← Chapters

သခင်မာ၏ စကြဝဠာနတ်သစ်ပင်ကို ဆန့်ကျင်သည့် တိုက်ပွဲကြီး

Vol. 58 Ch. 870

သခင်မာ၏ စကြဝဠာနတ်သစ်ပင်ကို ဆန့်ကျင်သည့် တိုက်ပွဲကြီး

Vol. 58 Ch. 870

[ဒါက အိမ်သာလား… ဒါမှမဟုတ် ငါထင်ယောင်ထင်မှားဖြစ်နေတလား]

ယင်းက အိမ်သာကို မြင်ပြီးပြီးချင်းတွင် ကူရွှင်းကျစ်၏ ခေါင်းထဲသို့ ဝင်လာသော မေးခွန်းဖြစ်သည်။

“စိတ်ကြည်လင် မှော်စွမ်းရည်””စိတ်သန့်စင်ခြင်း ဒစ်စကိုအက မှော်စွမ်းရည်” အစရှိသည့် မှော်စွမ်းရည် များစွာကို သူ့ကိုယ်ပေါ်သို့ ဆက်တိုက် သက်ရောက်စေခဲ့သည်။

ယင်းမှာ ထင်ယောင်ထင်မှား မဟုတ်ကြောင်း အတည်ပြုလို၍ဖြစ်၏။

အဆုံးသတ်တွင် ဤအရာက တကယ်ကို သန့်ရှင်းဖြူစင်ပြီး ပစ်ချက်ကင်းသည့် ခေတ်မီ အိမ်သာတစ်ခုပင်။

၎င်းက စကြဝဠာနတ်သစ်ပင်ထက် မနိမ့်ကျသည့် ကြောက်မက်ဖွယ်အော်ရာကို ထုတ်လွှတ်နေ၏။

တကယ်တမ်းတွင် ဝမ်လင်းသည် ဤနေရာသို့ မခေါ်မီ သခင်မာအား ဒုတိယအကြိမ် ဉာဏ်အလင်းပေးခဲ့ပြီးပြီ ဖြစ်သည်။

ထို့ကြောင့် ဆင့်ခေါ်ထားသော သခင်မာသည် ယခုအခါ ဝမ်မိသားစုအိမ်ငယ်လေးရှိ မှင်စာများအားလုံးအနက် အစွမ်းအထက်ဆုံး တိုက်ခိုက်ရေးသမား ဖြစ်လာသည်။

ဒုတိယနေရာမှာ သူတော်စင်အင်မော်တယ်ကျမ်း အိုင်ပွိုက် ဖြစ်သည်။

သို့သော် သူတော်စင်အင်မော်တယ်ကျမ်းတွင် သခင်မာထက် နည်းပညာဆိုင်ရာ အားသာချက်တစ်ခု ရှိသည်။

ဝမ်လင်း၏ ဉာဏ်အလင်းပေးစွမ်းရည်သည် နေ့စဉ်နှင့်အမျှ တိုးတက်နေ၏။

ထို့ကြောင့် နောက်ပိုင်းမှ ဉာဏ်အလင်းပေးခံရသော မှင်စာများသည် ပို၍ အားကောင်းလေလေ ဖြစ်သည်။

ထို့အပြင် ဝမ်လင်းက ဒုတိယအကြိမ် ဉာဏ်အလင်းထပ်ပေးနိုင်သေးသည်။

ထို့ကြောင့် ဒုတိယအကြိမ် ဉာဏ်အလင်းရခဲ့သော မှင်စာများသည် ဝမ်လင်း၏ ယုံကြည်မှုကို အပြည့်အဝ ရရှိထားသူများ ဖြစ်သည်။

ဝမ်မိသားစု အိမ်ငယ်လေးတွင် သခင်မာသည် တာဝန်ဝတ္တရားများကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သည်။

သူက ယခုအခါတွင် လူ့လောကနှင့် နတ်ဆိုးလောကကြား ကောင်းမွန်သော ဆက်သွယ်မှုတစ်ခုကို ထူထောင်ရန်အတွက် နတ်ဆိုးလောကနှင့် ဆက်သွယ်သော သံတမန်တစ်ဦးလည်း ဖြစ်သည်။

သခင်မာက အထူးအားဖြင့် တည်နေရာရွှေ့ပြောင်းသည့် ပေါ်တယ်ကို တည်ဆောက်ခဲ့သည်။

{ပေါ်တယ်=တံခါး၊ဝင်ပေါက်}

နတ်ဆိုးလောကမှ နတ်ဆိုးများသည် လူ့လောကသို့ လာချင်သောအခါတွင် သခင်မာထံ အစီရင်ခံရန် လိုအပ်၏။

၎င်းတို့ကနတ်ဆိုး သူတော်စင် ထံမှ သဘောတူညီချက် စာတစ်စောင်ကို ထုတ်ပြသ၍ သခင်မာက တည်နေရာရွှေ့ပြောင်းသည့် ပေါ်တယ်ပေါ်သို့ တက်ခွင့်ပေးမည် ဖြစ်သည်။

ထို့အပြင် နေ့စဉ်ဘဝတွင်လည်း သခင်မက တော်တော်ဒုက္ခရောက်သည်။

မေမေဝမ်က ဖေဖေဝမ်၏ အိမ်သာ အချိန်အကြာကြီး ထိုင်တတ်သည့် အကျင့်ဆိုးကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဝမ်မင်အား အပူပေးအိမ်သာကို တီထွင်စေခဲ့သည်။

ထို့ကြောင့် ဖေဖေဝမ်က တစ်ခါတစ်ရံ အိမ်သာသုံးရန် ဝမ်လင်း၏ အခန်းတွင် ခိုးတက်လေ့ရှိသည်။

လက်ရှိအချိန်တွင် သခင်မာသည် ဝမ်လင်းတို့ တစ်မိသားစုလုံး၏တင်ပါးကို မြင်ဖူးသည့် တစ်ဦးတည်းသောလူ ဖြစ်၏။

ထို့ကြောင့် ဝမ်လင်း၏ နှလုံးသားတွင် သခင်မာသည် အလွန်မြင့်မားသော နေရာ၌ ရှိခဲ့သည်။

သခင်မာကို ယခုတစ်ကြိမ် ဆင့်ခေါ်ခြင်း မပြုမီတွင် ဝမ်လင်းသည် အချိန်အတော်ကြာ စဉ်းစားနေခဲ့သည်။

သူဆင့်ခေါ်နိုင်သော မှင်စာအားလုံးတွင် သခင်မာသည် စကြဝဠာ နတ်သစ်ပင်နှင့် ယှဥ်နိုင်သည့် တစ်ဦးတည်းသောသူဟု ဝမ်လင်း ခံစားမိသည်။

တကယ်တမ်းတွင် ဝမ်လင်းသည် ငွေရောင်လေးနှင့် ထွင်ထျန်းဟာကို ဆင့်ခေါ်နိုင်၏။

သို့သော်လည်း ၎င်းတို့က စကြဝဠာ နတ်သစ်ပင်လောက် အစွမ်းမထက်သည်မှာ ထင်ရှားနေသည် မဟုတ်လော။

ဒုတိယအကြိမ် ဉာဏ်အလင်းရပြီးနောက်တွင် သခင်မာ၏ ခွန်အားသည် အရင်လို မဟုတ်တော့ဘဲ သီးခြား စံနှုန်းတစ်ခုသို့ ရောက်ရှိသွားခဲ့သည်။

ဝမ်လင်း တွေးတောနေသည့်အချိန်မှာပင် သခင်မာက လူသားအသွင်သို့ ပြောင်းလဲလိုက်သည်။

လူသား အသွင်သဏ္ဍာန်အားဖြင့် သခင်မာသည် ကျက်သရေရှိသော အဖြူရောင်ကို ၀တ်ဆင်ထားသည့် အဘိုးအို တစ်ဦး ဖြစ်သည်။

သူက စာပေ ပညာရှိ တစ်ပါးကဲ့သို့ ခန့်ညားလွန်းနေ၏။

သူ့အသွင်က လူတကာ အညစ်အကြေးစွန့်ထုတ်ရာ အိမ်သာနှင့် လုံးလုံးလျားလျား မသက်ဆိုင်တော့ပေ။

အကယ်၍ သင့်မိသားစု၏ အိမ်သာက လူပုံစံဖြစ်လာလျှင် ၎င်းသည် မည်သို့သောပုံစံ ဖြစ်လာမည်ဟု သင်ထင်သနည်း။

အိမ်သာများ ခေတ်စားလာချိန်မှစ၍ ၎င်းပေါ်တွင် ထိုင်ရင်း စိတ်ကူးစိတ်သန်းများ ကွန့်မြူးခဲ့သည် ပညာရှင် များစွာရှိခဲ့သည်။

ပညာရှင်များစွာက ၎င်းတို့၏ သုတေသနလုပ်ငန်းများကို ပြီးမြောက်အောင် ဆက်လက် လုပ်ဆောင်ကာ လူ့ယဉ်ကျေးမှုနှင့် သိပ္ပံဆိုင်ရာ သုတေသနလုပ်ငန်းများတွင် အရှိန်အဟုန်မြှင့် ခဲ့ကြသည်။

ဆိုရလျှင် အိမ်သာသည် လူသားများကို ခေတ်မီ တိုးတက်မှုဆီသို့ တက်လှမ်းစေခဲ့သည့် လှေကားထစ်တစ်ခု ဖြစ်သည်။

ညသန်းခေါင်ယံတွင် လူငယ် ဘယ်နှစ်ယောက်သည် သူတို့၏ သုတ်ရည်များကို တစ်ရှူးဖြင့် ထုပ်ပြီး အိမ်သာထဲကို ပစ်ချခဲ့ပါသနည်း။

ဆိုရလျှင် အိမ်သာသည် လူသားမျိုးပွားခြင်းဆိုင်ရာ အကျိုးပြုမှု တစ်ခုလည်း ဖြစ်သည်။

လူသားများ၏ တိုးတက်မှုအတွက် "လှေကားထစ်" နှင့် "မျိုးပွားခြင်း"တို့ကို အကျိုးပြုသည့် အနေဖြင့် သခင်မာ ပေါ်ထွန်းလာမှုသည် အဆုံးအဖြတ်ပေးသည့် အခန်းကဏ္ဍမှ ပါဝင်သည်ဟု ဆိုနိုင်၏။

ဝမ်လင်းက ထိုအကြောင်းကို တွေးမိတိုင်း စိတ်လှုပ်ရှားနေမိသည်။

သို့သော် ကူရွှင်းကျစ်ကမူ ထိုသို့ နားမလည်နိုင်မှန်း ထင်ရှားနေ၏။

"အိမ်သာကို ဆင့်ခေါ်ပြီး ငါ့ကိုအရှက်ခွဲချင်တယ်ပေါ့.. ငါ့ကို အထင်သေးတဲ့အတွက် မင်း ပြန်ပေးဆပ်ရမယ်"

ကူရွှင်းကျစ်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်သည်။

သူက မျက်မှောင်ကြုတ်လိုက်ပြီး စကြာဝဠာ နတ်သစ်ပင်ကို လျင်မြန်စွာ ထိန်းချုပ်ကာ ပန်းပွင့်ကဲ့သို့ လက်ဟန်တံဆိပ်ကို ပြုလုပ်၍ “သစ်ပင်ကမ္ဘာ ကျဆင်းခြင်း” ဟူသော စကားသုံးခွန်းကို ရွတ်ဆိုလိုက်သည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်တာအို နယ်မြေကို လွှမ်းခြုံထားသည့် အကိုင်းအခက်များသည် တညီတညွတ်တည်းပင် ရုတ်တရက် ရွေ့လျားသွားကြ၏။

၎င်းတို့က မြေပြင်မှ တက်လာသော မြေနဂါးများကဲ့သို့ ဝမ်လင်းနှင့် သခင်မာ ဆီသို့ ဦးတည်၍ စတင် ဖြန့်ကျက်လာကြသည်။

"သတိထားပါ သခင်လေး"

သူ့သခင်ကို သတိပေးရင်း သခင်မာက လက်ဟန်တံဆိပ်တစ်ခုကို အလျင်အမြန် လုပ်လိုက်သည်။

"ရှေးဦးကမ္ဘာရဲ့ ရေစည်နည်းပညာ ခွဲထုတ်ခြင်း"

ယင်းက အိမ်သာရေကန်ကို အသွင်ပြောင်းစေသည့် မှော်စွမ်းရည် ဖြစ်သည်။

သခင်မာက ဝမ်လင်းကို ဘေးကင်းလုံခြုံစွာ ဖုံးအုပ်ထားသည့် ငွေဖြူရောင် ကုဗတုံး ပုံစံလေးအဖြစ် ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့သည်။

ထိုမြင်ကွင်းကြောင့် ကောင်းကင်တာအို အကြီးအကဲ ၆ပါးက ဓားဖြင့် ထိုးခံရသကဲ့သို့ ခံစားခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် သူတို့က နောက်ဆုံးတွင် ပြဿနာတစ်ရပ်ကို ခံစားလိုက်ရ၍ ဖြစ်၏။

ယင်းမှာ အိမ်သာက သူတို့ထက်တောင် ပိုမို ခိုင်ခံ့နေသောအချက် ဖြစ်သည်။

[လခွမ်း.. အိမ်သာ မွန်းစတားဟ]

သခင်မာက တိုက်ပွဲဝင်နေစဥ်အတွင်း တုန်လှုပ်ချောက်ခြားသည့် အမူအရာမျိုး မရှိပေ။

သူက ဉာဏ်အလင်းရရှိပြီးနောက် ရရှိလာသော ခွန်အားဖြင့် တည်ငြိမ်စွာ တိုက်ပွဲဝင်ခဲ့သည်။

စကြဝဠာ နတ်သစ်ပင်၏ ရွှေအကိုင်းအခက်များက သူ့ကိုဖမ်းချင်လျှင်ပင် လွယ်ကူမည် မဟုတ်ပေ။

ထိုအချိန်မှသာ ကူရွှင်းကျစ်က သခင်မာ မည်မျှ သန်မာကြောင်း သတိပြုမိခဲ့သည်။

စကြဝဠာနတ်သစ်ပင်၏ ရွှေအကိုင်းအခက်များသည် သခင်မာကို တစ်လက်မမျှပင် မခြိမ်းခြောက်နိုင်ခဲ့ပေ။

သခင်မာ၏ခန္ဓာကိုယ်က လူတိုင်းရှေ့တွင် ထင်ရှားစွာ ရှိသော်လည်း ရွှေရောင် အကိုင်းအခက်များသည် သူ့ကို လုံးဝ ဆုပ်ကိုင်ထားနိုင်ခြင်း မရှိခဲ့ချေ။

“အာကာပြင် စွမ်းအား…”

ကူရွှင်းကျစ် သဘောပေါက်သွားခဲ့သည်။

ဤသခင်မာက အာကာပြင် တာအိုကို ကျွမ်းကျင်ပြီး ခြိမ်းခြောက်ခံနေရချိန်တွင် သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်း သို့မဟုတ် အားလုံးကို အာကာပြင် အလွှာသို့ ပို့လွှတ်ထားပုံရ၏။

ကူရွှင်းကျစ် ပြုံးလိုက်မိသည်။

ဤသည်က တကယ်ကို အစွမ်းထက်သည့် စွမ်းရည်တစ်ခုပင်။

သို့သော် ကူရွှင်းကျစ်၏ မျက်လုံးထဲတွင်မူ ဤအာကာပြင်အလွှာ နည်းစနစ်သည် ဘာမှထူးခြားမှုမရှိပေ။

သူ၏ အမိန့်ပေးချိန်းကြိုးဆိုလျှင် စကြာဝဠာသုံးပါးကိုပင် ဖြတ်ကျော်သွားနိုင်သည် မဟုတ်ပါလော။

အာကာပြင်အလွှာ မှော်စွမ်းရည်လောက်က သူ့အတွက် ဘာမှမဟုတ်ချေ။

ထို့ကြောင့် ကူရွှင်းကျစ်က တန်ပြန် တိုက်ခိုက်မှုတစ်ခုပြုလုပ်ရန် အမြန်စဉ်းစားလိုက်သည်။

သူက အမိန့်ပေးချိန်းကြိုးကို တစ်ဖန် ပြန်လည် ဆင့်ခေါ်လိုက်ပြီး သခင်မာ၏ အာကာပြင်အလွှာများကို ထိုးဖောက်စေလိုက်ရာ သခင်မာ၏ အာကာပြင် အလွှာများက ပြိုကွဲသွားခဲ့သည်။

နောက်ထပ် အခိုက်အတန့်တွင် ရွှေရောင် အကိုင်းအခက်များသည် သခင်မာ၏ ပခုံးများကို တင်းတင်းကျပ်ကျပ် ချည်နှောင်သွားခဲ့သည်။

"မကောင်းတော့ဘူး"

"ငါ့ ရှုံးနိမ့်သွားတော့မှာလား.. မဟုတ်ဘူး ငါအရှုံးမပေးဘူး"

တကယ်တမ်းတွင် သူအသုံးမပြုရသေးသော နောက်ဆုံး ဝှက်ဖဲတစ်ခု ရှိပါသေးသည်။

ရှုံးရင်တောင် အစွမ်းကုန် ပြန်တိုက်ရပေမည်။

အစွမ်းကုန် မထုတ်သုံးဘဲ ရှုံးနိမ့်ခဲ့လျှင် ခံစားရခက်မည် မဟုတ်ပါလော။

ထို့ကြောင့် သခင်မာက အသက်ကို ခပ်ပြင်းပြင်းရှူကာ ပါးစပ်ကို ခပ်ကျယ်ကျယ်ဖွင့်လိုက်သည်။

ထိုအခိုက်အတန့်တွင် သူ့ထံမှ အဆုံးမဲ့ ဆွဲငင်အားရှိသည့် လေဝဲ မုန်တိုင်းတစ်ခု ထွက်ပေါ်လာ၏။

သူက အာကာပြင်အလွှာ ထဲတွင် အားကောင်းသောလေဝဲ တစ်ခု ဖန်တီးလိုက်ခြင်း ဖြစ်သည်။

ထိုမုန်တိုင်းကနေ အိမ်သာရေဆွဲချသည့် အော်သံမျိုး ထွက်ပေါ်နေခဲ့၏။

သခင်မာ၏ အဆုံးစွန်သော လှုပ်ရှားမှုက စုပ်ယူခြင်း မှော်စွမ်းရည် ဖြစ်ကြောင်း ကူရွှင်းကျစ် နားလည်ခဲ့သည်။

မူလက သခင်မာသည် ဤစွမ်းရည်ကို မထုတ်သုံးချင်ခဲ့ပေ။

အကြောင်းရင်းမှာ ထိုစွမ်းရည်ကို ထုတ်သုံးသည့်အခါတွင် ထွက်ပေါ်လာသော အနံ့အသက်ဆိုးများကြောင့် ဖြစ်သည်။

“နုံအလိုက်တာ”

ကူရွှင်းကျစ်က ရယ်မောလိုက်သည်။

"ဒီလိုမှော်စွမ်းရည်လောက်နဲ့ စကြဝဠာနတ်သစ်ပင်ကို ယှဥ်ချင်တာလား.. စကြဝဠာနတ်သစ်ပင်က စကြဝဠာ အလယ်ဗဟိုမှာတောင် နှစ်ထောင်ပေါင်းများစွာကြာအောင် ရပ်တည်နိုင်ခဲ့တဲ့အရာပဲ.. အဲဒီနေရာက စုပ်ယူခြင်း မှော်စွမ်းရည် အမျိုးမျိုးကို စကြဝဠာနတ်သစ်ပင်က ရင်ဆိုင်ခဲ့ဖူးတယ်"

ကူရွှင်းကျစ်၏ စကားဆုံးသည်နှင့် တစ်ချိန်တည်းမှာပင် စကြဝဠာနတ်သစ်ပင်သည် သူနှင့် ရင်းနှီးနေသည့် ရနံ့တစ်ခုကို ရလိုက်ပြီး သူ၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်သည်။

ထိုရနံ့က သူ့ကို ရုတ်တရက် ဆာလောင်လာစေခဲ့သည်။

နောက်ထပ် တစ်စက္ကန့်တွင် စကြဝဠာ နတ်သစ်ပင်၏ အကိုင်းအခက်များသည် သခင်မာ၏ ပါးစပ်ထဲသို့ ဝင်ရောက်ရန် ရွေ့လျားသွားခဲ့သည်။

…..............

အနိုင်ရသူ- ဝမ်လင်း

အပိုင်း(၈၇၀) ပြီး၏

All Chapters