မျိုးနွယ်စုခေါင်းဆောင်များ၏ သွေး
Vol. 106 Ch. 1588
“ငါမင်းကို ပြောသားပဲ”
ဖက်တီးလေးက သူ၏ ပေါင်ကို ပုတ်လိုက်၏။
“ပဟေဠိနန်းတော်ကနေ ကျင်းပတဲ့ မျိုးနွယ်စုတစ်သောင်း စုဝေးပွဲကို မျိုးနွယ်စုခေါင်းဆောင်တွေက စောင့်မကြည့်နေပဲ ဘယ်နေပါ့မလဲ”
မဟာယာနမျိုးနွယ်စုခေါင်းဆောင် ၁၇ ယောက်ရောက်ရှိလာသောအခါ ကျင့်ကြံသူများစွာက စိတ်လှုပ်ရှား တက်ကြွလာကြ၏။
ညဝိညာဥ်က မျက်မှောင်အနည်းငယ် ကြုတ်ပြီး ခေါင်းခါလိုက်၏။
“အဲ့ဒီမျိုးနွယ်စုခေါင်းဆောင်တွေက အားနည်းလွန်းတယ်... သူတို့က ကမ္ဘာဦးမျိုးနွယ်က အဲ့ဒီသူတချို့ကို ခုခံနိုင်မှာ မဟုတ်ဘူး”
“ဘယ်လိုပဲဖြစ်ဖြစ်... သူတို့က ဘယ်လောက်ပဲ အားနည်းအားနည်း အနည်းဆုံး သူတို့မှာ ၁၇ ယောက်တောင် ရှိနေတာပဲ... ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က အချိန်နည်းနည်းတော့ ထပ်ဆွဲထားနိုင်မှာပဲ”
စိတ်ဝိညာဥ်ကျားက ပခုံးတွန့်ပြီး စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။
“မျိုးနွယ်စုခေါင်းဆောင်တို့ကို နှုတ်ဆက်ပါတယ်”
ပဟေဠိနန်းတော်၏ နန်းတော်အရှင်နှင့် များစွာသော ကျင့်ကြံသူများက ရှေ့သို့အလျင်အမြန်တက်ပြီး ဦးညွှတ်လိုက်ကြ၏။
မျိုးနွယ်စုခေါင်းဆောင် ၁၇ ယောက်က ပဟေဠိနန်းတော်မှ လူတိုင်းကိုကြည့်ပြီး အနည်းငယ်ခေါင်းညိတ်ပြလိုက်၏။
ခေါင်းဆောင်ဖြစ်သူသည် မြင်းမြီးကျာပွတ်ကို ကိုင်ဆွဲထားပြီး သူ၏ အမူအရာက ဖြူဖျော့နေ၏။ သူက မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီ၏ စောစောကတိုက်ခိုက်မှုကို ပိတ်ဆို့တားဆီးလိုက်သောသူဖြစ်လေသည်။
“ကျုပ်က ဝူဟွားပဲ”
မဟာယာနမျိုးနွယ်စုခေါင်းဆောင်သည် ကမ္ဘာဦးမျိုးနွယ်မှ မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီနှင့် အခြားမျိုးနွယ်စုခေါင်းဆောင်များရှိရာဘက်သို့ လက်သီးနှစ်ဖက်ကိုယှက်ပြပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။
“မျိုးနွယ်စုတစ်သောင်းက ဒီနေရာမှာ စုဝေးနေကြတယ်... ကမ္ဘာဦးမျိုးနွယ် ၆ စုက ဘာလို့သတ်ဖြတ်မှုတွေကို စတင်လာတာလဲ.. ကျုပ်သိပါရစေ”
“ဟီးဟီး...”
မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီက ခပ်ယဲ့ယဲ့ ပြုံးလိုက်လေသည်။
“ကမ္ဘာဦးမျိုးနွယ်က ငါတို့တွေက... ငါတို့သတ်ချင်တဲ့သူကို သတ်နိုင်တယ်... ငါတို့မှာ ဘာအကြောင်းပြချက်မှ မလိုဘူး”
ထိုစကားကို ကြားသောအခါ မဟာယာနမျိုးနွယ်စုခေါင်းဆောင် ၁၇ ၏ အမူအရာများက ညိုမည်းသွားပြီး ဒေါသထွက်သောအမူအရာများ ဖြစ်ပေါ်လာကြ၏။
ခဏမျှရပ်တန့်ပြီးနောက်... မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီက ဆက်ပြောလိုက်၏။
“ဒါပေမဲ့... အဲ့ဒါက အကြောင်းပြချက် လုံးဝမရှိတာတော့ မဟုတ်ဘူး.. မျိုးနွယ်စုတစ်သောင်း စုဝေးပွဲ မစတင်ခင်မှာ ငါတို့ကမ္ဘာဦးမျိုးနွယ် ၆စုက ငါတို့ရဲ့ ကလန်သားတွေအများကြီးကို ဆုံးရှုံးခဲ့ရတယ်... ငါတို့က သူတို့အတွက် နစ်နာကြေးတောင်းရမှာပေါ့”
မျိုးနွယ်စုခေါင်းဆောင် ဝူဟွားက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
“ကျုပ်တို့မျိုးနွယ်က ဂျူနီယာတွေရဲ့ စိတ်နေစရိုက်အရ သူတို့စုစည်းမိရင်... ပဋိပက္ခတချို့ ဖြစ်တတ်တာပဲ... စောစောက တိုက်ပွဲမှာ လူသားမျိုးနွယ်က ကျင့်ကြံသူတွေကလည်း အများကြီး သေဆုံးခဲ့ရတာပဲ”
“ခင်ဗျားတို့တွေက အေးဆေးထိုင်ပြီး ပြီးခဲ့တာတွေကို ခဝါချလိုက်ပါလား... ကျုပ်တို့က မျိုးနွယ်စုတစ်သောင်း စုဝေးပွဲကို ပုံမှန်အတိုင်းဆက်ပြီး ကျင်းပကြတာပေါ့”
“အဓိပ္ပါယ်မရှိတာ”
ကျင်းယန်က မျိုးနွယ်စုခေါင်းဆောင် ဝူဟွားကို အေးစက်စွာ စိုက်ကြည့်ပြီး အော်ငေါက်လိုက်လေသည်။
“ငါတို့ ရွှေကျီးကန်းမျိုးနွယ်က မင်းသားနှစ်ပါးက သေခဲ့ရပြီ... ဒါတောင် မင်းက ငါတို့ကို ဒီတိုင်းပဲ ပြီးသွားစေချင်တာလား.... မင်းကိုယ်မင်း ဘယ်သူထင်နေလို့လဲ”
မျိုးနွယ်စုခေါင်းဆောင် ဝူဟွား၏ အမူအရာက သုန်မှုန်သွားပြီး အံကိုကြိတ်ကာ ပြန်လည်ဖြေကြားခြင်း မရှိပေ။
“အဲ့ဒါအမှန်ပဲ”
မျိုးနွယ်စုခေါင်းဆောင် ဝူထန်ကလည်း ခေါင်းညိတ်ပြလိုက်၏။
“ငါတို့ ကမ္ဘာဦးမျိုးနွယ် ၆ စုက အသက်တိုင်းက အရမ်းကို တန်ဖိုးရှိတယ်... အဲ့ဒါက မင်းတို့လူသားတွေ ယှဥ်နိုင်တဲ့အရာ မဟုတ်ဘူး”
မျိုးနွယ်စုခေါင်းဆောင်ဝူဟွားက ခဏမျှတိတ်ဆိတ်ငြိမ်သက်နေပြီးနောက် ပြောလိုက်လေသည်။
“ဒါဆို... ကမ္ဘာဦးမျိုးနွယ် ၆စုက လူသားမျိုးနွယ်နဲ့ လုံးဝညှိနှိုင်းဆွေးနွေးခြင်း မပြုလုပ်ချင်တော့ဘူးလို့ ဆိုလိုတာလား”
“ရတယ်လေ... ငါတို့ ညှိနှိုင်းဆွေးနွေးလို့ရတယ်”
မျိုးနွယ်စုခေါင်းဆောင် စန်းမင်က မလှမ်းမကမ်းရှိ ဖန်တီးခြင်းကြာပဒုမ္မာကို လက်ညိုးထိုးပြလိုက်၏။
“လူသားမျိုးနွယ်က အထီးကျန်သိုင်းသခင်က ငါတို့ကလန်သားတွေအများကြီးကို သတ်ဖြတ်ခဲ့တယ်... ငါတို့က ညှိနှိုင်းဆွေးနွေးသင့်လားဆိုတာကို မဆုံးဖြတ်ခင် မင်းတို့ရဲ့ စိတ်ရင်းမှန်ကန်မှုကိုပြဖို့အတွက် အထီးကျန်သိုင်းသခင်ကို အရင်သတ်လိုက်”
“မရဘူး”
မျိုးနွယ်စုခေါင်းဆောင်ဝူဟွားက တွေဝေတုံ့ဆိုင်းခြင်းမရှိပဲ ငြင်းဆန်လိုက်၏။
“အဲ့ဒါဆိုရင်လည်း... ဘာမှညှိနှိုင်းဆွေးနွေးစရာ မရှိတော့ဘူး”
မျိုးနွယ်စုခေါင်းဆောင် စန်းမင်၏ အမူအရာက တည်တံ့သွားပြီး အေးစက်စွာပြောလိုက်၏။
“ငါတို့က အထီးကျန်သိုင်းသခင်ကို မဖြစ်မနေ သတ်ရမှာပဲ”
မဟာယာနမျိုးနွယ်စုခေါင်းဆောင်များကြား အခြေအတင်ဖြစ်လာသည့်ခဏမှာပင် လေထုက အလွန်တရာတင်းကျပ်လာခဲ့၏။
“အထီးကျန်သိုင်းသခင်ကို ကာကွယ်ကြ... သူ့ကို လုံးဝအထိအခိုက် မဖြစ်စေနဲ့”
မျိုးနွယ်စုခေါင်းဆောင် ဝူဟွားက သူ၏ လက်ကို ဝေ့ယမ်းပြီး ပြတ်သားစွာ အမိန့်ပေးလိုက်၏။
“ဟီးဟီး...”
မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီက ရယ်မောလိုက်လေသည်။
“မင်းတို့တွေက အားနည်းလွန်းတယ်... မဟာယာနမျိုးနွယ်စုခေါင်းဆောင် ၁၇ ယောက်တဲ့လား... မင်းတို့တွေထဲက အသန်မာဆုံးကတောင် အလယ်အလတ်မဟာယာနအဆင့်မှာပဲရှိတယ်... မင်းတို့တွေက ငါတို့လေးယောက်ကို တားဆီးနိုင်မယ်လို့ တကယ်ပဲထင်နေတာလား”
“သတ်..”
ကျင်းယန်က အော်ငေါက်ပြီး သူ၏ အစစ်အမှန်ပုံစံသို့ ချက်ချင်းပင်ပြောင်းလဲကာ ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်၏။
သူ၏ ကြီးမားသောခန္ဓာကိုယ်က ရွှေရောင်မီးတောက်များဖြင့် လောင်ကျွမ်းလာပြီး မျိုးနွယ်စုခေါင်းဆောင် ဝူဟွားနှင့် အခြားသူများရှိရာသို့ ခုန်ဝင်သွားလေသည်။.
“ကောင်းကင်ဘုံကြယ်တာရာမြစ်ကိုးစင်း”
မျိုးနွယ်စုခေါင်းဆောင် ဝူဟွားသည် ခပ်အုပ်အုပ်အော်ဟစ်ပြီး သူ့လက်ထဲရှိ မြင်းမြီးကျာပွတ်ကို ဝေ့ယမ်းလိုက်၏။
ငွေရောင်ချည်မျှင်သုံးထောင်သည် ကောင်းကင်ထက်ရှိ ကြယ်တာရာမြစ်များကဲ့သို့ တဖျတ်ဖျတ်လှုပ်ရှားသွား၏။
သူတို့သည် သိပ်သည်းပြင်းထန်သော စွမ်းပကားတစ်ခုနှင့်အတူ ကျင်းယန်ရှိရာသို့ တိုးဝင်လာ၏။
ဘုန်း...
အဲ့ဒီမှာကျယ်လောင်သော မြည်သံတစ်သံထွက်ပေါ်လာ၏။
မျိုးနွယ်စုခေါင်းဆောင် ဝူဟွားသည် ပါးစပ်အပြည့်သွေးများကို ထွေးထုတ်ပြီး နောက်သို့ ဒယီးဒယိုင်ဆုတ်ကာ သူ၏ အကြည့်က မှေးမှိန်သွား၏။
သူ့လက်ထဲရှိ မြင်းမြီးကျာပွတ်၏ ထက်ဝက်ကျော်သည် ကျင်းယန်၏ နေမင်းအမြုတေမီးဖြင့် လောင်ကျွမ်းခြင်းခံလိုက်ရ၏။
သူတို့နှစ်ယောက်သည် အလယ်အလတ်မဟာယာနအဆင့်မှာ ရှိကြသော်လည်း အစစ်အမှန်ကျောက်စိမ်း၏ တိုက်ခိုက်ရည်ခွန်အားသည် မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်နှင့်အခြားသူများကို ဖိနှိမ်နိုင်လေသည်။
သို့သော်လည်း မျိုးနွယ်စုခေါင်းဆောင် ဝူဟွားက အဲ့ဒါကို လုံးဝမခုခံနိုင်ပေ။
ကျင့်ကြံမှုအဆင့်တူသော မျိုးနွယ်စုခေါင်းဆောင်များကြားမှာပင်လျှင် သူတို့၏ ပါရမီ ၊ မျိုးဆက်သွေး ၊ သူတို့နားလည်ထားသော နတ်ဘုရားစွမ်းအားအရေအတွက်နှင့် နတ်ဘုရားစွမ်းအားများ၏ စွမ်းပကားပေါ်မူတည်၍ သူတို့၏ တိုက်ခိုက်ရည်ခွန်အားက ကွဲပြားသွားလေသည်။
“အို....”
အခြားတစ်ဘက်မှာ မျိုးနွယ်စုခေါင်းဆောင် စန်းမင်၏ ကောင်းကင်ဘုံမျက်လုံးက ပွင့်သွား၏။
ချက်ချင်းပင် ကြောက်စရာကောင်းသောအော်ရာတစ်ခုက ဖြန့်ကြက်လာပြီး စောင့်ကြည့်နေကြသော မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများပင်လျှင် တုန်လှုပ်သွားကြ၏။
မဟာယာနမျိုးနွယ်စုခေါင်းဆောင် ၁၇ ယောက် တောင့်ခံနေရသည့်ဖိအားက ဘယ်လောက်တောင်ကြီးမားသလဲ စဥ်းစားကြည့်ဖို့ခက်လေသည်။
မျိုးနွယ်စုခေါင်းဆောင် စန်းမင်၏ ကောင်းကင်ဘုံမျက်လုံးထံမှ နက်မှောင်နေသော အလင်းတန်းတစ်ခုက ပစ်လွင့်ထွက်ပေါ်လာ၏။
အနက်ရောင်အလင်းတန်း ဖြတ်သွားရာနေရာတိုင်း... အသက်ဓာတ်က ရိတ်သိမ်းခြင်းခံလိုက်ရ၏။
“မြန်မြန်လူစုခွဲကြ”
မျိုးနွယ်စုခေါင်းဆောင် ဝူဟွားက အော်ပြောလိုက်လေသည်။
ရွှစ်... ရွှစ်... ရွှစ်...
လူသားမျိုးနွယ်စုခေါင်းဆောင် ၁၇ ယောက်သည် တစ်ယောက်ပြီးတစ်ယောက် ရှောင်တိမ်းလိုက်ကြ၏။ သို့သော်လည်း မဟာယာနမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်သည် ရှောင်တိမ်းဖို့ နှေးကွေးသွားဆဲ ဖြစ်ပြီး အနက်ရောင်အလင်းဖြင့် ပွတ်တိုက်ခြင်းခံလိုက်ရ၏။
သူတို့ထဲမှတစ်ယောက်သည် အလွန်တရာလျင်မြန်စွာတုံ့ပြန်ပြီး သူ၏ အမြုတေစိတ်ဝိညာဥ်နှင့်အတူ ချက်ချင်းပင် ထွက်ပြေးလိုက်လေသည်။
အခြားတစ်ယောက်ကတော့ အနည်းငယ် မှင်တက်သွားခဲ့၏။
အဲ့ဒီနောက် သူ၏ အကြည့်က မှေးမှိန်သွားပြီး သူ၏ အသက်ဓာတ်အားက လျော့ကျကာ လေထဲကနေ ပြုတ်ကျလာခဲ့၏။
တဒင်္ဂနှောင့်နှေးမှုနှင့်အတူ မဟာယာနမျိုးနွယ်စုခေါင်းတစ်ယောက်သည် သူ၏ အမြုတေစိတ်ဝိညာဥ်နှင့်အတူ သူ၏ ခန္ဓာကိုယ်ကနေ ထွက်ခွာဖို့ပင် အချိန်မရလိုက်ဘဲ သူသည် မျိုးနွယ်စုခေါင်းဆောင် စန်းမင်၏ ကောင်းကင်ဘုံမျက်လုံးဖြင့် သတ်ဖြတ်ခြင်းခံလိုက်ရ၏။
ကပ်ဘေးကနေ ရှင်သန်လာပြီးနောက်... အခြားမျိုးနွယ်စုခေါင်းဆောင်သည် သူ၏ ခန္ဓာကိုယ်ကို စုဖွဲ့ဖို့အတွက် သွေးကနေ ပြန်လည်မွေးဖွားခြင်းကို ချက်ချင်းပင်ထုတ်ဖော်လိုက်၏။
ရုတ်တရက်ဆိုသလို...
အစိမ်းရင့်ရောင်မြူခိုးတစ်လွှာက ထိုမဟာယာနမျိုးနွယ်စုခေါင်းဆောင်၏ အသိစိတ်ထဲမှာ ပေါ်ထွက်လာပြီး မုန်တိုင်းတစ်ခုအဖြစ် အလျင်အမြန်စုဖွဲ့ကာ သူ၏ အမြုတေစိတ်ဝိညာဥ်ရှိရာသို့ တိုက်ခတ်လာလေသည်။
စိတ်ဝိညာဥ်သတ်ဖြတ်ခြင်းကျိန်စာ...
မျိုးနွယ်စုခေါင်းဆောင် ဝူထန်က တိုက်ခိုက်လိုက်ပြီဖြစ်၏။
အတိအကျဆိုရလျှင်... မျိုးနွယ်စုခေါင်းဆောင် ဝူထန်က မလှုပ်မယှက်ရှိနေပြီး သူတိုက်ခိုက်လိုက်သည်ကို မည်သူကမှ မတွေ့မြင်ရပေ။
သို့သော်လည်း အမြုတေစိတ်ဝိညာဥ်ကို ပစ်မှတ်ထားသော လျှို့ဝှက်သတ်ဖြတ်ခြင်းကျိန်စာတစ်ခုက လူသားမျိုးနွယ်စုခေါင်းဆောင်၏ အသိစိတ်ထဲမှာ ဆင်းသက်လာခဲ့ပြီဖြစ်၏။
မဟာယာနမျိုးနွယ်စုခေါင်းဆောင်၏ ခန္ဓာကိုယ်သည် ယခုတင်စုဖွဲ့ခါစဖြစ်ပြီး စိတ်ဝိညာဥ်သတ်ဖြတ်ခြင်းကျိန်စာက ဆင်းသက်လာခဲ့၏။
သူ၏ အမြုတေစိတ်ဝိညာဥ်က ဖျက်ဆီးခံလိုက်ရပြီး သူက သေဆုံးသွားလေပြီ။
သူသည် မျိုးနွယ်စုခေါင်းဆောင် စန်းမင်၏ ကောင်းကင်ဘုံမျက်လုံးကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း သူသည် စုန်းမျိုးနွယ်၏ လျှို့ဝှက်မန္တန်တစ်ခုကို မရှောင်တိမ်းနိုင်ခဲ့ပေ။
ဘန်း...
ထိုစဥ်မှာပင်...အားလုံး၏ အကြည့်အောက်မှာပင် မျိုးနွယ်စုခေါင်းဆောင် ဝူဟွား၏ ခန္ဓာကိုယ်က ထိုးချက်တစ်ချက်ဖြင့် ကြေမွသွားပြီး လတ်ဆတ်သောအသွေးအသားများက အဘက်ဘက်သို့ ပြန့်ကျဲသွား၏။
မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီက တိုက်ခိုက်လိုက်သောအခါ သူ၏ သွေးချီက တလိပ်လိပ်တက်လာပြီး မျိုးနွယ်စုခေါင်းဆောင် ဝူဟွားသည် သူ့ထံမှ သာမန်ကာလျှံကာ ထိုးချက်တစ်ချက်ကိုပင် မခုခံနိုင်ပေ။
သို့သော်လည်း မျိုးနွယ်စုခေါင်းဆောင် ဝူဟွား၏ အမြုတေစိတ်ဝိညာဥ်က ထွက်ပြေးလွတ်မြောက်သွားပြီး တစ်ခဏချင်းမှာပင် သူ၏ အသွေးအသားများက ပြန်လည်စုဖွဲ့လာ၏။
မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီကတော့ မဟာယာနမျိုးနွယ်စုခေါင်းဆောင်များကြားမှာ မွှေနှောက်တိုက်ခိုက်နေပြီး မည်သည့်လူသားမဟာယာနမျိုးနွယ်စုခေါင်းဆောင်ကမှ သူ၏ ထိုးချက် ကန်ချက်များကို မခုခံနိုင်ပေ။
ကျိုးပြတ်သွားသော ခြေလက်များက အဘက်ဘက်သို့ ပြန့်ကျဲထွက်သွား၏။
မျိုးနွယ်စုခေါင်းဆောင်များက သွေးသံရွှဲရွှဲဖြစ်နေပြီး အရမ်းကိုကြောက်မက်ဖွယ်ရာကောင်းနေလေသည်။
ဆယ်မိနစ်မပြည့်ခင်မှာပင် မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီနှင့် အခြားသော ကမ္ဘာဦးမျိုးနွယ်မျိုးနွယ်စုခေါင်းဆောင်သုံးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုမှာ ပဟေဠိနန်းတော်၏ မဟာယာနမျိုးနွယ်စုခေါင်းဆောင် ၇ ယောက်က ကျဆုံးသွားခဲ့လေပြီ။
“ငါတို့ ဘာလုပ်ရမလဲ... ငါတို့အဲ့ဒါကို လုံးဝမခုခံနိုင်ဘူး”
ရှစ်ကျန့်က တတွတ်တွတ်ရေရွတ်နေ၏။
ဖက်တီးလေးက မျက်မှောင်ကြုတ်ပြီး လူအုပ်ကြီးကို စစ်ဆေးကြည့်ရှုကာ တီးတိုးရေရွတ်လိုက်၏။
“ပဟေဠိနန်းတော်မှာ ဝှက်ဖဲတစ်ခုခုရှိနေဦးမယ်လို့ ငါခံစားနေရတယ်”
“ဒီမဟာယာနမျိုးနွယ်စုခေါင်းဆောင် ၁၇ ယောက်က အချိန်ဆွဲဖို့ ကြိုးစားနေတဲ့ပုံပဲ”
ခဏမျှရပ်တန့်ပြီးနောက် ဖက်တီးလေးက ဆက်ပြောလိုက်၏။
“ဟိုငနဲကြီး လင်းရွှမ်ကျီက အခုထိပေါ်ထွက်မလာသေးတာကို မင်းတို့ သတိထားမိကြလား”
“သူတို့မှာ ဘာဝှက်ဖဲပဲရှိရှိ မဟာယာနမျိုးနွယ်စုခေါင်းဆောင် ၁၇ယောက် သေဆုံးသွားတာနဲ့ ညီကိုဆူကလည်း သွားပြီပဲ... ငါတို့က အဲ့ဒီအချိန်ထိ စောင့်နေလို့ မရဘူး”
ရှစ်ကျန့်က သက်ပြင်းချလိုက်၏။
ထိုစဥ်မှာပင် ပဟေဠိနန်းတော်မှ ခေါင်းလောင်းသံက ထွက်ပေါ်လာ၏။
တစ်စုံတစ်ယောက်က ဤနေရာသို့ ရောက်ရှိလာခဲ့လေပြီ။