မင်းရဲ့ လက်နှစ်ဖက်ကို ဖျက်ဆီးပစ်မယ်
Vol. 105 Ch. 1570
နတ်မိမယ်ရှောင်ရှန်းသည် သူမ၏ လက်နှစ်ဖက်ကို ရုပ်သိမ်းပြီး သူမ၏ လက်နှစ်ဖက်ကို ပင့်မြှောက်လိုက်၏။ သူမ၏ သွေးချီက တလိပ်လိပ်တက်လာပြီး လေထဲမှာ ရွှေရောင်အလင်းက ပျံ့လွင့်ကာ သူမသည် ဆူဇီမို၏ လက်ဖဝါးကို ပိတ်ဆို့တားဆီးလိုက်၏။
ဘုန်း...
ဆူဇီမို၏ လက်ဖဝါးက ဆင်းသက်လာပြီး နတ်မိမယ်ရှောင်ရှန်း၏ လက်နှစ်ဖက်ကို ဖိနှိမ်လိုက်၏။
သူမ၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွား၏။
သူမ၏ လက်နှစ်ဖက်သည် ဆူဇီမို၏ လက်ဖဝါးရိုက်ချက်ကနေ လုံးဝထုံကျင်ကိုက်ခဲသွား၏။
ထိုလက်ဝါးရိုက်ချက်က သူမကို မှင်တက်လုနီးပါးဖြစ်သွားစေ၏။
အနီးကပ်တိုက်ခိုက်ခြင်းမှာ သူမ၏ တာအိုလက်တွဲဖော် မိုးကောင်းကင်ပဒေသရာဇ်ပင်လျှင် သူမကို ဤမျှအတိုင်းအတာထိ အသာစီးမရယူနိုင်ပေ။
သို့သော်လည်း ဆူဇီမိုက ရပ်တန့်သွားခြင်းမရှိပေ။ သူက ရှေ့သို့တက်လှမ်းပြီး နတ်မြင်းတစ်ကောင်ကဲ့သို့ နတ်မိမယ်ရှောင်ရှန်းထံသို့ ပစ်ဝင်သွားလေသည်။
ကြောက်စရာကောင်းသောအော်ရာတစ်ခုက ပေါက်ကွဲထွက်ပေါ်လာ၏။
ထိုပစ်တိုက်ချက်သည် ယခင်လက်ဝါးရိုက်ချက်ထက်ပင် ပို၍ ကြမ်းကြုတ်ခက်ထန်နေ၏။
နတ်မိမယ်ရှောင်ရှန်းသည် စူးခနဲတစ်ချက်အော်ပြီး သူမ၏ သွေးချီကို ၎င်း၏ အကန့်အသတ်ထိ လှည့်ပတ်လိုက်၏။
ချက်ချင်းပင် မနှိုင်းယှဥ်သာအောင်စွမ်းအားကြီးမားသော မျိုးဆက်သွေးနယ်မြေတစ်ခုက သူမ၏ အောက်ဘက်မှာ ပေါ်ထွက်လာ၏။
ရှေးကျ၍ လျှို့ဝှက်ဆန်းကြယ်သောပိရမစ်တစ်ခုက ပေါ်ထွက်လာပြီး နတ်ဘုရားဆန်ဆန်အလင်းများဖြင့် ပြည့်နှက်နေ၏။
ပိရမစ်၏ အောက်ဘက်တွင် ဒူးထောက်၍ဝပ်တွားနေသော သက်ရှိများစွာရှိကြလေသည်။
တစ်ချိန်တည်းမှာပင် သတ္တမနှင့် ဒသမမင်းသားတို့က နောက်တစ်ဖန်ဝင်ရောက်လာကြ၏။
သခင်လေးဆန်းကြယ်တစ္ဆေက ဤတစ်ခေါက်မှာ သူ၏ တောင်ဝှေးကို ဝေ့ယမ်းပြီး လေထဲမှာ စိမ်းညိုရောင်မြူခိုးများကို ဖြစ်ပေါ်လာစေ၏။ ၎င်းသည် လှံတစ်လက်အဖြစ်လျင်မြန်စွာ စုဖွဲ့သွားပြီး ဆူဇီမိုထံသို့ ရောက်ရှိလာ၏။
“ကျိန်စာလှံတံ”
ဓမ္မဖြိုခွင်းလေး ချို့ယွင်းသွားခြင်းနှင့်အတူ သူက ဆက်လက်၍ ထိန်ချန်ခြင်း မရှိတော့ပေ။
“မုန်တိုင်းမျက်လုံး...”
ကြမ်းကြုတ်မျက်လုံးသည်လည်း လက်ဟန်ချိပ်စည်းများကိုလှုပ်ရှားပြီး ဓမ္မပညာရပ်တစ်ခုကို ဆင့်ခေါ်လိုက်၏။
သူ၏ လက်နှစ်ဖက်ကို ဝေ့ယမ်းရင်း မုန်တိုင်းတစ်ခုက ဖြစ်ပေါ်လာ၏။
မုန်တိုင်း၏ အစစ်အမှန်ခြိမ်းခြောက်မှုမှာ ကြီးမားသောမုန်တိုင်းမဟုတ်ပဲ ၎င်း၏ အလယ်ရှိ မုန်တိုင်းမျက်လုံးဖြစ်လေသည်။
မုန်တိုင်းမျက်လုံးသည် ထိုဓမ္မပညာရပ် စွမ်းအား၏ ပြယုဂ်ဖြစ်လေသည်။
ယက္ခယုကလည်း သူမ၏ တောင်ပံများကိုခတ်ရင်း ဆူဇီမိုရှိရာသို့ ပြေးဝင်လာ၏။
သို့သော်လည်း ကမ္ဘာဦးမျိုးနွယ်မှ အခြားသခင်လေးများနှင့်ယှဥ်လျှင် သူမ၏ တိုက်ခိုက်မှုက အားမာန်ပါမှု သိသိသာသာ လျော့ကျနေ၏။
ဘုန်း...
ဆူဇီမိုက နောက်ဆုတ်ခြင်း သို့မဟုတ် ရှောင်တိမ်းခြင်း မရှိပေ။ သူသည် နတ်မိမယ်ရှောင်ရှန်းကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်ပြီး သူ၏ သွေးချီကို ၎င်း၏ အကန့်အသတ်ထိ လှည့်ပတ်လိုက်၏။ သူ၏ အော်ရာက ၎င်း၏ အထွတ်အထိပ်သို့ ချက်ချင်းပင် မြင့်တက်လာလေသည်။
မိုးကောင်းကင်ကို ထိုးဖောက်တော့မည့်အလား ဧရာမအစိမ်းရောင်ကြာပင်တစ်ပင်သည် ကောင်းကင်ထက်သို့ ထိုးတက်လာ၏။ အစိမ်းရောင်ကြာပင်သည် ကြည်လင်စိမ်းလဲ့နေပြီး ၎င်း၏ အရွက်များက ကောင်းကင်ထက်ကနေ အုပ်မိုးကျဆင်းလာ၏။
လူတိုင်း၏ ရှေ့မှောက်မှာပင် ကြာပင်၏ ထိပ်ဖျားကနေ ပန်းဖူးတစ်ခုထိုးထွက်လာပြီး ပြိုးပြိုးပြက်ပြက် အရောင်အဝါတစ်ခုကို ဖြာထုတ်ပေးလာ၏။
အစိမ်းရောင်ကြာပန်းက ယိမ်းနွဲ့သွားလေသည်။
(ကျတော်ဘာသာယူပြန်နေတဲ့ website မှာ စာလုံးတချို့ ကြားထဲမှာ ကျန်ခဲ့တဲ့ပုံပါပဲ။ သိပ်မသိသာတာမလို့ ဒီအတိုင်းပဲ ထားလိုက်ပါတယ်။ ဖြည့်ဖတ်ပေးကြပါဗျ။)
ဤနှစ်များအတွင်း နတ်ဘုရားမျိုးနွယ်၏ ဤအဖွဲ့အစည်းသည် အနားယူ၍ ကြီးထွားလာခဲ့၏။
သို့သော်လည်း နတ်ဘုရားမျိုးနွယ်၏ သိုလှောင်လက်စွပ်နှင့် ဧရာမဒိုင်းကာတို့ကို နတ်ဘုရားကုန်းမြေတိုက်၏ တစ်မူထူးခြားသော လောကဆိုင်ရာရတနာများကနေ ဖန်တီးထားခြင်းဖြစ်ပြီး ထျန်ဟွမ်ကုန်းမြေတိုက်မှာ သူတို့ကို မသွန်းလုပ်နိုင်ပေ။
ထို့ကြောင့်ပင်လျှင် ကမ္ဘာဦးခေတ်ကနေ လက်ဆင့်ကမ်းလာခဲ့သော သိုလှောင်လပ်စွပ်များနှင့် ဧရာမရွှေရောင်ဒိုင်းကာကဲ့သို့ ပစ္စည်းများက အရေအတွပ်အနည်းအကျဥ်းမျှသာ ကျန်ရှိတော့လေသည်။
တစ်နည်းအားဖြင့်ဆိုလျှင် နတ်ဘုရားမျိုးနွယ်သက်ရှိတိုင်းက သိုလှောင်လက်စွပ်တစ်ခုစီကို ပိုင်ဆိုင်လိမ့်မည် မဟုတ်ပေ။
သိုလှောင်လက်စွပ်များကို ပိုင်ဆိုင်ထားသည့် နတ်ဘုရားမျိုးနွယ်များသည် နတ်ဘုရားမျိုးနွယ်၏ သေချာပေါက် ထိပ်တန်းအဆင့် ပညာရှင်များဖြစ်ပေလိမ့်မည်။ သို့သော်ယခု... နတ်မိမယ်ရှောင်ရှန်းတွင် သိုလှောင်လက်စွပ်တစ်ကွင်းရှိနေရုံသာမက သူမတွင် ဧရာမရွှေရောင်ဒိုင်းကာတစ်ခုလည်းရှိနေ၏။ ဆိုလိုသည်မှာ သူမသည် နတ်ဘုရားမျိုးနွယ်၏ နောက်ခံနှင့်ပတ်သက်၍ သေချာပေါက်သိရှိထားပေလိမ့်မည်။
ထိုအတွေးများက သူ၏ စိတ်ထဲသို့ ဖျတ်ခနဲ ဝင်ရောက်လာ၏။
ဘုန်း...
သူသည် ဧရာမရွှေရောင်ဒိုင်းကာကို တွေ့မြင်ရလျှင်တောင် ဆူဇီမိုသည် ရပ်တန့်ဖို့စိတ်ကူးမရှိဘဲ ကျယ်လောင်သောမြည်သံနှင့်အတူ ရှေ့သို့ပစ်တိုက်ချလိုက်၏။
နတ်မိမယ်ရှောင်ရှန်းသည် ဆတ်ခနဲတုန်ယင်သွားပြီး ပါးစပ်အပြည့်သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ရ၏။
စူးရှသော နာကျင်မှုတစ်ခုက သူမ၏ လက်ဖျံတစ်လျှောက် တလိပ်လိပ်တိုးဝင်လာပြီး သူမသည် ဧရာမရွှေရောင်ဒိုင်းကာကို ဆက်လက်၍ ဆုပ်ကိုင်ထားနိုင်ခြင်း မရှိတော့ပေ။ ဆူဇီမိုသည် သူ၏ မျိုးဆက်သွေးနယ်မြေဖြစ်စဥ်၏ အကူညီနှင့်အတူ သူမကို လွင့်စင်ထွက်သွားစေ၏။
အစိမ်းရောင်ကြာပန်းနယ်မြေဖြစ်စဥ်ကလည်း ပျက်ပြယ်သွားလေသည်။
နတ်မိမယ်ရှောင်ရှန်း၏ အမူအရာက မှေးမှိန်သွားပြီး နောက်သို့ ဒယီးဒယိုင်ဆုတ်လိုက်ရ၏။
သို့သော်လည်း ဆူဇီမိုသည် သူမကို လွှတ်ပေးဖို့ စိတ်ကူးမရှိပေ။ သူသည် ရှေ့သို့တက်လှမ်းပြီး သူ၏ လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ နတ်မိမယ်ရှောင်ရှန်း၏ ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ပြီး ဒူးဖြင့် ပစ်တိုက်ချလိုက်၏။
ဤတစ်ခေါက်မှာတော့ သူသည် နတ်မိမယ်ရှောင်ရှန်း၏ ရင်ဘတ်ကို ပြင်းထန်စွာ ပစ်တိုက်လိုက်ခြင်းဖြစ်၏။
ဝုန်း...
သူမ၏ ရင်ညွန့်ရိုးက လုံးဝကြေမွသွား၏။
တစ်ချိန်တည်းမှာပင် ဆူဇီမို၏ ထက်ရှသောလက်သည်းများက ဓားမြောင်များကဲ့သို့ ထွက်ပေါ်လာပြီး နတ်မိမယ်ရှောင်ရှန်း၏ ပခုံးသားကိုထိုးဖောက်ကာ အပြင်ဘက်သို့ဆွဲဖြဲလိုက်၏။
စွမ်းအားနှစ်ခု၏ ပေါင်းစုံမှုအောက်တွင် နတ်မိမယ်ရှောင်ရှန်း၏ လက်နှစ်ဖက်သည် သူမ၏ ပခုံးနှစ်ဖက်ကနေ ပြတ်ထွက်သွားပြီး သွေးသံရဲရဲပုံစံဖြင့် ဆူဇီမို၏ ဆုတ်ဖြဲခြင်းကို ခံလိုက်ရ၏။
“အား...”
နတ်မိမယ်ရှောင်ရှန်းသည် စူးစူးဝါးဝါး အော်ဟစ်ပြီး နာကျင်မှုဖြင့် သတိလစ်မတတ် ဖြစ်သွားရ၏။
မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများကလည်း တုန်လှုပ်သွားကြ၏။
ထိုအခိုက်အတန့်တွင် နတ်မိမယ်ရှောင်ရှန်းသည် နတ်မိမယ်တစ်ပါး၏ ခမ်းနားကြော့ရှင်းမှုနှင့် စွမ်းပကားကြီးမားမှုတို့ ဆက်လက်မရှိတော့ပေ။ သူမသည် ဆိုးဆိုးဝါးဝါး ပုံပေါက်နေပြီး အသက်လု၍ ရုန်းကန်နေရ၏။ သူမသည် တိုက်ပွဲနယ်မြေရှိကျင့်ကြံသူများနှင့် လုံးဝမခြားနားတော့ပေ။
အထီးကျန်သိုင်းသခင်တိုက်ခိုက်လိုက်သောအခါ နတ်မိမယ်ရှောင်ရှန်းသည် သူမ၏ ပလ္လင်ပေါ်ကနေ ချက်ချင်းပင် ဆွဲချခံလိုက်ရ၏။
“အဲ့ဒီလက်နှစ်ဖက်က သူမအတွက်ပဲ”
ဆူဇီမိုသည် နတ်မိမယ်ရှောင်ရှန်း၏ လက်နှစ်ဖက်ကို မြေပြင်ပေါ်သို့ ဒီတိုင်းပစ်ချပြီး တင်းမာခက်ထန်စွာဖြင့် ပြောလိုက်၏။
“နင်က... သူ့ရဲ့ လက်ကို ချိုးခဲ့မှတော့... ငါကလည်း နင့်ရဲ့လက်နှစ်ဖက်ကို ဖျက်ဆီးပစ်ရတာပေါ့”
ဆူဇီမိုသည် အဲ့ဒါက ဘယ်သူဆိုတာကို မပြောသော်လည်း သူသည် မိစ္ဆာဂိုဏ်းများ၏ စင်ကြယ်အပျိုစင်ကို ရည်ညွှန်းပြောဆိုနေခြင်းဖြစ်ကြောင်း လက်ရှိမျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအားလုံးက သိရှိလိုက်ကြ၏။
နတ်ဆိုးမကျိသည် ဆူဇီမို၏နောက် မလှမ်းမကမ်းမှာရပ်နေပြီး ယခုတင် သူမကို ကယ်တင်လိုက်သည့် အမျိုးသားကို ငေးကြည့်နေ၏။ သူမ၏ လှပသောမျက်လုံးများထဲမှာ တခြားမည်သူမှနားမလည်နိုင်မည့် ခံစားချက်တစ်ခုက ထွက်ပေါ်လာ၏။
သို့သော် မကြာခင်... အထီးကျန်သည့်ပုံရိပ်တစ်ခုက သူမ၏ မျက်နှာပေါ်မှာ ဖျတ်ခနဲပေါ်ထွက်လာပြီး သူမက ညင်သာစွာ သက်ပြင်းချလိုက်၏။