← Chapters

လူသားမျိုးနွယ်စုခေါင်းဆောင်များ ရောက်ရှိလာမှု

Vol. 106 Ch. 1587

လူသားမျိုးနွယ်စုခေါင်းဆောင်များ ရောက်ရှိလာမှု

Vol. 106 Ch. 1587

ဖန်တီးခြင်းကြာပဒုမ္မာသည် ကောင်းကင်နှင့်မြေ​ကြီး၏ ဖန်တီးခြင်းကို ခိုးယူထားသောကြောင့် ၎င်းသည် ပြုစုပျိုးထောင်ဖို့ အလွန်တရာ ခဲယဉ်းလေသည်။

သမိုင်းတစ်လျှောက်မှာ ရှေးဟောင်းဗုဒ္ဓဧကရာဇ်ကသာလျှင် ဖန်တီးခြင်းကြာပဒုမ္မာကို အဆင့်-၈ အထိရောက်အောင် ပြုစုပျိုးထောင်နိုင်ခဲ့၏။

ဆူဇီမို၏ ဖန်တီးခြင်းကြာပဒုမ္မာကတော့ ၎င်းသည် ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းနှင့် အာသောကသစ်သားကို စုပ်ယူသန့်စင်ပြီး နတ်ဘုရားစွမ်းအားမုန်တိုင်း၏ ဆေးကြောသန့်စင်ခြင်းကို ခံယူပြီးနောက်.. ၎င်းသည် အဆင့်-၈ သို့ ရောက်ရှိဖို့ အလွန့်အလွန် နီးကပ်လာခဲ့ပြီဖြစ်၏။

သူ၏ အဆင့် ၇ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အတော်လေးကို ​ကြောက်စရာကောင်းနေခဲ့ပြီဖြစ်၏။

တကယ်ဆို.. ၎င်းသည် သွေးကနေ ပြန်လည်မွေးဖွားခြင်းနှင့် ဆင်တူသော စွမ်းအားကြီးမားသည့် နည်းလမ်းများကိုပင် ထွက်ပေါ်လာစေနိုင်ခဲ့၏။

ထိုသို့ဆိုလျှင်တောင်.. ဆူဇီမိုအနေဖြင့် ၎င်းကို အဆင့်-၈ ထိ မြှင့်တင်ဖို့က ခဲယဉ်းနေဆဲဖြစ်၏။

ထိုအဟန့်အတားကို ဖြတ်ကျော်ဖို့ အလွန်တရာ သိပ်သည်းပြင်းထန်သော စွမ်းအင်ပမာဏတစ်ခု လိုအပ်လေသည်။

ပုံမှန်အတိုင်း ကျင့်ကြံမည်ဆိုပါက.. သူသည် ၎င်းကို အဆင့် ၈ ဖန်တီးခြင်းကြာပဒုမ္မာအဖြစ်သို့ မြှင့်တင်ချင်သည်ဆိုလျှင် ဆူဇီမိုသည် နှစ်ပေါင်း မရေမတွက်နိုင်အောင် ကျင့်ကြံရမည်ဖြစ်ပြီး အဲဒါက နှစ်ပေါင်းရာချီ သို့မဟုတ် နှစ်ပေါင်းထောင်ချီပင် ဖြစ်နိုင်လေသည်။

သို့သော် ယခု မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်၏ ပေါ်ထွက်လာမှုက ဖန်တီးခြင်းကြာပဒုမ္မာကို အဆင့်ချိုးဖျက်တက်လှမ်းဖို့အတွက် ပြီးပြည့်စုံသည့် အခွင့်အလမ်းတစ်ခု ပေးလာခဲ့၏။

အစကတော့ မျိုးဆက်သွေးစွမ်းအားသည် မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်၏ ခန္ဓာကိုယ်ထဲသို့ သွေးနွယ်ပင်များမှတစ်ဆင့် အဆက်မပြတ် တလိပ်လိပ်တိုးဝင်နေ၏။

မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်သည် အချိန်ဆွဲခြင်း မရှိဘဲ ချက်ချင်းပင် ကျင့်ကြံလိုက်၏။

ဆူဇီမို၏ ကျင့်ကြံမှုအဆင့်မှာ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက် ဖြစ်သော်လည်း ဖန်တီးခြင်းကြာပဒုမ္မာ၏ မျိုးဆက်သွေးက သေချာပေါက် သူ့အတွက် မဟာအားဆေးတစ်ခု ဖြစ်လေသည်။  

သို့သော်လည်း သိပ်မကြာခင်.. မျိုးဆက်သွေး စီးဆင်းခြင်းဖြစ်စဉ်က တဖြည်းဖြည်း ရပ်တန့်သွား၏။

မကြာခင်.. ဖန်တီးခြင်းကြာပဒုမ္မာသည် သွေးနွယ်ပင်များနှင့်အတူ အပြင်ဘက်ရှိ စွမ်းအားများကို စတင်စုပ်ယူလိုက်၏။

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများ၏ အမြင်တွင် သွေးချီများသည် သွေးနွယ်ပင်များအတွင်းမှာ အဆက်မပြတ် စီးဆင်းနေဆဲဖြစ်၏။

သို့သော်လည်း စီးဆင်းမှုက ဘက်ပြန်လာခဲ့သည်ကို သူတို့က သတိမထားမိကြပေ။

မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်၏ မျိုးဆက်သွေးက သွေးနွယ်ပင်များမှတစ်ဆင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာထဲသို့ စတင်တိုးဝင်လာခဲ့ပြီဖြစ်၏။

ကြောက်စရာအကောင်းဆုံးအရာမှာ.. မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်သည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ မျိုးဆက်သွေးကိုသာ စုပ်ယူခဲ့၏။

သို့သော်လည်း ဖန်တီးခြင်းကြာပဒုမ္မာကတော့ စွမ်းအင်ကိုပါ စုပ်ယူနေလေသည်။

မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်၏ မျိုးဆက်သွေးဖြစ်စေ.. သူ့ခန္ဓာကိုယ်ထဲမှာ အသက်ဓာတ်အားဖြစ်စေ.. ဖန်တီးခြင်းကြာပဒုမ္မာသည် အရာရာတိုင်းကို ၎င်းစုပ်ယူနိုင်သည့် စွမ်းအင်ပုံစံတစ်ခုအဖြစ် ရှုမြင်ပြီး အဆက်မပြတ် စုပ်ယူဝါးမျိုနေလေသည်။

မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်၏ သွေးချီက အလျင်အမြန် လျော့ကျလာခဲ့၏။

ထိုမျှသာမက.. သူ၏ ဘဝသက်တမ်းကလည်း လျော့ကျလာနေလေသည်။

“ဟမ်”

မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်က သတိဝင်လာခဲ့ပြီး တုန်လှုပ်ချောက်ချားသွား၏။

“ဘာတွေဖြစ်ကုန်တာလဲ”

သူသည် သူ့ခန္ဓာကိုယ်အတွင်းရှိ ဖြစ်ပျက်နေသည့် အရာကို ခံစားမိသောအခါ တုန်လှုပ်ချောက်ချားသွား၏။

“မကောင်းတော့ဘူး”

မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်သည် သူတွေ့ကြုံခံစားနေရသည့်အရာကို အလျင်အမြန် နားလည်သဘောပေါက်သွားပြီး စိတ်ထဲကနေ အထိတ်တလန့်ဖြစ်ကာ သူ၏ သွေးနွယ်ပင်များကို ရုတ်သိမ်းပြီး ဆူဇီမိုနှင့် ချက်ချင်းပင် ခွာထုတ်ချင်လေသည်။

သို့သော်လည်း သူက ထွက်ခွာချင်သည်ဆိုလျှင်တောင်.. သွေးနွယ်ပင်များက သူ၏ ထိန်းချုပ်မှုအောက်မှာ ဆက်လက်၍ မရှိတော့ပေ။

ဖန်တီးခြင်းကြာပဒုမ္မာသည် ဖြာထွက်လာသော အလင်းရောင်ခြည်များနှင့်အတူ ကောင်းကင်ထက်သို့ ထိုးတက်လာ၏။ ဧရာမ ကြာရွက်က များပြားလှစွာသော သွေးနွယ်ပင်များကို တင်းကျပ်စွာ ထွေးပတ်ပြီး မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်ကို နောက်သို့ လုံးဝ မဆုတ်ခွာစေနိုင်တော့ပေ။

ဖန်တီးခြင်းကြာပဒုမ္မာသည် မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်၏ မျိုးဆက်သွေးကိုသာမက.. ၎င်း၏ အသက်ဓာတ်အားကိုပါ စုပ်ယူနေလေသည်။

စွမ်းအင်ကို ၎င်းစုပ်ယူသည့် အရှိန်အဟုန်က ပိုမိုလျင်မြန်လာပြီး ပို၍ပင် ကြောက်စရာကောင်းလာ၏။

မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်၏ ဘဝသက်တမ်းနှင့် သွေးချီက မြင်နိုင်သော နှုန်းထားဖြင့် လျော့ကျလာနေ၏။

အနည်းငယ် နှောင့်နှေးကြန့်​ကြာမှုနှင့်အတူ.. သူ၏ ကျင့်ကြံမှုကပါ မတည်မငြိမ်ဖြစ်လာပြီး ကျဆင်းတော့မည့် လက္ခဏာများ ပြသလာ၏။

စွမ်းအင်စုပ်ယူခြင်းဖြစ်စဉ်သည် တစ်ဖက်ကို အားနည်းစေပြီး တစ်ဖက်ကို ပိုမိုသန်မာလာစေ၏။

မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်၏ စွမ်းအားက အားနည်းလာသော်လည်း ဖန်တီးခြင်းကြာပဒုမ္မာ၏ စွမ်းအားက အဆက်မပြတ် မြင့်တက်လာနေ၏။

မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်သည် ရုန်းထွက်ချင်သည့်အခါမှ သူက ကူကယ်ရာမဲ့နေပြီကို တုန်လှုပ်ဖွယ်ရာ တွေ့ရှိလိုက်ရ၏။

သူသည် သူ၏ ခွန်အားနှင့်အတူ ဖန်တီးခြင်းကြာပဒုမ္မာထံကနေ ဆက်လက်၍ ရုန်းမထွက်နိုင်တော့ပေ။

သူသည် သူ၏ အမြုတေစိတ်ဝိညာဉ်ကို အသက်သွင်းပြီး အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်ချင်လေသည်။

သို့သော်လည်း သူ၏ အသိစိတ်ထဲမှာ သူ၏ အမြုတေစိတ်ဝိညာဉ်က မှိန်ဖျော့လာပြီး အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်ဖို့နေနေသာ.. သူ၏ စိတ်ဝိညာဉ်အသိစိတ်ကိုပင် မစုစည်းနိုင်တော့ပေ။

ဖန်တီးခြင်းကြာပဒုမ္မာသည် သူ့အမြုတေစိတ်ဝိညာဉ်၏ စွမ်းအားကို စုပ်ယူပြီး အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့် ဖန်တီးခြင်းကြာခုံကို အဆက်မပြတ် အားဖြည့်ပေးနေ၏။

အဲဒါသည် ဖန်တီးခြင်းကြာပဒုမ္မာကို အဆင့်-၈ သို့ ချိုးဖျက်တက်လှမ်းနိုင်စေရန် မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်၏ အမြုတေစိတ်ဝိညာဉ်ကို အသုံးချပြီး အားဖြည့်ပေးနေခြင်းနှင့် တူလေသည်။

ရှင်းရှင်းပြောရလျှင်.. မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်သည် သူ၏ အသက်ကို စတေးပြီး ဆူဇီမိုကို ကူညီပေးနေရခြင်းဖြစ်၏။

“အ.. အား.. အား..”

မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်သည် အလွန်တရာ ကြောက်စရာကောင်းသည့် တစ်စုံတစ်ရာကို တွေ့ကြုံခံစားလိုက်ရသည့်အလား.. ထိတ်လန့်တကြားဖြင့် စူးစူးဝါးဝါး အော်လိုက်၏။

သို့သော်လည်း.. သူ၏ အော်သံသည် တဖြည်းဖြည်း အားပျော့၍ တိမ်ဝင်သွားလေသည်။

“ဝူထန်၊ ကျင်းယန်… ငါ့ကို ကယ်ကြဦး”

မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်သည် သူ၏ နောက်ဆုံးခွန်အားကို အသုံးပြုပြီး အော်ပြောလိုက်လေသည်။

“အား…”

ထိုအခါမှသာလျှင်.. ကမ္ဘာဦးမျိုးနွယ်များ၏ ရှန်ယွီနှင့် အခြားသော မျိုးနွယ်စုခေါင်းဆောင် သုံးယောက်သည် မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်၏ မူမမှန်မှုကို သတိထားမိသွားလေသည်။

သူတို့သည် မျိုးနွယ်စုခေါင်းဆောင် လီယင်နှင့် အစစ်အမှန်ကျောက်စိမ်း၏ တိုက်ခိုက်မှုကို တစ်ချိန်လုံး စောင့်ကြည့်နေကြပြီး မည်သူကမှ မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်ကို အာရုံမစိုက်ခဲ့ကြပေ။

ဘာပဲပြောပြော.. သူတို့၏ အသိပညာအရ.. အထီးကျန်သိုင်းသခင်ကို သတ်ဖြတ်ရခြင်းက မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်အတွက် မည်သည့် ပြဿနာမှ ရှိမလာနိုင်ပေ။

မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်က အော်ဟစ်လိုက်သည့် အချိန်မှသာ ကြီးကြီးမားမား ကိစ္စတစ်ခု ဖြစ်ပျက်နေပြီကို သူတို့က နားလည်လိုက်ကြ၏။

“ဘာတွေဖြစ်ကုန်တာလဲ”

“ထန်ဟန်ရဲ့ အော်ရာက ဘာလို့ အဲ့လောက်အားနည်းသွားရတာလဲ”

“ဟမ်”

မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီက သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ထုတ်ဖော်၍ စစ်ဆေးပြီး သူ၏ အမူအရာက ပြောင်းလဲသွားက အံ့အားတသင့် ရေရွတ်လိုက်၏။

“အဲဒါတော့ ဆိုးပြီ.. ထန်ဟန်က သေတော့မယ်.. သူ့ရဲ့ ဘဝသက်တမ်းက ကုန်ခမ်းခါနီးနေပြီ”

“ဘာတွေဖြစ်ကုန်တာလဲ”

“မြန်မြန်တိုက်ခိုက်ကြ”

ကျင်းယန်နှင့် အခြားသူများက ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

ထိုစဉ်မှာပင်.. မျိုးနွယ်စုခေါင်းဆောင် ဝူထန်က သူ၏ ခေါင်းကို ခါယမ်းလိုက်၏။

“နောက်ကျသွားပြီ”

ဖန်တီးခြင်းကြာပဒုမ္မာကို ရစ်ပတ်ထားသော သွေးနွယ်ပင်များစွာသည် ဖြည်းဖြည်းချင်း လျှောကျသွား၏။ ထန်ဟန်၏ အစစ်အမှန်ပုံစံသည် မည်သည့် အသက်ဓာတ်မှ မရှိတော့ဘဲ လုံး​ဝ ညိုးခြောက်သွားခဲ့လေပြီ။

ကမ္ဘာဦးမျိုးနွယ်မှ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်သည် ဖန်တီးခြင်းကြာပဒုမ္မာ၏ သေသည့်တိုင်အောင် စုပ်ယူခြင်းကိုခံလိုက်ရ၏။

ဖန်တီးခြင်းကြာပဒုမ္မာက​ လေထဲမှာ ဝင်းလက်တောက်ပနေပြီး ၎င်း၏ အော်ရာက ဆက်လက်မြင့်တက်လာနေ၏။

“သေစမ်း.. အဲဒါ အထီးကျန်သိုင်းသခင်ပဲ”

ဝူထန်က သူ၏ မျက်လုံးကို မှေးကျဉ်း​ပြီး ​အေးစက်စွာ ပြောလိုက်၏။  

“သူက ထန်ဟန်ကို အသုံးချပြီး ဖန်တီးခြင်းကြာပဒုမ္မာကို အဆင့် ၈ထိ မြှင့်တင်ဖို့ ကြိုးစားနေတာပဲ”

“သူ့ကို​ သတ်.. ငါတို့ သူ့ကို အဆင့်ချိုးဖျက်တက်လှမ်းခွင့်ပေးလို့ မရဘူး”

မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီသည် သူ၏ အင်္ကျီလက်စကို ဝှေ့ယမ်းပြီး ရွှေရောင်အလင်းတန်းတစ်ခုကို ထုတ်ဖော်လိုက်၏။ ၎င်းသည် လေထဲမှာ ဧရာမ ဓားတစ်လက်အဖြစ် အလျင်အမြန် စုဖွဲ့သွားပြီး ဖန်တီးခြင်းကြာပဒုမ္မာ၏ ခါးလယ်ကို ခုတ်ပိုင်းချလိုက်၏။

ဖန်တီးခြင်းကြာပဒုမ္မာက အဆင့်-၈ သို့ တက်လှမ်းနေဆဲဖြစ်၏။

ဖန်တီးခြင်းကြာပဒုမ္မာက အဆင့်-၈ သို့ တက်လှမ်းသွားသည်နှင့်.. ဆူဇီမိုသည်လည်း အဆင့်ချိုးဖျက်တက်လှမ်းပြီး မဟာယာနအဆင့်သို့ ဝင်ရောက်ကာ အစစ်အမှန် မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက် ဖြစ်လာဖို့ ရှိလေသည်။

သို့သော်လည်း.. ဤဖြစ်စဉ်မှာ သူသည် မည်သည့် တိုက်ခိုက်မှုကိုမှ မခုခံနိုင်ပေ။

မဟာယာနမျိုးနွယ်စုခေါင်းဆောင်များကို မပြောနှင့်.. ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များပင်လျှင် သူ၏ အဆင့်ချိုးဖျက်တက်လှမ်းခြင်း ဖြစ်စဉ်ကို ဟန့်တားနှောင့်ယှက်နိုင်လေသည်။

ဧရာမ ရွှေဓားက ဖန်တီးခြင်းကြာပဒုမ္မာပေါ်သို့ ကျဆင်းတော့မည့်ဆဲဆဲမှာပင်.. လေဟာနယ်က ကြေမွသွား၏။

လေဟာနယ် အက်ကွဲကြောင်းထဲကနေ ငွေရောင်ချည်မျှင် သုံးထောင်က ပစ်လွင့်ထွက်ပေါ်လာပြီး ကြယ်တာရာမြစ်တစ်စင်းကဲ့သို့ ကျယ်လောင်သော မြည်သံနှင့်အတူ ဧရာမ ရွှေဓားကို ပစ်ရိုက်လိုက်၏။

ဘုန်း…

ဧရာမ ရွှေဓားက ကြေမွသွားပြီး လေထဲမှာ လှည့်ပတ်နေသော နတ်ဘုရားစွမ်းအားစီးကြောင်းများအဖြစ် ပြောင်းလဲကာ ပျက်ပြယ်သွားလေသည်။

အက်ကွဲကြောင်းထဲမှ ခပ်သဲ့သဲ့ ညည်းတွားသံကလည်း ထွက်ပေါ်လာ၏။

မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီ၏ နတ်ဘုရားစွမ်းအားကို လက်ခံရရှိပြီးနောက်.. တိုက်ခိုက်လိုက်သူကလည်း အခြေအနေမကောင်းလှသည်မှာ သိသာလေသည်။

သို့သော်လည်း မကြာခင်.. လေဟာနယ် အက်ကွဲကြောင်းထဲကနေ ပဟေဠိနန်းတော်၏ ဝတ်ရုံကို ဝတ်ဆင်ထားသည့် ပုံရိပ်များစွာက လျှောက်လှမ်းထွက်လာကြ၏။

သူတို့တစ်ယောက်ချင်းစီတိုင်းသည် စွမ်းအားကြီးမားသော အော်ရာတစ်ခုနှင့် သိပ်သည်းပြင်းထန်သော စွမ်းပကားတစ်ခုကို ဖြာထုတ်ပေးနေကြ၏။

တစ်ခဏချင်းမှာပင်.. ပဟေဠိနန်းတော်၏ ကျင့်ကြံသူ ၁၇ ယောက်က ပေါ်ထွက်လာကြပြီဖြစ်၏။

ထိုကျင့်ကြံသူများ အားလုံးသည် မဟာယာနမျိုးနွယ်စုခေါင်း​ဆောင်များ ဖြစ်ကြ၏။

ချက်ချင်းပင်.. လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။

များပြားလှစွာသော ကျင့်ကြံသူများသည် စိတ်ခံစားချက် မြင့်မားစွာဖြင့် သူတို့၏ လက်သီးများကို ဆုပ်လိုက်ကြ၏။

တိုက်ပွဲ၏ ဤနေရာအရောက်တွင်.. အစစ်အမှန်ကျောက်စိမ်းအပြင် လူသားမျိုးနွယ်စုခေါင်းဆောင်များက နောက်ဆုံးမှာ ပေါ်ထွက်လာကြလေပြီ။

ဒါ့အပြင်.. ဤတစ်ခေါက်မှာ မဟာယာနမျိုးနွယ်စုခေါင်း​ဆောင် ၁၇ယောက်က တစ်ပြိုင်နက်တည်း ပေါ်ထွက်လာကြ၏။

All Chapters