← Chapters

နတ်ဘုရားများ ထွက်ပေါ်လာခြင်း

Vol. 86 Ch. 1311

နတ်ဘုရားများ ထွက်ပေါ်လာခြင်း

Vol. 86 Ch. 1311

ကောင်းကင်ပေါ်တွင် နတ်ဘုရားမျက်နှာပျက်ကြီး၏ မျက်လုံးသည် ဖြည်းညင်းစွာ မှိတ်သွားသည်။

ယဇ်ပူဇော်မှုကို ဆောင်ရွက်ပြီးနောက် နတ်ဘုရားနယ်မြေ၏ အဆင့်အတန်းသည် ဤနေရာမှာ ရပ်တန့်မသွားပေ။ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းက ပေါက်ကွဲသံများနှင့်အတူ ဆက်လက် မြင့်တတ်သွားနေဆဲပင်။

သို့သော်လည်း တစ်ချိန်တည်းမှာ နတ်ဘုရားနယ်မြေက မြင့်တတ်သွားနေသလို ပျောက်ကွယ်သွားနေသည်။ ဤသည်မှာ ၎င်းက သဏ္ဍာန်မဲ့မီးတောက်ဖြင့် လောင်ကျွမ်းခံနေရသည့်အလားပင်။

ယင်းက နတ်ဘုရားနယ်မြေထဲမှ မသန့်စင်မှုအားလုံးကို လုံးဝ လောင်ကျွမ်းပစ်ချင်နေပုံပေါ်သည်။

ရှင်းလင်းစွာပင် နတ်ဘုရားနယ်မြေမှ နတ်ဘုရားကမ္ဘာသို့ အဆင့်တတ်လှမ်းခြင်းသည် ရိုးရှင်းသော ကိစ္စမဟုတ်ပေ။ နတ်ဘုရားမျက်နှာပျက်ကြီး၏ စွမ်းအားက အနှိုင်းမဲ့သော်လည်း နတ်ဘုရားနယ်မြေက ယင်းကို တောင့်ခံနိုင်ခြင်း မတောင့်ခံနိုင်ခြင်းသည် နောက်ထပ်ကိစ္စတစ်ခု ဖြစ်သည်။

ဤနတ်ဘုရားနယ်မြေသည်တော့ နတ်ဘုရားသုံးပါးက နှစ်ထောင်ပေါင်းများစွာကြာအောင် ကြိုပြင်ဆင်ထားခဲ့သော်လည်း ၎င်းက အပြည့်အဝ အဆင့်တတ်လှမ်းရန် မလုံလောက်သေးပုံပေါ်သည်။

အတိတ်တုန်းက အနီရောင်လဂြိုလ်၏ အဖြစ်အပျက်တွင် အနီရောင်လဂြိုလ်သည် ဝမ်ကူးကုန်းမြေ၏ လစန္ဒာ(၃၆)ခုထဲမှ တစ်ခုဖြစ်သည်။ ၎င်းက ဝမ်ကူးကုန်းမြေ၏ အခွင့်အာဏာကို ပိုင်ဆိုင်ထားသလို နီလာနတ်သမီးသည်လည်း ကပ်ဘေးမီးတောက်၏ အထွတ်အထိပ်မှာ ရှိသည်။ ၎င်းက ပြစ်ချက်မဲ့အဆင့်သို့ရောက်ရန် ခြေလှမ်းဝက်မျှသာ လိုတော့ခြင်း ဖြစ်သည်။

ထို့ပြင် လီဇီဟွားသည် ရှေးခေတ်ကာလကတည်းက အစီအစဉ်ဆွဲထားခဲ့သည်။

အရေးကြီးဆုံးမှာ နီလာနတ်သမီး၏ သရုပ်ဖြစ်သည်။

၎င်းက ရှေးဘုရင်ရွှမ်ယုံထွက်သွားပြီးနောက် ပထမဆုံး နတ်ဘုရားဖြစ်လာခဲ့သူ ဖြစ်သည်။ ၎င်း၏ အဆင့်တတ်မှုက နတ်ဘုရားမျက်နှာပျက်ကြီးကို ဝမ်ကူးကုန်းမြေဆီသို့ ဖိတ်ခေါ်ခဲ့သည်။ သို့ဖြစ်၍ နီလာနတ်သမီးနှင့် နတ်ဘုရားမျက်နှာပျက်ကြီးကြားမှ ကမ္မသည် လွန်စွာနက်ရှိုင်းသည်။ နီလာနတ်သမီးသည် ၎င်း၏ ခြေလှမ်းဝက်ပြစ်ချက်မဲ့အဆင့်ကြောင့် နတ်ဘုရားအများအပြားကို ဝါးမျိုနိုင်ခဲ့ပြီး လူသားများနှင့် နတ်ဘုရားများကို တုန်လှုပ်ချောက်ချားစေခဲ့သည်။

သို့ဖြစ်၍ နီလာနတ်သမီး၏ ကပ်ဘေးဒုက္ခက လီဇီဟွားအတွက် ကောင်းချီးမင်္ဂလာဖြစ်လာသည်။

အထက်ပါအချက်များက အနီရောင်လဂြိုလ်ကို နတ်ဘုရားကမ္ဘာအဖြစ် အောင်မြင်စွာ အဆင့်တတ်လှမ်းနိုင်စေခဲ့ပြီး လီဇီဟွားကို အခွင့်အရေးတစ်ခု ပေးခဲ့သည်။

သို့သော်လည်း နတ်ဘုရားသုံးပါးသည် ခြားနားသည်။

ထို့ကြောင့် နတ်ဘုရားမျက်နှာပျက်ကြီးက ဖြည်းညင်းစွာ မျက်လုံးမှိတ်လိုက်သည်နှင့် တားဆီးမှုက ရုတ်တရက် ဆင်းသက်လာသည်။

ဝမ်ကူးကုန်းမြေထဲ၊ တောင်ရိုးကိုးခုဒေသကြီးထဲ၌ ထိုဒေသကြီး၏ နယ်မြေ(၃၀)ရာခိုင်နှုန်းခန့်ကို အလွန်ကျယ်ပြောသော ဧရာမရွှံ့ဗွက်အိုင်တစ်ခုက သိမ်းပိုက်ထားသည်။ ယခု ရွှံ့ဗွက်အိုင်ထဲမှာ ရွှေရောင်မျက်လုံးတစ်လုံးက ရုတ်တရက် ပွင့်သွားပြီး ကောင်းကင်ဘုံမျက်လုံးအဖြစ် အသွင်ပြောင်းလဲသွားကာ နတ်ဘုရားနယ်မြေကို စိုက်ကြည့်လိုက်သည်။

ရှေးသူတော်ဒေသကြီးထဲတွင် အရွယ်အစား အလွန်ကြီးမားသော တောင်တစ်လုံး ရှိသည်။ ထိုဒေသကြီးထဲမှ မျိုးနွယ်စုအားလုံးသည် ထိုတောင်ကို ကိုးကွယ်ပူဇော်ကြသည်။ ဤအခိုက်အတန့်မှာ ဧရာမတောင်သည် အနက်ရောင်မှ ရွှေရောင်သို့ ပြောင်းလဲသွားပြီး ဧရာမရွှေရောင်ဦးချိုသဖွယ် အပေါ်သို့ မြှောက်တတ်သွားသည်။

အဆုံးမဲ့ဟာမိုနီဒေသကြီးထဲတွင် အလွန်ကျယ်ပြောသော ပင်လယ်တစ်စင်း ရှိသည်။ ပင်လယ်ပေါ်မှာ လှိုင်းတဝုန်းဝုန်း ထွက်ပေါ်လာသည့်အခါ နတ်ဘုရားရုပ်တုတစ်ခုသည် ပင်လယ်၏ အောက်ခြေမှ အပေါ်သို့ မြှောက်တတ်လာသည်။ ထိုရုပ်တုသည် ဦးခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ရှိသည်။ ဦးခေါင်းသုံးလုံးသည် သားရဲဦးခေါင်း၊ တစ္ဆေဦးခေါင်းနှင့် နတ်ဘုရားဦးခေါင်း ဖြစ်သည်။

လက်ခြောက်ဖက်သည် သေခြင်းရှင်ခြင်းစက်ဝန်းကို ထိန်းချုပ်ထားသည်။ နတ်ဘုရားရုပ်တုထွက်ပေါ်လာသည့်အခိုက် ကျယ်ပြောသော ပင်လယ်သည် တစ်နေရာတည်းမှာ စုဝေးသွားပြီး ၎င်းအတွက် နတ်ဘုရားခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ၎င်းက ဟင်းလင်းပြင်ထဲသို့ ခြေချလိုက်သည်။

…..

ထိုသို့အပြောင်းအလဲများသည် ဝမ်ကူးကုန်းမြေ၏ ဧရိယာအများအပြားမှာ တစ်ပြိုင်နက် ဖြစ်ပေါ်လာကြသည်။

ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားစိတ်အာရုံအမျှင်တန်းများသည် အရပ်မျက်နှာအဘက်ဘက်မှ ပေါ်လျှိုးလာကြပြီး ဝမ်ကူးကုန်းမြေ၏ ကောင်းကင်နှင့် မြေပြင်ကို အရောင်ပြောင်းသွားစေသည်။ ထိုနတ်ဘုရားစိတ်အာရုံများသည် နတ်ဘုရားနယ်မြေဆီသို့ ချဉ်းကပ်သွားကြပြီး ၎င်းတို့၏ နတ်ဘုရားစွမ်းအားကို ထုတ်လွှတ်လိုက်ကြသည်။

ချက်ချင်းဆိုသလို နတ်ဘုရားနယ်မြေတည်ရှိသော ကောင်းကင်သည် စတင်ဝေဝါးလာပြီး မြေပြင်သည် ပုံပျက်တွန့်လိမ်လာသည်။ အချိန်စီးဆင်းမှုသည် ပေါက်ကွဲထွက်သွားသည်။ ထို့နောက် ပြင်းထန်သော အလိုရမ္မက်ဆန္ဒက ပေါ်လျှိုးလာသည်။ ၎င်းတို့က နတ်ဘုရားသုံးပါးကို တားဆီးချင်ပြီး ၎င်းတို့၏ အကျိုးအမြတ်များကို လုယက်ချင်သည်။

ဤအခိုက်အတန့်မှာ မရေမတွက်နိုင်သော မျိုးနွယ်စုများက တုန်လှုပ်သွားကြသည်။ သက်ရှိအများစုသည် မကြာခင် ကျဆင်းလာတော့မည့် အန္တရာယ်ကပ်ဘေးကို အာရုံခံမိသွားကြပြီး နှလုံးတုန်သွားကြသည်။

သို့သော်လည်း နတ်ဘုရားသုံးပါးသည် ဤကိစ္စကို နှစ်ထောင်သောင်းချီကြာအောင် ကြိုပြင်ဆင်ထားခဲ့ခြင်း မဟုတ်ပါလော။ သို့ဖြစ်၍ ၎င်းတို့၏ အနန္တအသိဉာဏ်နှင့်အတူ မည်သို့ကြောင့် ထိုအတွက် ကြိုမပြင်ဆင်ထားဘဲ နေမည်နည်း။ ထို့ကြောင့် နတ်ဘုရားစိတ်အာရုံအမျှင်တန်းများက ထွက်ပေါ်လာပြီး တိုက်ခိုက်လာသည်နှင့်ချက်ချင်း အဆင့်တတ်နေကြသော နတ်ဘုရားသုံးပါးသည် ၎င်းတို့၏ နတ်ဘုရားမျက်စိကို တစ်ပြိုင်နက် ဖွင့်လိုက်ကြသည်။

နောက်အခိုက်အတန့်မှာ ကြီးမားသော စည်းချအစီအရင်တစ်ခုသည် နတ်ဘုရားသုံးပါး၏ ခန္ဓာကိုယ်များပေါ်မှာ တိုက်ရိုက် ထွန်းလင်းတောက်ပလာသည်။ လျှပ်တစ်ပြက်အတွင်းမှာ စည်းချအစီအရင်သည် ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားပြီး ငါးရောင်ခြယ်အလင်းကို ထုတ်လွှတ်လိုက်သည်။ မရေမတွက်နိုင်သော မှော်သင်္ကေတများသည် စည်းချအစီအရင်အတွင်းမှာ ဒြပ်ထည်ဖြစ်ပေါ်လာကြသည်။

ထိုမှော်သင်္ကေတအားလုံးသည် ရှေးဟောင်းအငွေ့အသက်ကို သယ်ဆောင်ထားကြသည်။ ဤသည်မှာ ထိုစည်းချအစီအရင်က ရှေးခေတ်ကာလမှ ဆင်းသက်လာသည့်အလားပင်။

ရှေးခေတ်ကာလတွင် ထိုစည်းချအစီအရင်ကို နတ်ဘုရားသတ်ဖြတ်ခြင်းအစီအရင်ဟု လူသိကြသည်။

အတိတ်တွင် ဂမ္ဘီရမှော်ဝင်မျိုးနွယ်၏ ဘိုးဘေးမှော်သခင်ကြီးသည် သူ၏ ခန္ဓာကိုယ်ကို စတေး၍ ဤစည်းချအစီအရင်ကို ကာကွယ်ပေးခဲ့သည်။

ထို့နောက် ကျူးလီသည် စည်းချအစီအရင်ကို သန့်စင်ပြီး ထပ်မံ အစွမ်းမြှင့်တင်ပေးခဲ့သည်။

နောက်ပိုင်းမှာ နတ်ဘုရားသုံးပါးက ထိုစည်းချအစီအရင်ကို ရရှိသွားခဲ့သည်။ ၎င်းတို့က စည်းချအစီအရင်ကို နှစ်ထောင်သောင်းချီကြာအောင် သန့်စင်ခဲ့သည်။ ၎င်းတို့က ဤစည်းချအစီအရင်ကို အသုံးပြု၍ ရှေးဟောင်းကောင်းကင်ဘုံတာအိုကို ချုပ်နှောင်ထားနိုင်ခဲ့သည်။ ရှေးဟောင်းကောင်းကင်ဘုံတာအိုကို ယဇ်ပူဇော်ခြင်းသည် နတ်ဘုရားမျက်နှာပျက်ကြီး မျက်လုံးဖွင့်လှစ်စေရန်အတွက်သာ မဟုတ်ပေ။ ၎င်းတို့က ရှေးဟောင်းကောင်းကင်ဘုံတာအို၏ သွေးဖြင့် ဤစည်းချအစီအရင်၏ အစွမ်းကို မြှင့်တင်ချင်သည်။

ထိုသို့လုပ်ဆောင်ရသည့် ရည်ရွယ်ချက်သည် ဤအတွက်ကြောင့် ဖြစ်သည်။

ဤအခိုက်အတန့်မှာ နတ်ဘုရားသတ်ဖြတ်ခြင်းအစီအရင်သည် အသက်ဝင်လာပြီး ပြင်ပမှ ကျူးကျော်လာနေကြသော နတ်ဘုရားများကို ချက်ချင်း တားဆီးပိတ်ဆို့လိုက်သည်။

သို့သော်လည်း ဤစည်းချအစီအရင်က အကြိမ်ပေါင်းများစွာ သန့်စင်ခံထားရပြီး အလွန်အစွမ်းထက်သော်လည်း နတ်ဘုရားအများအပြား၏ ကျူးကျော်ဝင်ရောက်မှုဖြင့် ရင်ဆိုင်ရသည့်အခါ အချိန်အကြာကြီး မတောင့်ခံပေးနိုင်ပေ။

သို့သော်လည်း နတ်ဘုရားသုံးပါး၏ ပြင်ဆင်မှုများသည် ဤစည်းချအစီအရင်တစ်ခုတည်း မဟုတ်ပေ။

အချိန်တစ်ခဏမျှ ကာကွယ်ပေးနိုင်ခြင်းသည် နတ်ဘုရားသုံးပါးအတွက် လုံလောက်ပေသည်။

သို့ဖြစ်၍ နတ်ဘုရားစည်းချအစီအရင်က အသက်ဝင်လာသည်နှင့်ချက်ချင်း နတ်ဘုရားသုံးပါးသည် ၎င်းတို့၏ နတ်ဘုရားအစွမ်းကို တစ်ပြိုင်နက် ထုတ်လွှတ်လိုက်ကြသည်။ နေတစ်စင်း၊ လတစ်စင်းနှင့် ကြယ်တစ်စင်းသည် နတ်ဘုရားသုံးပါး၏ ဦးခေါင်းထက်မှာ ထွက်ပေါ်လာကြပြီး အလွန်ကျယ်ပြောသော အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် ၎င်းတို့က တစ်ခုပေါ်တစ်ခုထပ်၍ အချင်းချင်း ယှက်ထွေသွားကြသည်။

၎င်းတို့က ဧရာမစစ်ပုဆိန်တစ်လက်ကို ဖွဲ့စည်းသွားသည်။

ထိုစစ်ပုဆိန်သည် ပေတစ်သန်းရှည်လျားသည်။ တစ်စုံတစ်ယောက်က အနီးကပ် သေချာကြည့်မည်ဆိုလျှင် စစ်ပုဆိန်ထဲမှာ မတူညီသော သတ္ထုအမျိုးအစားတစ်သန်းကျော် ပါဝင်ကြောင်း မြင်နိုင်လိမ့်မည်။

ထို့ပြင် စစ်ပုဆိန်ထဲမှာ မရေမတွက်နိုင်သော ဝိညာဉ်များလည်း စုဝေးနေကြသည်။

လွန်ခဲ့သော နှစ်တစ်သောင်းအတွင်းမှာ နတ်ဘုရားသုံးပါး၏ လက်အောက်မှ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်သည် မရေမတွက်နိုင်သော မျိုးနွယ်စုများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ၎င်းတို့ထံမှ ရတနာအားလုံးကို လုယက်ခဲ့သည်။

ထို့ပြင် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်တစ်ခုလုံး၏ ကမ္မနှင့်အတူ ဤလက်နက် ဖြစ်တည်လာခဲ့သည်။

ထိုလက်နက်၏ အဆင့်သည် ဒေသစစ်လက်နက်ထက် ကျော်လွန်သွားသည်။ ၎င်းကို အင်မော်တယ်လက်နက်အဖြစ် သတ်မှတ်နိုင်သည်။

ထိုစစ်ပုဆိန်သည် တခြားမျိုးနွယ်စုများကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်ပြီး နတ်ဘုရားများကိုပင် အမြစ်ဖြတ်သုတ်သင်ပစ်နိုင်သည်။

၎င်းက နတ်ဘုရားသုံးပါး၏ အခြေခံအုတ်မြစ်ဖြစ်သည်။

ဤအခိုက်အတန့်မှာ အင်မော်တယ်စစ်ပုဆိန်က ဤလောကထဲမှာ ထွက်ပေါ်လာသည်။ ၎င်းထံမှ ထုတ်လွှတ်နေသော ဖိအားသည် ချဉ်းကပ်လာနေကြသော နတ်ဘုရားများကို နှလုံးတုန်သွားစေပြီး အန္တရာယ်ကို အာရုံခံမိသွားစေသည်။

နောက်အခိုက်အတန့်မှာ နတ်ဘုရားသုံးပါး၏ အတွေးတစ်ချက်နှင့်အတူ ကြောက်စရာကောင်းသော စစ်ပုဆိန်သည် ကောင်းကင်ပေါ်မှာ လွှဲယမ်းသွားသည်။ ၎င်းက ချဉ်းကပ်လာနေကြသော နတ်ဘုရားများကို လက်ဦးမှုယူကာ စတင်တိုက်ခိုက်လိုက်သည်။

စစ်ပုဆိန်ဖြတ်သန်းသွားသည့်နေရာတိုင်း အမြစ်ဖြတ်သုတ်သင်ခြင်းစွမ်းအားက ထွက်ပေါ်လာပြီး တစ်စုံတစ်ယောက်၏ ဝိညာဉ်ကို လှုပ်ခတ်သွားစေလိမ့်မည်။ ကျယ်လောင်သော ဝုန်းခနဲ မြည်သံသည် ဝမ်ကူးကုန်းမြေ၏ ထက်ဝက်နီးပါးကို လွှမ်းခြုံသွားသည်။

အဆင့်တတ်ခြင်းကို လာရောက်တားဆီးကြသော နတ်ဘုရားများသည် ချက်ချင်း အနောက်ဆုတ်သွားကြသည်။ ၎င်းတို့က မီးလျှံလဒေသကြီး၏ နယ်နိမိတ်အပြင်သို့ ရောက်ရှိသွားမှသာ ရပ်တန့်သွားကြသည်။

တစ်ချိန်တည်းမှာ နတ်ဘုရားသုံးပါးထံမှ အသံသည် ဝမ်ကူးကုန်းမြေတစ်လျှောက် ပဲ့တင်ထပ်သွားသည်။

“ ထွက်သွားကြစမ်း ”

ထိုစကားသံသည် အဆုံးမရှိသည့်အလား ဆက်တိုက် ပဲ့တင်ထပ်သွားသည်။

ဤနေရာသို့ ရောက်ရှိလာကြသော နတ်ဘုရားအားလုံးသည် လျှို့ဝှက်ဆန်းကြယ်ပြီး ၎င်းတို့၏ သက်ဆိုင်ရာဒေသကြီးများထဲမှာ အထွတ်အထိပ်တည်ရှိမှုများ ဖြစ်ကြသည်။ နောက်ဆုံးမှာတော့ ၎င်းတို့က စစ်ပုဆိန်ကို အဓိပ္ပာယ်ရှိစွာ ကြည့်လိုက်ကြပြီး ပြန်ပုန်းအောင်းသွားကြသည်။

နတ်ဘုရားသတ်ဖြတ်ခြင်းအစီအရင်က ၎င်းတို့ကို အချိန်တစ်ခဏမျှသာ တားဆီးနိုင်သော်လည်း ဤစစ်ပုဆိန်သည် အလွန်ကြောက်စရာကောင်းသည်။ ၎င်းတို့နှင့် နတ်ဘုရားသုံးပါးကြားမှာ ကြီးမားသော ကမ္မဆက်နွယ်မှု မရှိပေ။ သို့ဖြစ်၍ ၎င်းတို့က ကြီးမားသော တန်ဖိုးကို ပေးချေပြီး အဆင့်တတ်ခြင်းကို တားဆီးရန် ဆန္ဒမရှိကြပေ။

မည်သို့ဖြစ်ပါစေ ၎င်းတို့က နတ်ဘုရားသုံးပါးဖြင့် တိုက်ခိုက်နေစဉ် ကြားထဲမှ အမြတ်ဝင်ထုတ်သွားနိုင်သော တခြားတည်ရှိမှုများလည်း ဤနေရာမှာ ရှိနေနိုင်သည်။ ထို့ကြောင့် မည်သည့်လုပ်စရာမှ မရှိတော့သဖြင့် ၎င်းတို့က ပုန်းအောင်းလိုက်ကြသည်။

နတ်ဘုရားများက ပုန်းအောင်းသွားကြောင်း သတိထားမိသောအခါ နတ်ဘုရားသုံးပါးသည် အမူအရာကင်းမဲ့သွားကြသည်။ သို့သော်လည်း ၎င်းတို့က ပိုပြီးသတိထားလာကြသည်။

ယခု ၎င်းတို့က အဆင့်တတ်ခြင်း၏ အရေးကြီးအခိုက်အတန့်ကို ရောက်ရှိနေသည်။ အကယ်၍ ၎င်းတို့၏ အဆင့်တတ်မှုသာ နှောင့်ယှက်ခံရမည်ဆိုလျှင် ၎င်းတို့အတွက် ထိုသို့အခွင့်အရေးကို နောက်တစ်ကြိမ် ထပ်ရရန် မဖြစ်နိုင်လုနီးပါး ခက်ခဲသွားလိမ့်မည်။

သို့ဖြစ်၍ ၎င်းတို့က မည်သည့်အမှားအယွင်းမှ မပြုလုပ်နိုင်ပေ။

သို့သော်လည်း ရောက်ရှိလာမည့် သူများက မကြာခင် ရောက်ရှိလာလိမ့်မည်။ နတ်ဘုရားများက ပုန်းအောင်းသွားကြသော်လည်း နတ်ဘုရားသုံးပါးနှင့် ကမ္မဆက်နွယ်မှုရှိသော နတ်ဘုရားများသည်တော့ ထွက်ပေါ်လာကြဆဲပင်။

ဤအခိုက်အတန့်မှာ ဝမ်ကူးကုန်းမြေ၏ အစွန်အဖျားတွင် အမည်မဲ့ဒေသကြီးတစ်ခု ရှိသည်။ ငွေရောင်မြူခိုးသည် ဒေသကြီးကို တစ်နှစ်ပတ်လုံး လွှမ်းခြုံထားသည်။ ထိုနေရာမှာ ကုန်းမြေမရှိပေ။ ဧရာမရှေးဟောင်းကြေးမုံတစ်ချပ်သာ ရှိသည်။

ထိုကြေးမုံက ဤဒေသကြီး၏ ကုန်းမြေဖြစ်သည်ဟု ဆိုနိုင်ပေသည်။

ထိုဒေသကြီးထဲတွင် တောင်တန်းများမရှိသလို မည်သည့်မျိုးနွယ်စုမှလည်း မနေထိုင်ပေ။ ဤသည်မှာ အရာအားလုံးက ဖယ်ရှားခံထားရပြီး ကြေးမုံတစ်ခုတည်းသာ တည်ရှိနေပုံပေါ်သည်။

ကြေးမုံပေါ်တွင် ငွေရောင်လတစ်စင်းက ပုံရိပ်ပြန်နေသည်။ အကယ်၍ တစ်စုံတစ်ယောက်က ခေါင်းမော့ကြည့်မည်ဆိုလျှင် ကောင်းကင်ပေါ်မှာ မည်သည့်လစန္ဒာမှ မရှိကြောင်း အံ့အားသင့်ဖွယ်ကောင်းစွာ မြင်တွေ့ရလိမ့်မည်။ ယင်းအစား ရွှေရောင်နေတစ်စင်းသာ ရှိသည်။

ရွှေရောင်နေလုံးသည် ကောင်းကင်ပေါ်မှာရှိပြီး ငွေရောင်လသည် ကြေးမုံပေါ်မှာ ရှိသည်။

ဤအခိုက်အတန့်မှာ ရွှေရောင်နေလုံးနှင့် ငွေရောင်လသည် တဖြည်းဖြည်း ဝေဝါးလာပြီး ပျောက်ကွယ်သွားကြသည်။ နောက်အခိုက်အတန့်မှာ ၎င်းတို့က နတ်ဘုရားသုံးပါးရှိသော နတ်ဘုရားနယ်မြေ၏ အထက်မှာ တစ်ပြိုင်နက် ပြန်ပေါ်လာကြသည်။

ရွှေရောင်နေလုံးနှင့် ငွေရောင်လက ဆင်းသက်လာကြသည်။

“ ငါ့မှာ ကြားဝင်နှောင့်ယှက်ဖို့ ရည်ရွယ်ချက်မရှိဘူး… ဒါပေမဲ့ နတ်ဘုရားအစွမ်းအတွက် ယှဉ်ပြိုင်မှုက ရှောင်လွှဲလို့မရတဲ့ ကိစ္စပဲ ”

နက်ရှိုင်းသော နတ်ဘုရားအသံသည် ဤလောကထဲမှာ ပေါက်ကွဲသွားသည်။

နေနှင့်လ ဆင်းသက်လာသည်နှင့် ကြောက်စရာကောင်းသော နတ်ဘုရားအစွမ်းက ပေါ်လျှိုးလာသည်။

အက်ကွဲသံများနှင့်အတူ နတ်ဘုရားသတ်ဖြတ်ခြင်းအစီအရင်ပေါ်မှာ အက်ကွဲကြောင်းများက ချက်ချင်း ထွက်ပေါ်လာကြသည်။ ရွှေရောင်နေလုံးနှင့် ငွေရောင်လထံမှ နတ်ဘုရားအရှိန်အဝါသည် အစောနက နတ်ဘုရားများထက် အများကြီး သာလွန်သည်။

နတ်ဘုရားသုံးပါးသည် တည်ကြည်လေးနက်သွားကြသည်။ အတွေးတစ်ချက်နှင့်အတူ ကောင်းကင်ပေါ်မှ စစ်ပုဆိန်သည် ရုတ်တရက် ဆင်းသက်လာပြီး နေနှင့်လထံသို့ လွှဲယမ်းလိုက်သည်။

၎င်းတို့က အဆင့်တတ်ခြင်းကို မရပ်တန့်ခဲ့ကြပေ။ စစ်ပုဆိန်က နေနှင့်လဆီသို့ လွှဲယမ်းသွားသည်နှင့်တစ်ပြိုင်နက် နတ်ဘုရားသုံးပါး၏ မျက်လုံးထဲမှာ ဆုံးဖြတ်ချက်ပြတ်သားမှု ထွက်ပေါ်လာသည်။ ၎င်းတို့က နှစ်ထောင်သောင်းချီကြာ ကြိုပြင်ဆင်ထားခဲ့သည့်အပြင် ၎င်းတို့ဆီမှာ ဒေသစစ်လက်နက်အများအပြားလည်း ရှိသေးသည်။

၎င်းတို့ထဲမှ တချို့သည် ရှေးဘုရင်ရွှမ်ယုံခေတ်မှ ရတနာများဖြစ်ပြီး တချို့သည် ပေဖန်းအင်မော်တယ်လောကထဲမှ ရတနာများဖြစ်သည်။

ထိုဒေသစစ်လက်နက်များသည် နတ်ဘုရားသုံးပါး၏ ဒုတိယအခြေခံအုတ်မြစ်ဖြစ်သည်။

ဤအခိုက်အတန့်မှာ ၎င်းတို့က ဒေသစစ်လက်နက်များကို ထုတ်သုံးရန် စိတ်ဆုံးဖြတ်လိုက်ကြသည်။

ချက်ချင်းဆိုသလို ကောင်းကင်ပေါ်မှာ သက်တံ့အလင်းရောင်ဖြင့် ပြည့်နှက်သွားသည်။ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ လက်အောက်ခံမျိုးနွယ်စုအသီးသီးထံမှ ဒေသစစ်လက်နက်များသည် ကောင်းကင်ပေါ်မှာ ပြည့်နှက်သွားကြသည်။ စုစုပေါင်း ဒေသစစ်လက်နက်(၁၀၈)ခု ရှိသည်။

၎င်းတို့အားလုံးက လေထဲသို့ မြှောက်တတ်သွားကြပြီး ၎င်းတို့၏ စွမ်းအားကို တစ်ချိန်တည်းမှာ ထုတ်လွှတ်လိုက်ကြသည်။ ၎င်းတို့က ပေါက်ကွဲမသွားသော်လည်း ကြယ်များအဖြစ် အသွင်ပြောင်းလဲသွားကြသည်။

ထိုကြယ်များ၏ အရှေ့ဘက်တွင် ကြယ်တာရာမြေကြီးရှိပြီး ၎င်းတို့၏ ကျောဘက်ခြမ်းတွင် အော်ဟစ်ညည်းညူနေသော မျက်နှာများ ရှိသည်။

မျက်နှာများသည် တစ်ခုနှင့်တစ်ခု မတူညီကြပေ။ ၎င်းတို့သည် ဒေသစစ်လက်နက်များကို ပိုင်ဆိုင်ထားသော ထိုမျိုးနွယ်စုများ၏ ကမ္မစွမ်းအင်မှ ဖြစ်ပေါ်လာကြခြင်း ဖြစ်သည်။

ထိုမြင်ကွင်းသည် အင်ပါယာသင်္ချိုင်းထဲမှ ကြယ်တာရာကောင်းကင်နှင့် တစ်ပုံစံတည်း တူညီသည်။

ဤအခိုက်အတန့်မှာ ယင်းက အက်ကွဲနေသော နတ်ဘုရားသတ်ဖြတ်ခြင်းအစီအရင်နှင့် ကြောက်စရာကောင်းသော စစ်ပုဆိန်ဖြင့် ပေါင်းစပ်သွားသည်။

ယင်းတို့က ထွန်းလင်းတောက်ပလာသည်။

နတ်ဘုရားသတ်ဖြတ်ခြင်းအစီအရင်သည် ကြယ်အလင်းရောင်အဖြစ်သို့ ကွဲထွက်သွားပြီး စစ်ပုဆိန်သည် စကြာဝဠာတစ်ခုပမာ လွှဲယမ်းလိုက်သည်။ ကြယ်(၁၀၈)လုံးသည် ရောင်ဝါထွန်းလင်းတောက်ပလာကြသည်။

နောက်ဆုံးမှာတော့ ၎င်းတို့က ကြယ်တာရာကောင်းကင်အဖြစ် ပြောင်းလဲသွားပြီး ရွှေရောင်နေလုံးနှင့် ငွေရောင်လကို ဖုံးလွှမ်းသွားသည်။

ဤအခိုက်အတန့်မှာ နေနတ်ဘုရားနှင့် လနတ်ဘုရားသည် ၎င်းတို့၏ နတ်ဘုရားအရင်းအမြစ်များကို ကြယ်နတ်ဘုရား၏ ခန္ဓာကိုယ်ထဲမှာ စုဝေးလိုက်ပြီး ၎င်းတို့ နှစ်ထောင်သောင်းချီကြာ ပြင်ဆင်ထားခဲ့သော လျှို့ဝှက်အတတ်ပညာတစ်ခုကို အသက်သွင်းလိုက်ကြသည်။

အင်ပါယာကြယ်ကောင်းကင်…

၎င်းတို့က ကြယ်တာရာကောင်းကင်ကို အသုံးပြု၍ နေနှင့်လကို ယာယီချိပ်ပိတ်ချင်သည်။

ချက်ချင်းဆိုသလို ကြောက်မက်ဖွယ်ကောင်းသော ရွှေရောင်နေလုံးနှင့် ငွေရောင်လသည် အင်ပါယာကြယ်ကောင်းကင်နှင့်အတူ နတ်ဘုရားနယ်မြေမှ ပျောက်ကွယ်သွားကြသည်။

သို့သော်လည်း နတ်ဘုရားသုံးပါးက စိတ်မအေးနိုင်ခင်မှာ အေးစက်စက် အသံသည် ဟင်းလင်းပြင်ထဲမှ ပဲ့တင်ထပ်လာသည်။

“ ကျူးလင်နဲ့ ငါ့ကြားမှာ ကမ္မဆက်နွယ်မှု ရှိတယ်… ဒါကြောင့် ဒီတစ်ကြိမ်တော့ ငါဝင်ကူညီပေးမယ် ”

ထိုစကားသံ ထွက်ပေါ်လာသည်နှင့် ဝမ်ကူးကုန်းမြေ၏ အဆုံးမဲ့သော တားမြစ်ပင်လယ်ထဲမှ အမှောင်ချောက်နက်တစ်ခုထဲတွင် သွေးနီရောင်အလင်းတန်းက ပေါ်လျှိုးလာသည်။ ထိုအလင်းတန်းသည် အနီရောင်ဧရာမစက္ကူတစ်ရွက် ဖြစ်သည်။ ထိုဧရာမစက္ကူပေါ်တွင် မရေမတွက်နိုင်သော ဈာပနအဆောင်စာရွက်များ ရှိသည်။

ဤအခိုက်အတန့်မှာ ဈာပနအဆောင်စာရွက်များထဲမှ တစ်ရွက်သည် တားမြစ်ပင်လယ်၏ ရေမျက်နှာပြင်ပေါ်သို့ မြှောက်တတ်သွားသည်။ နောက်အခိုက်အတန့်မှာ ယင်းက နတ်ဘုရားနယ်မြေထဲမှာ ထွက်ပေါ်လာသည်။ အနီရောင်ဈာပနအဆောင်စာရွက်သည် ချိပ်တံဆိပ်တစ်ခုနှင့် ဆင်တူပြီး နတ်ဘုရားသုံးပါးဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။

ထိုအခါ နတ်ဘုရားသုံးပါးသည် အပြင်းအထန် နှလုံးတုန်သွားကြသည်။ နတ်ဘုရားဖြစ်လာနေသော ဂမ္ဘီရမှော်သခင်သည်လည်း နှလုံးတုန်သွားသည်။ ဝဲကတော့၏ အနက်ပိုင်းထဲမှ ရွှီချင်းနှင့် အားညိုသည်ပင် နှလုံးတုန်သွားကြသည်။

“ သူက အခုထိ အသက်ရှင်နေသေးတယ် ”

ခေါင်းဆောင်က အလန့်တကြား ပြောသည်။

“ အဲ့ဒါ ဘယ်သူလဲ ”

ရွှီချင်းသည် ပရမ်းပတာ နှလုံးတုန်သွားသည်။ ခေါင်းဆောင်က မည်သူ့ကို ပြောနေကြောင်း သူမသိသော်လည်း ထိုဈာပနအဆောင်စာရွက်တစ်ခုတည်းကပင် နီလာနတ်သမီးကဲ့သို့ ကြောက်စရာကောင်းကြောင်း သူအာရုံခံနိုင်သည်။

ခေါင်းဆောင်က ပြန်မပြောနိုင်ခင်မှာ ဝဲကတော့၏ အပြင်ဘက်မှ နတ်ဘုရားသုံးပါး၏ အမူအရာသည် ပျက်ယွင်းသွားကြသည်။

အမြဲတမ်း အေးဆေးတည်ငြိမ်သော နေနတ်ဘုရားသည်ပင် ဤအခိုက်အတန့်မှာ တည်ကြည်လေးနက်သွားသည်။

နောက်အခိုက်အတန့်မှာ နတ်ဘုရားမီးတောက်များသည် နတ်ဘုရားသုံးပါး၏ ခန္ဓာကိုယ်ထဲမှ အသီးသီးပေါ်လျှိုးလာကြသည်။ ၎င်းတို့က နတ်ဘုရားအရင်းအမြစ်များကို မီးထွန်းညှိလိုက်ကြသည်။

နတ်ဘုရားမီးတောက်များ၏ အရောင်သည် အနီရောင်၊ အပြာရောင်နှင့် အနက်ရောင်ဖြစ်သည်။

အရောင်သုံးရောင်သည် တစ်ချိန်တည်းမှာ ထွက်ပေါ်လာကြသည်။ အနီရောင်ဈာပနအဆောင်စာရွက်က ရောက်ရှိလာသည်နှင့်ချက်ချင်း မီးတောက်သုံးခုက အတူတကွ ပေါင်းစည်းသွားကြသည်။

နတ်ဘုရားသုံးပါးသည် ယခင်ဘဝမှ စွမ်းအင်ကို အသုံးပြုရန် ဤအခိုက်အတန့်မှာ တစ်ယောက်နှင့်တစ်ယောက် ယာယီပေါင်းစပ်လိုက်ကြသည်။

ချက်ချင်းဆိုသလို မီးတောက်များသည် ကောင်းကင်ပေါ်ထိ ပျံတတ်သွားပြီး ပြန်လည်မွေးဖွားခြင်းခံစားမှုကို ထုတ်လွှတ်လိုက်သည်။ ယင်းက အလွန်ကျယ်ပြောပြီး အံ့ဖွယ်ကောင်းသည်။

ယင်းက နတ်ဘုရားသုံးပါးကို လွှမ်းခြုံသွားသည်နှင့်ချက်ချင်း ကြီးကျယ်မြင့်မြတ်သော ခန္ဓာကိုယ်တစ်ခုက မီးတောက်များကြားထဲမှာ ထွက်ပေါ်လာနေကြောင်း မသဲမကွဲ မြင်နိုင်လိမ့်မည်။ ထိုပုဂ္ဂိုလ်က အချိန်မြစ်ထဲမှ ထွက်လျှောက်လာနေဟန် ရ၏။

All Chapters