
“အဲ့ဒါအမှန်ပဲ”
အဆူရာဂိုဏ်း၏ ဂိုဏ်းချုပ်ကလည်း ထရပ်လာပြီး အေးစက်စွာ ပြောလိုက်၏။
“အလွန်ဆုံး ငါတို့က သေလိုက်ရုံပေါ့... ဘယ်သူက မသေမှာမို့လဲ...မင်းက ဧကရာဇ်တစ်ပါးဆိုရင်တောင်မှ ကောင်းကင်နဲ့မြေကြီး တည်သရွေ့ ၊ နေနဲ့လတို့နဲ့အတူ ရှင်သန်နိုင်မှာ မဟုတ်ဘူး မင်းက တစ်နေ့... အိုမင်းလာပြီး သေရမှာပဲ”
မိစ္ဆာဂိုဏ်း ၇ ဂိုဏ်းကြားမှာ ပဒေသရာဇ်နန်းတော် ၊ အဆူရာဂိုဏ်းနှင့် စင်ကြယ်အပျိုစင်ဂိုဏ်းတို့က ထွက်ရပ်လာကြ၏။
ခရမ်းရောင်မိုးကောင်းကင်ဂိုဏ်း၏ ဂိုဏ်းချုပ်ကလည်း ဖြည်းဖြည်းချင်း ထရပ်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။
“မင်းတို့က... ဒီလိုမျိုး အရှက်ခွဲခံရပြီး ထာဝရရှင်သန်နေရမယ်ဆိုရင်ရော ဘာအဓိပ္ပါယ်ရှိမှာလဲ”
ထို့နောက် ချက်ချင်းပင် အင်မော်တယ်ဂိုဏ်းများမှ နှင်းပုံတောင်ကြားနှင့် မိုးပျံငှက်မွေးဂိုဏ်းတို့ကလည်း ထွက်ရပ်လာကြ၏။
ဗုဒ္ဓကျောင်းတော်များမှ ကိုယ်တော်များအားလုံးက ထွက်ရပ်လာကြ၏။
မိစ္ဆာဒိဋ္ဌိ ၅ ဝါဒီကြားတွင် အုတ်ဂူဂိုဏ်း၏ ဖက်တီးလေးနှင့် ရုပ်သေးဂိုဏ်း၏ ရှစ်ကျန့်တို့ကလည်း ရှေ့သို့ထွက်လာကြ၏။
တစ်သီးပုဂ္ဂလ လေးအုပ်စုမှ ကျင့်ကြံသူများအားလုံးက ထွက်ရပ်လာကြ၏။
ရှေးတော်ဝင်မိသားစု ၃စု မှ နန်းကုန်နှင့် ပေမင်ရှေးတော်ဝင်မိသားစုများကလည်း ထွက်ရပ်လာကြလေသည်။
ပဟေဠိနန်းတော်မှ ကျင့်ကြံသူများစွာကလည်း ရှေ့သို့တက်လှမ်းလာကြ၏။
ချက်ချင်းပင်... လူတိုင်းသည် စိတ်လှုပ်ရှားတက်ကြွလာပြီး လူသားမျိုးနွယ်မှ စွမ်းအားကြီးမားသော ပုဂ္ဂိုလ်များသည် တစ်ယောက်ပြီးတစ်ယောက် လေထဲသို့ခုန်တက်ကာ ထန်လောနှင့် ဆန့်ကျင်တိုက်ခိုက်ဖို့အတွက် မနှိုင်းယှဥ်သာအောင် လွှမ်းမိုးခြယ်လှယ်နိုင်သော အော်ရာများကို ထုတ်ဖော်လာကြ၏။
ကမ္ဘာဦးမျိုးနွယ် ၆ စုက ဆင်းသက်လာခဲ့ပြီး လူသားများကို ထင်တိုင်းကျဲသတ်ဖြတ်ခဲ့လေသည်။ ကျင့်ကြံသူများသည် သူတို့၏ ရင်ထဲရှိ အမျက်ဒေါသကို မဖြေဖျောက်နိုင်ခဲ့ဘဲ ယခုအခါ... အဲ့ဒါကို ဆက်လက်၍ သည်းမခံနိုင်ကြတော့ပေ။
လူသားများအားလုံးက သတ္တိကြောင်သူများ မဟုတ်ကြပေ။
ကျင့်ကြံရေးလောကသည် လူသားမျိုးနွယ်ကို ဦးဆောင်ပြီး လှုံ့ဆော်နိုင်မည့် အစစ်အမှန်ပညာရှင်တစ်ယောက်ကိုသာ လိုအပ်နေခြင်းဖြစ်ကြောင်း ပုံပြောအဖိုးအိုက ပြောခဲ့ဖူးလေသည်။
ယခု... ပဒေသရာဇ်နန်းတော်နှင့် အဆူရာဂိုဏ်း၏ ဂိုဏ်းချုပ်များက ရှေ့သို့ထွက်ရပ်လာကြ၏။
ထိုမြင်ကွင်းသည် တုံ့ပြန်မှုကွင်းဆက်တစ်ခု ဖြစ်ပေါ်သွားသည်ဟုထင်ရပြီး ကျင့်ကြံသူများက တစ်ယောက်ပြီးတစ်ယောက် ထရပ်လာကြ၏။
များစွာသောကျင့်ကြံသူများသည် ထန်လောနှင့် အခြားသော သွေးနွယ်ပင်များကို ကြမ်းကြုတ်ခက်ထန်သော အော်ရာများနှင့်အတူကြည့်ပြီး သူတို့၏ သွေးများ ဆူပွက်လာသည်ဟု ခံစားရ၏။ သူတို့၏ အစက အကြောက်တရားများသည် ပျောက်ကွယ်သွားသည်ဟု ထင်ရလေသည်။
“အို... အမလေး လေးလေး..”
ထန်လော၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး စိတ်လှုပ်ရှားစွာဖြင့် သူကသွားဖြဲလိုက်၏။
“ဘာလို့လဲ... မင်းတို့ပုရွက်ဆိတ်တစ်အုပ်စုက ကောင်းကင်ဘုံကို ဖီဆန်ချင်ကြတာလား”
“မင်းတို့တွေအားလုံး စိတ်ကိုလျှော့ထားဖို့ ငါအကြံပေးချင်တယ်”
ထိုစဥ်မှာပင် ကောင်းကင်ဇင်ရော်ဂိုဏ်း၏ ဂိုဏ်းချုပ်က အေးစက်စွာဖြင့် ပြောလိုက်၏။
“မင်းတို့တွေအားလုံးက အခုချိန်မှာ သွေးပူနေလို့ စိတ်လိုက်မာန်ပါလျှောက်လုပ်နေကြတာ... နောက်ပြီး မင်းတို့တွေက ဒဏ်ရာအပြင်းအထန်ရရှိပြီး သေကြေပျက်စီးကုန်ကြမှ နောင်တမရကြနဲ့.... အဲ့ဒါဆိုရင် နောက်ကျသွားလိမ့်မယ်”
“ဟီးဟီး...”
နှင်းပုံတောင်ကြား၏ တောင်ကြားသခင်က လှောင်ရယ်လိုက်၏။
“လန့်ချင်း... ငါတို့တွေက အင်မော်တယ်ဂိုဏ်းတွေရဲ့ ဂိုဏ်းချုပ်တွေပဲ ငါ့အတွက်တော့ မင်းလိုကောင်မျိုးနဲ့ တူညီတဲ့ အဆင့်အတန်းတစ်ခုမှာ ရပ်တည်နေရတာ တကယ့်ကို ရှက်ဖို့ကောင်းတာပဲ”
ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ ဂိုဏ်းချုပ်က ပြောလိုက်၏။
“ဟဲဟဲ... တာအိုရောင်းရင်းလန့်ချင်းပြောတာက မမှားဘူးလို့ ငါထင်တယ်... သူက ကမ္ဘာဦးမျိုးနွယ် ၆ စုက တာအိုရောင်းရင်တွေနဲ့ မတိုက်ခိုက်ဖို့ မင်းတို့တွေကို စေတနာကောင်းနဲ့ သတိပေးနေတာပဲ”
ဖန်းလိုင်ကျွန်း၏ ကျွန်းသခင်ကလည်း သူ၏ လက်နှစ်ဖက်ကိုပိုက်ပြီး လှောင်ရယ်လိုက်၏။
“မင်းတို့တွေက သေချင်နေတယ်ဆိုမှတော့ ဘေးကနေ စောင့်ကြည့်နေရတဲ့အတွက် ငါတို့ကို အပြစ်မတင်နဲ့”
“ဘယ်လောက်တောင် အရှက်မဲ့လိုက်သလဲ”
ဖက်တီးလေးက ဒေါသတကြီး ငေါက်ငမ်းလိုက်၏။
“ဖန်းလိုင်ကျွန်းက ကမ္ဘာဦးမျိုးနွယ် ၆ စုထံမှာ အညံ့ခံပြီးသွားပြီ ဟုတ်တယ်မလား”
ဖန်းလိုင်ကျွန်း၏ ကျွန်းသခင်က တည်ငြိမ်သောအမူအရာတစ်ခုရှိနေ၏။
“အညံ့ခံတယ်ဆိုတော့ရော ဘာဖြစ်လဲ... ကမ္ဘာဦးမျိုးနွယ်တွေက သေသေချာချာအားဖြည့်ပြီးတော့ လွှမ်းမိုးခြယ်လှယ်နိုင်တဲ့ပုံစံနဲ့ ပြန်ရောက်လာခဲ့ပြီ... သူတို့တွေက ထျန်ဟွမ်ကုန်းမြေတိုက်ကို အုပ်စိုးပြီး လောကရဲ့ အရှင်သခင်တွေ သေချာပေါက်ဖြစ်လာတော့မယ်”
“ဖန်းလိုင်ကျွန်းက အညံ့မခံဘူးဆိုရင် ငါတို့က မင်းတို့တွေလိုမျိုး အသေခံရဖို့ မျှော်လင့်နေတာလား... မင်းတို့တွေက ကျောက်နံရံကို ကြက်ဥနဲ့ ပေါက်ချင်နေတာပဲ... ဘယ်လောက်တောင်ရယ်ဖို့ ကောင်းလိုက်လဲ”
ဖန်းလိုင်ကျွန်းသခင်၏ မျက်နှာအမူအရာကို တွေ့မြင်သောအခါ များစွာသောကျင့်ကြံသူများက ရွံရှာစက်ဆုပ်မှုကို ခံစားရလေသည်။
“မင်းက ပုံမှန်ဘဝတစ်ခုကိုရဖို့ မျှော်လင့်နေတယ်ဆိုရင်တော့... မင်းက တကယ့်ကိုရိုးအလွန်းတာပဲ”
ပဒေသရာဇ်နန်းတော်၏ နန်းတော်အရှင်က လှောင်ရယ်လိုက်၏။
“ကမ္ဘာဦးမျိုးနွယ် ၆ စုက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို အုပ်စိုးနိုင်တာနဲ့ သူတို့က မျိုးနွယ်စုတစ်သောင်းကို သေချာပေါက်ကျွန်ပြုလိမ့်မယ်... ရှေးဟောင်းခေတ် စစ်ပွဲက အဖြစ်အပျက်တွေပြီးတဲ့နောက် သူတို့က လူသားမျိုးနွယ်ကို အသာတကြည်လွှတ်ပေးထားမယ်လို့ မင်းထင်လို့လား”
ပဟေဠိနန်းတော်၏ နန်းတော်အရှင်က သူ၏ လက်ကို ကာပြလိုက်၏။
“ငါတို့ရဲ့ တာအိုတွေက မတူကြဘူး... အဲ့ဒီတော့ ငြင်းခုံနေစရာ မလိုတော့ဘူး... ငါတို့က ဒူးထောက်ပြီးတော့ အပယ်ခံဘဝနဲ့နေရဖို့ထက် သေရဖို့ကို ပိုပြီး လိုလားတဲ့ကျင့်ကြံသူတွေပဲ”
“သတ်...”
“သတ်... သတ်... သတ်”
ကျင့်ကြံသူများစွာက ဒေါသတကြီးဟိန်းဟောက်လိုက်ကြ၏။
“ပုရွက်ဆိတ်တစ်အုပ်စုက ဆူဆူညံညံနဲ့ လျှောက်အော်နေကြတာပဲ... သူတို့ကို သတ်ကွာ”
ထန်လောသည် သူ၏ လက်ကို ဝေ့ယမ်းပြီး လူအုပ်ကြီးထဲသို့ အရင်ဆုံး ခုန်ဝင်သွား၏။
သွေးနွယ်ပင်ရာချီက ရှေ့သို့ပြေးတက်လာပြီး မြေပြင်ပေါ်မှာ အမြစ်တွယ်ကာ သူတို့၏ တုတ်ခိုင်သော သွေးနွယ်ပင်များက ယိမ်းထိုးလှုပ်ရှားလာကြ၏။ သူတို့သည် သွေးချီဖြင့် ပြည့်နှက်နေသော မထိုးဖောက်နိုင်သည့် ပင့်ကူအိမ်တစ်ခုဖြင့် ယှက်ဖြာသွားစေပြီး နေရာတစ်ခွင်လုံးကို အုပ်မိုးလုနီးပါးဖြစ်လေသည်။
နှစ်ဘက်စလုံးက ထိတွေ့ရိုက်ခတ်မိသည့်ခဏမှာပင် လေထဲမှာသွေးနံ့က ပျံ့နှံ့သွားပြီး ကျင့်ကြံသူများစွာက သေဆုံးကုန်ကြ၏။
သို့သော်လည်း များစွာသော ကျင့်ကြံသူများ၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင် သွေးနွယ်ပင်အချို့ကလည်း နေရာမှာပင် သတ်ဖြတ်ခံလိုက်ကြရ၏။
ထန်လောက ဒေါသူပုန်ထသွားပြီး သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲလိုက်၏။ သွေးနွယ်ပင်များစွာသည် လေထုကို ဆုတ်ဖြဲပြီး ကျင့်ကြံသူဆယ်ယောက်ကျော်၏ ခန္ဓာကိုယ်များကို ပစ်ရိုက်ကာ ပဒေသရာဇ်နန်းတော်၏ နန်းတော်အရှင်ပေါ်သို့ ကျဆင်းလာခဲ့၏။
သွေးနွယ်ပင်များစွာက ပဒေသရာဇ်နန်းတော်၏ နန်းတော်အရှင်ကို ရစ်ပတ်လိုက်ကြ၏။
“သေစမ်း..”
ထန်လော၏ အသံက အေးစက်နေသော သတ်ဖြတ်လိုစိတ်နှင့် အဆုံးမဲ့ အမျက်ဒေါသနှင့်အတူ ထွက်ပေါ်လာ၏။
ဖောင်း...
သွေးမြူတစ်ခုက ပေါက်ကွဲထွက်သွားပြီး ပဒေသရာဇ်နန်းတော်၏ နန်းတော်အရှင်သည် ထန်လော၏ တိုက်ခိုက်မှုဖြင့် တစ်စစီ စုတ်ပြဲကာ သေဆုံးသွားလေသည်။
ဘုန်း... ထိုစဥ်မှာပင် အနက်ရောင်အလင်းတန်းတစ်ခုကဆင်းသက်လာပြီး ခရမ်းရောင်မိုးကောင်းကင်ဂိုဏ်းမှ ဂိုဏ်းချုပ်၏ ဦးခေါင်းကို ထိုးဖောက်သွားလေသည်။
ခရမ်းရောင်မိုးကောင်းကင်ဂိုဏ်းချုပ်၏ ဦးခေါင်းမဲ့အလောင်းက အသံတစ်ချက်ပင်မထွက်နိုင်ပဲ လေထဲကနေပြုတ်ကျလာ၏။
ကြမ်းကြုတ်မျက်လုံးက တိုက်ခိုက်လိုက်ခြင်းဖြစ်၏။
စက္ခုနည်းစနစ်တစ်ခုသည် ခရမ်းရောင်မိုးကောင်းကင်ဂိုဏ်းချုပ်ကို သတ်ဖြတ်ဖို့အတွက် လုံလောက်လေသည်။
မလှမ်းမကမ်းတွင် များစွာသော ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်ဝင် သက်ရှိများက ပြေးဝင်လာကြပြီဖြစ်၏။
အဲ့ဒါသည် သွေးနွယ်ပင်မျိုးနွယ်သာဆိုလျှင် လူသားမျိုးနွယ်မှပညာရှင်များက တိုက်ခိုက်နိုင်သေးလေသည်။
ကောင်းကင်ဘုံမျက်လုံးမျိုးနွယ် ထပ်ပေါင်းလာခြင်းနှင့်အတူ တိုက်ပွဲ၏ ရလဒ်ကို ဆက်လက်၍ သံသယရှိစရာမလိုတော့ပေ။ ကောင်းကင်ဘုံမျက်လုံးများ၏ သတ်ဖြတ်ခြင်းစွမ်းအားက အရမ်းကိုကြီးမားလေသည်။
ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် လဲကျပြီး ပြတ်တောက်သွားသော ခြေလက်များက လေထဲမှာ လွင့်ပျံနေ၏။
စူးစူးဝါးဝါး အော်သံများနှင့် ညည်းတွားအော်ဟစ်သံများက နေရာတစ်ခွင် ပဲ့တင်ထပ်နေ၏။
“သခင်မလေး... ခင်ဗျားက အဲ့ဒီလူသားပုရွက်ဆိတ်တွေရဲ့ ညစ်ညမ်းတဲ့သွေးနဲ့ စွန်းထင်းခံရမှာ စိုးနေတာမလား... အဲ့ဒါဆိုရင်လည်း ကျုပ်တို့ပဲ ပျော်စရာနဲနဲပါးပါး သွားရှာလိုက်မယ်”
ယက္ခအချို့က ဆက်လက်၍ မချုပ်တည်းနိုင်တော့ပဲ လှုံ့ဆော်လိုက်၏။
ယက္ခယုက ညင်သာစွာသက်ပြင်းချပြီး သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ချကာ ခေါင်းညိတ်ပြလိုက်၏။
သူမ၏ ထင်မြင်ချက်အရ ယက္ခမျိုးနွယ်က မတိုက်ခိုက်ဘူးဆိုလျှင်တောင် လူသားမျိုးနွယ်က သွားရှာလေပြီ။
“ဂါး...”
အစိမ်းရောင်မျက်နှာများနှင့် ယက္ခများသည် သူတို့၏ သွားစွယ်များကို လှစ်ဟပြပြီး လေထဲသို့ ပျံတက်လာကြ၏။ ဆေဘာကွေးများကို ကိုင်ဆွဲပြီး သူတို့သည် လူအုပ်ပြီးထဲသို့ ပြေးဝင်သွားလေသည်။ သူတို့ဖြတ်သွားရာနေရာတိုင်းမှာ သွေးမုန်တိုင်းတစ်ခုက ဖြစ်ပွားလာခဲ့လေသည်။
ယက္ခမျိုးနွယ် ထပ်ပေါင်းလာခြင်းနှင့်အတူ လူသားမျိုးနွယ်၏ ဖွဲ့စည်းပုံက ချက်ချင်းပင်ပြိုလဲသွားလေသည်။
နောက်ဆုံးမှာတော့ ကျင့်ကြံသူအချို့သည် အဲ့ဒါကို ခံနိုင်ရည်မရှိတော့ပဲ စတင်ထွက်ပြေးလာကြလေသည်။
အကြောက်တရားက ကူးစက်တတ်လေသည်။
ဒုတိယ...
တတိယ...
ပျက်ယွင်းသွားသော အခြေအနေကို မရပ်တန့်နိုင်တော့ပေ။
များစွာသော ကျင့်ကြံသူများက စတင်ထွက်ပြေးကုန်ကြပြီဖြစ်၏။
သို့သော်လည်း... ယက္ခမျိုးနွယ်နှင့် သွေးနွယ်ပင်မျိုးနွယ်၏ လိုက်လံဖမ်းဆီးမှုအောက်မှာ မည်သူကမှ ပဟေဠိနန်းတော်၏ အပြင်ဘက်ကို မထွက်ပြေးနိုင်ကြပေ။
“အို...”
သူ၏ လူသားသွင်ပြင်သို့ နောက်တစ်ဖန် ပြောင်းလဲပြီး ထန်လောသည် လေထဲမှာ မတ်တတ်ရပ်ကာ ထွက်ပြေးနေသော ကျင့်ကြံသူများစွာကို စိတ်လှုပ်ရှားနေသော အမူအရာဖြင့် ကြည့်နေ၏။ သူက ကြီးမားသည့် အသားပိုင်းတစ်ခုကို ကိုက်ဝါးပြီး ရူးသွပ်စွာ ရယ်မောလိုက်၏။
“သတ္တိကြောင်တဲ့ ပုရွက်ဆိတ်တွေ... လာပြီးတိုက်ခိုက်ကြလေ... ဟားဟားဟားဟား”
များစွာသော ကမ္ဘာဦးမျိုးနွယ်များကလည်း သတ်ဖြတ်မှုများကို ဆက်လက်ပြုလုပ်ရင်း ဟားတိုက်ရယ်မောလိုက်ကြ၏။
ထန်လော၏ သွေးနွယ်ပင်များက ကျိချန်းရှန်၏ ရင်ဘတ်ကို ထိုးဖောက်ပြီး ထိုသူကို သူ့ထံသို့ ဖြည်းဖြည်းချင်း မယူကာ ကြောက်မက်ဖွယ်ရာ ရယ်မောလိုက်၏။
“လူသားမျိုးနွယ်ရဲ့... ပြိုင်စံရှားတွေလား... လူသားမျိုးနွယ်ရဲ့ ပြန်ဝင်စားမွန်းစတားတွေလား... မင်းတို့အားလုံးက အမှိုက်တစ်အုပ်စုပဲ”
ကျိချန်းရှန်၏ မျက်နှာက ဖြူဖျော့နေပြီး သွေးများကို ထပ်တလဲလဲထွေးထုတ်နေရ၏။ သို့သော်လည်း သူ၏ မျက်လုံးထဲမှာ မည်သည့် ကြောက်ရွံ့မှုမှ မရှိဘဲ သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ငါတို့လူသားမျိုးနွယ်ရဲ့ အထီးကျန်သိုင်းသခင်က ဒီမှာရှိနေမယ်ဆိုရင် မင်းတို့တွေက ခွေးလိုဝက်လို အသတ်ခံရလိမ့်မယ်”
ထန်လော၏ အမူအရာက ညိုမည်းသွား၏။
ထိုအမည်သည် သွေးနွယ်ပင်မျိုးနွယ်အတွက် ကြီးမားသည့်အရှက်ရမှုဖြစ်လေသည်။
“အဲ့ဒါအမှန်ပဲ”
နှင်းပုံတောင်ကြား၏ တောင်ကြားသခင်က သူမ၏ ဒဏ်ရာအပြင်းအထန် ရရှိထားသော ခန္ဓာကိုယ်ကို တရွတ်တိုက်ဆွဲကာ တင်းမာခက်ထန်စွာဖြင့် ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်ရှိနေမယ်ဆိုရင်... နင်တို့ ကမ္ဘာဦးမျိုးနွယ်တွေက ဟာသတစ်ခုထက် မပိုဘူး”
“ငါ့နောင်ကြီးရဲ့ မျက်လုံးထဲမှာ ကမ္ဘာဦးမျိုးနွယ်ခြောက်စုကလဲ ပုရွက်ဆိတ်တွေပဲ.. မင်းတို့တွေကလဲ သုံးစားမရတဲ့ အမှိုက်တွေပဲ”
ဖက်တီးလေးသည် ဒဏ်ရာအပြင်းအထန် ရရှိထားသော ရှစ်ကျန့်ကို ပွေ့ပိုက်ပြီး မျက်ရည်များနှင့်အတူ အော်ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်လား”
ထန်လောက လှောင်ရယ်လိုက်၏။
“ငါတို့ကမ္ဘာဦးမျိုးနွယ်ခြောက်စုက ဒီနေရာမှာ စုစည်းမိနေတယ်.. သူက အလိုက်တသိ ပုန်းနေမယ်ဆိုရင် နောက်ထပ်နည်းနည်းလောက်ပိုပြီး အသက်ရှင်နိုင်လိမ့်မယ်.. သူသာ ပေါ်ထွက်လာရဲမယ်ဆိုရင် သူနဲ့အဆင့်တူကြားမှာ ဘယ်သူက အစစ်အမှန် ပညာရှင်လဲ.. ဘယ်သူက ပြိုင်ဘက်ကင်းလဲဆိုတာ သူသိအောင် ငါပြပေးလိုက်မယ်”
“သတိထား...”
ရုတ်တရက် ကြမ်းကြုတ်မျက်လုံးက အော်ဟစ်လိုက်၏။
ထန်လော၏ အမူအယာက ပြောင်းလဲသွားလေသည်။
အေးစက်စက် အလင်းတစ်ခုက အရမ်းကို မြန်ဆန်စွာ ဝင်ရောက်လာလေသည်။
သူအဲ့ဒါကို သတိထားမိသည့်အချိန်မှာ အေးစက်စက်အလင်းက ဆင်းသက်လာခဲ့ပြီဖြစ်၏။
တကယ်ဆို သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲဖို့ပင် အချိန်မရတော့ဘဲ သူ၏ လက်ဖဝါးကိုသာ အလိုလို ပင့်မြှောက်လိုက်ရ၏။
ဖောက်..
အေးစက်စက်အလင်းက ထန်လော၏ လက်ဖဝါးကို ထိုးဖောက်ပြီး သူ၏ နှာရောင်ထဲသို့ ဆက်လက်ဝင်ရောက်ကာ သူ၏ ဦးခေါင်းနောက်ကနေ ဖောက်ထွက်သွား၏။
သွေးများစွန်းထင်းသွားသော အေးစက်စက်အလင်း၏ အရှိန်အဟုန်က ကျန်ရှိနေသေးပြီး နောက်ထပ်ယက္ခတစ်ယောက်၏ တောင်ပံများပေါ်မှာ ကြီးမားသည့် သွေးသံရဲရဲအပေါက်တစ်ပေါက်ကို ဖြစ်ပေါ်သွားစေ၏။
သိပ်သည်းပြင်းထန်သော စွမ်းအားက ယက္ခ၏ တောင်ပံများကို ပေါက်ကွဲထွက်သွားစေ၏။
ထိုယက္ခသည် စူးစူးဝါးဝါး အော်ဟစ်ပြီး လေထဲကနေ ပြုတ်ကျလာ၏။
မြားတစ်စင်းနှင့်တူသော အေးစက်စက်ထိုအလင်းက လူတိုင်း၏ ရှေ့မှောက်မှာပင် တဖြည်းဖြည်း ပျက်ပြယ်သွား၏။
ထန်လောက သေသွားပြီလား..
သွေးနွယ်ပင်မျိုးနွယ်၏ သခင်လေးက မြားချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်ခံလိုက်ရတာလား..
ထိုမြား၏ ဆင်းသက်လာမှုကြောင့် လောကက ခဏမျှ ရပ်တန့်သွားသည်ဟု ထင်ရ၏။
“အဲ့ဒါ ဘယ်သူလဲကွ”
ကြမ်းကြုတ်မျက်လုံးက ဖြည်းဖြည်းချင်း ထလာပြီး တင်းမာခက်ထန်စွာ မေးလိုက်၏။
ထိုစဉ် အေးစက်နေသော အသံတစ်သံက ဆင်းသက်လာပြီး ကျယ်လောင်ခက်ထန်သောပုံစံဖြင့် ပဟေဠိနန်းတော်တစ်ခွင် ပျံ့နှံ့ကာ ပဲ့တင်ထပ်သွားလေသည်။
“ငါက အထီးကျန်သိုင်းသခင်ပဲ။”