← Chapters

မျိုးနွယ်စုခေါင်းဆောင်ခြောက်ယောက် ရောက်ရှိလာမှု

Vol. 106 Ch. 1585

မျိုးနွယ်စုခေါင်းဆောင်ခြောက်ယောက် ရောက်ရှိလာမှု

Vol. 106 Ch. 1585

“ဟားဟားဟားဟား”

လေထဲတွင် ကျယ်လောင်သောရယ်သံတစ်သံ ထွက်ပေါ်လာပြီး မိုးကောင်းကင်ထက်မှာ ဧရာမအက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာ၏။ အကန့်အသတ်မဲ့သော ရွှေရောင်အလင်းတန်းတစ်ခုက အထဲကနေ ပစ်လွင့်ထွက်ပေါ်လာပြီး ညအမှောင်ကောင်းကင်ကို နေ့ဘက်ကဲ့သို့ ထိန်ထိန်လင်းသွားစေ၏။

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိအားလုံးက မော့ကြည့်လိုက်ကြ၏။

ဧရာမရွှေရောင်အက်ကွဲကြောင်းထဲကနေ ပုံရိပ်ငါးခုက လျှောက်လှမ်းထွက်လာကြ၏။

ပုံရိပ်ငါးခုက ဤနေရာသို့ ဆင်းသက်လာပြီး လောကသည် သူတို့ကို ဝင်ဆံ့ဖို့ လက်မခံနိုင်သည့်အလား လေဟာနယ်ထဲမှာ အက်ကွဲကြောင်းများ ပေါ်ထွက်လာ၏။

အဆုံးမဲ့သော အလင်းတစ်ခုက တလိပ်လိပ်ထိုးတက်လာလေသည်။

လောကက ပြောင်းလဲသွားလေပြီ။

သိပ်သည်းပြင်းထန်သော စွမ်းပကားတစ်ခုက ဆင်းသက်လာပြီး မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် ခပ်ထိုင်းထိုင်းအော်ဟစ်ညည်းတွားလိုက်ကြ၏။

ဤသူများသည် ပဟေဠိနန်းတော်သို့ တစ်ချိန်တည်းမှာ ရောက်ရှိလာသော ကမ္ဘာဦးမျိုးနွယ်များမှ မဟာယာနမျိုးနွယ်စုခေါင်းဆောင် ၅ယောက်ဖြစ်လေသည်။

သွေးနွယ်ပင်မျိုးနွယ်မှ မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်အပါအဝင်... သူတို့ ၆ယောက်က ဤနေရာသို့ ရောက်ရှိလာကြ၏။

ပုံရိပ်ငါးခုကြားတွင် အလယ်မှာရှိသောတစ်ယောက်သည် ရွှေရောင်ဆံပင် ၊ အပြာရောင်မျက်လုံးနှင့် မနှိုင်းယှဥ်သာအောင် ရုပ်ရည်ချောမောပြီး အရပ်အမောင်းမြင့်မားလေသည်။ သူက ရွှေရောင်တိုက်ပွဲဝင် ချပ်ဝတ်တစ်စုံကို ဝတ်ဆင်ထားပြီး သူ၏ ရွှေရောင်သွေးချီက တလိပ်လိပ်တက်နေကာ သူ၏ မျက်လုံးများက နတ်ဘုရားဆန်ဆန် အလင်းတစ်ခုဖြင့် တောက်ပနေ၏။

နတ်ဘုရားမျိုးနွယ်၏ မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီ...

သူ၏ ဘယ်ဘက်မှာက သူ၏ မျက်နှာကို ခေါင်းခြုံတစ်ခုဖြင့် ဖုံးကွယ်ထားသော အစိမ်းရင့်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ကျင့်ကြံသူတစ်ယောက်ဖြစ်၏။

အစိမ်းရင့်ရောင်ဝတ် ကျင့်ကြံသူ၏ ခေါင်းခြုံသည် မကောင်းဆိုးဝါးဆန်ဆန် အစိမ်းရောင်အလင်းနှစ်ခုကိုသာလျှင် ထုတ်ဖော်ထားလေသည်။

အဲ့ဒါသည် မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်လှမ်းခေါ်ခဲ့သော ဝူထန်ဖြစ်ပြီး သူက စုန်းမျိုးနွယ်မှဖြစ်လေသည်။

မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီ၏ ညာဘက်တွင် အေးစက်စက်မျက်နှာထားနှင့် အမျိုးသားတစ်ယောက်ရှိလေသည်။ သူက... အမူအရာကင်းမဲ့နေပြီး လူသားတစ်ယောက်နှင့် လုံးဝမကွာခြားသည့်ပုံပေါ်လေသည်။

သို့သော်လည်း သူ၏ နှာရောင်ပေါ်မှာ မျက်လုံးတစ်လုံးနှင့်ဆင်တူသော သွေးရောင်အမာရွတ်တစ်ခုရှိနေ၏။

အေးစက်စက်မျက်နှာထားနှင့်အမျိုးသားက သူ၏ အကြည့်ကို ရွေ့လျားလိုက်သောအခါ သူ၏ အကြည့် ဆင်းသက်ရာနေရာတိုင်းရှိ လေဟာနယ်က ပြိုကျသွားလေသည်။

သူက ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ မျိုးနွယ်စုခေါင်းဆောင် စန်းမင်ဖြစ်လေသည်။

မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီ၏ ဘယ်ဘက်နှင့်ညာဘက် အစွန်ဆုံးရှိ... လူနှစ်ယောက်တွင် တောင်ပံများရှိနေ၏။

သို့သော်လည်း ညာဘက်အစွန်တွင်ရှိသောတစ်ယောက်က စိမ်းဖန့်ဖန့်မျက်နှာနှင့်အတူ အလွန်တရာရုပ်ဆိုးအကျည်းတန်ပြီး ဆိုးယုတ်တစ္ဆေတစ်ကောင်ကဲ့သို့ ပြူထွက်နေသော သွားစွယ်များရှိလေသည်။ သူ၏ နက်မှောင်နေသော အသားပြားတောင်ပံများကို တဖျတ်ဖျတ်ခတ်ပြီး သူ့ထံမှ ဆိုးယုတ်အော်ရာတစ်ခုက ဖြာထွက်နေ၏။

သူက ယက္ခမျိုးနွယ်မှ မျိုးနွယ်စုခေါင်းဆောင် လီယင်ဖြစ်လေသည်။

ဘယ်ဘက်အစွန်တွင်ရှိသောလူက လူသားတစ်ယောက်၏ ခန္ဓာကိုယ်နှင့် ငှက်တစ်ကောင်၏ ဦးခေါင်းရှိလေသည်။ သူ၏ ရွှေရောင်တောင်ပံများက ချစ်ချစ်တောက်ပူလောင်သော မီးတောက်များဖြင့် လောင်ကျွမ်းနေပြီး သူ့မှာထက်ရှသော အကြည့်တစ်ခုရှိလေသည်။ သူက လူတစ်ပိုင်း ငှက်တစ်ပိုင်း ပုံသဏ္ဌာန်မှာရှိလေသည်။

အဲ့ဒါသည် မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်ခေါ်ဆိုခဲ့သော မျိုးနွယ်စုခေါင်းဆောင် ကျင်းယန်ဖြစ်ပြီး သူက ရွှေကျီးကန်းမျိုးနွယ်မှ ဖြစ်လေသည်။

ကမ္ဘာဦးမျိုးနွယ် ၆ စု မှ မျိုးနွယ်စုခေါင်းဆောင်များရောက်ရှိလာသောအခါ ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုက ဆင်းသက်လာပြီး မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအားလုံးသည် ကြောက်ရွံ့မှုဖြင့် အသံတိတ်သွားကြ၏။

အစစ်အမှန်ကျောက်စိမ်းပင်လျှင် မျက်မှောင်အနည်းငယ် ကြုတ်ပြီး သူမ၏ အမူအရာက သုန်မှုန်လာခဲ့၏။

သို့သော်လည်း သူမသည် ရပ်တန့်မည့် စိတ်ကူးမရှိပဲ မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်ကို ဆက်လက်၍ သတ်ဖြတ်ဖို့ကြိုးစားနေဆဲ ဖြစ်၏။

ညာဘက်တွင်ရှိသော မျိုးနွယ်စုခေါင်းဆောင် လီယင်က သွားဖြဲပြီး လှောင်ပြောင်သရော်ဟန်ဖြင့် ပြောလိုက်လေသည်။

“ထန်ဟန်... မင်းက လူသားမျိုးနွယ်က အမျိုးသမီးတစ်ယောက်ကိုတောင်မှ ဘာလို့ လှဲမချနိုင်တော့တာလဲ... မင်းက နူးညံ့သွားတာလား”

“ဟီးဟီး...”

ဘယ်ဘက်တွင်ရှိသော မျိုးနွယ်စုခေါင်းဆောင် ကျင်းယန်က သူ၏ ရွှေရောင်တောင်ပံများကို တဖျတ်ဖျတ်ခတ်ပြီး ရယ်မောလိုက်လေသည်။

“ငါတို့က ဘေးကနေစာင့်ကြည့်​နေပြီး ပေါ်ထွက်မလာဘူးဆိုတာ... မင်းကိုယ်တိုင် အဲ့ဒီအမျိုးသမီးကို ဖိနှိမ်ဖို့အတွက် ငါတို့က မင်းကို အခွင့်အရေးတစ်ခုပေးချင်လို့ပဲ... အခုတော့မင်းက ဒီလောက်ထိဆိုးဆိုးဝါးဝါးရိုက်နှက်ခံနေရတယ်ဆိုတော့...”

“ငါ့ကိုဆက်ပြီးတော့ လှောင်ပြောင်ထေ့ငေါ့မနေနဲ့တော့”

မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်က အစစ်အမှန်ကျောက်စိမ်း၏ တိုက်ခိုက်မှုများကိုခုခံရင်း အော်ပြောလိုက်လေသည်။

“ဒီလူသားအမျိုးသမီးမှာ လှည့်စားကွက်တချို့ ရှိနေတယ်... သူမက လူသားမျိုးနွယ်စုခေါင်းဆောင်တွေထဲက သေချာပေါက် ပြိုင်စံရှားတစ်ယောက်ဖြစ်မယ်”

“ဟီးဟီး”

မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီက ထူးမခြားနားပုံစံဖြင့် ပြုံးလိုက်လေသည်။

“ငါတို့ရဲ့မျက်လုံးထဲမှာတော့... လူသားမျိုးနွယ်စုခေါင်းဆောင်တွေရဲ့ ပြိုင်စံရှားတွေက ပုရွက်ဆိတ်တွေထက် မပိုဘူး”

“အဲ့ဒီပုရွက်ဆိတ်ကို ငါမင်းတို့တွေကို လွှဲပေးလိုက်မယ်... အခုတော့ ငါက အထီးကျန်သိုင်းသခင်ကိုပဲ သတ်ဖြတ်ချင်တော့တယ်”

မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်က မုန်းတီးစွာဖြင့် ပြောလိုက်၏။

မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီက သူ၏ ဘေးဘက်ကို လှည့်ကြည့်ပြီး မှင်သေသေဖြင့် မေးလိုက်၏။

“မင်းတို့ထဲ ဘယ်သူက တိုက်ခိုက်ချင်လဲ”

“ငါလုပ်လိုက်မယ်”

ယက္ခမျိုးနွယ်စုခေါင်ဆောင် လီယင်က သူ၏ မျက်လုံးထဲရှိ တဏှာရမ္မက်နှင့်အတူ အစစ်အမှန်ကျောက်စိမ်းကို စိုက်ကြည့်ကာ ကြောက်မက်ဖွယ်ရာရယ်မောလိုက်၏။

“ငါ့မှာရှိတဲ့... အမျိုးသမီးအစေခံတွေမှာ သူ့ရဲ့အရည်အချင်းမျိုး မရှိကြဘူး... ငါက ဒီအမျိုးသမီးကို ဖမ်းပြီး သူမကို လေ့ကျင့်ပေးရမယ်... ဟီးဟီး”

ထိုသို့သူပြောပြီးသည့်ခဏမှာပင်  မျိုးနွယ်စုခေါင်းဆောင် လီယင်သည် သူ၏ နက်မှောင်နေသောတောင်ပံများကို တဖျတ်ဖျတ်ခတ်လိုက်၏။

အရိုင်းဆန်သော လေပြင်းများက အော်မြည်တိုက်ခတ်လာပြီး မျိုးနွယ်စုခေါင်းဆောင်လီယင်၏ ပုံရိပ်က ပျောက်ကွယ်သွား၏။

သူပြန်လည်ပေါ်ထွက်လာသောအခါ သူသည် အစစ်အမှန်ကျောက်စိမ်း၏ နောက်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး သူမ၏ ပခုံးဆီသို့ သူ၏ စိမ်းညိုရောင်လက်ဖဝါးကို ဆန့်ထုတ်လိုက်လေသည်။

“ဟမ့်...”

အစစ်အမှန်ကျောက်စိမ်းအနေဖြင့် မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်နှင့် တိုက်ခိုက်နေ့ခြင်းမှာ စိတ်အာရုံပျက်ယွင်းဖို့ မဖြစ်နိုင်သလောက်နီးပါးဖြစ်သော်လည်း သူမသည် မျိုးနွယ်စုခေါင်းဆောင် လီယင်ပျောက်ကွယ်သွားသည့်ခဏမှာပင် အဲ့ဒါကို အာရုံခံမိလိုက်ပြီဖြစ်၏။

သူမက ဘေးဘက်သို့ ရွေ့လျားပြီး သူမ၏ နောက်တွင် နောက်ချန်ပုံရိပ်များကို ကျန်ရစ်ခဲ့စေကာ မျိုးနွယ်စုခေါင်းဆောင် လီယင်၏ ညစ်ညမ်း၍ အကျည်းတန်သောလက်ဖဝါးကို ရှောင်တိမ်းလိုက်လေသည်။

“ဟီးဟီး...”

မျိုးနွယ်စုခေါင်းဆောင် လီယင်က ရယ်မော၍ သူ့လက်ထဲတွင်ပါလာသော ဆံချည်မျှင်တစ်စုကို သူ၏ နှာခေါင်းဝတွင် တေ့ကာ နမ်းရှုံ့လိုက်ပြီး ယစ်မူးနေသော အမူအရာတစ်ခုကို ထုတ်ဖော်ပြသလိုက်၏။

“ဘယ်လောက်တောင် မွှေးလိုက်သလဲ”

အစစ်အမှန်ကျောက်စိမ်း၏ မျက်နှာပေါ်တွင် အလွန်တရာ ရွံရှာစက်ဆုပ်သော အမူအရာတစ်ခု ဖြစ်ပေါ်လာပြီး သူမက အော့အန်လုနီးပါးဖြစ်သွားလေသည်။

သူမသည် လျင်မြန်စွာရှောင်တိမ်းလိုက်သော်လည်း သူမ၏ ဆံချည်မျှင်တချို့သည် မျိုးနွယ်စုခေါင်းဆောင် လီယင်၏ ဆွဲယူခြင်းကို ခံလိုက်ရ၏။

“ဟုတ်တာပေါ့... အဲ့ဒီအမူအရာမျိုးပဲ”

မျိုးနွယ်စုခေါင်းဆောင် လီယင်က အစစ်အမှန်ကျောက်စိမ်း၏ မျက်နှာပေါ်ရှိ ရွံရှာစက်ဆုပ်မှုကိုကြည့်ပြီး သူက ဒေါသထွက်ရမည့်အစား ကျေနပ်သဘောကျနေ၏။

“နင်က အဲ့ဒါကို ပိုပြီးတော့ မုန်းတီးလေလေ... နင်ငါ့ဆီမှာ အညံ့ခံတဲ့အခါ ငါက ပိုပြီးတော့ စိတ်လှုပ်ရှားရလေလေပဲ”

“တော်တော်ရွံစရာကောင်းတာပဲ”

အစစ်အမှန်ကျောက်စိမ်းက အေးစက်စွာ ပြောလိုက်၏။

များစွာသော သက်ရှိများကလည်း စိတ်ထဲကနေ ကျိန်ဆဲလိုက်ကြ၏။

သို့သော်လည်း မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် မျိုးနွယ်စုခေါင်းဆောင်လီယင်၏ ပစ်မှတ်ထားခံရမည်ကိုစိုးသည့်အတွက် သူတို့သည် အဲ့ဒါကို သူတို့၏ မျက်နှာပေါ်မှာ ထုတ်ဖော်ပြသရဲခြင်း မရှိပေ။

“ရတယ်လေ...”

ဖျတ်ခနဲဆို မျိုးနွယ်စုခေါင်းဆောင် လီယင်က နေရာကနေ ပျောက်ကွယ်သွားပြီး အနက်ရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာ အစစ်အမှန်ကျောက်စိမ်း၏ ဘေးမှာ လှည့်ပတ်နေ၏။

“နောက်ကျရင် မင်းအဲ့ဒါကို သေချာပေါက် သဘောကျသွားလိမ့်မယ်... ဟားဟားဟားဟား”

သူ၏ အသံက ဘယ်နှင့်ညာ၊ အပေါ်နှင့်အောက် လျင်မြန်စွာကူးပြောင်းနေလေသည်။ ထိုအသံသည် မည်သည့်အစီအစဥ်တကျမှမရှိပဲ အလွန်တရာလှည့်ဖျားတတ်ကာ  အသံထွက်ပေါ်ရာနေရာကို ဆုံးဖြတ်ဖို့ မဖြစ်နိုင်ပေ။

မျိုးနွယ်စုခေါင်းဆောင် လီယင်၏ အလင်အဟုန်သည် အလွန်တရာမြန်ဆန်ပြီး သူသည် အစစ်အမှန်ကျောက်စိမ်း၏ မြင်ကွင်းထဲမှာ လုံးဝပေါ်ထွက်လာလိမ့်မည် မဟုတ်ပေ။

အစစ်အမှန်ကျောက်စိမ်းက သူမ၏ စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်မည်ဆိုလျှင်တောင် သူမ၏ စိတ်ဝိညာဥ်အသိစိတ်သည် မျိုးနွယ်စုခေါင်းဆောင် လီယင်ထုတ်ဖော်လိုက်သော နတ်ဘုရားစွမ်းအားဖြင့် ဟန့်တားနှောက်ယှက်ခံရမည်ဖြစ်ပြီး သူမသည် သူ၏ တည်နေရာအတိအကျကို ထောက်လှမ်းသိရှိနိုင်လိမ့်မည် မဟုတ်ပေ။

သူမက သူနှင့်တိုက်ခိုက်ချင်သည်ဆိုလျှင်တောင် သူမမှာ ထိုသို့လုပ်ဖို့ နည်းလမ်းမရှိပေ။

“ဟမ့်...”

အစစ်အမှန်ကျောက်စိမ်း၏ အမူအရာကအေးစက်လာပြီး သူမသည် သူမ၏ လက်နှစ်ဖက်ဖြင့် လက်ဟန်ချိပ်စည်းများကို လှုပ်ရှားကာ လေဟာနယ်ထဲမှာ နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်လိုက်၏။ ချက်ချင်းပင် ကောင်းကင်က မှောင်မည်းသွားပြီး နှင်းမုန်တိုင်းတစ်ခုက ဆင်းသက်လာ၏။

စောစောက ညကောင်းကင်သည် ကျယ်ပြော၍ ကြယ်များဖြင့် မှိတ်တုတ်မှိတ်တုတ်လင်းလက်နေဆဲ ဖြစ်၏။

တစ်ခဏချင်းမှာပင် နက်မှောင်နေသောတိမ်စိုင်များကောင်းကင်တစ်ခွင်ပြည့်နှက်သွားပြီး နေရာတစ်ခုလုံးကို ရေခဲများက ဖုံးအုပ်ထား၏။

နေရာတစ်ခုလုံးမှာ နှင်းများက ပြည့်နှက်လာပြီး ပဟေဠိနန်းတော်၏ အပူချိန်က အေးစက်နေသောလေပြင်းတစ်ချက်နှင့်အတူ ထိုးဆင်းလာခဲ့လေသည်။

အဲ့ဒါသည် နတ်ဘုရားစွမ်းအားများ၏ စွမ်းအား ဖြစ်လေသည်။

အေးစက်နေသော ရာသီဥတုအောက်မှာ မျိုးနွယ်စုခေါင်းဆောင် လီယင်၏ ပုံရိပ်က သက်ရောက်ခြင်း ခံလာရလေသည်။ ပို၍အရေးကြီးသည်မှာ မျိုးနွယ်စုခေါင်းဆောင်လီယင်၏ ပုံရိပ်သည် နှင်းမုန်တိုင်း၏ အောက်မှာ အပြည့်အဝပေါ်ထွက်လာခဲ့ပြီဖြစ်၏။

အနက်ရောင်အလင်းက ဖြူဖွေးနေသောနှင်းများကြားမှာ အလွန်တရာထင်ရှားပေါ်လွင်နေ၏။

“သတ်...”

အစစ်အမှန်ကျောက်စိမ်း၏ အကြည့်က အေးစက်လာပြီး နောက်ဆုံးမှာတော့ သူမသည် မျိုးနွယ်စုခေါင်းဆောင် လီယင်ကို မမှိတ်မသုန်စိုက်ကြည့်လိုက်၏။ သူမသည် သူမ၏ နုနယ်သောလက်ကို ညင်သာစွာမြှောက်ပြီး နှင်းမုန်တိုင်းထဲမှာ ကျောက်စိမ်းရောင်အလင်းတစ်ခုကို ဖျတ်ခနဲလက်သွားစေ၏။

ဖောက်...

လေထဲမှာ သွေးရောင်က ဖြာလက်လာ၏။

မျိုးနွယ်စုခေါင်းဆောင် လီယင်သည် ခပ်ထိုင်းထိုင်းညည်းတွားပြီး လေထဲတွင် မတ်တတ်ရပ်နေသော သူ၏ ပုံရိပ်က ထွက်ပေါ်လာ၏။

သူ၏ အသားပြားတောင်ပံပေါ်မှာ သွေးသံရဲရဲအပေါက်တစ်ပေါက်ပေါ်ထွက်လာပြီး လတ်ဆတ်သောသွေးများက အဲ့ဒီကနေ စီးကျလာခဲ့၏။

အဲ့ဒါသည် မဟာယာနမျိုးနွယ်စုခေါင်းဆောင်များအတွက် သေစေနိုင်သော ဒဏ်ရာတစ်ခု မဟုတ်ပေ။

သို့သော်လည်း များစွာသောကျင့်ကြံသူများက အားတက်သွားကြ၏။

နတ်သမီး အစစ်အမှန်ကျောက်စိမ်းသည် လူတိုင်းတွေးထင်ထားသည်ထက် ပိုမိုသန်မာနေ၏။

“မိန်းကလေး... မင်းငါ့ကို နာအောင်လုပ်လိုက်တာပဲ”

နောက်ဆုံးမှာတော့... မျိုးနွယ်စုခေါင်းဆောင်လီယင်က ဆက်လက်၍ ပြုံးမနေနိုင်တော့ပေ။ ညိုမည်းသွားသော အမူအရာတစ်ခုနှင့်အတူ သူက အေးစက်စွာပြောလိုက်၏။

“အဲ့ဒါဆိုရင်တော့... နောက်ပိုင်း ငါအတည်အတံ့လှုပ်ရှားရတော့မယ်”

အခြားတစ်ဘက်မှာတော့ မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်သည် အစစ်အမှန်ကျောက်စိမ်း၏ လက်ကနေ လွတ်မြောက်လာခဲ့ပြီး သူသည် ဆူဇီမိုထံသို့ သွေးနွယ်ပင်များစွာကို စေလွှတ်လိုက်လေသည်။

“အထီးကျန်သိုင်းသခင် ...”

မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်၏အသံက ကြောက်မက်ဖွယ်ရာစိ​တ်ဆန္ဒတစ်ခုနှင့်အတူထွက်ပေါ်လာ၏။

“သေလိုက်တော့”

All Chapters