မင်းက မသေချင်ဘူးဆိုရင်လဲ သေရမှာပဲ
Vol. 106 Ch. 1577
“ရွေးချယ်စရာ မရှိလို့တဲ့လား..ဟ”
ဆူဇီမိုက ပြုံးပြလိုက်၏။
“ရှင်းသန့်လေပြေဘုရားကျောင်းကရော ရွေးချယ်စရာ ရှိခဲ့လို့လား”
“သန့်စင်နှလုံးသား သီလရှင်ကျောင်းကရော ရွေးချယ်စရာ ရှိခဲ့လို့လား”
ဆူဇီမိုသည် လျှို့ဝှက်မရဏဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင်ကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်ပြီး အော်ပြောလိုက်၏။
“ငါတို့က ရွေးချယ်စရာ မရှိဘူးဆိုတာနဲ့ ကမ္ဘာဦးမျိုးနွယ်တွေထံမှာ အညံ့ခံရမယ်ဆိုရင်.. လူသားမျိုးနွယ်က ရှေးဟောင်းခေတ်ကတည်းက ဖျက်ဆီးခံခဲ့ရလိမ့်မယ်”
“လူသားမျိုးနွယ်က အရင်လူတွေရဲ့ အတောမသတ်နိုင်တဲ့ အလောင်းတွေနဲ့ ရှေးဟောင်း ဧကရာဇ်တွေရဲ့ ခက်ခဲကြမ်းတမ်းတဲ့ တိုက်ပွဲတွေကြောင့်သာ မဟုတ်ရင်.. သမိုင်းထဲက လူသားမျိုးနွယ်ရဲ့ တည်ငြိမ်အေးချမ်းမှုက ရှိလာမှာ မဟုတ်ဘူး”
သူ၏ စကားလုံးများသည် စွမ်းအားကြီးမား၍ ဟိန်းထွက်နေ၏။ ကောင်းကင်စင်ရော်ဂိုဏ်း၊ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းနှင့် အခြားသော ဂိုဏ်းများမှ ကျင့်ကြံသူများသည် ရှက်ရွံ့မှုဖြင့် သူတို့၏ ခေါင်းများကို ငုံ့လိုက်ကြ၏။
လျှို့ဝှက်မရဏဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင်က အမူအရာ ကင်းမဲ့၍ တိတ်ဆိတ်ငြိမ်သက်နေ၏။
ဆူဇီမိုက လျှို့ဝှက်မရဏဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင်ကို လက်ညိုးထိုးလိုက်၏။
“မင်းခြေဖဝါးအောက်က ကုန်းမြေကို မရေမတွက်နိုင်တဲ့ လူသားဘိုးဘေးတွေရဲ့ အသက်သွေးတွေ၊ အရိုးတွေနဲ့ ဖောက်လုပ်ထားတာ”
“မင်းက ဒီမြေမှာ မွေးပြီး ဒီမြေမှာ ကြီးပြင်းလာခဲ့တယ်… ဒါတောင် မင်းက ကမ္ဘာဦးမျိုးနွယ်တွေဆီမှာ ဒူးထောက်ဖို့ ရွေးချယ်ခဲ့တာလား… မင်းက ငါတို့ရဲ့ လူသားဘိုးဘေးတွေကို ဘယ်လိုမျက်နှာပြမှာလဲ”
ထိုစကားလုံးများသည် မည်သည့်လက်နက်ထက်မဆို ထက်ရှပြီး စကားတစ်လုံးချင်းစီက နှလုံးသားကို ထိုးဖောက်နိုင်လေသည်။
နောက်ဆုံးမှာတော့.. လျှို့ဝှက်မရဏဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်၏ အမူအရာက ပြောင်းလဲသွား၏။
သူသည် မဟာယာနအဆင့်ထိ ရောက်အောင် ကျင့်ကြံထားခဲ့ပြီဖြစ်ပြီး မရေမတွက်နိုင်သော သေခြင်း ရှင်ခြင်း တိုက်ပွဲများနှင့် လောကဓံမုန်တိုင်းများစွာကို တွေ့ကြုံခဲ့ပြီးလေပြီ။ သူ၏ တာအိုနှလုံးသားက ကျောက်သားကဲ့သို့ ခိုင်မာပြီး ကိုင်လှုပ်၍ မရနိုင်ပေ။
စကားလုံးအချို့ကို မပြောနှင့်..။ လူတစ်ယောက်၏ တာအိုနှလုံးသားကို အထူးတလည် ပစ်မှတ်ထားသော တိုက်ခိုက်ရေး ဓမ္မအစီအရင်တစ်ခုပင်လျှင် သူ့အပေါ် သက်ရောက်စေဖို့ ခဲယဉ်းလေသည်။
သို့သော်လည်း ဆူဇီမို၏ စကားလုံးများက သူ၏ တာအိုနှလုံးသားကို ယိမ်းယိုင်သွားစေပြီး ဟာကွက်တစ်ခုကို ဖြစ်ပေါ်လာစေ၏။
လျှို့ဝှက်မရဏဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်၏ အမူအရာက ညိုမည်းသွားပြီး ရုတ်တရက် လှောင်ရယ်လိုက်၏။
“အထီးကျန်သိုင်းသခင်က တော်တော်လျှာစောင်းထက်တာပဲ… မင်းက အဲ့လိုပြောနေမယ်ဆိုရင်တောင် ငါ့အတွက်တော့ အလကားပဲ”
“ငါက အသက်ရှည်ရှည်နေရဖို့အတွက် ကျင့်ကြံရေးလမ်းကြောင်းထဲကို ဝင်ရောက်ခဲ့တာ… ငါက အခုမှ ငါ့အသက်က နှစ်ငါးသောင်းပဲ ရှိသေးတယ်.. ငါ မသေချင်သေးဘူး”
မဟာယာနမျိုးနွယ်စုခေါင်းဆောင်များသည် ဘဝသက်တမ်း နှစ်တစ်သိန်းရှိပြီး အသက် နှစ်ငါးသောင်းက သူတို့၏ အရွယ်ကောင်းမှာ ရှိလေသည်။
“သေခြင်းတရားဆိုတာ မင်းသေချင်တာ မသေချင်တာနဲ့ မဆိုင်ဘူး”
ဆူဇီမိုက လျှို့ဝှက်မရဏဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင်ကို ခက်ထန်စွာ စိုက်ကြည့်ပြီး စကားကို တစ်လုံးချင်း ပြောလိုက်၏။
“ဒီနေ့.. မင်းက မသေချင်ဘူးဆိုရင်လဲ သေရမှာပဲ”
“ဟ..”
လျှို့ဝှက်မရဏဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင်က လှောင်ရယ်လိုက်၏။
“ဘာလို့လဲ.. သမိုင်းတစ်လျှောက် အသန်မာဆုံး ပြန်ဝင်စားမွန်းစတားလို့ ကျော်ကြားတဲ့ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး အထီးကျန်သိုင်းသခင်က ငါ့လို မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ကို သတ်ဖြတ်မလို့လား”
“ဘာလို့ မဟုတ်ရမှာလဲ”
ဆူဇီမိုက အေးစက်စွာ ပြောလိုက်၏။
“မျိုးနွယ်စုခေါင်းဆောင်တွေက သွေးကနေ ပြန်လည်မွေးဖွားခြင်းကိုပဲ ပိုင်ဆိုင်တာ.. သူတို့က မသေနိုင်တာ မဟုတ်ဘူး”
“ဟီးဟီး”
“ဘယ်လောက်တောင် မောက်မာလိုက်သလဲ”
ထိုစကားကို ကြားသောအခါ.. ကောင်းကင်စင်ရော်ဂိုဏ်းနှင့် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမှ ဂိုဏ်းချုပ်နှစ်ယောက်သည် လှောင်ပြောင်သရော်လိုသော အမူအရာများနှင့်အတူ ရယ်မောလိုက်ကြ၏။
ဖန်းလိုင်ကျွန်း၏ ကျွန်းသခင်၊ အဆိပ်ဂိုဏ်းနှင့် အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်း၏ ဂိုဏ်းချုပ်များက ဘေးကနေ အေးစက်စွာ စောင့်ကြည့်နေကြ၏။
ကမ္ဘာဦးမျိုးနွယ်၏ သခင်လေးများသည် ထိုအခွင့်အရေးကို ချိန်ဆပြီး သူတို့၏ သက်လုံအားကို ပြန်လည်ဖြည့်တင်းနေကြ၏။
မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် အချက်တစ်ချက်ကို သိထားကြ၏။ ကျင့်ကြံမှု၏ နောက်ပိုင်းအဆင့်များတွင် ခွန်အားကွာဟချက်က ပိုမိုကြီးမားလာပြီး သူတို့အဆင့်ထက် မြင့်သောသူများကို စိန်ခေါ်ဖို့က ပို၍ပင် ခဲယဉ်းလာခဲ့၏။
ဥပမာအားဖြင့်.. ချီစုဖွဲ့စစ်သည်တော်အခြေတည်အဆင့်နှင့် ရွှေအမြုတေအဆင့်များတွင် ထိပ်သီးဂိုဏ်းကြီးများ၏ ပြိုင်စံရှားအများစုသည် သူတို့၏ အဆင့်ထက် ကျော်လွန်၍ တိုက်ခိုက်နိုင်ကြ၏။
တကယ်ဆို သူတို့သည် ကျင့်ကြံမှုအဆင့်ကြီး တစ်ဆင့်လုံးလုံးကို ဖြတ်ကျော်၍ သူတို့၏ ပြိုင်ဘက်များကို သတ်ဖြတ်နိုင်လေသည်။
သို့သော်လည်း.. ပေါင်းစည်းခန္ဓာနှင့် မဟာယာနအဆင့်၌ ထိုကဲ့သို့သော ဖြစ်စဉ်တစ်ခုက အလွန်တရာ ရှားပါးသွားခဲ့လေပြီ။
ဒါ့အပြင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်နှင့် မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ကြားမှာ မည်သို့မှ ရင်ကြားမစေ့နိုင်သော ကွာဟချက်တစ်ခု ရှိလေသည်။ အဲဒါက ကျင့်ကြံမှုအဆင့်နှင့် မသက်ဆိုင်ပေ။
အဲဒါသည် ခွန်အားအဆင့်မှာ ပကတိအသွင်ပြောင်းလဲသွားခြင်း ဖြစ်၏။
ကျင့်ကြံရေး ယဉ်ကျေးမှု အထွန်းတောက်ဆုံးနှင့်.. ထာဝရလူသားဧကရာဇ်နှင့် မိစ္ဆာဧကရာဇ် အမုန်းတို့ကဲ့သို့ ပြန်ဝင်စား မွန်းစတားများစွာ ပေါ်ထွက်လာခဲ့သော ရှေးဟောင်းခေတ်မှာပင်လျှင် သူတို့ အဆင့်ထက် မြင့်သော မျိုးနွယ်စုခေါင်းဆောင်များကို သတ်ဖြတ်နိုင်သည့် မည်သည့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးမှ မပေါ်ထွက်ခဲ့ဖူးပေ။
အထီးကျန်သိုင်းသခင်သည် ဒီဘက်မျိုးဆက်၏ အသန်မာဆုံး ပြန်ဝင်စားမွန်းစတားဖြစ်သည်ဆိုတာကို မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများက ဝန်ခံရပေမည်။ တကယ်ဆို.. ကမ္ဘာဦးမျိုးနွယ်မှ သခင်လေးများပင်လျှင် သူ့ထက် အနည်းငယ် နိမ့်ကျလေသည်။
သို့သော်လည်း အထီးကျန်သိုင်းသခင်သည် ကျင့်ကြံမှုအဆင့်ကြီး တစ်ဆင့်လုံးလုံး ဖြတ်ကျော်၍ မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ကို သတ်ဖြတ်နိုင်လိမ့်မည်ဟု မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများက မယုံကြည်ပေ။
လျှို့ဝှက်မရဏဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင်က သရော်တော်တော် အမူအရာနှင့်အတူ လှောင်ပြုံးလိုက်၏။
“အထီးကျန်သိုင်းသခင်.. မင်းက ထိခိုက်ဒဏ်ရာ မရထားဘူးဆိုရင်တော့ အဲဒါက ဖြစ်ကောင်းဖြစ်နိုင်သေးတယ်”
“ကံဆိုးစွာနဲ့ပဲ.. မင်းက စောစောတုန်းက ငါ့ဆီက ဓားချက် ၁၆ချက်နဲ့ ကောင်းကောင်းထိထားတယ်”
“ငါက မင်းရဲ့ အမြုတေစိတ်ဝိညာဉ်ကို မထိုးဖောက်နိုင်ခဲ့ပေမဲ့.. ငါ့ရဲ့ ဓားချက် ၁၆ချက်က မင်းရဲ့ ကိုယ်တွင်းအင်္ဂါတွေကို ထိုးဖောက်ပြီး မင်းရဲ့ အရွတ်တွေနဲ့ ခြေလက်တွေကို ကျိုးပြတ်စေခဲ့ပြီးပြီ”
ထိုနေရာအရောက်တွင် လူအုပ်ကြီးထဲမှ ရုတ်ရုတ်သဲသဲ အသံတချို့ ထွက်ပေါ်လာ၏။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များသည် သူတို့၏ ပြတ်တောက်သွားသော ခြေလက်များကို တကယ်ပင် ပြန်ပေါက်စေနိုင်၏။
သို့သော်လည်း.. ထိုသို့ ပြုလုပ်ဖို့အတွက် လုံလောက်သည့် သွေးချီ ရှိနေရပေမည်။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ပညာရှင်များအနေဖြင့် သူတို့၏ နှလုံးသား ပျက်စီးကြေမွသွားခြင်းက ဖွတ်ဖွတ်ညက်ညက် ကြေစေနိုင်သော ထိုးနှက်ချက်တစ်ခု ဖြစ်လေသည်။
နှလုံးကြေမွသွားပါက.. သွေးချီက လျင်မြန်စွာ ဆုတ်ယုတ်သွားပြီး တိုက်ခိုက်ရည်ခွန်အားကလည်း လျော့ကျသွားပေလိမ့်မည်။ ထိုကဲ့သို့သော အခြေအနေမှာ မည်သူကမှ သိပ်ကြာကြာ တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။
ဒါ့အပြင်.. သူ၏ ကိုယ်တွင်းအင်္ဂါများက ထိုးဖောက်ခံထားရပြီး သူ၏ အသက်ဓာတ်အားက ဖြတ်တောက်ခံထားရ၏။ သူ၏ အရွတ်များက ကျိုးပြတ်နေပြီး အထီးကျန်သိုင်းသခင်၏ ခန္ဓာကိုယ်သည် ယခုအချိန်မှာ ဒုက္ခိတတစ်ယောက် ဖြစ်နေလေပြီ။
လျှို့ဝှက်မရဏဂိုဏ်းက လုပ်ကြံသတ်ဖြတ်ရာမှာ အတော်ဆုံးဖြစ်၏။
လျှို့ဝှက်မရဏဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်၏ လုပ်ကြံသတ်ဖြတ် ကြိုးပမ်းမှုတစ်ရပ်သည် ဘယ်လိုလုပ်ပြီး အလဟဿ ဖြစ်ပါ့မလဲ။
“ငါ့ရဲ့ ဓားချက် ၁၆ချက်က မင်းရဲ့ ကိုယ်တွင်းအင်္ဂါတွေက အသက်ဓာတ်အားကို ဖြတ်တောက်ခဲ့ပြီးပြီ.. မင်းက အခုချိန်မှာ မတ်တတ်ရပ်နေနိုင်သေးပေမဲ့ မင်းက လမ်းဆုံးကို ရောက်နှင့်နေပြီ”
လျှို့ဝှက်မရဏဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်က လှောင်ရယ်လိုက်၏။
“အထီးကျန်သိုင်းသခင်.. ဆက်ပြီးတော့ ဟန်ဆောင်မနေနဲ့.. မင်း ငါ့ဆီကနေ ဖုံးကွယ်ထားလို့ မရဘူး”
“ဟုတ်ပါ့မလား”
ဆူဇီမိုသည် သူ၏ ရင်ဘတ်ကို အုပ်ကိုင်ထားသည့် သူ၏ လက်ကို လွှတ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။
“အဲဒါဆိုရင်တော့.. မင်း စိတ်ပျက်ရတော့မှာပဲ”
ဝေါ…
ဆူနာမီအသံသည် မည်သည့် အားနည်းမှု လက္ခဏာမှ မရှိဘဲ ဆူဇီမို၏ ခန္ဓာကိုယ်ထဲကနေ တရုန်းရုန်းထကြွလာ၏။
မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများ အားလုံးသည် မျက်လုံးပြူး မျက်ဆန်ပြူးဖြင့် တုန်လှုပ်သွားကြ၏။
“မဖြစ်နိုင်တာ”
လျှို့ဝှက်မရဏဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင်က မျက်မှောင်ကြုတ်လိုက်၏။
အဲဒါသည် မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအတွက်လည်း ထို့အတူပင်။
လျှို့ဝှက်မရဏဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်၏ တိုက်ခိုက်မှုများက လွဲချော်သွားနိုင်စရာ အကြောင်းမရှိပေ။
မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများ အားလုံးသည် လေထဲသို့ သွေးစီးကြောင်းများ ပန်းထွက်လာခဲ့သည်ကို ကိုယ်တိုင်တွေ့မြင်ခဲ့ရလေသည်။
အဲဒါအတွက် တစ်ခုတည်းသော ဖြေရှင်းချက်မှာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ ဖြစ်လေသည်။
“အဲဒီ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက တကယ့်ကို စွမ်းအားကြီးမားတာပဲ.. သူ့ရဲ့ နှလုံးက ထိုးဖောက်ခံရပြီးတာတောင် သူက အဲဒါကို ချက်ချင်းပြန်ကုသနိုင်တယ်”
“အမှန်ပဲ.. သူ့ရဲ့ နှလုံးက ပြန်ကောင်းသွားမယ်ဆိုရင် တခြားအင်္ဂါတွေရဲ့ အသက်ဓာတ်အားကို ပြန်လည်ဖြည့်တင်းပြီး သွေးချီကို လှည့်ပတ်ဖို့က အများကြီး ပိုလွယ်သွားပြီ”
“ဒီလောက် စွမ်းအားကြီးမားတဲ့ ပြန်လည်ကုသနိုင်စွမ်းနဲ့ဆို အဲဒီ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်နိုင်မှပဲ.. အဲဒါကို ဖျက်ဆီးနိုင်လိမ့်မယ်”
ကျင့်ကြံသူတစ်ယောက်က လေးနက်သော အသံဖြင့် ပြောလိုက်၏။
“ဒါဆိုရင်.. စောစောက အထီးကျန်သိုင်းသခင်က လျှို့ဝှက်မရဏဂိုဏ်းက မျိုးနွယ်စုခေါင်းဆောင်နဲ့ စကားပြောနေတယ်ဆိုတာ.. သူ့ရဲ့ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ပြန်ကုသဖို့အတွက် တမင်သက်သက် အချိန်ဆွဲနေခဲ့တာကိုး”
“သူက ပြန်လည်ကုသနိုင်ခဲ့တယ် ဆိုတော့ရော.. အထီးကျန်သိုင်းသခင်က တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးတစ်ယောက်ပဲ.. သူက ဘယ်လိုလုပ်ပြီး မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ကို တိုက်ခိုက်နိုင်မှာလဲ”
သက်ရှိများစွာသည် ဤတိုက်ပွဲမှာ အထီးကျန်သိုင်းသခင်ကို မြင့်မားစွာ သတ်မှတ်ထားခြင်း မရှိပေ။
“စိတ်ဝင်စားစရာပဲ”
လျှို့ဝှက်မရဏဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင်က ပြုံး၍ သူ၏ စိတ်ကို အလျင်အမြန် တည်ငြိမ်စေလိုက်၏။
“ဒီလိုဆိုမှတော့လည်း.. ငါ မင်းကို နောက်တစ်ခေါက် ပြန်သတ်ရတော့မှာပေါ့”
သူ့စကား မဆုံးသေးခင်မှာပင် လျှို့ဝှက်မရဏဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်၏ ပုံရိပ်က ယိမ်းနွဲ့သွားပြီး လူတိုင်း၏ ရှေ့မှောက်မှာပင် သူက ပျောက်ကွယ်သွားလေသည်။
“ဟမ်”
“သူက မရှိတော့ဘူး”
“ငါက သူ့ရဲ့ အော်ရာကိုတောင် အာရုံမခံနိုင်တော့ဘူး”
မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများ အားလုံးသည် တုန်လှုပ်မှုဖြင့် မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်သွားကြ၏။
ပဟေဠိနန်းတော်အရှင်က တစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား.. ရင်တစ်ချက်ထိတ်သွား၏။ ရုတ်တရက် သူက အော်ပြောလိုက်၏။
“သတိထား.. အဲဒါက နတ်ဘုရားစွမ်းအား… ကိုယ်ဖျောက်ခြင်းပဲ”
ကိုယ်ဖျောက်ခြင်းသည် သာမန်နတ်ဘုရားစွမ်းအား ထောင်ချီထဲမှ တစ်ခုဖြစ်၏။
အဲဒီမှာ ဖုံးကွယ်ခြင်း ဓမ္မပညာရပ်များစွာ ရှိသော်လည်း သူတို့မှာ အမျိုးမျိုးသော အားနည်းချက်များ ရှိတတ်လေသည်။
ကိုယ်ဖျောက်ခြင်းမှာတော့ လျှို့ဝှက်မရဏဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင်သည် လူတိုင်း၏ ရှေ့မှောက်မှာ မည်သည့် အရိပ်အယောင်မှ မကျန်ရှိဘဲ လုံးဝ ပျောက်ကွယ်သွား၏။
စိတ်ဝိညာဉ်အသိစိတ်ဖြင့် ထောက်လှမ်းခြင်းဖြစ်စေ.. နားစွင့်ခြင်းဖြစ်စေ.. သို့မဟုတ် အာရုံခံခြင်းဖြစ်စေ.. သူတို့ထဲ မည်သူကမှ လျှို့ဝှက်မရဏဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်၏ အော်ရာကို ထောက်လှမ်းနိုင်တော့မည် မဟုတ်ပေ။
အဲဒါသည် လျှို့ဝှက်မရဏဂိုဏ်း၏ ကြောက်မက်ဖွယ်ရာကောင်းမှုဖြစ်၏။
ဤသာမန်နတ်ဘုရားစွမ်းအားကို လျှို့ဝှက်မရဏဂိုဏ်း၏ လုပ်ကြံသတ်ဖြတ်ခြင်းတာအိုနှင့် ပေါင်းစပ်လိုက်သောအခါ ပြီးပြည့်စုံသွားလေသည်။ သာမန် မဟာယာနမျိုးနွယ်စုခေါင်းဆောင်များပင်လျှင် ဤရုတ်တရက် တိုက်ခိုက်မှုကို ခုခံနိုင်တော့မည် မဟုတ်ပေ။
လျှို့ဝှက်မရဏဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင်က ပျောက်ကွယ်သွားခဲ့၏။
သို့သော်လည်း သူပေါ်ထွက်လာသည်နှင့် ကြောက်ခမန်းလိလိ တိုက်ခိုက်မှုတစ်ရပ်က သေချာပေါက် ထွက်ပေါ်လာမည်ဖြစ်ကြောင်း လူတိုင်းက သိရှိထားကြ၏။