← Chapters

အမိန့်စောင့်ထိန်းသူနှင့်တိုက်ပွဲ

Vol. 58 Ch. 866

အမိန့်စောင့်ထိန်းသူနှင့်တိုက်ပွဲ

Vol. 58 Ch. 866

ကူရွှင်းကျစ်က ဝိညာဉ်စွမ်းအားများကို လှုံဆော်လိုက်စဉ် တစ်ဖက်လူ၏ ခန္ဓာကိုယ်မှ အငွေ့များထွက်လာသည်ကို ဝမ်လင်း မြင်လိုက်ရသည်။

ဝိညာဉ်စွမ်းအား အများအပြားရှိသော ကျင့်ကြံသူအချို့သည် ဝိညာဉ်စွမ်းအားများကို လှုံဆော်လိုက်သောအခါတွင် ဝိညာဉ်စွမ်းအင် ရေနွေးငွေ့ဖြစ်စဉ်များ ဖြစ်ပေါ်လာရန် အလွန်လွယ်ကူသည်။

ထင်ရှားသော လက္ခဏာများမှာ ဦးခေါင်းမှ ခြေဖျားထိ အရေပြားများနီမြန်းခြင်း၊ ချွေးပေါက်များမှ အငွေ့ထွက်ခြင်း၊ အဒရီနလင်များ တိုးမြင့်လာခြင်းနှင့် အတိုင်းအဆမဲ့စွာ အော်ရာများ ထွက်လာခြင်းတို့ ဖြစ်သည်။

ဤဖြစ်စဉ်အမျိုးအစားသည် အန္တရာယ်မရှိပေ။

ထိုအစား ကျင့်ကြံသူများသည် တိုက်ပွဲတွင် ပိုမို အာရုံစိုက်လာနိုင်ပြီး ပေါက်ကွဲစွမ်းအား၊ အရှိန်၊ ခွန်အားနှင့် ခံနိုင်ရည်စွမ်းများ တိုးတက်လာမှုကို တွေ့ကြုံခံစားနိုင်မည် ဖြစ်သည်။

ဤကဲ့သို့ ဝိညာဉ်စွမ်းအင် ရေနွေးငွေ့ဖြစ်စဉ်သည် လူနည်းစုတွင်သာ ဖြစ်ပေါ်တတ်သည်။

ခေတ်သစ် လူ့အဖွဲ့အစည်းတွင် ကျင့်ကြံသူအများစုသည် ဆေးဝါးများ၏ အကျိုးသက်ရောက်မှုကို အားကိုး၍ ဝိညာဉ်စွမ်းအင် ရေနွေးငွေ့ဖြစ်စဉ်ကို ထုတ်လုပ်နိုင်သော်လည်း ကူရွှင်းကျစ်သည် မည်သည့်ဆေးဝါး အကူအညီမှမပါဘဲ ဖန်တီးနိုင်ခဲ့သည်။

ဤသည်ကပင် ကူရွှင်းကျစ်၏ ကျင့်ကြံမှုအခြေခံက မည်မျှခိုင်မာကြောင်း သက်သေပြနေသည်။

ဤလူသည် အလွန်ပင် စွမ်းအားကြီး၏။

၎င်းက အင်မော်တယ်ကျန်းရွမ်နှင့် ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်ဖြစ်သည့် ရေသူထီးထက်ပင် ပို၍အားကောင်း၏။

ဝမ်လင်းက အမှန်တကယ် တိုက်ပွဲမဝင်ရသေး၍ ကူရွှင်းကျစ်မည်မျှသန်မာသည်ကို အတိအကျ မသိရသေးပေ။

သို့ရာတွင် တစ်ချက်ကြည့်လိုက်သည်နှင့် ထိုလူက သူထင်ထားသည်ထက် အဆများစွာ အားကောင်းသည်ကို ခန့်မှန်းနိုင်ခဲ့သည်။

ကူရွှင်းကျစ်က စကြာဝဠာ ၃ပါး၏ အမိန့်ပေးသူ (ဝါ) အုပ်ထိန်းသူ ဖြစ်သည်။

သူ့တွင် ဤကဲ့သို့ ခွန်အားရှိသည်က အလွန်ပင် သင့်လျော်သည် မဟုတ်ပါလော။

ဝမ်လင်းက အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်သည်။

သူအနေဖြင့် တိုက်ပွဲကို လက်ခံလိုက်သည်မှာ ကူရွှင်းကျစ်၏ အစွမ်းအစကို သိချင်ရုံသက်သက်သာ ဖြစ်သည်။

အဆုံးသတ်တွင် ဝမ်လင်းသည် ယခင်က စကြာဝဠာအုပ်ထိန်းသူနှင့် မတိုက်ခိုက်ခဲ့ဖူးပေ။

ထို့အပြင် ကူရွှင်းကျစ်သည် စကြာဝဠာအုပ်ထိန်းသူများထဲတွင် အစွမ်းထက်ဆုံး ကျင့်ကြံသူလည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

အကယ်၍ ကူရွှင်းကျစ်သာ သူ၏ကိုယ်ပွားကို အနိုင်မယူနိုင်ခဲ့လျှင် ဝမ်လင်းအနေဖြင့် အလွန်စိတ်ပျက်သွားမိမည် ဖြစ်သည်။

ကူရွှင်းကျစ်က သူ၏ခံစားချက်မဲ့ ငါးမသာမျက်လုံးကို စိုက်ကြည့်လိုက်သည်နှင့် တိုက်ပွဲစနေပြီမှန်း ဝမ်လင်းသိလိုက်သည်။

“မင်းဘယ်သူလဲဆိုတာ ငါအတိအကျမသိပေမဲ့ ငါ့ကို လျှော့မတွက်နဲ့”

ကူရွှင်းကျစ်က ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီးမှ သူ၏ ပါးစပ်ကို လက်ဖြင့် ပိတ်လိုက်သည်။

သူက အလွန်စိတ်လှုပ်ရှားနေသောကြောင့် ပြုံးပြတတ်သည့်အကျင့်ဆိုးက မတော်တဆ ပေါက်ကြားသွားခဲ့သည်။

သူက စကြာဝဠာအုပ်ထိန်းသူဖြစ်သောကြောင့် အမူအရာက အလေးအနက် ရှိသင့်သည် မဟုတ်ပါလော။

သို့မဟုတ်လျှင် သူ၏အဆင့်အတန်းနှင့် လုံးဝ ကိုက်ညီမှုရှိမည် မဟုတ်ပေ။

ထိုခဏမှာပင် ကူရွှင်းကျစ်သည် ခေါင်းကို တစ်ချက်လှုပ်ခါလိုက်ရာ သူ၏ ဦးခေါင်းထက်မှ ဆံနွယ်များက နဂါးတစ်ကောင်ကဲ့သို့ လေထဲတွင် လွင့်ပျံသွားခဲ့သည်။

ထိုဆံပင်များကို ချည်ကြိုးများစွာက ချည်နှောင်ထား၏။

ဤသည်မှာ ကူရွှင်းကျစ်၏ အသက်ဖြင့် ချိတ်ဆက်ထားသော အမိန့်ပေး ချိန်းကြိုး ၃၀၀၀ ဖြစ်သည်။

သူက ဤကြိုးများအား သူ၏ဆံပင်ကို တိုက်ရိုက်သန့်စင်ခြင်းဖြင့် ပြုလုပ်ထားသည်။

ဆံပင်များက ကောင်းကင်ကိုပင် ထိုးဖောက်နိုင်ပြီး အလွန်တရာ ထက်ရှကာ ခံနိုင်ရည်လည်း ရှိကြသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဝမ်လင်း၏ နှလုံးသားထဲတွင် ကြည်နူးမှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

အားလုံးပြီးနောက်တွင် ကူရွှင်းကျစ်သည် အသန်မာဆုံးစကြာဝဠာအုပ်ထိန်းသူ ဖြစ်၍ သူ၏နည်းလမ်းများက အများနှင့်မတူဘဲ အလွန်ပင် ကွဲပြားသည်။

အမိန့်ပေးချိန်းကြိုး ၃၀၀၀ ၏ အလုံးစုံအင်အားသည် ကမ္ဘာ့ဖီဆန် မှော်ရတနာကိုပင် ကျော်လွန်သွားပြီး အဆင့်၈ ကောင်းကင်မှော်ရတနာနှင့် တန်းတူလောက် ရှိနိုင်သည်။

ကျင့်ကြံသူများစွာသည် ၎င်းတို့၏ခန္ဓာကိုယ် အစိတ်အပိုင်းများကို မှော်ရတနာများအဖြစ် သန့်စင်ရန် ရွေးချယ်ခဲ့ကြသည်။

ဥပမာပြရလျှင် အင်မော်တယ်စံအိမ်မှ အားကျိုးသည် လက်သည်းများကို မှော်ရတနာအဖြစ် သန့်စင်ထားခဲ့သည်။

နောက်ထပ် ဥပမာတစ်ခုမှာ မျက်လုံးကို အထူးတလည် သန့်စင်ထားသည့် နာမည်ကျော် တာအိုကျင့်ကြံသူ ပရိယာယ်ဖြစ်သည်။

ထိုလူက မျက်လုံးကို သန့်စင်ခြငး်ဖြင့် လူသိများလာသောသူ ဆိုလည်းမမှားပေ။

သူ၏ မျက်လုံးနှင့် ရင်ဆိုင်မိသည်နှင့် တစ်ဖက်လူက ခွန်အားများ လျော့ကျသွားမည် ဖြစ်သည်။

ယင်းက ရန်သူကို အားနည်းစေခြင်းဖြင့် မိမိ၏ တိုက်ပွဲဝင်အင်အားကို မြှင့်တင်နိုင်သော နည်းစနစ် ဖြစ်သည်။

မျက်လုံးဖြစ်စေ၊ လက်သည်းဖြစ်စေ ဤအရာများသည် ပိုမို၍ အသုံးများပြီး ထိန်းချုပ်ရပိုလွယ်သည်။

သို့သော် ဆံပင်များမှာမူ ကွဲပြားသောဖြစ်စဉ် ဖြစ်သည်။

အကြောင်းအရင်းမှာ ဆံပင်များကို တစ်လုံးတထွေးတည်းသန့်စင်၍ မဖြစ်နိုင်ဘဲ ဆံချည်မျှင် တစ်မျှင်ချင်း စိတ်ရှည်လက်ရှည် သန့်စင်ရခြင်းကြောင့်ပင်။

အောင်မြင်စွာ သန့်စင်နိုင်ခဲ့လျှင်ပင် ကိုင်တွယ်ရန် အလွန်ခက်ခဲသည်။

ဆံချည်မျှင်၃၀၀၀ ကို အသက်မှော်ရတနာအဖြစ် သန့်စင်နိုင်ခြင်းသည် ကူရွှင်းကျစ်၏ အလွန်တိကျသော ဝိညာဉ်စွမ်းအင်ကို သက်သေပြနေ၏။

ဝမ်လင်းက တိုက်ပွဲကို ရင်ဆိုင်ရာတွင် ပြိုင်ဘက်၏ အားသာချက်များကို ခွဲခြမ်းစိတ်ဖြာလေ့ ရှိသည်။

သို့မှသာ သူအနိုင်ရသောအခါတွင် တစ်ဖက်လူကို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုအချို့ ပြုလုပ်ပေးနိုင်မည် မဟုတ်ပါလော။

အမိန့်ပေး ဆံချည်မျှင်၃၀၀၀ကြောင့် သူ၏ပြိုင်ဘက်က အားမနည်းမှန်း ဝမ်လင်း ကောင်းစွာသိသည်။

သို့ရာတွင် သူကိုယ်တိုင်လည်း အလွန်အမင်း သန်မာနေခဲ့သည်။

အဘယ်ကြောင့် ဤမျှသန်မာနေမှန်း ဝမ်လင်း ကိုယ်တိုင်လည်း မသိပေ။

ထိုခဏမှာပင် ကူရွှင်းကျစ်၏ မျက်လုံးများသည် ဝမ်လင်းကိုခိုင်မြဲစွာ စိုက်ကြည့်နေခဲ့သည်။

သူက အမိန့်ပေးချည်ကြိုးဖြင့် ဝမ်လင်း၏ လက်ခြေများကို တုတ်နှောင်ရန် ရည်ရွယ်ထားခဲ့သည်။

ဝမ်လင်းက အမိန့်ပေးချည်ကြိုးများ၏ လမ်းကြောင်းကို အမှန်တကယ် တွက်ဆ၍မရမှန်း သိလိုက်ရသောအခါတွင် မျက်မှောင်ကြုတ်သွားခဲ့သည်။

[ဆံပင်တွေက အာကာသ မျက်နှာပြင်ကနေ ဖြတ်သန်းလာတာမဟုတ်ဘူးလား]

ဝမ်လင်းက စိတ်ထဲကနေ ညီးညူလိုက်သည်။

ဤသည်မှာ မမျှော်လင့်ထားသော အခြေအနေတစ်ခုဖြစ်သည်။

စင်စစ် အမိန့်ပေးချိန်းကြိုး အားကိုးနေသည့် လမ်းကြောင်းသည် အာကာသ မျက်နှာပြင် မဟုတ်ဘဲ စကြာဝဠာအာကာသ ဖြစ်သည်။

စကြာဝဠာအုပ်ထိန်းသူဖြစ်သည့် ကူရွှင်းကျစ်သည် သူ၏ အသက်နှင့် ချိတ်ဆက်နေသော မှော်ရတနာကို စကြာဝဠာသုံးခု၏ စကြာဝဠာ အာကာသများနှင့် တစ်ပြိုင်နက် ချိတ်ဆက်ထားခဲ့သည်။

ရိုးရှင်းစွာပြောရလျှင် အမိန့်ပေးချိန်းကြိုးများသည် လေထဲကိုထုတ်လွှတ်လိုက်သည်နှင့် စကြာဝဠာကို လှည့်ပတ်ပြီးမှ အလိုရှိသောပစ်မှတ်သို့ ရောက်ရှိသွားမည် ဖြစ်သည်။

ဤကဲ့သို့ စကြာဝဠာအာကာသထဲကို ထိုးဖောက် ဝင်ရောက်နိုင်သော စွမ်းအားမျိုးသည် ကောင်းကင်မှော်ရတနာများတွင်သာ ရှိသည်။

ထို့ကြောင့် ဝမ်လင်း၏ ပကတိကိုယ်ပွားက ခြေရာခံနိုင်ခြင်း မရှိတော့ဘဲ ကူရွှင်းကျစ်၏ ထောင်ချောက်ထဲသို့ ချက်ချင်းဆိုသလို ကျရောက်သွားခဲ့သည်။

အပြင်ဘက်ရှိ ကောင်းကင်တာအို ၆ယောက်ကလည်း ကောင်းကင်အင်မော်တယ်များကြားမှ တိုက်ပွဲကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ကြသည်။

ထိုနှစ်ယောက်၏ လှုပ်ရှားမှုတိုင်းသည် ကောင်းကင်တာအို၏ မြင့်မြတ်သော စွမ်းအားများနှင့် ပြည့်နှက်နေပုံရ၏။

ခွန်အားကောင်းကင်တာအို “ဒီကူရွှင်းကျစ်က တကယ်ပဲအသာစီးရနေတာလား”

အချိန်ကောင်းကင်တာအို “တိုက်ပွဲက တကယ် မစသေးဘူး.. အရှင်လင်းရဲ့ ကိုယ်ပွားက ကိုင်တွယ်ဖြေရှင်းဖို့ မလွယ်ကူသလို ကူရွှင်းကျစ်ရဲ့ တိုက်ပွဲဝင်အင်အားကလည်း လျှော့တွက်လို့မရဘူး.. အရှင်လင်းအနေနဲ့ ရိုးရှင်းတဲ့ ပါးရိုက်ချက်ပေါင်းများစွာ အားကိုးရုံနဲ့တော့ သူ့ကိုအနိုင်ရဖို့ မဖြစ်နိုင်ဘူး”

အချိန်ကောင်းကင်တာအို၏ စကားကို ကျန်ကောင်းကင်တာအိုများက ခေါင်းညိမ့်၍ သဘောတူလိုက်ကြသည်။

အဆုံးသတ်တွင် ကူရွှင်းကျစ်သည် စကြာဝဠာအုပ်ထိန်းသူများထဲတွင် တိုက်ပွဲဝင်စွမ်းအား အပြင်းထန်ဆုံး ဖြစ်သည်။

ယခုအခါတွင် အမိန့်ပေး ချိန်းကြိုးများသည် ဝမ်လင်း၏ လက်ကောက်ဝတ်များနှင့် ခြေကျင်းဝတ်များကို ရစ်ပတ်ထားခဲ့သည်။

အမိန့်ပေးချိန်းကြိုး၏ ကွင်းဆက်တစ်ခုစီတွင် ကောင်းကင်တာအို စွမ်းအားများ ပါဝင်နေပြီး ဝမ်လင်းကို မလှုပ်ရှားနိုင်အောင် တားဆီးထားခဲ့သည်။

“ငါ့ရဲ့ တိုက်ခိုက်မှုက အလုပ်ဖြစ်သွားတာ ဟုတ်ရောဟုတ်ရဲ့လား”

ကူရွှင်းကျစ်က သူ့ကိုယ်သူ မယုံသလို ဖြစ်နေသည်။

သူ့ရှေ့မှ ချာတိတ်လေးက ဤမျှလောက် ခွန်အားရှိမည်ဟု သူ မထင်ထားခဲ့ပေ။

တစ်ချိန်တည်းမှာပင် ကူရွှင်းကျစ်သည် အနည်းငယ် တုန်လှုပ်သွားခဲ့သည်။

သူက သူ၏အသက်မှော်ရတနာကို ထုတ်ယူပြီးပြီဖြစ်သော်လည်း တစ်ဖက်လူကို အသက်မှော်ရတနာ ထုတ်ယူရန်အတွက် တွန်းအားမပေးနိုင်ခဲ့ပေ။

ကျင့်ကြံသူများကြားရှိ ပြိုင်ဆိုင်မှုတွင် တစ်ဖက်လူသည် ၎င်း၏ အသက်မှော်ရတနာကို ထုတ်ယူခဲ့လျှင် တစ်ဖက်ကလည်း အလားတူ လုပ်ဆောင်သင့်ပေသည်။

တိုက်ပွဲတွင် အသုံးပြုရန် ရည်ရွယ်ချက် တစ်စုံတစ်ရာ မရှိခဲ့လျှင်ပင် မှော်ရတနာကို ထုတ်ယူသင့်သည်။

ဤသည်က တစ်ဖက်လူကို လေးစားမှုပြသခြင်း ဖြစ်၏။

ဟုတ်ပါသည်၊ ဝမ်လင်းက သူ့ကိုမလေးစား၍ သူ၏အသက်မှော်ရတနာကို မထုတ်ယူခဲ့ခြင်း မဟုတ်ပေ။

သူ၏အသက်မှော်ရတနာသည် ခေါက်ဆွဲခြောက် ဖြစ်သည်။

စောစောကပင် သူ့အသက်မှော်ရတနာ၏ ယနေ့ခွဲတမ်းကို သူစားပြီးသွားပြီ မဟုတ်ပါလော။

All Chapters