စွန့်ပစ်ကုန်းမြေ
Vol. 86 Ch. 1317
ဆယ့်ငါးမိနစ်ကြာပြီးနောက်…
ရွှီချင်းနှင့် ခေါင်းဆောင်၏ ပုံရိပ်များသည် တည်နေရာပြောင်းရွှေ့ခြင်းစွမ်းအားကြောင့် ပူပြင်းနေသော မြေပြင်ပေါ်မှာ ဝေးသထက် ဝေးရာသို့ ရွေ့လျားနေကြသည်။
အဆုံးမှာတော့ နတ်ဘုရားသုံးပါးက သူတို့၏ ထွက်သွားမှုကို စိတ်ထဲမှ ခွင့်ပြုလိုက်ကြသည်။
နတ်ဘုရားမျက်နှာပျက်ကြီး၏ အသွေးအသားသည်တော့ ယင်းက ပြိုင်ဘက်ကင်းသော အထွတ်အမြတ်ရတနာဖြစ်ပြီး ၎င်းတို့အတွက် လွန်စွာအသုံးဝင်သော်လည်း ရွှီချင်းသုံးသပ်ခဲ့သည့်အတိုင်း ထိုထဲမှာ ကြီးမားသော ကမ္မဆက်နွယ်မှု ကိန်းအောင်းနေသည်။
ထိုကမ္မသည် မဟာကပ်ဘေးဖြစ်သည်။
၎င်းတို့က ပြစ်ချက်မဲ့အဆင့်ကို ရောက်ရှိသွားကြပြီး အနာဂတ်မှာ နတ်ဘုရားယဇ်ပလ္လင်အဆင့်သို့ တတ်လှမ်းရန် အခွင့်အရေးရှိနေမှတော့ ထိုသို့ကမ္မဖြင့် သက်ရောက်ခံရမည်ကို မလိုချင်ကြပေ။
မည်သို့ဖြစ်ပါစေ ၎င်းတို့က နတ်ဘုရားများဖြစ်သည်။
နတ်ဘုရားမျက်နှာပျက်ကြီးအတွက် ဝမ်ကူးကုန်းမြေမှ သက်ရှိအားလုံးက အစာဖြစ်သည်။
သို့သော်လည်း ၎င်းတို့ကတော့ နတ်ဘုရားမျက်နှာပျက်ကြီး၏ ဝါးမျိုခံရလိမ့်မည် မဟုတ်ချေ။
နောက်ဆုံးကမ္မဆက်နွယ်မှုကို ပေဖန်းအင်မော်တယ်အင်ပါယာက ဖြတ်တောက်သွားသောကြောင့် ၎င်းတို့သည် ယခုအချိန်မှစ၍ အစစ်အမှန် နတ်ဘုရားမျိုးနွယ်ဝင်များ ဖြစ်သွားကြသည်။
အကယ်၍ ဝမ်ကူးကုန်းမြေက ပျောက်ကွယ်သွားမည်ဆိုလျှင်ပင် ၎င်းတို့က နတ်ဘုရားမျက်နှာပျက်ကြီးနောက်သို့ လိုက်ပါသွားကြပြီး ၎င်း၏ အမှုထမ်းများ ဖြစ်လာကြလိမ့်မည်။
မှန်ပေသည်။ ၎င်းတို့မှာ တခြားရွေးချယ်စရာ ရှိသေးသည်။ ဥပမာ ၎င်းတို့က ရွှီချင်းနှင့် အားညိုကို သတ်ပစ်ပြီး ဘုရင်သခင်ထံသို့ ပြန်လည်ယဇ်ပူဇော်နိုင်သည်။
သို့ဖြစ်၍ ရွှီချင်းနှင့် အားညို၏ ပုံရိပ်များက အဝေးရောက်သွားသော်လည်း နေနတ်ဘုရား၏ မျက်လုံးက အေးစက်နေဆဲပင်။
သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် ၎င်း၏ မျက်လုံးထဲမှာ အားကောင်းစွာ ထွက်ပေါ်နေသည်။
“ အဲ့ဒီနွားရူးကို မင်းတို့ ဘယ်လိုမြင်လဲ ”
နေနတ်ဘုရားက တည်ငြိမ်စွာ ပြောသည်။ ၎င်း၏ အကြည့်က ကြယ်နတ်ဘုရားကို ဖြတ်သန်းသွားပြီး နောက်ဆုံးမှာတော့ လနတ်ဘုရားပေါ်သို့ ကျရောက်သွားသည်။
လနတ်ဘုရားသည် နှုတ်ဆိတ်နေပြီး အဝေးသို့ ငေးကြည့်နေဆဲပင်။ ၎င်းက မည်သည့်အရာကို တွေးတောနေကြောင်း မည်သူမှ မသိနိုင်ပေ။
၎င်း၏ အရှေ့မှာ မျောလွင့်နေသော ဖီးနစ်ဆံထိုးကိုတော့ ၎င်းက တစ်ချက်လေးပင် မကြည့်ချေ။
သို့သော်လည်း ကြယ်နတ်ဘုရားသည်တော့ ၎င်း၏ လက်ထဲမှ ဖီးနစ်ဆံထိုးဖြင့် ကစားနေပြီး ပြုံးလိုက်သည်။
“ သူတို့နှစ်ယောက်က ငါတို့ကို အတော်လေး ကူညီပေးခဲ့တယ်… ဒါ့အပြင် သူတို့ရဲ့ ထွက်ပေါ်လာမှုက ငါတို့ရဲ့ အနန္တအသိဉာဏ်အတွင်းမှာ မဟုတ်လား… နောက်ပိုင်းမှာ ဟိုနွားရူးက ငါတို့ရဲ့ အနန္တအသိဉာဏ်ကို ပိတ်ဆို့ခဲ့ရုံလေးပါ… ”
“ သူတို့က အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်… သူတို့နဲ့ မိတ်ဆွေဖွဲ့တာက ဆိုးဝါးတဲ့အရာ မဟုတ်လောက်ဘူး ”
ကြယ်နတ်ဘုရားက စကားပြောလိုက်သည်နှင့်ချက်ချင်း နေနတ်ဘုရားက မျက်မှောင်ကြုတ်လိုက်သည်။
“ မီးလျှံလကိုတော့ ထားလိုက်ပါတော့… ဒါပေမဲ့ မီးလျှံကြယ်… နင်နဲ့ နွားရူးဘေးက သက်ရှိအလောင်းကောင်အမှိုက်က… ”
နေနတ်ဘုရား၏ စကားမဆုံးခင်မှာ ကြယ်နတ်ဘုရား၏ မျက်လုံးသည် ရုတ်တရက် အေးစက်သွားပြီး စကားကို ဖြတ်ပြောလိုက်သည်။ ၎င်း၏ အသံသည်ပင် အေးစက်နေသည်။
“ သူ့နာမည်က ရွှီချင်း… သူက သက်ရှိအလောင်းကောင် မဟုတ်သလို အမှိုက်မဟုတ်ဘူး ”
နေနတ်ဘုရားသည် မျက်လုံးမှေးကျဉ်းလိုက်သည်။ ၎င်းက စကားပြန်ပြောတော့မည့်အချိန် လနတ်ဘုရားက အေးစက်စွာ ပြောသည်။
“ အပိုစကားတွေ ပြောမနေနဲ့… နင် အဲ့သူခိုးကို သတ်ချင်တယ်ဆိုရင် သွားသတ်လိုက်… နင့်ရဲ့ အနန္တအသိဉာဏ်နဲ့ဆိုရင် ရလဒ်ကို နင်မြင်နိုင်လိမ့်မယ် ”
ထိုသို့ပြောပြီးနောက် လနတ်ဘုရား၏ ခန္ဓာကိုယ်သည် ဝေဝါးလာပြီး ပျောက်ကွယ်သွားသည်။
၎င်း၏ အရှေ့မှ ဖီးနစ်ဆံထိုးသည်လည်း ပျောက်ကွယ်သွားသည်။
ဤသည်ကို နေနတ်ဘုရားမြင်သောအခါ ၎င်းက နှုတ်ဆိတ်သွားသည်။
၎င်း၏ အနန္တအသိဉာဏ်သည် ရလဒ်ကို အမှန်တကယ် မြင်နိုင်သည်။ သို့သော်လည်း ရလဒ်သည် အမြဲတမ်း ပြောင်းလဲနေသည်။ ထိုသို့ဖြစ်ရခြင်းမှာ လနတ်ဘုရားနှင့် ကြယ်နတ်ဘုရားက ဝင်ရောက်စွက်ဖက်မည်လော ၎င်းမမြင်နိုင်သောကြောင့် ဖြစ်သည်။ ထို့အတူ ၎င်းသည် စောစောတုန်းက ဧရာမရွှေရောင်လက်ကိုလည်း မမြင်နိုင်ခဲ့ပေ။ သိသာစွာပင် တစ်ဖက်လူဆီမှာ ၎င်း၏ အနန္တအသိဉာဏ်ကို ပိတ်ဆို့တားဆီးနိုင်သော လျှို့ဝှက်အတတ်ပညာတချို့ ရှိသည်။
ထို့ကြောင့် ရလဒ်သည် မသေချာပေ။
ကြယ်နတ်ဘုရားသည်တော့ နှုတ်ဆိတ်နေသော နေနတ်ဘုရားကို လေးနက်သော အဓိပ္ပာယ်ပါသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
“ အဲ့ဒီလူ လာကူညီပေးကတည်းက ရလဒ်က ထ ွက်ပေါ်ပြီးပြီ မဟုတ်ဘူးလား ”
“ ပြီးတော့ သူတို့ဆရာလည်း ဒီမှာ ရှိနေတယ် ”
ကြယ်နတ်ဘုရား၏ အသံသည် ပဲ့တင်ထပ်သွားသည်။ ၎င်းက နောက်ထပ် မပြောတော့ပေ။ ၎င်း၏ ခန္ဓာကိုယ်က ဝေဝါးလာပြီး ပျောက်ကွယ်သွားသည်။ သို့သော်လည်း စကားတစ်ခွန်းသည် လေနှင့်အတူ ပျံ့လွင့်သွားသည်။
“ ပြီးတော့ နောက်တစ်ကြိမ် ငါထပ်ပြောမယ်… သူက သက်ရှိအလောင်းကောင် မဟုတ်သလို အမှိုက်မဟုတ်ဘူး… သူ့နာမည်က ရွှီချင်း ”
ကောင်းကင်ပေါ်တွင် နေနတ်ဘုရားတစ်ယောက်တည်းသာ မတ်တတ်ရပ်နေသည်။ ထို့နောက် ၎င်းက ခေါင်းခါလိုက်သည်။
“ နတ်ဘုရားတွေက စိတ်ခံစားချက်မရှိရဘူး… ဒါပေမဲ့ နင်တို့နှစ်ယောက်က… ”
နေနတ်ဘုရားက သက်ပြင်းချလိုက်သည်။ ၎င်းတို့က အစစ်အမှန် နတ်ဘုရားမျိုးနွယ်ဝင်များ ဖြစ်လာကြသော်လည်း မွေးရာပါနတ်ဘုရားဖြစ်လာသူများနှင့် နှိုင်းယှဉ်လျှင် ကွာခြားချက် ရှိနေဆဲပင်။
ဥပမာ အတိတ်တုန်းက နီလာနတ်သမီးဆီမှာလည်း စိတ်ခံစားချက်ရှိသည်။
ပမာဏသာလျှင် ကွာခြားသွားခြင်း ဖြစ်သည်။
နတ်ဘုရားများမှာ အနန္တအသိဉာဏ်ရှိသည်။ သို့သော်လည်း မည်သည့်နတ်ဘုရားက အလုံးစုံသိမြင်နိုင်မည်နည်း။
နေနတ်ဘုရားသည် မျက်လုံးမှိတ်လိုက်သည်။ ၎င်း၏ ခန္ဓာကိုယ်သည် ကောင်းကင်ပေါ်မှာ လွင့်ပြယ်သွားသည်။
တစ်ချိန်တည်းမှာ ပေတစ်သိန်းအကွာအဝေးတွင် ရွှီချင်းနှင့် အားညိုသည် မြန်သထက် မြန်မြန် ရွေ့လျားနေကြသည်။ နောက်ဆုံးမှာတော့ သူတို့က လေထဲမှာ ပျံသန်းလိုက်ကြပြီး အလင်းတန်းအသွင် ပြောင်းလဲသွားကြသည်။
သူတို့က သုံးရက်ကြာအောင် ပျံသန်းပြီးနောက် တောင်အသေးလေးတစ်လုံးပေါ်မှာ ဆင်းသက်လိုက်ကြသည်။
ရွှီချင်းသည် သူ၏ ဘေးပတ်ဝန်းကျင်ကို ချက်ချင်း စစ်ဆေးကြည့်လိုက်ပြီး ကောင်းကင်ကို စိုက်ကြည့်လိုက်သည်။ တစ်ခဏကြာပြီးနောက် အပြင်းအထန် ခုန်ပေါက်နေသော သူ၏ နှလုံးက အနည်းငယ် ငြိမ်သက်သွားသည်။
နတ်ဘုရားမျက်နှာပျက်ကြီး၏ သွေးမှာ ကမ္မရှိပြီး သူ့ဆရာက အကြောင်းပြချက်မရှိဘဲ သူတို့ကို ဤနေရာမှာ ထားခဲ့ပြီး ထွက်သွားမှာမဟုတ်ကြောင်း သူသိထားသော်လည်း သူနှင့် ခေါင်းဆောင်သည် လနတ်ဘုရားနှင့် ကြယ်နတ်ဘုရားကို စိတ်ကျေနပ်စေရန် အကောင်းဆုံး ကြိုးစားခဲ့ရသည်။
သို့သော်လည်း ရလဒ်သည် မသေချာပေ။ ယခုမှသာ နတ်ဘုရားသုံးပါးက သူတို့ကို အမှန်တကယ် လွှတ်ပေးလိုက်ကြောင်း သူသေချာသွားသည်။
‘ အခုလောက်ဆို အဆင်ပြေသွားလောက်ပါပြီ… အဖိုးကြီးက ငါတို့ကို ဒီနေရာမှာ ထားခဲ့တယ်… ဆရာမပီသလိုက်တာ… ငါ့ရဲ့ ကိုယ်ပိုင်အစွမ်းရယ် ရွှီချင်းနဲ့ ဟိုပျံတံတံမြေခွေးမကြားက ဆက်ဆံရေးကြောင့်မဟုတ်ရင် ဒီတစ်ကြိမ် ငါတို့တော့ တကယ်အဆုံးသတ်ပြီ ’
ခေါင်းဆောင်သည် စိတ်သက်သာရာရသွားပြီး သူ့ဘာသာ တိတ်တဆိတ် တွေးတောလိုက်သည်။ သို့သော်လည်း သူ၏ မျက်နှာပေါ်တွင် ကြောက်လန့်နေသော မည်သည့်အရိပ်အယောင်မှ မရှိပေ။ ယင်းအစား သူက ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် မေးမော့လိုက်သည်။
“ ဂျူနီယာညီလေး… ဘယ်လိုလဲ… မင်းသင်ယူပြီးပြီလား ”
“ ဒါပေမဲ့ ဖီးနစ်ဆံထိုးကို ပေးတဲ့အချိန်မှာ မင်းရဲ့ မျက်နှာက တည်တည်ကြီး ဖြစ်နေတယ်… အရေးကြီးဆုံးက သူ့ကို နာမည်ခေါ်တဲ့အခါမှာပဲ… မင်းက သစ်သားတုံးကြီးနဲ့ တူတယ် ”
“ အဲ့ဒီအချက်နဲ့ပတ်သက်ပြီး မင်းငါ့ဆီကနေ အများကြီး သင်ယူရမယ်… အဲ့လိုပြောတဲ့နေရာမှာ မင်းက စိတ်ခံစားချက်တွေကို ထည့်ပြောရမယ်… မင်းက သွေးဆိုးတဲ့ လူငယ်တစ်ယောက်… အချစ်အတွက် တစ်လောကလုံးကို ဂရုမစိုက်တဲ့ လူငယ်တစ်ယောက်လို့ တစ်ဖက်သားမြင်သွားအောင် လုပ်ပြရမယ် ”
“ လာ စီနီယာအကိုကြီးက မင်းကို သင်ပေးမယ်… ငါပြောသလို လိုက်ပြောကြည့်… အချစ်ကလေး… ကြယ်ကလေး… လာ လာ တစ်ခေါက်လောက် လိုက်ပြောကြည့်… ဒါမှ မင်းကျင့်သားရသွားမှာ ”
ခေါင်းဆောင်က စကားပြောလိုက်သည်နှင့်ချက်ချင်း ရွှီချင်းသည် ညိုညိုဟူသော အသံကို ပြန်ကြားယောင်မိသွားသည်။ ထိုအခါ သူ၏ အမူအရာက ထူးဆန်းလာပြီး သူ၏ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းထသွားသည်။
ရွှီချင်း၏ ငြင်းဆန်မှုကို မြင်သော်လည်း ခေါင်းဆောင်က အများကြီး တွေးမနေပေ။
“ ချင်းလေး… မင်းက တကယ် အတွေ့အကြုံနုသေးတယ်… အတိတ်တုန်းကဆိုရင် မင်းရဲ့ မရီး ယွဲ့လေးက ငါ့ကို အချစ်လေးညိုလို့ ခေါ်တာ… အဲ့ဒီအချိန်တုန်းဆို… ”
ရွှီချင်းက ချောင်းဟန့်လိုက်သည်။ သူက ဆက်ပြီး နားမထောင်နိုင်တော့ပေ။ သို့ဖြစ်၍ ခေါင်းဆောင်က ဆက်ပြောတော့မည့်အချိန် သူက ကြားဖြတ်ပြောလိုက်သည်။
“ စီနီယာအကိုကြီး… ဆရာက နတ်ဘုရားမျက်နှာပျက်ကြီးရဲ့ အသားအပိုင်းအစကြီးနှစ်ခုကို ယူသွားတဲ့ပုံပဲ… ”
ရွှီချင်း၏ စကားက ခေါင်းဆောင်အပေါ် အမှန်တကယ် ထိရောက်သည်။ ယင်းကို သူကြားလိုက်သည့်အခိုက် ချက်ချင်း သတိပြန်ဝင်လာသည်။ သူ၏ မျက်လုံးထဲမှ အလင်းရောင်သည် ပိုပြီးတောက်ပလာသည်။
“ ဟုတ်တယ်… အဲ့ဒါကို ငါလည်း သတိထားမိတယ်… လူသားမျိုးနွယ်ဆီ ငါတို့ အမြန်ပြန်ပြီး အဖိုးကြီးဆီကနေ ဝေစုနည်းနည်းတောင်းဖို့ ဇာတ်လမ်းဆင်ရမယ် ”
“ ဇာတ်လမ်းဆင်တာက အလုပ်ဖြစ်မှာမဟုတ်ဘူး… ဆရာ့ကို ချော့မြူဖို့ နည်းလမ်းတစ်ခု စဉ်းစားတာက ပိုကောင်းမယ်လို့ ငါထင်တယ် ”
ရွှီချင်းက မျက်တောင်ခတ်လိုက်သည်။
ယင်းကို ခေါင်းဆောင်ကြားသောအခါ ရွှီချင်း၏ စကားက အဓိပ္ပာယ်ရှိသည်ဟု သူခံစားမိသည်။ ထို့ကြောင့် သူက သတ္တမသခင်ကြီးကို ချော့မြူရန် နည်းလမ်းတစ်ခုကို စတင်စဉ်းစားလိုက်သည်။
ခေါင်းဆောင်က ပုံမှန်ပြန်ဖြစ်သွားကြောင်း မြင်တွေ့သွားသောအခါ ရွှီချင်းသည် နောက်ဆုံးမှာတော့ နားအေးသွားသည်။ ထို့နောက် သူက ခေါင်းမော့လိုက်ပြီး လူသားမျိုးနွယ်၏ ဦးတည်ရာဆီသို့ ကြည့်လိုက်သည်။ နတ်မိမယ်ကျစ်ရွှမ်းနှင့် မဟာနန်းမြို့တော်ဒေသကြီးထဲမှ လူတိုင်း၏ ပုံရိပ်များက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။
“ ပြန်ဖို့ အချိန်ကျပြီ ”
ဤတစ်ကြိမ်တွင် သူနှင့် ခေါင်းဆောင်သည် ခရီးထွက်ရန် အချိန်အများကြီး မရပေ။ သို့သော်လည်း မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ထဲမှာ ကိစ္စများစွာက ဖြစ်ပျက်ခဲ့သည်။ ယခု အရာအားလုံးက ပြီးဆုံးသွားပြီဖြစ်လေရာ အိမ်ပြန်ချင်သော သူတို့၏ ဆန္ဒက ပိုပြီးပြင်းထန်လာသည်။
သို့သော်လည်း မပြန်ခင် သူက နောက်ထပ်ကိစ္စတစ်ခုကို ဆောင်ရွက်ရလိမ့်မည်။
ယင်းက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ဆီသို့ ရောက်လာသည့် သူ၏ မူလရည်ရွယ်ချက်လည်း ဖြစ်သည်။
အစကတော့ နတ်ဘုရားမျက်နှာပျက်ကြီး၏ သွေးကို သူရရှိသွားသောကြောင့် ယင်းက မဖြစ်နိုင်တော့ဘူးဟု တွေးထင်ခဲ့သည်။ သို့သော်လည်း နတ်ဘုရားသုံးပါး၏ သူ့အပေါ် သဘောထားက သူ့ကို နောက်တစ်ကြိမ် မျှော်လင့်ချက်ရှိစေသည်။
ထိုသို့တွေးမိသောအခါ ရွှီချင်း၏ မျက်လုံးက ဝင်းလက်သွားသည်။
‘ မဟာရွှမ်ထျန်းစစ်သူကြီး ’
မည်သို့ဖြစ်ပါစေ အဆုံးမှာတော့ ယင်းက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ မဟာအမဲလိုက်ပွဲတော်ဖြစ်နေဆဲပင်။
ပထမပြိုင်ပွဲတွင် ရွှီချင်းက ပထမရခဲ့သည်။
ဒုတိယပြိုင်ပွဲဖြစ်သော တောင်တန်းပင်လယ်ဒေသကြီးထဲမှ သားရဲထိန်းကျောင်းပြိုင်ပွဲတွင် ရွှီချင်းက ကျူးလီကို ထိန်းကျောင်းနိုင်ခဲ့ပြီး ပထမရခဲ့သည်။
တတိယပြိုင်ပွဲဖြစ်သော နတ်ဘုရားနယ်မြေထဲမှ အမဲလိုက်ခြင်းတွင်တော့ မမျှော်လင့်ထားသော ကိစ္စများက ဖြစ်ပေါ်လာခဲ့သည်။ သို့သော်လည်း မည်သို့ဖြစ်ပါစေ အကယ်၍ သူက ပထမဟု ပြောလျှင် ထျန်းမိုဇီ၊ ထုန်ရှီရှန်းနှင့် ဖန်းရှီရွှမ်းသည် ပထမနေရာအတွက် သူ့ကို ယှဉ်ပြိုင်တိုက်ခိုက်ဝံ့ကြလိမ့်မည် မဟုတ်ချေ။
ရွှမ်မီးလျှံတစ်ယောက်တည်းသာ လက်မခံနိုင်လောက်ပေ။
“ ကိစ္စမရှိဘူး… သူက သဘောမတူဘူးဆိုရင် သူသဘောတူလာတဲ့အထိ ရိုက်နှက်ပေးရတာပေါ့ ”
ထိုသို့တွေးမိသောအခါ အေးစက်စက်အလင်းသည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက နတ်ဘုရားနယ်မြေထဲမှာ ရွှမ်မီးလျှံကို အများကြီး အာရုံမစိုက်ခဲ့ပေ။ သို့သော်လည်း တစ်ဖက်လူက ဝိညာဉ်စုစည်းခြင်းအဆင့်သို့ အမှန်တကယ် ရောက်ရှိသွားသလော သူစိတ်ဝင်စားသည်။
အကယ်၍ ရွှမ်မီးလျှံက ဝိညာဉ်စုစည်းခြင်းအဆင့်ကို မရောက်ရှိသေးဘူးဆိုလျှင် ရွှီချင်းက လက်တစ်ဖက်မြှောက်လိုက်ရုံဖြင့် တစ်ဖက်လူကို ဖိနှိပ်နိုင်လိမ့်မည်။
အကယ်၍ သူက ဝိညာဉ်စုစည်းခြင်းအဆင့်မှာဆိုလျှင်ပင် ယင်းက မဟာလောကတစ်ခုဖြစ်သရွေ့ သူ၏ လက်ရှိတိုက်ပွဲစွမ်းအားဖြင့် တစ်ဖက်လူကို အနိုင်ယူနိုင်လိမ့်မည်ဟု ရွှီချင်း ခံစားမိသည်။
သို့ဖြစ်၍ သူ၏ အတွေးကို ခေါင်းဆောင်အား ပြောပြလိုက်သည်။ ခေါင်းဆောင်သည် တစ်ခဏကြာ နှုတ်ဆိတ်နေပြီးနောက် သဘောတူလိုက်သည်။
ဤခရီးစဉ်က အန္တရာယ်များသော်လည်း ပြီးမြောက်အောင် ဆောင်ရွက်ရမည့် ကိစ္စတစ်ခုရှိနေသေးသည်။ သို့ဖြစ်၍ မည်သည့်မတော်တဆမှုမှ မတွေ့ကြုံရအောင် သူတို့နှစ်ယောက်က လွတ်မြောက်ရေးနည်းလမ်းတချို့ကို ကြိုပြင်ဆင်ထားလိုက်သည်။ ထိုထဲမှာ တည်နေရာပြောင်းရွှေ့ခြင်းအမွှေးများလည်း ပါဝင်သည်။
ထိုအမွှေးများကို မသန့်စင်ရသေးသော်လည်း ယခု သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်ထဲမှာ နတ်ဘုရားမျက်နှာပျက်ကြီး၏ သွေးရှိသည်။ အကယ်၍ သူတို့က အစွမ်းကုန်အသုံးပြု၍ ထိုအမွှေးများကို သန့်စင်လိုက်မည်ဆိုလျှင် ရလဒ်သည် အလွန်အံ့ဖွယ်ကောင်းလိမ့်မည်။
ထို့ပြင် ဝှက်ဖဲကတ်အနေနှင့် အင်ပါယာအလောင်းလည်း ရှိသေးသည်။
အင်ပါယာအလောင်းက ယိုယွင်းပျက်စီးနေပြီဖြစ်သော်လည်း မည်သို့ဖြစ်ပါစေ ၎င်းက ပေဖန်းအင်မော်တယ်အင်ပါယာ၏ ခန္ဓာကိုယ်ဖြစ်သည်။
သို့သော်လည်း ယခင်က သူတို့လုပ်ဆောင်ခဲ့သော ကိစ္စများက အလွန်အမင်း ကြီးမားသည်။ သို့ဖြစ်၍ သူတို့က မည်မျှများပြားသော ပြင်ဆင်မှုများကို ကြိုလုပ်ဆောင်ထားပါစေ စိတ်မအေးနိုင်သေးပေ။
ကံကောင်းစွာဖြင့် ယင်းက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ဖြစ်သည်။ နတ်ဘုရားသုံးပါးက သူတို့အပေါ် သတ်ဖြတ်ချင်စိတ်မရှိသရွေ့ အကယ်၍ တခြားနတ်ဘုရားများက သူတို့အပေါ် လောဘစိတ်ဝင်မည်ဆိုလျှင်ပင် ၎င်းတို့က ဤအခိုက်အတန့်မှာ မဆင်မခြင် မလုပ်ဆောင်ဝံ့ကြချေ။
ထိုသို့ဖြင့် အချိန်သည် စီးဆင်းသွားသည်။
မကြာမီ တစ်လကုန်ဆုံးသွားသည်။
ထိုတစ်လအတွင်းမှာ ဝမ်ကူးကုန်းမြေထဲမှ အစွမ်းထက်မျိုးနွယ်စုကြီးများသည် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်အပေါ် သတိထားလာကြသည်။ ၎င်းတို့က စစ်ပွဲအတွက် ကြိုပြင်ဆင်ထားကြသလို အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်သည့် အပြောင်းအလဲများအတွက်လည်း ကြိုပြင်ဆင်ထားကြသည်။
ထို့ပြင် မဟာအမဲလိုက်ပွဲတော်၏ နိဂုံးချုပ်အနေဖြင့် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်သည် ပွဲအခမ်းအနားတစ်ခုကို ပွင့်လင်းစွာ ကြေညာခဲ့သည်။
ယင်းကို မဟာအမဲလိုက်ပွဲတော် ပြီးဆုံးသွားသည့်အခါတိုင်း ကျင်းပခဲ့သည်။ အဆင့်သတ်မှတ်ချက်အတွင်းဝင်သော ကျင့်ကြံသူအားလုံးသည် ထိုပွဲအခမ်းအနားအတွင်းမှာ ဆုချီးမြှင့်ခံရလိမ့်မည်။ ဤတစ်ကြိမ်တွင် နတ်ဘုရားသုံးပါး၏ အောင်မြင်စွာ အဆင့်တတ်လှမ်းနိုင်မှုကြောင့် ပွဲအခမ်းအနားသည် ယခင်အကြိမ်များထက် ပိုပြီးကြီးကျယ်ခမ်းနားလိမ့်မည်။
ပွဲအခမ်းအနားကျင်းပမည့် တည်နေရာသည်တော့ နတ်ဘုရားတောင်တန်း၏ မြင့်မြတ်မြို့တော်ထဲမှာ ဖြစ်သည်။
ပွဲအခမ်းအနားကို သူတော်စင်နတ်ဆရာသုံးပါးနှင့် မျိုးနွယ်စုထဲမှ ပညာရှင်ကျင့်ကြံသူအားလုံး တတ်ရောက်ကြလိမ့်မည်။
ရွှီချင်းနှင့် ခေါင်းဆောင်သည် ပွဲအခမ်းအနားစတင်သည့်အချိန်မှာ မြင့်မြတ်မြို့တော်ဆီသို့ တိတ်တဆိတ် ရောက်ရှိလာကြသည်။ မန္တန်များနှင့် နတ်ဘုရားအတတ်ပညာများသည် ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားကြပြီး ကောင်းချီးမင်္ဂလာနိမိတ်များကို ဖန်တီးလိုက်သည်။ ရောင်စုံအလင်းသည် ကောင်းကင်ပေါ်မှာ ပြည့်နှက်သွားသည်။
ဆိုင်းသံဗုံသံများသည် ကောင်းကင်ဘုံမိုးခြိမ်းသံသဖွယ် ကျယ်လောင်စွာ ပဲ့တင်ထပ်နေသည်။
ကောင်းချီမင်္ဂလာနိမိတ်များထဲတွင် မြင့်မြတ်သားရဲများ၊ ရောင်စုံပန်းပွင့်များနှင့် စစ်နတ်ဘုရားများ၏ ပုံရိပ်များ ရှိကြသည်။ ထို့နောက် မရေမတွက်နိုင်သော မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ဝင်များ၏ အရှိန်အဝါများက ကောင်းကင်ပေါ်သို့ တစ်ဟုန်ထိုး ပျံတတ်သွားကြပြီး အံ့ဖွယ်ကောင်းသော အရှိန်အဟုန်တစ်ခုကို ဖန်တီးလိုက်သည်။
သို့သော်လည်း မည်သူမှ သတိမထားမိသည်မှာ လေထဲသို့ မြှောက်တတ်နေသော ကောင်းချီးမင်္ဂလာနိမိတ်များ၏ အထက်ရှိ နတ်ဘုရားအတားအဆီး၏ အပြင်ဘက် အကန့်အသတ်မဲ့သော ကြယ်တာရာကောင်းကင်ထဲတွင် အတိတ်မှာ ရွှီချင်းမြင်တွေ့ခဲ့သော ကြယ်ဂြိုလ်တစ်ရာခန့်က ချဉ်းကပ်လာနေကြသည်။
၎င်းတို့က ဥက္ကာပျံများနှင့်ဆင်တူပြီး ၎င်းတို့ပေါ်မှာ မရေမတွက်နိုင်သော မှော်သင်္ကေတများကို ရေးထွင်းထားသည်။ မှော်သင်္ကေတတစ်ခုစီသည် ရှေးဟောင်းအငွေ့အသက်နှင့် ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ထုတ်လွှတ်နေသည်။
၎င်းတို့က ဝမ်ကူးကုန်းမြေဆီသို့ ချဉ်းကပ်လာသည့်အခါ ၎င်းတို့ထံမှ အရှိန်အဝါကို ဖုံးကွယ်လိုက်ကြပြီး နတ်ဘုရားမျက်နှာပျက်ကြီး၏ နယ်နိမိတ်ကို ကွေ့ပတ်ရှောင်ရှားသွားကြသည်။ သာမန်မျက်စိဖြင့်သော်လည်းကောင်း နတ်ဘုရားစိတ်အာရုံဖြင့်သော်လည်းကောင်း ၎င်းတို့ကို အာရုံခံနိုင်ရန် အလွန်ခက်ခဲပေသည်။
နောက်အခိုက်အတန့်မှာ ၎င်းတို့သည် အဝင်သာ ခွင့်ပြုပြီး ပြန်မထွက်နိုင်သော နတ်ဘုရားအတားအဆီးကို ချိုးဖောက်သွားကြကာ ဝမ်ကူးကုန်းမြေ၏ တည်နေရာအသီးအသီးဆီသို့ တိတ်တဆိတ် ဆင်းသက်သွားကြသည်။
၎င်းတို့ထဲမှ ဥက္ကာပျံတစ်စင်းသည် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်နှင့် လူသားမျိုးနွယ်ကြားမှ စွန့်ပစ်တောင်တစ်လုံးပေါ်သို့ ဆင်းသက်သွားသည်။
စွန့်ပစ်တောင်သည် ချက်ချင်း ပြာဖြစ်သွားပြီး တိတ်တဆိတ် ပျောက်ကွယ်သွားသည်။ ပေတစ်သောင်းနက်ရှိုင်းသော တွင်းနက်ကြီးတစ်ခုသည် စောစောတုန်းက တောင်၏ တည်နေရာမှာ ထွက်ပေါ်လာသည်။
အေးစက်စက်လေသည် တွင်းနက်ကြီးထဲမှ ပင့်တတ်လာပြီး ဘေးပတ်ဝန်းကျင်ကို အေးခဲသွားစေသည်။ ထို့နောက် စကားသံတချို့က ပျံ့လွင့်လာသည်။
“ နောက်ဆုံးတော့ ပြန်ရောက်လာပြီ ”
“ ဒီကမ္ဘာက ကျက်တီးမြေကျနေတာပဲ… နည်းလိုက်တဲ့ ဝိညာဉ်ချီ… နေရာတိုင်းမှာ နတ်ဘုရားအရှိန်အဝါတွေနဲ့ ပြည့်နှက်နေတယ်… ”
“ ဒီနေရာက ငါတို့သူတော်စင်ကုန်းမြေ ပစ်ပယ်ထားတဲ့ ဒဏ္ဍာရီလာ စွန့်ပစ်ကုန်းမြေပဲ… ”