← Chapters

တမလွန်ဖလှယ်ခြင်း

Vol. 105 Ch. 1564

တမလွန်ဖလှယ်ခြင်း

Vol. 105 Ch. 1564

ဖြစ်စဥ်တစ်ခုလုံးသည် ရှည်လျားသည်ဟု ထင်ရသော်လည်း ဆူဇီမိုသည် တစ်ခဏချင်းမှာပင် မြားငါးစင်းကို ပစ်လွှတ်ခဲ့ခြင်းဖြစ်၏။

အခြားသော မင်းသားနှစ်ပါးက မတုံ့ပြန်နိုင်ခင်မှာပင် နဝမမင်းသားက သေဆုံးသွားခဲ့လေပြီ။

ပို၍အရေးကြီးသည်မှာ ရှေးဟောင်းအတုမရှိရတနာ ဓမ္မဖြိုခွင်းလေးသည် ဆူဇီမို၏ လက်ထဲတွင် ဤမျှအထိကြောက်စရာကောင်းသော စွမ်းပကားတစ်ခုကို ပိုင်ဆိုင်လာလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။

လက်ရှိ မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများကို မပြောနှင့် ကမ္ဘာဦးမျိုးနွယ်ဝင်များပင်လျှင် တုန်လှုပ်သွားရ၏။

ဤနှစ်များအတွင်း မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် အထီးကျန်သိုင်းသခင်ဟူသော အမည်နှင့် သူက သတ်ဖြတ်ရာမှာပြတ်သားကြောင်းကို ကြားဖူးထားခဲ့သည်မှာ ကြာခဲ့လေပြီ။ သူက လူသားမျိုးနွယ်၏ သမိုင်းတစ်လျှောက် နံပါတ်တစ်ပြန်ဝင်စားမွန်းစတား ဖြစ်လေသည်။

သို့သော်လည်း ယနေ့... ကိုယ်တိုင်မြင်တွေ့ရပြီးမှ အထီးကျန်သိုင်းသခင်သည် သူတို့တွေးထင်ထားသည်ထက် များစွာပို၍ကြောက်စရာကောင်းပြီး ပို၍ လွှမ်းမိုးခြယ်လှယ်နိုင်ကာ ပို၍ထက်ရှနေကြောင်း နားလည်လိုက်ရ၏။

အထီးကျန်သိုင်းသခင်သည် ပဟေဠိနန်းတော်သို့ ရောက်ရှိလာပြီး တစ်ခဏမှာပင် နဝမမင်းသားနှင့် ထန်လော.. သခင်လေးအဆင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးနှစ်ယောက်က အသတ်ခံလိုက်ရလေသည်။

အဲ့ဒါက အရမ်းကို ရက်စက်ကြမ်းတမ်းလေသည်။

သည့်ယခင်က ကျင့်ကြံသူများသည် ကမ္ဘာဦးမျိုးနွယ်မှ သာမန်ပညာရှင်တစ်ယောက်ကို သတ်ဖြတ်ဖို့ပင် အလွန်တရာသတိကြီးကြီးထားနေရ၏။

ဒါ့အပြင် သူတို့သည် အလွန်တရာမြင့်မားသော တန်ဖိုးတစ်ခုကို ပေးဆပ်ရလေသည်။

သို့သော်ယခု... အထီးကျန်သိုင်းသခင်က တိုက်ခိုက်လာပြီး သခင်လေးနှစ်ယောက်ကို ဆက်တိုက်ပစ်ချကာ ကမ္ဘာဦးမျိုးနွယ် ၆ စုကို နေရာမှာပင် တုန်လှုပ်သွားစေ၏။

ပဟေဠိနန်းတော်တစ်ခုလုံးက သွေးနံ့ဖြင့် ပျံ့နှံ့လာခဲ့၏။

ကမ္ဘာဦးမျိုးနွယ် ၆ စု မှပညာရှင်များသည် လေထဲတွင် ယာယီအားဖြင့် ရပ်တန့်သွားကြသော်လည်း ပို၍ပြင်းထန်ကြမ်းကြုတ်သော မုန်တိုင်းတစ်ခုက ရောက်ရှိလာတော့မည်ဖြစ်ကြောင်း လူတိုင်းက ခံစားမိလိုက်ကြ၏။

ဤတစ်ခေါက်မှာ သတ္တမနှင့် ဒသမမင်းသားတို့ပင်လျှင် ယန်ပေးချန်အား အမဲလိုက်နေခြင်းကို ယာယီအားဖြင့် ရပ်တန့်ပြီး ဆူဇီမိုဘက်သို့ လှည့်လာကြ၏။

သခင်လေးဆန်းကြယ်တစ္ဆေ၏ မျက်လုံးထဲတွင် မသတီစရာအစိမ်းရောင်အလင်းတစ်ခုက ဖျတ်ခနဲလက်လာ၏။ မသိလိုက်မသိဘာသာနှင့်ပင် အရိုးဖြူတောင်ဝှေးတစ်လက်က သူ၏ လက်ထဲမှာ ပေါ်ထွက်လာခဲ့လေပြီ။

ဆူဇီမိုကို မျက်နှာမူရင်း ကြမ်းကြုတ်မျက်လုံး၏ နှာရောင်ပေါ်ရှိ ကောင်းကင်ဘုံမျက်လုံးပေါ်မှာ အက်ကွဲကြောင်းတစ်ခုက ပေါ်ထွက်လာပြီး အလွန်တရာကြောက်စရာကောင်းသော အော်ရာတစ်ခုသည် ​ဖြန့်ကြက်ထွက်ပေါ်လာခဲ့၏။

ယက္ခယုကလည်း ဖြည်းဖြည်ချင်း ထရပ်ပြီး တိုက်ခိုက်ဖို့အတွက် ပြင်ဆင်လိုက်၏။

သို့သော်လည်း နတ်မိမယ်ရှောင်ရှန်းက ဆူဇီမိုကို လုံးဝအတည်အတံ့မှတ်ယူခြင်း မရှိပေ။

သူမသည် နတ်ဆိုးမကျိကို အချိန်ကြာမြင့်စွာ အမဲလိုက်နေခဲ့ပြီး သူမ၏ ကြောက်စရာကောင်းသော အော်ရာနှင့် စွမ်းအားကြီးမားသော ကိုယ်ကာယနှင့်အတူ ထိုသူကို သတ်ဖြတ်နိုင်ပေတော့မည်။ သူမသည် ဤကဲ့သို့သော အခွင့်အရေးတစ်ခုကို အလွယ်တကူလက်လွှတ်ခံလိမ့်မည် မဟုတ်ပေ။

“သတ်...”

ရုတ်တရက်ဆိုသလို...

သတ္တမမင်းသားသည် သံရှည်ဆွဲ၍ ဟိန်း​ဟောက်ပြီး ရွှေရောင်အလင်းတန်းတစ်ခုအသွင်​ပြောင်းလဲကာ အံ့မခန်းပုံစံဖြင့် ဆူဇီမို၏ ဘေးပတ်လည်မှာ လှည့်ပတ်နေ၏။

သူက ဆူဇီမို၏ ဓမ္မဖြိုခွင်းလေးကို အလွန်တရာစိုးရွံ့လေသည်။

ထိုကဲ့သို့သော ပုံစံဖြင့်သာ သူသည် ဓမ္မဖြိုခွင်းလေး၏ ပစ်မှတ်ထားခံရခြင်းကို ရှောင်လွှဲနိုင်ပေလိမ့်မည်။

စစ်တံဘိုးခရာသံနှင့်တူသော ထိုသံရှည်ဟိန်းဟောက်သံသည် သွေးလွှမ်းတိုက်ပွဲအသစ်တစ်ခုကို နှိုးဆွလိုက်လေသည်။

ကမ္ဘာဦးမျိုးနွယ် ၆ စုမှ ပညာရှင်များသည် နှင်းပုံတောင်ကြား၊ ပဒေသရာဇ်နန်းတော်နှင့် ဒီပင်္ကရာကျောင်းတော်မှ ကျင့်ကြံသူလူအုပ်ထဲသို့ ပြေးဝင်သွားပြီး သတ်ဖြတ်မှုများကို နောက်တစ်ဖန် စတင်လာကြ၏။

လတ်ဆတ်သောသွေးများက ထွက်ပေါ်လာပြီး အလောင်းများက နေရာတိုင်းမှာ ပြန့်ကျဲလာခဲ့၏။ တစ်ချိန်တည်းမှာပင် သခင်လေးဆန်းကြယ်တစ္ဆေသည် သူ၏ တောင်ဝှေးကို ဝေ့ယမ်းပြီး ထူးဆန်းသော ဂါထာမန္တန်များကို ဆက်တိုက်ရွတ်ဆိုနေ၏။

ရုတ်တရက်ကြောက်စရာကောင်းသော အရိုးဦးခေါင်းကိုးလုံးက သူ၏ ဘေးမှာ ပေါ်ထွက်လာ၏။ သူတို့သည် မကောင်းဆိုးဝါးအော်ရာဖြင့် ပြည့်နှက်နေပြီး သူတို့၏ မျက်လုံးများက မသတီစရာအစိမ်းရောင်အလင်းတစ်ခုဖြင့် တောက်ပကာ ဆူဇီမိုကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်ကာ ပြေးဝင်လာကြ၏။

ရွှစ်..

ပုံရိပ်တစ်ခုသည် အံ့မခန်းအမြန်နှုန်းဖြင့် လေထုကိုဆုတ်ဖြဲပြီး ဆူဇီမိုရှေ့သို့ တစ်ခဏချင်းမှာ ရောက်ရှိလာ၏။ သူမသည် သူမ၏ သေးသွယ်သောလက်ကို ဆန့်ထုတ်ပြီး ဆူဇီမို၏ ပခုံးကို ပစ်ရိုက်ချလိုက်၏။

ယက္ခမျိုးနွယ်ကသာလျှင် ဤကဲ့သို့ကြောက်စရာကောင်းသော အလျင်အဟုန်ကို ထုတ်ဖော်နိုင်ပေလိမ့်မည်။

ယက္ခယုကတော့ သူမသည်... ယက္ခမျိုးနွယ်၏ သခင်မလေးဖြစ်ပြီး ပို၍ပင် မြန်ဆန်လေသည်။

သူမသည် သူမ၏ ခွန်အားကို သိသိသာသာ ထိန်ချန်ထားပြီး သူမ၏ မူပိုင်ဓမ္မလက်နက်ကို ဆင့်ခေါ်ခြင်းမရှိသလို ဆူဇီမို၏ သေကွင်းသေကွက်ကို တိုက်ခိုက်ခြင်းလည်းမရှိဘဲ ထိုသူ၏ ပခုံးကို ပစ်ရိုက်လိုက်ခြင်းမျှသာဖြစ်၏။

‘မုန်းစရာကောင်းတဲ့လူ’

ယက္ခယုသည် ဆူဇီမိုကို စိုက်ကြည့်ပြီး သူမ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။

“နင်က ငါ့ကိုအနိုင်ကျင့်ခဲ့တာ တော်တော်ကြာခဲ့ပြီ... ငါက နင့်ရဲ့ကိုယ်ပွားကို အပြစ်ပေးမယ်ဆိုရင် အဲ့ဒါက မလွန်ဘူးမလား”

“အပြစ်ပေးမလို့လား... မင်းက အတွေးလွန်နေတာပဲ”

ဆူဇီမိုက ယက္ခယုကို မှင်သေသေဖြင့် တစ်ချက်လှည့်ကြည့်လိုက်၏။

ကမ္ဘာဦးမျိုးနွယ်များ တိုက်ခိုက်လာသည့်ခဏမှာပင် ဆူဇီမို၏ နောက်ကျော်ပေါ်မှာ တောင်ပံတစ်စုံက ပေါ်ထွက်လာပြီး သူ၏ခန္ဓာကိုယ်က လျှပ်စီးများဖြင့် ​တောက်ပလာ၏။

ဘုန်း...

ကြမ်းကြုတ်မျက်လုံး၏ နှာရောင်ပေါ်ရှိ ကောင်းကင်ဘုံမျက်လုံးပေါ်မှာ ပါးလွှာသော အက်ကွဲကြောင်းတစ်ခုပေါ်ထွက်လာ၏။ မရေမတွက်နိုင်သော ရှေးဟောင်းစာလုံးများက တလိပ်လိပ်ထိုးတက်လာပြီး အရာရာတိုင်းကို ဆုတ်ဖြဲပစ်ချင်နေသည့်အလား ကစဉ့်ကလျား ချီတစ်ခုက ဖြန့်ကြက်ထွက်ပေါ်လာ၏။

နက်မှောင်နေသော အလင်းတစ်ခုက ဆင်းသက်ရောက်ရှိလာ၏။

ကြမ်းကြုတ်မျက်လုံးသည် နောက်ဆုံးမှတိုက်ခိုက်လိုက်သော်လည်း အနက်ရောင်အလင်းက အရင်ဦးစွာရောက်ရှိလာခဲ့၏။

ရွှစ်...

ကံဆိုးစွာနှင့်ပင် အနက်ရောင်အလင်းဆင်းသက်လာသည့်ခဏမှာပင် ဆူဇီမို၏ ပုံရိပ်က နေရာကနေ ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။

ဆန်းကြယ်တောင်ပံ ၊ မိုးကြိုးထွက်ပြေးခြင်းနှင့် ကန့်သတ်မဲ့ရွှေအလင်းတို့က တစ်ချိန်တည်းမှာ ရုန်းကန်ထွက်ပေါ်လာပြီး ကမ္ဘာဦးမျိုးနွယ်မှ သခင်လေးများ၏ တိုက်ခိုက်မှုများကနေ ရုန်းထွက်သွားလေသည်။

ကမ္ဘာဦးမျိုးနွယ်မှ သခင်လေးများ၏ တိုက်ခိုက်မှုက လွဲချော်သွားလေသည်။

ကမ္ဘာဦးမျိုးနွယ် သခင်လေးများသည် တစ်ယောက်တစ်ယောက်ချင်းတိုက်ခိုက်ရမည်ဟူသော မျှတသည့်စည်းကမ်းကို မေ့လျော့သွားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်ပြီး သူတို့သည် အထီးကျန်သိုင်းသခင်ကို တစ်ချိန်တည်းမှာ စုပေါင်းတိုက်ခိုက်လာကြ၏။

ဆူဇီမို၏ ပုံရိပ်က ပေါ်ထွက်လာစဥ်မှာပင် ရွှေရောင်မီးတောက်များဖြင့် တောက်လောင်နေသော ပုံရိပ်နှစ်ခုက သက်ရှိအားလုံးကို လောင်ကျွမ်းပြာချပစ်ချင်နေသည့် နေနှစ်စင်းကဲ့သို့ သူ့ထံ ထိုးဆင်းလာလေသည်။

ရွှေကျီးကန်းမင်းသားနှစ်ပါးက တိုက်ခိုက်ဖို့အတွက် အခွင့်အလမ်းတစ်ခုကို ရှာတွေသွားပြီး ဆူဇီမိုကို အသက်ရှုခွင့်ပင် မပေးလိုပေ။

သို့သော်လည်း ဆူဇီမိုပေါ်ထွက်လာသည့်ခဏမှာပင် သူ့လက်ထဲမှာ ဓမ္မဖြိုခွင်းလေးကို ဆွဲတင်ပြီးသွားလေပြီ။

ကြောက်စရာကောင်းသောအော်ရာတစ်ခုနှင့်အတူ ဓမ္မစွမ်းအားမြားတစ်စင်းက လေးကြိုးပေါ်မှာ စုဖွဲ့လာ၏။

ရွှစ်...

မြားသည် လေထုကိုဆုတ်ဖြဲ၍ ၎င်းတွင်ပါဝင်သောစွမ်းအားက ရွှေကျီးကန်းမင်းသားနှစ်ပါးကို ထိုးဖောက်ချင်နေပုံရ၏။

ရွှေကျီးကန်းမင်းသားနှစ်ပါးသည် အစကတည်းက ဆူဇီမိုထံသို့ ပြေးဝင်လာခြင်းဖြစ်ပြီး သူတို့၏ ခွန်အားကို လုံးဝထိန်ချန်ထားခြင်း မရှိပေ။

ထိုသို့ဖြင့် သူတို့သည် ရှောင်တိမ်းဖို့အတွက် နောက်ကျလွန်းသွားလေပြီ။

ရွှေကျီးကန်းမင်းသားနှစ်ပါးက တစ်ချိန်တည်းမှာ တိုက်ခိုက်လိုက်ကြ၏။

ဘုန်း....

မင်းသားနှစ်ပါး၏ လက်သည်းများက ဓမ္မစွမ်းအားမြားကို တစ်ချိန်တည်းမှာ ဖမ်းဆုပ်ပြီး ၎င်းကို ချေမွပစ်လိုက်၏။

ရွှေကျီးကန်းမင်းသားနှစ်ပါးကလည်း ဆတ်ခနဲတုန်ယင်သွား၏။

သတ္တမမင်းသားသည် ခွန်အားအရာမှာ အသန်မာဆုံး ဖြစ်ပြီး သူ၏ ရွှေကျီးကန်းခြေထောက်က ထုံကျင်သွားသည်ဟုသာ ခံစားလိုက်ရ၏။

ဒသမမင်းသားကတော့ သူသည် အငယ်ဆုံးဖြစ်ပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားကလည်း ပို၍အားနည်းလေသည်။ ထိုမြားသည် သူ၏ သွေးချီကို ကသောင်းကနင်းဖြစ်သွားစေပြီး သူ၏ ဝမ်းဗိုက်အောက်ရှိ ရွှေကျီးကန်းခြေထောက်က ခံစားမှုများကို လုံးဝပျောက်ဆုံးသွား၏။

ရွှစ်... ရွှစ်... ရွှစ်...

ဆုဇီမိုသည် ဓမ္မဖြိုခွင်းလေးကို ဆွဲတင်ပြီး မြားသုံးစင်းကို ဆက်တိုက်ပစ်လွှတ်လိုက်၏။

ပထမမြားသည် ပြေးဝင်လာနေသော အရိုးဦးခေါင်းကိုးလုံးဆီသို့ ပျံသန်းသွားလေသည်။

သူတို့သည် ဓမ္မစွမ်းအားမြားကို ခဏမျှပင် မခုခံနိုင်ခဲ့ပေ။ ထိုအစား သူတို့၏ ဓမ္မစွမ်းအားများသည် မြား၏ စုပ်ယူခြင်းကိုခံရပြီး ၎င်း၏ အော်ရာက ပို၍ပင် ကြောက်စရာကောင်းလာကာ ၎င်း၏ အလျင်အဟုန်ကလည်း တိုးမြင့်လာခဲ့၏။

အရိုးစုကျိန်စာသည် စွမ်းအားကြီးမား၍ မကောင်းဆိုးဝါးဆန်သော်လည်း ၎င်းသည် ကျိန်စာနည်းစနစ်တစ်ခုဖြစ်ပြီး ဓမ္မစွမ်းအား၏ သဘောတရားနှင့် မကင်းလွတ်နိုင်ပေ။

ဓမ္မပညာရပ်များအားလုံးသည် ဓမ္မဖြိုခွင်းလေးထံမှ မြားတစ်ချက်ကို ခံနိုင်ရည်မရှိပေ။

ကြောက်စရာကောင်းသော အရိုးဦးခေါင်းကိုးလုံးသည် ဓမ္မစွမ်းအားမြား၏ ထိုးဖောက်ခြင်းကို ခံလိုက်ရ၏။

သူတို့သည် ဓမ္မစွမ်းအားမြားကို ခဏမျှပင် မခုခံနိုင်ခဲ့ပေ။ ထိုအစား သူတို့၏ ဓမ္မစွမ်းအားများက မြား၏ စုပ်ယူခြင်းကိုခံရပြီး ၎င်း၏ အော်ရာက ပို၍ကြောက်စရာကောင်းလာကာ ၎င်း၏ အလျင်အဟုန်ကလည်း တိုးမြင့်လာခဲ့၏။

အားလုံး၏ အကြည့်အောက်မှာပင် ဓမ္မစွမ်းအားမြား ဖြတ်ကျော်သွားပြီးနောက် အရိုးဦးခေါင်းကိုးလုံးက ပျောက်ကွယ်သွားလေသည်။

ဓမ္မစွမ်းအားမြားကတော့ ၎င်းသည် ခပ်ဖျော့ဖျော့အစိမ်းရောင်အလင်းတစ်ခုနှင့်အတူ တောက်ပနေသော ဧရာမလှံတစ်လက်အဖြစ် အသွင်ပြောင်းလဲသွားပြီး သခင်လေးဆန်းကြယ်တစ္ဆေရှိရာသို့ ပစ်ဝင်လာခဲ့လေသည်။

“ချီးပဲ..”

သခင်လေးဆန်းကြယ်တစ္ဆေ၏ အမူအရာက ပြောင်းလဲသွားပြီး သူက ကျိန်ဆဲလိုက်လေသည်။

သူ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးအရ ထိပ်တိုက်ရင်ဆိုင်ဖို့ကို မပြောနှင့် သူက ထိုမြား၏ ထိခတ်ခြင်းခံရလျှင်ပင် သေရဖို့များလေသည်။

“တမလွန်ဖလှယ်ခြင်း”

ရုတ်တရက် သူက အသံတစ်ချက်ထွက်ပြီး လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်လိုက်လေသည်။

သူ၏ တောင်ဝှေးကို ဝေ့ယမ်းပြီး သူ၏ ဘေးတွင်ရှိသော စုန်းတစ်ယောက်ကို ချိန်ရွယ်လိုက်လေသသည်။

ချက်ချင်းပင် သခင်လေးဆန်းကြယ်တစ္ဆေက နေရာကနေပျောက်ကွယ်သွား၏။

သူ၏ နေရာတွင် သူ့ဘေးတွင်ရှိသောစုန်းက ပေါ်ထွက်လာ၏။

သူတို့နှစ်ယောက်သည် လူတိုင်း၏ ရှေ့မှောက်မှာပင် နေရာခြင်းဖလှယ်လိုက်ကြ၏။

ထိုသို့ဖြင့် သခင်လေးဆန်းကြယ်တစ္ဆေသည် ဧရာမလှံ၏ ထက်ရှမှုကနေ လွတ်မြောက်လာနိုင်ခဲ့လေသည်။

တမလွန်ဖလှယ်ခြင်းက သာမန်နတ်ဘုရားစွမ်းအားတစ်ခုဖြစ်၏။

သခင်လေးဆန်းကြယ်တစ္ဆေသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအဆင့်သို့ တက်လှမ်းလာနိုင်ခဲ့သည့် အကြောင်းရင်းမှာ သူသည် ထိုနတ်ဘုရားစွမ်းအားတစ်စွန်းတစ်စကို နားလည်ဆင်ခြင်နိုင်ခဲ့သောကြောင့်ဖြစ်၏။

ယခုအချိန်တွင်သူက သူ့ဘေးတွင်ရှိသော ထိုသူများနှင့် နေရာချင်းဖလှယ်ရုံမျှသာ တတ်နိုင်လေသည်။

သူက တခြားဘာမှ ထပ်မလုပ်နိုင်ပေ။

သို့သော်လည်း ဤနတ်ဘုရားစွမ်းအားကို ၎င်း၏ အကန့်အသတ်ထိ နားလည်ဆင်ခြင်နိုင်ခဲ့လျှင် အဲ့ဒါက အန္တိမနတ်ဘုရားစွမ်းအားတစ်ခုဖြစ်သော ကြယ်တာရာဖလှယ်ခြင်းအဖြစ်သို့ ဆင့်ကဲပြောင်းလဲနိုင်ဖို့ အခွင့်အရေးတစ်ခု ရှိလေသည်။

ထိုအဆင့်စွမ်းအားသည် အခြားတစ်စုံတစ်ယောက်နှင့် နေရာချင်းဖလှယ်လိုက်ရုံမျှ မရိုးရှင်းတော့ပေ။

All Chapters