← Chapters

အထွတ်အထိပ်ကနေ ကျဆင်းလာမှု

Vol. 106 Ch. 1589

အထွတ်အထိပ်ကနေ ကျဆင်းလာမှု

Vol. 106 Ch. 1589

ယခုအချိန်တွင် ပဟေဠိနန်းတော်၏ တိုက်ပွဲနယ်မြေမှာ ဘိုးဘေးအဆင့် တိုက်ပွဲတစ်ခုက ဖြစ်ပွားလာခဲ့ပြီဖြစ်၏။ ပဟေဠိနန်းတော်မှ မဟာယာနမျိုးနွယ်စုခေါင်းဆောင်များသည် အချိန်ဆွဲပြီး အထီးကျန်သိုင်းသခင်ကို ကာကွယ်ဖို့အတွက် သူတို့၏ အသက်၊သွေးများကို စတေးနေပြီး သူတို့သည် ကမ္ဘာဦးမျိုးနွယ်မှ မျိုးနွယ်စုခေါင်းဆောင် ၄ ယောက်ကို ဆန့်ကျင်တိုက်ခိုက်နေကြ၏။

အစစ်အမှန်ကျောက်စိမ်းသည် ယက္ခလီယင်နှင့် တိုက်ခိုက်ရာမှာ အရေးသာနေသော်လည်း အချိန်တိုအတွင်းမှာ အနိုင်ရလဒ်ကို ဆုံးဖြတ်နိုင်ဖို့က ခဲယဉ်းလေသည်။

ထျန်ဟွမ်ကုန်းမြေတိုက်​ကြီး၏ ထိပ်သီးဂိုဏ်းများနှင့် အဖွဲ့အစည်းများ အားလုံးက ဤနေရာမှာ စုဝေးနေကြပြီး အခြားသော အဖွဲ့အစည်းများ ထပ်မံရောက်ရှိလာမည်ဆိုလျှင်တောင် အခြေအနေက ပြောင်းလဲသွားတော့မည် မဟုတ်ပေ။

အဲဒါကြောင့် ပဟေဠိနန်းတော်၏ ခေါင်းလောင်းသံက မြည်လာလျှင်တောင် မည်သူကမှ အာရုံမစိုက်ကြပေ။

တိုက်ပွဲက ပို၍ပင် ပြင်းထန်လာနေဆဲဖြစ်၏။

၁၀မိနစ်မျှနှင့် မျိုးနွယ်စုခေါင်းဆောင် ၁၇ယောက်ထဲမှ ၇ယောက်က သေဆုံးသွားလေပြီ။

ကျန်ရှိနေသော မျိုးနွယ်စုခေါင်းဆောင် ဝူဟွားနှင့် အခြားသူများသည် သူတို့၏ ခန္ဓာကိုယ်များက အနည်းဆုံး တစ်ကြိမ်စီ စုတ်ပြဲခဲ့ပြီးပြီဖြစ်၏။ သူတို့အားလုံးသည် သွေးများဖြင့် စိုရွှဲနေ​ပြီး သူတို့၏ အမူအရာများက ဖြူဖျော့နေကြ၏။

ကျင့်ကြံသူများသည် ထိုသည်ကို မြင်သောအခါ.. သူတို့သည် လူသားမျိုးနွယ်နှင့် ကမ္ဘာဦးမျိုးနွယ် ၉စုအကြား ဖြစ်ပွားခဲ့သော ရှေးဟောင်းခေတ်မှ အံ့မခန်း စစ်ပွဲဆီသို့ ပြန်လည်ရောက်ရှိသွားသည့်အလား ခံစားလိုက်ကြရ၏။

ရှေးဟောင်းကျမ်းစာအုပ်များထဲမှာ မှတ်တမ်းတင်ထားသော စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် မျိုးနွယ်စုခေါင်းဆောင်များ သေဆုံးခဲ့ရသည့် ကြောက်မက်ဖွယ်ရာကောင်းသော မြင်ကွင်းများသည် လူတိုင်း၏ ရှေ့မှောက်မှာ အမှန်တကယ် ဖြစ်ပွားလာခဲ့လေပြီ။

သို့သော်လည်း မှတ်တမ်းထဲရှိ အေးစက်နေသော စာလုံးများနှင့် ယှဉ်လျှင် လက်တွေ့အဖြစ်အပျက်က ပို၍ပင် တုန်လှုပ်စရာကောင်းပြီး ပို၍ဝမ်းနည်းဖွယ်ရာ ကောင်းလေသည်။

ဒါ့အပြင်.. လက်ရှိတိုက်ပွဲသည် ကမ္ဘာဦးမျိုးနွယ် ၆စုနှင့် လူသားမျိုးနွယ်၏ မျိုးနွယ်စုခေါင်းဆောင်များအကြား အကဲစမ်းမှုတစ်ခုသာဖြစ်ကြောင်း ကျင့်ကြံသူများ အားလုံးက သိရှိထားကြ၏။

ထိပ်တန်းအဆင့် ဘိုးဘေးပညာရှင်များက ယခုအချိန်ထိ ပေါ်ထွက်မလာကြသေးပေ။

မျိုးနွယ်စုအမျိုးမျိုးမှ ဧကရာဇ်များကလည်း ပေါ်ထွက်မလာကြသေးပေ။

နောက်ပိုင်းအဆင့် သို့မဟုတ် ပကတိ မဟာယာနမျိုးနွယ်စုခေါင်းဆောင်များ ပေါ်ထွက်လာ​ပြီး ဧကရာဇ်များ ဆင်းသက်လာသည်နှင့်.. အစစ်အမှန် တိုက်ပွဲများက ဖြစ်ပွားလာပေလိမ့်မည်။

ညှိနှိုင်းဆွေးနွေးမှု အထမြောက်သည်ဖြစ်စေ.. အထမမြောက်သည်ဖြစ်စေ.. ဤမျိုးနွယ်စုတစ်သောင်း စုဝေးပွဲသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ အနာဂတ်အခြေအနေကို ဆုံးဖြတ်ပေးနိုင်ဖို့ ရှိလေသည်။

အဲဒါသည် လူသားမျိုးနွယ်၏ အနာဂတ်ကို ဆုံးဖြတ်ပေးမည် ဖြစ်၏။

“လက်လျှော့လိုက်တော့”

အစစ်အမှန်ကျောက်စိမ်းနှင့် အကြိမ်ရေအနည်းငယ် ထိတွေ့ရိုက်ခတ်၍ ပြင်းထန်စွာ ထိခိုက်ခံစားခဲ့ရပြီးနောက်.. မျိုးနွယ်စုခေါင်းဆောင် လီယင်သည် သူမနှင့် ဆက်လက်၍ ထိပ်တိုက်ရင်ဆိုင်ခြင်း မရှိတော့ပေ။ ထိုအစား.. သူ၏ လှုပ်ရှားမှုနည်းစနစ်၏ အလျင်အဟုန်ကို အသုံးချကာ သူမကို တားဆီးနေ၏။

အစစ်အမှန်ကျောက်စိမ်းက မျိုးနွယ်စုခေါင်းဆောင် လီယင်ထက် ပိုမိုသန်မာလေသည်။

သို့သော်လည်း.. သူမက သူ့ကိုလည်း အပြတ်အသတ် ဖိနှိမ်နိုင်ခြင်း မရှိပေ။

“ငါက ရှင်းရှင်းပဲ ပြောလိုက်မယ်”

မျိုးနွယ်စုခေါင်းဆောင် လီယင်က အထင်သေးစွာဖြင့် သူ၏ နှုတ်ခမ်းကို စူလိုက်၏။

“လူသားမျိုးနွယ်က မျိုးနွယ်စုခေါင်းဆောင်တွေက ကိစ္စတွေကို အချိန်နည်းနည်း ပိုဆွဲထားနိုင်ရုံပဲ ရှိမယ်”

“ငါတို့ ကမ္ဘာဦးမျိုးနွယ်တွေက ထိပ်တန်းအဆင့် မျိုးနွယ်စုခေါင်းဆောင် တချို့က ပေါ်ထွက်မလာသေးဘူး.. သူတို့ ပေါ်ထွက်လာမယ်ဆိုရင် လူသားမျိုးနွယ်က ဧကရာဇ်တွေတောင် သူတို့ကို ခုခံနိုင်မှာ မဟုတ်ဘူး”

မျိုးနွယ်စုခေါင်းဆောင် စန်းမင်က အေးစက်စွာ ပြောလိုက်၏။

“တဗူးတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ခဲ့ရတဲ့ ကမ္ဘာဦးခေတ် စစ်ပွဲမှာ ကမ္ဘာဦးမျိုးနွယ် ၉စုက ကြီးကြီးမားမား ပျက်စီးထိခိုက်ဆုံးရှုံးခဲ့ရတယ်.. အဲဒါကြောင့်ပဲ လူသားမျိုးနွယ်က မြင့်မားတိုးတက်ဖို့အတွက် အခွင့်အလမ်းတစ်ခု ရရှိခဲ့တာ”

“အတိအကျပြောရရင်.. လူသားဧကရာဇ်လိုမျိုး အန္တိမပညာရှင်တစ်ယောက်​ ပေါ်ထွက်လာပြီး အလှည့်အပြောင်းကို ဖြစ်စေခဲ့တာကြောင့် မဟုတ်ရင်.. မင်းတို့ လူသားမျိုးနွယ်က ကျဆုံးခဲ့တာ ကြာနေခဲ့ပြီ”

လူသားဧကရာဇ်အကြောင်း ပြောဆိုချိန်တွင် ကမ္ဘာဦးမျိုးနွယ်မှ မျိုးနွယ်စုခေါင်းဆောင် ၅ယောက်၏ မျက်လုံးများထဲမှ စိုးရိမ်ပူပန်မှု အရိပ်အယောင်များက ပေါ်ထွက်လာ၏။

လူသားဧကရာဇ်သည် မရှိတော့သည်မှာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာမြင့်ခဲ့ပြီ ဖြစ်လျှင်တောင် သူ၏ နာမည်ဂုဏ်သတင်းက သမိုင်းတစ်လျှောက် တုန်လှုပ်စေ​ပြီး ကမ္ဘာဦးမျိုးနွယ်များက သူ့ကို အလွန်တရာ စိုးရွံ့ကြလေသည်။

မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီက သူ၏ ခေါင်းကို ညင်သာစွာ ခါယမ်းပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ကံဆိုးစွာနဲ့ပဲ.. လူသားဧကရာဇ်လို ပြောင်းလဲနိုင်ခြေတစ်ရပ် ပေါ်ထွက်လာဖို့အတွက် သိပ်သည်းပြင်းထန်တဲ့ ကံကြမ္မာအခွင့်အလမ်းကို လိုအပ်တယ်”

“ဒါပေမဲ့.. ဒီဘက်မျိုးဆက်မှာ လူသားမျိုးနွယ်က သူတို့ရဲ့ လမ်းဆုံးကို ရောက်နေကြပြီ.. မင်းတို့တွေက လူသားဧကရာဇ်လို အန္တိမပညာရှင်တစ်ယောက်ကို ဘယ်လိုမှ ပိုင်ဆိုင်နိုင်မှာ  မဟုတ်တော့ဘူး.. မင်းတို့ လူသားမျိုးနွယ်က လမ်းဆုံးသွားပြီ”

“လူသားမျိုးနွယ်က သူတို့ရဲ့ လမ်းဆုံးကို ရောက်နေကြပြီ”

များစွာသော ကျင့်ကြံသူများသည် အသံတိတ်၍ သူတို့၏ အမူအရာများက မှေးမှိန်သွားကြ၏။

မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီက အဲဒါကို အတိအကျ ပြောဆိုခြင်း မရှိလျှင်တောင် လက်ရှိအခြေအနေကို သူတို့က သိရှိထားကြ၏။

ဒီဘက်မျိုးဆက် လူသားမျိုးနွယ်မှာ သူတို့၏ ကံကြမ္မာအခွင့်အလမ်းက အလွန်တရာ အားနည်းလာကြောင်းကို ရှုထောင့်ပေါင်းစုံကနေ တွေ့မြင်နိုင်လေသည်။ အဲဒီမှာ မည်သည့် အားမာန်တက်ကြွမှုမှ မရှိတော့ဘဲ အသက်ဓာတ်ကင်းမဲ့လာခဲ့၏။

ကျင့်ကြံသူ အများစုသည် ရှေးဟောင်းခေတ်တုန်းကလို သူရဲကောင်းဆန်မှုနှင့် ရဲဝံ့သော စိတ်ဝိညာဉ်တို့ မရှိကြတော့ပေ။ သူတို့သည် ပြင်းပြသော တိုက်ပွဲဝင် စိတ်ဝိညာဉ်နှင့် ဇွဲလုံ့လတို့ ဆက်လက်၍ မရှိကြတော့ပေ။

တကယ်ဆို ကျင့်ကြံရေးလောကရှိ ထိပ်သီးဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများကြားမှာ ခွာပြဲမှုများပင် ပေါ်ထွက်လာခဲ့ပြီဖြစ်၏။

ကျင့်ကြံသူများ အားလုံးက စည်းလုံးမှု မရှိကြတော့ပေ။

လူသားမျိုးနွယ်က သူတို့၏ လမ်းဆုံးသို့ ရောက်ရှိနေပြီဆိုတာကို အရိပ်လက္ခဏာများစွာက ဖော်ပြနေ၏။

ဤအချိန်အတောအတွင်း အထီးကျန်သိုင်းသခင်က မြင့်မားတိုးတက်လာပြီး သိုင်းတာအိုကို တည်ဆောက်ကာ သက်ရှိအားလုံးကို သိုင်းပညာ သင်ကြားပေးခဲ့၏။ သူသည် သိုင်းတာအို၏ စိတ်ဝိညာဉ်ကို တည်ဆောက်ပြီး ကျင့်ကြံရေးလောက၏ စိတ်အားမာန်ကို တိုးမြင့်လာစေခဲ့၏။

သို့သော်လည်း အဲဒါက နောက်ကျသွားခဲ့လေပြီ။

သိုင်းတာအို ပေါ်ထွက်လာခဲ့သည်မှာ ရာစုနှစ် အနည်းငယ်မျှသာ ရှိသေးလေသည်။

အထီးကျန်သိုင်းသခင်သည် သမိုင်းတစ်လျှောက် နံပါတ်တစ် ပြန်ဝင်စား မွန်းစတား ဖြစ်သော်လည်း.. သူသည် မဟာယာနအဆင့်သို့ တက်လှမ်းနိုင်ခြင်း မရှိသေးဘဲ သူ၏ အနာဂတ်က ရေရာသေချာမှု မရှိပေ။

ကမ္ဘာဦးမျိုးနွယ် ၆စုသည် လူသားမျိုးနွယ်ကိုဖြစ်စေ.. အထီးကျန်သိုင်းသခင်ကိုဖြစ်စေ.. လုံလောက်သည့်အချိန် ပေးတော့မည် မဟုတ်ပေ။

တကယ်တမ်းမှာတော့ အဲဒါသည် မဟာတာအို၏ အဆုံးစွန်အမှန်တရားနှင့် လောက၏ ထာဝရ နိယာမများ ဖြစ်လေသည်။

လောကရှိ အရာရာတိုင်းက အထွတ်အထိပ်သို့ ရောက်ရှိပြီးလျှင် ကျဆင်းရလေသည်။

ကမ္ဘာဦးခေတ်တုန်းက မဟာတဗူး ၃မျိုးက လွှမ်းမိုးခြယ်လှယ်စွာ မင်းမူခဲ့​ပြီး ကမ္ဘာဦးမျိုးနွယ် ၉စုက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို အုပ်စိုးခဲ့ကြ၏။

သူတို့၏ အထွတ်အထိပ်မှာ ကမ္ဘာဦးခေတ် စစ်ပွဲက ပေါ်ထွက်လာခဲ့၏။

တဗူးများက ကျဆုံးခဲ့ပြီး ကမ္ဘာဦးမျိုးနွယ် ၉စုကလည်း ကြီးမားသော ပျက်စီးထိခိုက်မှုများနှင့် ကြုံတွေ့ခဲ့ရ၏။

လူသားမျိုးနွယ်သည် ထိုအခွင့်အလမ်းကို ချိန်ဆပြီး မြင့်မားတိုးတက်လာခဲ့၏။

ကမ္ဘာဦးမျိုးနွယ် ၉စုသည် ရှေးဟောင်းခေတ် စစ်ပွဲအပြီး၌ လုံးဝကျဆင်းသွားပြီး ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ ချောင်ကြိုချောင်ကြားမှာ ပိတ်လှောင်ခံခဲ့ရ၏။

လူသားမျိုးနွယ်ကတော့ သူတို့သည် နှစ်ပေါင်းမရေမတွက်နိုင်အောင် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို စိုးမိုးခြယ်လှယ်ခဲ့ကြ၏။ အတိတ်ကာလတုန်းက ကမ္ဘာဦးမျိုးနွယ် ၉စုကဲ့သို့ပင် သူတို့သည် သူတို့၏ အထွတ်အထိပ်သို့ ရောက်ရှိသည့်တိုင်အောင် အလွန်တရာ သန်မာခဲ့ကြ၏။ အဲဒီနောက် အချိန်ကြာမြင့်စွာ ယိုယွင်းပျက်စီးလာခဲ့ပြီးနောက်.. သူတို့သည် ဒီဘက်ခေတ်မှာ လုံးဝကို အရေးနိမ့်လာခဲ့လေပြီ။

အဲဒါသည် အထွတ်အထိပ်ကနေ ကျဆင်းခြင်းဖြစ်​ပြီး ဤရွေ့လျားမှု အလျင်အဟုန်သည် ကြိုးစားအားထုတ်မှုသက်သက်ဖြင့် ရပ်တန့်နိုင်သော တစ်စုံတစ်ရာ မဟုတ်ပေ။

ကမ္ဘာဦးခေတ်မှာ သန်မာသော တဗူး ၃ မျိုးနှင့် ကမ္ဘာဦးမျိုးနွယ် ၉ စုပင်လျှင် ဤကဲ့သို့ ရွေ့လျားမှု အလျင်အဟုန်ကို မလွန်ဆန်နိုင်ခဲ့ပေ။

မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီပြောသည်မှာ မမှားပေ။

လူသားမျိုးနွယ်က သူတို့၏ လမ်းဆုံးသို့ ရောက်ရှိနေလေပြီ။

လူသားမျိုးနွယ်၏ ကျဆင်းလာသော ကံကြမ္မာ အခွင့်အလမ်းက ထာဝရ လူသားဧကရာဇ်ကဲ့သို့ အန္တိမပညာရှင်တစ်ယောက်ကို ဘယ်လိုမှ မွေးထုတ်ပေးနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း.. မထင်မှတ်ထားစွာပင် ဒီဘက်မျိုးဆက်မှာ လူသားမျိုးနွယ်၏ နောက်ထပ် ပြောင်းလဲနိုင်ခြေတစ်ရပ်က ပေါ်ထွက်လာခဲ့၏။

လွန်ခဲ့သည့် နှစ်များစွာက အမျိုးသမီးတစ်ယောက်သည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးသို့ ရောက်ရှိလာခဲ့ပြီး သာမန်မြို့ငယ်လေးတစ်မြို့မှ စာပေသမားတစ်ယောက်ကို ကျင့်ကြံရေးလောကသို့ ခေါ်ဆောင်ကာ သူ၏ ကံကြမ္မာကို ပြောင်းလဲပေးခဲ့၏။

ဤအမျိုးသမီးသည် စာပေသမား၏ ကံကြမ္မာကို ပြောင်းလဲပေးခဲ့၏။

ဤစာပေသမားက လောကရှိ သက်ရှိအားလုံး၏ ကံကြမ္မာကို ပြောင်းလဲပေးမည်ဟု မဟာအဓိဋ္ဌာန်တစ်ခုကို ပြုခဲ့လေသည်။

အဲဒီနောက်.. ပုံပြောအဘိုးအို အပါအဝင် ပဟေဠိနန်းတော်မှ လူတိုင်းသည် လူသားမျိုးနွယ်၏ ကံကြမ္မာ အခွင့်အလမ်းက ကုန်ခမ်းလာခဲ့ပြီကို ပြောနိုင်သော်လည်း သူတို့သည် ထိုစာပေသမား၏ ကံကြမ္မာကို ဗေဒင်မတွက်ချက်နိုင်ခဲ့ပေ။

ထို့ကြောင့်ပင်လျှင်.. ထိုစာပေသမားက လူသားမျိုးနွယ်၏ အနာဂတ် မျှော်လင့်ချက်ဖြစ်သည်ဟု ပုံပြောအဘိုးအိုက ပြောခဲ့ခြင်းဖြစ်၏။

ထို့ကြောင့်ပင်လျှင်.. ပဟေဠိနန်းတော်၏ မဟာယာနမျိုးနွယ်စုခေါင်းဆောင်များသည် သူတို့၏ အသက်နှင့် သွေးများကို စတေး၍ ထိုစာပေသမားကို မခြွင်းမချန် ကာကွယ်ပေးနေကြခြင်းဖြစ်၏။

“လက်လျှော့လိုက်တော့”

မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီက မလှမ်းမကမ်းရှိ မျိုးနွယ်စုခေါင်းဆောင် ဝူဟွားကို ကြည့်ပြီး မှင်သေသေဖြင့် ပြောလိုက်၏။

“မင်းရဲ့ သွေးချီက အားနည်းနေပြီ… မင်းက သွေးကနေ ပြန်လည်မွေးဖွားခြင်းကို ဆက်ပြီး အသုံးမပြုနိုင်တော့ဘူး”

“အထီးကျန်သိုင်းသခင်ကို ငါတို့ သတ်ဖြတ်မှာကို ဘယ်သူကမှ မတားဆီးနိုင်တော့ဘူး”

“အဲဒါကို ဘယ်သူပြောတာလဲ”

ထိုစဉ်မှာပင်.. ပဟေဠိနန်းတော်၏ အပြင်ဘက်ကနေ အသံတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံပိုင်ရှင်က အလွန်တရာ ငယ်ရွယ်သေးသည့်အလား.. သူ၏ အသံက နုနယ်နေ၏။

“ဟမ်”

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများ၏ အမူအရာများက ပြောင်းလဲသွားကြ၏။

ယခုလို အချိန်မှာ အထီးကျန်သိုင်းသခင်ဘက်ကနေ ရပ်တည်ပြီး ကမ္ဘာဦးမျိုးနွယ် ၆ စုကို ဘယ်လိုလူက ဆန့်ကျင်ရဲတာလဲ…။

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများ အားလုံးက လှမ်းမျှော်ကြည့်ရှုလိုက်ကြ၏။

ခံ့ညားထည်ဝါသော အော်ရာများနှင့်အတူ.. သက်ရှိတစ်အုပ်စုက ပဟေဠိနန်းတော်၏ အပြင်ဘက်ကနေ လျှောက်လှမ်းလာကြ၏။ သူတို့က အရေအတွက် ရာချီရှိပြီး သူတို့ကို မြူခိုးတစ်လွှာက ဖုံးအုပ်ထားသည်ဟု ထင်ရ၏။

သူတို့သည် အံ့မခန်း သမုဒ္ဒရာတစ်စင်းကဲ့သို့ စုစည်းကာ ဝင်ရောက်လာကြ၏။

ထိုသက်ရှိများသည် လူသားပုံသဏ္ဌာန်မှာ ရှိသော်လည်း သူတို့ကို သားရဲချီများက လွှမ်းခြုံနေပြီး သူတို့က လူသားများ မဟုတ်သည်မှာ သိသာလေသည်။

အဲဒီမှာ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးပညာရှင်များ ပါဝင်လေသည်။

အရေအတွက် ရာချီရှိသော သူတို့ထံမှ ထွက်ပေါ်လာသော အော်ရာများသည် သမုဒ္ဒရာတစ်စင်းကဲ့သို့ ကျယ်ပြောပြီး ကမ္ဘာဦးမျိုးနွယ် ၆စုထက် မနိမ့်ကျပေ။

သက်ရှိရာချီကြားမှာ အနက်ရောင်ဝတ် လူငယ်အမျိုးသားတစ်ယောက်က မတ်တတ်ရပ်နေ၏။ သူသည် အသက် ၁၆နှစ် ဝန်းကျင်သာ ရှိမည့်ပုံပေါ်ပြီး သူ၏ ရုပ်ရည်က အရမ်းကို ချောမောလေသည်။ သူ၏ မျက်လုံးများက ကြီးမား၍ ကြည်လင်နေပြီး တစ်မူထူးခြားအောင် ပေါ့ပါးဖျတ်လတ်နေ၏။

စွမ်းအားကြီးမားသော သက်ရှိများသည် ဂြိုဟ်တစ်လုံးကို ကြယ်များက လှည့်ပတ်နေသည့်အလား.. အနက်ရောင်ဝတ် လူငယ်ကို အလယ်မှာထား၍ ကာကွယ်ပေးနေကြ၏။

All Chapters