ငါက နင့်ကို သတ်မှာ
Vol. 106 Ch. 1584
ကမ္ဘာဦးမျိုးနွယ်မှ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက် ရောက်ရှိလာမှုသည် လူသားမျိုးနွယ်၏ အားမာန်တက်ကြွမှုကို နောက်တစ်ဖန် ငြိမ်းသေသွားစေ၏။
အဲဒါသည် ကျင့်ကြံသူများ၏ ဦးခေါင်းပေါ်ကနေ ရေခဲရေများဖြင့် လောင်းချလိုက်သည့်အလားပင်။
အထီးကျန်သိုင်းသခင်က ဤနေရာမှာ ရှိနေသည်ဆိုတော့ရော ဘာဖြစ်လဲ…။
မျိုးနွယ်စုတစ်သောင်း စုဝေးပွဲသည် မျိုးနွယ်စုခေါင်းဆောင်များ၏ အဆင့်သို့ ရောက်ရှိလာသည်နှင့် စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများ အားလုံးက ပုရွက်ဆိတ်များထက် မပိုတော့ပေ။
အထီးကျန်သိုင်းသခင်သည် အနည်းငယ် ပိုမိုသန်မာသော ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်ပြီး သူကလည်း ချမ်းသာရာရလိမ့်မည် မဟုတ်ပေ။
စောစောက ကမ္ဘာဦးမျိုးနွယ် ၆ စုနှင့် ဆန့်ကျင်တိုက်ခိုက်နေသော ပဟေဠိနန်းတော်၊ ဆန်းကြယ်တောင်ထွတ်၊ အဆူရာဂိုဏ်းနှင့် ဒီပင်္ကရာကျောင်းတော်မှ ကျင့်ကြံသူများသည် တိတ်ဆိတ်ငြိမ်သက်သွားပြီး ကြောက်ရွံ့မှုဖြင့် တုန်ယင်နေကြ၏။
မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်က အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတစ်ခုကို စတင်လာမည်ဆိုလျှင် မည်သူက တားဆီးနိုင်ပါ့မလဲ မသိနိုင်ပေ။
“နင့်ဆီက ဖြာထွက်နေတဲ့ အော်ရာက ငါ့ကို အော်ဂလီဆန်စေတာပဲ”
အစစ်အမှန်ကျောက်စိမ်းသည် မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်ကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်ပြီး သူမကို မနှစ်မမျို့ဖြစ်စေသွားစေသည့် တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား.. သူမ၏ မျက်လုံးထဲရှိ သတ်ဖြတ်ခြင်း စိတ်ဆန္ဒတစ်ခုနှင့်အတူ အေးစက်စွာ ပြောလိုက်၏။
ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွားပြီး အလျင်အမြန် နားလည်သဘောပေါက်သွား၏။
မဟာချွမ်အင်ပါယာ၏ ဖျက်ဆီးခံရခြင်းသည် လုံရန်ကြောင့် ဖြစ်သော်လည်း ၎င်း၏ နောက်ကွယ်မှာ ကြိုးကိုင်ခြယ်လှယ်သူတစ်ယောက် ရှိနေ၏။
သွေးရောင်မျက်နှာသည် ကြိုးကိုင်ခြယ်လှယ်သူဖြစ်ဖို့ များလေသည်။
သို့မဟုတ် တာအိုအရှင် သွေးမိစ္ဆာ ဖြစ်နိုင်လေသည်။
သို့သော်လည်း သွေးရောင်မျက်နှာဖြစ်စေ.. တာအိုအရှင် သွေးမိစ္ဆာဖြစ်စေ.. အဲဒါသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်နှင့် ဆက်စပ်နေ၏။
တာအိုအရှင် သွေးမိစ္ဆာကတော့ သူသည် သွေးနွယ်ပင်မျိုးနွယ်၏ အဆက်အနွယ်တစ်ယောက်ဖြစ်ပြီး မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို သူတို့၏ ကျင့်ကြံရေးနည်းစနစ်များနှင့် လျှို့ဝှက်အတတ်များကနေ ထုတ်နုတ်ဖန်တီးထားခြင်းဖြစ်၏။
အဲဒါကြောင့် မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်၏ အော်ရာသည် အစစ်အမှန်ကျောက်စိမ်းကို မဟာချွမ်အင်ပါယာ ဖျက်ဆီးခံရခြင်းအကြောင်း ပြန်လည်အမှတ်ရသွားစေ၏။
“သတိထားဦး”
ဆူဇီမိုက သတိပေးလိုက်၏။
သူသည် မျိုးနွယ်စုခေါင်းဆောင်များဖြစ်သော ထျန်ခွိုင်နှင့် သီစန်းတို့၏ အမဲလိုက်ခြင်းခံရပြီးနောက်.. ကြီးမားစွာ ဆုံးရှုံးခဲ့ရသည့် သိပ်သည်းပြင်းထန်သော သူ၏ သွေးချီများကို ပြန်လည်ဖြည့်တင်းနေရဆဲဖြစ်၏။
ဒါ့အပြင် သူ၏ လက်ရှိအခြေအနေအရ.. သူသည် ဤအဆင့်တိုက်ပွဲမှာ များစွာ အကူအညီမပေးနိုင်ပေ။
“ဘာလို့လဲ.. နင်ကလည်း ငါ့ကို တားချင်နေတာလား မိန်းမလှလေး”
မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်၏ အကြည့်က မည်သည့် စိတ်ခံစားချက်မှ မရှိဘဲ အစစ်အမှန်ကျောက်စိမ်းပေါ်သို့ ဆင်းသက်လာ၏။
အစစ်အမှန်ကျောက်စိမ်းသည် ရက်ရက်စက်စက် ချောမောလှပ၍ ချို့ယွင်းချက် ကင်းမဲ့သော်လည်း.. သူမသည် မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်၏ မျက်လုံးထဲမှာ လှပသော စားစရာတစ်ခုထက် မပိုပေ။
သွေးနွယ်ပင်မျိုးနွယ်ဝင်များ၏ မျက်လုံးများထဲတွင် မျိုးနွယ်စုတစ်သောင်းသည် သူတို့အတွက် စားသောက်ဖွယ်ရာများ ဖြစ်လေသည်။
အခြားသော ကမ္ဘာဦးမျိုးနွယ် ၈စုပင်လျှင်.. လုံလောက်အောင် သန်မာခြင်း မရှိပါက သွေးနွယ်ပင်မျိုးနွယ်သည် အခြားသော ကမ္ဘာဦးမျိုးနွယ်ဝင်များကိုပင် စားသုံးမည်ဖြစ်လေသည်။
“ငါက နင့်ကို တားမှာ မဟုတ်ဘူး.. ငါက နင့်ကို သတ်မှာ”
ထိုသို့ပြောပြီးနောက်.. အစစ်အမှန်ကျောက်စိမ်းသည် ပေါ့ပါးစွာ လျှောက်လှမ်းပြီး တစ်ခဏချင်းမှာပင်.. မျိုးနွယ်စုခေါင်းဆောင် ထန်ဟန် ရှေ့သို့ ရောက်ရှိလာ၏။ သူမက ကျောက်စိမ်းဆံထိုးကို သူမ၏ လက်ချောင်းများကြားမှာ ညှပ်ပြီး ထိုသူ၏ နှာရောင်ဆီသို့ ပစ်စိုက်ချလိုက်၏။
“ဟမ့်”
မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်က မကောင်းဆိုးဝါးဆန်ဆန် ရယ်မောလိုက်၏။
“စားစရာ.. နင်က ငါ့ရှေ့ကို ကိုယ်တိုင်ရောက်လာတယ်ဆိုတော့.. တကယ့်ကို သေချင်နေတာပဲ.. ငါက အထီးကျန်သိုင်းသခင်ကို မဝါးမျိုခင် နင့်ကို အရင်ဝါးမျိုရမယ်”
သူသည် အစစ်အမှန်ကျောက်စိမ်းကို လုံးဝ အတည်အတံ့မှတ်ယူထားခြင်း မရှိပေ။
သူသည် အစောပိုင်း မဟာယာနအဆင့်မှာသာ ရှိသော်လည်း ကမ္ဘာဦးမျိုးနွယ်များ၏ အစောပိုင်းအဆင့် မဟာယာနမျိုးနွယ်စုခေါင်းဆောင်များသည် လူသားမျိုးနွယ်၏ အလယ်အလတ်အဆင့် မဟာယာနမျိုးနွယ်စုခေါင်းဆောင်များကို ဖိနှိမ်နိုင်လေသည်။
ရုတ်တရက်.. အေးစက်နေသော စိတ်ဆန္ဒတစ်ခုက ဆင်းသက်လာ၏။
အစစ်အမှန်ကျောက်စိမ်းက နတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်ပြီဖြစ်၏။
“ဟမ့်”
မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်၏ အမူအရာက ပြောင်းလဲသွား၏။
အေးစက်နေသော ထိုစိတ်ဆန္ဒအောက်မှာ သူ၏ မျိုးဆက်သွေးသည် ပုံဆောင်ခဲအဖြစ် ဖွဲ့တည်ပြီး အေးခဲတော့မည့် လက္ခဏာများ ပြသလာ၏။
“ဘယ်လောက်တောင် သန်မာလိုက်တဲ့ နတ်ဘုရားစွမ်းအားလဲ”
မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်က ရင်တစ်ချက်ထိတ်သွား၏။
ပုံမှန်အခြေအနေမှာဆိုလျှင်.. ရိုးရိုးသာမန်နတ်ဘုရားစွမ်းအားများသည် သူ့အပေါ် သက်ရောက်စေနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း.. အစစ်အမှန်ကျောက်စိမ်း၏ သာမန်နတ်ဘုရားစွမ်းအားသည် သူ့အပေါ် သက်ရောက်စေရုံသာမက.. သူ၏ အသက်ကိုပင် ခြိမ်းခြောက်လာခဲ့၏။
“သွေးယိုစီးခြင်း”
မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်က အော်ငေါက်လိုက်ပြီး သူ၏ ပါးစပ်ကို ဖွင့်ဟကာ အစစ်အမှန်ကျောက်စိမ်း ရှိရာဘက်သို့ အသက်ပြင်းပြင်း ရှိုက်လိုက်လေသည်။
အဲဒါသည် သွေးနွယ်ပင်မျိုးနွယ်၏ ပင်ကိုနတ်ဘုရားစွမ်းအား ဖြစ်လေသည်။
သူသည် မဟာယာနအဆင့်သို့ ဝင်ရောက်လာသောအခါ.. ထိုပင်ကိုနတ်ဘုရားစွမ်းအားသည် လူသားမျိုးနွယ်၏ သာမန်နတ်ဘုရားစွမ်းအားများထက် မနိမ့်ကျသော အနေအထားတစ်ခုထိ တိုးတက်မြင့်မားလာခဲ့၏။
သွေးယိုစီးခြင်း နတ်ဘုရားစွမ်းအား၏ လွှမ်းခြုံမှုအောက်မှာ မည်သည့်သက်ရှိ၏ မျိုးဆက်သွေးမဆို.. သွေးနွယ်ပင်မျိုးနွယ်ထံသို့ စုပ်ယူခြင်းခံရပေလိမ့်မည်။
အစစ်အမှန်ကျောက်စိမ်းက သူမ၏ အကြည့်ကို အနည်းငယ် ကျဉ်းမြောင်းလိုက်၏။
သွေးယိုစီးခြင်း နတ်ဘုရားစွမ်းအားက ဆင်းသက်လာပြီး သူမ၏ မျိုးဆက်သွေးက လှုပ်ခတ်ကာ သူမ၏ ခန္ဓာကိုယ်ထဲကနေ ထွက်ခွာချင်နေကြောင်း သူမက ရှင်းလင်းစွာ အာရုံခံမိလိုက်၏။
မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်က သူမ၏ မျိုးဆက်သွေးကို စုပ်ယူမည်ဆိုလျှင် သူမ၏ သွေးချီက ကုန်ခမ်းလာပြီး ထိုသူ၏ သွေးချီကတော့ မြင့်မားလာပေလိမ့်မည်။ ထိုအခါ သူမသည် သေချာပေါက် ရှုံးနိမ့်ရပေလိမ့်မည်။
“ဟမ်”
အစစ်အမှန်ကျောက်စိမ်း၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိဘဲ သူမ၏ စိတ်ဝိညာဉ်အသိစိတ်ကို လှည့်ပတ်ကာ ဒုတိယမြောက် နတ်ဘုရားစွမ်းအားတစ်ခုကို ချက်ချင်းပင် ထုတ်ဖော်လိုက်၏။ အေးစက်နေသော အော်ရာတစ်ခုက သူမ၏ ခန္ဓာကိုယ်ကနေ ရုန်းကန်ထွက်ပေါ်လာပြီး သူမ၏ မျိုးဆက်သွေးကိုပင် အေးခဲလုနီးပါး ဖြစ်သွားစေ၏။
ချက်ချင်းပင် မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်၏ သွေးယိုစီးခြင်း နတ်ဘုရားစွမ်းအားက အကျိုးသက်ရောက်မှု မရှိတော့ပေ။
အစစ်အမှန်ကျောက်စိမ်း၏ လက်ချောင်းများကြားရှိ ကျောက်စိမ်းဆံထိုးသည် မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်၏ နှာရောင်ဆီသို့ ဝင်ရောက်လာခဲ့ပြီဖြစ်၏။
ချွမ်း…
မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်၏ နှာရောင်က တောက်ပသွားပြီး သွေးဘူးတောင်းတစ်ခုက ပျံသန်းထွက်ပေါ်လာ၏။ ၎င်းသည် ကြွပ်ဆတ်ဆတ် အသံတစ်ခုနှင့်အတူ ကျောက်စိမ်းဆံထိုးနှင့် ထိတွေ့ရိုက်ခတ်သွားလေသည်။
“နင်က နင့်ရဲ့သွေးကို အသောက်မခံဘူးဆိုမှတော့.. ငါက ငါ့ရဲ့ သွေးအရသာကို နင့်ကို မြည်းစမ်းပေးမယ်”
မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်က သွားဖြဲပြီး လေထဲတွင် သွေးဘူးတောင်းကို ပစ်တင်လိုက်လေသည်။ သွေးဘူးတောင်းက အောက်သို့ ဇောက်ထိုးဆင်းလာပြီး များပြားလှစွာသော သွေးရည်များကို သွန်ချကာ အစစ်အမှန်ကျောက်စိမ်းပေါ်သို့ လွှမ်းခြုံလာခဲ့လေသည်။
ထိုသွေးများက ရိုးရိုးသာမန်မျိုးဆက်သွေးများ မဟုတ်ပေ။
အဲဒါသည် နှစ်ပေါင်းများစွာကြာအောင် မျိုးနွယ်စုခေါင်းဆောင် ထန်ဟန် သန့်စင်မွန်းမံထားသော အမြုတေသွေး ဖြစ်လေသည်။
ထျန်လော၏ သိုလှောင်အိတ်ထဲမှ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်၏ အမြုတေသွေးစက်သည်ပင် ရှေးဟောင်းအတုမရှိ ရတနာ ဓမ္မဖြိုခွင်းလေးကို ပျက်ယွင်းသွားစေဖို့ လုံလောက်ခဲ့လေသည်။
မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်၏ အမြုတေသွေး ပမာဏနှင့်အတူ ၎င်း၏ စွန်းထင်းခြင်းကို ခံရပါက.. ဓမ္မရတနာတစ်ခုပင်လျှင် ၎င်း၏ စွမ်းအားကို ဆုံးရှုံးရပြီး အသုံးပြုနိုင်တော့မည် မဟုတ်ပေ။
“ဘာမဟုတ်တဲ့ လှည့်ကွက်နဲ့များ”
အစစ်အမှန်ကျောက်စိမ်း၏ အမူအရာက အကြောက်အလန့်ကင်းမဲ့နေပြီး သူမ၏ မျက်လုံးထဲမှာ မည်သည့် ဝဲဂယက်မှ ဖြာထွက်မလာခဲ့ပေ။
ရုတ်တရက်.. သူမက သူမ၏ ပါးစပ်ကို ဖွင့်ဟပြီး လေထဲမှာ ပြန့်ကျဲနေသော မျိုးနွယ်စုခေါင်းဆောင်၏ အမြုတေသွေး ရှိရာသို့ အဖြူရောင် နှင်းချီများကို ထွေးထုတ်လိုက်လေသည်။
ဖျောက်.. ဖျောက်.. ဖျောက်…
မျိုးနွယ်စုခေါင်းဆောင်၏ ကြီးမားသော အမြုတေသွေး ပမာဏသည် လေထဲမှာ ချက်ချင်းပင် အေးခဲသွား၏။
သို့သော်လည်း.. မျိုးနွယ်စုခေါင်းဆောင်၏ အမြုတေသွေးအတွင်း ရေခဲအလွှာများထဲကနေ ရုန်းထွက်ချင်နေသည့် အလွန်တရာ ဆိုးယုတ်သော စွမ်းအားတစ်ခု ရှိနေ၏။
“လောင်ကျွမ်းလိုက်စမ်း”
ရုတ်တရက်ဆိုသလို…
အစစ်အမှန်ကျောက်စိမ်း၏ မျက်လုံးထဲမှာ သွေးနီရောင် အလင်းတစ်စက် ဖျတ်ခနဲလက်သွားပြီး သူမ၏ လက်ချောင်းများဖြင့် သူမ၏ နဖူးကို ညင်သာစွာ ထိလိုက်လေသည်။
အေးခဲနေသော မျိုးနွယ်စုခေါင်းဆောင်၏ အမြုတေသွေးများ အောက်ဘက်တွင် နတ်ဘုရားစွမ်းအား မီးတောက်လုံးတစ်လုံးက ပေါ်ထွက်လာ၏။
ရေခဲနှင့် မီးစွမ်းအားတို့၏ ထိတွေ့ရိုက်ခတ်မှုသည် မျိုးနွယ်စုခေါင်းဆောင်၏ အမြုတေသွေးကို ဘာမှမကျန်အောင် ချက်ချင်းပင် သန့်စင်လိုက်လေသည်။
“အား…”
ဤတစ်ကြိမ်မှာတော့.. မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွား၏။
အစကတော့.. အစစ်အမှန်ကျောက်စိမ်းသည် ရေဓာတ်နတ်ဘုရားစွမ်းအားများမှာသာ အထူးပြုပြီး သူ့အပေါ် ခြိမ်းခြောက်မှုများစွာ မရှိဟု သူက တွေးထင်ထား၏။
ယခု.. အစစ်အမှန်ကျောက်စိမ်းသည် ရေဓာတ်နတ်ဘုရားစွမ်းအားများစွာကို ထိန်းချုပ်နိုင်ရုံသာမက.. သူမသည် မီးဓာတ်နတ်ဘုရားစွမ်းအားများကိုပါ အသုံးပြုလာနိုင်လေသည်။
အနှစ်သာရအားဖြင့် သွေးနွယ်ပင်မျိုးနွယ်သည် အသိစိတ် ရရှိလာသော အပင်အမျိုးအစားသာ ဖြစ်ပြီး မီးဓာတ်ကို အကြောက်ရွံ့ဆုံး ဖြစ်လေသည်။
ထိုကြောင့်ပင်လျှင်.. ကြယ်ခြောက်စင်းတောင်ပေါ်မှာတုန်းက ဆူဇီမိုသည် စတုရတီတာအိုမီးကို ထုတ်ဖော်သောအခါ.. သွေးနွယ်ပင်မျိုးနွယ်က ကြီးမားစွာ ပျက်စီးထိခိုက်ခံခဲ့ရခြင်းဖြစ်၏။
အစစ်အမှန်ကျောက်စိမ်း နောက်တစ်ဖန် ချဉ်းကပ်လာသောအခါ.. ကျောက်စိမ်းဆံထိုးသည် အလွန်တရာ ကြောက်စရာကောင်းသော နတ်ဘုရားစွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားသည့် ခပ်ပါးပါး မီးတောက်များနှင့်အတူ လောင်ကျွမ်းလာခဲ့၏။
မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်သည် တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ သူ၏ အစစ်အမှန်ပုံစံသို့ ချက်ချင်းပင် ပြောင်းလဲလိုက်၏။
ဧရာမ သွေးနွယ်ပင်တစ်ပင်က တိုက်ပွဲနယ်မြေမှာ အမြစ်တွယ်လာခဲ့ပြီး ရာနှင့်ချီသော တုတ်ခိုင်သည့် သွေးနွယ်ပင်များက အစစ်အမှန်ကျောက်စိမ်း ရှိရာဘက်သို့ ရစ်ပတ်ကာ ဝှေ့ယမ်းလာခဲ့၏။
များစွာသော ကျင့်ကြံသူများက စိတ်အားမာန်တက်ကြွလာကြ၏။
နောက်ပိုင်းတွင် ပေါ်ထွက်လာခဲ့သော ဤလူသားမျိုးနွယ်စုခေါင်းဆောင် အမျိုးသမီးသည် ဤမျှအထိ လွှမ်းမိုးခြယ်လှယ်မှုရှိပြီး မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်ကို သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲရအောင် ဖိအားပေးနိုင်လိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ကြပေ။
ဖျောက်.. ဖျောက်.. ဖျောက်…
အစစ်အမှန်ကျောက်စိမ်း၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိဘဲ သူမသည် ဝင်ရောက်လာသော သွေးနွယ်ပင်များကို သူမ၏ ဘယ်ဘက်လက်ထဲရှိ ရေခဲများနှင့်အတူ အေးခဲစေလေသည်။
သူမ၏ ညာဘက်လက်ပေါ်မှာ မီးတောက်များက ဆင်းသက်လာခဲ့၏။
မီးနှင့်ရေသည် တစ်ခုကိုတစ်ခု တန်ပြန်ဒုက္ခပေးနိုင်ပြီး ထိုစွမ်းအားနှစ်ခု၏ ထိတွေ့ရိုက်ခတ်ခြင်းက ပို၍ပင် ကြောက်စရာကောင်းသော နတ်ဘုရားစွမ်းအားတစ်ခုကို ဖြစ်ပေါ်လာစေ၏။
ချက်ချင်းပင် မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်၏ သွေးနွယ်ပင်များက ဘာမှမကျန်အောင် ပျက်စီးသွားလေသည်။
တစ်ခဏချင်းမှာပင် ရာနှင့်ချီသော သွေးနွယ်ပင်များ၏ ထက်ဝက်က အစစ်အမှန်ကျောက်စိမ်း၏ ဖျက်ဆီးခြင်းကို ခံလိုက်ရ၏။
အစစ်အမှန်ကျောက်စိမ်း၏ အမူအရာက အေးစက်နေပြီး မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်၏ အသိစိတ်ရှိရာသို့ ဝင်ရောက်ကာ ထိုသူကို သတ်ဖြတ်ဖို့ ဆုံးဖြတ်ထားလေသည်။
မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်က အဲဒါကို လုံးဝ မတားဆီးနိုင်ပေ။
“ဝူထျန်၊ ကျင်းယန်.. မင်းတို့တွေက ဘယ်လောက်ကြာကြာ စောင့်ကြည့်နေဦးမှာလဲ.. ငါ့ကို မြန်မြန်လာပြီး ကူကြဦး.. ဒီအမျိုးသမီးက ကိုင်တွယ်ရ တကယ်မလွယ်ဘူး”
ရုတ်တရက် မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်က စူးစူးဝါးဝါး အော်ပြောလိုက်လေသည်။