← Chapters

လီဟောင်တို့သားအဖ၏ နောက်ဆက်တွဲ အဖြစ်အပျက်

Vol. 58 Ch. 857

လီဟောင်တို့သားအဖ၏ နောက်ဆက်တွဲ အဖြစ်အပျက်

Vol. 58 Ch. 857

သြဂုတ်လ 17 ရက်နေ့တွင် DG အထက်တန်းကျောင်းမှ လီဟောင်နှင့် လီထျောင်တို့ သားအဖသည် ပြိုင်ပွဲကို အရှက်ကွဲစွာဖြင့် အဆုံးသတ်ခဲ့ရသည်။

အရေးကြီးဆုံးအချက်မှာ သူတို့ရှုံးနိမ့်သည့်ပုံစံက တကယ်ကို ဆိုးရွားလွန်းနေခြင်းပင်။

ထိုနေ့တွင် လီဟောင် နှင့် သူ့အဖေမှလွဲ၍ သနားစရာအကောင်းဆုံးမှာ အမှတ် 60 အထက်တန်းကျောင်းမှ သန့်ရှင်းရေးအမျိုးသမီးများ ဖြစ်သည်။

မျက်နှာဖုံးများ တပ်ဆင်ထားသော သန့်ရှင်းရေး အမျိုးသမီး များသည် မြေပြင်ကို သန့်ရှင်းရေးလုပ်စဉ် လီဟောင်တို့ မျိုးဆက် တစ်ဆယ့်ရှစ်ဆက်လုံးကို ကျိန်ဆဲခဲ့ကြသည်။

မြေကြီးပေါ်ရှိ ဤအဝါရောင် အညစ်အကြေးများသည် လီတျောင် စားခဲ့သော သက်တမ်းကုန်နေသည့် ခေါက်ဆွဲခြောက်နှင့် သူ့ဗိုက်ထဲမှ ပိုးမွှား အကောင်ကြီးများ၏ ပေါင်းစပ်မှုမှ ထွက်ပေါ်လာသော အရာများ ဖြစ်သည်။

တကယ်တမ်းတွင် ၎င်းက သာမန် အညစ်အကြေးများထက် ပိုမို စေးကပ်သည်။

မြေပြင်တွင် စူပါဂလူးလို ကပ်နေသောကြောင့် ဖယ်ရှားရန် မဖြစ်နိုင်သည့်အပြင် အလွန်ဆိုးရွားသော အနံ့ကိုလည်း ပေးစွမ်း၏။

သန့်ရှင်းရေးအမျိုးသမီးများသည် မြေပြင်ကို သန့်ရှင်းရန် အစီအရင် အမျိုးမျိုးကို အသုံးပြုခဲ့ကြသော်လည်း အစီအရင်တစ်ခုမှ ကောင်းစွာ အသုံးမဝင်ခဲ့ပေ။

အဆုံးသတ်တွင် သူတို့သည် စင်မြင့်ကိုသာ ဖြိုဖျက်လိုက်ကြရသည်။

နွေရာသီအားလပ်ရက်တွင် အမှတ် 60 အထက်တန်းကျောင်းကို ပြန်လည်မွမ်းမံရန် အစီအစဉ်ရှိနေ၍သာ ခံသာသွားခဲ့သည်။

မည်သို့ပင်ဖြစ်စေ အမှတ်၆၀ အထက်တန်းကျောင်းသည် လီဟောင်တို့ သားအဖကို နစ်နာကြေးအတွက် တောင်းဆိုသွားမည် ဖြစ်သည်။

ထိုညနေခင်းတွင် DG အထက်တန်းကျောင်း၏ ကျောင်းအုပ်ကြီးသည် တောင်းပန်သည့် ဗီဒီယိုကို အွန်လိုင်းပေါ်တွင် ကိုယ်တိုင် တင်ခဲ့သည်။

သို့သော် အွန်လိုင်းအသုံးပြုသူ အများစုက လက်မခံကြဘဲ ဒေသတွင်း ကျောင်းများကို လေးစားမှုမရှိသော နိုင်ငံခြားပိုင် DG အထက်တန်းကျောင်းကို နှင်ထုတ်ရန် တောင်းဆိုခဲ့ကြသည်။

သြဂုတ်လ ၁၈..

DG အထက်တန်းကျောင်းရှိ ကျောင်းအုပ်ကြီး၏ အစည်းအဝေးခန်းမတွင် ယမန့်နေ့က ဝမ်းလျှောခဲ့သည့် လီတျောင် အပါအဝင် ကျောင်းဘုတ်အဖွဲ့ ဒါရိုက်တာများ အားလုံး တက်ရောက်ခဲ့ကြသည်။

တကယ်တော့ လီတျောင်၏ ဗိုက်သည် အစည်းအဝေးမစခင် မိနစ်နှစ်ဆယ်လောက်အထိ အသက်ဝင်နေပါသေးသည်။

သူ့ဗိုက်ထဲတွင် ဝမ်းကိုက်ပိုးက လှုပ်ရှားနေ၍ သူ၏ဗိုက်သည် စက္ကန့်မိနစ်တိုင်း တုန်ခါနေပြီး အဆက်မပြတ် အူမြူးနေသည့် အသံကို ကြားနေရသည်။

ကျောင်းအုပ်ဆရာကြီးနှင့် DG အထက်တန်းကျောင်း၏ ဒါရိုက်တာများ အားလုံးသည် နှာခေါင်းစည်းများကို ဝတ်ဆင်ထားကြသည်။

ကျောင်းအုပ်ကြီး "မစ္စတာလီတျောင်.. မင်းနေမကောင်းရင် အစည်းအဝေးတက်ဖို့ မလိုပါဘူး"

လီတျောက်က မိနစ်တိုင်း အီးပေါက်နေ၍ အစည်းအဝေးခန်းတစ်ခုလုံး အနံ့အသက်များ ပြည့်နေသောကြောင့် သူ သည်းမခံနိုင်တော့ပေ။

ဒါရိုက်တာအချို့က ဆေးပြင်းလိပ်ကိုပင် မသောက်ရဲကြချေ။

အဘယ်ကြောင့်ဆိုသော် လေထဲတွင် အီးငွေ့များက အလွန်များပြားနေ၍ ဆေးလိပ်မီးပွားများကြောင့် ပေါက်ကွဲမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

လီတျောင်က သွားများကို အံကြိတ်ပြီး စားပွဲကို လက်ဝါးဖြင့် ရိုက်လိုက်သည်။

"ငါမနေ့က ရုတ်တရက် ဝမ်းလျှောသွားလို့ပါ.. ဒီလိုမှမဟုတ်ရင် ရှုံးနိမ့်မှာ မဟုတ်ဘူး"

"မစ္စတာလီတျောင်.. မင်းကို ဒီအစည်းအဝေး တက်ခွင့်ပြုပေမယ့် စိတ်မလှုပ်ရှားပါဘူးလို့ ကတိပေးရမယ်”

ယခုအခါတွင် ကျောင်းအုပ်ကြီးနှင့် ဒါရိုက်တာများအားလုံးသည် လီတျောင်ကို ဗုံးတစ်လုံးလို ကြည့်နေကြသည်။

အားလုံးက သူတို့နှင့် လီတျောင် အကြား အကွာအဝေးတစ်ခု ခြားထားလိုက်ကြ၏။

စိတ်လှုပ်ရှားသည့်အခါတွင် အဘယ်အရာက ထိန်းချုပ်မှု ဆုံးရှုံးဖို့ အလွယ်ဆုံးနည်း။

ဟုတ်ပါသည်၊ယင်းမေးခွန်း၏အဖြေမှာ "ဖင်"ဖြစ်သည်။

DG အထက်တန်းကျောင်း၏ ကျောင်းအုပ်ကြီးက သက်ပြင်းချလိုက်သည်။

“ဒီအစည်းအဝေးမှာ အားလုံးနဲ့ ဆွေးနွေးချင်တာက ကျောင်းသား အပြောင်းအရွှေ့ ကိစ္စပါ.. ငါတို့ကျောင်းက ဟွာရှို့မဟာမိတ်အဖွဲ့ထံကနေ အနီရောင်အဆင့် သတိပေးချက်ကို လက်ခံရရှိထားပြီးပြီ.. ဒါကြောင့် ငါတို့ကျောင်းက ဟွာရှို့မှာဆက်လက် ဖွင့်လှစ်နိုင်တော့မှာ မဟုတ်ဘူး"

"အ​ခြေအ​နေ​တွေက ဘာလို့ အရမ်းဆိုး​နေရတာလဲ"

ဒါရိုက်တာတစ်ယောက်က တအံ့တသြ မေးလိုက်၏။

“အဆုံးသတ်မှာတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်တဲ့ အန္တရာယ်တွေကို ငါတို့ လျှော့တွက်မိခဲ့တယ်.. အစကတည်းက အမှန်အတိုင်း ဝန်ခံပြီး တောင်းပန်လိုက်မယ်ဆိုရင် ဒီလိုမျိုး အဆုံးသတ်မှာ မဟုတ်ဘူး”

ကျောင်းအုပ်ကြီးက ခေါင်းခါယမ်း၍ ပြောလိုက်သည်။

“အခုချိန်မှာတော့ နောက်ကျသွားခဲ့ပြီ.. လွန်ခဲ့တဲ့ ငါးမိနစ်ခန့်ကပဲ ဟွာရှို့မဟာမိတ်က ကျောင်းသားတွေ အတွက် အပြောင်းအရွှေ့ အစီအစဉ်တွေ ပြုလုပ်ဖို့နဲ့ ကျောင်းသားတွေရဲ့ ကျူရှင်စရိတ်တွေ၊ အထွေထွေ ကုန်ကျစရိတ်တွေနဲ့ အခြားစရိတ်စကတွေကို တစ်လအတွင်း ပြန်အမ်းပေးရမယ်လို့ ရာဇသံ ထုတ်ပြန်ခဲ့တယ်"

ထိုစကားကိုကြားတော့ ဒါရိုက်တာအားလုံး၏ စိတ်သည် ရော်ဘာဘောလုံးလေးများလို ပြိုလဲသွားသည်။

ဤအတိုင်းအတာအထိ သတိပေးချက်မျိုး တစ်ခါမှ မကြုံဖူးပေ။

ပိုဆိုးသည်မှာ ထိုအမိန့်ကို ကျောင်းပေါင်း တစ်သောင်းမဟာမိတ်ကို ကျော်ဖြတ်ကာ ဟွာရှို့မဟာမိတ် အဖွဲ့အစည်းမှ တိုက်ရိုက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

သူတို့အနေဖြင့် ပြေလည်အောင် ညှိနှိုင်းပိုင်ခွင့်ပင် လုံးဝမရှိခဲ့ပေ။

သူတို့က DG အထက်တန်းကျောင်းတွင် ရင်းနှီးမြှုပ်နှံမှုများစွာ မြှုပ်နှံထား၏။

သို့သော်လည်း ဤရလဒ်ကို မည်သူမျှ မမျှော်လင့်ထားခဲ့ချေ။

"မစ္စတာလီထျောင်.. ဒါတွေအားလုံးက မင်းရဲ့သား လီဟောင်ရဲ့ မဆင်မခြင် အပြုအမူကြောင့်ပဲ.. မင်းဘယ်လို ဖြေရှင်းဖို့ စဥ်းစားထားလဲ"

တစ်စုံတစ်ယောက်က လီတျောင် နဲ့ လီဟောင်ကို အပြစ်တင်လိုက်သည်။

ဤကိစ္စကို လီတျောင်သာ တာဝန်မယူလျှင် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု အဖွဲ့များ၏ အမှုဆောင် အရာရှိများကို ရှင်းပြရန် နည်းလမ်း မရှိတော့ပေ။

DG အထက်တန်းကျောင်းသည် ဟွာရှို့၏ ပညာရေးစျေးကွက်သို့ ယခုလေးတင်မှ ဝင်ရောက်လာသော်လည်း နောက်ဆုံးတွင် ဤမျှဆိုးရွားသော အခြေအနေဖြင့် ပြီးဆုံးသွားခဲ့သည်။

ထို့အပြင် ဤသက်ရောက်မှုက ဆက်လက် ပြင်းထန်နေဦးမည် ဖြစ်၏။

ဟွာရှို့မဟာမိတ်က သူတို့၏ အနီရောင်အဆင့် သတိပေးချက်ကို နိုင်ငံတကာတွင် ထုတ်ပြန်သွားမည် ဖြစ်သောကြောင့် ပြည်ပရှိ ၎င်းတို့၏ ဂုဏ်သိက္ခာကို များစွာ ထိခိုက်စေမည် ဖြစ်သည်။

သူ့ဗိုက်ထဲမှ နာကျင်မှုကို ခံနိုင်ရည်ရှိအောင် တောင့်ခံရင်း လီတျောင်က ပြောလိုက်သည်။

“ငါ… ဒီကိစ္စကို ကောင်းကောင်း မစဉ်းစားရသေးဘူး”

သို့သော် ကံမကောင်းစွာပဲ သူ့စကားမဆုံးခင်မှာပင် ဗိုက်ကို လက်တစ်ဖက်ဖြင့် ဖိကာ အစည်းအဝေးခန်းထဲကနေ အမြန် ထွက်သွားခဲ့ရသည်။

လူတိုင်းက သက်ပြင်းချလိုက်ကြ၏။

“…...........”

"တော်သေးတယ်.. အစည်းအဝေးခန်းထဲမှာ မပါချလိုက်လို့"

လီတျောင် ထွက်သွားသည်ကိုမြင်လျှင် ကျောင်းအုပ်ကြီးက ပြောလိုက်သည်။

“တကယ်တော့ ရင်းနှီးမြုပ်နှံမှု အဖွဲ့က လီတျောင်ကို ပြစ်ဒဏ် ပေးဖို့ ဆုံးဖြတ်ထားပြီးပြီ.. ဘာကြောင့်လဲ ဆိုတာ မင်းတို့နားလည်တယ် မဟုတ်လား"

ဒါရိုက်တာတွေ အားလုံးက ခေါင်းတဆတ်ဆတ် ညိတ်လိုက်ကြသည်။

ပြဿနာက မည်မျှပြင်းထန်မှန်း သူတို့ သိထားကြ၏။

လီတျောင် ရှေ့တွင် အမှန်အတိုင်း ပြောခဲ့မည်ဆိုလျှင် လီတျောင်က သေချာပေါက် ပေါက်ကွဲပေလိမ့်မည်။

“အထက်က ပြစ်ဒဏ်နှစ်ခုကို ဆုံးဖြတ်ထားပြီးပြီ.. လူတိုင်းက ဘယ်ပြစ်ဒဏ်ကို ပေးသင့်လဲဆိုတာ မဲပေးရမယ်”

ကျောင်းအုပ်ကြီးက ပြောလိုက်သည်။

"အဲဒီပြစ်ဒဏ်က ဘယ်လိုပြစ်ဒဏ်တွေလဲ"

"ပထမဦးဆုံးပြစ်ဒဏ်က သူတို့သားအဖကို လိင်ပြောင်းဖို့အတွက် ထိုက်စွေနိုင်ငံကို ပို့ပေးပြီး နှစ်ယောက်တွဲအိုင်ဒေါလ် အဖြစ် ပွဲဦးထွက်ခိုင်းဖို့ပဲ"

လူတိုင်း အကြီးအကျယ် ထိတ်လန့်သွားကြသည်။

“…..........”

လီတျောင်ကို မိန်းကလေးအဖြစ်သို့ ပြောင်းလဲရန်မှာ အလားအလာ ရှိပါသေးသည်။

သို့သော် လီဟောင်ကမူ အသွင်ပြောင်းလိုက်လျှင် ကင်းကောင်ဘာဘီ ဖြစ်လာနိုင်ပေသည်။

"ကန့်ကွက်ပါတယ်.. ဒါက အမြင်အာရုံကို ညစ်ညမ်းစေတယ်”

ဒါရိုက်တာတစ်ယောက်က သူ့လက်ကို မြှောက်၍ ပြောလိုက်သည်။

"ငါလည်း ကန့်ကွက်တယ်.. ဒီပြစ်ဒဏ်က လူသားဆန်ခြင်း လုံးဝမရှိဘူး.. ဘာလို့ ငါတို့က သူတို့အတွက်နဲ့ အမြင်အာရုံကို ညစ်ညမ်းခံရမှာလဲ"

“ကောင်းပြီ”

ကျောင်းအုပ်ကြီးက ခေါင်းညိတ်လိုက်သည်။

“ဒါရိုက်တာ နှစ်ယောက်က ကန့်ကွက်တဲ့ အတွက် တခြား ဆုံးဖြတ်ချက်ကို ပြောပြပါရစေ.. ဒုတိယတစ်ခုက မစ္စတာလီတျောင်နဲ့ သူ့သားကို လီရှို့ရဲ့ သွေးစုပ်ဖုတ်ကောင် ထိန်းချုပ်ရေးဌာနဆီ ပြန်လည် စေလွှတ်ပြီး အဖြစ်အပျက်ရဲ့ နောက်ဆက်တွဲကို တာဝန်ယူခိုင်းဖို့ပဲ"

"ဒါပေမဲ့ မစ္စတာလီတျောင်ရဲ့ ပြင်းထန်တဲ့ ဝမ်းပျက်ရောဂါကြောင့် သွေးစုပ်ဖုတ်ကောင် ထိန်းချုပ်ရေးစင်တာက သူတို့ရဲ့ အဆောက်အဦး ပျက်စီးမှုအတွက် ပြုပြင်ထိန်းသိမ်းခကို တိုးမြှင့်ကောက်ခံမှာ အသေအချာပဲ.. အရမ်းကြီးတော့ မစိုးရိမ်ပါနဲ့ ဒီကုန်ကျစရိတ်ကို အားလုံး မျှခံကြရမှာပါ.. မဟုတ်ရင်တော့ လီတျောင်ကို မင်းတို့ထဲက တစ်ယောက်ယောက်က အိမ်ခေါ်ထားရလိမ့်မယ်"

"ဘာလို့ ငါတို့က မျှခံရမှာလဲ"

အခြား ဒါရိုက်တာ တစ်ယောက်က ကန့်ကွက်လိုက်သည်။

"ဗုန်းးးးးး"

သူ့စကားဆုံးသည်နှင့် ကျောင်းအုပ်ကြီး၏ အစည်းအဝေးခန်းဘေးရှိ အိမ်သာထဲကနေ "ပေါက်ကွဲသံ"က ပြင်းထန်စွာ ထွက်ပေါ်လာသည်။

လီတျောင်၏ အီးဒုံးကျည်သည် အိမ်သာကိုပင် ပေါက်ကွဲသွားစေခဲ့၏။

ကျောင်းအုပ်ကြီးက ပြုံးလိုက်သည်။

"ကန့်ကွက်စရာရှိသေးလား"

ဒါရိုက်တာတွေအားလုံးက သူတို့၏ ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသားပင် ချလိုက်တော့သည်။

"ငါ ကျေနပ်ပါတယ်"

"ငါလည်း အတူတူပဲ"

"ထောက်ခံတယ်.. လုံးဝထောက်ခံတယ်.. ကျောင်းအုပ်ကြီးက အမျှော်အမြင်ရှိပါပေတယ်”

"ငါကျေနပ်ပါတယ်"

"မနက်ဖြန် ထိန်းချုပ်ရေးစင်တာကို ဆက်သွယ်ပြီး သူတို့ နှစ်ယောက်ကို အဝေးကို ပို့လိုက်ပါတော့ ကျောင်းအုပ်ကြီး"

All Chapters