← Chapters

အရှင်လတ်လတ် ဝါးမျိုခံရခြင်း

Vol. 107 Ch. 1591

အရှင်လတ်လတ် ဝါးမျိုခံရခြင်း

Vol. 107 Ch. 1591

ခွန်မျိုးနွယ်မှ ပညာရှင်များသည် ရှောင်းယောင်၏ အမူအရာကို တွေ့မြင်သောအခါ.. သူတို့က အလိုလို တုန်လှုပ်သွားကြ၏။

ပေမင်မှာတုန်းက သူတို့၏ ဤဘိုးဘေးလေးသည် ထိုကဲ့သို့သော အမူအရာကို တစ်ကြိမ်ထုတ်ဖော်ပြသတိုင်း.. သူသည် တစ်စုံတစ်ယောက်ကို သေချာပေါက် အကွက်ချ ကြံစည်တော့မည် ဖြစ်၏။

ခွန်မျိုးနွယ်၏ ကလန်သားများစွာသည် ဤဘိုးဘေးလေး၏ လက်ထဲမှာ ကြီးမားစွာ ထိခိုက်ဆုံးရှုံးခဲ့ရလေသည်။

ခွန်မျိုးနွယ်မှ ပညာရှင်များသည် အကြည့်ချင်း ဖလှယ်ပြီး ဒသမ မင်းသားအတွက် တိတ်တဆိတ် သနားနေကာ ဘာမှဆက်မပြောကြတော့ပေ။

ရှောင်းယောင်သည် တစ်ဘက်သို့လှည့်ပြီး ဒသမ မင်းသားဆီသို့ ခြေလှမ်းအနည်းငယ် လျှောက်လှမ်းပြီးမှ ရပ်တန့်လိုက်လေသည်။

“ငါက အချိန်တိုတစ်ခုပဲ ကျင့်ကြံရသေးတယ်.. ငါက ငါ့ရဲ့ အကန့်အသတ်ကို တကယ်ပဲ မသိဘူး.. ငါတို့တွေက ဒီလက်ရည်စမ်းပွဲကို ပယ်ဖျက်လိုက်ရင် ကောင်းလိမ့်မယ်လို့ ထင်တယ်.. တစ်ယောက်ယောက် ထိခိုက်ဒဏ်ရာရသွားရင် ငါတို့ရဲ့ ဆက်ဆံရေးက ပျက်ပြားသွားလိမ့်မယ်”

ကိစ္စများက ဒီအခြေအနေထိ ရောက်ရှိလာပြီးမှ ဒသမ မင်းသားသည် ရှောင်းယောင်ကို အလွယ်တကူ လွှတ်ပေးစရာ အကြောင်းမရှိပေ။

ဒသမ မင်းသားက အလောတကြီး ပြောလိုက်၏။

“ရပါတယ်.. မင်းရဲ့ နည်းလမ်းတွေ အားလုံးကို အသုံးပြုလိုက်… ဘာမှ ထိန်ချန်နေစရာ မလိုဘူး.. ငါ့ကို ထိခိုက်ဒဏ်ရာရတာ မပြောနဲ့.. မင်းက ငါ့ကို သတ်မိမယ်ဆိုရင်တောင်မှ အဲဒါက မင်းမှာ အစွမ်းအစရှိလို့ပဲ”

“အဲ့လိုဆိုရင်တော့..”

ရှောင်းယောင်က ခေါင်းညိတ်လိုက်၏။

“အဲဒါဆိုလည်း စလိုက်ကြတာပေါ့”

ရှောင်းယောင်သည် ခိုင်မာစွာ ရပ်၍ သူ၏ လက်သီးနှစ်ဖက်ကို ဆုပ်ကာ အချိန်မရွေး တိုက်ခိုက်ဖို့အတွက် အသင့်အနေအထားဖြင့် ဒသမ မင်းသားကို ကြည့်နေ၏။

ဒသမ မင်းသားက ခွန်မျိုးနွယ်မှ လူတိုင်းကို ကြည့်​ပြီး ရုတ်တရက် ပြောလိုက်၏။

“ကျုပ်တို့ ညီအစ်ကိုချင်း လက်ရည်စမ်းတဲ့အခါ.. အပြင်လူတွေ ဝင်ပါမလာဖို့ အရင်ဆုံး သဘောတူထားကြရအောင်”

“မပူပါနဲ့.. ငါတို့ ဝင်ပါမှာ မဟုတ်ဘူး”

ခွန်မျိုးနွယ်မှ ပညာရှင်များစွာက ခေါင်းညိတ်၍ ဒသမ မင်းသားကို ထူးဆန်းသော အကြည့်များနှင့်အတူ ကြည့်လိုက်ကြ၏။

အစကတော့ မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီနှင့် အခြားသူများသည် ဤသေးငယ်သော ကြားဖြတ်ဖျော်ဖြေပွဲကို စိတ်ထဲမှာ သိပ်ထည့်မထားကြပေ။ ခွန်မျိုးနွယ်က အထီးကျန်သိုင်းသခင်ကို ဘာကြောင့် ကူညီလာသလဲ သူတို့က စဉ်းစားတွေးတောနေကြဆဲဖြစ်၏။

သို့သော်လည်း ဘာကြောင့်ရယ်မသိ.. ခွန်မျိုးနွယ်မှ ပညာရှင်များ၏ တုံ့ပြန်ပုံကို တွေ့မြင်သောအခါ.. မျိုးနွယ်စုခေါင်းဆောင် ကျင်းယန်သည် တစ်စုံတစ်ရာ လွဲမှားနေသည်ကို ခံစားမိသွားသည့်အလား.. ရုတ်တရက် မျက်မှောင်ကြုတ်လိုက်၏။

“ခွန်မျိုးနွယ်က ဒီကောင်လေးက ကျားတစ်ကောင်ကို စားဖို့ ကစားနေတဲ့ ဝက်တစ်ကောင်များ ဖြစ်နေမလား”

မျိုးနွယ်စုခေါင်းဆောင် ကျင်းယန်၏ အကြည့်က ရှောင်းယောင်ပေါ်သို့ နောက်တစ်ဖန် ဆင်းသက်သွား၏။

ဘာပဲပြောပြော.. လုံလောက်သည့် ထူးချွန်ထက်မြက်မှု မရှိဘဲ မည်သူကမှ ကမ္ဘာဦးမျိုးနွယ်များ၏ သခင်လေးတစ်ယောက် ဖြစ်လာလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း.. သူ၏ အကြည့်နှင့် စိတ်ဝိညာဉ်အသိစိတ်နှင့်အတူ အကြိမ်ရေ အနည်းငယ် စစ်ဆေးကြည့်ပြီးတာတောင် သူက ဘာမှမတွေ့ရပေ။

ခွန်မျိုးနွယ်၏ အနက်ရောင်ဝတ် လူငယ်သည် တကယ်ပင် ဓမ္မဝိသေသအဆင့်မှာသာ ရှိပြီး သူတို့ထံမှ မည်သည့်အရာကိုမှ ဖုံးကွယ်မထားပေ။

“ငါ အတွေးလွန်နေတာပဲ ဖြစ်မှာပါ”

မျိုးနွယ်စုခေါင်းဆောင် ကျင်းယန်က သူ၏ ခေါင်းကို ခါယမ်းပြီး ဆက်လက်၍ မစဉ်းစားတော့ပေ။

ဒါ့အပြင်.. ခွန်မျိုးနွယ်မှ ဤသားပေါက်လေးက အစွမ်းအစရှိမည်ဆိုလျှင်တောင် သူသည် ရွှေကျီးကန်းမျိုးနွယ်မှ မင်းသားတစ်ပါးကို ခြိမ်းခြောက်နိုင်လိမ့်မည် မဟုတ်ပေ။

တိုက်ပွဲနယ်မြေတွင်…

ဒသမ မင်းသားက သရော်ပြုံးပြုံးပြီး ရှောင်းယောင်ရှိရာသို့ ဖြည်းဖြည်းချင်း​ လျှောက်လှမ်းလာ၏။

တကယ်ဆို သူသည် ပေါင်းစည်းခန္ဓာအဆင့်၏ သူ၏ အော်ရာနှင့် ခွန်အားကို ထုတ်ဖော်ခြင်း မရှိဘဲ ညင်သာစွာ ပြောလိုက်၏။

“ခွန်မျိုးနွယ်က ညီအစ်ကိုလေး.. ဘာမှကြောက်မနေနဲ့.. စိတ်ကိုလျှော့ထား… စိတ်ကိုလျှော့”

ရှောင်းယောင်သည် မည်သည့်လှုပ်ရှားမှုမှ မရှိဘဲ ဒသမ မင်းသားကို မမှိတ်မသုန် စိုက်ကြည့်နေ၏။

ရုတ်တရက်ဆိုသလို…

ဒသမ မင်းသားသည် အနည်းငယ် ယိမ်းနွဲ့၍ ရွှေရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာ နေရာကနေ ပျောက်ကွယ်သွား၏။

အဲဒါက အရမ်းကို မြန်ဆန်၏။

ဒသမ မင်းသားက သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲခြင်း မရှိဘဲ ဓမ္မဝိသေသအဆင့်၏ စွမ်းအားကို ထုတ်ဖော်လိုက်ရုံမျှသာ ဖြစ်သည်ဆိုလျှင်တောင် သူ၏ လှုပ်ရှားမှု နည်းစနစ် အလျင်အဟုန်သည် မည်သည့် ဓမ္မဝိသေသ တာအိုအရှင်များထက်မဆို.. များစွာပိုမိုမြန်ဆန်လေသည်။

ရှောင်းယောင်၏ မျက်လုံးက ပြူးကျယ်သွား​ပြီး သူသည် အချိန်မီ မတုံ့ပြန်နိုင်သည့်အလား.. ဒသမ မင်းသား ပျောက်ကွယ်သွားသည့် နေရာကို ငေးငိုင်ကာ ကြည့်ရှုနေ၏။

“အား…”

မျိုးနွယ်စုခေါင်းဆောင် ဝူဟွား၏ မျက်လုံးများက မှေးမှိန်သွားပြီး သူက သက်ပြင်းချကာ သူ့ဘာသာသူ တွေးလိုက်၏။

“ခွန်မျိုးနွယ်က ဘာတွေလျှောက်လုပ်နေတာလဲ.. သူတို့က ဘာမှမဟုတ်ဘဲနဲ့ ဒီကောင်လေးကို အသေခံခိုင်းတာလား”

“ပြီးသွားပြီ”

စိတ်ဝိညာဉ်ကျားက သူ၏ ပေါင်ကို လက်ဖြင့် ပုတ်လိုက်၏။

“တစ်ချက်ကြည့်လိုက်ရုံနဲ့ ဒီကောင်လေးက တိုက်ပွဲအတွေ့အကြုံ လုံးဝမရှိဘူးဆိုတာ ငါပြောနိုင်တယ်.. သူ့ရဲ့ အတွေ့အကြုံ နုနယ်မှုက သူ့ကို ကြီးကြီးမားမား ပျက်စီးထိခိုက်စေလိမ့်မယ်”

“မဟုတ်လောက်ပါဘူး”

ရုတ်တရက်.. ညဝိညာဉ်က ပြောလိုက်၏။

ထိုစဉ်မှာပင်.. ဒသမ မင်းသားသည် ရှောင်းယောင်၏​ နောက်မှာ ပေါ်ထွက်လာခဲ့ပြီဖြစ်ပြီး ကြောက်မက်ဖွယ်ရာကောင်းသော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်၏။ သူက သူ၏လက်ကို ဆန့်ထုတ်ပြီး ရှောင်းယောင်၏ လည်ပင်းကို ဖမ်းဆွဲလိုက်လေသည်။

ရုတ်တရက်ဆိုသလို…

ပိန်ပိန်ပါးပါး ပုံစံနှင့် ရှောင်းယောင်၏ သွေးချီက တလိပ်လိပ်တက်လာပြီး ဒေါသူပုန်ထနေသော ဒီရေလှိုင်းများသည် ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုနှင့်အတူ ရုန်းကန်ထွက်ပေါ်လာသည့်အလား ချက်ချင်းပင် ပေါက်ကွဲထွက်ပေါ်လာ၏။

ရှောင်းယောင်သည် တစ်ဘက်သို့လှည့်ပြီး သူ၏ မူလဦးခေါင်းက ပျောက်ကွယ်သွားလေသည်။ ၎င်း၏ နေရာမှာ လောကတစ်ခုလုံးကို ဝါးမျိုပစ်ချင်နေသကဲ့သို့ အလွန်ကြီးမားသည့် ပါးစပ်တစ်ခုနှင့်အတူ ဧရာမ တောကောင်တစ်ကောင်၏ ကြောက်မက်ဖွယ်ရာ ဦးခေါင်းတစ်လုံးက ပေါ်ထွက်လာခဲ့၏။

ဧရာ​မ ဦးခေါင်းသည် ခွန်မျိုးနွယ်နှင့် အတိအကျ တူညီသည့်ပုံပေါ်လေသည်။

ဒသမ မင်းသားသည် သူ၏ မျက်နှာထံသို့ သွေးရနံ့တစ်ခု ရိုက်ခတ်လာသည်ဟု ခံစားရပြီး သူ၏ အမြင်အာရုံက မှောင်မည်းသွား၏။ သူ၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွားပြီး သူ၏ နှလုံးခုန်နှုန်းက ရပ်တန့်သွားလေသည်။

ဧရာမ တောကောင်ဦးခေါင်းထံမှ ထွက်ပေါ်လာသော အော်ရာက သူ့ကို တုန်လှုပ်ချောက်ချားစေလေသည်။

အဲဒါသည် မျိုးဆက်သွေးကနေ ဖိနှိမ်ခြင်းဖြစ်လေသည်။

အဲဒါသည် သူ့ဝိညာဉ်၏ အနက်ပိုင်းထဲကနေ လာသော အကြောက်တရားတစ်ခုက ရုန်းကန်ထွက်ပေါ်လာခဲ့၏။

ဒသမ မင်းသားသည် တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ.. သူ၏ ကတိကဝတ်ကိုလည်း ဆက်လက်၍ ဂရုမစိုက်နိုင်တော့ဘဲ.. သူ၏ ပေါင်းစည်းခန္ဓာအဆင့် သွေးချီကို ထုတ်ဖော်ကာ နောက်သို့ ဆုတ်ခွာချင်လေသည်။

သို့သော်လည်း.. ဧရာမ တောကောင်၏ ပါးစပ်ထံမှ အလွန်တရာ ကြောက်စရာကောင်းသော စုပ်ယူစွမ်းအားတစ်ခုက ရုန်းကန်ထွက်ပေါ်လာသည်ကို ရုတ်တရက် သူက ခံစားလိုက်ရ၏။

သူသည် နေရာမှာပင် အေးခဲရပ်တန့်သွားပြီး ချက်ချင်း ထွက်မပြေးနိုင်ပေ။

နောက်ခဏ၌.. အမှောင်ထုက ဆင်းသက်လာခဲ့၏။

ဧရာမ တောကောင်၏ ပါးစပ်က ချဉ်းကပ်လာခဲ့လေပြီ။

ဂျွတ်…

ကျယ်လောင်သော ထိုအသံကို ကြားသောအခါ.. မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအားလုံး၏ မျက်ရစ်များက တဆတ်ဆတ် လှုပ်သွားကြ၏။

သူတို့သည် ငေးငိုင်မှင်တက်ကာ စောင့်ကြည့်နေရကြရင်း.. သူတို့၏ မျက်နှာများ အားလုံးက ဖြူဖပ်ဖြူလျော်ဖြစ်ကာ ပါးစပ်အဟောင်းသား ဖြစ်လာကြ၏။ သူတို့သည် လုံးဝ ကြက်သေသေသွားကြလေသည်။

တစ်ခဏချင်းမှာပင်.. ဧရာမ တောကောင်၏ ဦးခေါင်းက ပျောက်ကွယ်သွားပြီး ချောမောလှပသော လူငယ်လေး၏ မျက်နှာက လူတိုင်း၏ မြင်ကွင်းမှာ ပြန်လည်ပေါ်ထွက်လာ၏။

ရှောင်းယောင်သည် သူ၏ နှုတ်ခမ်းကို လျှာဖြင့်သပ်ပြီး သူ့နှုတ်ခမ်းထောင့်ကနေ စီးကျနေသော သွေးများကို သုတ်ကာ တီးတိုးရေရွတ်လိုက်၏။

“သူ့အသားကို စားရတာကလည်း တကယ့်ကို သာမန်ပါပဲ.. အရင်ဆုံး သူ့ကို မီးကင်ပြီး ချက်လိုက်ရင်တော့ ပိုကောင်းမယ် ထင်တယ်”

လူအုပ်ကြီးသည် ချက်ချင်းပင် ပေါက်ကွဲထွက်ကာ အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြ၏။

ထိုအခိုက်အတန့်မှသာလျှင်… ရွှေကျီးကန်း ဒသမ မင်းသားသည် အနက်ရောင်ဝတ် လူငယ်၏ အရှင်လတ်လတ် ဝါးမျိုခြင်းခံလိုက်ရပြီကို မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများက နားလည်သွားကြ၏။

စိတ်ဝိညာဉ်ကျားသည် တုန်လှုပ်မှုဖြင့် ဆွံ့အသွားပြီး ညဝိညာဉ်ကို လှည့်ကြည့်လိုက်၏။

“နံပါတ်ငါး.. မင်းက တော်တော်မိုက်တာပဲ.. မင်း အဲဒါကို ဘယ်လိုတောင် ပြောနိုင်တာလဲ”

ညဝိညာဉ်က မှင်သေသေဖြင့် ပြန်ဖြေလိုက်၏။

“ဒသမ မင်းသားရဲ့ တတိယခြေထောက်က ကြေမွထားပြီး သူ့ရဲ့ ကျင့်ကြံမှုကလည်း ပျက်စီးထိခိုက်ထားတယ်.. သူက သူ့ရန်သူကို အထင်သေးမိမှတော့ သူက အခုလိုမျိုး သေရမှာပဲ”

စိတ်ဝိညာဉ်ကျားက ရှုံ့မဲ့၍ တီးတိုးရေရွတ်လိုက်၏။

“ဒါပေမဲ့ အဲ့လိုဆိုရင်တောင်.. အဲဒီကောင်လေးက သေလောက်အောင်ကို သန်မာနေပြီပဲ.. ဟုတ်တယ်မလား”

တကယ်တော့ ညဝိညာဉ် ဖော်မပြခဲ့သည့် နောက်ထပ် အကြောင်းပြချက်တစ်ခု ရှိလေသည်။

ရှောင်းယောင်သည် သာမန် ခွန်မျိုးနွယ်သက်ရှိတစ်ယောက်သာဆိုလျှင် သူသည် ဒသမ မင်းသားကို စောစောက သူ၏ သွေးချီကို ထုတ်ဖော်ပြီး ထွက်ပြေးခြင်းကနေ တားဆီးနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ရှောင်းယောင်က ခွန်ဖန်း ဖြစ်လေသည်။

အဆုံးစွန် ယင်နှင့်ယန် စွမ်းအားများ၏ ယှက်ဖြာခြင်းကနေ ထွက်ပေါ်လာသော ဝါးမျိုခြင်း စွမ်းအားသည် ပေါင်းစည်းခန္ဓာအဆင့် ဒသမ မင်းသားပင်လျှင် ချက်ချင်းပင် ရုန်းမထွက်နိုင်သည့် တစ်စုံတစ်ရာ ဖြစ်လေသည်။

ထို တဒင်္ဂငေးငိုင်မှုက သူ့ကို ရှောင်းယောင်၏ အရှင်လတ်လတ် ဝါးမျိုခြင်းကို ခံလိုက်ရစေ၏။

သူ၏ အမြုတေစိတ်ဝိညာဉ်ကပင် ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိဘဲ ပကတိ ချေမှုန်းဖျက်ဆီးခံလိုက်ရ၏။

“ဒီကလေးက အရမ်းကို ရက်စက်ကြမ်းတမ်းတာပဲ”

“ရွှေကျီးကန်း ဒသမ မင်းသားက သူနဲ့ လက်ရည်စမ်းချင်ရုံပဲ.. ဒါပေမဲ့ သူက အဲဒီကလေးရဲ့ စားသောက်တာကို ခံလိုက်ရတယ်”

“ဒသမ မင်းသားက တော်တော်ကို နမော်နမဲ့နိုင်တာပဲ… သူက မကျေမချမ်းနဲ့ သေဆုံးသွားရမှာပဲ”

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများက ဆွေးနွေးပြောဆိုလိုက်ကြ၏။

ရှောင်းယောင်သည် မွေးဖွားပေါ်ထွက်လာကာစဖြစ်ပြီး အရမ်းကို ငယ်ရွယ်သေးလေသည်။ သူသည် ခွန်ဖန်းတစ်ကောင်၏ ပကတိသွင်ပြင်ကိုပင် မယူနိုင်သေးဘဲ သူသည် ခွန်မျိုးနွယ်နှင့် မကွာခြားသည့် ဦးခေါင်းတစ်လုံးကိုသာ စုဖွဲ့နိုင်သေးလေသည်။

ဥပမာအားဖြင့်.. ညဝိညာဉ်သည်လည်း ငယ်ရွယ်စဉ်က အနက်ရောင် ခွေးတစ်ကောင်နှင့် တူခဲ့လေသည်။

အဲဒါကြောင့် ကမ္ဘာဦးမျိုးနွယ်၏ မည်သည့် မျိုးနွယ်စုခေါင်းဆောင်ကမှ ရှောင်းယောင်၏ အစစ်အမှန် သရုပ်သကန်ကို သတိမထားမိကြပေ။

မျိုးနွယ်စုခေါင်းဆောင် ကျင်းယန်က သုန်မှုန်နေသော အမူအရာနှင့်အတူ ရှောင်းယောင်ကို မမှိတ်မသုန် စိုက်ကြည့်​နေ၏။

ဒသမ မင်းသား သေဆုံးသွားရခြင်းက ဘာမှပြောပလောက်စရာ မဟုတ်ပေ။

သို့သော်လည်း.. ရှောင်းယောင်သည် သူ၏ ဧရာမ တောကောင်ဦးခေါင်းကို ထုတ်ဖော်ခဲ့သည့်အခါ.. အဲဒီမှာ သူ့ကိုပင် ကြောက်ရွံ့စေသည့် အလွန်တရာ ရှေးကျသော အော်ရာတစ်ခုက ထွက်ပေါ်လာခဲ့၏။

“ဟုတ်များဟုတ်နေမလား”

မျိုးနွယ်စုခေါင်းဆောင် ကျင်းယန်က ဖြစ်နိုင်ခြေတစ်ခုကို တွေးမိလိုက်သော်လည်း ချက်ချင်းပင် ပယ်ချလိုက်၏။

“မဖြစ်နိုင်ဘူး.. ဘယ်လိုမှ မဖြစ်နိုင်ဘူး”

All Chapters