မြားမိုး
Vol. 105 Ch. 1565
ဘုန်း…
သခင်လေး ဆန်းကြယ်တစ္ဆေနှင့် နေရာချင်းလဲခံရသော စုန်းသည် အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပေ။ ငေးတိငေးကြောင်နှင့်ပင် သူသည် ဧရာမ လှံ၏ ထိုးဖောက်ခြင်း ခံရပြီး သူ၏ ခန္ဓာကိုယ်က ပေါက်ကွဲထွက်ကာ နေရာမှာပင် သေဆုံးသွား၏။
ဧရာမ လှံကနေ ဖြစ်ပေါ်စေသော ပျက်စီးထိခိုက်မှုမှာ ထိုမျှသာ မကပေ။
သခင်လေး ဆန်းကြယ်တစ္ဆေ၏ နောက်မှာ စုန်း ၁၀ ယောက်ကျော်က မတ်တတ်ရပ်နေခဲ့ကြ၏။
ဧရာမ လှံသည် ပထမစုန်း၏ ခန္ဓာကိုယ်ကို ချေမွဖျက်ဆီးပြီးနောက် ၎င်း၏ စွမ်းအားက လုံးဝ လျော့ကျသွားခြင်း မရှိဘဲ လူအုပ်ကြီးထဲသို့ ပစ်ဝင်သွားလေသည်။
ဖောင်း.. ဖောင်း… ဖောင်း…
အသွေးအသားများက အဘက်ဘက်သို့ ပြန့်ကျဲသွားပြီး ကြောက်စရာကောင်းသော ပုံစံဖြင့် သွေးမြူများက ပေါက်ကွဲထွက်သွား၏။
စုန်းများသည် အငိုက်မိသွားပြီး အကြီးအကျယ် ပျက်စီးထိခိုက်မှုကို ခံစားလိုက်ကြရ၏။
ဧရာမ လှံနှင့် တည့်တည့်ထိတွေ့ရိုက်ခတ်မိသော စုန်းများသည် အဲဒါကို လုံးဝ မခုခံနိုင်ဘဲ နေရာမှာပင် သေဆုံးသွားကြ၏။
ပစ်မှတ်နှင့် အနည်းငယ် သွေဖယ်သော စုန်းများကတော့ သူတို့၏ ခန္ဓာကိုယ်များသည်လည်း ဧရာမ လှံ၏ ထိတွေ့ရိုက်ခတ်မှုကို ခံနိုင်ရည်မရှိဘဲ နေရာမှာပင် ပေါက်ကွဲထွက်သွား၏။
စုန်းများ၏ အမြုတေစိတ်ဝိညာဉ်များက သန်မာသော်လည်း သူတို့၏ ခန္ဓာကိုယ်များက အားနည်းလွန်းလေသည်။
တုံ့ပြန်မှု ပိုမိုမြန်ဆန်သော စုန်းအချို့သည် သူတို့၏ ခန္ဓာကိုယ်များကို စွန့်လွှတ်ပြီး သူတို့၏ အမြုတေစိတ်ဝိညာဉ်များဖြင့် ထွက်ပြေးလိုက်ကြ၏။ သူတို့က အသက်ရှင်နိုင်လိုက်သော်လည်း သူတို့၏ ခန္ဓာကိုယ်များက မရှိတော့လေပြီ။
ဧရာမ လှံဖြင့် နေရာမှာပင် ထိုးဖောက်သတ်ဖြတ်ခံရသော စုန်းများက ပို၍ပင် များပြားလေသည်။
အဲဒီမှာ စုန်း ၁၀ ယောက်ကျော် ရှိသော်လည်း ၃ ယောက်ကသာလျှင် ရှင်သန်နိုင်ခဲ့၏။
ဒါ့အပြင်.. ထိုစုန်း ၃ ယောက်တွင် ကျန်ရှိခဲ့သည့် တစ်ခုတည်းသောအရာမှာ ထိတ်လန့်တကြား ဖြစ်နေသော သူတို့၏ အမြုတေစိတ်ဝိညာဉ်များသာ ဖြစ်ပြီး သူတို့က ကြောက်ရွံ့မှုဖြင့် လေထဲမှာ တုန်ယင်နေကြ၏။
ကျန်ရှိနေသော စုန်းများကတော့.. သူတို့သည် တုန်လှုပ်သွားပြီး သခင်လေး ဆန်းကြယ်တစ္ဆေကို ထိတ်လန့်တကြား ကြည့်လိုက်ကြ၏။
ဓမ္မဖြိုခွင်းလေးက စွမ်းအားကြီးမားသော်လည်း ၎င်းသည် နောက်ဆုံးမှာတော့ ဓမ္မစွမ်းအားမြားတစ်စင်းသာ ဖြစ်ပြီး ၎င်းထုတ်ဖော်နိုင်သည့် သေစေနိုင်စွမ်းအားက အကန့်အသတ် ရှိလေသည်။
စုန်းများသည် စောစောက ဤကဲ့သို့ ကြီးမားသည့် ထိခိုက်နစ်နာဆုံးရှုံးမှုနှင့် တွေ့ကြုံလိုက်ရသည့် အကြောင်းရင်းမှာ သခင်လေး ဆန်းကြယ်တစ္ဆေကြောင့် ဖြစ်၏။
အဲဒါသည် သူထုတ်ဖော်လိုက်သော ဓမ္မပညာရပ်နှင့် သူ့နောက်ဘက်တွင် ရှိသော ကလန်သားများကို စတေးကာ သူက ကိုယ်လွတ်ရုန်းထွက်ပြေးလိုက်သောကြောင့် ဖြစ်၏။
သခင်လေး ဆန်းကြယ်တစ္ဆေသည် သူ့ကလန်သားများ၏ အကြည့်ကို ခံစားမိသောအခါ သူ၏ မျက်နှာက ညိုမည်းသွားလေသည်။
အဲဒါသည် ဆူဇီမို၏ ပထမမြားသာ ရှိသေးလေသည်။
ဆူဇီမို၏ ဒုတိယမြားက လေထဲတွင်ရှိသော ယက္ခယုထံသို့ ပျံသန်းသွားလေသည်။
ယက္ခယု၏ အလျင်အဟုန်က ခြေသုံးချောင်း ရွှေကျီးကန်း၏ အထက်မှာ ရှိလေသည်။
ကမ္ဘာဦးမျိုးနွယ်များမှ သခင်လေးများသည် ဓမ္မဖြိုခွင်းလေးကို အလွန်တရာ စိုးရိမ်ပူပန်ရလေသည်။
သို့သော်လည်း.. ယက္ခယု၏ အတွေးက အခြားသူများနှင့် မတူပေ။ သူမ၏ အလျင်အဟုန်အရ ထိုဓမ္မဖြိုခွင်းလေးသည် သူမကို လုံးဝ မခြိမ်းခြောက်နိုင်ပေ။
ဆူဇီမို၏ တတိယမြားကတော့ ၎င်းသည် ဝင်ရောက်လာသော အနက်ရောင် အလင်းဆီသို့ ပျံသန်းသွား၏။
အနက်ရောင် အလင်းသည် ကြမ်းကြုတ်မျက်လုံး ထုတ်ဖော်လိုက်သော စက္ခုနည်းစနစ်တစ်ခု ဖြစ်၏။
ဆူဇီမိုသည် အဲဒါကို ရှောင်တိမ်းလိုက်နိုင်သော်လည်း အနက်ရောင် အလင်းသည် အသိစိတ် ရှိနေသည့်အလား.. သူ၏ နောက်သို့ အလျှော့မပေးလိုဘဲ လိုက်ပါလာ၏။
ဘုန်း..
ဓမ္မစွမ်းအားမြားသည် ကျယ်လောင်သော မြည်သံနှင့်အတူ အနက်ရောင် အလင်းနှင့် ထိတွေ့ရိုက်ခတ်သွား၏။
ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ စက္ခုနည်းစနစ်သည် ဓမ္မစွမ်းအားမြားဖြင့် ဖျက်ဆီးခြင်း မခံရပေ။
ထိုစက္ခုနည်းစနစ်မှာ နတ်ဘုရားစွမ်းအား တစ်စွန်းတစ်စ ပါရှိလေသည်။
သခင်လေး ၅ ယောက်၏ တိုက်ခိုက်မှုများကို ဆူဇီမိုက ပိတ်ဆို့တားဆီးလိုက်နိုင်၏။
ထိုစဉ်မှာပင်.. ဆူဇီမိုသည် လေထဲမှာ ရပ်ပြီး ကောင်းကင်ထက်သို့ မာန်သွင်းအော်ဟစ်လိုက်၏။ သူ၏ ခန္ဓာကိုယ်ထဲရှိ သွေးချီက တလိပ်လိပ်တက်လာပြီး သူက ဓမ္မဖြိုခွင်းလေးကို နောက်တစ်ဖန် ဆွဲတင်လိုက်၏။
ဆူဇီမို၏ အသိစိတ်ထဲမှာ သူ၏ အမြုတေစိတ်ဝိညာဉ်ကို ၎င်း၏ အကန့်အသတ်ထိ တွန်းတင်လိုက်ပြီဖြစ်ပြီး အောက်ဘက်တွင်ရှိသော ဖန်တီးခြင်းကြာခုံက ဖြည်းဖြည်းချင်း လည်ပတ်နေ၏။ ရောင်စုံအလင်းများက လေထဲမှာ ပြည့်နှက်လာပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို အဆက်မပြတ် အားဖြည့်ပေးနေ၏။
လေးက လပြည့်ဝန်းတစ်ခုကဲ့သို့ ဖြစ်၏။
သခင်လေးများသည် သုန်မှုန်နေသော အမူအရာများ ရှိလာပြီး စိတ်ထဲမှာ တင်းကျပ်လာကြ၏။
ယက္ခယုက လွဲလျှင် ဓမ္မဖြိုခွင်းလေး၏ သတ်ဖြတ်ခြင်းစွမ်းအားကို မည်သူကမှ မထင်မသေးရဲပေ။ အဲဒါကို အထင်သေးမိသော သခင်လေးနှစ်ယောက်က သေဆုံးသွားခဲ့ပြီးလေပြီ။
ရွှစ်…
မြားများက ကြယ်များ ကြွေကျသကဲ့သို့ ပျံသန်းလာခဲ့၏။
မြားတစ်စင်းက လေထုကို ဆုတ်ဖြဲကာ ဖြတ်သန်းလာ၏။
ကမ္ဘာဦးမျိုးနွယ်မှ သခင်လေးများသည် ရင်တထိတ်ထိတ် ဖြစ်သွားကြ၏။ သူတို့ထဲမှ အချို့သည် ခုခံဖို့အတွက် ပြင်ဆင်လိုက်ကြပြီး အခြားသူများကတော့ ရှောင်တိမ်းဖို့အတွက် ပြင်ဆင်လိုက်ကြ၏။
သို့သော် မကြာခင် ထိုမြားသည် သူတို့ကို ချိန်ရွယ်ခြင်း မဟုတ်သည်ကို ကမ္ဘာဦးမျိုးနွယ်မှ သခင်လေးများက နားလည်သွားကြ၏။ အဲဒါက လူအုပ်ကြီးထဲသို့ ချိန်ရွယ်လိုက်ခြင်း ဖြစ်၏။
ရုန်းရင်းဆန်ခတ် တိုက်ပွဲနယ်မြေတွင် ခြေသုံးချောင်း ရွှေကျီးကန်းတစ်ကောင်သည် ရက်စက်သော အမူအရာတစ်ခုနှင့် ကြမ်းကြုတ်သော အကြည့်တစ်ခု ရှိပြီး သူသည် ယန်ပေးချန်ကို ရူးသွပ်စွာ တိုက်ခိုက်ကာ သတ်ဖြတ်ကွက်များကို ထပ်တလဲလဲ ထုတ်ဖော်နေ၏။
ရုတ်တရက်.. ထိုခြေသုံးချောင်း ရွှေကျီးကန်းသည် ခေါင်းနပန်းကြီးလာသည်ဟု ခံစားလိုက်ရ၏။
မြား လေခွင်းသံနှင့်တူသော အသံကို ကြားလိုက်ရပြီး သူ၏ မျက်ဝန်းထောင့်ကနေ အေးစက်စက် အလင်းတစ်ခုကို ဝိုးတဝါး မြင်လိုက်ရ၏။
ထို့နောက် ချက်ချင်းပင်.. သူ၏ စိတ်ထဲမှာ စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။
များစွာသော အကြည့်အောက်မှာ.. ခြေသုံးချောင်း ရွှေကျီးကန်းသည် ဆူဇီမို၏ ဓမ္မဖြိုခွင်းလေးထံမှ မြားတစ်စင်းဖြင့် သတ်ဖြတ်ခြင်း ခံလိုက်ရ၏။
ရွှစ်… ရွှစ်.. ရွှစ်…
ထိုစဉ်မှာပင်.. ထက်ရှသော မြားများသည် လေထုကို ဆုတ်ဖြဲ၍ အဆက်မပြတ် ပျံသန်းလာကြ၏။ ဤတိုက်ပွဲမြေပြင်မှာ ထိုအသံသည် ပကတိ ကျောချမ်းဖွယ်ရာ ကောင်းလေသည်။
မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများ အားလုံးသည် ပါးစပ်အဟောင်းသားဖြင့် မော့ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများက ပြူးကျယ်သွားကြ၏။ သူတို့သည် တုန်လှုပ်ရလွန်းသောကြောင့် စကားပင် လုံးဝ မပြောနိုင်ကြပေ။
လေထဲမှာ သိပ်သည်းပြင်းထန်သော အော်ရာတစ်ခုနှင့်အတူ စွမ်းအားကြီးမားသော ပုဂ္ဂိုလ်သည် ဓမ္မဖြိုခွင်းလေးကို အချိန်တိုအတွင်းမှာ အဆက်မပြတ် ဆွဲတင်နေ၏။ အသက်ရှူချိန် အနည်းငယ်မှာ သူသည် ဓမ္မစွမ်းအား မြား ၁၀၀ ကို ပစ်ထုတ်လိုက်လေသည်။
ကမ္ဘာဦးမျိုးနွယ်မှ သခင်လေးများပင်လျှင် ဓမ္မစွမ်းအား မြားတစ်စင်းချင်းစီကို သေချာအာရုံစိုက်ရလေသည်။
ဓမ္မစွမ်းအား မြား ၁၀၀ က ကောင်းကင်ထက်ကနေ တရိပ်ရိပ် ဆင်းသက်လာပြီး အဲဒါက အလွန်တရာ တုန်လှုပ်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်လေသည်။
လေဟာနယ်တစ်ခုလုံးသည် မြား ၁၀၀ဖြင့် ထိုးဖောက်ခြင်း ခံလိုက်ရသည်ဟု ထင်ရ၏။
ဘုန်း…
နှင်းပုံတောင်ကြား ကျင့်ကြံသူတစ်ယောက် နောက်သို့ ပြေးလိုက်နေသော နတ်ဘုရားမျိုးနွယ် သက်ရှိတစ်ယောက်သည် ဓမ္မစွမ်းအားမြားဖြင့် ရင်ဘတ်ကို ထိုးဖောက်ခံလိုက်ရပြီး သူ၏ ရင်ဘတ်က ပေါက်ကွဲထွက်ကာ တောင့်တင်းစွာဖြင့် လဲကျသွား၏။
ဖောက်…
အဆူရာဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက် နောက်သို့ ပြေးလိုက်နေသော နောက်ထပ် ယက္ခတစ်ယောက်သည် ရှောင်တိမ်းချင်မိလေသည်။ သို့သော်လည်း သူ၏ လှုပ်ရှားမှုက နောက်ကျသွားပြီး သူ၏ ဦးခေါင်းသည် မြားတစ်စင်းဖြင့် ထိုးဖောက်ခြင်း ခံလိုက်ရ၏။ သူက မလှမ်းမကမ်းရှိ ကျောက်တိုင်တစ်ခုပေါ်မှာ ချိတ်မိသွားပြီး သေဆုံးသွားလေသည်။
ဖောက်.. ဖောက်… ဖောက်..
မြားမိုးက ကျဆင်းလာပြီး မျောက်နှင့် အခြားသူများကို ဝန်းရံတိုက်ခိုက်နေသည့် စုန်းမျိုးနွယ်၊ ယက္ခမျိုးနွယ်၊ ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်နှင့် နတ်ဘုရားမျိုးနွယ်မှ သက်ရှိများသည် တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက် လဲကျကုန်၏။
ထိုဓမ္မစွမ်းအား မြားများသည် ကြောက်စရာကောင်းသော ခွန်အားနှင့် အမြန်နှုန်းကိုသာ ပိုင်ဆိုင်ထားခြင်း မဟုတ်ဘဲ သူတို့က အလွန်တရာ တိကျမှုလည်း ရှိလေသည်။
မြားတစ်စင်းချင်းစီသည် အနည်းဆုံး ကမ္ဘာဦးမျိုးနွယ်မှ ပညာရှင်တစ်ယောက်ကို ပစ်ချနိုင်လေသည်။
၎င်း၏ သေစေနိုင်စွမ်းအားက ကမ္ဘာဦးမျိုးနွယ် ၆စုအတွက် မခုခံနိုင်လုနီးပါးပင်။
ဓမ္မစွမ်းအား မြား ၁၀၀ သည် ကမ္ဘာဦးမျိုးနွယ်မှ ပညာရှင် ၁၀၀ မကကို သတ်ဖြတ်နိုင်လေသည်။
ဓမ္မစွမ်းအား မြားအချို့သည် ကမ္ဘာဦးမျိုးနွယ် ၃ယောက်.. ၄ယောက်.. သို့မဟုတ် ၅ယောက်ကိုပင် ထိုးဖောက်သွားပြီး သူတို့ကို နေရာမှာတင် သတ်ဖြတ်ပစ်လိုက်၏။
အသက်ရှူချိန် အနည်းငယ်မျှမှာ ကမ္ဘာဦးမျိုးနွယ်မှ ပညာရှင် ၂၀၀ကျော်က ကျဆုံးသွားလေပြီ။
အဲဒီမှာ ဒဏ်ရာ အပြင်းအထန် ရရှိသွားသော သူများက ပို၍ပင် များပြားလေသည်။
လူအုပ်ကြီးက တုန်လှုပ်သွားကြ၏။
မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများကလည်း တုန်လှုပ်သွားကြ၏။
ကမ္ဘာဦးမျိုးနွယ် ၆ စုမှ ပညာရှင်များကလည်း ကြောက်လန့်တကြား ဖြူဖပ်ဖြူလျော် ဖြစ်လာကြ၏။
“ကဲ.. လှုပ်ရဲတဲ့ကောင် လှုပ်ကြည့်စမ်း”
ဆူဇီမိုသည် လေထဲမှာ ရပ်ရင်း ဓမ္မဖြိုခွင်းလေးကို ကိုင်ဆွဲကာ သူ၏ အကြည့်က မိုးကြိုးလျှပ်စီးများကဲ့သို့ တဝင်းဝင်းလက်နေ၏။ သူက ပြိုင်ဘက်ကင်း နတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်ပြီး သူ၏ ဘေးပတ်လည်ကို ထောက်လှမ်းကြည့်ရှုကာ ရုတ်တရက် အော်ပြောလိုက်၏။
ထိုအသံသည် ကမ္ဘာဦးမျိုးနွယ်မှ ပညာရှင်များ၏ နားထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပေါက်ကွဲထွက်ပေါ်လာ၏။
ကမ္ဘာဦးမျိုးနွယ် ၆စုမှ ပညာရှင်များသည် ကြောက်ရွံ့မှုဖြင့် တုန်ယင်သွားကြ၏။
ကမ္ဘာဦးမျိုးနွယ် သက်ရှိများစွာသည် လေထဲမှာ ရှိသော ပုံရိပ်ကို သူတို့မျက်လုံးထဲရှိ နက်ရှိုင်းသော အကြောက်တရားနှင့်အတူ ကြည့်လိုက်ကြ၏။
စောစောက မြားမိုးသည် ကမ္ဘာဦးမျိုးနွယ် ၆စုမှ ပညာရှင်များကို နေရာမှာပင် မှင်တက်သွားစေ၏။
မည်သည့် ကမ္ဘာဦးမျိုးနွယ်ကမှ နောက်တစ်ဖန် ထပ်၍ မလှုပ်ရှားရဲကြတော့ပေ။
“အထီးကျန်သိုင်းသခင်”
ကျင့်ကြံသူအချို့က ထိုသည်ကို တွေ့မြင်သောအခါ.. စိတ်ခံစားချက်များ မြင့်တက်လာပြီး သူတို့၏ မျက်နှာပေါ်မှာ ပူနွေးသော မျက်ရည်စီးကြောင်းများ ကျဆင်းလာကာ အော်ဟစ်လိုက်ကြ၏။
“အထီးကျန်သိုင်းသခင်.. အထီးကျန်သိုင်းသခင်…”
မရေမတွက်နိုင်သော ကျင့်ကြံသူများသည် နီမြန်းနေသော မျက်လုံးများနှင့်အတူ ဟိန်းဟောက်လိုက်ကြပြီး ကောင်းကင်ဘုံကိုပင် လှုပ်ခါသွားစေနိုင်၏။
သူတို့သည် မျိုးနွယ်စုတစ်သောင်း စုဝေးပွဲမှာ ပါဝင်တက်ရောက်လာခဲ့ကတည်းက သူတို့သည် တရားမမျှတမှု၊ နစ်နာမှုနှင့် အနိုင်ကျင့်မှု များစွာကို ထိခိုက်ခံစားခဲ့ရ၏။
သူတို့၏ ဂိုဏ်းသားအဖော်များကို ကမ္ဘာဦးမျိုးနွယ်များက သတ်ဖြတ်နေသည်ကို သူတို့က ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့ရ၏။
ကမ္ဘာဦးမျိုးနွယ်များကြားမှာ သူတို့၏ ဂိုဏ်းချုပ်များ သေဆုံးသွားသည်ကို တွေ့မြင်နေရသော်လည်း သူတို့ထဲ မည်သူကမှ ရှေ့သို့ တက်လှမ်းရဲခဲ့ခြင်း မရှိပေ။
သူတို့သည် ကမ္ဘာဦးမျိုးနွယ်များ၏ နိုင်ထက်စီးနင်း မောက်မာမှုနှင့် လွန်ကဲစီးပိုးမှုများကို တွေ့မြင်နေရသော်လည်း သူတို့ထဲ မည်သူကမှ ရှေ့သို့ တက်၍ မတိုက်ခိုက်နိုင်ခဲ့ပေ။
ထိုအခိုက်အတန့်မှာသာလျှင်.. သူတို့၏ အမျက်ဒေါသများ၊ နစ်နာမှုများနှင့် မကျေမချမ်းမှုများက ပြေလျော့သွားလေသည်။
သူတို့က ကမ္ဘာဦးမျိုးနွယ်များဆိုတော့ရော ဘာဖြစ်လဲ…။
ကျိချန်းရှန် ပြောခဲ့သလိုပင်.. အထီးကျန်သိုင်းသခင်သည် ကမ္ဘာဦးမျိုးနွယ်များကို ခွေးလို ဝက်လို သတ်ဖြတ်နိုင်လေသည်။
ပဟေဠိနန်းတော်မှ နန်းတော်အရှင်သည် ရှေ့သို့ ထွက်ရပ်ပြီး ဆူဇီမို ရှိရာဘက်သို့ စိတ်လှုပ်ရှားစွာဖြင့် ဦးညွှတ်ကာ အော်ပြောလိုက်၏။
“တာအိုရောင်းရင်း အထီးကျန်သိုင်းသခင်.. အဲဒီမှာ နောက်တစ်ခေါက်သာ ရှိဦးမယ်ဆို.. ကျုပ်က ဓမ္မဖြိုခွင်းလေးကို ခင်ဗျားဆီမှာ ကိုယ်တိုင်ကိုယ်ကျ အပ်နှင်းပေးချင်တယ်.. ခင်ဗျားကသာ အဲဒီ ရှေးဟောင်းအတုမရှိ ရတနာနဲ့ ထိုက်တန်တဲ့ တစ်ဦးတည်းသောသူပဲ”
ထိုအခိုက်အတန့်မှသာလျှင် ဓမ္မဖြိုခွင်းလေး လုယူခံခဲ့ရခြင်းအတွက် ဆူဇီမိုအပေါ် သူ့ရင်ထဲရှိ မလိုမုန်းထားမှုများက အမှန်တကယ်ပင် ပျောက်ကွယ်သွားလေသည်။