အသက်ချင်း အလဲအထပ်
Vol. 106 Ch. 1578
ဆူဇီမိုသည် နေရာမှာပင် မလှုပ်မယှက် ရပ်နေ၏။
လျှို့ဝှက်မရဏဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်သည် သူ၏ ကိုယ်ဖျောက်စွမ်းအားကို ထုတ်ဖော်လိုက်သောအခါ သူက သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ချပြီး သူ၏ အာရုံငါးပါးကိုပါ ပိတ်ဆို့လိုက်လေသည်။
အဲဒါမှသာ သူ၏ အာရုံခံသတိစိတ်သည် လျှို့ဝှက်မရဏဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်၏ တည်ရှိမှုကို အာရုံခံနိုင်ပေလိမ့်မည်။
တကယ်တော့ သူသည် တမလွန်မီးရောင်မျက်လုံးကို အသုံးပြုခြင်းဖြင့်လည်း လျှို့ဝှက်မရဏဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်၏ လမ်းကြောင်းကို ထောက်လှမ်းနိုင်လေသည်။
သို့သော်လည်း.. သူက အဲဒီကနေတစ်ဆင့် ကြည့်မည်ဆိုလျှင်တောင် သူ့အနေဖြင့် တုံ့ပြန်ဖို့က နောက်ကျသွားပေလိမ့်မည်။
လျှို့ဝှက်မရဏဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်သည် သူ့ကိုယ်သူ ဖုံးကွယ်ထားရုံသာမက.. သူ၏ လှုပ်ရှားမှု နည်းစနစ်ကလည်း အရမ်းကို မြန်ဆန်ပြီး ဆူဇီမို၏ ဘေးပတ်လည်မှာ မရေမရာပုံစံဖြင့် လှည့်ပတ်နေ၏။
ဆူဇီမို၏ တမလွန်မီးရောင်မျက်လုံးသည် လျှို့ဝှက်မရဏဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်၏ အလျင်အဟုန်နောက်ကို ထပ်ကြပ်မကွာ လိုက်ပါနိုင်လိမ့်မည် မဟုတ်ပေ။
သူသည် သူ၏ အာရုံခံသတိစိတ်ဖြင့်သာ လျှို့ဝှက်မရဏဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်ကို ထောက်လှမ်းရပေလိမ့်မည်။
သို့သော်လည်း အဲဒါက မလုံလောက်ပေ။
မဟာယာနမျိုးနွယ်စုခေါင်းဆောင်များသည် သွေးကနေ ပြန်လည်မွေးဖွားခြင်း နတ်ဘုရားစွမ်းအားကို ပိုင်ဆိုင်ထားကြ၏။ အဲဒါကြောင့် မဟာယာနမျိုးနွယ်စုခေါင်းဆောင်များကို သတ်ဖြတ်ဖို့က အလွန်တရာ ခဲယဉ်းလေသည်။
အထူးသဖြင့် ထိုသူက လျှို့ဝှက်မရဏဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက် ဖြစ်နေ၏။ သူက ချက်ချင်းလက်ငင်း သတ်ဖြတ်နိုင်ခြင်း မရှိလျှင် နောက်ပိုင်းမှာ သေချာပေါက် ပို၍ပင် စိုးရိမ်ပူပန်လာရပေလိမ့်မည်။
ပထမ တိုက်ခိုက်မှုက လွဲချော်သွားလျှင် ထိုသူကို သတ်ဖြတ်ဖို့က များစွာပို၍ ခဲယဉ်းသွားပေလိမ့်မည်။
အဲဒါကြောင့် ဆူဇီမိုအနေဖြင့် တိုက်ခိုက်ဖို့အတွက် အခွင့်အရေးတစ်ခုသာလျှင် ရရှိပေလိမ့်မည်။
ဤကဲ့သို့ တင်းကျပ်၍ အန္တရာယ်များသော တိုက်ပွဲနယ်မြေမှာ ဆူဇီမို၏ စိတ်က ရှေးဟောင်းရေတွင်းတစ်တွင်းကဲ့သို့ တည်ငြိမ်နေပြီး စိတ်ခံစားချက် ကင်းမဲ့နေ၏။
လျှို့ဝှက်မရဏဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်က ပေါ်ထွက်မလာပေ။
ဆူဇီမိုကလည်း သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ထားပြီး မလှုပ်မယှက် ရှိနေ၏။
အရာရာတိုင်းသည် အပေါ်ယံမှာ တည်ငြိမ်နေသည်ဟု ထင်ရသော်လည်း တည်ငြိမ်မှု၏ အောက်မှာ ထကြွသောင်းကျန်းသော လှိုင်းတံပိုးတစ်ခု ရှိနေကြောင်း လူတိုင်းက သိထားကြ၏။
အဲဒါက ထွက်ပေါ်လာသည်နှင့်.. ဒေါသူပုန်ထနေသော ဒီရေလှိုင်းများက သေချာပေါက် လှုပ်ခတ်လာပေလိမ့်မည်။
တိုက်ပွဲနယ်မြေရှိ လေထုက ပို၍ပင် တင်းကျပ်လာခဲ့၏။
ဘေးကနေ စောင့်ကြည့်နေကြသော မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများပင်လျှင် အလိုလို အသက်အောင့်ထားပြီး မျက်တောင်မခတ်နိုင်ကြပေ။
တစ်ခဏချင်းမှာပင်.. သေခြင်း ရှင်ခြင်းကို ဆုံးဖြတ်ပြီးသား ဖြစ်သွားနိုင်လေသည်။
မသိလိုက် မသိဘာသာနှင့်ပင်.. ကမ္ဘာဦးမျိုးနွယ် ၆ စုနှင့် လူသားမျိုးနွယ်အကြား တိုက်ခိုက်မှုကလည်း တဖြည်းဖြည်း ရပ်တန့်သွားခဲ့ပြီဖြစ်၏။
နှစ်ဖက်စလုံးသည် လူချင်းခွာ၍ တိုက်ပွဲနယ်မြေရှိ ဆူဇီမိုကို စောင့်ကြည့်နေကြ၏။
ထိုအခိုက်အတန့်တွင် မျောက်နှင့် အခြားသူများပင်လျှင် အလွန်တရာ စိုးရိမ်ပူပန်နေကြပြီး သူတို့သည် မဆင်မခြင် ရှေ့သို့ တက်လှမ်းရဲခြင်း သို့မဟုတ် အသံတစ်ချက်ထွက်ရဲခြင်း မရှိကြပေ။
ထိုအခိုက်အတန့်တွင် စိတ်အာရုံတစ်ချက် ပျက်ယွင်းသွားခြင်းက သေခြင်းတရားဆီသို့ ဦးတည်သွားနိုင်၏။
အချိန်က တဖြည်းဖြည်း ကုန်ဆုံးသွား၏။
နာရီဝက်ခန့် ကုန်ဆုံးသွားခဲ့လေပြီ။
လျှို့ဝှက်မရဏဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်က တိုက်ခိုက်မလာသလို.. ပေါ်ထွက်လာခြင်းလည်း မရှိပေ။
ထိုနာရီဝက်သည် မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအတွက် နေ့တစ်ဝက်လောက် ဖြတ်သန်းခဲ့ရသည့်အလား.. ကြီးမားသည့် ညှင်းပန်းနှိပ်စက်မှု ဖြစ်လေသည်။
အဲဒါသည် လျှို့ဝှက်မရဏဂိုဏ်း၏ ကြောက်မက်ဖွယ်ရာကောင်းမှု ဖြစ်၏။
လျှို့ဝှက်မရဏဂိုဏ်းမှ လုပ်ကြံသတ်ဖြတ်သူများသည် အလွန်တရာ စိတ်ရှည်ကြလေသည်။
သူတို့က ပေါ်ထွက်မလာသရွေ့.. တစ်ဖက်လူသည် သူ၏ စိတ်ကို လုံးဝ လျှော့ချရဲခြင်း မရှိဘဲ သတိကြီးကြီးထားနေရပေမည်။
လျှို့ဝှက်မရဏဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်က ထွက်ခွာသွားပြီဟု ထင်ရ၏။
တိုက်ပွဲနယ်မြေတွင် ဆူဇီမိုသည် အိပ်မောကျနေသည့်အလား သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ထား၏။
မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများပင်လျှင် စိတ်မရှည်နိုင် ဖြစ်လာချိန်မှာ ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။
ရုတ်တရက်.. ရှေးဟောင်းရေတွင်း၏ ရေမျက်နှာပြင်က လှုပ်ခတ်သွားလေသည်။
သေးသွယ်သော ဓားပါးတစ်လက်က ဆူဇီမို၏ နောက်ဘက်ကနေ ထောင့်ဖြတ်ပေါ်ထွက်လာပြီး သူ၏ ဦးခေါင်းကို တိတ်တဆိတ် ထိုးစိုက်ချလိုက်၏။
လျှို့ဝှက်မရဏဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်က နောက်ဆုံးမှာ တိုက်ခိုက်လိုက်လေပြီ။
တကယ်တော့ မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် ထိုတိုက်ခိုက်မှုကို တွေ့မြင်ချိန်မှာ ဓားဦးက ဆူဇီမို၏ ဦးခေါင်းပေါ်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်၏။
ရုတ်တရက်ဆိုသလို…
ဓားကို ဆုပ်ကိုင်ထားသော မျိုးနွယ်စုခေါင်းဆောင်၏ လက်ကောက်ဝတ်ပေါ်တွင် လက်ဖဝါးတစ်ဖက် ပေါ်ထွက်လာ၏။ ထိုလက်ဖဝါးက သန်မာပြီး သူ၏ လက်ကောက်ဝတ်ကို တင်းကျပ်စွာ ဖမ်းဆုပ်လိုက်လေသည်။
ပါးလွှာသော ဓားသည် ဆူဇီမို၏ ဦးရေပြားနှင့် ထိနှင့်နေပြီဖြစ်ပြီး သွေးများကပင် စိမ့်ထွက်လာခဲ့ပြီဖြစ်၏။ သို့သော်လည်း အဲဒါက ရှေ့ဆက်မတိုးနိုင်တော့ပေ။
လျှို့ဝှက်မရဏဂိုဏ်းသည် လုပ်ကြံသတ်ဖြတ်ခြင်းမှာ အထူးပြုလေသည်။
သို့သော်လည်း သူတို့၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးက မသန်မာပေ။
လျှို့ဝှက်မရဏဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်များပင်လျှင် ကိုယ်ကာယနှင့် မျိုးဆက်သွေးအရာမှာ ဆူဇီမို၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်ကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။
“အာ…”
“အထီးကျန်သိုင်းသခင်က လျှို့ဝှက်မရဏဂိုဏ်းက မျိုးနွယ်စုခေါင်းဆောင်ရဲ့ သတ်ဖြတ်ကွက်ကို ခုခံနိုင်ခဲ့ပြီပဲ”
လူအုပ်ကြီးထဲမှ တုန်လှုပ်မှုနှင့် အံ့အားသင့်မှု လှိုင်းများက ထွက်ပေါ်လာ၏။
လျှို့ဝှက်မရဏဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်၏ မျက်လုံးထဲတွင်လည်း အံ့အားသင့်မှု အရိပ်အယောင်က ပေါ်ထွက်လာ၏။
ဆူဇီမိုသည် သူ၏ လမ်းကြောင်းကို ဖောက်ထွင်းမြင်နိုင်ပြီး သူ၏ သတ်ဖြတ်ကွက်ကို တားဆီးနိုင်လိမ့်မည်ဟု သူပင်လျှင် ထင်မှတ်မထားခဲ့ပေ။
ဤကဲ့သို့ နီးကပ်သော အကွာအဝေးတစ်ခုမှာ ဆူဇီမိုသည် အားသာချက်ရှိပြီး သူ့တွင် ဤမျိုးနွယ်စုခေါင်းဆောင်ကို ဒဏ်ရာ အပြင်းအထန် ရရှိစေဖို့ နည်းလမ်းပေါင်းများစွာ ရှိလေသည်။
တကယ်ဆို.. သူ၏ ခွန်အားကို စိုက်ထုတ်သည်နှင့် ဤမျိုးနွယ်စုခေါင်းဆောင်၏ လက်ကောက်ဝတ်ကိုပင် ချိုးပစ်နိုင်လေသည်။
သို့သော်လည်း.. မည်သည့်နည်းလမ်းကမှ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ကို လက်စဖြတ် သတ်ဖြတ်နိုင်လိမ့်မည် မဟုတ်ပေ။
သူ့မှာ အခွင့်အရေးတစ်ခုသာလျှင် ရှိလေသည်။
သူသည် အဲဒါကို လွဲချော်သွားပြီး လျှို့ဝှက်မရဏဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်က ထွက်ပြေးလွတ်မြောက်သွားသည်နှင့် အဲဒါသည် သူနှင့် အခြားလူတိုင်းအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာပေလိမ့်မည်။
“သတ်”
ဆူဇီမို၏ အကြည့်က တောက်လောင်ပြင်းပြလာပြီး ရုတ်တရက် အော်ဟစ်လိုက်၏။
သူ၏ ညာဘက်လက်ဖြင့် လျှို့ဝှက်မရဏဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်၏ လက်ကောက်ဝတ်ကို တင်းကျပ်စွာ ဖမ်းဆုပ်ထားပြီး သူ၏ ဘယ်ဘက်လက်ဖြင့် ဓားပညာရပ်တစ်ခုကို ထုတ်ဖော်ကာ ထိုသူထံသို့ ခုတ်ပိုင်းချလိုက်၏။
“မဟန်တော့ဘူး”
လျှို့ဝှက်မရဏဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်က ထိတ်လန့်သွားပြီး သူ၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွား၏။
ဇီး…
ဆူဇီမို၏ ဓားလက်ချောင်းများထံမှ ကျိန်းစပ်နေသော အလင်းရောင်တစ်ခု ပေါက်ကွဲထွက်ပေါ်လာ၏။
အဲဒါက ဓားချီတစ်ခု လုံးဝ မဟုတ်ပေ။
အဲဒါက ဓားချီ တစ်သိန်းရှစ်ထောင် ဖြစ်၏။
လျှို့ဝှက်မရဏဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်ကို သတ်ဖြတ်ဖို့အတွက် ဆူဇီမိုသည် မည်သည့် သနားညှာတာမှုကိုမှ ပြသခြင်း မရှိဘဲ ဓားချီ တစ်သိန်းရှစ်ထောင်ကို ထုတ်ဖော်ကာ မျိုးနွယ်စုခေါင်းဆောင်အပေါ် လွှမ်းခြုံသွားစေ၏။
ဟာ…
မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများ အားလုံးက တုန်လှုပ်စွာဖြင့် ပင့်သက်ရှိုက်လိုက်ကြ၏။
ဓားချီ၏ သိပ်သည်းကျစ်လစ်မှုသည် လူတစ်ယောက်ကို မပြောနှင့်… လေဟာနယ်တစ်ခုလုံးကိုပင် အပိုင်းပိုင်း လှီးဖြတ်ပစ်ဖို့ လုံလောက်လေသည်။
ထိုဓားချီသည် လျှို့ဝှက်မရဏဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်၏ ခန္ဓာကိုယ်အတွင်းရှိ အသက်ဓာတ်များ အားလုံးကို ဖျက်ဆီးပစ်နိုင်လေသည်။
သွေးကနေ ပြန်လည်မွေးဖွားခြင်းအတွက် မရှိမဖြစ် လိုအပ်ချက်မှာ သူတို့၏ အမြုတေစိတ်ဝိညာဉ်က ရှင်သန်နေရပေမည်။
ဒါ့အပြင်.. သူတို့သည် အသက်ဓာတ်အားကို ပိုင်ဆိုင်ထားသည့် သွေးတစ်စက် ကျန်ရှိနေရပေမည်။
ဓားချီ တစ်သိန်းရှစ်ထောင် ထွက်ပေါ်လာမှုသည် လျှို့ဝှက်မရဏဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်၏ သွေးတစ်စက်ချင်းစီကိုသာမက သူ၏ အမြုတေစိတ်ဝိညာဉ်ကိုပါ ဖျက်ဆီးပစ်နိုင်လေသည်။
အဲဒါက အရမ်းကို ရက်စက်ကြမ်းတမ်းလွန်း၏။
မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများက တုန်လှုပ်စွာဖြင့် သူတို့၏ မျက်နှာများက ရှုံ့မဲ့သွားကြ၏။
လျှို့ဝှက်မရဏဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်၏ တိုက်ခိုက်မှုက လွဲချော်သွားပြီး ဆူဇီမိုသည် ထိုဟာကွက်ကို ချိန်ဆကာ ဤကဲ့သို့ ကြောက်စရာကောင်းသော တိုက်ခိုက်မှုတစ်ရပ်ကို ထုတ်ဖော်လိုက်လေသည်။
သူသည် လျှို့ဝှက်မရဏဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်ကို တိုက်ခိုက်ဖို့ ဒုတိယမြောက် အခွင့်အရေးတစ်ခု မပေးတော့ပေ။
“သတ်”
ထိုစဉ်မှာပင် လျှို့ဝှက်မရဏဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်၏ မျက်လုံးထဲတွင် ပြတ်သားသည့် ပုံရိပ်တစ်ခု ပေါ်ထွက်လာပြီး သူက နက်ရှိုင်းစွာ မာန်သွင်းအော်ဟစ်လိုက်၏။
သူသည် ဝင်ရောက်လာသော ဓားချီ တစ်သိန်းရှစ်ထောင်ကို လျစ်လျူရှုပြီး သူ၏ အခြားလက်တစ်ဖက်ကို ဆန့်ထုတ်လိုက်၏။ သူ၏ အင်္ကျီလက်စထဲမှ အေးစက်စက်အလင်းတစ်ခု ပစ်လွင့်ထွက်ပေါ်လာပြီး ဆူဇီမို၏ ရင်ဘတ်ထဲသို့ ဝင်ရောက်သွားလေသည်။
အဲဒါသည် လျှို့ဝှက်မရဏဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်၏ ဒုတိယမြောက် ဓားဖြစ်၏။
နှစ်ဖက်စလုံးက ပျက်စီးထိခိုက်မှုနှင့် ကြုံတွေ့လိုက်ရလေသည်။
လူအုပ်ကြီးထဲမှ အံ့အားတသင့် အော်ဟစ်သံများ ထွက်ပေါ်လာ၏။
ပြောရမည်ဆိုလျှင်.. အဲဒါကို နှစ်ဦးနှစ်ဖက် ပျက်စီးထိခိုက်သည့် ရလဒ်ဟု ဆက်လက်၍ မခေါ်ဆိုနိုင်တော့ပေ။ သူတို့သည် အသက်ချင်း ဖလှယ်လိုက်ကြခြင်း ဖြစ်၏။
လျှို့ဝှက်မရဏဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်သည် သူက သေခြင်းတရားကနေ မလွတ်မြောက်နိုင်တော့ဘူး ဆိုတာကို သိလိုက်ပြီဖြစ်၏။
သို့သော်လည်း.. သူက သေရမည်ဆိုလျှင်တောင် သူသည် ဆူဇီမိုကိုပါ သူနှင့်အတူ ဆွဲခေါ်သွားချင်လေသည်။
သူတို့နှစ်ယောက်စလုံးက အရမ်းကို နီးကပ်နေကြ၏။
ဆူဇီမိုသည် လျှို့ဝှက်မရဏဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်၏ လက်ကောက်ဝတ်ကို သူ၏ ညာဘက်လက်ဖြင့် ဆုပ်ကိုင်ထားပြီး သူ၏ ဘယ်ဘက်လက်က ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီကို ထုတ်ဖော်လိုက်ခြင်း ဖြစ်၏။ သူ့တွင် ထိုဓားကို ခုခံဖို့အတွက် လုံးဝ အချိန်မရှိတော့ပေ။
ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီ တစ်သိန်းရှစ်ထောင်က လျှို့ဝှက်မရဏဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်ပေါ်သို့ ဆင်းသက်လာသောအခါ ထိုသူ၏ ဓားကလည်း ဆူဇီမို၏ ရင်ဘတ်ကို ထိုးစိုက်သွားခဲ့ပြီဖြစ်၏။
ဇီး…
ဓားက သူ၏ ရင်ဘတ်ထဲမှာ တုန်ခါသွားပြီး အရာရာတိုင်းကို ဆုတ်ဖြဲပစ်ချင်သည့်အလား.. အလွန်တရာ ထက်ရှသော ဓားစိတ်ဆန္ဒစီးကြောင်းများကို ထုတ်ဖော်လိုက်၏။
အဲဒါသည် မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်၏ သူမသေမီ နောက်ဆုံးအကြိမ် တိုက်ခိုက်မှု ဖြစ်လေသည်။ လျှို့ဝှက်မရဏဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်သည် လုံးဝ ထိန်ချန်ထားခြင်း မရှိဘဲ သူ၏ စွမ်းအားအကုန်ကို ထုတ်ဖော်လိုက်လေသည်။
ရွှစ်..
အစိမ်းရောင် အလင်းတန်းတစ်ခုက ဆူဇီမို၏ ဦးခေါင်းထဲကနေ ပျံသန်းထွက်ပေါ်လာ၏။
ဖန်တီးခြင်းကြာခုံသည် အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်ကို ကာကွယ်ပေးပြီး ရုန်းကန်ထွက်ပေါ်ကာ တိုက်ပွဲနယ်မြေကနေ အလျင်အမြန် ထွက်ပြေးလိုက်၏။
ဖောင်း.. ဖောင်း..
ဖန်တီးခြင်းကြာခုံက ထွက်ခွာသွားသည့် ခဏမှာပင်.. ဆူဇီမို၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် လျှို့ဝှက်မရဏဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်၏ နောက်ဆုံးတိုက်ခိုက်မှုဖြင့် အပိုင်းပိုင်း လှီးဖြတ်ခံရကာ အသားပုံတစ်ခုအဖြစ် ပြောင်းလဲသွား၏။
သူ၏ ကိုယ်တွင်းအင်္ဂါများက အပိုင်းပိုင်း လှီးဖြတ်ခံလိုက်ရပြီး လတ်ဆတ်သော သွေးများက ကြောက်စရာကောင်းသော ပုံစံဖြင့် စီးကျလာခဲ့၏။
သို့သော်လည်း.. လျှို့ဝှက်မရဏဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်၏ အခြေအနေက ပို၍ပင် ဆိုးရွားလေသည်။
သူသည် ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီ တစ်သိန်းရှစ်ထောင်ကြောင့် သွေးမြူတစ်ခုအဖြစ် ပေါက်ကွဲထွက်သွားလေသည်။