← Chapters

ငါက ဆက်ပြီး ပြိုင်ဘက်ကင်းနေမယ်(ခ)

Vol. 86 Ch. 1323

ငါက ဆက်ပြီး ပြိုင်ဘက်ကင်းနေမယ်(ခ)

Vol. 86 Ch. 1323

‘ အဲ့ဒါက ဒီအတတ်ပညာဖြစ်မယ် ’

‘ ဒီအတတ်ပညာက နတ်ဘုရားအတတ်ပညာနဲ့ အတော်လေး နီးကပ်တယ်… အဲ့ဒါက အတိတ်က လူကို ပြန်ခေါ်ဆောင်ပေးနိုင်တယ်… အဲ့ဒီလူ ထွက်ပေါ်လာတဲ့အခါမှာလည်း သူ့ရဲ့ ကျင့်ကြံခြင်းနဲ့ တိုက်ပွဲစွမ်းအားက အထွတ်အထိပ်မှာ ရှိနေလိမ့်မယ် ’

ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။ သူက ထိုနတ်ဘုရားအတတ်ပညာအကြောင်း စဉ်းစားနေစဉ် အလင်းစက်ကွင်းထဲမှ ထွက်လျှောက်လာသော ရွှမ်မီးလျှံသည် ရွှီချင်းကို စိုက်ကြည့်လိုက်ပြီး စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။

စောစောတုန်းက ဤနတ်ဘုရားအတတ်ပညာကို သူအသုံးပြုနေစဉ် ယင်းကို ပိုပြီးမြန်ဆန်စွာ ဆောင်ရွက်နိုင်သည်။ သို့သော်လည်း သူက တမင်ရည်ရွယ်ချက်ရှိရှိ နှေးကွေးစွာ ဆောင်ရွက်ခဲ့ပြီး ရွှီချင်း၏ တိုက်ခိုက်မှုကို စောင့်ဆိုင်းနေခဲ့သည်။

အကယ်၍ ရွှီချင်းသာ ထိုအချိန်မှာ တိုက်ခိုက်လာမည်ဆိုလျှင် သူက ထိုအခွင့်အရေးကို အသုံးပြု၍ ရွှီချင်းကို သူ၏ နတ်ဘုရားအတတ်ပညာထဲသို့ ဆွဲသွင်းပြီး ဖိနှိပ်နိုင်လိမ့်မည်။

ယင်းက တစ်ဖက်လူ၏ မှတ်ဉာဏ်များထဲမှ အကြောက်တရားအားလုံးကို ကိုယ်တွင်းမိစ္ဆာအဖြစ် ပြောင်းလဲပစ်လိမ့်မည်။ ထို့နောက် မိစ္ဆာမီးတောက်များက ထွက်ပေါ်လာပြီး ထိုလူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို လောင်ကျွမ်းပစ်လိမ့်မည်။

‘ စိတ်မကောင်းစရာပဲ… ငါက ရှေးဟောင်းကျမ်းစာရဲ့ မသေမျိုးကျမ်းစာအပိုင်းကိုပဲ အမွေဆက်ခံနိုင်ခဲ့တယ်… ရှေးဟောင်းကျမ်းစာရဲ့ တခြားတစ်ဝက်ဖြစ်တဲ့ အသက်ရှည်ကျမ်းစာက ပျောက်ဆုံးနေတယ် ’

‘ ပြီးတော့ မသေမျိုးကျမ်းစာကလည်း နည်းနည်း မပြည့်စုံဘူး… အဲ့ဒါကို တခြားအတတ်ပညာတွေနဲ့ ငါပြုပြင်မွမ်းမံခဲ့တယ်ဆိုပေမဲ့ ရှေးဟောင်းကျမ်းစာကို အသက်သွင်းလိုက်တဲ့အခါတိုင်း ပြစ်ချက်တချို့က ထွက်ပေါ်လာနေတုန်းပဲ ’

‘ ဒါပေမဲ့ ရွှီချင်းက ငါ့ရဲ့ အတိတ်ပြန်လည်မွေးဖွားခြင်းမန္တန်ကို မချိုးဖြတ်နိုင်သရွေ့ ဒီတိုက်ပွဲကို အနိုင်ရဖို့ ငါ့မှာ အခွင့်အရေး ရှိနေတုန်းပဲ ’

ထိုသို့တွေးမိသောအခါ တိုက်ပွဲစိတ်ဆန္ဒသည် ရွှမ်မီးလျှံ၏ မျက်လုံးထဲမှာ နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။ သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ညာလက်ကို မြှောက်လိုက်သည်။ ချက်ချင်းဆိုသလို သူ၏ လက်ထဲမှ သက်စောင့်ပုလဲက လင်းလက်တောက်ပလာပြီး စောစောတုန်းက အလင်းစက်ကွင်းနှင့် တစ်ပုံစံတည်းတူညီသော နောက်ထပ် အလင်းစက်ကွင်းဒါဇင်ခန့်က သူ၏ ဘေးပတ်ပတ်လည်မှာ ထွက်ပေါ်လာကြသည်။

ထိုနောက် ပုံရိပ်များစွာက ထိုအလင်းစက်ကွင်းများထဲမှ ခုန်ထွက်လာကြသည်။

သူတို့အားလုံးက ရွှမ်မီးလျှံများ ဖြစ်ကြသည်။

သူတို့၏ ကျင့်ကြံခြင်းအခြေခံနှင့် မူလခန္ဓာကိုယ်ကြားတွင် ကွာခြားမှုရှိသော်လည်း သူတို့က တစ်ယောက်နှင့်တစ်ယောက် အတွေးတစ်ချက်ဖြင့် လဲလှယ်နိုင်ပေသည်။ သို့ဖြစ်၍ သူတို့အားလုံး၏ ပူးပေါင်းတိုက်ခိုက်မှုက မည်မျှကြောက်စရာကောင်းမည်ဖြစ်ကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။

အတိတ်ပုံရိပ်များက ထွက်ပေါ်လာသည်နှင့် ရွှမ်မီးလျှံ၏ တိုက်ပွဲစိတ်ဆန္ဒက တစ်ဟုန်ထိုး မြင့်တတ်သွားပြီး အတိတ်ခန္ဓာကိုယ်များထံမှ အရှိန်အဝါများက ကောင်းကင်ပေါ်သို့ ပျံတတ်သွားကြသည်။ ထို့နောက် ရွှမ်မီးလျှံအားလုံးက ရွှီချင်းကို အရပ်မျက်နှာအဘက်ဘက်မှ ဝိုင်းရံတိုက်ခိုက်လိုက်ကြသည်။

ယခင်နှင့် နှိုင်းယှဉ်မည်ဆိုလျှင် ရွှမ်မီးလျှံသည် အားမနည်းသွားပေ။ အမှန်မှာ သူက ပိုပြီးသန်မာလာသည်။

ထူးဆန်းသော အလင်းရောင်က ရွှီချင်း၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး အရှေ့သို့ ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို ကံကြမ္မာဆိုးနတ်ဘုရားအခွင့်အာဏာမှ ဖြစ်ပေါ်လာသော ရွှေရောင်ချည်မျှင်သည် သူ၏ အနောက်မှ ပျောက်ကွယ်သွားပြီး ထူးဆန်းသော နည်းလမ်းဖြင့် ရွှမ်မီးလျှံ၏ ကံတရားပေါ်မှာ ပြန်ပေါ်လာသည်။

ကံကြမ္မာဆိုးစွမ်းအားသည် ရွှမ်မီးလျှံ၏ ကံတရားပေါ်သို့ ကျဆင်းသွားသည်။

စက္ကန့်ပိုင်းအတွင်းမှာ ကံကြမ္မာဆိုးစွမ်းအားက ပျံ့နှံ့သွားသည်။

ရွှမ်မီးလျှံ၏ အတိတ်ခန္ဓာကိုယ်အားလုံးသည် အမူအရာပျက်ယွင်းသွားကြသည်။ ရွှမ်မီးလျှံတချို့က ပျံသန်းနေကြစဉ် လေဟာနယ်အက်ကွဲကြောင်းတစ်ခုက သူတို့၏ အရှေ့မှာ ရုတ်တရက် ထွက်ပေါ်လာပြီး သူတို့ကို ဝါးမျိုလိုက်သည်။

တချို့သည် တောက်ပသော အလင်းရောင်ဖြင့် လွှမ်းခြုံခံလိုက်ရပြီး သူတို့၏ ကျင့်ကြံခြင်းအခြေခံက ဖရိုဖရဲဖြစ်သွားကြသည်။

တချို့သည် မတော်တဆမှုများဖြင့် တွေ့ဆုံသွားကြသည်။ သူတို့က နတ်ဘုရားအစွမ်းကို ထုတ်ဖော်လိုက်သည့်အခါတိုင်း တန်ပြန်ဆိုးကျိုးကို ခံစားရလိမ့်မည်။

နတ်ဘုရားစိတ်အာရုံ ဖရိုဖရဲဖြစ်သွားသော ရွှမ်မီးလျှံတချို့လည်း ရှိသည်။ မူလခန္ဓာကိုယ်နှင့် သူတို့ကြားမှ ဆက်သွယ်မှုသည် ကံကြမ္မာဆိုးစွမ်းအား၏ သက်ရောက်မှုအောက်မှာ နှောင့်ယှက်ခံလိုက်ရသည်။

မျက်လုံးနီရဲလာပြီး အချင်းချင်း ပြန်တိုက်ခိုက်နေသူများလည်း ရှိသည်။

ထူးဆန်းသော ထိုမြင်ကွင်းက ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူအားလုံး၏ နှလုံးသားထဲမှာ လှိုင်းလုံးများ ပေါ်ထွက်လာစေသည်။ အဆင့်မြင့်အရာရှိတချို့က တီးတိုးရေရွတ်လိုက်ကြသည်။

“ ကံကြမ္မာဆိုးစွမ်းအား ”

ရွှမ်မီးလျှံ၏ အမူအရာသည်လည်း ပျက်ယွင်းသွားသည်။ သို့သော်လည်း ယင်းကို စဉ်းစားနေရန် သူ့မှာ အချိန်မရှိကြောင်း သိသည်။ သို့ဖြစ်၍ သူက တိုက်ပွဲစိတ်ဆန္ဒကို ဆက်လက် ထိန်းသိမ်းလိုက်ပြီး ရွှီချင်းဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။

ရွှီချင်း၏ အကြည့်သည် အေးစက်နေသည်။ ဤတိုက်ပွဲအတွင်းမှာ သူက ရွှမ်မီးလျှံ၏ နတ်ဘုရားအတတ်ပညာအများအပြားကို မြင်တွေ့ခဲ့ရသော်လည်း ယင်းက သူလိုချင်သောအရာ မဟုတ်ပေ။ ဤတိုက်ပွဲကို မြန်နိုင်သမျှ မြန်မြန် အဆုံးသတ်ပစ်ချင်သော သူ၏ အတွေးသည် အစမှအဆုံးထိ မပြောင်းလဲသွားပေ။

တစ်ဖက်လူ၏ အားနည်းချက်က ဝိညာဉ်ဖြစ်မှတော့ သူက ဝိညာဉ်ကို နောက်တစ်ကြိမ် ထပ်ပစ်မှတ်ထားရလိမ့်မည်။

သို့ဖြစ်၍ ကံကြမ္မာဆိုးပြီးနောက် ရွှီချင်း၏ အနောက်မှ တားမြစ်အဆိပ်နတ်ဘုရားအခွင့်အာဏာသည် အနက်ရောင်အဆိပ်မြူခိုးအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားသည်။ မြူခိုးက ပျံ့နှံ့သွားသည့်အခါ ကမ္ဘာတုန်လှုပ်စေမည့် ဟိန်းသံတစ်သံက မြည်ဟိန်းထွက်လာသည်။

မင်ဖေး၏ ဧရာမပုံရိပ်ကို အဆိပ်မြူခိုးထဲမှာ ဝေဝေဝါးဝါး မြင်တွေ့နိုင်ပေသည်။ ၎င်းက လောကကို ဖျက်ဆီးပစ်ချင်နေသော နတ်ဘုရားတစ်ပါးနှင့် ဆင်တူသည်။

၎င်း၏ ဧရာမမျက်လုံးက ရွှီချင်းနှင့် ပေတစ်ထောင်အဝေးမှာရှိသော ရွှမ်မီးလျှံကို စိုက်ကြည့်လိုက်သည်။

နတ်ဘုရား၏ ညစ်ညမ်းမှုခြောက်မျိုးက ရုတ်တရက် ဆင်းသက်လာသည်။

“ ပထမညစ်ညမ်းမှု… မီးခိုးက နတ်ဘုရားမီးတောက်ထဲကနေ မြှောက်တတ်လာတယ်… အစက နတ်ဘုရားမီးတောက်ထဲမှာ မီးခိုးမရှိဘူး… မီးခိုးထဲမှာ ညစ်ညမ်းမှုတွေ ပါဝင်တယ် ”

ရွှီချင်း၏ အမိန့်ပေးသော စကားသံသည် မင်ဖေး၏ ပါးစပ်ထဲမှ မြည်ဟိန်းထွက်လာသည်။ စကြာဝဌာက ထိုအသံနှင့် ပေါင်းစပ်သွားသည့်အလား ယင်းက မဟာတာအို၏ အသံအဖြစ် ပြောင်းလဲသွားသည်။

ထိုအသံ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ရွှမ်မီးလျှံ၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ မရေမတွက်နိုင်သော အညစ်အကြေးများက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာကြပြီး အမည်းစက်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။

ထိုရုတ်တရက် အပြောင်းအလဲက သူ၏ ခန္ဓာကိုယ်ကို တုန်ယင်သွားစေသည်။

“ ဒုတိယညစ်ညမ်းမှု… အလိုရမ္မက်က နတ်ဘုရားဝိညာဉ်ထဲကနေ ထွက်ပေါ်လာတယ်… အစက နတ်ဘုရားဝိညာဉ်ထဲမှာ အလိုရမ္မက် မရှိဘူး… လိုအင်ဆန္ဒတွေက အနန္တအသိဉာဏ်ကို ဆုံးရှုံးစေတယ် ”

ရွှီချင်း၏ စကားသံက ကောင်းကင်ဘုံ၏ အသံပမာ အေးစက်နေသည်။ ရွှမ်မီးလျှံ၏ အမူအရာသည် သိသာစွာ ပျက်ယွင်းသွားသည်။ ဤအခိုက်အတန့်မှာ သူက သူ၏ နတ်ဘုရားစိတ်အာရုံနှင့် အာရုံခံစားမှုအားလုံးကို ဆုံးရှုံးသွားသည်။

“ တတိယညစ်ညမ်းမှု… ယိုယွင်းပျက်စီးမှုက နတ်ဘုရားခန္ဓာကိုယ်ထဲမှာ ဖြစ်ပေါ်လာတယ်… အစက နတ်ဘုရားခန္ဓာကိုယ်ထဲမှာ ယိုယွင်းပျက်စီးမှု မရှိဘူး… ယိုယွင်းပျက်စီးမှုက ထာဝရဖြစ်တည်မှုကို ဆုံးရှုံးစေတယ် ”

အမည်းစက်များက ပုပ်သိုးဆွေးမြေ့သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ရွှမ်မီးလျှံသည် လူရုပ်မပေါ်တော့သလို တစ္ဆေလည်း မဟုတ်တော့ပေ။ အသွေးအသားများက သူ၏ ခန္ဓာကိုယ်ပေါ်မှ တစ်ခုပြီးတစ်ခု ကွာကျသွားသည်။ အရိုးများပင် သူ၏ ခန္ဓာကိုယ်ပေါ်မှာ အထင်အရှား ထွက်ပေါ်လာသည်။

“ စတုတ္ထညစ်ညမ်းမှု… ဖုန်မှုန့်က နတ်ဘုရားရောင်ဝါပေါ်မှာ တွယ်ကပ်နေတယ်… အစက နတ်ဘုရားရောင်ဝါပေါ်မှာ ဖုန်မှုန့်မရှိဘူး… ဖုန်မှုန့်က ရောင်ဝါတောက်ပမှုကို ဖုံးကွယ်ပေးတယ် ”

ရွှမ်မီးလျှံ၏ တာအိုအခြေခံအုတ်မြစ်သည် ပြိုကွဲသွားသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံက မတည်မငြိမ်ဖြစ်လာသည့်အခါ သူက အော်ဟစ်ညည်းညူလိုက်သည်။

“ ပဉ္စမညစ်ညမ်းမှု… နတ်ဘုရားသဘာဝက ညစ်ညမ်းသွားတယ်… အစက နတ်ဘုရားသဘာဝမှာ ညစ်ညမ်းမှုမရှိဘူး… နတ်ဘုရားသဘာဝရဲ့ ညစ်ညမ်းမှုက အသိဉာဏ်ကင်းမဲ့စေတယ် ”

ဝိညာဉ်ကို အမြစ်ဖြတ်သုတ်သင်ပစ်နိုင်သော စွမ်းအားက ပေါ်လျှိုးလာသည်။

‘ ဆဌမညစ်ညမ်းမှု… ကျိန်စာက နတ်ဘုရားတစ်ပါးရဲ့ ဘဝမှာ မွေးဖွားလာတယ်…. အစက နတ်ဘုရားရဲ့ ဘဝမှာ ကျိန်စာမရှိဘူး… ကျိန်စာရဲ့ မွေးဖွားလာမှုက ဘဝကို ဖြတ်တောက်ပစ်ပြီး နတ်ဘုရားအရင်းအမြစ်ကို ငြိမ်းသတ်စေတယ် ’

သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူ၏ အသံက ကောင်းကင်ဘုံမိုးခြိမ်းသံသဖွယ် အရပ်ရှစ်မျက်နှာသို့ ပဲ့တင်ထပ်သွားလေရာ သူပြောလိုက်သော စကားလုံးတစ်လုံးစီက လောကကို တုန်လှုပ်သွားစေနိုင်ဟန် ရ၏။

နတ်ဘုရား၏ ဆဌမညစ်ညမ်းမှုသည် ဝမ်ကူးကုန်းမြေထဲမှာ ပထမဆုံးအကြိမ် ထွက်ပေါ်လာသည်။

နတ်ဘုရား၏ ညစ်ညမ်းမှုခြောက်မျိုးကြောင့် ရွှမ်မီးလျှံ၏ ခန္ဓာကိုယ်သည် ချက်ချင်း ဖျက်ဆီးခံလိုက်ရပြီး သူ၏ ဝိညာဉ်သည် ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။ ဘေးပတ်ဝန်းကျင်မှ ရွှမ်မီးလျှံ၏ အတိတ်ခန္ဓာကိုယ်အားလုံးသည်လည်း ရပ်တန့်သွားကြပြီး လွင့်ပြယ်သွားကြသည်။

ထိုအခိုက်အတန့်မှာ အချိန်စွမ်းအားက ထပ်မံ ပေါ်လျှိုးလာပြီး ပုံရိပ်ယောင်များက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။ ရွှမ်မီးလျှံက ထိုနတ်ဘုရားအတတ်ပညာအား နောက်တစ်ကြိမ် ထပ်အသုံးပြုတော့မည်ဖြစ်ကြောင်း မြင်သွားသောအခါ ရွှီချင်း၏ အမူအရာသည် အေးစက်သွားသည်။

သူက ထိုနတ်ဘုရားအတတ်ပညာအတွက် ဖြေရှင်းနည်းတစ်ခုကို စဉ်းစားနေခြင်းဖြစ်ပြီး အဖြေကို ရှာတွေ့သွားပြီ ဖြစ်သည်။

သူက ရွှမ်မီးလျှံ၏ ခန္ဓာကိုယ်များကို ထပ်ခါထပ်ခါ သတ်ပစ်နေရန် မလိုအပ်ပေ။ ယင်းအစား သူတို့အားလုံးကို တစ်ပြိုင်နက်တည်း သတ်ပစ်ရမည်။

သို့ဖြစ်၍ ဤအခိုက်အတန့်မှာ သူက ညာလက်ကို မြှောက်လိုက်ပြီး အောက်သို့ ဖိချလိုက်သည်။ ချက်ချင်းဆိုသလို သူ၏ အနောက်မှ ခရမ်းလနတ်ဘုရားအခွင့်အာဏာသည် လင်းလက်တောက်ပလာသည်။ နောက်အခိုက်အတန့်မှာ ခရမ်းလဂြိုလ်က ကောင်းကင်ပေါ်မှာ ဖွဲ့စည်းသွားပြီး ခရမ်းလရောင်ခြည်က အောက်သို့ ဖြာဆင်းကျလာသည်။ ယင်းက ရွှမ်မီးလျှံ၏ ပုံရိပ်ယောင်မြင်ကွင်းများနှင့် သူ၏ ကံတရားပေါ်သို့ ဆင်းသက်သွားသည်။

သို့ဖြစ်၍ ပုံရိပ်ယောင်မြင်ကွင်းများထဲတွင် ခရမ်းလရောင်ခြည်က ထွက်ပေါ်လာသည်။

လရောင်ခြည်သည် ရွှမ်မီးလျှံ၏ အတိတ်အားလုံးဖြင့် ပေါင်းစပ်သွားသည်။

လရောင်ခြည်မှတဆင့် ရွှမ်မီးလျှံနှင့်ပတ်သက်သော အရာအားလုံးက ရွှီချင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ သူက အရာအားလုံးနီးပါးကို သိရှိသွားသည်။

ရွှမ်မီးလျှံသည် ရုန်းကန်ချင်သည်။ ရွှီချင်းက ခေါင်းခါလိုက်သည်။ ဓားဟိန်းသံသည် သူ၏ ခန္ဓာကိုယ်ထဲမှ မြည်ဟိန်းထွက်လာသည်။ အေးစက်စက် အလင်းတန်းတစ်ခုသည် မိုးကောင်းကင်ကို နှစ်ပိုင်းဖြတ်တောက်ပစ်မည့် အရှိန်အဟုန်ကို သယ်ဆောင်လျက် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ တစ်ဟုန်ထိုး ပျံသန်းထွက်လာသည်။

ကောင်းကင်၏ အရောင်သည် ပြောင်းလဲသွားပြီး လောကတစ်ခုလုံး အဖြူရောင်အလင်းဖြင့် ထွန်းလင်းတောက်ပသွားသည်။

အေးစက်စက် အလင်းတန်းသည် ဓားပုံရိပ်တစ်ခု ဖြစ်သည်။

၎င်းက ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ဧကရာဇ်ဓားဖြစ်သည်။

ပေဖန်းအင်မော်တယ်အင်ပါယာ၏ ဝိညာဉ်သည် ဧကရာဇ်ဓားကို ဆုပ်ကိုင်ထားပြီး ဓားကို လျှို့ဝှက်ရတနာသိုက်အတွင်းမှာ ထိန်းချုပ်ထားသည်။ ၎င်းက ဧကရာဇ်ဓားကို လျှို့ဝှက်ရတနာသိုက်၏ အပြင်ဘက်မှာ ဒြပ်ထည်မဖွဲ့စည်းနိုင်သော်လည်း ဧကရာဇ်ဓား၏ ဓားပုံရိပ်များကိုတော့ ဖွဲ့စည်းနိုင်ပေသည်။

ခရမ်းလရောင်ခြည်၏ လမ်းညွှန်မှုအောက်မှာ ဧကရာဇ်ဓားပုံရိပ်က အောက်သို့ ခုတ်ပိုင်းလိုက်သည်။

ထိုဓားချက်သည် ပြန်လည်မွေးဖွားခြင်း၊ အတိတ်နှင့် ပစ္စုပ္ပန်ကို ဖျက်ဆီးပစ်နိုင်ဟန် ရ၏။

ရွှမ်မီးလျှံ၏ အတိတ်ခန္ဓာကိုယ်အားလုံးသည် ချက်ချင်း သွေးအန်လိုက်ကြရသည်။ သူတို့အားလုံး၏ အမူအရာက ဖရိုဖရဲဖြစ်သွားသည်။

လူအုပ်ကြီးသည် ဆူပူအုံကြွသွားသည်။ အဆင့်မြင့်အရာရှိများသည်ပင် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

သူတော်စင်နတ်ဆရာသုံးပါး၏ အကြည့်သည် ရုတ်တရက် လင်းလက်သွားသည်။ ထို့နောက် လူငယ်သူတော်စင်နတ်ဆရာသည် သူ၏ ထိုင်ခုံပေါ်မှ ပျောက်ကွယ်သွားပြီး ရွှမ်မီးလျှံ၏ ပုံရိပ်ယောင်အတိတ်မြင်ကွင်းများထဲမှာ ပြန်ပေါ်လာသည်။ သူက ဧကရာဇ်ဓား၏ နောက်ထပ် ဓားချက်များကို တားဆီးရန် ညာလက်ကို မြှောက်လိုက်သည်။

ရွှီချင်း၏ မျက်လုံးထဲမှာ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ တစ်ခဏကြာ တွေးတောပြီးနောက် သူက ညင်သာစွာ လက်ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို ကောင်းကင်ပေါ်မှ ဧကရာဇ်ဓားပုံရိပ်သည် ပျောက်ကွယ်သွားသည်။

ဓားပုံရိပ်က ရွှီချင်း၏ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်သွားသည့်အခါ လောကကြီးက ပုံမှန်ပြန်ဖြစ်သွားသည်။

ရွှီချင်းသည် တည်ငြိမ်စွာ လက်သီးဆုပ်လိုက်ပြီး လူငယ်သူတော်စင်နတ်ဆရာကို အရိုအသေပေးလိုက်သည်။ ထို့နောက် သူက လူတိုင်းကို လျစ်လျူရှုထားလိုက်ပြီး လူအုပ်ကြားထဲသို့ လျှောက်သွားကာ ခေါင်းဆောင်၏ ဘေးတွင် ရပ်လိုက်သည်။

ဤအခိုက်အတန့်မှာ ကောင်းကင်က ပုံမှန်ပြန်ဖြစ်သွားပြီး ရွှမ်မီးလျှံ၏ ပုံရိပ်ယောင်မြင်ကွင်းများထဲမှ ဓားပုံရိပ်များက ပျောက်ကွယ်သွားကြသည်။ ထို့နောက် ရွှမ်မီးလျှံ၏ နတ်ဘုရားအတတ်ပညာက ပြီးဆုံးသွားပြီး သူ၏ မူလခန္ဓာကိုယ်ကို ပြန်ဖွဲ့စည်းသွားသည်။ သူက နေရာမှာ တိတ်တဆိတ် ရပ်နေပြီး ရွှီချင်း၏ နောက်ကျောကို စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်သည်။

“ ငါရှုံးသွားပြီ… အနာဂတ်မှာ မင်းရဲ့ ကိုယ်စား ငါသေပါရစေ ”

ရွှမ်မီးလျှံသည် စကားပြောပြီးသည်နှင့် သူ၏ နဖူးကို ဖိချလိုက်သည်။ ထိုအခါ သူ၏ သွေးဝိညာဉ်ထဲမှ သွေးတစ်စက်သည် ရွှီချင်းဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။

ရွှီချင်းသည် သွေးစက်ကို ယူဆောင်လိုက်သည်။ သို့သော်လည်း သူက မည်သည့်စကားမှ မပြောပေ။

ရွှမ်မီးလျှံ၏ ဘေးမှ လူငယ်သူတော်စင်နတ်ဆရာသည် ရွှီချင်းကို လေးနက်စွာ စိုက်ကြည့်လိုက်ပြီး ပြောသည်။

“ အနန္တအသိဉာဏ်လား ”

ရွှီချင်းက ခေါင်းခါလိုက်သည်။

“ အနန္တအသိဉာဏ်မဟုတ်ဘူး… ကျုပ်က သူ့အကြောင်းအားလုံးကို သိထားရုံပါ ”

ထိုစကားများ ထွက်ပေါ်လာသည်နှင့် လူတိုင်းက နှုတ်ဆိတ်သွားကြသည်။

All Chapters