မျိုးနွယ်စုခေါင်းဆောင်၏ အမြုတေသွေး
Vol. 105 Ch. 1569
တိုက်ပွဲပေါ်ထွက်လာစဥ်မှာ သွေးနွယ်ပင်တစ်ပင်သည် ထန်လော၏ အလောင်းရှိရာသို့ တစ်စတစ်စချဥ်းကပ်ပြီး ထိုသူ၏ သိုလှောင်အိတ်ကို ဖြတ်ယူနေသည်ကို မည်သူကမှ သတိမထားမိကြပေ။
သွေးနွယ်ပင်သည် သိုလှောင်အိတ်ထဲကနေ လက်မအရွယ်ပုလင်းတစ်လုံးကို ဂရုတစိုက်ထုတ်ယူလိုက်၏။ သူက အေးစက်နေသော အမူအရာတစ်ခုနှင့်အတူ ဆူဇီမိုကို လှည့်ကြည့်ပြီး သူ၏ မျက်လုံးများက ရူးသွပ်မှုဖြင့် ပြည့်နှက်နေ၏။
ဆူဇီမိုက ရွှေကျီးကန်းမင်းသားနှစ်ပါးကို တိုက်ခိုက်၍ ဒဏ်ရာရရှိစေလိုက်သည့်အချိန်မှာပင် သွေးနွယ်ပင်သည် သူ့လက်ထဲမှ ကျောက်စိမ်းပုလင်းကိုဆုပ်ကိုင်ပြီး ဆူဇီမိုထံသို့ ပြေးဝင်သွားလေသည်။
ဆူဇီမိုသည် သူ့ကိုလှည့်ပင်မကြည့်ဘဲ မင်းသားနှစ်ပါးကို တွန်းလှန်ထုတ်ပြီးနောက် သူက မြားတစ်စင်းကို လက်ပြန်ဆွဲကာ ပစ်ထုတ်လိုက်၏။
သွေးနွယ်ပင်မျိုးနွယ်သည် သာမန်ကျင့်ကြံသူများအတွက် အလွန်တရာခြိမ်းခြောက်နိုင်စွမ်း ရှိကောင်းရှိပေလိမ့်မည်။
သို့သော်လည်း ဆူဇီမိုအတွက်တော့ ဓမ္မဖြိုခွင်းလေးထံမှ မြားချက်တစ်ချက်ဖြင့် သူတို့ကို အလွယ်တကူသတ်ဖြတ်နိုင်လေသည်။
ရွှစ်....
အေးစက်နေသော အလင်းတစ်ချက်က ဖျတ်ခနဲလက်သွားပြီး ဓမ္မစွမ်းအားမြားက ဆင်းသက်လာ၏။
သွေးနွယ်ပင်ကတော့ သူသည် ရှောင်တိမ်းဖို့စိတ်ကူးမရှိဘဲ သူ၏ လက်ဖဝါးထဲမှ ကျောက်စိမ်းပုလင်းကိုသာ ကိုင်မြှောက်ပြီး အေးစက်စက်အလင်းက ဆင်းသက်လာခဲ့၏။
“အထီးကျန်သိုင်းသခင်... သခင်လေးနဲ့အတူ သေဖို့သာ ပြင်ထားပေတော့”
သွေးနွယ်ပင်၏ မျက်လုံးများက အူမြူးအားရမှုဖြင့် ပြည့်နှက်နေပြီး သူက ယုံကြည်မှုရှိစွာဖြင့် ဟိန်းဟောက်လိုက်၏။
ဖောက်...
ဓမ္မစွမ်းအမြားက သွေးနွယ်ပင်၏ ရင်ဘတ်ကို ထိုးဖောက်ပြီး သိပ်သည်းပြင်းထန်သော စွမ်းအားက သူ၏ ခန္ဓာကိုယ်ကို ဆုတ်ဖြဲပစ်လိုက်၏။
တစ်ချိန်တည်းမှာပင် လက်ချောင်းအရွယ်ကျောက်စိမ်းပုလင်းက ထိုစွမ်းအားနှင့် ရင်ဆိုင်ရာမှာ ကြေမွသွား၏။ ထိုပုလင်းထဲမှာ သွေးတစ်စက်ကလွဲပြီး တခြားဘာမှ မရှိပေ။
သို့သော်လည်း ထိုသွေးစက်သည် အလွန်တရာကြောက်စရာကောင်းသော စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထား၏။
ကမ္ဘာဦးမျိုးနွယ်၏ သခင်လေးများပင်လျှင် တုန်လှုပ်သွားပြီး သူတို့၏ မျက်လုံးများက နက်ရှိုင်းသော ကြောက်ရွံ့မှုဖြင့် ပြည့်နှက်လာ၏။
သွေးစက်က ကြေမွသွားပြီ သွေးမြူတစ်ခုအဖြစ် ပြောင်းလဲကာ ဆူဇီမိုကို လွှမ်းခြုံသွား၏။ ဓမ္မဖြိုခွင်းလေးပင်လျှင် ချမ်းသာရာ မရပေ။
“ဟမ်...”
ဆူဇီမိုက သူ၏ မျက်လုံးကို မှေးကျဥ်းလိုက်၏။
ထိုအခိုက်အတန့်တွင် အလွန်တရာဆိုးယုတ်သော စွမ်းအားတစ်ခုက သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာထဲသို့ ကျူးကျော်ဝင်ရောက်ပြီး သူ၏ အသက်ဓာတ်အားကို ဝါးမျိုချင်နေသည်ဟု သူကခံစားလိုက်ရ၏။
ဓမ္မဖြိုခွင်းလေးကတော့... ၎င်း၏ အရောင်အဝါက သွေးမြူများကြားမှာ တဖြည်းဖြည်းမှိန်ဖျော့သွားလေသည်။
ကမ္ဘာဦးမျိုးနွယ်မှ သခင်လေးများသည် သိပ်သည်းပြင်းထန်သော တိုက်ခိုက်ရည်ခွန်အားကို ပိုင်ဆိုင်ထားရုံသာမကဘဲ... သူတို့မှာ များစွာသော ဝှက်ဖဲများနှင့် သူတို့၏ စီနီယာများက သူတို့အတွက် ချန်ထားပေးခဲ့သော သက်စောင့်နည်းလမ်းများပင် ရှိကြလေသည်။
ဥပမာအားဖြင့် မိုးကောင်းကင်ပဒေသရာဇ်မှာ အဆင့်မြင့်နတ်ဘုရားစွမ်းအားအဆောင်တစ်ခုရှိလေသည်။
ထန်လော၏ သိုလှောင်အိတ်ထဲမှာတော့ မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က သူ့အတွက် ချန်ထားပေးခဲ့သည့် အမြုတေသွေးတစ်စက်ရှိလေသည်။
ထိုအမြုတေသွေးစက်သည် မည်သည့်တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးကိုမဆို သတ်ဖြတ်ဖို့လုံလောက်သည့် ညစ်ညမ်းမှုနှင့် ဆိုးယုတ်မှုကို ပိုင်ဆိုင်ထားလေသည်။
ထိုအမြုတေသွေးစင်ဖြင့် စွန်းထင်းခြင်းခံရလျှင် မူလအဆင့်စွမ်းအားကြီးပုဂ္ဂိုလ် ဓမ္မလက်နက်တစ်ခုပင်လျှင် နေရာမှာပင် ဖျက်ဆီးခံရပေလိမ့်မည်။
အဲ့ဒါက ထန်လော၏ ဝှက်ဖဲ ဖြစ်၏။
ကံဆိုးစွာနှင့်ပင် ဆူဇီမိုက သူ့ကို မြားတစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့ပြီး သူက အဲ့ဒါကို ထုတ်ဖော်ဖို့ အခွင့်အရေးမရခဲ့ပေ။
သို့သော် ယခုအခါ... မျိုးနွယ်စုခေါင်းဆောင်၏ ထိုအမြုတေသွေးကို အခြားသောသွေးနွယ်ပင်တစ်ယောက်က ထုတ်ဖော်လာခဲ့လေသည်။
သွေးနွယ်ပင်၏ ခန္ဓာကိုယ်က ဓမ္မစွမ်းအားမြားဖြင့် ဖျက်ဆီးခံလိုက်ရပြီး သူ၏ အမြုတေစိတ်ဝိညာဥ်သည် အမြုတေသွေးပေါက်ကွဲခြင်းကနေဖြစ်ပေါ်လာသော သွေးမြူဖြင့် စွန်းထင်းခံလိုက်ရပြီး လျင်မြန်စွာ ညှိုးခြောက်လာ၏။
သို့သော်လည်း သူ၏ မျက်လုံးထဲမှာ စိတ်လှုပ်ရှားတက်ကြွမှုရှိနေ၏။
သူက သေရမည်ဆိုလျှင်တောင် အဲ့ဒါက ထိုက်တန်လေသည်။
အမြုတေသွေးစက်ဖြင့် စွန်းထင်းခြင်းခံရပါက အထီးကျန်သိုင်းသခင်ကလည်း သူနဲ့အတူသေရမည်ဖြစ်သောကြောင့်ပင်။
အဲ့ဒါသည် လွန်ခဲ့သည့်နှစ်များကဆိုလျှင် ထိုအမြုတေသွေးစက်က ဆူဇီမိုကို သေချာပေါက်သတ်ဖြတ်နိုင်လေသည်။
သို့သော်... ခွန်လွင်အပျက်အစီးနယ်မြေမှ တိုက်ပွဲအပြီး၌ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ကြမ္မာဆိုးဓား၏ မီးဆေးမှုနှင့် နတ်ဘုရားစွမ်းအားမုန်တိုင်း၏ ဆေးကြောသန့်စင်မှုကို ခံယူပြီးနောက် ၎င်းက အဆင့် ၈ သို့ ရောက်ရှိဖို့ အလွန်တရာနီးကပ်လာခဲ့၏။
ထိုအမြုတေသွေးကပင် အထွတ်အထိပ်အဆင့်-၇ ဖန်တီးခြင်းကြာပဒုမ္မာကို ထိခိုက်ဒဏ်ရာ မရရှိစေနိုင်ပေ။
“ပျက်ပြယ်စမ်း...”
ဆူဇီမိုက ဟိန်းဟောက်ပြီး သူ၏ သွေးချီကို နှိုးဆွလိုက်၏။ သူ့ဘေးတွင်ရှိသော သွေးမြူများကို တွန်းကန်ထုတ်နိုင်သည့် အလင်းရောင်ခြည်များက ပေါက်ကွဲထွက်ပေါ်လာ၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ဟာကွက်ကင်းမဲ့ပြီး လုံးဝစွန်းထင်းခြင်း မခံရပေ။ မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်၏ အမြုတေသွေးကပင်လျှင် အဲ့ဒါကို မစွန်းထင်းစေနိုင်ပေ။
“အဲ့ဒါ... ဘယ်လိုဖြစ်နိုင်မှာလဲ... အဲ့ဒါက ဘယ်လိုဖြစ်ရတာလဲ”
သွေးနွယ်ပင်၏ အမြုတေစိတ်ဝိညာဥ်သည် ထိုအမြုတေသွေးစက်ဖြင့် ဝါးမျိုခြင်းခံခဲ့ရပြီဖြစ်ပြီး သူ၏ အသက်ဓာတ်အားက ကုန်ခန်းသွားလေပြီ။
သို့သော်လည်း အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာက သိပ်သည်းပြင်းထန်သော အသက်ဓာတ်အားကို ပိုင်ဆိုင်ထားပြီး သူက ဘေးကင်းအဆင်ပြေနေလေသည်။
သွေးနွယ်ပင်၏ အမြုတေစိတ်ဝိညာဥ်သည် အဆုံးမဲ့ မကျေမချမ်းမှုများနှင့်အတူ လောကကနေ ပျက်ပြယ်သွားရ၏။
“ဖန်တီးခြင်းကြာပဒုမ္မာက လောကဆိုင်ရာအဆုံးစွန်ရတနာတစ်ခုဖြစ်နေတာ မထူးဆန်းတော့ဘူး”
သခင်လေးဆန်းကြယ်တစ္ဆေက တီးတိုးရေရွတ်လိုက်၏။
ရုတ်တရက် ကြမ်းကြုတ်မျက်လုံးက ပြောလိုက်၏။
“ဒါပေမဲ့... သွေးနွယ်ပင်မျိုးနွယ်စုခေါင်းဆောင်ရဲ့ အဲ့ဒီအမြုတေသွေးစက်က လုံးဝအလဟဿ ဖြစ်ခဲ့တာတော့မဟုတ်ဘူး... အနည်းဆုံးတော့... ဓမ္မဖြိုခွင်းလေးက လောလောဆယ်မှာ သုံးစားမရတော့ဘူး”
ကြမ်းကြုတ်မျက်လုံးက မျက်လုံးများမရှိသော်လည်း သူက အရာရာတိုင်းကို တွေ့မြင်နိုင်သည့်အလားပင်။
ဆူဇီမို၏ လက်ထဲရှိ ဓမ္မဖြိုခွင်းလေးသည် အမြုတေသွေးစက်ဖြင့် စွန်းထင်းခြင်းခံရပြီးနောက် အရောင်အဝါမှိန်ကျသွား၏။
၎င်းသည် လုံးဝပျက်စီးသွားခြင်း မဟုတ်သော်လည်း အဲ့ဒါကို လောလောဆယ်မှာ အသုံးမပြုနိုင်တော့ပေ။
“အဲ့ဒီရှေးဟောင်းအတုမရှိရတနာ သုံးစားမရတော့ရင်... အထီးကျန်သိုင်းသခင်မှာ တခြားဘာရှိဦးမလဲ ကြည့်ရသေးတာပေါ့”
သတ္တမမင်းသားက မုန်းတီးစွာဖြင့် ပြောလိုက်၏။
အချိန်တိုအတွင်းမှာပင် သူ၏ ရွှေကျီးကန်းခြေထောက်ပေါ်ရှိ ကြေမွသွားသောအရိုးများက ပြန်လည်ကောင်းမွန်သွားခဲ့လေပြီ။
ယက္ခယုက မျက်မှောင်အနည်းငယ် ကြုတ်ပြီး မလှမ်းမကမ်းတွင်ရှိသော ဆူဇီမိုကို ကြည့်လိုက်၏။
ဘာကြောင့်ရယ်မသိ ဆူဇီမို၏ ဓမ္မဖြိုခွင်းလေးက ချို့ယွင်းသွားသည်ကို တွေ့မြင်သောအခါ သူမ၏ ပထမဆုံးတုံ့ပြန်မှုက ဝမ်းသာမှုမဟုတ်ပေ။ ထိုအစား သူမက စိုးရိမ်ပူပန်လာ၏။
‘ငါက ဘာဖြစ်နေတာလဲ...’
ယက္ခယုက သတိဝင်လာပြီး စိတ်ထဲကနေ ညည်းတွားရေရွတ်လိုက်၏။
ငါ့ရှေ့ကလူက အဲ့ဒီမုန်းစရာကောင်းတဲ့လူရဲ့ ကိုယ်ပွားတစ်ခုပဲ... ငါက သူ့အတွက်ဘာလို့စိုးရိမ်ရမှာလဲ။
ဆူဇီမိုသည် မှင်သေသေအမူအရာတစ်ခုနှင့်အတူ ဓမ္မဖြိုခွင်းလေးကို သူ၏ သိုလှောင်အိတ်ထဲသို့ ပြန်လည်သိမ်းဆည်းလိုက်၏။
ထိုစဥ်မှာပင် မလှမ်းမကမ်းလေထဲကနေ အော်သံတစ်သံ ထွက်ပေါ်လာ၏။
ဝုန်း...
လေထဲတွင်... နတ်မိမယ်ရှောင်ရှန်း၏ ခန္ဓာကိုယ်က နတ်ဘုရားဆန်ဆန် အလင်းတစ်ခုဖြင့် တောက်ပနေပြီး သူမက သိပ်သည်းပြင်းထန်သော အော်ရာတစ်ခုနှင့်အတူ အားမာန်တက်ကြွနေ၏။
သူမက နတ်ဆိုးမကျိကို နောက်ဆုတ်စရာနေရာမရှိအောင် ဖိအားပေးနေ၏။
သူမသည် နတ်ဆိုးမကျိ၏ လက်ကို ပစ်ထိုးပြီး အဲ့ဒါကို သွင်သွင်ကျိုးသွားစေ၏။
“နတ်ဆိုးမ...”
နတ်မိမယ်ရှောင်ရှန်းက အေးစက်စွာ ပြောလိုက်၏။
“နင်က အရမ်းကိုကြည့်ကောင်းနေတာကိုး...အဲ့ဒါက နင့်ရဲ့အမှားပဲ နင်က သေသင့်တယ်”
သူမသည် ရှေ့သို့တက်လှမ်းပြီး သူမ၏ လက်ဖဝါးကို ဆန့်ထုတ်ကာ နတ်ဆိုးမကျိ၏ မျက်နှာထံသို့ သူမ၏ ချွန်ထက်သောလက်သည်းများကို ဝေ့ယမ်းလိုက်လေသည်။
ထိုတိုက်ခိုက်မှု ထိခတ်မိလျှင် နတ်ဆိုးမကျိ၏ မျက်နှာက ရုပ်ပျက်ဆင်းပျက်ဖြစ်သွားမည်သာမက သူမ၏ အမြုတေစိတ်ဝိညာဥ်ကပင် နတ်မိမယ်ရှောင်ရှန်း၏ ဆွဲထုတ်ယူခြင်းကို ခံရနိုင်လေသည်။
ရုတ်တရက်ဆိုသလို...
မိုးကြိုးသံက ထွက်ပေါ်လာ၏။
“ရှောင်ရှန်း... သတိထား”
ထို့နောက်ချက်ချင်းပင်...သခင်လေးဆန်းကြယ်တစ္ဆေ ၊ ကြမ်းကြုတ်မျက်လုံးနှင့် အခြားသူများ၏ အော်ဟစ်သတိပေးသံများ ထွက်ပေါ်လာ၏။
နတ်မိမယ်ရှောင်ရှန်းက ရင်တစ်ချက် ထိတ်သွား၏။
သူမ၏ အမြင်အာရုံက ဝေဝါးသွားပြီး နတ်ဆိုးမကျိ၏ ရှေ့မှာ လူတစ်ယောက်က ပေါ်ထွက်လာ၏။
အဲ့ဒါက စောစောကတင် သောင်းကျန်းသတ်ဖြတ်နေခဲ့သော အထီးကျန်သိုင်းသခင်ဖြစ်လေသည်။
သူတို့နှစ်ယောက်က အလွန်တရာနီးကပ်နေကြ၏။
ဆူဇီမိုက နတ်ဆိုးမကျိ၏ ရှေ့မှာပေါ်ထွက်လာသည့်အချိန်တွင် နတ်မိမယ်ရှောင်ရှန်း၏ လက်ဖဝါးက ဆင်းသက်လာခဲ့လေပြီ။
“အထီးကျန်သိုင်းသခင်... နင်ကတော့ သေချင်နေပြီပဲ”
နတ်မိမယ်ရှောင်ရှန်းက လှောင်ရယ်လိုက်ပြီး ရပ်တန့်ဖို့ စိတ်ကူးမရှိပေ။ သူမသည် ဆူဇီမို၏ မျက်နှာကို ဖမ်းဆွဲပြီး သွေးသံရဲရဲ အပေါက်တချို့ဖြစ်လာအောင် ကုတ်ဆွဲပစ်ချင်လေသည်။
သူမက ယုံကြည်မှုရှိလေသည်။
သူမ၏ သွေးချီနှင့် ကိုယ်ကာယအရ မည်သူကမှ အနီးကပ်တိုက်ခိုက်ရည်တွင် သူမကို ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။
“သေချင်နေတာက နင်ပဲ”
ဆူဇီမိုက အော်ငေါက်လိုက်ပြီး သူ၏ အကြည့်က သိပ်သည်းစုဖွဲ့လာ၏။ သူ၏ သွေးချီက တလိပ်လိပ်တက်လာပြီး သူက နတ်မိမယ်ရှောင်ရှန်း၏ ဝင်ရောက်လာသောလက်ဖဝါးကို ရင်ဆိုင်လိုက်၏။ သူသည် နောက်ဆုတ်ခြင်း သို့မဟုတ် ရှောင်တိမ်းခြင်းမရှိဘဲ သူ၏ လက်ဖဝါးကို ဆန့်ထုတ်ပြီး သူမ၏ ဦးခေါင်းပေါ်ကနေ အုပ်၍ရိုက်ချလိုက်၏။
ထိုလက်ဝါးရိုက်ချက်ကနေ ထွက်ပေါ်လာသောစွမ်းအားက အရမ်းကို သန်မာလေသည်။
ထိုလက်ဝါး၏ အုပ်မိုးမှုအောက်တွင် နတ်မိမယ်ရှောင်ရှန်းသည် သူမ၏ ရင်ဘတ်က လေးလံလာပြီး သူမ၏ သွေးချီက ကသောင်းကနင်း ဖြစ်လာသည်ဟု ခံစားရ၏။ သူမက မွန်းကျပ်ဖွယ်ရာ ခံစားနေရခြင်းပင်။
“ဟမ်...”
သူမ၏ အမူအရာက ပြောင်းလဲသွား၏။
‘သူက နှစ်ဦးနှစ်ဖက် ပျက်စီးထိခိုက်မဲ့ပုံစံနဲ့ အသက်ချင်းလဲလှယ်ချင်တာလား။’
နတ်မိမယ်ရှောင်ရှန်းသည် လက်ဝါးရိုက်ချက်တစ်ချက်နှင့်အတူ သူမက ဆူဇီမိုကိုသတ်ဖြတ်နိုင်သည်ဟု ယုံကြည်မှုရှိလေသည်။
သို့သော်လည်း သူမသည် ဆူဇီမို၏ လက်ဖဝါးရိုက်ချက်ကနေ မထိမခိုက်ရုန်းထွက်နိုင်မည်ဟု ယုံကြည်မှု မရှိပေ။
ငါ့ရဲ့အဆင့်အတန်းက အရမ်းကိုမြင့်မြတ်တယ်... ငါက ပုရွက်ဆိတ်တစ်ကောင်နဲ့ ဘာလို့အသက်ချင်း လဲရမှာလဲ။
လှစ်ခနဲဆို သူမသည် ဆုံးဖြတ်ချက်တစ်ခုကိုချပြီး သူမ၏ လက်ဖဝါးကို ရုပ်သိမ်းကာ ဆူဖီမို၏ လက်ဖဝါးကို ခုခံပြီး နောက်သို့ဆုတ်ခွာချင်လေသည်။
သို့သော်လည်း နောက်သို့ဆုတ်ခွာဖို့ ဆုံးဖြတ်လိုက်ခြင်းနှင့်အတူ သူမက အပြတ်အသတ်ရှုံးနိမ့်ရပေတော့မည်။