← Chapters

ထန်ခွိုင်နှင့် သီစန်း

Vol. 106 Ch. 1580

ထန်ခွိုင်နှင့် သီစန်း

Vol. 106 Ch. 1580

ဆူဇီမိုသည် လျှို့ဝှက်မရဏဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင်ကို သတ်ဖြတ်ခဲ့သော်လည်း သူ၏ အမူအရာက ပို၍ပင်သုန်မှုန်လာပြီး စိတ်လက်ပေါ့ပါးသွားခြင်း မရှိပေ။

ယခု... မာဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က ဤမျှအထိ မြန်မြန်ဆန်ဆန် ပေါ်ထွက်လာသည့်အတွက် အခြေအ​နေက သူ့အတွက် အလွန်တရာအရေးမသာ ဖြစ်လာခဲ့လေပြီ။

ဤတစ်ခေါက် မျိုးနွယ်စုတစ်သောင်း စုဝေးပွဲသည် ပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်များနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုး​ဘေးများအကြားမှာသာ ဖြစ်သည်သာဆိုလျှင် အဲ့ဒါက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာအတွက် မည်သည့်ခြိမ်းခြောက်မှုကိုမှ ဖြစ်မလာစေနိုင်ပေ။

သို့သော်လည်း အဲ့ဒါက မဖြစ်နိုင်ပေ။

ထိုအခိုက်အတန့်တွင် မဟာယာနမျိုးနွယ်စုခေါင်းဆောင် ဘယ်လောက်များများက ပဟေဠိနန်းတော်၏ နောက်ကွယ်ကနေ စောင့်ကြည့်နေမလဲ မသိရပေ။

မဟာယာနမျိုးနွယ်စုခေါင်းဆောင်များက တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာမည်ဆိုလျှင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက သူတို့ကို ခုခံနိုင်တော့မည် မဟုတ်ပေ။

သူသည် လျှို့ဝှက်မရဏဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်ကို သတ်ဖြတ်နိုင်ခဲ့သည့်အချက်သည် သူက မဟာယာနမျိုးနွယ်စုခေါင်းဆောင်များနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်သည်ဟု အဓိပ္ပါယ်မရပေ။

ပထမတစ်ချက် လျှို့ဝှက်မရဏဂိုဏ်း ကျင့်ကြံသူများသည် လုပ်ကြံသတ်ဖြတ်ခြင်းမှာ အထူးပြုပြီး သူတို့က ထိပ်တိုက်ရင်ဆိုင်ခြင်းမှာ မသန်မာကြပေ။

ဒုတိယတစ်ချက်... လျှို့ဝှက်မရဏဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင်သည် ဆူဇီမိုအပေါ် အကဲဖြတ်မှားခဲ့လေသည်။

ဆူဇီမိုသည် သူ၏ လှုပ်ရှားမှုလမ်းကြောင်းကို ထိုးဖောက်မြင်နိုင်လိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။

ဆူဇီမိုသည် သွေးကနေပြန်လည်မွေးဖွားခြင်းကိုလည်း အသုံးပြုနိုင်လိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။

အမှားတစ်ချက်က သေခြင်းရှင်ခြင်းကို အဆုံးဖြတ်ပေးနိုင်လေသည်။

လျှို့ဝှက်မရဏဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်၏ သေဆုံးမှုက မျှတမှုမရှိပေ။

သို့သော ယခု... အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ ပြန်လည်မွေးဖွားခြင်းဖြစ်သော ဆူဇီမို၏ ဝှက်ဖဲက ပေါက်ကြားသွားခဲ့ပြီဖြစ်ပြီး သူ၏ ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ တစ်သိန်းရှစ်ထောင်ကိုလည်း ထုတ်ဖော်ခဲ့ပြီးလေပြီ။

သူ့မှာ တခြားဝှက်ဖဲများ မကျန်ရှိတော့သလောက်နီးပါးပင်။

မဟာယာန မျိုးနွယ်စုခေါင်းဆောင်များကို ခြိမ်းခြောက်နိုင်သောဝှက်ဖဲများက ပို၍ပင်နည်းပါးသွားလေပြီ။

နောက်ထပ်... မဟာယာန မျိုးနွယ်စုခေါင်းဆောင်တစ်ယောက် ပေါ်ထွက်လာမည်ဆိုလျှင် သူ့အနေဖြင့် ခုခံဖို့ ခဲယဥ်းသွားလေပြီ။

သို့သော်လည်း... မျိုးနွယ်စုတစ်သောင်း စုဝေးပွဲမှာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ဘယ်သူကမှ ကာကွယ်ပေးနိုင်လိမ့်မည် မဟုတ်ပေ။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အကြီးမားဆုံးမှီခိုအားထားရာမှာ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာနှင့် သူ၏ နောက်မှ နဂါးမျိုးနွယ်ဖြစ်လေသည်။

သို့သော်လည်း နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် လူရိုင်းမျိုးနွယ်မှာ မဟာယာနအဆင့်သို့ ချိုးဖျက်တက်လှမ်းနေဆဲ ဖြစ်၏။ သူသည် တတ်နိုင်သမျှ အချိန်ဆွဲဖို့အတွက် အကောင်းဆုံးကြိုးစားပြီး နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ  ရောက်အလာကို စောင့်နေဖို့သာရှိတော့လေသည်။

“ငါထင်တာမမှားဘူးဆိုရင်.... အဲ့ဒါက အထီးကျန်သိုင်းသခင်ရဲ့ ညီကို...  ညဝိညာဥ်လို့ခေါ်တဲ့ ကမ္ဘာဦးတဗူး… ဟို့ပဲ ဖြစ်ရမယ်”

ထိုစဥ်မှာပင် ကောင်းကင်စင်ရော်ဂိုဏ်း၏ ဂိုဏ်းချုပ်က မတ်တတ်ထရပ်ပြီး မျောက်၏ ဘေးတွင်ရှိသော ညဝိညာဥ်ကိုကို လက်ညိုးထိုးကာ အော်ပြောလိုက်၏။

ညဝိညာဥ်သည် သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲထားခြင်းမရှိဘဲ သူ၏ လူသားပုံစံမှာသာ ရှိနေဆဲဖြစ်၏။ ကမ္ဘာဦးမျိုးနွယ်များပင်လျှင် သူ့ကို သတိမထားမိကြပေ။

သို့သော် ယခု... ကောင်းကင်စင်ရော်ဂိုဏ်း၏ ဂိုဏ်းချုပ်က ညဝိညာဥ်၏ သရုပ်သကန်ကို ဖော်ထုတ်လိုက်ပြီး အဲ့ဒါက ကမ္ဘာဦးမျိုးနွယ်များ၏ စိတ်အာရုံကို ဖမ်းစားမိသွား၏။

ကမ္ဘာဦးမျိုးနွယ် တစ်ယောက်ချင်းစီတိုင်းက သူတို့၏ သတ်ဖြတ်လိုစိတ်များကို ဖုံးကွယ်မထားကြပေ။

အထူးသဖြင့်... နတ်ဘုရားမျိုးနွယ်မှ နတ်မိမယ်ရှောင်ရှန်းဖြစ်လေသည်။

ဆူဇီမို၏ အကြည့်က အေးစက်လာပြီး ကောင်းကင်စင်ရော်ဂိုဏ်း၏ ဂိုဏ်းချုပ်ကိုကြည့်ကာ အေးစက်စွာဖြင့် ပြောလိုက်၏။

“မင်းကတော့... အသက်ရှင်ရတာ ငြီးငွေ့နေပြီထင်တယ်”

“ဟီးဟီး... အထီးကျန်သိုင်းသခင်က တော်တော်ကို စောင်းကြွနေတာပဲ”

ထိုစဥ်မှာပင်... လှောင်ပြောင်သရော်လိုမှု တစ်စွန်းတစ်စနှင့်အတူ လေထဲကနေ အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာ၏။

ထိုအသံ ဘယ်ကနေ ထွက်ပေါ်လာသလဲ မည်သူကမှ ရှာမတွေ့နိုင်ကြပေ။

ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွားပြီး ကောင်းကင်စင်ရော်ဂိုဏ်းမှ ဂိုဏ်းချုပ်၏ နောက်ဘက်သို့ကြည့်လိုက်၏။

အဲ့ဒီမှာ လေဟာနယ်တစ်ခုကလွဲပြီး တခြားဘာမှရှိမနေခဲ့ပေ။

ရုတ်တရက်ဆိုသလို...

ထိုလေဟာနယ်မှာ အက်ကွဲကြောင်းတစ်ခုက ပေါ်ထွက်လာ၏။ တစ်စုံတစ်ယောက်က အပေါက်တစ်ပေါက်ဖြစ်လာအောင် ထိုးခွဲလိုက်သည့်အလားပင်။

ထို့နောက်ချက်ချင်းပင် အက်ကွဲကြောင်းထဲကနေ ပုံရိပ်တစ်ခုက ဖြည်းဖြည်းချင်း လျှောက်လှမ်းထွက်လာ၏။

မျိုးနွယ်စုတစ်သောင်းက လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားကြ၏။

ကျင့်ကြံမှုအဆင့်နိမ့်သောသူများပင်လျှင် မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက် ရောက်ရှိလာပြီဆိုတာကို ခံစားမိလိုက်ကြ၏။

သူက လေဟာနယ်ကို ဖြတ်ကျော်လာခဲ့၏။

အဲ့ဒါသည် မဟာယာနမျိုးနွယ်စုခေါင်းဆောင်များသာ ထိန်းချုပ်နိုင်သောစွမ်းအားဖြစ်၏။ သူသည် ခပ်ဖျော့ဖျော့တောက်ပနေသော အပြာဖျော့ဖျော့ တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး သူက မိုးကောင်းကင်ထက်သို့ ပျံတက်တော့မည့်အလား သူ၏ လက်နှစ်ဖက်ကို နောက်သို့ပစ်ပြီး လေထဲမှာ မတ်တတ်ရပ်နေ၏။

သူ့ခန္ဓာကိုယ်ပေါ်ရှိ ခပ်ဖျော့ဖျော့အလင်းများက များပြားလှစွာသော ကြယ်များဖြစ်လေသည်။

ထိုပုံရိပ် လျှောက်လှမ်းထွက်လာသည့်ခဏမှာပင် သိပ်သည်းပြင်းထန်သော စွမ်းပကားတစ်ခုက လေထဲမှာ ပျံ့ကျဲထွက်လာ၏။

ကျင့်ကြံမှုအဆင့်နိမ့်သော ကျင့်ကြံသူများက ဖြူဖပ်ဖြူရော်မျက်နှာများနှင့်အတူ ညည်းတွားလိုက်ကြ၏။

အဲ့ဒါသည် ကောင်းကင်စင်ရော်ဂိုဏ်း၏ မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ဖြစ်၏။

“ငါက... ထန်ခွိုင်ပဲ”

မျိုးနွယ်စုခေါင်းဆောင် ထန်ခွိုင်က ဆူဇီမိုကို ဖြည်းဖြည်းချင်း ငုံ့ကြည့်ပြီးပြောလိုက်၏။

“အထီးကျန်သိုင်းသခင်... မင်းက အရမ်းကိုစိုးမိုးဗိုလ်ကျနေတာပဲ... မင်းက င့ါကိုရော သတ်ဖြတ်ဦးမှာလား”

“ငါတို့ရဲ့ဂိုဏ်းချုပ်ကို တစ်ယောက်ယောက်က သတ်ချင်တယ်လို့ပြောတာ ငါကြားလိုက်တယ်”

ထိုစဥ်မှာပင်...  နောက်ထပ်အသံတစ်သံက ထွက်ပေါ်လာ၏။

ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမှ ကျင့်ကြံသူများ၏ အထက်ကောင်းကင်မှာ လေဟာနယ်က နောက်တစ်ဖန် အက်ကွဲသွားပြီး မကောင်းဆိုးဝါးဆန်ဆန် လေပြင်းတစ်ချက်က တိုက်ခတ်လာ၏။ နက်မှောင်နေသော လေဟာနယ်အနက်ပိုင်းထဲကနေ ဖြူဖပ်ဖြူရော်လက်တစ်စုံက ဆန့်တန်းထွက်ပေါ်လာပြီး အက်ကွဲကြောင်းကို ဆုတ်ဖြဲကာ ပုံရိပ်တစ်ခုက တိုးထွက်လာခဲ့၏။

အဲ့ဒါက နောက်ထပ်မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ဖြစ်၏။

ဤမဟာယာနမျိုးနွယ်စုခေါင်းဆောင်က ပိန်ပိန်ပါးပါးနှင့် အသက်ကြီးကြီးအမျိုးသားတစ်ယောက်ဖြစ်၏။

သူ၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေသော်လည်း သူ၏ အမူအရာက အလွန်တရာ ရက်စက်ကြမ်းကြုတ်သည့်ပုံပေါ်လေသည်။

ပဟေဠိနန်းတော်ထက်မှ သူဆင်းသက်လာသည့်ခဏမှာပင် သူက ဘေးပတ်ဝန်းကျင်ကို သတ်ဖြတ်လိုသောစိတ်ဆန္ဒတစ်ခုနှင့်အတူ ထောက်လှမ်းကြည့်ရှုလိုက်၏။

ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင်...

“သီစန်း... မင်းလည်းရောက်လာတာပဲ”

မျိုးနွယ်စုခေါင်းဆောင် ထန်ခွိုင်က... ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင်ကိုကြည့်ပြီး ခေါင်းညိတ်ပြလိုက်၏။

“ဟီးဟီးဟီး...”

မျိုးနွယ်စုခေါင်းဆောင်သီစန်းက ရယ်မောလိုက်လေသည်။

“အခုနောက်ပိုင်းမျိုးဆက်တွေထဲမှာ လူတိုင်းကို သတ်ဖြတ်ပြီး ငါတို့ရဲ့ဂိုဏ်းချုပ်ကိုတောင် သတ်ဖြတ်ချင်တယ်လို့ ကြေညာမောင်းခတ်နေတဲ့ အထီးကျန်သိုင်းသခင်ဆိုတဲ့ လူတစ်ယောက်ရှိတယ်လို့ ငါကြားလိုက်တယ်... အဲ့ဒါကြောင့် သူက ဘယ်လိုနတ်ဘုရားသက်ရှိလဲလို့ ငါက လာကြည့်ရတာ”

“သိပ်အထွေအထူးတော့ မဟုတ်ပါဘူး”

မျိုးနွယ်စုခေါင်းဆောင်ထန်ခွိုင်က အောက်ဘက်တွင်ရှိသော ဆူဇီမိုကို လက်ညိုးထိုးပြလိုက်၏။

“အဲ့ဒါက နို့နံ့တောင်မစင်သေးတဲ့ကောင်လေးတစ်ယောက်ပဲ... သူ့မှာ ခေါင်းသုံးလုံး လက်​ခြောက်ဖက်လည်း မရှိပါဘူး”

“အို... ဟုတ််လား”

မျိုးနွယ်စုခေါင်းဆောင် သီးစန်းက မျက်ခုံးပင့်ပြီး အေးစက်စွာပြောလိုက်၏။

“အဲ့ဒါသူလား... ကြည့်ရတာတော့... အရမ်းကို သာမန်ပါပဲ”

မျိုးနွယ်စုခေါင်းဆောင်ထန်ခွိုင်က ဆက်ပြောလိုက်၏။

“ဒါပေမဲ့... သူ့ရဲ့ထောင်ချောက်ထဲကိုတော့... မကျဆင်းအောင် သတိထားရလိမ့်မယ်... အထီးကျန်သိုင်းသခင်က အစိမ်းရောင်ကြာပန်းခန္ဓာကို ပိုင်ဆိုင်ထားပြီး သွေးကနေပြန်လည်မွေးဖွားခြင်းကိုတောင် အသုံးပြုနိုင်တယ်... သူက အခုလေးတင် လျှို့ဝှက်မရဏဂိုဏ်းက မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ကို သတ်ဖြတ်ထားတာ”

“ဒီလိုဆိုရင်တော့... ငါနည်းနည်းပိုပြီး စိတ်ဝင်စားသွားပြီ”

မျိုးနွယ်စုခေါင်းဆောင်သီစန်းက သွားဖြဲကာပြောလိုက်၏။

သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် အတိုင်အဖောက်ညီစွာပြောဆိုနေစဥ်မှာပင် သူတို့က ဆူဇီမိုကို သတ်ဖြတ်တော့မည်ဟု သွယ်ဝိုက်၍ ဖော်ပြနေသည်မှာ သိသာလေသည်။

ဆူဇီမိုက ပြုံးလိုက်၏။

“မျိုးနွယ်စုခေါင်းဆောင်တွေ... ခင်ဗျားတို့က တကယ်ကို အထင်ကြီးစရာကောင်းတာပဲ... ကမ္ဘာဦးမျိုးနွယ်က ၆စုက လူသားကျင့်ကြံသူတွေကို သတ်ဖြတ်နေတုန်းကတော့... ခင်ဗျားတို့ ဘယ်သူကမှ ပေါ်ထွက်မလာကြဘူး”

“ဒါပေမဲ့...အခုတော့ ခင်ဗျားတို့နှစ်ယောက်က ဒီနေရာကို ရောက်လာကြပြီပေါ့”

ဆူဇီမို၏ စကားလုံးများက လှောင်ပြောင်ထေ့ငေါ့နေသည်မှာ သိသာလေသည်။

သို့သော်လည်း မဟာယာနမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်သည် နှစ်ပေါင်းသောင်းချီ ရှင်သန်နေထိုင်လာခဲ့ပြီဖြစ်ပြီး ဤကဲ့သို့သော ရန်စပြောဆိုမှုတစ်ခုမှာ သူတို့၏ အမူအရာများက ပြောင်းလဲသွားခြင်း မရှိပေ။

မျိုးနွယ်စုခေါင်းဆောင် ထန်ခွိုင်က ပြောလိုက်၏။

“ကမ္ဘာဦးမျိုးနွယ် ၆စုက လူသားတွေကို သတ်ဖြတ်နေတာတော့ ငါမမြင်ဘူး... မင်းက ငါတို့ရဲ့ဂိုဏ်းချုပ်ကို သတ်ဖြတ်ချင်တယ်လို့ ပြောလိုက်တာပဲ ငါကြား....”

“အဲ့ဒါသူတို့က သေသင့်သေထိုက်လို့ပဲ”

ဆူဇီမိုက သူ့ကိုလျစ်လျူရှုပြီး ပြောင်ပြောင်တင်းတင်းပင် ဖြတ်ပြောလိုက်၏။

မျိုးနွယ်စုခေါင်းဆောင် ထန်ခွိုင်၏ မျက်လုံးထဲမှာ သတ်ဖြတ်လိုစိတ်က တဖျတ်ဖျတ်လက်သွား၏။

ဆူဇီမိုက အေးစက်စွာပြောလိုက်လေသည်။

“ကောင်းကင်စင်ရော်ဂိုဏ်း ဂိုဏ်းချုပ်က... သူ့ရဲ့အရင်းအမြစ်ကိုမေ့လျော့သွားပြီး သူက သတ္တိကြောင်တာနဲ့ပဲ ကမ္ဘာဦးမျိုးနွယ် ၆စုထံမှာ အညံ့ခံလိုက်တယ်... သူက သေသင့်သေထိုက်ရုံတင်မကဘူး သူ့က အပိုင်းပိုင်း လှီးဖြတ်ခံရသင့်တယ်”

“သူ သေသင့်တယ် မ​သေသင့်ဘူးဆိုတာ... ကောင်းကင်စင်ရော်ဂိုဏ်းက ဆုံးဖြတ်ရမဲ့ကိစ္စပဲ”

မျိုးနွယ်စုခေါင်းဆောင် ထန်ခွိုင်က ဖြည်းဖြည်းချင်း ပြောလိုက်၏။

“အပြင်လူတစ်ယောက်အနေနဲ့ မင်းက... ငါတို့ရဲ့ဂိုဏ်းချုပ်ကို သတ်ဖြတ်ချင်တယ်ဆိုတာ..  ကောင်းကင်စင်ရော်ဂိုဏ်းကို ဆန့်ကျင်တိုက်ခိုက်တာနဲ့ အတူတူပဲ”

“ငါသိသွားပြီ”

ရုတ်တရက် ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

“လက်စသတ်တော့... သတ္တိကြောင်တာက ကောင်းကင်စင်ရော်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်မဟုတ်ဘူးပဲ... အဲ့ဒါက ကမ္ဘာဦးမျိုးနွယ် ၆စုထံမှာ အညံ့ခံပြီးသွားတဲ့ ကောင်းကင်စင်ရော်ဂိုဏ်းက မင်းတို့မျိုးနွယ်စုခေါင်းဆောင်တွေပဲ”

“တကယ်တမ်း... အပိုင်းပိုင်းလှီးဖြတ်ခံရသင့်တဲ့သူတွေက မင်းတို့တွေပဲ”

“မင်းကတော့... သေချင်.. နေပြီပဲ”

မျိုးနွယ်စုခေါင်းဆောင် ထန်ခွိုင်က ဒေါသူပုန်ထသွားပြီး ရုတ်တရက်တိုက်ခိုက်လိုက်၏။ သူ၏ ဧရာမလက်ဖဝါးက ဆူဇီမို၏ ဦးခေါင်းပေါ်သို့ ဖိချေကျဆင်းလာပြီး သူ၏ လက်ဖဝါးထဲမှာ ရှေးဟောင်းကြယ်တစ်စင်းက ဖြစ်ပေါ်လာ၏။

“အထီးကျန်သိုင်းသခင်... မင်းရဲ့ လက်ထဲမှာ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းက ကျင့်ကြံသူတွေ သေဆုံးခဲ့ရတယ်လို့ ငါကြားထားတယ်... ဒီနေ့ မင်းအသက်နဲ့ ပြန်ပေးဆပ်လိုက်တော့”

မျိုးနွယ်စုခေါင်းဆောင် သီစန်းကလည်း တစ်ချိန်တည်းမှာ တိုက်ခိုက်လာခဲ့ပြီဖြစ်၏။

ဖျတ်ခနဲဆို ဆေဘာတစ်လက်ကို ဆင့်ခေါ်ပြီး ဆူဇီမိုရှိရာသို့ ခုတ်ပိုင်းချလိုက်၏။

ဆေဘာသွားက ဆင်းသက်မလာခင်မှာပင် အဆုံးမဲ့ ဆိုးယုတ်အော်ရာတစ်ခုက မွန်းကျပ်ဖွယ်ရာ ပုံစံနှင့် တလိပ်လိပ်ထိုးတက်လာ၏။

ပတ်ဝန်းကျင်ရှိ အပူချိန်က ချက်ချင်းပင် ထိုးဆင်းသွားလေသည်။

ပဟေဠိနန်းတော်၏ နန်းတော်အရှင်က ဒေါသထွက်သွားပြီး အော်ပြောလိုက်လေသည်။

“ခင်ဗျားတို့နှစ်ယောက်က မဟာယာနမျိုးနွယ်စုခေါင်းဆောင်တွေပဲ... ခင်ဗျားတို့က ဘယ်လိုတောင် အရှက်မဲ့နိုင်ရတာလဲ”

ကံဆိုးစွာနှင့်ပင်.. မဟာယာနမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်သည် ပဟေဠိနန်းတော်အရှင်၏ အပြစ်တင်ပြောဆိုမှုကို လျစ်လျူရှုပြီး အထီးကျန်သိုင်းသခင်ကို သတ်ဖြတ်ရန် ကြိုးစားလာကြပြီ ဖြစ်၏။

All Chapters