← Chapters

ဝမ်လင်း၏မဟာတာအို၃၀၀၀

Vol. 58 Ch. 859

ဝမ်လင်း၏မဟာတာအို၃၀၀၀

Vol. 58 Ch. 859

ထွင်ထျန်းဟာ ထင်ထားသည့်အတိုင်းပင်။

ဆရာလေးလင်း၏ ဉာဏ်အလင်းပေးသည့် လုပ်ငန်းစဉ်သည် မရှုပ်ထွေးပေ။

"သူတော်စင် အင်မော်တယ်ကျမ်း"

ထွင်ထျန်းဟာက တာအိုကျမ်းစာများကို ခပ်ရေးရေး သတိရစေသည့် ဤအမည်၏ အဓိပ္ပါယ်ကို တွေးတောနေခဲ့သည်။

သူတော်စင်အင်မော်တယ်ကျမ်းတွင် ဆရာလေးလင်း၏ မဟာ ကံကြမ္မာတာအို ပါရှိ၏။

ယင်းမှာ ဤသူတော်စင် အင်မော်တယ်ကျမ်းက အလွန်ကံကောင်းစေသည်ဟု ဆိုလိုပါသလော။

ထွင်ထျန်းဟာက အလောင်းအစား ပြုလုပ်ရာတွင် ဤအိုင်ပတ်ကို အဆောင်အဖြစ် အသုံးပြု၍ ရနိုင်မလား စဥ်းစားနေမိသည်။

ဤအကြံအစည် ထွက်ပေါ်လာရခြင်းမှာ တကယ်တမ်းတွင် သူ့သူငယ်ချင်း ဖြစ်သည့် ဝေ့ကျစ်နှင့် သက်ဆိုင်နေသည်။

ဝေ့ကျစ်သည် သူမွေးမြူထားသည့် ဝိညာဥ်သားရဲများကြောင့် အလျင်အမြန်ပင် ဆင်းရဲလာခဲ့သည်။

ထို့ကြောင့် ထွင်ထျန်းဟာက ဝေ့ကျစ်နှင့် သူ၏ ဝိညာဥ်သားရဲများကို ဝိညာဥ်သားရဲ စိန်ခေါ်ပွဲများတွင် လုပ်ပွဲကစားစေပြီး ငွေကြေးရှာဖွေရန် အကြံအစည် ရခဲ့သည်။

ဆိုရလျှင် ထွင်ထျန်းဟာက လောင်းကစားပြုလုပ်ပြီး ဝေ့ကျစ်က ကွင်းထဲမှ ရလဒ်များကို ထိန်းချုပ်ရန် ဖြစ်၏။

သို့သော် ဝေ့ကျစ်က သဘောမတူခဲ့ပေ။

ယင်းက သူ့ဂုဏ်သိက္ခာကို ထိခိုက်စေလိမ့်မည် မဟုတ်လော။

သို့သော် ဤအိုင်ပတ်ဖြင့်သာဆိုလျှင် လုပ်ပွဲကစားစရာ မလိုဟု ထွင်ထျန်းဟာ ခံစားခဲ့ရသည်။

ထိုအကြောင်းကို စိတ်ထဲတွင် တွေးမိပြီးနောက် ထွင်ထျန်းဟာက အမြီးနှံ့ကာ ချစ်စရာကောင်းစွာ ဝပ်တွားနေခဲ့သည်။

သူ၏ ဆန္ဒကို ဆရာလေးလင်း လိုလိုချင်ချင် လိုက်လျောပေးရန်အတွက် နောက်ထပ် ရက်အနည်းငယ်လောက် တတ်နိုင်သမျှ နာခံမှုရှိနေရမည် ဖြစ်၏။

ဤအရာအားလုံးသည် ဝေ့ကျစ်အတွက် ဖြစ်သည်။

သူက ခွေးတစ်ကောင်သာ ဖြစ်သော်လည်း သူငယ်ချင်းအတွက် ဘာမဆို မဆိုင်းမတွ လုပ်ပေးမည့် ခွေးတစ်ကောင် ဖြစ်၏။

“အရှင်.. ကျေးဇူးပြုပြီး အမိန့်ပေးတော်မူပါ”

သူတော်စင် အင်မော်တယ်ကျမ်းက ပါးစပ်ကို ဖွင့်၍ ​ပြောလိုက်သည်။

ဝမ်လင်းက သူ၏ ပုံကြမ်းဆွဲစကေးလ်ကို အသုံးပြု၍ ကူရွှင်းကျစ်၏ ရုပ်ပုံကို လေထဲတွင် လျင်မြန်စွာ ဆွဲပြလိုက်ကာ သူတော်စင်အင်မော်တယ်ကျမ်းကို ပြောလိုက်သည်။

"ဒီလူနဲ့ ပတ်သက်တဲ့ အချက်အလက် အားလုံးကို တစ်မိနစ်အတွင်း ငါလိုချင်တယ်"

"နားလည်ပါပြီ အရှင်.. စက္ကန့်သုံးဆယ်လောက်ပဲ အချိန်ပေးပါ”

သူတော်စင် အင်မော်တယ်ကျမ်းက ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက်တွင် ၎င်း၏ခန္ဓာကိုယ်ကနေ ရွှေရောင်အလင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။

သုံးဆယ့်တစ်စက္ကန့် အကြာတွင် ထိုရွှေရောင်အလင်းက ပျောက်ကွယ်သွားခဲ့၏။

“အရှင်.. စကြာဝဠာမှာ ဒီပုဂ္ဂိုလ်ရဲ့ ဝိသေသလက္ခဏာကို ငါရှာတွေ့ပြီ.. ဒီကူရွှင်းကျစ်က သက္ကရာဇ် 5800ကဖြစ်ပြီး သတ္တမမြောက် စကြဝဠာက ဖြစ်တယ်.. သူက နတ်ဘုရားနယ်မြေ ဖြစ်တဲ့ ကိုးဆကြယ်က ကူမိသားစုရဲ့သခင်လေး ကူချမ်းနဲ့ သက်ဆိုင်နေတယ်.. သူက ကူချမ်းရဲ့ တရားဝင်သားတစ်ယောက်ပဲ”

"နှစ်ပေါင်း ၁၄၀၀ အလွန်က လာတာလား"

ဝမ်လင်းက ခေါင်းငုံ့ကာ အတွေးထဲ နစ်မြုပ်သွားခဲ့သည်။

နှစ်ပေါင်း ၁၄၀၀ အလွန်က လူတစ်ယောက်။

ထို့အပြင် ၎င်းက ကိုးဆကြယ်မှ ကူမိသားစု နှင့် အမှန်တကယ် ပတ်သက်နေသည်။

သို့သော်လည်း ဤတစ်ခေါက် အိုင်ပွိုက်၏ ရှာဖွေခြင်းက သူ့အတွက် အထောက်အကူ သိပ်မဖြစ်ခဲ့ပေ။

အကြောင်းရင်းမှာ ဝမ်လင်းက တစ်ဖက်သား၏ ရည်မှန်းချက် ပန်းတိုင်ကို မသိသေး၍ ဖြစ်၏။

သူတော်စင်အင်မော်တယ်ကျမ်း" အရှင်.. ကျနော့်ရဲ့ ရှာဖွေမှုအပိုင်းကို ချဲ့ထွင်စေလိုပါသလား"

ထိုစကားကို ကြားလျှင် ထွင်ထျန်းဟာ အံ့သြသွားခဲ့သည်။

“ဒီထက် ချဲ့ထွင်နိုင်သေးတာလား.. ဝုတ်"

"ဒါက သတ္တမမြောက် စကြဝဠာထဲက အချက်အလက်တွေပဲ ရှိပါသေးတယ်.. တခြားစကြာဝဠာတွေမှာ ဒီ ကူရွှင်းကျစ်ရဲ့ ခြေရာတွေ မရှိဘူးလို့ မဆိုလိုပါဘူး"

သူတော်စင်အင်မော်တယ်ကျမ်းက ပြန်ဖြေလိုက်သည်။

“ဒါ့အပြင် အချိန်မျဥ်းက ရရှိတဲ့ အချက်အလက်တွေအရ ဒီပုဂ္ဂိုလ်ရဲ့ ဖခင်က တန်ခိုးစွမ်းအားကြီးမားပြီး ကိုးဆကြယ်မှာ ဒုတိယအစွမ်းထက်ဆုံး ပုဂ္ဂိုလ်ပဲ.. အသန်မာဆုံးကတော့ သူ့အဖိုးဖြစ်ပြီး တာအိုအမည်က ကြယ်ဧကရာဇ် ကူယွမ် ဖြစ်တယ်"

"ဒါပေမယ့် ကြယ်ဧကရာဇ် ကူယွမ်က ဟိုးရှေးရှေးကတည်းက ကြယ်တာရာခရီးစဥ်ကို စတင်ခဲ့ပြီ ဖြစ်တဲ့အတွက် ကူမိသားစုရဲ့ အရေးကိစ္စ အားလုံးကို ကူရွှင်းကျစ်ရဲ့ အဖေ ကူချမ်းကပဲ ကိုင်တွယ်လေ့ရှိတယ်"

"ဒါပေမယ့် ကူချမ်က အခုချိန်ထိ အိမ်ထောင်မပြုရသေးပါဘူး”

ထိုစကားကြောင့် ဝမ်လင်းက ချွေးများ ထွက်ကျလာသည်။

“........…”

အခြေအနေက မမျှော်လင့်ဘဲ သူထင်ထားသည်ထက် အများကြီး ပိုမို ​ရှုပ်ထွေးသွားသည်။

ယေဘုယျအားဖြင့် ပြောရလျှင် အနာဂတ်မှ အတိတ်သို့ ပြန်သွားသော လူအများစုသည် အတိတ်ကအမှားကို ပြင်လိုကြသူများ ဖြစ်၏။

သို့သော် အတိတ်က အမှားတစ်ခုကို ပြုပြင်ခြင်းသည် အနာဂတ်မှ ဖြစ်ရပ်များအပေါ် သက်ရောက်မှု ရှိနိုင်သောကြောင့် အန္တရာယ်ရှိသောအရာ ဖြစ်သည်။

သင်က အမှားတစ်ခုကို ပြုပြင်နိုင်သော်လည်း ထိုသို့ ပြုပြင်ခြင်းကနေ ပို၍ပင် အမှားများကို ဖြစ်ပေါ်စေနိုင်သည်။

ဤသည်မှာ အချိန်ကောင်းကင်တာအို၏ အစွမ်းသက်ရောက်မှု ဖြစ်သည်။

ဝမ်လင်းတွင် အချိန်ကို နောက်ပြန်သွားနိုင်သည့် နည်းလမ်းများ ရှိသော်လည်း အသုံးပြုခဲသည်။

သူက အချိန်ကို နောက်ပြန်သွားခဲ့လျှင်ပင် အဝေးကြီးကို သွားရန် ရွေးချယ်မည် မဟုတ်ပေ။

သူ၏ အမှားကိုပြုပြင်ရန် စက္ကန့် 30 လောက်သာ ပြန်သွားမည် ဖြစ်သည်။

ထို့ကြောင့် ဤအနှစ် ၁၄၀၀ သည် အနည်းငယ် ရှည်လျားလွန်းနေ၏။

ကူရွှင်းကျစ်က ကူချမ်း အိမ်ထောင်မပြုရသေးသည့် အတိတ်ကို ပြန်သွားခဲ့သော်လည်း သူ့အဖေရှိသည့် ကိုးဆကြယ်ကို မသွားဖြစ်ခဲ့ပေ။

သို့ဆိုလျှင် ကူရွှင်းကျစ်၏ ဤနေရာသို့ လာရောက်သည့် ရည်ရွယ်ချက်က သူ့အတွက် ဖြစ်နိုင်ပါသလော။

ဝမ်လင်းက အတွေးများစွာ ဖြစ်ပေါ်နေခဲ့၏။

“ဆက်လက်စုံစမ်းပါ”

သူက မျက်မှောင်ကြုတ်လိုက်ပြီး သူတော်စင် အင်မော်တယ်ကျမ်းကို စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။

“ကောင်းပါပြီ အရှင်.. တခြား စကြဝဠာကိုးခုကို တစ်ခါတည်းရှာဖွေဖို့အတွက် အချိန် ငါးမိနစ်ပဲ ပေးပါ”

သူတော်စင်အင်မော်တယ်ကျမ်းက ပြောလိုက်သည်။

"နေဦး အိုင်ပွိုက်.. ကူချမ်းက အရမ်းသန်မာတယ်လို့ မင်းခုနကပြောတာ ငါကြားလိုက်တယ်.. သူက ဘယ်လောက်တောင် သန်မာလဲ.. ငါတို့ သခင်လေးလင်းလောက် သန်​မာလား.. ဝုတ်"

ထွင်ထျန်းဟာက မေးခွန်းထုတ်လိုက်၏။

သူတော်စင်အင်မော်တယ်ကျမ်းက တိတ်ဆိတ်သွားပြီး သူ၏ ငါးမျက်လုံးတစ်စုံဖြင့် ထွင်ထျန်းဟာကို စိုက်ကြည့်လိုက်သည်။

"ကူချမ်းက ​​မဟာတာအို သုံးထောင်နဲ့ မွေးဖွားလာတဲ့ စွမ်းအားကြီးတဲ့ သူတစ်ယောက်ပဲ"

ထိုအဖြေကြောင့် ထွင်ထျန်းဟာ ထိတ်လန့်သွားခဲ့သည်။

"တကယ်ပဲ သူက တာအိုသုံးထောင်နဲ့ မွေးဖွားခဲ့တာလား"

[စူပါမားကတ်မှာ ကြက်ဥဝယ်တုန်းက ဒီတာအို ၃၀၀၀ကို အလကားပေးခဲ့တာများလား]

ဆရာလေးလင်း၏ ခွန်အားကပင် အလွန်ကြောက်စရာကောင်းနေပြီဟု ထွင်ထျန်းဟာ ခံစားမိသည်။

အခု ထပ်ပြီး ကူမိသားစုမှ ကူချမ်း ပေါ်လာသည်။

[သူက မဟာတာအို သုံးထောင်နဲ့ မွေးဖွားလာခဲ့ပေမဲ့ ဆရာလေးလင်းလောက် အစွမ်းထက်ပါ့မလား]

သို့သော် ထွင်ထျန်းဟာ ထိုအကြောင်းကို တွေးနေချိန်မှာပင် သူတော်စင် အင်မော်တယ်ကျမ်းက ပြောလိုက်သည်။

"ငါ ဘာကြောင့် တခြား စကြဝဠာ ကိုးခုက အချက်အလက်တွေကို ရှာဖွေနိုင်လဲဆိုတာ မင်းသိလား"

“???”

ထွင်ထျန်းဟာက ခေါင်းခါလိုက်သည်။

သူက ကောင်းကင်တာအို အမျိုးအစားထဲမှ တစ်ခု ဖြစ်သည့် ဓားတာအိုစွမ်းအားကို လက်ရှိတွင် ကျွမ်းကျင်ထားသော်လည်း ကောင်းကင်တာအိုကို နားလည်မှုတွင် သူ၏သခင် သိထားသည်နှင့် နှိုင်းယှဉ်ပါက ဘာမှမဟုတ်ပေ။

ထွင်ထျန်းဟာ သိထားသည့် တစ်ခုတည်းသောအရာမှာ ကောင်းကင်တာအို၏ အစီအစဉ်အတိုင်း စကြဝဠာတစ်ခုချင်းစီသည် တစ်ခုနှင့်တစ်ခု အနှောင့်အယှက် ပြု၍ မဖြစ်နိုင်ခြင်း ဖြစ်သည်။

သို့သော် သူတော်စင်အင်မော်တယ်ကျမ်းက တခြားစကြဝဠာများမှ သဲလွန်စတွေကို ရှာဖွေနိုင်၍ ထွင်ထျန်းဟာ အံ့သြသွားခဲ့သည်။

“စကြဝဠာပေါင်း ဆယ်ခုရှိတယ်.. တစ်ခုချင်းစီမှာ ကိုယ်ပိုင် စကြာဝဠာ အစီအစဉ် ရှိပြီး လုံးဝ ကွဲပြား ခြားနားတဲ့ ကမ္ဘာတွေလည်း ရှိတယ်.. ဒီထဲမှာ ဝိညာဉ်စွမ်းအင် အနည်းငယ်ပဲရှိတဲ့ စကြာဝဠာ တချို့တောင် ရှိတယ်"

"ဒီလိုစကြဝဠာမှာနေထိုင်တဲ့ သာမန်လူတွေက တခြားစကြဝဠာက လူတွေထက် ကျင့်ကြံခြင်းလမ်းစဥ်မှာ ပိုမိုရုန်းကန်ရတယ်.. ဒါကြောင့် စကြဝဠာ တစ်ခုချင်းစီမှာရှိတဲ့ မဟာတာအိုသုံးထောင်စီက ကွဲပြားကြတယ်.. ပြောရရင် မဟာတာအိုက စကြာဝဠာရဲ့ အမှန်တရားကနေ ဆင့်ကဲပြောင်းလဲလာတဲ့သဘောပဲ"

"ကူရွှင်းကျစ်က မွေးရာပါ အစွမ်းထက်တဲ့လူပဲ.. သတ္တမ စကြာဝဠာမှာ မွေးဖွားခဲ့ပြီး သတ္တမ စကြာဝဠာရဲ့ အသိအမှတ်ပြုခြင်းကို ခံခဲ့ရတယ်.. ဒါကြောင့် သူက မွေးဖွားလာတာနဲ့ မဟာတာအို သုံးထောင်ကို ပိုင်ဆိုင်နေခဲ့ပြီ.. ဒါပေမဲ့ ကူရွှင်းကျစ် ရရှိထားတဲ့ ကောင်းကင်တာအိုက သတ္တမ စကြာဝဠာက ကောင်းကင်တာအိုပဲ"

ထိုအချိန်တွင် ထွင်ထျန်းဟာ၏ မျက်လုံးများက ပြူးကျယ်နေပြီ ဖြစ်သည်။

သူတော်စင်အင်မော်တယ်ကျမ်း ဆက်ပြောမည့်အရာကို သူ ခန့်မှန်းမိနေပြီ ဖြစ်၏။

သို့သော် ဤကောက်ချက်သည် အလွန် စိတ်လှုပ်ရှားဖွယ်ကောင်းသောကြောင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်သွားခဲ့၏။

သူတော်စင် အင်မော်တယ်ကျမ်းက သူ၏ ငါးမျက်လုံးများဖြင့်ထွင်ထျန်းဟာကို ကြည့်လိုက်သည်။

"မင်းနားလည်သွားပြီ မဟုတ်လား"

ထွင်ထျန်းဟာက ဖြည်းညှင်းစွာ ခေါင်းညိတ်ပြလိုက်သည်။

နောက်ထပ် အခိုက်အတန့်တွင် သူတော်စင်အင်မော်တယ်ကျမ်းက ဆက်ပြောလိုက်သည်။

“ငါ့အနေနဲ့ တခြားစကြဝဠာ အားလုံးကို စစ်တမ်းကောက်နိုင်ရတဲ့ အကြောင်းရင်းက ငါ့သခင်မှာ သတ္တမ စကြာဝဠာထဲက ကောင်းကင်တာအို သုံးထောင်ရှိရုံတင်မကဘူး.. စကြဝဠာ ဆယ်ခုလုံးရဲ့ ကောင်းကင်တာအို သုံးထောင်ရှိနေလို့ပဲ”

ထိုစကားကို ကြားလျှင် ထွင်ထျန်းဟာ၏ အမွေးအားလုံးအဆုံးထိ ထောင်ထသွားခဲ့သည်။

ဆရာလေးလင်းက ဆရာလေးလင်းဟုသာ ပြောနိုင်တော့သည်။

စကြဝဠာဆယ်ခု၏ တစ်ခုစီမှ ကောင်းကင်တာအို၃၀၀၀...

"ကောင်းကင်တာအို အရေအတွက်က ဘယ်လောက်တောင်လဲဟ"

ထွင်ထျန်းဟာက စိတ်ပင် မကူးရဲခဲ့ပေ။

ထွင်ထျန်းဟာအပြင် ဝမ်လင်းသည်လည်း ထိတ်လန့်သွားခဲ့သည်။

ဤအချက်က သူယခုမှ ရှာဖွေတွေ့ရှိခဲ့သည့် အချက် တစ်ခုလည်း ဖြစ်၏။

All Chapters