← Chapters

အင်မော်တယ်ထုန်ရာ၏ ကပ်ဆိုက်သောကာလ

Vol. 58 Ch. 864

အင်မော်တယ်ထုန်ရာ၏ ကပ်ဆိုက်သောကာလ

Vol. 58 Ch. 864

ထိုအချိန်တွင် ရဲတိုက်သခင်နှင့် ရဲတိုက်လေဒီတို့သည် အေးစက်သောချွေးစေးများ စိုစွတ်နေခဲ့သည်။

သူတို့ရှေ့မှ ဆံပင်ဖြူနှင့်လူငယ်က ဆက်ဆံရခက်ပြီး မြင့်မြတ်သောအော်ရာမျိုး ရှိသည်။

လူငယ်က ကျက်သရေရှိပုံ ပေါက်သော်လည်း မျက်လုံးများကမူ လူသတ်ချင်စိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။

ပြုံးလိုက်သောအခါတွင် ဓားတစ်ချောင်းကို ဝှက်ထားသကဲ့သို့ ခံစားရစေ၏။

ရဲတိုက်သခင်နှင့် ရဲတိုက်လေဒီတို့က ဤကဲ့သို့ အော်ရာဖိအားမျိုးနှင့် အတန်ငယ် ရင်းနှီးကျွမ်းဝင်သည်။

သူတို့အထင်မမှားခဲ့လျှင် ဤသည်မှာ ခေါက်ဆွဲခြောက်ဧကရာဇ်၏ အော်ရာမျိုး ဖြစ်သည်။

သူတို့နှစ်ယောက်က အေးစက်သောချွေးစေးများ တစ်ကိုယ်လုံးစိုစွတ်နေပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေခဲ့သည်။

ထိုအချိန်မှာပင် ကူရွှင်းကျစ်က ရဲတိုက်သခင်နှင့် ရဲတိုက်လေဒီတို့ကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။

“မင်းတို့နှစ်ယောက်…”

ကူရွှင်းကျစ် အံ့ဩသွားခဲ့သည်။

သူက ထိုနှစ်ယောက်၏ စိတ်ကို မဖတ်နိုင်ခဲ့ပေ။

သူ့အနေဖြင့် မည်သူမဆို၏ စိတ်ကို စိတ်ဖတ်စွမ်းရည်ဖြင့် ဖတ်နိုင်သော်လည်း ဤနှစ်ယောက်၏စိတ်ကို ဖတ်ကြည့်လိုက်ရာတွင် မမျှော်လင့်ဘဲ ဗလာ ဖြစ်နေခဲ့သည်။

ပုံမှန်အားဖြင့် သူ၏ တိုက်ပွဲဝင်စွမ်းအားသည် ထိုနှစ်ယောက်ကို ချွေးတစ်စက်ပင် မထွက်ဘဲ ပုရွက်ဆိတ်ကဲ့သို့ ချေမှုန်းနိုင်စွမ်း ရှိသည်။

ထို့ကြောင့် သူ၏ စိတ်ဖတ်စွမ်းရည်ကို သူတို့နှစ်ယောက်က ကိုယ်တိုင် ခုခံနိုင်စွမ်းရှိမည် မဟုတ်ပေ။

ထိုနှစ်ယောက်က တားမြစ်ထားသည့် အရာတစ်ခုခုကို တွေးနေသောကြောင့် သူ့အနေဖြင့် ၎င်းတို့၏စိတ်ကို မဖတ်နိုင်ခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။

[သူတို့က ဝမ်ကျန်းနဲ့ လျူချင်းရီ အကြောင်းကို တွေးနေကြတာများလား]

မည်သို့ပင်ဖြစ်စေ အနာဂတ်မှ စကြဝဠာအုပ်ထိန်းသူ အနေဖြင့် သူ၏စွမ်းရည်သည် ယခု လက်ရှိခေတ်တွင် သူ့ဖခင်ကူချမ်းအပါအဝင် မည်သူမဆိုထက် ပို၍ အစွမ်းထက်သင့်ပေသည်။

ကူရွှင်းကျစ်က အလွန်ထူးဆန်းနေသလို ခံစားနေရ၏။

ကူရွှင်းကျစ်၏အမူအရာက ပို၍ လေးနက်လာသောကြောင့် ရဲတိုက်သခင်နှင့် ရဲတိုက်လေဒီတို့က အေးစက်သောချွေးစေးများ အဆက်မပြတ် ထွက်လာကြသည်။

ကူရွှင်းကျစ်က အချက်အလက် အချို့ကို စိတ်ဖတ်၍ သိသွားမည်ကို စိုးသောကြောင့် သူတို့နှစ်ယောက်က စိတ်ချင်းဆက်သွယ်၍ပင် စကားမပြောရဲကြပေ။

ခဏအကြာတွင် ရဲတိုက်သခင်သည် ရဲတိုက်လေဒီကို အဓိပ္ပာယ်ရှိသော အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်သည်။

“ခဏစောင့်ပါ မစ္စတာကူ.. အခုချက်ချင်း အချက်အလက်ကိုရှာဖွေပေးပါ့မယ်”

ရဲတိုက်သခင်က အင်မော်တယ်ထုန်ရာနှင့် ပတ်သက်သည့် အချက်အလက် အားလုံးကို လွှဲပြောင်းပေးရန် နည်းလမ်းမရှိပေ။

ထို့ကြောင့် သူပေးမည့် အချက်အလက်များသည် အတုအယောင်သာ ဖြစ်သည်။

၎င်းတွင် အင်မော်တယ်ထုန်ရာ၏ အမည်နှင့် အခြေခံပရိုဖိုင်မှလွဲ၍ ကျန်ရှိသည့် အချက်အလက်များမှာ ဖန့်ရှင်း၏ အချက်အလက်များ ဖြစ်သည်။

ဤသည်မှာ မဟာဗျူဟာလှည့်ဖျားမှု အထွေထွေရုံး၏ ထောက်လှမ်းရေးအဖွဲ့မှ ရေးဆွဲထားသော အရေးပေါ် အစီအစဉ်တစ်ခု ဖြစ်သည်။

အကယ်၍ ၎င်းတို့အနေဖြင့် မကိုင်တွယ်နိုင်သော ပြဿနာတစ်ခုခုကို တွေ့ကြုံခဲ့ရလျှင် ဤအရေးပေါ် အစီအစဉ်ကို စတင်နိုင်မည် ဖြစ်သည်။

အစီအစဉ်အရ အချက်အလက်အတုကို တစ်ဖက်လူအား ပေးပို့ပြီးသည်နှင့် ရဲစခန်းနှင့် သူတို့အဖွဲ့အစည်းထံ အကြောင်းကြားရမည် ဖြစ်သည်။

ရဲတိုက်သခင်နှင့် ရဲတိုက်လေဒီတို့က ဤအရေးပေါ် အစီအစဉ်ကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် လေ့ကျင့်ခဲ့ပြီး အလွန်ချောမွေ့စွာ လုပ်ဆောင်နိုင်သော အဆင့်သို့ ရောက်ရှိခဲ့သည်။

ထိုအစီအစဉ်အတွက် ဗုံးပစ်စီနီယာ အင်မော်တယ်က ဝမ်လင်း၏ ကိုယ်ပွားတစ်ဝက်ဖြစ်သည့် ခေါက်ဆွဲခြောက်တာအိုဧကရာဇ်ကို ကြီးကြပ်ပေးရန် အထူးတောင်းဆိုခဲ့သည်။

ဆိုရလျှင် ခေါက်ဆွဲခြောက်တာအိုဧကရာဇ်၏ လေ့ကျင့်ပေးမှုကြောင့် ရဲတိုက်သခင်နှင့် ရဲတိုက်လေဒီတို့သည် အာရုံထွေပြားသောအတွေးများ မပါဘဲ အချက်အလက် အတုများကို ကူရွှင်းကျစ်ထံ လွှဲပေးနိုင်ခဲ့သည်။

ထို့ကြောင့် ကူရွှင်းကျစ်က သူတို့၏စိတ်ကို ဖတ်လိုက်သောအခါတွင် မူမမှန်သည့် တစ်စုံတစ်ရာကို မတွေ့ခဲ့ရခြင်းဖြစ်သည်။

“ပညာရှိတဲ့ ရွေးချယ်မှုပဲ”

ကူရွှင်းကျစ်က ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။

“မစ္စတာကူ ဒီUSBကိုယူလိုက်ပါ”

ရဲတိုက်လေဒီက လက်နှစ်ဖက်ဖြင့် USBကို ကမ်းပေးလိုက်သည်။

“ကောင်းပါပြီ”

ကူရွှင်းကျစ်က ခေါင်းငြိမ့်လိုက်သည်။

ထိုခဏမှာပင် သူ၏ရုပ်သဏ္ဍာန်က ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။

“နောက်ဆုံးတော့ သူထွက်သွားခဲ့ပြီ”

ထိုအခါမှပင် ရဲတိုက်လေဒီနှင့် ရဲတိုက်သခင်တို့က သက်ပြင်းရှည်ကြီးကို ဟင်းခနဲ ချလိုက်ကြသည်။

ရဲတိုက်လေဒီ “အခုကျွန်မတို့ ဘာဆက်လုပ်သင့်လဲ”

“ဂိုဏ်းခေါင်းဆောင်ကို အရင်အကြောင်းကြားရမယ်.. ဒီလူကအန္တရာယ် အရမ်းများလွန်းတယ်”

ထို့နောက်တွင် ရဲတိုက်သခင်က စားပွဲပေါ်ရှိ အဆင့်မြင့် ခရစ်စတယ်ကို တစ်ချက်ကြည့်လိုက်သည်။

“ဒီလိုအရည်အသွေးမြင့် ပစ္စည်းတွေကို အဖိုးမဖြတ်နိုင်တဲ့ အရာတွေအဖြစ် လူတွေက မှတ်ယူကြတယ်.. ဟိုးရှေးရှေးတုန်းကဆိုရင် (Thanos)လို့ခေါ်တဲ့ အနန္ဒတန်ခိုးရှင်တစ်ဦးက ဒီပစ္စည်းအတွက်နဲ့ စစ်ပွဲကိုတောင် စတင်ခဲ့တယ်”

“(Thanos)လား”

“ဟုတ်တယ်”

ရဲတိုက်သခင်က ခေါင်းညိမ့်လိုက်သည်။

“သူ့မှာ (Tyrant) လို့ခေါ်တဲ့ ညီလေးတစ်ယောက်လည်း ရှိတယ်”

“……….”

“ဒီလူငယ်က အရောင်းအဝယ်လုပ်ဖို့ တက်ထရာဟီးဒရယ်ခရစ်စတယ်ကို အမှန်တကယ် ထုတ်သုံးခဲ့တယ်.. သူ့ဆီမှာ နားမလည်နိုင်တဲ့စွမ်းအားတွေ ကိန်းအောင်းနေတယ်”

“……….”

USBကို ရယူပြီးနောက်တွင် ကူရွှင်းကျစ်သည် ထိုကိစ္စနှင့်ပတ်သက်၍ စိုးရိမ်နေခဲ့သည်။

သူက တစ်ခုခုလွဲမှားနေသလို ခံစားခဲ့ရသည်။

ဤကမ္ဘာကြီးတွင် သူမသိသေးသော အဆင့်လွန် ကျင့်ကြံသူများ ရှိပါသေးသလော။

ထို့ကြောင့် ကူရွှင်းကျစ်က မော့အင်မော်တယ်ရဲတိုက်မှ ထွက်လာပြီးနောက်တွင် တစ်နေရာသို့ သွားခဲ့သည်။

ကောင်းကင်တာအိုအုပ်ချုပ်မှုကော်မတီ..

ကူရွှင်းကျစ် ရောက်လာသောအခါတွင် ကောင်းကင်တာအို၆ယောက်လုံးက သူ့ကို ကြည့်နေကြသည်။

“စကြဝဠာအုပ်ထိန်းသူလား”

“အုပ်ထိန်းသူတစ်ယောက်က ဘာကြောင့်ဒီနေရာမှာ ရုတ်တရက် ပေါ်လာရတာလဲ”

“သတ္တမ စကြဝဠာကောင်းကင်တာအိုအရှင်တို့.. လူတစ်ဦးကိုစုံစမ်းဖို့အတွက် မင်းတို့ကို ငါအနှောင့်အယှက်ပေးရတော့မယ်”

“လူတစ်ဦးကို စုံစမ်းပေးရမှာလား.. ရပါတယ် ကျေးဇူးပြုပြီး ဖောင်ကို အရင်ဖြည့်လိုက်ပါ”

ကောင်းကင်တာအို၏ ကိုယ်စားလှယ်အနေဖြင့် ခွန်အားကောင်းကင်တာအိုက ခေါင်းငြိမ့်လိုက်ပြီး ရွှေရောင်စာလိပ်တစ်ခုကို ကူရွှင်းကျစ်ထံ ပေးလိုက်သည်။

“ဒီစည်းကမ်းကို ဘယ်အချိန်ကတည်းက ထုတ်လိုက်တာလဲ”

ကူရွှင်းကျစ်က အံ့ဩသွားခဲ့သည်။

သတ္တမ စကြဝဠာရှိ ထိုစည်းကမ်းကို သူမမှတ်မိပေ။

“စကြဝဠာဆယ်ခုရဲ့ တစ်ခုချင်းစီမှာ ကောင်းကင်တာအိုကော်မတီတွေ အသီးသီးရှိပြီး စည်းမျဉ်းတွေကလည်း ကွဲပြားကြတယ်.. ဒါ့ပြင် အချိန်ကာလတစ်ခုစီပေါ် မူတည်ပြီးတော့ မတူညီတဲ့ စည်းမျဉ်းတွေလည်း ရှိတယ်.. တစ်စုံတစ်ယောက်ကိုစုံစမ်းစေချင်ရင်တော့ ဖောင်အရင်ဖြည့်ရမယ်”

အချိန်ကောင်းကင်တာအိုက အဖြေပေးလိုက်သည်။

“နားလည်ပါပြီ.. ကျေးဇူးတင်ပါတယ် ကောင်းကင်တာအိုအရှင်မြတ်တို့”

ကူရွှင်းကျစ်က စာလိပ်ကို လက်နှစ်ဖက်ဖြင့်ယူ၍ လေးနက်သောအမူအရာဖြင့် ဖြည့်သွင်းရန်ပြင်လိုက်သည်။

သို့ရာတွင် ဖောင်ထဲမှမေးခွန်းများကိုကြည့်ပြီး သူမှင်တက်သွားခဲ့သည်။

စစ်တမ်းမေးခွန်းလွှာ..

"သင်အကြိုက်ဆုံးသရေစာက ခေါက်ဆွဲခြောက်လား"

ကူရွှင်းကျစ် “……….”

စစ်တမ်းမေးခွန်းလွှာ..

အောက်ပါတို့ထဲမှ အဘယ်အရာသည် သရေစာခေါက်ဆွဲစားသည့် မှန်ကန်သောနည်းလမ်းဖြစ်ပါသနည်း။

၁ = ခေါက်ဆွဲခြောက်ထုပ်ကိုလုံးချေပြီး အရသာမှုန့်ကိုဖြူးပါ။

၂ = ရေနွေးထဲတွင်ထည့်ပြုတ်ပါ။

၃ = ဟင်းခပ်အမှုန့်များနှင့်အတူ ဆီပူပူထဲတွင် ကြော်စားပါ။

၄ = ဇလုံထဲတွင်နယ်၍သုပ်စားပါ။

ကူရွှင်းကျစ် “……….”

စစ်တမ်းမေးခွန်းလွှာ..

ခေါက်ဆွဲခြောက်ကြွပ်ကြော်နှင့် သင်၏ရည်းစား ရေထဲတစ်ပြိုင်နက်ပြုတ်ကျလျှင် သင့်အနေဖြင့် ဘယ်သူ့ကို အရင်ကယ်မည်နည်း။

ကူရွှင်းကျစ် “……….”

စစ်တမ်းမေးခွန်းများက အများအပြားဖြစ်ပြီး ၉၉၉ခုရှိသည်။

ဟုတ်ပါသည်၊ တကယ်တမ်းတွင် အချိန်ကောင်းကင်တာအိုသည် တမင်တကာပင် အချိန်ဆွဲထားခဲ့ခြင်း ဖြစ်သည်။

အချိန်ကောင်းကင်တာအိုက စကြဝဠာအုပ်ထိန်းသူ စုံစမ်းချင်သောလူမှာ ဝမ်လင်းမှန်း သိထားခဲ့သည်။

သူက ထိုသူ မည်သို့ပြုမူမည်ကို သံသယရှိသဖြင့် ကော်မတီဝင် ကောင်းကင်တာအိုများနှင့် တိုင်ပင်ကာ အချိန်ဆွဲထားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ကူရွှင်းကျစ် မေးခွန်းများကို ဖြေဆိုနေစဉ် ကောင်းကင်တာအို ကော်မတီသည် ကိုယ်ပွားများကိုချန်လှပ်၍ အစည်းအဝေးတစ်ခုကို ပြုလုပ်ခဲ့သည်။

ခွန်အားကောင်းကင်တာအို “စကြဝဠာအုပ်ထိန်းသူက ငါတို့ဆီကို အမှန်တကယ် ရောက်လာတာပဲ”

အချိန်ကောင်းကင်တာအို “စကြဝဠာအုပ်ထိန်းသူက မျှော်လင့်ထားတဲ့အတိုင်းပဲ.. စစ်တမ်းမေးခွန်းတွေကို တုံ့ဆိုင်းမှုမရှိဘဲ ဆက်တိုက်ဖြေဆိုနိုင်တယ်.. ဒီလိုမျိုး ခက်ခဲတဲ့မေးခွန်းတွေကို မြန်မြန်ဆန်ဆန် ဖြေဆိုနိုင်တဲ့သူတွေက အတော်လေး ကြောက်စရာကောင်းတယ်.. မေးခွန်းက စုစုပေါင်း ၉၉၉ခုပဲရှိတယ်.. ဒါပေမဲ့ သူဖြေဆိုနေတဲ့နှုန်းနဲ့ဆိုရင် ငါတို့အကြာကြီး အချိန်ဆွဲနိုင်မှာ မဟုတ်ဘူး”

စိတ်ဝိညာဉ်ကောင်းကင်တာအို “အနာဂတ်ကနေ ဒီကိုပြန်လာတဲ့ စကြဝဠာအုပ်ထိန်းသူရဲ့ရည်ရွယ်ချက်က ဘာများဖြစ်မလဲ.. ကူရွှင်းကျစ်က စကြဝဠာ၃ခုကို အမိန့်ပေးနိုင်တဲ့ အုပ်ထိန်းသူ တစ်ယောက်ပဲ.. လောလောဆယ်မှာ သူ့ရဲ့ရည်ရွယ်ချက်ကို စုံစမ်းဖို့ အခွင့်အာဏာ မရှိပေမဲ့လည်း အရှင်လင်းနဲ့ ပတ်သက်နေတာကတော့ သေချာတယ်.. ဒီလိုအချိန်မှာအရှင်လင်းကို ဖိတ်ခေါ်လိုက်တာက ငါတို့အတွက် အကောင်းဆုံးရွေးချယ်မှုပဲ”

သေခြင်းရှင်ခြင်းကောင်းကင်တာအို “အဲဒါဆိုရင် ငါတို့က ဘာကို စောင့်နေသေးတာလဲ”

ခွန်အားကောင်းကင်တာအိုက ခေါင်းညိမ့်လိုက်သည်။

“ကောင်းပြီ.. အခုချက်ချင်းပဲ အရှင်လင်းကို ဖိတ်ခေါ်လိုက်တော့မယ်”

All Chapters