မြားငါးစင်း
Vol. 105 Ch. 1563
ငါက အထီးကျန်သိုင်းသခင်ပဲ...
ထိုစကားလုံးများသည် ဝဲဂယက်တစ်ထောင်ကို ဖြစ်ပေါ်စေသော ကျောက်တုံးတစ်တုံးကဲ့သို့ လူအုပ်ကြီးကို လှုပ်ခတ်သွားစေပြီး မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် လှုပ်လှုပ်ရွရွ ဖြစ်လာကြ၏။
ထိုစကားလုံးများမှာ နတ်ဆိုးစွမ်းအားတစ်ခုရှိပုံရပြီး တိုက်ခိုက်နေကြသော ကျင့်ကြံသူများစွာသည် အလိုလိုရပ်တန့်ကာ အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ကြ၏။
အထီးကျန်သိုင်းသခင်ဟူသော အမည်ကို လူတိုင်း သိထားကြလေသည်။
ကမ္ဘာဦးမျိုးနွယ် ၆ စုကြားမှာတောင် ထိုနာမည်က ကျော်ကြားလေသည်။
အသင်္ချေနယ်မြေမြို့တော်တိုက်ပွဲမှာ လူသားမျိုးနွယ်က ပြန်ဝင်စားမွန်းစတားတစ်ယောက်ကို မွေးထုတ်ပေးလိုက်ကြောင်း ကမ္ဘာဦးမျိုးနွယ်များက သိရှိခဲ့ကြ၏။ တကယ်ဆို သူသည် ရွှေအမြုတေအဆင့်မှာ ယက္ခမျိုးနွယ်နှင့် နတ်ဘုရားမျိုးနွယ်ကိုပင် ဆန့်ကျင်တိုက်ခိုက်နိုင်ခဲ့၏။
သို့သော်လည်း ကမ္ဘာဦးမျိုးနွယ်များက သူ့ကို အရေးမလုပ်ခဲ့ကြပေ။
ရွှေအမြုတေတစ်ယောက်က ကမ္ဘာဦးမျိုးနွယ်များအတွက် ခြိမ်းခြောက်မှုတစ်ရပ် မဟုတ်ပေ။
ကောင်းကင်နှင့် မြေကြီး တောင်ကြားတိုက်ပွဲပြီးမှသာ အထီးကျန်သိုင်းသခင်ဟူသောအမည်က ကမ္ဘာဦးမျိုးနွယ် ၆ စုကြားမှာ ပျံ့နှံ့သွားလေသည်။
အဲ့ဒါက ကမ္ဘာဦးမျိုးနွယ် ၆ စု၏ စိတ်အာရုံကို ဆွဲဆောင်မိသွားပြီး သူတို့သည် အထီးကျန်သိုင်းသခင်ကို သတ်ဖြတ်ချင်သည့်အတွက် သူတို့၏ သတ်ဖြတ်ခြင်းတံဆိပ်ပြားများကို တစ်ဖွဲ့ပြီးတစ်ဖွဲ့ ထုတ်ပြန်ခဲ့ကြ၏။
သို့သော်လည်း လွန်ခဲ့သည့်နှစ်တစ်ရာက ကြယ်ခြောက်စင်းတောင်ပေါ်မှ တိုက်ပွဲတွင် သွေးနွယ်ပင်တစ်သောင်းကျော်က သေဆုံးခဲ့ရပြီး သူတို့၏ သခင်လေး ထန်လင်းကျီပင်လျှင် ချမ်းသာရာ မရခဲ့ပေ။
သို့သော်လည်း အဲ့ဒီအချိန်ကစ၍ အထီးကျန်သိုင်းသခင်သည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှ ပျောက်ကွယ်သွားပြီး သူ့ထံမှ မည်သည့်သတင်းမှ ရရှိမလာတော့ပေ။
သခင်လေးဆန်းကြယ်တစ္ဆေ ၊ နတ်မိမယ်ရှောင်ရှန်းနှင့် ကြမ်းကြုတ်မျက်လုံးတို့ကဲ့သို့ ကမ္ဘာဦးမျိုးနွယ်၏ သခင်လေးများသည် အလွန်တရာ ဝံ့ကြွားပြီး ယုံကြည်မှုရှိကြလေသည်။ သူတို့က အထီးကျန်သိုင်းသခင်ကို မကြောက်ရွံ့ကြပေ။
သူတို့၏ ထင်မြင်ချက်အရ အထီးကျန်သိုင်းသခင်က ယနေ့အသက်ရှင်နေဦးမည်ဆိုလျှင်တောင် သူက မျိုးနွယ်စုတစ်သောင်း စုဝေးပွဲမှာ သေချာပေါက်ပေါ်ထွက်လာရဲလိမ့်မည် မဟုတ်ပေ။
ကမ္ဘာဦးမျိုးနွယ် ၆ စု နှင့် သတ်ဖြတ်ခြင်းတံဆိပ်ပြား ရှိနေသည့်အတွက် အထီးကျန်သိုင်းသခင်က ပေါ်ထွက်လာရဲမည်ဆိုလျှင် သူသည် သူ့သေတွင်းကိုသူ လာတူးခြင်းနှင့် တူနေပေလိမ့်မည်။
သို့သော်လည်း အထီးကျန်သိုင်းသခင်က အမှန်တကယ်ပင် ပေါ်ထွက်လာခဲ့လေသည်။
ဒါ့အပြင် သူပေါ်ထွက်လာသည့်ခဏမှာပင် သူက သွေးနွယ်ပင်မျိုးနွယ်၏ သခင်လေးအသစ်ကို သတ်ဖြတ်ပြီး ယက္ခတစ်ကောင်က်ို ပစ်ချခဲ့၏။
သခင်လေးဆန်းကြယ်တစ္ဆေ၏ အမူအရာက သုန်မှုန်လာခဲ့၏။
နတ်မိမယ်ရှောင်ရှန်းကလည်း မျက်မှောင်ကြုတ်လိုက်၏။
စောစောက ထိုမြားကနေ သူတို့ပင်လျှင် မထိမခိုက် ရုန်းထွက်ချင်မှ ရုန်းထွက်နိုင်ပေလိမ့်မည်။
ကစဉ့်ကလျားတိုက်ပွဲမှာ မည်သူကမှ ထိုမြားကို သတိမထားမိခဲ့ပေ။ ကြမ်းကြုတ်မျက်လုံးကသာလျှင် သူ၏ စွမ်းအားကြီးမားသော အာရုံခံအသိစိတ်နှင့်အတူ အန္တရာယ်ကို သတိထားမိခဲ့ပြီး အော်ဟစ်သတိပေးခဲ့လေသည်။ သို့သော်လည်း အဲ့ဒါက နောက်ကျသွားခဲ့လေပြီ။
ထန်လောက သေလူတစ်ယောက်ဖြစ်သွားခဲ့လေပြီ။
လမ့်ရို၏ အကူအညီနှင့်အတူ ကျိချန်းရှန်သည် သူ့ရင်ဘတ်တွင် စိုက်ဝင်နေသော သွေးနွယ်ပင်ကို ဆွဲထုတ်လိုက်၏။ သူ၏ မျက်နှာက ကြောက်မက်ဖွယ်ရာဖြူဖျော့နေသော်လည်း သူက စိတ်လှုပ်ရှားတက်ကြွသည့်ပုံပေါ်နေ၏။
“ဇီမိုက ဒီကိုရောက်လာပြီပဲ”
“ဟုတ်တယ်... သူရောက်လာပြီ”
လမ့်ရိုကလည်း ကောင်းညိတ်ပြလိုက်၏။
“မပူနဲ့တော့... ဇီမိုရှိနေရင် အဲ့ဒီကမ္ဘာဦးမျိုးနွယ်တွေက ပြဿနာကောင်းကောင်းရှာနိုင်မှာ မဟုတ်တော့ဘူး”
“နောင်ကြီး..”
ဖက်တီးလေးက ရယ်မော၍ အော်ခေါ်လိုက်လေသည်။
“ရှစ်ကျန့်... တစ်ချက်ကြည့်ဦး.. နောင်ကြီးက ဒီကိုရောက်နေပြီကွ”
သူက ရှစ်ကျန့်၏ ခန္ဓာကိုယ်ကို အသည်းအသန်ကိုင်လှုပ်နေ၏။
ရှစ်ကျန့်သည် အစကတည်းက ဒဏ်ရာအပြင်းအထန် ရရှိထားပြီး ဖက်တီးလေး၏ ကိုင်လှုပ်ခြင်း ခံရသောအခါ သူ၏ အရိုးများက ကွဲကြေကုန်ပြီဟု ခံစားလိုက်ရ၏။
သူက အားအင်ချိနဲ့စွာဖြင့် ပြောလိုက်လေသည်။
“သောက်ဖက်တီး... မင်းက ငါ့ကို မသေမခြင်း ကိုင်လှုပ်ချင်နေတာလား”
ရှစ်ကျန့်က မကျေမနပ်ပြောဆိုလိုက်သော်လည်း ဘာ့ကြောင့်ရယ်မသိ သူ၏ မျက်လုံးများက နီမြန်း၍ သူက အမှန်တကယ်ပင် ငိုကြွေးနေမိ၏။
“အထီးကျန်သိုင်းသခင်...”
“အထီးကျန်သိုင်းသခင် ဒီကိုရောက်လာပြီတဲ့”
ထွက်ပြေးနေသော ကျင့်ကြံသူများစွာသည် သူတို့၏ ခြေလှမ်းများကို ရပ်တန့်ပြီး စိတ်လှုပ်ရှားတက်ကြွသော အမူအရာများနှင့်အတူ မော့ကြည့်လိုက်ကြ၏။
“အဲ့ဒါက ငါတို့လူသားမျိုးနွယ်ရဲ့ အထီးကျန်သိုင်းသခင်ပဲ... အဲ့ဒါက ငါတို့လူသားမျိုးနွယ်ရဲ့ ပြိုင်စံရှားတစ်ယောက်ပဲ”
အစက ကျင့်ကြံသူများ၏ ယုံကြည်မှုက လဲပြိုသွားခဲ့ပြီးလေပြီ။ သို့သော်လည်း အထီးကျန်သိုင်းသခင် ဆင်းသက်လာပြီးနောက်... သူတို့၏ မျှော်လင့်ချက်ရောင်ခြည်များက ပြန်လည်ထွန်းညှိလာကာ သူတို့၏ တိုက်ပွဲဝင်လိုစိတ်က ပြန်လည်နိုးကြွလာခဲ့၏။
မရေမတွက်နိုင်သော အကြည့်များအောက်တွင် ပဟေဠိနန်းတော်၏ မြို့ရိုးထက်မှာ ပုံရိပ်တစ်ခုက ပေါ်ထွက်လာ၏။ သူက အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အနက်ရောင်ဆံပင်များရှိလေသည်။ သူ၏ အကြည့်က ကြောက်စရာကောင်းသော အမူအရာတစ်ခုနှင့်အတူ တောက်လောင်နေပြီး သူ့လက်ထဲမှာ ကျောက်စိမ်းရောင်လေးတစ်လက်ကို ကိုင်ဆွဲထား၏။
အစိမ်းရောင်ဝတ်ကျင့်ကြံသူသည် တည်ငြိမ်သောခြေလှမ်းများနှင့်အတူ တိုက်ပွဲနယ်မြေဆီသို့ လျှောက်လှမ်းလာ၏။ သို့သော်လည်း သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း လေဟာနယ်ကို တုန်ခါသွားစေ၏။
အလွန်တရာကြောက်စရာကောင်းပြီး သိပ်သည်းပြင်းထန်သော အော်ရာတစ်ခုက အစိမ်းရောင်ဝတ်ကျင့်ကြံသူထံမှ ပေါက်ကွဲထွက်ပေါ်လာ၏။ သူသည် သက်ရှိများအားလုံးကို သူ၏ ခြေဖဝါးအောက်မှာ နင်းချေပစ်ချင်နေသည့်အလားပင်။
“အထီးကျန်သိုင်းသခင်”
သခင်လေးဆန်းကြယ်တစ္ဆေက ဖြည်းဖြည်းချင်း မတ်တတ်ထရပ်ပြီး သူ၏ မျက်လုံးကို မှေးကျဥ်းလိုက်၏။
ကြမ်းကြုတ်မျက်လုံးကလည်း မတ်တတ်ထရပ်ပြီး နက်မှောင်နေသော မျက်တွင်းအိမ်တစ်စုံနှင့်အတူ ဆူဇီမိုရှိရာဘက်သို့ လှည့်ကြည့်လိုက်၏။
ယက္ခယုက ဝင်ရောက်လာသူကို ကြည့်ကာ မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
‘အဲ့ဒီအစိမ်းရောင်ဝတ်ကျင့်ကြံသူက ဟိုလူ့ရဲ့ ကိုယ်ပွားပဲဖြစ်ရမယ်...’
လက်ရှိလူတိုင်းကြားတွင် ယက္ခယုကသာ သိုင်းတာအိုပင်မခန္ဓာ၏ တည်ရှိမှုကို သိရှိထားလေသည်။ ယက္ခယု၏ မျက်လုံးထဲမှာ အစိမ်းရောင်ဝတ်ကျင့်ကြံသူသည် သိုင်းတာအိုပင်မခန္ဓာနှင့်အတိအကျ တူညီသည့်ပုံပေါ်သော်လည်း သူတို့၏ အော်ရာများမှာ ကြီးမားသည့် ကွာဟချက်တစ်ခုရှိနေသေး၏။
“ဟမ်...”
သူမသည် ရင်တစ်ချက် ထိတ်သွားပြီး သူမဘာသာသူမ တွေးလိုက်၏။
“နင်က ငါ့ကိုအနိုင်ကျင့်ခဲ့တာ အရမ်းကြာသွားပြီ... ငါက နောက်ပိုင်း နင့်ရဲ့ကိုယ်ပွားကို အနိုင်ကျင့်မယ်ဆိုရင် အဲ့ဒါက နင့်ကို သစ္စာဖောက်တာလို့ မသတ်မှတ်နိုင်ဘူးမလား”
ပဟေဠိနန်းတော်၏ နန်းတော်အရှင်က ဖြည်းဖြည်းချင်း လျှောက်လှမ်းလာနေသော ဆူဇီမိုကို တွေဝေရှုပ်ထွေးသော အကြည့်နှင့်အတူ ကြည့်နေ၏။
နှစ်တစ်ရာမျှနှင့် ဆူဇီမိုသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအဆင့်သို့ ဝင်ရောက်လာခဲ့ပြီဖြစ်၏။ သူ့ကျင့်ကြံမှု၏ အမြန်နှုန်းက အရမ်းကို ကြောက်စရာကောင်းလေသည်။
သူသည် အရင်တုန်းက ဆူဇီမိုနှင့် ရန်ငြိုးရန်စတချို့ ရှိခဲ့ဖူးလေသည်။ ဆူဇီမို၏ လက်ထဲရှိ ဓမ္မဖြိုခွင်းလေးသည် သူ၏ ဓမ္မလက်နက် ဖြစ်သင့်လေသည်။
ဒါ့အပြင် ဆူဇီမိုကြောင့်ပင် သူသည် နန်းတော်အရှင်ဟူသော သူ၏ နေရာကနေ ဖယ်ရှားခံခဲ့ရပြီး သူ၏ အမှားများကို တံခါးပိတ်ကာ ဆင်ခြင်သုံးသပ်နေခဲ့ရ၏။ ဤနှစ်မှသာလျှင် သူ၏ လွတ်လပ်မှုကို ပြန်လည်ရရှိလာခြင်းဖြစ်၏။
သို့သော်လည်း ထိုအခိုက်အတန့်တွင် ပဟေဠိနန်းတော်၏ နန်းတော်အရှင်က ဆူဇီမိုအပေါ် မည်သည့်မုန်းတီးမှုကိုမှ ဆက်လက်၍ မစုစည်းနိုင်တော့ပေ။
ဆူဇီမိုသည် လူသားမျိုးနွယ်နှင့် ကျင့်ကြံရေးလောက၏ နောက်ဆုံး ဂုဏ်သိက္ခာအနည်းငယ်ကို ကာကွယ်ပေးနိုင်ဖို့သာ သူက မျှော်လင့်မိတော့လေသည်။
ဆူဇီမိုပေါ်ထွက်လာမှုကြောင့် တိုက်ပွဲမြေပြင်မှာ ခဏမျှရပ်တန့်သွားပြီး များစွာသော ကမ္ဘာဦးမျိုးနွယ်များသည် သူတို့၏ သတ်ဖြတ်မှုများကို ရပ်တန့်ကာ လှည့်ကြည့်လာကြ၏။
“မင်းတို့တွေက ဘာကိုလာကြည့်နေတာလဲ”
သခင်လေးဆန်းကြယ်တစ္ဆေက ဆူဇီမိုကို အေးစက်စွာစိုက်ကြည့်ပြီး ရုတ်တရက်ပြောလိုက်၏။
“အဲ့ဒီလူကို ငါ့အတွက်ထားလိုက်... မင်းတို့က လူသားတွေအားလုံး အညံ့မခံမချင်းဆက်ပြီးသာ သတ်ဖြတ်နေကြ”
ထိုသို့ သူပြောလိုက်သောအခါ ကမ္ဘာဦးမျိုးနွယ်များက တုံ့ပြန်၍ လူသားများကို ဆက်လက်အမဲလိုက်လာကြ၏။
ခြေသုံးချောင်းရွှေကျီးကန်းရာချီကလည်း မျောက်နှင့်အခြားသူများထံသို့ သူတို့၏ တိုက်ခိုက်မှုများကို ထုတ်ဖော်ဖို့ ပြင်ဆင်လိုက်ကြ၏။
ရွှစ်...
ဆူဇီမို၏ အမူအရာက အေးစက်လာပြီး သူက ရုတ်တရက် သူ၏ လက်ကို မြှောက်ကာ ဓမ္မဖြိုခွင်းလေးကို ဆွဲတင်လိုက်၏။
ဓမ္မစွမ်းအားမြားတစ်စင်းက စုဖွဲ့လာပြီး ခြေသုံးချောင်းရွှေကျီးကန်းအုပ်စုထဲသို့ ပစ်ဝင်ကာ သွေးမြူတစ်ခုကို ပေါက်ကွဲထွက်သွားစေ၏။
ခြေသုံးချောင်းရွှေကျီးကန်းရာချီက အတူတကွ အုပ်စုဖွဲ့ထားကြပြီး သူတို့က ထိုမြားကို လုံးဝမရှောင်တိမ်းနိုင်ကြပေ။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်အဖြစ် ဆူဇီမို၏ ကျင့်ကြံမှုအရ သူသည် ဓမ္မဖြိုခွင်းလေးကို အသုံးပြုပြီး မြားတစ်စင်းပစ်လွှတ်ဖို့အတွက် ဓမ္မစွမ်းအားများကို စုစည်းသည့်အခါ ၎င်းတွင်ပါဝင်သော စွမ်းအားသည် အလွန်တရာကြောက်စရာကောင်းပြီး ထိုခြေသုံးချောင်းရွှေကျီးကန်းများက အဲ့ဒါကို လုံးဝမခုခံနိုင်ပေ။
ထိုမြားသည် ခြေသုံးချောင်းရွှေကျီးကန်း ၅ ယောက် ၆ ယောက်လောက်ကို ထိုးဖောက်သွားလေသည်။
ရှေ့ဆုံးမှာရှိနေသော ခြေသုံးချောင်းရွှေကျီးကန်း သုံးကောင်သည် ဓမ္မစွမ်းအားမြား၏ ကြမ်းကြုတ်ခက်ထန်မှုအရှိဆုံးစွမ်းအားကို ရင်ဆိုင်ရပြီး သူတို့၏ ခန္ဓာကိုယ်များက ပေါက်ကွဲထွက်သွား၏။ သူတို့၏ အမြုတေစိတ်ဝိညာဥ်က နေရာမှာပင် ဖျက်ဆီးခံရပြီး သေဆုံးသွားကြလေသည်။
ထိုမြားတစ်စင်းသည် တိုက်ပွဲနယ်မြေကို နောက်တစ်ဖန်ရပ်တန့်သွားစေ၏။
“မင်းတို့တွေက ဘာကို ကြောက်နေကြတာလဲ”
နဝမမင်းသားက အေးစက်စွာပြောလိုက်၏။
“အဲ့ဒါက ရှေးဟောင်းအတုမရှိရတနာ ဓမ္မဖြိုခွင်းလေးပဲ... အဲ့ဒါက မြားတစ်စင်းနဲ့တစ်စင်းကြား ပစ်လွှတ်ဖို့အတွက် ကြန့်ကြာမှု အချိန်တစ်ခုယူရတယ်... အခုသူက ပထမမြားတစ်စင်းကို ပစ်လွှတ်ထားပြီဆိုတော့... သူက ဒုတိယမြားကို မပစ်လွှတ်နိုင်ခင်မှာပဲ သေရလိမ့်မယ်”
“သတ်”
နဝမမင်းသား၏ ပုံရိပ်က ဖျတ်ခနဲ လှုပ်ရှားသွားပြီး ဒဏ်ရာအပြင်းအထန် ရရှိထားသော ယန်ပေးချန်ရှိရာသို့ ပြေးဝင်သွားလေသည်။
ရွှစ်...
ထိုစဥ်မှာပင် မြားတစ်စင်းက လေထုကိုဆုတ်ဖြဲပြီး သူ့ရှေ့သို့ ချက်ချင်းပင် ရောက်ရှိလာ၏။
“ဘာလဲဟ.. သူက ဒုတိယမြားကို ဒီလောက်မြန်မြန် ပစ်လွှတ်နိုင်တာလား”
နဝမမင်းသားက ရင်တစ်ချက်ထိတ်သွားပြီး မြားကို ဖမ်းဆွဲဖို့အတွက် သူ၏ ရွှေကျီးကန်းလက်သည်းများကို အလိုလိုဆန့်ထုတ်လိုက်လေသည်။
ဘုန်း...
မြားက ကြေမွသွား၏။
နဝမမင်းသား၏ လက်ဖဝါးကလည်း မြားဖြင့် ထိုးဖောက်ခံလိုက်ရပြီး လက်ဆတ်သောသွေးများက စီးကျလာ၏။
“အား...”
နဝမမင်းသားက နာကျင်စွာဖြင့် အော်ဟစ်လိုက်၏။
ရွှစ်...
သူက မတုံ့ပြန်နိုင်ခင်မှာပင် ဒုတိယမြားတစ်စင်းက ဆင်းသက်လာခဲ့ပြီဖြစ်၏။
“ဟမ်... အဲ့ဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ”
နဝမမင်းသား၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွား၏။ တွေဝေတုံ့ဆိုင်းခြင်းမရှိပဲ သူသည် ရွှေရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းကာ ဤနေရာကနေ ရုန်းထွက်ဖို့အတွက် ထွက်ပြေးခြင်းနည်းစနစ်တစ်ခုကို အသုံးပြုချင်လေသည်။
ရွှစ်... ရွှစ်... ရွှစ်...
ထို့နောက် ချက်ချင်းပင် နောက်ထပ် မြားသုံးစင်းက လေထုကို ဆုတ်ဖြဲလာပြီး နဝမမင်းသား၏ ထွက်လမ်းများကို ပိတ်ဆို့လိုက်လေသည်။
“နဝမ...”
သတ္တမမင်းသားက အော်ခေါ်လိုက်၏။
နဝမမင်းသားကို မပြောနှင့်.. သူ၊ သခင်လေးဆန်းကြယ်တစ္ဆေနှင့် ကြမ်းကြုတ်မျက်လုံးကဲ့သို့ ကမ္ဘာဦးမျိုးနွယ်များ၏ သခင်လေးများပင်လျှင် ဆူဇီမိုက ဓမ္မဖြိုခွင်းလေးကို အဆက်မပြတ်ဆွဲတင်နိုင်လိမ့်မည်ဟု ထင်မှတ်မထားမိပေ။
ဖောက်...
မြားတစ်စင်းက နဝမမင်းသား၏ ရင်ဘတ်ကို ထိုးဖောက်သွား၏။
သိပ်သည်းပြင်းထန်သောစွမ်းအားက သူ၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြစ်အောင် ဆုတ်ဖြဲပစ်လိုက်လေသည်။
အမြုတေစိတ်ဝိညာဥ်တစ်ခုက ထိတ်လန့်တကြားအမူအရာနှင့်အတူ ထွက်ပြေးလာခဲ့၏။
“ဥုံ...”
ဆူဇီမိုသည် သူ၏ ပါးစပ်ကို အနည်းငယ်ဖွင့်ဟပြီး ဂါထာမန္တန်တစ်သံက ဆင်းသက်လာခဲ့၏။
နဝမမင်းသား၏ အမြုတေစိတ်ဝိညာဥ်သည် ညင်သာစွာ တုန်ခါသွားပြီးနောက် မှိန်ဖျော့သွားသော အရောင်အဝါတစ်ခုနှင့်အတူ လူတိုင်း၏ ရှေ့မှောက်မှာ ပျက်ပြယ်သွားလေသည်။
နဝမမင်းသားက သေဆုံးသွားလေပြီ။