← Chapters

မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်

Vol. 106 Ch. 1583

မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်

Vol. 106 Ch. 1583

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအားလုံးသည် နတ်သမီးအစစ်အမှန်ကျောက်စိမ်းကို တုန်လှုပ်စွာဖြင့် ငေးကြည့်နေကြ၏။

အစစ်အမှန်ကျောက်စိမ်းက ပေါ်ထွက်လာပြီးနောက် ဤကဲ့သို့ ချောမောလှပသော အမျိုးသမီးတစ်ဦးသည် သူမတိုက်ခိုက်လိုက်သည့်ခဏမှာပင် ဤမျှကြောက်စရာကောင်းနေလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။

မဟာယာနမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်သည် အစစ်အမှန်ကျောက်စိမ်း၏ တွေဝေတုံ့ဆိုင်းခြင်းမရှိ သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။

ထိုစဥ်မှာပင် ယက္ခယု၏ အသံက ဆူဇီမို၏ စိတ်ထဲမှာ ပေါ်ထွက်လာ၏။ သူမ၏ အသံက အေးစက်၍ ဒေါသထွက်နေသည့်ပုံပေါက်လေသည်။

“အဲ့ဒီမိန်းမက ဘယ်သူလဲ”

“သူနဲ့ နင်က ဘယ်လိုပတ်သက်ဆက်နွယ်တာလဲ”

“သူက ဘာလို့နင့်ကို အဲ့လောက်ထိ ဂရုစိုက်နေတာလဲ”

ဆူဇီမိုသည် မျက်မှောင်အနည်းငယ် ကြုတ်ပြီး ယက္ခယုကို လျစ်လျူရှုထား၏။

ယခုအချိန်တွင် သူ၏ သွေးချီက အားနည်းနေပြီး သူ၏ ခွန်အားကို ပြန်လည်ဖြည့်တင်းဖို့ အတတ်နိုင်ဆုံး ကြိုးစားနေရ၏။

သူ့အနေဖြင့် ယက္ခယု၏ ရုတ်တရက်ပေါက်ကွဲထွက်ပေါ်လာသော မေးခွန်းများကို အရေးလုပ်ဖို့ အချိန်မရှိပေ။

“အာ...”

ယက္ခယုသည် ဆူဇီမိုထံမှ မည်သည့်တုံ့ပြန်မှုကိုမှ မရရှိသောအခါ ဘာ့ကြောင့်ရယ်မသိ သူမက ညင်သာစွာ သက်ပြင်းချလိုက်၏။

“ဒီကနေ... မြန်မြန်ထွက်သွားတော့... ငါတို့ရဲ့ မျိုးနွယ်စုခေါင်းဆောင်က ရောက်လာတော့မယ်... နင်အခုနေ ထွက်မသွားဘူးဆိုရင် နောက်ကျသွားလိမ့်မယ်”

သူမထိုသို့​ပြောလိုက်သည့်ခဏမှာပင် သိပ်သည်းပြင်းထန်သော သွေးရနံ့နှင့်အတူ ပဟေဠိနန်းတော်ထက်မှ သွေးပင်လယ်တစ်ခု ပေါ်ထွက်လာ၏။ ၎င်းသည် ကောင်းကင်တစ်ခွင်အုပ်မိုး၍ လွှမ်းခြုံလာခဲ့၏။

ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုက ဆင်းသက်လာခဲ့လေသည်။

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် ထိတ်လန့်တကြား အမူအရာများနှင့်အတူ တိတ်ဆိတ်ငြိမ်သက်သွားကြ၏။

တကယ်ဆို... ထိုဖိအားသည် မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်ဖြစ်သော ထန်ခွိုင်နှင့်သီစန်းထက် ပိုမိုသာလွန်လေသည်။

အစစ်အမှန်ကျောက်စိမ်းကလည်း မျက်မှောင်အနည်းငယ် ကြုတ်ပြီး တည်တံ့သောအမူအရာတစ်ခုနှင့်အတူ ကောင်းကင်ထက်ရှိ သွေးပင်လယ်ကို ကြည့်လိုက်လေသည်။

“ဟီး... ဟီးဟီးဟီး...”

မကောင်းဆိုးဝါးဆန်ဆန် ရယ်မောသံတစ်သံက သွေးပင်လယ်ထဲကနေ ထွက်ပေါ်လာ၏။

သွေးပင်လယ်က တလိပ်လိပ်တက်လာပြီး တရုန်းရုန်းထကြွနေသော ဒီရေလှိုင်းများကို ဖြစ်ပေါ်လာစေ၏။ ထိုအထဲတွင် ကြောက်စရာကောင်းသော အော်ရာတစ်ခုနှင့်အတူ ပုံရိပ်တစ်ခုကို ခပ်ရေးရေးမြင်နိုင်လေသည်။

“သွေးနွယ်ပင်မျိုးနွယ်က... ငါတို့ရဲ့ သခင်လေးက ထပ်ပြီးအသတ်ခံလိုက်ရပြန်ပြီလား”

သွေးပင်လယ်ထဲမှ အရိုးထိတိုင်အေးစက်စေနိုင်သောအသံက ထွက်ပေါ်လာ၏။

“မျိုးနွယ်စုခေါင်းဆောင်... သူ့ကို သတ်လိုက်တာ... အထီးကျန်သိုင်းသခင်ပဲ”

သွေးနွယ်ပင်ကလန်သားတစ်ယောက်က အလောတကြီးထရပ်ပြီး ဝမ်းနည်းဖွယ်ရာအသံဖြင့် ပြောလိုက်၏။

“ကောင်းတယ်ကွာ... ကောင်းတယ် ကောင်းတယ်”

သွေးနွယ်ပင်ထဲမှ အသံက ထပ်တလဲလဲချီးကျူးလိုက်၏။

အထီးကျန်သိုင်းသခင်... မင်းက သွေးနွယ်ပင်မျိုးနွယ်က ငါတို့ရဲ့ သခင်လေးနှစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်... ငါ ထန်ဟန်က ဒီနေ့ မင်းကို သေချာပေါက် နောင်တရအောင် လုပ်ပေးရမယ်”

သူ့စကားမဆုံးသေးခင်မှာပင် ကောင်းကင်တစ်ခွင်အုပ်မိုးထားသော အဆုံးမဲ့သွေးပင်လယ်သည် မြင်နိုင်သောနှုန်းထားဖြင့် စုစည်းလာခဲ့၏။

တစ်ခဏချင်းမှာပင် အဆုံးမဲ့သွေးပင်လယ်သည် ပုံရိပ်တစ်ခုအဖြစ် အသွင်ပြောင်းလဲသွား၏။

“ဟာ...”

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများက တုန်လှုပ်စွာဖြင့် ပင့်သက်ရှိုက်လိုက်ကြ၏။

ဤမျှထိကြီးမားသော သွေးပင်လယ်တစ်ခု၏ စွမ်းအားက ဘယ်လောက်တောင်ကြောက်စရာကောင်းလဲ စဥ်းစားကြည့်ဖို့ခက်လေသည်။

သို့သော် ယခု... ဤကဲ့သို့ သိပ်သည်ပြင်းထန်သောစွမ်းအားသည် သွေးနွယ်ပင်တစ်ပင်၏ ခန္ဓာကိုယ်အဖြစ် သိပ်သည်းကျစ်လျစ်သွားလေသည်။ သူက ဘယ်လောက်တောင်သန်မာနေမလဲ။

သွေးနွယ်ပင်မျိုးနွယ်စုခေါင်းဆောင်သည် လေထဲမှာမတ်တတ်ရပ်ပြီး သွေးနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။

သူက သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ဖြစ်ပြီး ရက်စက်ကြမ်းတမ်းသည့် အမူအရာတစ်ခုနှင့်အတူ တဖြည်းဖြည်းဆင်းသက်လာ၏။

“မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်ကို နှုတ်ဆက်ပါတယ်”

သွေးနွယ်ပင်များစွာက မြေပြင်ပေါ်မှာ ဒူးထောက်ချပြီး ရိုသေလေးစားသောအမူအရာများနှင့်အတူ အော်ဟစ်လိုက်ကြ၏။

“ထကြ”

မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်က မသိမသာခေါင်းညိတ်ပြပြီး သူ၏ ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုလိုက်၏။ မြေပြင်ပေါ်ရှိ သွေးနွယ်ပင်မျိုးနွယ်များ၏ အလောင်းများကို ကြည့်ရှုရင်း သူ၏ မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်က သိပ်သည်းကျစ်လစ်လာ၏။

လူသားမျိုးနွယ်များနှင့် တိုက်ခိုက်ရသော ဤတိုက်ပွဲမှာ ကမ္ဘာဦးမျိုးနွယ် ၆ စုကလည်း ကြီးကြီးမားမား ထိခိုက်ဆုံးရှုံးခဲ့ရလေသည်။

ဤတစ်ခေါက်မှာ... သွေးနွယ်ပင်ရာချီက ဤနေရာသို့ ရောက်ရှိလာခဲ့ကြ၏။

စောစောက တိုက်ပွဲသည် သူတို့ထဲက အယောက်တစ်ရာနီးပါးကို သေဆုံးသွားစေလေသည်။

ဒါ့အပြင်... သွေးနွယ်ပင်မျိုးနွယ်မှ သခင်လေးကလည်း ဆူဇီမို၏ သတ်ဖြတ်ခြင်းကိုခံခဲ့ရ၏။

“နံပါတ်ငါး... အဲ့ဒီသွေးနွယ်ပင်က နည်းနည်းတော့သန်မာတဲ့ပုံပဲ”

စိတ်ဝိညာဥ်ကျားက တိတ်တဆိတ်ထိတ်လန့်နေပြီး အသံတစ်ခုကို ပို့လွှတ်လိုက်၏။

“ငါသူ့ကို တစ်ချက်ကြည့်ရုံနဲ့ ငါ့ရဲ့မျိုးဆက်သွေးတွေက ရုန်းရင်းဆန်ခတ်ဖြစ်ကုန်ပြီး ငါ့ရဲ့ခန္ဓာကိုယ်ထဲကနေ ထွက်ခွာတော့မလို ခံစားလာရတယ်”

“နတ်သမီး အစစ်အမှန်ကျောက်စိမ်းက သူ့ကိုတားဆီးနိုင်ပါ့မလား ငါသိချင်မိတယ်”

မြေခွေးလေးက စိုးရိမ်ပူပန်နေ၏။

“အဲ့ဒါက ပြောဖို့ခက််တယ်”

ညဝိညာဥ်က သူ၏ ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။

“ဒီမျိုးနွယ်စုခေါင်းဆောင်ထန်ဟန်ရဲ့ ကျင့်ကြံမှုက နတ်သမီး အစစ်အမှန်ကျောက်စိမ်းထက် ပိုမြင့်လို့လား”

မျောက်က မျက်မှောင်ကြုတ်၍ မေးလိုက်၏။

ညဝိညာဥ်က ခေါင်းခါပြလိုက်၏။

“ဘယ်ဟုတ်ပါ့မလဲ... ဒီမျိုးနွယ်စုခေါင်းဆောင် ထန်ဟန်က အစောပိုင်း မဟာယာနအဆင့်မှာပဲရှိတယ်”

ခဏမျှရပ်တန့်​ပြီးနောက် သူက ဆက်ပြောလိုက်၏။

“ဒါပေမဲ့... ကမ္ဘာဦးမျိုးနွယ်တွေရဲ့ မျိုးဆက်သွေးက မွေးရာပါသန်မာပြီးသားပဲ... အစောပိုင်းမဟာယာနအဆင့်မှာတောင် သူတို့ရဲ့ ပင်ကိုနတ်ဘုရားစွမ်းအားတွေက သူတို့ရဲ့ ခန္ဓာကိုယ်ကို အသွင်ပြောင်းလဲစေပြီးတဲ့နောက် သူတို့ရဲ့ တိုက်ခိုက်ရည်ခွန်အား ၊ မျိုးဆက်သွေး နဲ့ အမြုတေစိတ်ဝိညာဥ်တွေက သာမန်နတ်ဘုရားစွမ်းအား ဆယ်ခုကျော်ကို နားလည်ဆင်ခြင်ထားတဲ့... လူသားတစ်ယောက်နဲ့ တူညီတယ်”

“ဒီအစောပိုင်းအဆင့် မဟာယာနရဲ့ တိုက်ခိုက်ရည်ခွန်အားက လူသားမျိုးနွယ်က အလယ်အလတ်အဆင့် မဟာယာနတစ်ယောက်နဲ့ ယှဥ်နိုင်တယ်လို့ ပြောချင်တာလား”

မျောက်က ရင်တစ်ချက်ထိတ်သွား၏။

“သူတို့က ယှဥ်နိုင်သလို... ပိုပြီးတော့တောင် သန်မာနိုင်တယ်”

ညဝိညာဥ်က ခေါင်းညိတ်ပြလိုက်၏။

သူက ပြောလိုက်လေသည်။

“ကမ္ဘာဦးမျိုးနွယ်တွေက အလယ်အလတ်မဟာယာနအဆင့်ကို ဝင်ရောက်လာတဲ့အခါ အဲ့ဒါက အဆင့်မြင့်နတ်ဘုရားစွမ်းအားဆယ်ခုကျော်ကို နားလည်ဆင်ခြင်ထားတဲ့ လူသားတွေနဲ့ တူညီတယ်... သူတို့က လူသားမျိုးနွယ်က ပကတိမဟာယာနမျိုးနွယ်စုခေါင်းဆောင်တွေနဲ့ ဆန့်ကျင်တိုက်ခိုက်နိုင်တယ်”

“ကမ္ဘာဦးမျိုးနွယ်တွေက နောက်ပိုင်းမဟာယာနအဆင့်ထိ တိုးတက်ပြောင်းလဲလာမယ်ဆိုရင်... ဘယ်အန္တိမနတ်ဘုရားစွမ်းအားကိုမှ နားလည်ဆင်ခြင်ထားခြင်းမရှိရင်တောင် သူတို့ရဲ့ ပင်ကိုနတ်ဘုရားစွမ်းအားတွေက အန္တိမအဆင့်တစ်ခုထိ မြင့်တက်လာလိမ့်မယ်”

မျောက်နှင့် အခြားသူများက တုန်လှုပ်သွားကြ၏။

ချင်ချင်က အလောတကြီးမေးလိုက်၏။

“ကမ္ဘာဦးမျိုးနွယ်တွေက နောက်ပိုင်းအဆင့် မဟာယာနအဖြစ်တက်လှမ်းလာနိုင်တဲ့အခါ အဲ့ဒါက အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်လာနိုင်တာနဲ့ အတူတူပဲလို့ နင်ပြောချင်တာလား”

လူသားများအတွက်တော့ အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်နိုင်ခြင်းက ဧကရာဇ်တစ်ပါးဖြစ်လာခြင်းနှင့် တူညီလေသည်။

ညဝိညာဥ်က ခေါင်းညိတ်ပြလိုက်၏။

“အဲ့ဒါကြောင့်ပဲ... လူသားမျိုးနွယ်ရဲ့ ရှေးဟောင်းကျမ်းစာတွေထဲမှာ ကမ္ဘာဦးမျိုးနွယ်ရဲ့ မျိုးနွယ်စုခေါင်းဆောင်တွေက လူသားမျိုးနွယ်က ဧကရာဇ်တွေနဲ့ ယှဥ်ပြိုင်တိုက်ခိုက်နိုင်တယ်လို့ ဆိုထားတာပေါ့”

“ကမ္ဘာဦးမျိုးနွယ်တွေက ပကတိမဟာယာနအဆင့်ထိ တိုးတက်မြင့်မားလာမယ်ဆိုရင်...”

မြေခွေးလေးသည် ဆက်လက်၍ ပြောဆိုရဲခြင်း မရှိတော့ပေ။

ညဝိညာဥ်က ပြောလိုက်၏။

“ပကတိမဟာယာနအဆင့်မှာရှိတဲ့ ကမ္ဘာဦးမျိုးနွယ်ဝင်တစ်ယောက်က အန္တိမနတ်ဘုရားစွမ်းအားနှစ်ခုကို ပိုင်ဆိုင်ထားတာနဲ့တူတယ်... ကမ္ဘာဦးမျိုးနွယ်ဝင်တစ်ယောက်က အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်ပြီး ဧကရာဇ်တစ်ပါးဖြစ်လာတာနဲ့ ... အဲ့ဒါက ကမ္ဘာဦးမျိုးနွယ်က သာမန်အဆန်ဆုံး ဧကရာဇ်တွေတောင်မှ အန္တိမနတ်ဘုရားစွမ်းအားသုံးခုကို ပိုင်ဆိုင်လာပြီလို့ ဆိုလိုတာပဲ”

“မထူးဆန်းတော့ဘူး”

မျောက်နှင့် အခြားသူများ၏ မျက်လုံးထဲတွင် နားလည်သဘောပေါက်သည့် အမူအရာများက ပေါ်ထွက်လာ၏။

ရှေးဟောင်းခေတ်စစ်ပွဲမှာတုန်းက လူသားမျိုးနွယ်သည် ဧကရာဇ်များစွာပေါ်ထွက်လာခြင်းနှင့်အတူ သူတို့၏ ရွှေခေတ်သို့ ရောက်ရှိခဲ့သော်လည်း သူတို့က တဖြည်းဖြည်း ရှုံးနိမ့်နေရဆဲ ဖြစ်၏။

လူသားမျိုးနွယ်မှ ဧကရာဇ်အများစုသည် ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ်များကို မယှဥ်နိုင်ပေ။

အဲ့ဒါက အကြောင်းပြချက်ရှိလေသည်။

လူသားမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်သည် အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်နိုင်သည်နှင့်အမျှ သူတို့က ဧကရာဇ်တစ်ပါးဖြစ်လာနိုင်၏။

သို့သော်လည်း... ကမ္ဘာဦးမျိုးနွယ်မှ သာမန်အဆန်ဆုံး ဧကရာဇ်များပင်လျှင် အန္တိမနတ်ဘုရားစွမ်းအားသုံးခုကို ပိုင်ဆိုင်ထား၏။

ကမ္ဘာဦးမျိုးနွယ်များနှင့်ပတ်သက်၍ မည်သူကမှ သူ့ထက်ပိုမသိနိုင်ပေ။

တဗူးတစ်ကောင်အနေဖြင့် သူ၏ မြင့်မားတိုးတက်နိုင်မှု ပါရမီအလားအလာက ကမ္ဘာဦးမျိုးနွယ်များထက်ပင် ပို၍ကြောက်စရာကောင်းလေသည်။

“မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်... ခင်ဗျား ကျုပ်တို့အတွက် လက်စားချေပေးရမယ်”

သွေးနွယ်ပင်တစ်ယောက်က အံကိုကြိတ်ကာ ပြောလိုက်၏။

“အဲ့ဒီလူသားတွေက ပိုပိုပြီးတော့ ရဲတင်းလာကြပြီ... သူတို့က ကျုပ်တို့ကိုတောင် ဆန့်ကျင်တိုက်ခိုက်ရဲနေပြီ”

“အဲ့ဒါ ဟုတ်တယ်”

နောက်ထပ် သွေးနွယ်ပင်မျိုးနွယ် တစ်ယောက်က မုန်းတီးစွာပြောလိုက်၏။

“သခင်လေးထန်လောက မမျှတတဲ့ပုံစံနဲ့ သေဆုံးခဲ့ရတာ... အထီးကျန်သိုင်းသခင်က သူ့ကိုချောင်းမြောင်းတိုက်ခိုက်ပြီးတော့ မြားတစ်စင်းနဲ့ သတ်ဖြတ်ခဲ့တာပဲ”

“ဘာမှမပူကြနဲ့”

မျိုးနွယ်စုခေါင်းဆောင်ထန်ဟန်က မကောင်းဆိုးဝါးဆန်ဆန် ပြုံးပြလိုက်လေသည်။

“ထျန်ဟွမ်ကုန်းမြေတိုက်ကြီးရဲ့ အစစ်အမှန်အရှင်သခင်က ဘယ်သူတွေလည်းဆိုတာ... ဒီလူသားပုရွက်ဆိတ်တွေကို သိအောင် ငါ ပြပေးမယ်”

သူ့စကားမဆုံးသေးခင်မှာပင် သူက ရုတ်တရက် သူ၏ ပါးစပ်ကိုဖွင့်ဟပြီး လေတစ်ချက်ကို ရှူသွင်းလိုက်၏။

ဖောက်... ဖောက်... ဖောက်...

သူနှင့်အနီးဆုံးမှာရှိနေသော သက်ရှိရာဂဏန်းတချို့သည် လူသားကျင့်ကြံသူများဖြစ်စေ... သားရဲများဖြစ်စေ... တခြားမျိုးနွယ်မှ သက်ရှိများဖြစ်စေ သူတို့သည် သွေးမြူများအဖြစ် ပေါက်ကွဲထွက်ကုန်ကြ၏။

သွေးမြူများသည် လေထဲမှာစုစည်းပြီး သွေးစီးကြောင်းများအဖြစ်ပြောင်းလဲကာ မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်၏ ပါးစပ်ထဲသို့ တလိပ်လိပ်တိုးဝင်လာလေသည်။

ချက်ချင်းပင် သွေးစီးကြောင်းရာချီက မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်၏ ပါးစပ်ထဲသို့ တလိပ်လိပ်တိုးဝင်လာ၏။

ထိုမြင်ကွင်းသည် အလွန်တရာကြောက်စရာကောင်းသည့်ပုံပေါ်ပြီး သက်ရှိများအားလုံးက ကျောရိုးတစ်လျှောက်ချမ်းစိမ့်၍ ကြက်သီးမွေးညင်းများ ထလာကြ၏။

“အဲ့ဒါက ဘယ်လိုစွမ်းအားမျိုးပါလိမ့်”

အသက်တစ်ချက်ရှုသွင်းရုံဖြင့် မျိုးနွယ်စုတစ်သောင်းမှသက်ရှိများ၏ သွေးများသည် သူတို့၏ ခန္ဓာကိုယ်ကနေ အထိန်းအကွပ်မဲ့စွာ ထွက်ခွာပြီး မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်၏ ပါးစပ်ထဲသို့ စုပ်ယူသွင်းခြင်းခံလိုက်ရ၏။

ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်လောက်ကို မပြောနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးပညာရှင်များပင်လျှင် ထိုစုပ်ယူအားမှာ သူတို့၏ သွေးချီကို ဆုံးရှုံးကုန်ကြ၏။

သူတို့သည် ခြောက်သွေ့သောအလောင်းများအဖြစ်ပြောင်းလဲပြီး တစ်ခဏချင်းမှာပင် သေဆုံးကုန်ကြ၏။

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြပြီး မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်၏ ဝါးမျိုစုပ်ယူခြင်းခံရမည်ကို စိုးရိမ်ကာ တစ်ယောက်ပြီးတစ်ယောက် နောက်သို့ဆုတ်ခွာကုန်ကြ၏။

All Chapters