← Chapters

ဖိုးဖိုးဝမ်၏ဓားနည်းစနစ်

Vol. 58 Ch. 861

ဖိုးဖိုးဝမ်၏ဓားနည်းစနစ်

Vol. 58 Ch. 861

ယနေ့တွင် အိမ်၌ လူအတော်များများ ရှိနေသည်။

ဝမ်မိသားစုအိမ်ငယ်လေးသည် ဤသို့အသက်မဝင်သည်မှာ ကြာပြီဖြစ်သည်။

ဝမ်လင်းအောက်ထပ်သို့ ဆင်းလာသောအခါတွင် လျူချင်းရီ ၊ ဝမ်ကျန်းနှင့် အခြားသူများက ဆိုဖာပေါ်တွင် ငြိမ်သက်စွာထိုင်နေကြသည်ကို တွေ့လိုက်ရသည်။

ဝမ်မိသားစုအိမ်ငယ်လေးဆီ လျူချင်းရီနှင့် ဝမ်ကျန်းတို့ အလည်လာမည်ကို ဝမ်လင်းက ကြိုတင်သတိပေးထားပြီးသား ဖြစ်သည်။

အိမ်ငယ်လေးသို့ အလည်လာသူတိုင်းသည် ဖေဖေဝမ်၊ မေမေဝမ်နှင့် ဖိုးဖိုးဝမ်တို့ကို ဇာတ်မြှုပ်နေသည့် စီနီယာကြီးများအဖြစ် အသိအမှတ် ပြုထားကြသည်။

သို့သော် တကယ်တမ်းတွင် ဖေဖေဝမ်တို့သည် ရုပ်ပိုင်းဆိုင်ရာတည်ဆောက်ခြင်းအဆင့်တွင်သာ ရှိနေသေး၏။

လက်ရှိ အမျိုးသားကျင့်ကြံခြင်းခေတ်တွင် ရုပ်ပိုင်းဆိုင်ရာတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူသည် သာမန်လူတစ်ဦးနှင့် မတူတော့ပေ။

အများစုမှာ သာမန်လူထက် အနည်းငယ် ပိုသန်မာပြီး ပိုမိုကောင်းမွန်သောခန္ဓာကိုယ် ရှိကြသည်။

ဝမ်လင်းကမူ ဖေဖေဝမ်သည် မကြာခဏ လိပ်ခေါင်းရောဂါကို ခံစားနေရသောကြောင့် ခန္ဓာကိုယ်ကောင်းမွန်သည်ဟု မထင်ပေ။

သို့ရာတွင် ဖေဖေဝမ်သည် ဝမ်လင်းကို အကူအညီတောင်းရန် ဆန္ဒမရှိခဲ့ပေ။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ဖေဖေဝမ် တောင်းဆိုခဲ့သည့် တစ်ခုတည်းသော အကူအညီမှာ သူ၏ဆံပင်ကို မှော်အတတ်ဖြင့် ကုသပေးရန် ဖြစ်သည်။

ဖေဖေဝမ်သည် လစဉ်မဲများတွင် ထိပ်ဆုံးမှ ဦးဆောင်နိုင်စေရန်အတွက် လွန်ခဲ့သည့် နှစ်ပိုင်းအတွင်း တစ်နေ့လျှင် စာလုံးရေနှစ်သောင်းကို အပ်ဒိတ်ခဲ့သည်။

ထို့ကြောင့် အခြားဝက်ဘ်ဆိုဒ်များမှ စာရေးဆရာများက ဖေဖေဝမ်ကို လောဘကြီးသော သားရဲ ဟုခေါ်ဆိုကြသည်။

ဖေဖေဝမ်က အချိန်အတော်ကြာအောင် ညလုံးပေါက် အလုပ်လုပ်ခဲ့ခြင်းကြောင့် ဆံပင်များက အတိုင်းအဆမရှိ ကျွတ်ထွက်လာခဲ့သည်။

ရေချိုးပြီးတိုင်းတွင် ဖေဖေဝမ်၏ ခေါင်းပေါ်မှ ဆံပင်ထွေးများသည် ရေချိုးခန်း ကြမ်းပြင်တွင် ပြန့်ကျဲနေလေ့ရှိသည်။

ထို့ပြင် ထိုအချိန်က ခြောက်သွေ့သော ရာသီဥတုကြောင့် ဖေဖေဝမ်သည် ခန္ဓာကိုယ်အတွင်း အပူချိန်မမျှမတ ဖြစ်ကာ လိပ်ခေါင်းရောဂါနှင့် နှာရည်ယိုခြင်းများ မကြာခဏ ဖြစ်ခဲ့သည်။

ထို့ကြောင့် သူရေချိုးသည့်အခါတွင် ကြမ်းပြင်ပေါ်သို့ ကျွတ်ကျသော ဆံပင်များနှင့် လိပ်ခေါင်းမှထွက်သော သွေးများက ရောနေခဲ့သည်။

၎င်းကို အဝေးမှကြည့်လျှင် ဘဲကြာဆံဟင်းချိုနှင့်ပင် ဆင်တူနေ၏။

အဆုံးသတ်တွင် ဖေဖေဝမ်က သည်းမခံနိုင်တော့ဘဲ ဝမ်လင်းကို အကူအညီတောင်းခဲ့ရသည်။

ဝမ်လင်းက ဖေဖေဝမ်၏ မျက်ခုံးနှစ်ခုကြားထဲသို့ လက်ချောင်းဖြင့် အသာအယာ တို့ထိလိုက်သည်နှင့် ဖေဖေဝမ်၏ ပုံမှန်မဟုတ်သော အခြေအနေအားလုံးက တိုက်ရိုက်ပျောက်ကွယ်သွားခဲ့သည်။

ယခုအခါတွင်မူ တစ်ညလုံး တစ်မုန်းစာရေးခြင်းသည် ဖေဖေဝမ်အတွက် အထူးအဆန်း မဟုတ်တော့ပေ။

သူ့တွင် နိုင်ငံခေါင်းဆောင် ပေးထားသည့် စိတ်ကြွဆေးပြင်းလိပ်ကို ရရှိထားခဲ့ပြီ ဖြစ်သည်။

ထိုဆေးပြင်းလိပ်က ဘေးထွက်ဆိုးကျိုး တစ်စုံတစ်ရာလည်း မရှိပေ။

သို့ရာတွင် မကြာခဏ အိပ်ရာထနောက်ကျသည်က သူ၏ လိပ်ခေါင်းရောဂါကို ပြန်ဖြစ်စေခဲ့သည်။

တကယ်တမ်းတွင် ဝမ်လင်းသည် ဖေဖေဝမ်၏ လိပ်ခေါင်းရောဂါကို ထာဝရ ပျောက်ကွယ်သွားအောင် လုပ်နိုင်၏။

သို့ရာတွင် ပျောက်ကင်းအောင် လုပ်ဆောင်သည့်နည်းက အနည်းငယ် ကြမ်းတမ်းသည်။

အကြောင်းအရင်းမှာ ဝမ်လင်းက ဖေဖေဝမ်၏ စအိုထဲသို့ လက်ညိုးကို ထိုးသွင်းရမည် ဖြစ်သောကြောင့်ပင်။

ဤကုသနည်းကို ဖေဖေဝမ်က လက်ခံနိုင်မည် မဟုတ်သကဲ့သို့ ဝမ်လင်း ကိုယ်တိုင်သည်လည်း ထိုကဲ့သို့လုပ်ဆောင်ရန် ဆန္ဒမရှိခဲ့ပေ။

ဝမ်လင်းက ဤနည်းလမ်းကိုသာ အသုံးချရမည်ဆိုလျှင် ခေါက်ဆွဲခြောက်ကြွပ်ကြော်ကို နောက်ထပ် မစားနိုင်တော့ဟုပင် ထင်ခဲ့သည်။

..................

ကျန်းဟိုင်ဖူနှင့် ဖိုးဖိုးဝမ်တို့က မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေကြဆဲဖြစ်သည်။

အဆုံးဖြတ်ပေးသော ဒိုင်လူကြီးများအနေဖြင့် မီးဖိုချောင်အတွင်းသို့ လှမ်းကြည့်ခြင်းမှ တားဆီးရန် မီးဖိုချောင်အပြင်ဘက်တွင် အတားအဆီးတစ်ခုကို ထားရှိခဲ့သည်။

သို့သော် ဤအတားအဆီးသည် ဝမ်လင်း၏ မြင်နိုင်စွမ်းကို မဖုံးကွယ်နိုင်ခဲ့ပေ။

ဖိုးဖိုးဝမ်နှင့် ကျန်းဟိုင်ဖူတို့သည် ဟင်းစတင်မချက်မီ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြသည်။

ထိုခဏတွင် ကျန်းဟိုင်ဖူက ရေခဲဖြင့် ပြုလုပ်ထားသည့် ဓားတစ်လက်အား ထုတ်ယူလိုက်သည်ကို ဝမ်လင်းမြင်လိုက်ရသည်။

ထိုဓားက အလင်းရောင်အောက်တွင် အလွန်တရာ တောက်ပနေခဲ့သည်။

ကျန်းဟိုင်ဖူက ဓား၏ ကျယ်ဝန်းသောလက်ကိုင်ကို ဆုပ်ကိုင်လိုက်သည်။

ထို့နောက် သူက ဓားကိုလက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ရေခဲဓား၏ ဓားဦးဖြင့် ချွန်ထက်စွာ ဆွဲတင်၍ ဝင်းလက်တောက်ပြောင်ပြီး အေးစက်နေသော ငါးအရေခွံကို လှီးဖြတ်လိုက်သည်။

ဤသည်မှာ အလွန် ကြောက်မက်ဖွယ်ကောင်းသော ဓားနည်းစနစ်တစ်ခု ဖြစ်သည်။

ကျန်းဟိုင်ဖူက ငါးနှင့်ပတ်သက်သည့် ဟင်းလျာတစ်မျိုးမျိုးကို ချက်ပြုတ်ပြမည့်ပုံ ရ၏။

သို့သော် တစ်ဖက်မှ ဖိုးဖိုးဝမ်ကလည်း ငါးနှင့် ပတ်သက်သည့်ဟင်းလျာကို ချက်ပြုတ်နေသည့်ပုံပင်။

သူတို့က ယနေ့ပြိုင်ပွဲအတွက် တူညီသော ပါဝင်ပစ္စည်းများကို အသုံးပြုခဲ့ကြသည်။

ကျန်းဟိုင်ဖူက ငါးအရေခွံကို လှီးဖြတ်ပြီးနောက်တွင် သန့်စင်ရန်အတွက် ရေချိုတွင် နှစ်လိုက်သည်။

ထို့နောက် သူက ငါးအရေခွံကို ကိုင်တွယ်နေသော ဖိုးဖိုးဝမ်ကို လှမ်းအကဲခတ်လိုက်သည်။

ဖိုးဖိုးဝမ်က သူကဲ့သို့ ရေခဲဓားကို အသုံးမပြု၍ ကျန်းဟိုင်ဖူက အံ့အားသင့်နေသည်။

ဆိုရလျှင် ရေခဲဓားသည် ပုံမှန် မီးဖိုချောင်သုံးဓားထက် အပူချိန်နိမ့်သောကြောင့် အသား၏ အရည်အသွေးကို မထိခိုက်စေပေ။

လှီးဖြတ်ထားစဉ်တွင်လည်း ငါးအရေခွံ၏လတ်ဆတ်မှုကို ထိန်းသိမ်းပေးသောကြောင့် ချက်ပြုတ်ရာတွင် အကောင်းဆုံးအမျိုးအစား ဖြစ်သည်။

လက်ရှိ ဖိုးဖိုးဝမ် အသုံးပြုနေသောဓားမှာ တောခုတ် ဓားတစ်လက်ဖြစ်သည်။

ဤအချိန်တွင်ဘိုးဘိုးဝမ်က အင်္ကျီိကိုချွတ်ထား၍ တောင့်တင်းသော ကြွက်သားများက အတိုင်းသား ဖြစ်နေသည်။

ဟုတ်ပါသည်၊ ကြွက်သားများသည် ဖိုးဖိုးဝမ်တွင် အမြဲတမ်းရှိနေခဲ့သည်။

သူက သတိမေ့ရောဂါ ရှိနေစဉ်မှာပင် လေ့ကျင့်ခန်းကိုဘယ်တုန်းကမှ မပျက်ကွက်ခဲ့ပေ။

သူ၏ အသက်အရွယ်အရ ဇီဝဖြစ်စဉ်က နှေးကွေးသွားသော်လည်း ခန္ဓာကိုယ်ကမူ လူငယ်များမနာလိုစရာ ဖြစ်လောက်အောင်ပင် ကြွက်သားများနှင့် ဖုံးလွှမ်းနေခဲ့သည်။

သူ့အဖွားသာ အသက်ရှင်နေခဲ့လျှင် ဖိုးဖိုးဝမ်၏ ကြွက်သားများကိုကြည့်ကာ အလွန်ပင် စိတ်အားတက်ကြွနေမည်ဟု ဝမ်လင်း ခံစားလိုက်ရသည်။

ကံဆိုးစွာဖြင့် ထိုအချိန်က ဝမ်လင်း မမွေးဖွားခဲ့ပေ။

သို့မဟုတ်လျှင် ဖွားဖွားဝမ်သည် ယခုအချိန်ထိ အသက်ရှင်နေမည်မှာ သေချာသည်။

စင်စစ် ဝမ်လင်းက ဖွားဖွားဝမ်အား အသက်ပြန်ရှင်စေနိုင်စွမ်းရှိကြောင်း ဖေဖေဝမ်က သိထားသည်။

သို့သော်လည်း ဖွားဖွားဝမ်ကို အနှောင့်အယှက် မပြုချင်ခဲ့ပေ။

ဖွားဖွားဝမ်သည် သူမ၏ရွာတွင် ကျော်ကြားသော ကျောက်စိမ်းပန်းတစ်ပွင့် ဖြစ်သည်။

ထို့ကြောင့် သူမ ကွယ်လွန်ချိန်တွင် တစ်ရွာလုံးသည် ဈာပနအခမ်းအနား၏ တစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့သည်။

ဖွားဖွားဝမ်သာ ပေါ့ပေါ့ပါးပါး ပြန်လည်ရှင်သန်လာခဲ့လျှင် ထိုတစ်ရွာလုံးသည် သရဲတစ္ဆေရွာ ဖြစ်လာပြီး ဝိညာဉ်မုဆိုးများကိုပင် ဆွဲဆောင်နိုင်လိမ့်မည် ဖြစ်သည်။

လက်ထဲတွင် တောခုတ်ဓားကို ကိုင်ဆောင်ထားသော ဖိုးဖိုးဝမ်သည် ဤအချိန်တွင် လူသတ်ကွင်းထဲမှ ကွပ်မျက်သူလို ဖြစ်နေသည်။

သူ၏ယုံကြည်မှုရှိသော အမူအရာက ကျန်းဟိုင်ဖူကို လုံးဝ စိုးရိမ်သွားစေခဲ့သည်။

ဤအချိန်တွင် ဖိုးဖိုးဝမ်၏ မျက်လုံးများသည် သားကောင်ရှာသည့် မုဆိုးတစ်ဦးကဲ့သို့ အာရုံစူးစိုက်မှုအပြည့် ဖြစ်နေခဲ့သည်။

ဖိုးဖိုးဝမ်က သူ၏မျက်လုံးများဖြင့် စင်းနှီးတုံးပေါ်မှ ငါးကြီးကို တင်းကျပ်စွာ စိုက်ကြည့်နေခဲ့သည်။

“ဒီငါးက လုံးဝမသေသေးဘူး”

ငါး၏မျက်လုံးများက မျှော်လင့်ချက် ရောင်ခြည်များဖြင့် တောက်ပနေသည်။

၎င်းက သူ့ကို ကယ်တင်နိုင်သေးသည်ဟု ကြည့်ရှုသူများကို အသိပေးနေသကဲ့သို့ သူ၏အမြီးကို စင်းတိတုံးပေါ်တွင် ခါယမ်းပြနေခဲ့သည်။

သို့သော်လည်း စားဖိုမှူးတစ်ယောက်၏ရှေ့တွင် ဤငါးသည်အဆုံးသတ်၌ အစားအစာတစ်မျိုး ကျိန်းသေ ဖြစ်လာပေလိမ့်မည်။

ဖိုးဖိုးဝမ် သို့မဟုတ် ကျန်းဟိုင်ဖူ၏ အမြင်တွင် ဤငါးကိုစားပြီးလျှင် လူအများကို ပျော်ရွှင်စေနိုင်မည်ဖြစ်၍ သနားစရာ အကြောင်း လုံးဝမရှိပေ။

ထိုခဏတွင် ဖိုးဖိုးဝမ်၏ ဗိုက်က အနည်းငယ် ဖောင်းကားလာခဲ့သည်။

ဖိုးဖိုးဝမ်က ကမ္ဘာဦးအစက စွမ်းအားများကို စုစည်းနေသကဲ့သို့ အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်သည်။

ထိုအချိန်တွင် ကျန်းဟိုင်ဖူသည် အပူချိန်ကျဆင်းသွားသလို ခံစားလိုက်ရသည်။

ဖိုးဖိုးဝမ်က ရေခဲဓားကို မသုံးသည်မှာ ထင်ရှားနေသော်လည်း အလွန်အေးသည့် ခံစားချက်ကို ပေးစွမ်းခဲ့သည်။

နောက်ထပ် တစ်စက္ကန့်တွင် ဖိုးဖိုးဝမ်သည် ခပ်တိုးတိုးလေးရေရွတ်လိုက်သည်။

“စိတ်ဓာတ်ကျ ဓားနည်းစနစ်”

ထို့နောက်သူက ငါးကို စတင်ကိုင်တွယ်တော့သည်။

သို့ရာတွင် ငါးကိုသတ်ဖြတ်ရန် တိုက်ရိုက် မရည်ရွယ်ခဲ့ပေ။

ဖိုးဖိုးဝမ်က ငါး၏အမြီးကနေ အရေခွံကို စတင်ကိုင်တွယ်ခဲ့ပြီး ငါး၏ ဝိုင်းဝန်းပြီး ဆွဲဆောင်မှုရှိသောနှုတ်ခမ်းနှင့် 0.0001စင်တီမီတာ အလိုတွင် ရပ်တန့်လိုက်သည်။

စက္ကန့်ပိုင်းလေး အတွင်းမှာပင် မူလက အသက်ရှင်နိုင်သေးသည်ဟု ယုံကြည်ထားသည့် ငါးကြီးသည် ငြိမ်သက်သွားပြီး အမြီးပင် မလှုပ်ရှားတော့ပေ။

ကျန်းဟိုင်ဖူက ဖိုးဖိုးဝမ် အသုံးပြုခဲ့သော ဓားနည်းစနစ်၏ အမည်ကို နားမလည်မီ အမှန်အကန် ငိုကြွေးနေသော ငါးကိုတွေ့လိုက်ရသည်။

နောက်ထပ် တစ်စက္ကန့်တွင် ဖိုးဖိုးဝမ်က ငါးနှင့် ငါးအရေခွံကို ယှဉ်တွဲ၍ စင်းတိတုံးပေါ်တွင် တင်ထားလိုက်၏။

ထိုအခိုက်တွင် ငါးသည် နံဘေးမှ သူ၏အရေခွံကိုကြည့်ကာ လုံးဝ စိတ်ဓာတ်ကျဆင်းသွားတော့သည်။

သူ့မျက်လုံးများက ယခင်လို မျှော်လင့်ချက်ရောင်ခြည်များ တောက်ပမနေတော့ပေ။

မျက်ဝန်းထဲတွင် ထူးဆန်းအုံ့မှိုင်းသည့် အလင်းရောင်တစ်ခုသာ ရှိနေခဲ့သည်။

ကျန်းဟိုင်ဖူနှင့် ဝမ်လင်း “……….”

All Chapters