← Chapters

နတ်ဘုရားအတတ်ပညာ၏ ပြစ်ချက်

Vol. 86 Ch. 1321

နတ်ဘုရားအတတ်ပညာ၏ ပြစ်ချက်

Vol. 86 Ch. 1321

အင်မော်တယ်လမ်းစဉ်နှင့် နတ်ဘုရားလမ်းစဉ်ကို တစ်ပြိုင်နက် လျှောက်လှမ်းချင်သူသည် ရွှီချင်းတစ်ယောက်တည်း မဟုတ်ပေ။

သတ္တမသခင်ကြီးသော်လည်းကောင်း၊ လီဇီဟွားသော်လည်းကောင်း သို့မဟုတ် တခြားအမည်မသိ ပညာရှင်ကျင့်ကြံသူများသော်လည်းကောင်း ဤလမ်းစဉ်ကို လျှောက်လှမ်းနေကြသည်။

မည်သို့ဖြစ်ပါစေ ထိုလမ်းစဉ်သည် အတိတ်မှာဖြစ်စေ ပစ္စုပ္ပန်မှာဖြစ်စေ တမူထူးခြားသော လမ်းစဉ်အဖြစ် သတ်မှတ်ခံထားရပြီး ယုတ္တိမရှိဆုံး လမ်းစဉ်ဖြစ်သည်။

ထိုအကြောင်းအရင်းကြောင့် ယင်းက အခက်ခဲဆုံး လမ်းစဉ်ဖြစ်လာသည်။

ထိုအကြောင်းအရင်းကြောင့် လူအများကြီးက ယင်းကို လျှောက်လှမ်းနေကြသော်လည်း တစ်ယောက်မှ အဆုံးထိ မရောက်ရှိသေးပေ။

ထိုလမ်းစဉ်မှာ မရေမတွက်နိုင်သော အတားအဆီးများ ရှိသည်။ လမ်းဆုံးသို့ မရောက်ခင်မှာ ထိုလမ်းစဉ်က ထပ်သွားနိုင်သေးသလော သို့မဟုတ် လမ်းမှန်ဟုတ်သလော မည်သူမှ မသိကြပေ။

အားညို၏ လမ်းစဉ်သည် ထိုလမ်းစဉ်မဟုတ်ပေ။ ထို့ကြောင့် သူ့လမ်းစဉ်ကို တမူထူးခြားသော လမ်းစဉ်တစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။

ရွှီချင်း၏ လမ်းစဉ်သည်လည်း ကွဲပြားခြားနားသည်။

အပြင်ပန်းအရ ကြည့်မည်ဆိုလျှင် သူက အင်မော်တယ်လမ်းစဉ်နှင့် နတ်ဘုရားလမ်းစဉ်ကို တစ်ပြိုင်နက်တည်း လျှောက်လှမ်းနေပုံပေါ်သည်။ သို့သော်လည်း အမှန်မှာ သူက မူကွဲအင်မော်တယ်အတတ်ကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုနေခြင်း ဖြစ်သည်။ သူလျှောက်လှမ်းနေသော လမ်းစဉ်တွင် သူက နတ်ဘုရားများကို ဝါးမျိုပြီး ၎င်းတို့ကို တုပဖန်တီးကာ ကျွန်ပြုနိုင်ပေသည်။

ထိုလမ်းစဉ်အရ နတ်ဘုရားများသည် သူ့အတွက် အာဟာရဓာတ်များ ဖြစ်သည်။

အရာအားလုံးသည် မူကွဲအင်မော်တယ်ဖြစ်လာရန် အခြေခံအုတ်မြစ်ဖြစ်သည်။

အင်မော်တယ်များသည် နတ်ဘုရားများကို ဝါးမျိုနိုင်ပေသည်။

ဤအခိုက်အတန့်မှာ ဗလာနတ္ထိအဆင့်သို့ တတ်လှမ်းပြီးနောက် သူ၏ ပထမဆုံး တိုက်ပွဲမှာ ရွှီချင်းသည် သူ၏ လမ်းစဉ်ကို ပိုပြီးရှင်းလင်းစွာ နားလည်သွားသည်။ အနက်ရောင်အလင်းသည် သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ ဝိညာဉ်ချည်မျှင်များမှ ဖြစ်ပေါ်လာသော နတ်ဘုရားများသည် မီးလျှံလ၏ မဟာလောကထဲသို့ တစ်ပါးပြီးတစ်ပါး ဝင်ရောက်သွားကြသည်။

နောက်အခိုက်အတန့်မှာ မဟာလောကထဲမှ တောင်တန်းများသည် ပြိုကျပျက်စီးသွားကြပြီး လောကသည် သိသာစွာ ပြောင်းလဲသွားသည်။

အဝေးမှကြည့်လျှင် တစ်စုံတစ်ယောက်သည် လီဇီဟွား၏ ဧရာမပုံရိပ်ကို မြင်နိုင်လိမ့်မည်။ သူက ဖော်မပြနိုင်အောင် အရွယ်အစားကြီးမားပြီး အလွန်လွှမ်းမိုးဖိနှိပ်သည်။ သူဖြတ်သန်းသွားသည့်နေရာတိုင်း လောကကြီးက ပြိုကျပျက်စီးသွားလိမ့်မည်။

နီလာနတ်သမီး၏ ကြီးကျယ်မြင့်မြတ်သော ခန္ဓာကိုယ်သည် အရပ်မျက်နှာအဘက်ဘက်သို့ သွေးမြူကို ထုတ်လွှတ်နေသည်။ သူက လေထဲသို့ ပျံသန်းသွားစဉ် ဤလောကထဲမှ သက်ရှိအားလုံးသည် အော်ဟစ်ညည်းညူလိုက်ကြပြီး ခြောက်သွေ့သေဆုံးသွားကြသည်။

တစ္ဆေအင်ပါယာ၏ ဓမ္မလက်နက်ဖြင့် ဖိနှိပ်ခံထားရသော မျက်လုံးလည်း ရှိသေးသည်။ မျက်လုံးက မဟာလောက၏ ကောင်းကင်ပေါ်မှာ လွင့်မျောနေစဉ် မရေမတွက်နိုင်သော ဈာပနအဆောင်စာရွက်များက လေထဲမှာ ထွက်ပေါ်လာကြပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားကြသည်။

ထိုဈာပနအဆောင်စာရွက်များ ဖြတ်သန်းသွားသည့်နေရာတိုင်း လောကကြီးသည် စက္ကူအဖြစ် အသွင်ပြောင်းလဲသွားလိမ့်မည်။ အမှန်မှာ ထူးဆန်းသော သီချင်းဆိုသံသည်ပင် ဤလောကထဲမှာ မသဲမကွဲ ပျံ့လွင့်နေသည်။

နတ်ငါးသည် ပင်လယ်များနှင့် မြစ်ချောင်းများဆီသို့ ဝင်ရောက်သွားသည်။ ထိုအခါ မြစ်ချောင်းများသည် ပြောင်းပြန်စီးဆင်းသွားပြီး ပင်လယ်ရေသည် အနက်ရောင်သို့ ပြောင်းလဲသွားသည်။

ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ မျက်လုံးသည်တော့ ဤနေရာမှ ကမ္မကို စုပ်ယူလိုက်ပြီး ယင်းကို ညစ်ထေးသွားစေသည်။ ၎င်းက ဤမဟာလောက၏ အနှစ်သာရကို ပြောင်းလဲပစ်ရန် ကြိုးစားနေသည်။

ဤသည်မှာ နတ်ဘုရားများ၏ ကျူးကျော်ဝင်ရောက်လာမှု ဖြစ်သည်။

နတ်ဘုရားများ၏ အရှိန်အဝါအောက်မှာ ရွှမ်မီးလျှံ၏ မဟာလောကထဲမှ အရာအားလုံးသည် သိသာစွာ ပြောင်းလဲသွားကြသည်။

ထိုမြင်ကွင်းသည် အတိတ်မှာ ဝမ်ကူးကုန်းမြေ တွေ့ကြုံခဲ့ရသော အဖြစ်အပျက်နှင့် ဆင်တူသည်။ ထိုနှစ်ခုကြားမှာ ကြီးမားသော ကွာခြားမှုရှိသော်လည်း ယင်းက လူတိုင်းကို အံ့ဩထိတ်လန့်သွားစေသည်။

နတ်ဘုရားများ၏ ဆင်းသက်လာမှုက ရွှမ်မီးလျှံ၏ မဟာလောကထဲမှာ ဒြပ်နှောများ ထွက်ပေါ်လာစေသည်။ နတ်ဘုရားအရှိန်အဝါသည် အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့နှံ့သွားပြီး ကောင်းကင်နှင့်မြေပြင်ကြားမှ အရာအားလုံးနှင့် သက်ရှိအားလုံးအပေါ် လွှမ်းမိုးသွားသည်။

ယင်းတို့က ဤမဟာလောကကို တားမြစ်ဇုန်တစ်ခုအဖြစ် ပြောင်းလဲပစ်နေသည်။

အကယ်၍ တားမြစ်ဇုန်အဖြစ်သာ ပြောင်းလဲသွားမည်ဆိုလျှင် ဤလောကထဲမှ သက်ရှိအားလုံး၏ ကံကြမ္မာသည် ပြောင်းလဲသွားလိမ့်မည်။ ထို့အတူ သူတို့၏ ဘဝအဆင့်အတန်းသည်လည်း နိမ့်ကျသွားလိမ့်မည်။ နောက်ဆုံးမှာ ဤနေရာက နတ်ဘုရားများ နေထိုင်နိုင်ရန် အထူးသင့်တော်သော လောကတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားလိမ့်မည်။

ပိုပြီးကြောက်စရာကောင်းသည့်အချက်မှာ တားမြစ်ဇုန်အဖြစ်သို့ ပြောင်းလဲသွားနေစဉ် ရွှမ်မီးလျှံ၏ အလွန်ကျယ်ပြောသော တုနှိုင်းမဲ့မဟာလောကထဲမှာ ဝိညာဉ်ချည်မျှင်များက ထွက်ပေါ်လာကြသည်။

ယင်းတို့က ဝိညာဉ်ချည်မျှင်အသစ်များ ဖြစ်ကြသည်။

ဝိညာဉ်ချည်မျှင်အသစ်များက အရေအတွက် မများပြားပေ။ တစ်သောင်းခန့်သာ ရှိသည်။ သို့သော်လည်း ဝိညာဉ်ချည်မျှင်အသစ်များ ဖြစ်ပေါ်လာသော အမြန်နှုန်းသည် အလွန်အံ့ဖွယ်ကောင်းသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ဝိညာဉ်ချည်မျှင်များက တစ်သောင်းမှ တစ်သိန်းအထိ တိုးမြှင့်သွားသည်။

ဤမဟာလောကက ကျူးကျော်ခံနေရခြင်းသာ မဟုတ်ပေ။ ဝါးမျိုခံနေရသည်။

ယင်းကို ကြည့်ခြင်းအားဖြင့် ဗလာနတ္ထိအဆင့်သို့ တတ်လှမ်းသွားပြီးနောက် ရွှီချင်း၏ တိုက်ပွဲစွမ်းအားနှင့် နတ်ဘုရားအတတ်ပညာများက မည်မျှကြောက်စရာကောင်းလာကြောင်း မြင်နိုင်လိမ့်မည်။

သို့သော်လည်း မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ နံပါတ်တစ်ကောင်းကင်အရွေးချယ်ခံအနေဖြင့် ရွှမ်မီးလျှံသည် အားမနည်းပေ။ သူ၏ မဟာလောကက ကျူးကျော်ဝင်ရောက်ခံနေရကြောင်း မြင်တွေ့သွားသောအခါ သူ၏ မျက်လုံးထဲတွင် အဆုံးမဲ့သော ကြယ်များက တလက်လက် တောက်ပသွားကြသည်။

ကြယ်များက လင်းလက်တောက်ပသွားသည့်အခါ သူ၏ မဟာလောကက တုန်ယင်သွားသည်။ တောင်တန်းများ၊ မြစ်ချောင်းများနှင့် လောကထဲမှ အရာအားလုံးသည် ကိုယ်ပိုင်အသိစိတ်ရှိလာပြီး စိတ်ဝိညာဉ်များအဖြစ်သို့ ပြောင်းလဲသွားကာ စတင်ခုခံလိုက်ကြသည်။

ထိုသို့ခုခံနေစဉ် တောက်ပသော နေငါးစင်းက သူ၏ မဟာလောကထဲမှာ ထွက်ပေါ်လာကြပြီး သူ့ကိုယ်ပိုင် အသေးစားဥပဒေသများကို ထုတ်လွှတ်လိုက်ကြသည်။

၎င်းတို့က သူ၏ ကောင်းကင်ဘုံတာအိုများ ဖြစ်ကြသည်။

ကောင်းကင်ဘုံတာအိုများ၏ လွှမ်းမိုးမှုအောက်မှာ မဟာလောကသည် နိုးထလာသည်။ ဤတုနှိုင်းမဲ့မဟာလောက၏ စိတ်ဆန္ဒက ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ နှောင့်ယှက်ခံနေရသော်လည်း ၎င်းက ထွက်ပေါ်လာဆဲပင်။

ယင်းက နတ်ဘုရားများဖြင့် တိုက်ပွဲဖြစ်သည်။

တစ်ချိန်တည်းမှာ ရွှမ်မီးလျှံက ရွှီချင်းကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှ တိုက်ပွဲစိတ်ဆန္ဒသည် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည့်အခါ သူ့အရှေ့မှ ဟင်းလင်းပြင်သည် အလိုအလျောက် ပြိုကွဲသွားသည်။ နောက်အခိုက်အတန့်မှာ သူက ရွှီချင်း၏ အရှေ့မှာ တိုက်ရိုက် ထွက်ပေါ်လာသည်။

သူ၏ အရှိန်အဝါသည် အလွန်ချောက်ချားဖွယ်ကောင်းသည်။

ရွှီချင်းသည် ခေါင်းမော့လိုက်သည်။ တိုက်ပွဲစိတ်ဆန္ဒက သူ၏ မျက်လုံးထဲမှာလည်း ထွက်ပေါ်လာသည်။ သူက အရှေ့သို့ ခြေလှမ်းလိုက်သည့်အခါ အဖျက်အဆီးစွမ်းအားသည် သူ၏ ခန္ဓာကိုယ်ထဲမှ တစ်ဟုန်ထိုး ပေါ်လျှိုးလာသည်။

ယင်းက သက်တံ့တစ်စင်းနှင့် နေတစ်စင်း၏ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်သည်။

ချက်ချင်းဆိုသလို သူတို့နှစ်ယောက်သည် မဟာလောကနှစ်ခုကြားထဲမှာ အပြန်အလှန် တိုက်ခိုက်လိုက်ကြသည်။

ရွှမ်မီးလျှံ၏ အလျင်သည် အလွန်အံ့ဖွယ်ကောင်းသည်။ သူ၏ ရွေ့လျားမှုတိုင်းမှာ အသံလှိုင်းပေါက်ကွဲမှုများက ထွက်ပေါ်လာသည်။ သူက အနားသို့ ချဉ်းကပ်သွားသည်နှင့်ချက်ချင်း ကြောက်မက်ဖွယ်ကောင်းသော ရုပ်ခွန်အားက ပေါ်လျှိုးလာသည်။

မျက်စိတစ်မှိတ်အတွင်းမှာ ကျယ်လောင်သော မိုးခြိမ်းသံများက တရစပ် ပဲ့တင်ထပ်သွားသည်။ စက္ကန့်ပိုင်းအတွင်းမှာ သူတို့နှစ်ယောက်က သိုင်းကွက်ပေါင်းတစ်ရာကျော်ကို အပြန်အလှန် ဖလှယ်လိုက်ကြသည်။

အကြိမ်တိုင်း ကျယ်လောင်သော မိုးခြိမ်းသံများက လောကထဲမှာ ပဲ့တင်ထပ်သွားပြီး သူတို့၏ ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်များက ပြိုကွဲပျက်စီးသွားသည်။

နောက်အခိုက်အတန့်မှာ ရွှမ်မီးလျှံသည် ကျယ်လောင်စွာ ပါးစပ်ဟလိုက်ပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ထိုအခါ အဆုံးမဲ့သော စွမ်းအင်စီးကြောင်းသည် သူ၏ ပါးစပ်ထဲသို့ ဒလဟော တိုးဝင်သွားသည်။ သူက စွမ်းအင်စီးကြောင်းကို ဝါးမျိုပြီးသည်နှင့် မည်သည့်မန္တန်မှ အသုံးမပြုဘဲ ရွှီချင်းကို သူ၏ ပခုံးဖြင့် ရိုးရှင်းစွာ ဝင်ဆောင့်လိုက်သည်။

ရိုးရှင်းသော ထိုတိုက်ခိုက်မှုထဲမှာ မဟာတာအိုက ကိန်းအောင်းနေသည်။ ထို့ကြောင့် ယင်းကို ရှောင်တိမ်းရန် မဖြစ်နိုင်ပေ။ တစ်စုံတစ်ယောက်သည် ယင်းကို မဖြစ်မနေ ထိပ်တိုက်ရင်ဆိုင်ရလိမ့်မည်။

ရွှီချင်း၏ မျက်လုံးသည် မှေးကျဉ်းသွားသည်။ ထိုပခုံးဝင်ဆောင့်မှုထဲမှာ ကိန်းအောင်းနေသော ခွန်အားက တောင်တန်းများကို ပြိုကွဲပျက်စီးစေနိုင်ကြောင်း သူအာရုံခံနိုင်သည်။ သို့ဖြစ်၍ သူက လက်သီးတစ်လုံးကို ထိုးလွှတ်လိုက်သည်။

ကျယ်လောင်သော ပေါက်ကွဲသံက မြည်ဟိန်းထွက်လာသည်။

ရွှီချင်းသည် အတင်းအကျပ် အနောက်ဆုတ်သွားရသည်။ ရွှမ်မီးလျှံ၏ မျက်လုံးသည် နီရဲလာသည်။ သူက တန်ပြန်ဆိုးကျိုးကို လျစ်လျူရှုထားလိုက်ပြီး သူ၏ အရှိန်ကို ထပ်မံ တိုးမြှင့်လိုက်သည်။ သူ၏ အရှိန်အဟုန်က နောက်တစ်ကြိမ် ပေါက်ကွဲထွက်လာသည်နှင့် သူက ရွှီချင်းဆီသို့ ချက်ချင်း နီးကပ်သွားသည်။ တစ်ချိန်တည်းမှာ သူက ရွှီချင်း၏ လည်ပင်းကို ဖမ်းဆုပ်ရန် လက်ဆန့်ထုတ်လိုက်သည်။

ဤသည်မှာ သူက ရွှီချင်း၏ လည်ပင်းကို ဖျစ်ညှစ်ပစ်တော့မည့်အလားပင်။

“ ဒါဘယ်လို နတ်ဘုရားအစွမ်းလဲ ”

ရွှီချင်း၏ အမူအရာသည် အနည်းငယ် မည်းမှောင်သွားသည်။ ထိုတိုက်ခိုက်မှုထဲမှာ မဟာတာအိုတချို့ ကိန်းအောင်းနေကြောင်း သူအာရုံခံနိုင်သည်။ အေးစက်စက် အလင်းသည် သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ သူက ပါးစပ်ဟလိုက်ပြီး ထွေးထုတ်လိုက်သည်။ ချက်ချင်းဆိုသလို ဧရာမဇောက်ထိုးတောင်သုံးလုံးသည် သူ၏ အရှေ့မှာ ထွက်ပေါ်လာကြသည်။

တောင်တစ်လုံးသည် ရေခဲမှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး တောင်တစ်လုံးသည် သွေးမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ နောက်ဆုံးတောင်သည်တော့ ချော်ရည်မှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

နောက်အခိုက်အတန့်မှာ တောင်သုံးလုံးက ပြိုကွဲထွက်သွားသည်နှင့် ရွှီချင်းက ချက်ချင်း အနောက်ဆုတ်သွားသည်။ သို့သော်လည်း ရွှမ်မီးလျှံ၏ တိုက်ခိုက်မှုက ကြမ်းကြုတ်နေဆဲပင်။ သူက လည်ပင်းကို ဖမ်းဆုပ်တော့မည့် လက်သည်းကို လက်သီးအဖြစ် ပြောင်းလဲလိုက်ပြီး ရွှီချင်းထံသို့ ထိုးလွှတ်လိုက်သည်။

ယင်းက အားညို၏ ခန္ဓာကိုယ်ကို လက်သီးတစ်ချက်တည်းဖြင့် အပိုင်းပိုင်းအစစ ပြိုကွဲသွားစေခဲ့သည့် ရွှမ်မီးလျှံ၏ မဖျက်ဆီးနိုင်သော အင်ပါယာလက်သီး ဖြစ်သည်။

အင်ပါယာလက်သီး ထွက်ပေါ်လာသည်နှင့်ချက်ချင်း လောက၏ အရောင်သည် ပြောင်းလဲသွားသည်။ ကြမ်းကြုတ်သော အရှိန်အဝါနှင့် လွှမ်းမိုးဖိနှိပ်သော ခံစားမှုသည် လက်သီးနှင့်အတူ ထွက်ပေါ်လာသည်။

ယင်းက မပြီးဆုံးသေးပေ။ ထိုလက်သီးက ပစ်မှတ်ကိုမထိခင် စွမ်းအင်စုဆောင်းနိုင်ဟန် ရ၏။ မဖျက်ဆီးနိုင်သော အင်ပါယာလက်သီးကို အသုံးပြုလိုက်သည်နှင့်ချက်ချင်း ရွှမ်မီးလျှံ၏ တစ်ကိုယ်လုံးသည် ရွှေရောင်အလင်း ထွန်းလင်းတောက်ပလာသည်။

ရွှေရောင်အလင်းသည် သူ၏ အရေပြား၊ အသွေးအသား၊ ရိုးတွင်းခြင်ဆီများ၊ အရိုးများနှင့် သွေးထဲမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

အရေပြားသည် ခန္ဓာကိုယ်၏ အပြင်ဘက် ကာကွယ်ရေးအလွှာဖြစ်ပြီး အသွေးအသားနှင့် ရိုးတွင်းခြင်ဆီသည် စွမ်းအင်ကို ထုတ်လွှတ်ပေးမည့် ပင်မအစိတ်အပိုင်းများဖြစ်သည်။ အရိုးများသည် အခြေခံအုတ်မြစ်ဖြစ်ပြီး သွေးသည်တော့ မူလအဆီအနှစ်ဖြစ်သည်။

ထိုအရာအားလုံးကို ပေါင်းစပ်လိုက်သည့်အခါ…

“ အင်မော်တယ်ဒြပ်စင်ငါးမျိုး ”

ရွှမ်မီးလျှံ၏ တစ်ကိုယ်လုံးမှ အကန့်အသတ်မဲ့သော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည့်အခါ သူ၏ ခန္ဓာကိုယ်သည် ပိုပြီးကြီးမားလာသည်။ သူက တောင်ကြီးတစ်တောင်နှယ် အောက်မေ့ရပြီး ပြိုင်ဘက်ကင်းသော အခြေအနေဆီသို့ ဝင်ရောက်သွားဟန် ရ၏။ သူ၏ အရှိန်အဝါသည် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး ရွှီချင်းဆီသို့ ဦးတည်သွားနေသော ရုပ်ခွန်အားအထူးပြု နတ်ဘုရားအတတ်ပညာအားလုံးက ထိုအင်ပါယာလက်သီးထဲမှာ စုဝေးသွားသည်။ ထိုလက်သီးသည် စကြာဝဠာတစ်ခုလုံးကို ဖြိုခွဲပစ်နိုင်ဟန် ရ၏။

လက်သီးက ကျဆင်းလာသည့်အခါ ဥပဒေသများက အက်ကွဲသွားပြီး ပျက်စီးသွားကြသည်။ ယင်းက သက်ရှိအားလုံးကို ထိတ်လန့်ချောက်ချားသွားစေသည်။

သိပ်သည်းသော အလင်းတန်းက ရွှီချင်း၏ မျက်လုံးထဲမှာ ပေါ်ထွက်လာသည်။ ယင်းက အာရုဏ်ဦးအချိန်မှာ ထွက်ပေါ်လာသော ပထမဆုံး နေရောင်ခြည်နှင့် ဆင်တူသည်။ ရွှမ်မီးလျှံ၏ မဖျက်ဆီးနိုင်သော အင်ပါယာလက်သီးနှင့် ရုပ်ခွန်အားအထူးပြု နတ်ဘုရားအတတ်ပညာများက ရွှီချင်းကို မိန်းမောတွေဝေသွားစေသည်။

“ အဲ့ဒီနတ်ဘုရားအတတ်ပညာကို ငါလိုချင်တယ် ”

ရွှီချင်း၏ မျက်လုံးသည် ဝင်းလက်သွားသည်။ သူက လုံးဝတုံ့ဆိုင်းမနေပေ။ တစ်ဖက်လူက တိုက်ခိုက်လိုက်သည်နှင့်ချက်ချင်း ကျူးလီက ရွှီချင်း၏ ခန္ဓာကိုယ်အပြင်ဘက်မှာ ဒြပ်ထည်ဖြစ်ပေါ်လာပြီး ရှေးဟောင်းဂမ္ဘီရမှော်ဝင်စစ်ချပ်ဝတ်ကို ဖွဲ့စည်းလိုက်သည်။

ဘိုးဘေးဂမ္ဘီရမှော်အသွင်သဏ္ဍာန်၏ ပေါင်းစပ်မှုအောက်မှာ သူ၏ ခန္ဓာကိုယ်က ချက်ချင်း အဆပေါင်းများစွာ ကြီးထွားလာပြီး သက်ရှိဘိုးဘေးမှော်သခင်ကြီးအဖြစ် အသွင်ပြောင်းလဲသွားသည်။

ဘိုးဘေးမှော်သခင်ကြီး၏ ဦးခေါင်းသည် ကောင်းကင်နှင့် ထိစပ်နေပြီး သူ၏ အရှိန်အဝါသည် ရှေးခေတ်ကာလများမှ ဖြတ်သန်းစီးဆင်းလာသည်။ သူ၏ အရှိန်အဝါထဲမှာ အထွတ်အထိပ် ဂမ္ဘီရမှော်အစွမ်း ကိန်းအောင်းနေသည်။

နဂါးနှင့်ဆင်တူသော သားရဲကိုးကောင်သည် သူ၏ ဘေးပတ်ပတ်လည်မှာ လှည့်ပတ်နေကြသည်။ ရှေးဟောင်းဂမ္ဘီရမှော်ဝင်စစ်ချပ်ဝတ်က ဖော်မပြနိုင်သော လွှမ်းမိုးဖိနှိပ်မှုကို ထုတ်လွှတ်လိုက်လေရာ တောင်တန်းပင်လယ်ဒေသကြီးထဲမှ မရေမတွက်နိုင်သော သားရဲများက ဟိန်းဟောက်လိုက်ကြသည်။ တစ်ချိန်တည်းမှာ ဤတိုက်ပွဲကို ကြည့်ရှုနေကြသော မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ဝင်များ၏ သွေးမျိုးဆက်သည် တအိအိလှိုင်းထသွားသည်။

ရှေးဟောင်းစိတ်ဆန္ဒနှင့် ကောင်းကင်နှင့်မြေပြင်၏ ပြိုင်ဘက်ကင်း အစွမ်းသည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးထွက်လာသည်။

သူက ရွှမ်မီးလျှံ၏ လက်သီးကို လက်ဝါးဖြင့် တန်ပြန်တိုက်ခိုက်လိုက်သည်။

လက်သီးနှင့် လက်ဝါးသည် လေထဲမှာ ထိပ်တိုက်တွေ့ဆုံသွားကြသည်။

ရွှမ်မီးလျှံ၏ တစ်ကိုယ်လုံးသည် တုန်ယင်သွားသည်။ သူ၏ ခန္ဓာကိုယ်နှင့် အသိစိတ်က ပေါက်ကွဲသွားတော့မည့်ဟန် ရ၏။ ပြင်းထန်သော နာကျင်မှုသည် လှိုင်းလုံးများသဖွယ် သူ၏ စိတ်ထဲမှာ ဆက်တိုက် ထွက်ပေါ်လာသည်။ သူက သွေးအန်လိုက်ရသည်။ သူ၏ မျက်နှာက ဖြူဖျော့သွားပြီး သူ၏ မျက်လုံးထဲမှာ ဆန္ဒမရှိမှုက ထွက်ပေါ်လာသည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်က အနောက်သို့ အတင်းအကျပ် ပြန်ဆုတ်သွားရသည်။

သူတို့နှစ်ယောက်၏ တွေ့ဆုံမှုသည် ဟင်းလင်းပြင်ကို အလွှာတစ်လွှာပြီးတစ်လွှာ ပေါက်ကွဲသွားစေသည်။ နောက်ဆုံးမှာတော့ အာကာသတွင်းနက်တစ်ခု ထွက်ပေါ်လာပြီး မဟာလောကနှစ်ခုကို ဆွဲငင်လိုက်သည်။ ပြင်းထန်သော ဆွဲငင်အားကြောင့် မဟာလောကနှစ်ခုသည် တိမ်းစောင်းသွားကြသည်။

မရေမတွက်နိုင်သော မိုးကြိုးနဂါးများသည်လည်း ပရမ်းပတာ ရွေ့လျားနေကြပြီး ဘေးပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားကြသည်။ ၎င်းတို့က အရွယ်အစားကြီးမားသော မိုးကြိုးကွန်ချာတစ်ခုကို ဖန်တီးလိုက်ပြီး အရာအားလုံးကို ဖုံးလွှမ်းပစ်ရန် ကြိုးစားနေသည်။

သူတို့နှစ်ယောက်တွင် တစ်ယောက်မှာ ပြိုင်ဘက်ကင်းသော နတ်ဘုရားအတတ်ပညာရှိပြီး တခြားတစ်ယောက်မှာ အထွတ်အထိပ် ဂမ္ဘီရမှော်အစွမ်း ရှိသည်။ သူတို့နှစ်ယောက်၏ တိုက်ခိုက်မှုအောက်မှာ မဟာလောကနှစ်ခုသည် အရောင်မှေးမှိန်သွားကြသည်။

ထိုနေရာမှာ ထွက်ပေါ်နေသော စွမ်းအင်လှိုင်းများသည် ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူကိုပင် နှလုံးတုန်သွားစေရန် လုံလောက်သည်။

စွမ်းအင်မုန်တိုင်းထဲမှာ ရွှီချင်း၏ ပုံရိပ်သည် အင်မော်တယ်တစ်ပါး သို့မဟုတ် နတ်ဆိုးတစ်ပါးသဖွယ် အောက်မေ့ရသည်။ သူက မုန်တိုင်းထဲမှ ထွက်လျှောက်လာနေစဉ် သူ၏ ဆံပင်ရှည်က လေထဲမှာ တဖျပ်ဖျပ်လွင့်မျောသွားသည်။

သူက လမ်းလျှောက်နေစဉ် ထူးဆန်းသော အလင်းရောင်က သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။

ရွှမ်မီးလျှံ၏ နတ်ဘုရားအတတ်ပညာက သူ၏ ရှေးဟောင်းဂမ္ဘီရမှော်တာအိုထက် မနိမ့်ကျကြောင်း သူပြောနိုင်သည်။ သို့သော်လည်း တစ်ဖက်လူ၏ နတ်ဘုရားအတတ်ပညာသည် မပြည့်စုံပေ။

တစ်ဖက်မှာတော့ ရွှီချင်းက ရှေးဟောင်းဂမ္ဘီရမှော်တာအိုကို အပြည့်အဝ အမွေဆက်ခံနိုင်ခဲ့သည်။

တစ်ဖက်လူ၏ ကျင့်ကြံခြင်းအတတ်ပညာသည် အလွန်အမင်း အံ့ဖွယ်ကောင်းသည်။ သို့သော်လည်း ယင်းက ရုပ်ခန္ဓာကိုယ်ကိုသာ အထူးပြုသည်။ ဝိညာဉ်ကို အစွမ်းမတိုးမြှင့်ပေးနိုင်ပေ။

ရွှမ်မီးလျှံဆီမှာ ဝိညာဉ်စွမ်းအင် အလုံအလောက်မရှိခြင်း မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ရွှမ်မီးလျှံ၏ ဝိညာဉ်စွမ်းအင်သည် သူနှင့် ရွယ်တူကျင့်ကြံသူများထက် အများကြီး ပိုအားကောင်းသည်။ သို့သော်လည်း ဤနတ်ဘုရားအတတ်ပညာ၏ ရုပ်ခွန်အားတိုးမြှင့်ပေးမှုနှင့် နှိုင်းယှဉ်မည်ဆိုလျှင် သူ၏ ဝိညာဉ်က အားနည်းချက်တစ်ခု ဖြစ်လာသည်။

ရွှမ်မီးလျှံက ထိုအချက်ကြောင့် ရှုံးနိမ့်သွားခြင်း ဖြစ်သည်။

သို့သော်လည်း သူက ချောက်ချားစရာကောင်းနေဆဲပင်။

ဤကျင့်ကြံခြင်းအတတ်ကို မည်သည့်ကျင့်ကြံခြင်းအဆင့်မှာမဆို အသုံးပြုနိုင်သည်ဟု ရွှီချင်း ခံစားမိသည်။ ထို့ပြင် သူ၏ ကျင့်ကြံခြင်းအဆင့်က တိုးမြှင့်သွားသည့်အခါတိုင်း ထိုနတ်ဘုရားအတတ်ပညာ၏ စွမ်းအားက လိုက်ပါတိုးမြှင့်သွားလိမ့်မည်။ ဤသည်မှာ ထိုအတတ်ပညာတွင် အကန့်အသတ်မရှိဟန် ရ၏။

သို့သော်လည်း သူတို့၏ လက်ရှိကျင့်ကြံခြင်းအဆင့်တွင် မည်သည့်ပြစ်ချက်မှ မရှိရပေ။

ပြစ်ချက်တစ်ခုက ပြစ်ချက်ဖြစ်နေဆဲပင်။

သို့ဖြစ်၍ နောက်အခိုက်အတန့်မှာ အေးစက်စက် အငွေ့အသက်က ရွှီချင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ သူက ရွှမ်မီးလျှံဆီသို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ ဂမ္ဘီရမှော်ဝင်စစ်ချပ်ဝတ်သည် အလိုအလျောက် ကွာကျသွားပြီး အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်သွားသည်။

ဘိုးဘေးဂမ္ဘီရမှော်အသွင်သဏ္ဍာန်၏ စိတ်အာရုံသည်ပင် ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှာ သူ့ဘာသာ ပြိုကွဲသွားသည်။ နောက်တစ်စက္ကန့်မှာ ယင်းတို့က အနောက်ဆုတ်သွားနေသော ရွှမ်မီးလျှံ၏ ဦးခေါင်းပေါ်မှာ ပြန်ထွက်ပေါ်လာကြသည်။

ရွှမ်မီးလျှံ၏ အမူအရာသည် သိသာစွာ ပျက်ယွင်းသွားသည်။ ဘိုးဘေးဂမ္ဘီရမှော်အသွင်သဏ္ဍာန်၏ စိတ်အာရုံသည် ဒြပ်ထည်ဖြစ်ပေါ်လာပြီး သူ့အပေါ်သို့ ဖိနှိပ်လိုက်သည်။

ကျူးလီသည် ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာပြီး ဆက်တိုက် အနောက်ဆုတ်သွားနေသော ရွှမ်မီးလျှံကို ဝန်းရံလိုက်သည်။ သားရဲကိုးကောင်သည် ဝိညာဉ်ကို ပစ်မှတ်ထားသော အသံလှိုင်းတိုက်ခိုက်မှုကို တစ်ပြိုင်နက် ထုတ်လွှတ်လိုက်ကြသည်။ ၎င်းတို့က ဘိုးဘေးမှော်သခင်ကြီး၏ ဝိညာဉ်ဖိနှိပ်မှုကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။

ယင်းက ချုပ်နှောင်ခြင်းစွမ်းအားကို ဖြစ်ပေါ်စေသည်။

ရွှမ်မီးလျှံ၏ ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။ သူ့ကိုယ်ပိုင်အားနည်းချက်ကို သူသိသည်။ သို့သော်လည်း ရွှီချင်းက သူ၏ အားနည်းချက်ကို ထိုမျှမြန်ဆန်စွာ ရှာတွေ့သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ယင်းက သူ့ကို စိုးရိမ်ကြောက်လန့်စေသည်။ သူက ချုပ်နှောင်မှုမှ ရုန်းထွက်လိုက်စဉ် ရွှီချင်းက ညာလက်ကို မြှောက်လိုက်သည်။ ချက်ချင်းဆိုသလို လှိုင်းဂယက်များက ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ဤနေရာက ရေပြင်အဖြစ် ပြောင်းလဲသွားသည်။

ရေပြင်ပေါ်တွင် အရာအားလုံးက ပုံရိပ်ပြန်လာသည်။

ယင်းက ရေတွင်းထဲမှ လကို မျှားခြင်းဖြစ်သည်။

ထိုနတ်ဘုရားအတတ်ပညာသည် တစ်စုံတစ်ယောက်၏ ဝိညာဉ်ကို ပစ်မှတ်ထားနိုင်သည်။ ထိုနတ်ဘုရားအတတ်ပညာ ထွက်ပေါ်လာသည့်အခိုက် ဘိုးဘေးဂမ္ဘီရမှော်အသွင်သဏ္ဍာန်၏ စိတ်အာရုံက ယင်းကို ထပ်မံ အစွမ်းတိုးမြှင့်ပေးလိုက်သည်။

တစ်ချိန်တည်းမှာ ငရဲမီးအိမ်ခုနစ်ခုသည် ရွှီချင်း၏ အနောက်မှာ ထွက်ပေါ်လာကြသည်။ ဤသည်မှာ ဝိညာဉ်ကို ပစ်မှတ်ထားသော ငရဲမီးအိမ်ခုနစ်ခုကျိန်စာ ဖြစ်သည်။

တိုက်ပွဲအတွေ့အကြုံအရ ရွှီချင်းသည် ငယ်စဉ်ဘဝမှာသော်လည်းကောင်း သို့မဟုတ် ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းစဉ်မှာသော်လည်းကောင်း အမြဲတမ်း တခြားလူများကို ဆန့်ကျင့်တိုက်ခိုက်ခဲ့သည်။ သူက ကောင်းကင်အရွေးချယ်ခံများကိုသာမက နတ်ဘုရားများဖြင့်ပင် တိုက်ခိုက်ဖူးသည်။

မရေမတွက်နိုင်သော သေခြင်းရှင်ခြင်းအခြေအနေများကို တွေ့ကြုံပြီးနောက် သူ၏ တိုက်ပွဲအတွေ့အကြုံသည် အံ့ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိသွားသည်။

သူက ပြစ်ချက်တစ်ခုကို ရှာတွေ့သွားသည်နှင့် သူ့ရန်သူသည် သေခြင်းရှင်ခြင်းအခြေအနေသို့ ကျရောက်သွားလိမ့်မည်။

ဤအခိုက်အတန့်မှာ သူက ဝိညာဉ်ကို ပစ်မှတ်ထားသော နတ်ဘုရားအတတ်ပညာအားလုံးကို ထုတ်ဖော်လိုက်သည်။ ဝိညာဉ်ချည်မျှင်များဖြင့် ဖန်တီးထားသော မဟာလောကထဲတွင် နတ်ဘုရားအစွမ်းသုံးမျိုးက ပေါ်လျှိုးထွက်လာကြသည်။ ယင်းတို့က ခရမ်းလ၊ ကံကြမ္မာဆိုးနှင့် နတ်ဘုရားကျိန်စာ ဖြစ်သည်။

နတ်ဘုရားအခွင့်အာဏာသုံးမျိုးသည် ရွှီချင်း၏ အနောက်မှာ ထွက်ပေါ်လာကြသည်။

ဖြစ်နိုင်သည်မှာ သူက နတ်ဘုရားအခွင့်အာဏာကို အသုံးပြုရန် မလိုအပ်လောက်တော့ပေ။ သို့သော်လည်း ရွှီချင်းသည် သူ၏ ရန်သူကို အခွင့်အရေးသေးသေးလေးပင် ပေးတတ်သူ မဟုတ်ပေ။ ထို့ကြောင့် သူက ပြစ်ချက်တစ်ခုကို ရှာတွေ့သွားသည်နှင့်ချက်ချင်း အစွမ်းကုန်ထုတ်သုံး၍ တိုက်ခိုက်လိုက်လေသည်။

All Chapters