← Chapters

အိုင်ပတ် ဉာဏ်အလင်းရခြင်း

Vol. 58 Ch. 858

အိုင်ပတ် ဉာဏ်အလင်းရခြင်း

Vol. 58 Ch. 858

ဩဂုတ်လ 18 ရက်နေ့၏ နံနက်ခင်းတွင် ဝမ်လင်းသည် စားပွဲပေါ်ရှိ အိုင်ပတ် အဟောင်းကို လေးလေးနက်နက် ကြည့်နေခဲ့သည်။

ဤသည်က ပထမဆုံး အိုင်ပတ်မော်ဒယ်ဖြစ်၍ အရမ်းဟောင်းနေပြီ ဖြစ်သည်။

ထို့ကြောင့် ဝမ်လင်းက အိုင်ပတ်ကို ကုတင်အောက်၌ သိမ်းထားခဲ့သည်။

အသုံးမပြုသည်မှာ ကြာပြီဖြစ်သောကြောင့် အိုင်ပတ်တွင် ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေ၏။

ထွင်ထျန်းဟာက ဘေးတွင် ထိုင်ချလိုက်ပြီး ခေါင်းမော့၍ ကြည့်လိုက်သည်။

အိုင်ပတ် အပြင် စားပွဲပေါ်တွင် ရွှေရောင် အဆောင်လက်ဖွဲ့ တစ်ခုကိုလည်း တွေ့ရသည်။

ထွင်ထျန်းဟာက တစ်ချက် ကြည့်လိုက်ရုံဖြင့် ဤရွှေရောင်အဆောင်လက်ဖွဲ့က သာမန်အရာ မဟုတ်ကြောင်း ချက်ချင်းသိလိုက်သည်။

၎င်းအပေါ်တွင် ကောင်းကင်တာအို၏ အရှိန်အဝါက အလွန်ထူထဲစွာ ရှိနေသည် မဟုတ်လော။

ဝမ်လင်း ယနေ့ စုံစမ်းလိုသော ပုဂ္ဂိုလ်မှာ ကူရွှင်းကျစ် ဖြစ်သည်။

သူ့အတွက် ကူရွှင်းကျစ် ဘယ်သူလဲဆိုတာ အတိအကျသိဖို့က အရေးကြီး၏။

အမှတ် ၆၀ အထက်တန်းကျောင်း၏ အပြောင်းအရွှေ့ ကျောင်းသားများ အကဲဖြတ်မှုက ပြီးဆုံးသွားပြီ ဖြစ်သည်။

လျူချင်းရီနှင့် ဝမ်ကျန်းတို့ကို ဖန့်ရှင်း ရှိရာ အခန်း၂သို့ ရောက်ရှိသွားပြီး ဝမ်လင်း ဘာမှမသိသေးသော ကူရွှင်းကျစ်ကမူ ဝမ်လင်းတို့ အတန်းသို့ ရောက်ရှိသွားခဲ့သည်။

ယခုအခါ အတန်းထဲတွင် လူဆယ့်ခြောက်ယောက်ရှိနေပြီ ဖြစ်သည်။

ဆယ့်ငါးယောက်ရှိစဥ်က ဝမ်လင်းသည် အဆင့်ရှစ် နေရာကို ရယူနိုင်ခဲ့သည်။

လူဆယ့်ခြောက်ယောက် ဆိုလျှင် အနာဂတ်တွင် သူ့အမှတ်အသားကို ထိန်းဖို့ မည်သို့ လုပ်ကိုင်ရမည်နည်း။

ဝမ်လင်း ​ခေါင်းကိုက်​သွားခဲ့သည်​။

အရေးကြီးဆုံးအချက်မှာ ကူရွှင်းကျစ်က အနာဂတ်ကနေ လာတဲ့သူဟု အချိန်ကောင်းကင်တာအို ပြောခဲ့သောအချက်ပင်။

သို့ဆိုလျှင် ကူရွှင်းကျစ်က အဘယ်ကြောင့် အချိန်မျဥ်းကို ဖြတ်၍ ဤနေရာသို့ လာခဲ့ရပါသနည်း။

ဝမ်လင်း ထိုအဖြေကို သိချင်နေခဲ့သည်။

…..................

ကူရွှင်းကျစ်၏ ဇစ်မြစ်ကို ရှာဖွေရန် ဝမ်လင်းက ကူရွှင်းကျစ်လာသောခေတ်ကို ဦးစွာ ဆုံးဖြတ်ရမည် ဖြစ်သည်။

ဝမ်လင်းက အချိန်ကောင်းကင်တာအို ပေးလိုက်သည့် ရွှေရောင်အဆောင်လက်ဖွဲ့ကို ကိုင်ဆောင်ကာ သူ၏ အိုင်ပတ်အဟောင်းကို ဉာဏ်အလင်းပေးရန် ဆုံးဖြတ်ခဲ့သည်။

မှင်စာများကို ဉာဏ်အလင်းပေးခြင်းသည် တကယ်တမ်းတွင် ဝမ်လင်းအတွက် အလွန်ရိုးရှင်းသော လုပ်ထုံးလုပ်နည်းတစ်ခု ဖြစ်ပြီး သူတို့အတွက် ကောင်းကင်တာအို အပ်နှင်းခြင်းကိစ္စသာ ဖြစ်သည်။

ဒါပေမယ့် ဤတစ်ကြိမ်လုပ်ငန်းစဥ်က ရွှေရောင်အဆောင်လက်ဖွဲ့နှင့် ပေါင်းစပ်ရသောကြောင့် အနည်းငယ် ပို၍ ခက်ခဲစေခဲ့၏။

ထွင်ထျန်းဟာက ဆရာလေးလင်း ဉာဏ်အလင်းပေးနေသည်ကို ပထမဆုံးမြင်ဖူးခြင်း ဖြစ်၍ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

ဤကဲ့သို့ လုပ်ဆောင်မှုသည် များသောအားဖြင့် လုပ်ဆောင်ရန် အလွန်ခက်ခဲသည် မဟုတ်ပါလော။

ဉာဏ်အလင်းရရှိပြီးနောက်တွင် သာမန် အရာဝတ္ထုတစ်ခုသည် စိတ်ဝိညာဥ်ဖွဲ့စည်းခြင်း အဆင့် ခွန်အားနှင့် ကောင်းကင်တာအို စွမ်းရည်များကို ချက်ချင်းရရှိနိုင်သည်မှာ မည်သို့သော နတ်စွမ်းအားမျိုး ဖြစ်နိုင်ပါသနည်း။

သို့သော် ဉာဏ်အလင်းပေးခြင်းသည် လူသားများအတွက် အသုံးပြုနိုင်သော အရာမဟုတ်ဟု ထင်ရသည်။

သို့မဟုတ်လျှင် ဖေဖေဝမ်နှင့်မေမေဝမ်က အစောဆုံး ဉာဏ်အလင်းရလိမ့်မည်ဟု ထွင်ထျန်းဟာ တွေးမိခဲ့၏။

မကြာသေးမီက ထွင်ထျန်းဟာသည် ဖေဖေဝမ် နှင့် မေမေဝမ် တို့ကို အဘယ်ကြောင့် မကျင့်ကြံရသနည်းဟု မေးမြန်းခဲ့သည်။

သူတို့တွင် အရည်အချင်းမရှိလျှင်ပင် ဆရာလေးလင်း၏ ကောင်းကင်တာအို စွမ်းရည်များဖြင့် ပံ့ပိုးကူညီမှုကြောင့် ကျင့်ကြံခြင်းသည် ဖေဖေဝမ်နှင့် မေမေဝမ်တို့အတွက် ကိတ်မုန့် စားရသလို လွယ်ကူလိမ့်မည် ဖြစ်သည်။

အထူးသဖြင့် ခေတ်မီ ကျင့်ကြံခြင်း လူ့အဖွဲ့အစည်းတွင်အရည်အချင်း နိမ့်ပါးသည့် ချမ်းသာသော ဒုတိယမျိုးဆက် များသည် ရွှေအမြူတေအဆင့် ကျင့်ကြံသူများ ဖြစ်လာစေရန် ဖြည့်စွက် ဆေးဝါးများ သောက်သုံးနေကြဆဲ ဖြစ်သည်။

သို့သော် ဖေဖေဝမ်နှင့် မေမေဝမ်တို့က အ​ဖြေမပေးခဲ့ကြပေ။

နောက်ပိုင်းမှသာ ဖေဖေဝမ်က ထွင်ထျန်းဟာကို အကြောင်းပြချက်ပေးခဲ့သည်။

ပဋိပက္ခကင်းစင်သော ငြိမ်းချမ်းသောခေတ် ဖြစ်သည့် ခေတ်သစ် ကျင့်ကြံခြင်း လူ့အဖွဲ့အစည်းတွင် ကျင့်ကြံခြင်းကို လူများစွာ ဇောက်ချလုပ်ဆောင်နေကြသည့် အကြောင်းရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

ပထမအချက်မှာ မိသားစုအကျိုးအတွက် ဖြစ်သည်။

မိသားစုကြီးများ၏ သားသမီးများသည် ကျင့်ကြံခြင်းလမ်းစဥ်ကို မလွဲမသွေ လျှောက်လှမ်းရသည်။

အနာဂတ်တွင် အိမ်ထောင်ရေး မဟာမိတ်ဖွဲ့ရန် စဉ်းစားသောအခါ နယ်ပယ်အဆင့်သည် အဓိက ကျလာနိုင်သည့် အိမ်ထောင်ရေး အခြေအနေများထဲမှ တစ်ခု ဖြစ်၏။

မြင့်မားသော ကျင့်ကြံခြင်း နယ်ပယ်ကသာ သတို့သမီးဘက်ကို စိတ်ချစေမည် မဟုတ်ပါလော။

ဟုတ်ပါသည်၊ ဝမ်မိသားစုတွင် ဤကိစ္စနဲ့ ပတ်သက်ပြီး ပြဿနာမရှိပေ။

အဘယ်ကြောင့်ဆိုသော် ကျင့်ကြံခြင်း နယ်ပယ်အဆင့်သည် သူတို့ မိသားစုမှ လူများအတွက် အရေးမပါသောကြောင့် ဖြစ်သည်။

ဒုတိယအချက်မှာ သန်မာကြောင်းကို ပြသလိုခြင်း ဖြစ်သည်။

ယနေ့ခေတ်တွင် ကျင့်ကြံသူများကို နိုင်ငံတော်စနစ်အောက်တွင် ထိရောက်စွာ စီမံခန့်ခွဲနိုင်ခဲ့ကြသည်။

အလင်း အင်အားစုများသည် ဟွာရှို့မဟာမိတ် ကဲ့သို့ အဖွဲ့အစည်းများ၏ တရားဝင် အုပ်ချုပ်မှုအောက်တွင် ရှိနေသည်။

ယခုအခါတွင် အခြားသော ဂိုဏ်းများကို သိမ်းပိုက်ရန် သွေးထွက်သံယို တိုက်ပွဲများ မရှိတော့၍ ဂိုဏ်းများသည် စီးပွားရေး ပြိုင်ဆိုင်မှုတွင် ပါဝင်လာကြသည်။

ခေတ်သစ် ကျင့်ကြံသူများသည် သူတို့ မည်မျှ သန်မာကြောင်း ပြသရန်အတွက် ဝိညာဉ်သားရဲများအတွက် အထူး တည်ထောင်ထားသည့် အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ရေးစင်တာများ ကဲ့သို့ ကိုယ်ခံပညာကျောင်းများကို တည်ထောင်ခဲ့ကြသည်။

သို့သော် ဝမ်မိသားစုတွင် ဒုတိယအချက်က အကြုံးမဝင်ပေ။

အကြောင်းရင်းမှာ ဝမ်မိသားစု၏ ဆောင်ပုဒ်သည် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး သိုသိုသိပ်သိပ်နေရန် ဖြစ်သောကြောင့်ပင်။

တတိယအချက်မှာ အသက်ရှည်စေရန်အတွက် ဖြစ်သည်။

ကျင့်ကြံခြင်းနယ်ပယ် အဆင့်မြင့်လေ သက်တမ်းပိုရှည်လေ ဆိုသည်မှာ အခြေခံကျသော သဘောတရား ဖြစ်သည်။

သို့သော် ဝမ်​မိသားစုတွင် ထိုပြဿနာမရှိပေ။

ဖေဖေဝမ်နှင့် မေမေဝမ် အသက်နည်းနည်း ပိုရှည်ချင်သရွေ့ ဝမ်လင်းက သူ့လက်ချောင်းများကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းပြီး သူတို့ရဲ့ သက်တမ်းကို ပြန်လည် သတ်မှတ်နိုင်ပေသည်။

အကယ်၍ ဝမ်မောင်နှံက ကမ္ဘာကြီးမှာ နေထိုင်ဖို့ မထိုက်တန်ဟု ခံစားရပြီး အနားယူချင်သည့် နေ့တစ်နေ့သို့ ရောက်လာခဲ့လျှင် သူတို့သည် အချိန်မရွေး သေဖို့ ရွေးချယ်နိုင်၏။

သူတို့က ဆုံးဖြတ်ချက်ကို နောင်တရခဲ့မည်ဆိုလျှင် ဝမ်လင်းက ပြန်လည်ဝင်စားခြင်း ​​မှော်စွမ်းရည်ကို အသုံးပြုနိုင်သည် မဟုတ်ပါလား။

…...................

ဝမ်လင်းက အချိန်ကောင်းကင်တာအို ပေးလိုက်သည့်ရွှေရောင်အဆောင်လက်ဖွဲ့ကို အိုင်ပတ်ပေါ်တွင် တင်၍ မျက်လုံးကနေ ရွှေရောင် အလင်းတန်းကို ထုတ်လွှတ်လိုက်သည်။

ထိုအချိန်တွင် ဝမ်လင်းသည် ကောင်းကင်တာအိုကို ရွေးချယ်နေသည်။

ယေဘုယျအားဖြင့် ပြောရလျှင် မှင်စာများကို သူ ဉာဏ်အလင်းပေးခဲ့သည့် ကောင်းကင်တာအိုသည် သူတော်ရုံ အသုံးပြုလေ့မရှိသော ကောင်းကင်တာအိုသာ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် မှင်စာတစ်ကောင်ကို ဉာဏ်အလင်းပေးရန်အတွက် ကောင်းကင်တာအိုကို အသုံးပြုလျှင် ဝမ်လင်း ကိုယ်တိုင်က ထိုမှင်စာကို ဉာဏ်အလင်းပေးသော ကောင်းကင်တာအို၌ စွမ်းအား ထက်ဝက် လျော့ကျသွားမည် ဖြစ်သည်။

သို့သော်လည်း ဝမ်လင်းသည် သူဉာဏ်အလင်းပေးခဲ့သော ကောင်းကင်တာအိုများကို အချိန်မရွေး ရုပ်သိမ်းနိုင်စွမ်းရှိသည်။

လက်ရှိအချိန်တွင် ဝမ်လင်းသည် ရွေးချယ်ရန် ခက်ခဲနေခဲ့သဘ်။

[ဘယ်လို ကောင်းကင်တာအိုကို ရွေးချယ်သင့်လဲ]

ဝမ်လင်းက ဆယ်မိနစ်ခန့် တွေးနေခဲ့သည်။

ဤဆယ်မိနစ် သို့မဟုတ် ဤမျှလောက်သော မိနစ်များသည် ဉာဏ်အလင်းပေးခြင်း လုပ်ငန်းစဉ်၏ အရှည်ကြာဆုံးသော အစိတ်အပိုင်း ဖြစ်သည်။

ထိုခဏတွင် ဝမ်လင်း၏ မျက်လုံးများက တောက်ပလာသည်။

သူက ကောင်းကင်တာအိုကို ရွေးချယ်ပြီးပြီ ဖြစ်သည်။

မဟာကံကြမ္မာတာအို(ဝါ) ကောင်းကင် ကံကြမ္မာတာအို..

သူက ထိုကောင်းကင်တာအိုကို အိုင်ပတ် နှင့် ပေါင်းစပ်ရန် ဆုံးဖြတ်ခဲ့သည်။

ဝမ်လင်းက အိုင်ပတ်ဆီသို့ လက်ညိုးညွှန်လိုက်ရာ ရွှေရောင်အလင်းတန်းများက ချက်ချင်းပင် ထွက်ပေါ်လာပြီးလက်ချောင်းထိပ်ကနေ အိုင်ပတ်ဆီသို့ စီးဆင်းသွားခဲ့သည်။

ထို့နောက်တွင် ထွင်ထျန်းဟာသည် ရွှေရောင်အလင်းတန်းများ အထဲတွင် ငါးအမြီးပေါက်လာသော အိုင်ပတ်ကို မြင်လိုက်ရသည်။

ထိုခဏတွင် အိုင်ပတ်သည် မမျှော်လင့်ဘဲ အနက်ရောင်နှင့် အဖြူရောင် အစင်းကြောင်းများရှိသည့် ရောင်စုံငါးကြင်း အဖြစ်သို့ ပြောင်းလဲသွားသည်။

ဤငါးကြင်းလေးက သေးငယ်တဲ့ ကလေးအရွယ်သာ ဖြစ်သော်လည်း အမြီးဖြင့် မတ်တပ်ရပ်နိုင်၏။

ထိုထက် ထူးခြားသည်မှာ ငါးကြင်းလေး၏ ဝမ်းဗိုက်နေရာတွင်မူ အိုင်ပတ်၏ စခရင် ရှိနေခြင်းပင်။

ထွင်ထျန်းဟာ “….........”

ဝမ်လင်းက ဉာဏ်အလင်းရရှိထားသော အိုင်ပတ်ကို စိုက်ကြည့်ရင်း"မင်းရဲ့ တာအိုနာမည်က အိုင်ပွိုက် ဆိုတာ မှတ်ထားပါ"ဟု ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ အရှင်”

ငါးပါးစပ်မှ ထွက်လာသော အသံက အနည်းငယ် ရယ်စရာကောင်းနေသည်။

“အရှင်.. တာအိုနာမည်ကို ကျနော်မှတ်ထားပြီးပါပြီ.. ကျနော့်ကို အိမ်ခေါ် နာမည်ပေးတော်မူပါဦး”

ဝမ်လင်းက ခေါင်းငုံ့ပြီး ခဏမျှ စဉ်းစားလိုက်သည်။

သူက နာမည်ပေးရာတွင် ဆိုးရွားသောသူ ဖြစ်၏။

"ကောင်းပြီလေ"

ဝမ်လင်းက အိုင်ပတ်ကို စိုက်ကြည့်၍ စဥ်းစားခန်း ဝင်နေခဲ့သည်။

ထိုအချိန်မှာပင် ငါးကြင်း၏ ဗိုက်ရှိ စခရင်က အနည်းငယ် တောက်ပလာပြီး စကားလုံးလေးလုံးကို ဖော်ပြခဲ့သည်။

"သူတော်စင် အင်မော်တယ်ကျမ်း"

ဝမ်လင်း "မေဘေး.. ကိုယ့်ဘာကိုယ် နာမည်ပေးမယ်ဆိုရင်လဲ ဘာလို့ငါ့ကို အာရုံလာစားနေတာလဲ"

၎င်းက အိမ်အမည်ဖြစ်ပြီး အစောပိုင်းက ဝမ်လင်းပေးခဲ့သည့် တာအိုအမည်မှာ အိုင်ပွိုက် ဖြစ်သည်။

All Chapters