← Chapters

ရွှီချင်း၏ လမ်းစဉ်

Vol. 86 Ch. 1320

ရွှီချင်း၏ လမ်းစဉ်

Vol. 86 Ch. 1320

နတ်ဘုရားတောင်တန်းက ရွှေရောင်တောက်ပလာသော်လည်း မည်သည့်နတ်ဘုရားအမိန့်တော်မှ မထုတ်ပြန်ခဲ့ပေ။

သူတော်စင်နတ်ဘုရားသုံးပါး၏ အကြည့်သည် နက်ရှိုင်းသည်။ သို့သော်လည်း သူတို့က နှုတ်ဆိတ်နေကြဆဲပင်။

ဘေးပတ်ဝန်းကျင်မှ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ဝင်များ၊ လက်အောက်ခံမျိုးနွယ်စုများမှ ကျင့်ကြံသူများနှင့် မရေမတွက်နိုင်သော ကြည့်ရှုနေသူများသည် စိတ်ဓာတ်တတ်ကြွသွားကြပြီး မျှော်လင့်မှုက သူတို့၏ အကြည့်ထဲမှာ ထွက်ပေါ်လာသည်။ သို့သော်လည်း လူအနည်းစုသာ အံ့ဩသွားကြသည်။

ဤသည်မှာ မီးလျှံလ၏ စိန်ခေါ်မှုကို သူတို့က အံ့ဩသွားသည့်ပုံမပေါ်ချေ။

ယင်းက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ အကျင့်စရိုက်နှင့် ဆက်စပ်နေသည်။

ဤနှစ်ပေါင်းများစွာအတွင်းမှာ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ အရေအတွက်က အလွန်နည်းပါးသောကြောင့် မျိုးနွယ်၏ စုပေါင်းအင်အားကို တိုးမြှင့်နိုင်စေရန် တိုက်ခိုက်ခြင်းများကို တရားဝင် ခွင့်ပြုပေးထားသည်။ ယင်းက မဟာအမဲလိုက်ပွဲတော်ဖြစ်ပေါ်လာရသည့် အကြောင်းအရင်းများအနက် တစ်ခုဖြစ်သည်။

သူတို့က ဂူကောင်ပျိုးထောင်ခြင်းနည်းလမ်းကို အသုံးပြု၍ မျိုးနွယ်၏ တိုက်ပွဲဆာလောင်စိတ်ကို မွေးမြူပေးခဲ့သည်။ ရက်စက်ကြမ်းကြုတ်သော ပတ်ဝန်းကျင်မျိုးမှာ အသန်မာဆုံး လက်ရွေးစင်များသာလျှင် အသက်ရှင်နိုင်ကြလိမ့်မည်။

သို့ဖြစ်၍ မဟာအမဲလိုက်ပွဲတော် အဆုံးသတ်သွားပြီး ရွှမ်ထျန်းစစ်သူကြီးကို ရွေးချယ်သည့်အခါတိုင်း သူတို့က စိန်ခေါ်မှုများကို အလိုအလျောက် ခွင့်ပြုပေးထားသည်။ သို့သော်လည်း ထိုတစ်နေ့တည်းသာ ဖြစ်သည်။

ထို့ပြင် ယင်းက စည်းမျဉ်းများအတွင်းမှာ ရှိရမည်။

မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ သမိုင်းတစ်လျှောက်တွင် ရွှမ်ထျန်းစစ်သူကြီးများကို စိန်ခေါ်သူများက အများကြီး မရှိခဲ့သော်လည်း အနည်းအကျဉ်းတော့ ရှိခဲ့ကြသည်။

သို့ဖြစ်၍ ရွှမ်မီးလျှံ၏ စိန်ခေါ်မှုကို မည်သူကမှ ထူးဆန်းသည်ဟု မခံစားမိကြချေ။

ထို့ပြင် ရွှမ်မီးလျှံသည် မဟာရွှမ်ထျန်းစစ်သူကြီးဟူသော ရွှီချင်း၏ သရုပ်ကို အရင်ဦးစွာ အသိအမှတ်ပြုခဲ့သည်။ သို့ဖြစ်၍ ဤစိန်ခေါ်မှုသည် ပွဲအခမ်းအနားကို ဖျက်ဆီးလိုခြင်း သို့မဟုတ် ထိုဆုံးဖြတ်ချက်၏ တရားမျှတမှုကို မေးခွန်းထုတ်လိုခြင်း မဟုတ်ပေ။

သူက စည်းမျဉ်းများအတိုင်း စိန်ခေါ်လိုခြင်းသာ ဖြစ်သည်။

သို့သော်လည်း သူက မဟာရွှမ်ထျန်းစစ်သူကြီးကို စိန်ခေါ်နေခြင်း ဖြစ်သည်။ ရှေးခေတ်ကာလကတည်းက ဤကိစ္စသည် ပထမဆုံးအကြိမ် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

မည်သို့ဖြစ်ပါစေ မဟာရွှမ်ထျန်းစစ်သူကြီး၏ ဂုဏ်အဆင့်အတန်းသည် ရွှမ်ထျန်းစစ်သူကြီးများထက် အများကြီး သာလွန်သည်။

ထို့ပြင် မဟာရွှမ်ထျန်းစစ်သူကြီး၏ အဆင့်အတန်းက အလွန်မြင့်မားလေရာ စိန်ခေါ်မှုများကို ငြင်းဆန်နိုင်သည်။

သို့သော်လည်း အကယ်၍ ငြင်းဆန်လိုက်မည်ဆိုလျှင် ထိုအတွက်ကြောင့် ရွှီချင်း၏ ဂုဏ်သတင်းသည် အနည်းနှင့်အများ ထိခိုက်သွားလိမ့်မည်။ သူရရှိထားသော မဟာရွှမ်ထျန်းစစ်သူကြီးဟူသည့် ရာထူးဘွဲ့သည်လည်း ပျက်ရယ်ပြုခံရလိမ့်မည်။

တစ်စုံတစ်ယောက်သည် မဟာရွှမ်ထျန်းစစ်သူကြီးကို စိန်ခေါ်ရန် ထုံးစံအားဖြင့် တန်ဖိုးတစ်ခုကို ပေးဆပ်ရလိမ့်မည်။ စိန်ခေါ်သူအနေဖြင့် အကယ်၍ သူရှုံးနိမ့်သွားမည်ဆိုလျှင် သူ၏ အသက်နှင့် အလွန်နီးစပ်သော သွေးဝိညာဉ်ကို စွန့်လွှတ်ရလိမ့်မည်။

ထိုသွေးဝိညာဉ်သည် သေခြင်းရှင်ခြင်းကို မထိန်းချုပ်နိုင်သော်လည်း အရေးကြီးအခိုက်အတန့်မှာ သေဆုံးရန် အစားထိုးတစ်ခုအနေဖြင့် အသုံးပြုနိုင်သည်။

သို့သော်လည်း အကယ်၍ မဟာရွှမ်ထျန်းစစ်သူကြီးက ရှုံးနိမ့်သွားမည်ဆိုလျှင် မည်သည့်တန်ဖိုးမှ မပေးရပေ။

ယင်းက မတရားပုံပေါ်သော်လည်း မဟာရွှမ်ထျန်းစစ်သူကြီးကို စိန်ခေါ်ချင်သူများသည် ထိုသို့စိတ်ဓာတ်ပြတ်သားမှုကို သေချာပေါက် ပိုင်ဆိုင်ထားရမည်။

ရွှမ်မီးလျှံ၏ စကားသံက ပဲ့တင်ထပ်သွားသည်နှင့် အကြည့်အားလုံးက ရွှီချင်းပေါ်သို့ စုပြုံကျရောက်လာသည်။ သူတို့က ရွှီချင်း၏ ရွေးချယ်မှုကို စောင့်မျှော်နေကြသည်။

ရွှီချင်းသည် စကားမပြောပေ။ သူက ရွှမ်မီးလျှံကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ တစ်ဖက်လူ၏ ညာဘက်ပခုံးပေါ်မှာ အဖြူရောင်မီးတောက်များက လောင်ကျွမ်းနေကြောင်း သူပြောနိုင်သည်။ ထို့ပြင် အဖြူရောင်မီးတောက်များကြားထဲမှာ ခမ်းနားထည်ဝါပြီး အံ့ဖွယ်ကောင်းသော မဟာလောကတစ်ခု ရှိသည်။ သို့သော်လည်း အံ့ဩစရာကောင်းသည်မှာ ရွှမ်မီးလျှံ၏ ကျင့်ကြံခြင်းအခြေခံ ဖြစ်သည်။

“ ဗလာနတ္ထိဒုတိယအဆင့် ”

ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်သည်။

အကယ်၍ ရွှမ်မီးလျှံက ဝိညာဉ်စုစည်းခြင်းအဆင့်သို့ ရောက်ရှိနေပြီး ထိုသို့အရှိန်အဝါကို ထုတ်လွှတ်နေမည်ဆိုလျှင် သူက တစ်ဖက်လူကို အလေးအနက်ထားလိမ့်မည် မဟုတ်ချေ။

သို့သော်လည်း ဝိညာဉ်စုစည်းခြင်းအဆင့်သို့ မရောက်ရှိသေးသော တစ်စုံတစ်ယောက်က မဟာလောကတစ်ခုကို ဖန်တီးနိုင်သည်ဆိုလျှင်တော့ ယင်းက ခြားနားသွားလိမ့်မည်။

ယင်းက ရွှီချင်း၏ ယခင်ခန့်မှန်းမှုနှင့် အနည်းငယ် ကွဲပြားနေသည်။

အတိတ်တွင် တစ်ဖက်လူက အင်ပါယာသင်္ချိုင်းထဲမှာ အလွန်အံ့ဖွယ်ကောင်းသော မဟာလောကတစ်ခုကို ဖွဲ့စည်းခဲ့သည်။ ထိုအချိန်တုန်းက ရွှီချင်းတွေးခဲ့သည်မှာ တစ်ဖက်လူက ဗလာနတ္ထိအဆင့်ကို ချိုးဖြတ်ပြီး ဝိညာဉ်စုစည်းခြင်းအဆင့်သို့ တတ်လှမ်းရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

ယခုတော့…

ရွှမ်မီးလျှံ၏ ရဲစွမ်းသတ္တိကို သူလျော့တွက်ခဲ့မိကြောင်း ရွှီချင်း ဝန်ခံရလိမ့်မည်။

ထိုလူက ဝိညာဉ်စုစည်းခြင်းအဆင့်သို့ တတ်လှမ်းရန် လုံလောက်သော ဤမဟာလောကကို သူ့ကိုယ်ပိုင်ဥပဒေသများ စုဆောင်းရန် အခြေခံအုတ်မြစ်အဖြစ် အသုံးပြုခဲ့သည်။ သူက ထိုနည်းဖြင့် ဗလာနတ္ထိကုန်းမြေကို ပုံဖော်ပြီး ပုံရိပ်ယောင်နှင့်အစစ်အမှန် အသင်္ချေအသွင်ပြောင်းလဲခြင်းကို ဖွဲ့စည်းခဲ့သည်။

သူက မဟာလောကကို အခြေခံအုတ်မြစ်ထား၍ အနာဂတ်မှာ တစ်လှမ်းချင်း တစ်လှမ်းချင်း တိုးတတ်သွားကာ ဗလာနတ္ထိအဆင့်၏ ပြီးပြည့်စုံသော မဟာစက်ဝန်းကို ရောက်ရှိသွားပြီး ဝိညာဉ်စုစည်းခြင်းအဆင့်သို့ အမှန်တကယ် အဆင့်ချိုးဖြတ်သွားသည့်အခါ သူ၏ တိုက်ပွဲစွမ်းအားသည် ကြောက်မခန်းလိလိ တိုးမြှင့်သွားလိမ့်မည်။ ထိုအချိန်ကျလျှင် သူက ရှေးခေတ်ကောင်းကင်အရွေးချယ်ခံများထဲမှာပင် ထိပ်တန်းအဆင့်မှာ ရပ်တည်နိုင်လိမ့်မည်။

‘ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ရဲ့ လက်ရှိမျိုးဆက်ရဲ့ နံပါတ်တစ်ကောင်းကင်အရွေးချယ်ခံလို့ မျှော်လင့်ထားသလိုပါပဲ ’

ရွှီချင်းသည် စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။ တိုက်ပွဲစိတ်ဆန္ဒသည် သူ၏ မျက်လုံးထဲမှာ တဖြည်းဖြည်း ထွက်ပေါ်လာသည်။

ထိုသို့သော ပြိုင်ဘက်သည်သာ သူ့ကို အလေးအနက်ထားစေနိုင်ပြီး တိုက်ပွဲစိတ်ဆန္ဒကို ပေါ်လျှိုးစေလိမ့်မည်။

စိန်ခေါ်မှုအား သူလက်ခံခြင်း လက်မခံခြင်းကို စကားများဖြင့် ဖော်ပြနေရန် မလိုအပ်ပေ။ သူ၏ မျက်လုံးထဲမှ အလင်းရောင်က အဖြေကို ဖော်ပြလိုက်ပြီးပြီ ဖြစ်သည်။

ရွှီချင်း၏ တိုက်ပွဲစိတ်ဆန္ဒက မြင့်တတ်လာနေကြောင်း မြင်သွားသောအခါ ရွှမ်မီးလျှံ၏ မျက်လုံးထဲမှ တိုက်ပွဲစိတ်ဆန္ဒသည် ပိုပြီးသိပ်သည်းလာသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါသည်လည်း ပိုပြီးအားကောင်းလာသည်။ သူက စကားပြောလိုက်သည့်အခါ သူ၏ ညာဘက်ပခုံးပေါ်မှ အဖြူရောင်မီးတောက်များသည် ဝုန်းခနဲ တောက်လောင်လာသည်။

“ ရွှီချင်း… ငါက ဗလာနတ္ထိဒုတိယအဆင့်မှာ… မင်းက ဗလာနတ္ထိပထမအဆင့်မှာ… မင်းရဲ့ ဗလာနတ္ထိက ထူးခြားတယ်ဆိုပေမဲ့ ငါ့ရဲ့ ဗလာနတ္ထိမှာလည်း မဟာလောကတစ်ခုရဲ့ ကောင်းချီးရှိတယ်… ပြီးတော့ ငါက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ဝင်တစ်ယောက်ဖြစ်လို့ ငါ့ရဲ့ ရုပ်ခန္ဓာကိုယ်က မင်းထက် အများကြီး ပိုသန်မာတယ် ”

“ ဒါကြောင့် ဒီတိုက်ပွဲမှာ ဘယ်လက်ကို ငါအသုံးမပြုဘူး ”

ရွှမ်မီးလျှံက တည်ငြိမ်စွာ ပြောသည်။ သူက စကားဆုံးသည်နှင့် ဘယ်လက်ကို အနောက်သို့ ပို့လိုက်သည်။ သူက ဘယ်လက်ကို ဤတိုက်ပွဲမှာ အသုံးပြုလိမ့်မည် မဟုတ်ချေ။

သူ၏ အပြုအမူက အနည်းငယ် တုံးအဟန် ထင်ရသော်လည်း ပညာရှင်ကျင့်ကြံသူတစ်ယောက်၏ အတွေးဖြစ်သည်။

ယင်းက ရွှီချင်းအတွက် မဟုတ်ပေ။ သူ၏ ဂုဏ်သိက္ခာအတွက် ဖြစ်သည်။

အကယ်၍ ထိုအတွက်ကြောင့် သူရှုံးနိမ့်သွားမည်ဆိုလျှင်ပင် တိုက်ပွဲကိုသာ ရှုံးနိမ့်သွားလိမ့်မည်။ သူ၏ နှလုံးသားကိုတော့ ရှုံးနိမ့်သွားလိမ့်မည် မဟုတ်ချေ။

သူသည် ငယ်စဉ်ဘဝကတည်းက မရေမတွက်နိုင်သော တိုက်ပွဲများနှင့် သေခြင်းရှင်ခြင်းအခြေအနေများကို တွေ့ကြုံခဲ့ရသည်။ သူက မရေမတွက်နိုင်သော မီးလျှံလမျိုးနွယ်ဝင်များနှင့် ကောင်းကင်အရွေးချယ်ခံများကို ဖိနှိပ်ပြီးမှသာ ရွှမ်မီးလျှံဟူသော တာအိုဘွဲ့နာမည်ကို ရရှိခဲ့ခြင်း ဖြစ်သည်။

သို့ဖြစ်၍ သူ၏ နှလုံးသားသည် တည်ကြည်ခိုင်မြဲသည်။ ကျင့်ကြံခြင်းလမ်းစဉ်က သက်ရှိအားလုံးနှင့် ကောင်းကင်ဘုံများကို ဆန့်ကျင်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သူနားလည်သည်။ နတ်ဘုရားနယ်မြေထဲမှာ ရွှီချင်းက သူ့အပေါ် လေးနက်သောအမြင်တစ်ခု ချန်ထားစေခဲ့သော်လည်း ထိုအယူအဆကို ဖယ်ရှားရမည်ဖြစ်ကြောင်း သူသိသည်။

အကယ်၍ ဤတိုက်ပွဲမှာ သူအနိုင်ရမည်ဆိုလျှင် ဤမျိုးဆက်၏ အသန်မာဆုံးဟူသော လမ်းစဉ်ကို ဆက်လျှောက်နိုင်လိမ့်မည်။

အကယ်၍ သူက ရှုံးနိမ့်သွားမည်ဆိုလျှင်ပင် ယင်းက သူ၏ လမ်းစဉ်ရှာဖွေမှုအတွက် လောင်စာဖြစ်လာလိမ့်မည်။

ထိုသို့ပြောပြီးနောက် ရွှမ်မီးလျှံသည် ညာခြေကို မြှောက်လိုက်ပြီး ရွှီချင်းဆီသို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

သူက ခြေချလိုက်သည်နှင့်ချက်ချင်း လောကကြီးသည် ဝုန်းခနဲ မြည်ဟိန်းသွားသည်။

သူ၏ ညာဘက်ပခုံးပေါ်မှ အဖြူရောင်မီးတောက်များသည် ကောင်းကင်ပေါ်သို့ ပျံတတ်သွားပြီး ကောင်းကင်နှင့်မြေပြင်ကြားမှာ ပျံ့ပွားသွားသည်။

သူ၏ အလျင်က အလွန်မြန်ဆန်လေရာ မျက်တောင်တစ်ခတ်အတွင်းမှာ သူက ကီလိုမီတာ(၅၀)အကွာသို့ ချက်ချင်း ရောက်ရှိသွားသည်။

မီးတောက်ပင်လယ်သည် အလွန်ပြင်းထန်သော အပူဓာတ်ကို ထုတ်လွှတ်လိုက်ပြီး ကောင်းကင်၏ အရောင်ကို ပြောင်းလဲသွားစေသည်။ တစ်ချိန်တည်းမှာ မီးတောက်များထဲမှ မဟာလောကသည် ပိုပြီးကျယ်ပြောလာသည်။ သို့သော်လည်း ထိုမဟာလောကက ကမ္ဘာငယ်တစ်ခုပုံစံသာ ရှိနေသေးသည်။

အတိုင်းအတာတစ်ခုထိ ကျယ်ပြောသွားပြီးနောက် မဟာလောက၏ အရွယ်အစားက ကီလိုမီတာ(၅၀၀)ထိ ရောက်ရှိသွားပြီး ၎င်းက ဒြပ်ထည်ဖွဲ့စည်းသွားသည်။

ထိုမြင်ကွင်းသည် ဘေးပတ်ဝန်းကျင်မှ လူအများစုကို ထိတ်လန့်သွားစေပြီး အလန့်တကြားဖြစ်သွားစေသည်။

“ အဲ့ဒီမဟာလောကက… ”

“ ဘယ်လောက်တောင် ကျယ်ပြောလိုက်လဲ… သူက ဝိညာဉ်စုစည်းခြင်းအဆင့်မဟုတ်ဘဲ ဗလာနတ္ထိအဆင့်မှာပဲ ရှိသေးတဲ့ဟာ… ဘယ်လိုလုပ် အဲ့ဒါကို သူလုပ်နိုင်တာလဲ ”

“ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ရဲ့ နံပါတ်တစ်ကောင်းကင်အရွေးချယ်ခံလို့ ခေါ်ထိုက်ပါပေတယ် ”

လူအနည်းစုသာလျှင် ထိုမဟာလောက၏ အစစ်အမှန် အတိုင်းအတာကို အာရုံခံနိုင်လိမ့်မည်။ သို့သော်လည်း ရွှီချင်းသည်တော့ အင်ပါယာသင်္ချိုင်းထဲမှာ ထိုမဟာလောက၏ ကျယ်ပြောမှုကို ကိုယ်တိုင်မြင်တွေ့ခဲ့သည်။ သို့ဖြစ်၍ ၎င်းက ရှေးခေတ်နှင့် ပစ္စုပ္ပန်ကာလမှာ ပြိုင်ဘက်ကင်းသော တုနှိုင်းမဲ့မဟာလောကတစ်ခုဖြစ်ကြောင်း သူနားလည်ထားသည်။

“ နတ်ဘုရားနယ်မြေဆီ မသွားခင်မှာ ငါက ဗလာနတ္ထိပထမအဆင့်မှာပဲ ရှိသေးတယ်… ဒီမဟာလောကကလည်း သန္ဓေသားလောင်းပုံစံမှာပဲ ရှိသေးတယ်… အဲ့ဒီအချိန်တုန်းက ငါက မဟာလောကတစ်ခု ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ သေခြင်းရှင်ခြင်းအခြေအနေထိ တိုက်ခိုက်နိုင်ခဲ့တယ် ”

“ အခု မဟာလောကတစ်ခု ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က ငါ့အရှေ့မှာရှိမယ်ဆိုရင် သူ့ကို အလွယ်တကူ ဖိနှိပ်နိုင်လိမ့်မယ်… မဟာလောကနှစ်ခု သာမန်ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူဆိုရင်တောင် ငါ့ထက် နိမ့်ကျလိမ့်မယ်… တကယ်လို့ ငါက မဟာလောကနှစ်ခု အထွတ်အထိပ်ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူနဲ့ ရင်ဆိုင်ရမယ်ဆိုရင်တောင် ရှုံးနိမ့်မှာ မဟုတ်ဘူး ”

“ ဒီမဟာလောကကို ရွှမ်မီးလျှံလောကလို့ ငါနာမည်ပေးထားတယ် ”

“ တကယ်လို့ မင်းက ငါ့ရဲ့ မဟာလောကကို တောင့်ခံနိုင်မယ်ဆိုရင် ငါတို့တွေ နတ်ဘုရားအတတ်ပညာအကြောင်း ဆက်ဆွေးနွေးတာပေါ့ ”

ရွှမ်မီးလျှံသည် မဟာလောက၏ အထက်မှာ မတ်တတ်ရပ်နေသည်။ သူ၏ အသံသည် မိုးခြိမ်းသံသဖွယ် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး ရွှီချင်းပေါ်သို့ ဖိချလိုက်သည်။

မီးတောက်ပင်လယ်ထဲမှ မဟာလောကသည် ဤအခိုက်အတန့်မှာ ဝုန်းခနဲ မြည်ဟိန်းသွားသည်။ ယင်းက ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်လိုက်ပြီး ရွှီချင်းပေါ်သို့ ဖိချလိုက်သည်။

ထိုဖိနှိပ်မှုအောက်မှာ ဝိညာဉ်စုစည်းခြင်းအဆင့်အောက်မှ ကျင့်ကြံသူအားလုံးသည် မတည်မငြိမ်ဖြစ်လာကြသည်။ သူတို့၏ အသိစိတ်သည် ပရမ်းပတာ လှုပ်ခတ်သွားသည်။ သူတို့၏ ဝိညာဉ်သည် မှေးမှိန်လာပြီး ခုခံနိုင်စွမ်းအားလုံးကို ဆုံးရှုံးသွားသည်။

ထိုသို့အံ့ဖွယ်ကောင်းသော မဟာလောက၏ ဖိအားဖြင့် ရင်ဆိုင်ရသောအခါ ရွှီချင်း၏ မျက်လုံးသည် ဝင်းလက်သွားသည်။ သူက အနောက်မဆုတ်သွားပေ။ ဤတိုက်ပွဲသည် ဗလာနတ္ထိအဆင့်သို့ တတ်လှမ်းပြီးနောက် သူ့အတွက် ပထမဆုံးတိုက်ပွဲ ဖြစ်သည်။

ထို့ကြောင့် သူက ဤတိုက်ပွဲကို အသုံးပြု၍ သူ၏ လက်ရှိတိုက်ပွဲစွမ်းအားကို အကဲဖြတ်ချင်သည်။

သို့ဖြစ်၍ ရွှီချင်းက လေထဲမှာ မတ်တတ်ရပ်နေစဉ် သူ၏ ညာလက်ကို မြှောက်လိုက်ပြီး အရှေ့သို့ တွန်းထုတ်လိုက်သည်။

ထိုလက်ဝါးရိုက်ချက်နှင့်အတူ သူ၏ ခန္ဓာကိုယ်ထဲမှ အဆုံးမဲ့သော ဗလာနတ္ထိကုန်းမြေသည် ဝုန်းခနဲ လှုပ်ခါသွားသည်။ ဝိညာဉ်ချည်မျှင်များသည် ဗလာနတ္ထိကုန်းမြေထဲမှ တိုးထွက်လာကြပြီး ရွှီချင်း၏ ခန္ဓာကိုယ်အပြင်ဘက်မှာ ထွက်ပေါ်လာကြသည်။ ထို့နောက် ဝိညာဉ်ချည်မျှင်များက အရပ်မျက်နှာပေါင်းစုံသို့ ပျံ့နှံ့သွားကြသည်။

ထိုဝိညာဉ်ချည်မျှင်များက အရေအတွက် အလွန်များပြားလေရာ အဆုံးမဲ့ဟန် ရ၏။ ထို့နောက် ယင်းတို့က ပင်လယ်ကြီးတစ်စင်းသဖွယ် အတူတကွ စုဝေးသွားကြသည်။ ထိုအခါ လျှပ်စီးသည် ပြိုးပြိုးပြက်ပြက် လင်းလက်သွားပြီး ဟင်းလင်းပြင်သည် ပုံပျက်တွန့်လိမ်သွားသည်။

တစ်သန်း… ဆယ်သန်း… သန်းလေးဆယ်

စက္ကန့်ပိုင်းအတွင်းမှာ ဝိညာဉ်ချည်မျှင်စုစုပေါင်း သန်းလေးဆယ်သည် ကောင်းကင်တစ်ခုလုံးကို အပြည့်လွှမ်းခြုံသွားသည်။ ယင်းတို့က မြန်ဆန်စွာ စုဝေးသွားပြီး ချက်ချင်း ရက်လုပ်လိုက်သည်။ အရာအားလုံးကို တုပဖန်တီးနိုင်သော မူကွဲအင်မော်တယ်အတတ်ပညာအောက်မှာ ဝိညာဉ်ချည်မျှင်များသည် မဟာလောကတစ်ခုကို ဖွဲ့စည်းလိုက်သည်။

ထိုမဟာလောကသည် ကမ္ဘာငယ်တစ်ခု၏ အရွယ်အစားရှိပြီး ကီလိုမီတာ(၅၀၀)အရွယ်အစား ရှိသည်။ ယင်းထံမှ ထုတ်လွှတ်နေသော အရှိန်အဝါနှင့် ဖိအားသည်လည်း အလွန်ချောက်ချားဖွယ်ကောင်းသည်။

ထို့ပြင် ယင်းက ဗလာနတ္ထိထံမှ တစ်စုံတစ်ခုကို ဖန်တီးလိုက်ခြင်း ဖြစ်သည်။

ဤသည်မှာ မူကွဲအင်မော်တယ်ကျောင်းတော်တွင် ယခင်စီနီယာများထံမှ ရွှီချင်းသင်ယူခဲ့သော မူကွဲအင်မော်တယ်အတတ်ပညာ ဖြစ်သည်။ ထို့ပြင် ရွှီချင်း၏ ဦးဆောင်မှုအောက်မှာ ထိုလမ်းစဉ်သည် တစ်ခါမှမရောက်ဖူးသော အမြင့်အထိ ရောက်ရှိသွားသည်။

ပိုပြီးအံ့ဖွယ်ကောင်းသည်မှာ ကမ္ဘာတုန်ဟီးစေမည့် မြည်သံသည် မူကွဲအင်မော်တယ်ဝိညာဉ်ချည်မျှင်များမှ ဖြစ်တည်လာသော မဟာလောကထံမှ ထွက်ပေါ်လာသည်။ ထို့နောက် ပုံရိပ်ယောင်ဧရာမတိုင်လုံး တစ်ရာကျော်သည် အရပ်မျက်နှာအဘက်ဘက်ရှိ မြေကြီးထဲမှ မြှောက်တတ်လာကြသည်။

ဧရာမတိုင်လုံးများသည် ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအစွမ်းဖြင့် ပြည့်နှက်နေကြသည်။ ယင်းတို့က နတ်ဘုရားမျက်နှာပျက်ကြီး၏ သွေးကို ရွှီချင်းဝါးမျိုပြီးနောက် ရရှိလာသော ပုံရိပ်ယောင်နတ်ဘုရားအခွင့်အာဏာများ ဖြစ်ကြသည်။

ယင်းတို့က ပုံရိပ်ယောင်သာ ဖြစ်နေသေးသော်လည်း မဟာလောကကို ကြီးမားစွာ အစွမ်းမြှင့်တင်ပေးနိုင်ဆဲပင်။

ပုံရိပ်ယောင်နတ်ဘုရားအခွင့်အာဏာများ၏ အစွမ်းတိုးမြှင့်ပေးမှုအောက်မှာ ရွှီချင်း၏ မဟာလောကသည် နတ်ဘုရားနယ်မြေတစ်ခုသဖွယ် အောက်မေ့ရသည်။

ကြောက်စရာအကောင်းဆုံး အပိုင်းမှာ ထိုမဟာလောက၏ အလယ်ဗဟိုတွင် အရွယ်အစား အလွန်ကြီးမားသော ဧရာမတိုင်လုံးလေးတိုင် ရှိသည်။ ယင်းတို့က ပုံရိပ်ယောင်မဟုတ်ပေ။ အစစ်အမှန်ဖြစ်သည်။ ထိုဧရာမတိုင်လုံးလေးတိုင်၏ မျက်နှာပြင်ပေါ်မှာ မရေမတွက်နိုင်သော မှော်သင်္ကေတများ ရှိသည်။

ယင်းတို့က ဤလောကထဲမှ အသင်္ချေဥပဒေသများထက် သာလွန်သော ဝိညာဉ်လှုပ်ခတ်စေမည့် စွမ်းရည်များကို ပိုင်ဆိုင်ထားပုံပေါ်သည်။

ထိုမှော်သင်္ကေတများက ကျင့်ကြံသူများ၏ မှော်သင်္ကေတများ မဟုတ်သည်မှာ ထင်ရှားသည်။ ယင်းတို့က ရွှီချင်း၏ နတ်ဘုရားအခွင့်အာဏာ အမှတ်အသားများ ဖြစ်ကြသည်။

အမှတ်အသားတစ်ခုသည် သူ၏ သက်စောင့်အမှတ်အသားဖြစ်ပြီး ဒုတိယတစ်ခုသည် ခရမ်းလဖြစ်သည်။ တတိယအမှတ်အသားသည် နတ်ဘုရားကျိန်စာဖြစ်ပြီး စတုတ္ထအမှတ်အသားသည် ကံကြမ္မာဆိုးဖြစ်သည်။

နတ်ဘုရားအခွင့်အာဏာ အမှတ်အသားများ၏ ထွက်ပေါ်လာမှုကြောင့် ဝိညာဉ်ချည်မျှင်များမှ ဖြစ်တည်လာသော ရွှီချင်း၏ မဟာလောကထံမှ အရှိန်အဝါသည် ပိုပြီးအားကောင်းလာသည်။ တစ်ချိန်တည်းမှာ အဆုံးမဲ့သော ဖိအားက ထွက်ပေါ်လာသည်။ ထိုမဟာလောက၏ ဖိအားသော်လည်းကောင်း သို့မဟုတ် အရှိန်အဝါသော်လည်းကောင်း ရွှမ်မီးလျှံ၏ မဟာလောကထက် သာလွန်ပေသည်။

ထိုမြင်ကွင်းသည် ကြီးမားသော မုန်တိုင်းကို လှုံ့ဆော်လိုက်ပြီး လူတိုင်း၏ နှလုံးသားထဲမှာ အဆုံးမဲ့သော လှိုင်းလုံးများကို ပေါ်လျှိုးလာစေသည်။

“ ဗလာနတ္ထိအဆင့်… ”

“ ဒီလောကထဲမှာ အဲ့လောက်အစွမ်းထက်တဲ့ ဗလာနတ္ထိအဆင့် ပညာရှင်ကျင့်ကြံသူမျိုး ရှိမယ်လို့ ငါမထင်ထားဘူး… ”

“ ပြီးတော့… နှစ်ယောက်တောင်မှ ”

အံ့ဩထိတ်လန့်မှုသည် ဆက်လက် ပေါ်လျှိုးလာသည်။

ရွှီချင်းသည် ခေါင်းမော့လိုက်သည်။ ဝိညာဉ်ချည်မျှင်များမှ ဖြစ်ပေါ်လာသော သူ၏ မဟာလောကသည် ရွှမ်မီးလျှံမဟာလောကဖြင့် ထိပ်တိုက် တွေ့ဆုံသွားသည်။

ချက်ချင်းဆိုသလို မဟာလောကနှစ်ခုသည် တစ်ချိန်တည်းမှာ ၎င်းတို့၏ အစွမ်းကို အသီးသီးထုတ်လွှတ်လိုက်ကြသည်။

ထိုအခါ ကောင်းကင်သည် ပြိုကျသွားတော့မည့်ဟန်ရပြီး မြေပြင်သည် အက်ကွဲသွားတော့မည့်ဟန် ရသည်။ ထိုသို့အရေးကြီးအခိုက်အတန့်မှာ သူတော်စင်နတ်ဆရာတစ်ပါးက လှုပ်ရှားလိုက်ပြီး ရွှီချင်းနှင့် ရွှမ်မီးလျှံအတွက် လွတ်လပ်သော တိုက်ပွဲမြေပြင်တစ်ခုကို ဖန်တီးပေးလိုက်သည်။

“ ကောင်းတယ် ”

ကောင်းကင်ပေါ်တွင် ရွှမ်မီးလျှံသည် အေးစက်စွာ ရယ်မောလိုက်သည်။ သူက ညာလက်ကို မြှောက်လိုက်လေရာ မဟာလောကသည် တဝီဝီမြည်သွားပြီး ထပ်မံ အစွမ်းတိုးမြှင့်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ မဟာလောက၏ အရွယ်အစားသည် ကီလိုမီတာ(၅၀၀၀)ထိ ရောက်ရှိသွားသည်။ တစ်ချိန်တည်းမှာ မဟာလောက၏ ကမ္မသည်လည်း လောကတစ်ခု၏ ကောင်းကင်ဘုံစိတ်ဆန္ဒအဖြစ် တစ်ဟုန်ထိုး မြင့်တတ်သွားနေသည်။

ရွှီချင်း၏ အမူအရာသည် မပြောင်းလဲသွားပေ။ သူ၏ အတွေးတစ်ချက်နှင့်အတူ ဝိညာဉ်ချည်မျှင်များက သူ၏ မဟာလောကထဲမှ ပျံ့နှံ့ထွက်လာကြပြီး ဧရာမနတ်ဘုရားမျက်လုံးတစ်လုံးကို ဖွဲ့စည်းလိုက်သည်။

၎င်းက ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ မျက်လုံးဖြစ်သည်။

ရှေးဟောင်းဝိညာဉ်အင်ပါယာက စိုက်ကြည့်လိုက်သည်နှင့် ရွှမ်မီးလျှံ၏ မဟာလောကသည် ချက်ချင်း တုန်လှုပ်သွားသည်။

မဟာလောကထဲမှာ တစ်ဟုန်ထိုး မြင့်တတ်နေသော ကမ္မသည် ပြောင်းပြန်စီးဆင်းသွားသည်။

တစ်ချိန်တည်းမှာ အရေအတွက်များပြားသော ဝိညာဉ်ချည်မျှင်များက ပျံသန်းထွက်လာကြပြီး နီလာနတ်သမီးကို ဖွဲ့စည်းလိုက်သည်။ နီလာနတ်သမီး၏ အမူအရာက အေးစက်နေသည်။ ၎င်းက မောက်မာထောင်လွှားသော အမူအရာနှင့်အတူ ရွှမ်မီးလျှံ၏ မဟာလောကထဲသို့ တိုက်ရိုက် ခြေချလိုက်သည်။

မဟာလောကသည် ဝုန်းခနဲ လှုပ်ခါသွားသည်။

ယင်းက အဆုံးသတ်မဟုတ်သေးပေ။ နောက်အခိုက်အတန့်မှာ ဝိညာဉ်ချည်မျှင်များ၏ ရက်လုပ်မှုနှင့်အတူ လီဇီဟွား၏ ပုံရိပ်က ထွက်ပေါ်လာပြီး ရွှမ်မီးလျှံ၏ မဟာလောကထဲသို့ ဝင်ရောက်သွားသည်။

အင်မော်တယ်တားမြစ်နယ်မြေထဲမှ နတ်ငါးသည်ပင် ထွက်ပေါ်လာပြီး မဟာလောကထဲသို့ တိုးဝင်သွားသည်။

ထို့ပြင် အတိတ်မှာ ရွှီချင်းမြင်တွေ့ခဲ့သော ယင်ဟွမ်ပြည်နယ်ထဲမှ တစ္ဆေအင်ပါယာ၏ လက်နက်အောက်မှာ ဖိနှိပ်ခံထားရသော အမည်မသိနတ်ဘုရားတစ်ပါး၏ မျက်လုံးသည်လည်း ထွက်ပေါ်လာသည်။ ၎င်းက မြန်ဆန်စွာ ဒြပ်ထည်ဖွဲ့စည်းသွားပြီး ရွှမ်မီးလျှံ၏ မဟာလောကထဲသို့ ဝင်ရောက်သွားသည်။

နတ်ဘုရားများသည် တစ်ပါးပြီးတစ်ပါး ဆင်းသက်လာကြသည်။

ဤအခိုက်အတန့်မှာ လေထဲမှာ မတ်တတ်ရပ်နေသော ရွှီချင်းက နတ်ဘုရားများကို ထိန်းချုပ်ထားသော အင်မော်တယ်အရှင်သခင်တစ်ပါးနှယ် အောက်မေ့ရသည်။

“ ဒီတော့ အဲ့ဒါက ဂျူနီယာညီလေးရဲ့ လမ်းစဉ်ပေါ့ ”

လူအုပ်ကြားထဲတွင် ခေါင်းဆောင်က စိတ်လှုပ်ရှားစွာ ပြောသည်။

All Chapters