← Chapters

စက္ခုနည်းစနစ် ဗိုလ်လုပွဲ

Vol. 105 Ch. 1574

စက္ခုနည်းစနစ် ဗိုလ်လုပွဲ

Vol. 105 Ch. 1574

“အခွင့်အရေးပဲ”

ရွှေကျီးကန်းမင်းသားနှစ်ပါး၏ မျက်လုံးက ဝင်းလက်သွား၏။

ကမ္ဘာဦးမျိုးနွယ်များအနေဖြင့် သူတို့သည် မရဏမျက်လုံးအကြောင်း ကောင်းကောင်းသိလေသည်။

အဆင့်တူခြင်းမှာ မည်သည့်ပြိုင်စံရှား သို့မဟုတ် မည်သည့်ပြန်ဝင်စားမွန်းစတားကမှ မရဏမျက်လုံး၏ လွှမ်းခြုံမှုအောက်ကနေ မထိမခိုက် လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

သတ္တမနှင့် ဒသမမင်းသားတို့က ပူးပေါင်းလိုက်သောအခါ သူတို့၏ လှုပ်ရှားမှုနည်းစနစ်များသည် ပို၍ပင်မြန်ဆန်လာပြီး သူတို့က ဆူဇီမိုထံသို့ ပြင်းထန်သောအရှိန်အဟုန်ဖြင့် ဝင်ရောက်လာကြ၏။

“မင်းတို့တွေက... ဘာကိုစောင့်နေကြတာလဲ”

သခင်လေးဆန်းကြယ်တစ္ဆေကလည်း အဲ့ဒါကို သတိထားမိသွားပြီး အော်ငေါက်လိုက်လေသည်။

အစက ငြိမ်သက်နေခဲ့သော ကောင်းကင်ဇင်ရော်ဂိုဏ်းနှင့် ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ ဂိုဏ်းချုပ်များ၏ မျက်လုံးများထဲမှာ ရက်စက်ကြမ်းကြုတ်သည့်အလင်းတစ်ခုက ဖျတ်ခနဲလက်သွား၏။

ရုတ်တရက်... သူတို့သည် မတ်တတ်ထရပ်ပြီး လက်ဟန်ချိပ်စည်းများကို လှုပ်ရှားကာ စွမ်းအားကြီးအားသော ဓမ္မပညာရပ်နှစ်ခုကို ထုတ်ဖော်လိုက်၏။

“အထီးကျန်ကောင်းကင်”

“ကမ္ဘာမြေကွဲထွက်ခြင်း”

ဂိုဏ်းချုပ်နှစ်ယောက်က လှုပ်ရှားမှုများ ပြုလုပ်လိုက်ကြ၏။ ကြီးမားသော ဓမ္မစွမ်းအားများသည် သူတို့နှစ်ယောက်၏ ရှေ့မှာ စုစည်းလာပြီး ကြီးမား၍ ကြောက်စရာကောင်းသော ကြယ်နှစ်စင်းက ပေါ်ထွက်လာ၏။ သူတို့က အစစ်အမှန် ဖြစ်သည်ဟုထင်ရပြီး မိုးကောင်းကင်ထက်မှ ကြယ်များနှင့် မခြားနားပေ။

ကြယ်နှစ်စင်းက ဆင်းသက်လာပြီး ကျင့်ကြံမှုအဆင့် နိမ့်သော သက်ရှိများက ဝမ်းနည်းပူဆွေးဖွယ်ရာ အော်ဟစ်လိုက်ကြ၏။

အထီးကျန်ကောင်းကင်ကြယ်သည် ဒဏ္ဍာရီလာကောင်းကင်ကြယ် ၃၆ စင်းထဲမှ တစ်စင်းဖြစ်လေသည်။

ကမ္ဘာမြေကွဲထွက်ခြင်းကြယ်သည် ဆိုးယုတ်မြေကမ္ဘာကြယ် ၇၂ စင်းထဲမှ တစ်စင်းဖြစ်လေသည်။

ဂိုဏ်းချုပ်နှစ်ယောက်သည် အန္တိမလျှို့ဝှက်အတတ်တစ်ခုကိုသုံးပြီး သူတို့၏ ဓမ္မစွမ်းအားများနှင့်အတူ ကြယ်နှစ်စင်းကို ဆင့်ခေါ်လိုက်ကြ၏။

အထီးကျန်ကောင်းကင်ကြယ်၏ မျက်နှာပြင်သည် တလိပ်လိပ်တက်လာသော ခုနှစ်စင်ကြယ်လေပြင်းဖြင့် ပြည့်နှက်နေလေသည်။ ဆိုးယုတ်မြေကမ္ဘာမီးသည် ကမ္ဘာမြေကွဲထွက်ခြင်းကြယ်၏ မျက်နှာပြင်ပေါ်မှာ တဝုန်းဝုန်းလောင်ကျွမ်းနေလေသည်။

“သွား...”

ဂိုဏ်းချုပ်နှစ်ယောက်က ကြမ်းကြုတ်ခက်ထန်စွာ အော်ဟစ်ပြီး ဓမ္မပညာရပ်နှစ်ခုကို ဆူဇီမိုထံသို့ စေလွှတ်လိုက်လေသည်။

ဧရာမကြယ်နှစ်စင်းသည် တုန်လှုပ်စရာကောင်းသော အော်ရာနှစ်ခုနှင့်အတူ ဆူဇီမိုထံသို့ ပစ်ဝင်လာခဲ့၏။

ဧရာမကြယ်နှစ်စင်းနှင့်ယှဥ်လျှင် ဆူဇီမိုသည် ဖုန်မှုန့်တစ်မှုန့်ကဲ့သို့ အရမ်းကို သေးငယ်နေလေသည်။

“မင်းတို့ဘယ်လိုတောင် လုပ်ရဲတာလဲ”

ပဟေဠိနန်းတော်၏ နန်းတော်အရှင်က ထိုသည်ကိုမြင်သောအခါ ဒေါသူပုန်ထသွား၏။ သို့သော်လည်း သူသည် ကမ္ဘာဦးမျိုးနွယ် ၆ စု မှ ပညာရှင်များနှင့် တိုက်ခိုက်နေရပြီး အဲ့ဒီကနေ ရုန်းထွက်မလာနိုင်ပေ။

ကောင်းကင်စင်ရော်ဂိုဏ်းနှင့် ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ ဂိုဏ်းချုပ်နှစ်ယောက်က ရုတ်တရက်တိုက်ခိုက်လိုက်လေသည်။ သူက အဲ့ဒါကို နားလည်သည့်အချိန်မှာ သူ့အနေဖြင့် သူတို့ကိုတားဆီးဖို့ နောက်ကျသွားခဲ့လေပြီ။

ချက်ချင်းပင်... တိုက်ပွဲနယ်မြေမှာ အပြောင်းအလဲများ ထွက်ပေါ်လာ၏။ တစ်ခဏချင်းမှာပင် အထီးကျန်သိုင်းသခင်သည် အဘက်ဘက်ကနေ ဝန်းရံတိုက်ခိုက်ခံနေရပြီး အလွန်တရာအန္တရာယ်ရှိလာခဲ့၏။

“တော်တော်အရှက်မဲ့တာပဲ”

“ကောင်းကင်စင်ရော်ဂိုဏ်းနဲ့ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းက ဒီလိုမျိုးအချိန်မှာ အထီးကျန်သိုင်းသခင်ရဲ့ နောက်ကျောကနေ တကယ်ပဲ တိုက်ခိုက်လာတယ်ဆိုတော့...”

များစွာသောကျင့်ကြံသူများသည် အဲ့ဒါကို တွေ့မြင်သောအခါ ဒေါသချောင်းချောင်း ထွက်လာကြ၏။

“မင်းတို့တွေက... သေချင်နေပြီပဲ”

သူ့နောက်ဘက်မှ ဓမ္မစွမ်းအားအတက်အကျကို ခံစားမိသွားပြီး ဆူဇီမိုက အေးစက်နေသော အမူအရာတစ်ခုနှင့်အတူ စကားကို တစ်လုံးချင်းပြောလိုက်၏။

သူက လှည့်ကြည့်လာခြင်း မရှိပေ။

အကြောင်းမှာ သူ့အတွက်အကြီးမားဆုံး ခြိမ်းခြောက်မှုသည် သူ၏ ရှေ့တွင်ရှိသော ကြမ်းကြုတ်မျက်လုံးထံမှ လာသည့် မရဏမျက်လုံးဖြစ်လေသည်။

ယက္ခယုက ထိုသည်ကို တွေ့မြင်သောအခါ မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။ သူမသည် စိုးရိမ်ပူပန်မှုကို ခံစားလာရ၏။ ဆူဇီမိုသည် မရဏမျက်လုံးနှင့် ရင်ဆိုင်သည့်အခါ ဒဏ်ရာအပြင်းအထန် သေချာပေါက်ရရှိသွားမည်ဖြစ်ကြောင်း သူမက ကောင်းကောင်းသိထားလေသည်။

ရွှေကျီးကန်းမင်းသားနှစ်ပါးက ရောက်ရှိလာတော့မည်ဖြစ်ပြီး ဂိုဏ်းချုပ်နှစ်ယောက် ဆင့်ခေါ်လိုက်သော ကြယ်များကလည်း ဆင်းသက်လာခဲ့ပြီဖြစ်၏။

သခင်လေးဆန်းကြယ်တစ္ဆေကလည်း သူ၏ ငေးငိုင်နေရာကနေ နိုးထလာပြီးနောက် တိုက်ခိုက်လာပေလိမ့်မည်။

ဆူဇီမိုသည် ထိုကဲ့သို့သော တိုက်ခိုက်မှုများကို လုံးဝခုခံနိုင်တော့မည် မဟုတ်ပေ။

သူမသည် သူမကိုယ်သူမ မထိန်းချုပ်နိုင်သည့်အလား ရှေ့သို့ခြေလှမ်းဝက်အလိုလို တိုးလိုက်လေသည်။

အဲ့ဒါသည် သူမက ဆူဇီမိုကိုတိုက်ခိုက်ချင်သောကြောင့် မဟုတ်ဘဲ သူမသည် ရွှေကျီးကန်းမင်းသားနှစ်ပါးကို တားဆီးကာ ဆူဇီမိုကို ဤအကျပ်အတည်းကနေ တတ်နိုင်သလောက် ကူညီပေးချင်သောကြောင့်ဖြစ်၏။

သူမရှေ့ရှိ အစိမ်းရောင်ဝတ်လူသည် မုန်းစရာကောင်းသောထိုလူ၏ ကိုယ်ပွားတစ်ခုမျှသာဖြစ်ကြောင်း ယက္ခယုက ရှင်းလင်းစွာသိထားလေသည်။ သို့သော်လည်း ဘာ့ကြောင့်ရယ်မသိ သူမသည် စိတ်ညို့ခံထားရသည့်အလား ဖြစ်နေ၏။ သူမသည် မုန်းစရာကောင်းသောထိုလူကို မထိခိုက်စေချင်ရုံသာမက သူမသည် သူ၏ ကိုယ်ပွားကိုပါ မထိခိုက်စေချင်ပေ။

သူမနှလုံးသား၏ အနက်ပိုင်းထဲမှာ သူမသည် မုန်းစရာကောင်းသောထိုလူကို ကူညီပေးချင်နေမိ၏။

“ယက္ခယု... နင် ဘာလုပ်နေတာလဲ”

ထိုစဥ်မှာပင် အေးစက်စက်အသံတစ်သံက ထွက်ပေါ်လာ၏။

ယက္ခယုသည် တစ်ချက်လှမ်းကြည့်ပြီး မလှမ်းမကမ်းတွင် သူမ၏ ဒဏ်ရာများကို ကုသနေသော နတ်မိမယ်ရှောင်ရှန်းကို တွေ့မြင်လိုက်၏။ နတ်မိမယ်ရှောင်ရှန်းက မျက်လုံးများကို မှေးကျဥ်းထားပြီး အေးစက်စက်အမူအရာတစ်ခုနှင့်အတူ သူမကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်နေ၏။

ယက္ခယုသည် သူမနှလုံးသားထဲရှိ လျှို့ဝှက်ချက်များ ဖော်ထုတ်ခဲလိုက်ရသည့်အလား ထိတ်ထိတ်ပျာပျာဖြစ်သွား၏။

သို့သော်လည်း သူမက သူမကိုယ်သူမ အလျင်အမြန်ဣန္ဒြေဆယ်ပြီး မှင်သေသေဖြင့် ပြောလိုက်၏။

“ဘာလုပ်ရမှာလဲ... ငါက တိုက်ခိုက်ချင်ရုံပဲ”

“အို...”

နတ်မိမယ်ရှောင်ရှန်းက သရော်ပြုံးပြုံး၍ အလျှော့မပေးလိုပဲ ထပ်မေးလိုက်၏။

“နင်က… အထီးကျန်သိုင်းသခင်ကို တိုက်ခိုက်ချင်တာလား.. ဒါမှမဟုတ် သူ့ကို ကူညီပေးချင်တာလား”

“နင်ဘာတွေပြောနေတာလဲ... ငါနားမလည်ဘူး”

ယက္ခယုက အမူအရာကင်းမဲ့စွာဖြင့် ပြန်ဖြေလိုက်၏ ။

“ဟဲဟဲ...”

နတ်မိမယ်ရှောင်ရှန်းက လှောင်ရယ်လိုက်၏။

“ယက္ခယု... အစောကတည်းက နင်သိပ်ပြီးမူမမှန်တာကို ငါသတိထားမိနေတယ်”

“ငါတို့က အထီးကျန်သိုင်းသခင်နဲ့ အသေအကြေတိုက်ခိုက်နေကြတယ်... ဒါပေမဲ့နင်က ဟန်ဆောင်ပန်ဆောင်တိုက်ခိုက်နေတဲ့ပုံပဲ... ဒီနေ့ကိစ္စပြီးသွားရင် နင်က ငါတို့ကို သေချာပေါက် ဖြေရှင်းချက်တစ်ခု ပေးရမယ်”

“ဘာ​ကိုဖြေရှင်းချက် ပေးရဦးမှာလဲ”

ကမ္ဘာဦးမျိုးနွယ်များ၏ သခင်မလေးတစ်ယောက်အနေဖြင့် ယက္ခယုသည် နတ်မိမယ်ရှောင်ရှန်းကို ကြောက်ရွံ့ခြင်းမရှိပဲ လှောင်ရယ်လိုက်လေသည်။

“နင်တို့က သန်မာတယ်မလား... နင်တို့တွေတိုက်ခိုက်ရင် လုံလောက်ပြီလို့ ငါက တွေးထားတာပေါ့... ဒါပေမဲ့ နင်တို့တွေက အထီးကျန်သိုင်းသခင်ရဲ့ ဆိုးဆိုးဝါးဝါး ရိုက်နှက်ခြင်းကို ခံရမယ်လို့ ဘယ်သူကတွေးမိမှာလဲ... ဘယ်လောက်တောင်ရှက်ဖို့ကောင်းလိုက်လဲ”

“နင်....”

နတ်မိမယ်ရှောင်ရှန်းသည် အမျက်ဒေါသဖြင့် ပြောစရာစကားမဲ့သွားရ၏။

ယက္ခယုသည် အပေါ်ယံမှာ ကြမ်းကြုတ်ခက်ထန်စွာ တုံ့ပြန်လိုက်သော်လည်း သူမက ကြိတ်၍သက်ပြင်းချလိုက်၏။

သူမသည် ယခု နတ်မိမယ်ရှောင်ရှန်း၏ ပစ်မှတ်ထားခြင်းခံနေရပြီဖြစ်သည့်အတွက် သူမက ဆူဇီမိုကို ကူညီပေးနိုင်တော့မည် မဟုတ်ပေ။

ယက္ခယုနှင့် နတ်မိမယ်ရှောင်ရှန်းငြင်းခုံနေစဥ်မှာပင် တိုက်ပွဲနယ်မြေတွင် နှစ်ဦးနှစ်ဖက်က စတင်တိုက်ခိုက်နေကြပြီဖြစ်၏။

ဆူဇီမိုသည် မီးခိုးရောင်အလင်းတန်းကိုကြည့်ပြီး သူ၏ မျက်လုံးများက လျင်မြန်စွာပင် ပိန်းပိတ်အောင် နက်မှောင်လာခဲ့၏။

တမလွန်မီးရောင်မျက်လုံး...

ဤနှစ်များအတွင်း ခွန်လွင်အပျက်အစီးဒေသမှာ ကျင့်ကြံပြီးနောက် ဆူဇီမိုသည် တမလွန်မီးရောင်မျက်လုံးကို အဆင့်မြင့်ကျွမ်းကျင်လာခဲ့ပြီဖြစ်၏။

ဆူဇီမို၏ ဘယ်ဘက်မျက်လုံးမှလည်း အလင်းတန်းတစ်ခုက ပစ်လွင့်ထွက်ပေါ်လာပြီး အဲ့ဒါက မင်ကဲ့သို့ ပိန်းပိတ်အောင်နက်မှောင်နေ၏။

မကောင်းဆိုးဝါး လေပြင်းတစ်ချက်က တိုက်ခတ်သွားပြီး လောကရှိ အပူချိန်က ထိုးဆင်းသွားလေသည်။

“ဟမ်...”

ကြမ်းကြုတ်မျက်လုံးက သူ၏ ခေါင်းကို အနည်းငယ်စောင်းငဲ့ပြီး သူ၏ အမူအရာက ပြောင်းလဲသွား၏။

သူက မျက်စိကွယ်နေသော်လည်း အပြင်လောကအပေါ် သူ၏ အာရုံခံအသိစိတ်က အခြားသူများထက်သာလွန်လေသည်။

သူ၏ မရဏမျက်လုံးထက် အားမနည်းသော အလွန်တရာကြောက်စရာကောင်းသည့်စွမ်းအားတစ်ခုက ရှေ့သို့တလိပ်လိပ်တိုးဝင်လာနေသည်ကို သူက ခံစားမိလိုက်၏။

ထိုစွမ်းအင်အတက်အကျသည် သူ့မျိုးဆက်သွေး၏ အနက်ပိုင်းထဲမှာ ကိန်းဝပ်နေသည်မှာ ကြာခဲ့ပြီဖြစ်သော အကြောက်တရားကိုပင် နှိုးဆွစေနိုင်လောက်အောင် ဘယ်လောက်တောင် ကြောက်စရာကောင်းနေရတာလဲ။

ဘုန်း...

အနက်ရောင်နှင့် မီးခိုးရောင်အလင်းတန်းက ထိတွေ့ရိုက်ခတ်သွား၏။

သူတို့ထိတွေ့ရိုက်ခတ်မိရာ လေဟာနယ်က နက်ရှိုင်းစွာ ချိုင့်ဝင်သွားပြီး ပတ်ဝန်းကျင်ရှိ ဓမ္မစွမ်းအားများက ချက်ချင်းပင် အေးခဲကာ နှင်းခဲတစ်လွှာဖြင့် ဖုံးအုပ်သွားလေသည်။

စွမ်းအားနှစ်ခုသည် တစ်ခုကိုတစ်ခု ဝါးမျိုပြီး အလျှော့မပေးလိုပဲ အဆက်မပြတ် တိုက်ခိုက်နေကြ၏။

ခဏမျှရပ်တန့်သွားပြီးနောက်...

စွမ်းအားနှစ်ခုက ထိတွေ့ရိုက်ခတ်မှုကနေ ပျက်ပြယ်သွားကြ၏။

အဲ့ဒါက သရေရလဒ်ဖြစ်၏။

ကမ္ဘာဦးမျိုးနွယ်များ၏ သက်ရှိများနှင့် သခင်လေးများအားလုံးသည် ထိုသည်ကိုတွေမြင်သောအခါ တုန်လှုပ်သွားကြ၏။

အထီးကျန်သိုင်းသခင်၏ စက္ခုနည်းစနစ်သည် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ မရဏမျက်လုံးနှင့်ပင် ယှဥ်နိုင်နေလေသည်။

ဆူဇီမို၏ မျက်လုံးထဲရှိ အမှောင်ထုက တဖြည်းဖြည်း ဖျော့တော့သွား၏။

သို့သော်လည်း ကြမ်းကြုတ်မျက်လုံးက မလှုပ်မယှက် ရှိနေ၏။

ရုတ်တရက်ဆိုသလို...

ကြမ်းကြုတ်မျက်လုံးသည် သူ၏ ပါးစပ်ကို ဖွင့်ဟပြီး စူးစူးဝါးဝါး အော်ဟစ်လိုက်၏။

သူ့ကောင်းကင်ဘုံမျက်လုံးထံမှ သွေးစီးကြောင်းတစ်ခုက တုန်လှုပ်စရာကောင်းသောပုံစံဖြင့် စီးကျလာခဲ့၏။

အဲ့ဒါက သရေရလဒ်မဟုတ်ပေ။

ကြမ်းကြုတ်မျက်လုံး၏ ကောင်းကင်ဘုံမျက်လုံးက ထိခိုက်ဒဏ်ရာရရှိသွားလေပြီ။

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအားလုံးက တုန်လှုပ်သွားကြ၏။

ကျင့်ကြံသူများစွာသည် ထိုသည်ကိုတွေ့မြင်သောအခါ စိတ်လှုပ်ရှားတက်ကြွစွာဖြင့် အော်ဟစ်အားပေးလိုက်ကြ၏။

“အဲ့ဒါက... တမလွန်မီးရောင်မျက်လုံးပဲ... အဲ့ဒါက တမလွန်မီးရောင်မျက်လုံး”

ကြမ်းကြုတ်မျက်လုံးသည် သူ၏ နှာရောင်ပေါ်ရှိ ကောင်းကင်ဘုံမျက်လုံးကို အုပ်ကိုင်ထားလေသည်။ သူက သူ့မျက်နှာပေါ်ရှိ နက်မှောင်နေသော မျက်တွင်းဟောက်ပက်နှင့်အတူ ဆူဇီမိုကိုစိုက်ကြည့်ပြီး ချောက်ချားဖွယ်ရာ အော်ဟစ်လိုက်၏။

“မဖြစ်နိုင်ဘူး... ဘယ်လိုမှ မဖြစ်နိုင်ဘူး.. မင်းက အဲ့ဒီစက္ခုနည်းစနစ်ကို ဘယ်လိုသိနေရတာလဲ”

နောက်ဆုံးမှာတော့ ကြမ်းကြုတ်မျက်လုံးသည် သူ့ကို ထိတ်လန့်တကြားဖြစ်စေခဲ့သည့် စွမ်းအင်အတက်အကျကို ပြန်လည်အမှတ်ရသွား၏။

ကမ္ဘာဦးမျိုးနွယ်များ၏ သခင်လေးများကလည်း တုန်လှုပ်သွားကြ၏။

တမလွန်မီးရောင်မျက်လုံး...

အဲ့ဒါသည် ကမ္ဘာဦး​ခေတ်က တဗူးဂမ္ဘီရဟို့၏ စက္ခုနည်းစနစ်ဖြစ်လေသည်။

အဲ့ဒါသည် ယနေ့... လူသားတစ်ယောက်ထံမှာ ပြန်လည်ပေါ်ထွက်လာခဲ့လေပြီ။

All Chapters