မင်္ဂလာရှိသော အတိတ်နမိတ်
Vol. 107 Ch. 1593
ယင်လန်သည် အမှန်တကယ်ပင် ဒေါသထွက်နေ၏။
ရှောင်းယောင်က သာမန်ခွန်မျိုးနွယ်သက်ရှိတစ်ယောက်သာဆိုလျှင် အဲ့ဒါက ဘာမှပြောပလောက်စရာ မဟုတ်ပေ။
သို့သော်လည်း ရှောင်းယောင်၏ အစစ်အမှန်ပုံစံသည် တဗူးခွန်ဖန်းဖြစ်ပြီး သူတစ်ခုခုဖြစ်မည်ကို စိုးရိမ်ပူပန်သည့်အတွက် ခွန်မျိုးနွယ်တစ်ခုလုံးက သူ့ကို အရိပ်တကြည့်ကြည့်စောင့်ကြည့်နေကြ၏။
မျိုးနွယ်စုခေါင်းဆောင် ကျင်းယန်က ရှောင်းယောင်ကို အမှန်တကယ် ထိခိုက်ဒဏ်ရာရရှိစေခဲ့မည်ဆိုရင် ထိုသူကို သတ်ဖြတ်လိုက်မည်ဆိုလျှင်တောင် အခြေအနေကိုအဖတ်ဆယ်ဖို့ လုံလောက်လိမ့်မည် မဟုတ်ပေ။
ဒါ့အပြင် မျိုးနွယ်စုခေါင်းဆောင် ကျင်းယန်သည် ဘိုးဘေးအဆင့် ပညာရှင်တစ်ယောက်ဖြစ်၏။ သူသည် ဓမ္မဝိသေသတယအိုအရှင်တစ်ယောက်ကို ကိုယ်တိုင်တိုက်ခိုက်လာသည့်အချက်က ယင်လန်ကို ဒေါသလုံးလုံးထွက်သွားစေ၏။
မျိုးနွယ်စုခေါင်းဆောင် ကျင်းယန်၏ အမူအရာကလည်း လုံးဝညိုမည်းသွား၏။
သူတို့၏ ကျင့်ကြံမှုအဆင့်များက တူညီသော်လည်း လူတိုင်း၏ ရှေ့မှောက်မှာ ဆူပူအော်ငေါက်ခံရပြီးနောက် သူက အဲ့ဒါကို ဆက်လက်၍ သည်းမခံနိုင်တော့ပေ။
“ကဲ... တော်လောက်ပြီ”
မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီက မတ်တတ်ထရပ်ပြီး ကိစ္စများကို ပြေလည်သွားစေဖို့ အပြုံးတစ်ခုနှင့်အတူ ကြိုးစားလိုက်၏။
“အားလုံးပဲ... ခြေတစ်လှမ်းစီ နောက်ဆုတ်လိုက်ကြရအောင်... ရွှေကျီးကန်းဒသမမင်းသားက သေဆုံးသွားတဲ့အတွက် ကျင်းယန်က အခုချိန်မှာ အရမ်းကိုဒေါသထွက်နေတယ်ဆိုတာ နားလည်လက်ခံလို့ရလောက်ပါတယ်”
“ယင်လန်... ငါတို့တွေက ကမ္ဘာဦးမျိုးနွယ် ၉ စုဝင်တွေပဲ... ငါတို့က ချက်ချင်းလက်ငင်း ထပြီးတိုက်ခိုက်နေကြစရာ မလိုပါဘူး”
ယခု မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီက ရှေ့သို့ ထွက်ရပ်လာသောအခါ... မျိုးနွယ်စုခေါင်းဆောင် ကျင်းယန်သည် အလိုမကျလျှင်တောင် သူက ယင်လန်နှင့်အတူ ဆက်လက်၍ အတိုက်အခံ့ပြုလုပ်ခြင်း မရှိတော့ပေ။
ပို၍အရေးကြီးသည်မှာ သူက ယင်လန်ကိုတိုက်ခိုက်ရာမှာ အနိုင်မရနိုင်ပေ။
ခွန်မျိုးနွယ်၏ သွေးချီက အရမ်းကို သန်မာပြီး သမုဒ္ဒရာတစ်စင်းကဲ့သို့ ပေါကြွယ်ဝလေသည်။
နတ်ဘုရားမျိုးနွယ်ကသာလျှင် သူတို့ကို ယှဥ်နိုင်ပေလိမ့်မည်။
မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီက စကားလမ်းကြောင်းပြောင်းလိုက်၏။
“ဒါပေမဲ့... ခွန်မျိုးနွယ်က မင်းတို့ရဲ့သခင်လေးက အရမ်းကို ငယ်ရွယ်ပြီးတော့... ကျင့်ကြံရေးလောကနဲ့ပတ်သက်ပြီး ဘာမှမသိနားမလည်လောက်ဘူး”
“အထီးကျန်သိုင်းသခင်က ငါတို့ကမ္ဘာဦးမျိုးနွယ် ၆ စုရဲ့ မဟာရန်သူတော်တစ်ယောက်ပဲ... ငါတို့ ကမ္ဘာဦးမျိုးနွယ် ၆ စုက အတူပူးပေါင်းပြီး သတ်ဖြတ်ခြင်း တံဆိပ်ပြားတွေကို ထုတ်ပြန်ခဲ့ကြတယ်... သူက ငါတို့သတ်ကိုသတ်ရမယ့်လူတစ်ယောက်ပဲ”
“ခွန်မျိုးနွယ်က မင်းတို့ရဲ့သခင်လေးက သူ့ကိုကာကွယ်ပေးချင်တယ်ဆိုရင် တကယ်ပဲ ကျိုးကြောင်းဆီလျော်မှုမရှိဘူး... ယင်လန် မင်းက အချိန်မီရောက်လာတာပဲ... သူ့ကိုပြန်ခေါ်သွားပြီး ဆုံးမပေးလိုက်ဦး”
ယင်လန်က အမူအရာကင်းမဲ့နေပြီး မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီပြောပြီးသွားသောအခါ သူမက ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။
“ရှင်တို့တွေက အထီးကျန်သိုင်းသခင်ကို သတ်လို့မရဘူး... ရှောင်းယောင်ရဲ့စိတ်သဘာထားက ခွန်မျိုးနွယ်ကို ကိုယ်စားပြုတယ်”
“ဟမ်...”
မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီက သူ၏ မျက်လုံးကို မှေးကျဥ်းလိုက်၏။
သူသည် ပဋိပက္ခတစ်ခု မဖြစ်လိုသည့်အကြောင်းရင်းမှာ သူက သူတို့ကို စည်းရုံးသိမ်းသွင်းလိုသောကြောင့်ဖြစ်၏။
ယခု... ခွန်မျိုးနွယ်သည် လိမ္မာပါးနပ်မှုမရှိစွာဖြင့် အထီးကျန်သိုင်းသခင်၏ ဘက်ကနေ ရပ်တည်လာခဲ့လေပြီ။
ကမ္ဘာဦးမျိုးနွယ်များ၏ အခြားသော မျိုးနွယ်စုခေါင်းဆောင် လေးယောက်ကလည်း ရန်လိုခက်ထန်သောအမူအရာများ ထုတ်ဖော်လာကြ၏။
“ခွန်မျိုးနွယ်က ကမ္ဘာဦးမျိုးနွယ် ၆စုနဲ့ ရန်သူတွေဖြစ်လာဖို့ တကယ်ပဲလိုချင်တာလား”
မျိုးနွယ်စုခေါင်းဆောင် ဝူထန်က အေးစက်စွာမေးလိုက်၏။
“ရှင်တို့က... ကိစ္စတွေကို အရမ်းတွေချဲ့ကားပြီး ပြောနေကြတာပဲ”
ခွန်မျိုးနွယ်က အထီးကျန်သိုင်းသခင်ကို ကာကွယ်ပေးချင်ရုံပဲ... တခြားသူတွေရဲ့ကိစ္စမှာတော့ ခွန်မျိုးနွယ်က ဝင်ပါမှာမဟုတ်ဘူး”
“ဟီးဟီး...”
မျိုးနွယ်စုခေါင်းဆောင် စန်းမင်က ပြုံးလိုက်ပြီး သူ၏ နှာရောင်ပေါ်ရှိ ကောင်းကင်ဘုံမျက်လုံးက ကွဲဟလာတော့မည့်သယောင်ရှိလေသည်။ လေထဲမှာ သတ်ဖြတ်လိုစိတ်က ပျံ့နှံ့လာရင်း သူကအေးစက်စွာပြောလိုက်၏။
“ငါတို့ ကမ္ဘာဦးမျိုးနွယ် ၆ စု သတ်ချင်နေတဲ့တစ်စုံတစ်ယောက်ကို ခွန်မျိုးနွယ်က ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး”
ယင်လန်သည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ငါတို့တတ်နိုင်သလောက်ကြိုးစားရမှာပေါ့”
ထိုစဥ်မှာပင်... တိုက်ပွဲနယ်မြေရှိ ဖန်တီးခြင်းကြာပဒုမ္မာ၏ ထိပ်ဖျားမှာ ဖူးပွင့်လာသော ကြာပွင့်ချပ်များသည် စတင်ညိုးခြောက်၍ ကြွေကျလာခဲ့၏။
ဖန်တီးခြင်းကြာပဒုမ္မာတစ်ခုလုံးက ညိုးခြောက်လာခဲ့၏။
“အား... အထီးကျန်သိုင်းသခင်ရဲ့ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာရဲ့ အဆင့်ချိုးဖျက်တက်လှမ်းခြင်းက ကျရှုံးသွားပြီလား”
“သမိုင်းတစ်လျှောက်မှာ ရှေးဟောင်းဗုဒ္ဓဧကရာဇ်ကပဲ... အဆင့် ၈ ဖန်တီးခြင်းကြာပဒုမ္မာကို ပြုစုပျိုးထောင်နိုင်ခဲ့တယ်... ဒါပေမဲ့ အထီးကျန်သိုင်းသခင်က တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအဆင့်နဲ့ အဆင့် ၈ ဖန်တီးခြင်းကြာပဒုမ္မာတစ်ခုကို ပြုစုပျိုးထောင်ဖို့ ကြိုးပမ်းလိုက်တာပဲ... သူက ကျရှုံးသွားမယ်ဆိုရင် အဲ့ဒါက ဖြစ်သင့်တာပဲ”
“အဆင့် ၇ ကနေ အဆင့် ၈ ကို တက်လှမ်းတာက ဘယ်လိုလုပ်အဲ့လောက် လွယ်ကူနိုင်ပါ့မလဲ... အဲ့ဒါက သူ့ကိုယ်သူအထင်ကြီးခြင်းရဲ့ ရလဒ်ပဲ”
မျိုးနွယ်စုတစ်သောင်းမှသက်ရှိများသည် သူတို့၏ ခေါင်းကို ခါယမ်းလိုက်ပြီး အချို့က သနားဂရုဏာသက်ကာ အချို့ကလှောင်ရယ်နေကြ၏။
လေထဲတွင် မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီနှင့် အခြားသူများက အကြည့်ချင်းဖလှယ်ပြီး စိတ်သက်သာစွာ သက်ပြင်းချလိုက်ကြ၏။
အထီးကျန်သိုင်းသခင်က ဤကဲ့သို့ သေဆုံးသွားမည်ဆိုလျှင် သူတို့အတွက် တိုက်ခိုက်ရသက်သာစေပေလိမ့်မည်။
“ငါတို့ ဘာလုပ်ရမလဲ”
မြေခွေးလေးက ပူပန်ကြောင့်ကြနေပြီး ငိုချတော့မည့်ဆဲဆဲ ရှိလေသည်။
“ဖန်တီးခြင်းကြာပဒုမ္မာရဲ့ အဆင့်ချိုးဖျက်တက်လှမ်းမှုက ကျရှုံးသွားရင် သခင်လေးကလည်း... တစ်ခုခုဖြစ်သွားမှာလား”
မျောက်နှင့်အခြားသူများက သုန်မှုန်နေသောအမူအရာများနှင့်အတူ အသံတိတ်နေကြ၏။
ဖန်တီးခြင်းကြာပဒုမ္မာက ဆူဇီမိုပင်ဖြစ်၏။
ဆူဇီမိုကလည်း ဖန်တီးခြင်းကြာပဒုမ္မာဖြစ်လေသည်။
ဖန်တီးခြင်းကြာပဒုမ္မာက ညိုးခြောက်လာပြီဆိုရင် ဆူဇီမိုကလည်း သေဆုံးရဖို့အခွင့်များလေသည်။
“ဒကာတို့... ဘာမှစိုးရိမ်မနေနဲ့”
ထိုစဥ်မှာပင် မင်းကျန်၏ အသံက မျောက်နှင့်အခြားသူများ၏ စိတ်ထဲမှာပေါ်ထွက်လာ၏။
“ဖန်တီးခြင်းကြာပဒုမ္မာက ကောင်းကင်နဲ့မြေကြီး ရဲ့ ဖန်တီးခြင်းကို ခိုးယူထားတာ... သူက အဆင့်တစ်ခါချိုးဖျက်တက်လှမ်းတိုင်း ပြန်လည်ဝင်စားခြင်းနဲ့ အသွင်ပြောင်းလဲခြင်းတစ်ရပ်ကို လိုအပ်တယ်”
မင်းကျန်၏ စကားကို အဲ့ဒါက အတည်ပြုပေးလိုကသည့်အလား ညိုးခြောက်လုနီးပါးဖြစ်နေသော အစိမ်းရောင်ကြာပင်ထံမှ အသက်ဓာတ်အားလှိုင်းတစ်ခုက ရုန်းကန်ထွက်ပေါ်လာ၏။
ညိုးခြောက်လာသော ကြာရွက်များကြားကနေ နုနယ်သော အစိမ်းရောင်အရွက်များက နောက်တစ်ဖန် ကြီးထွားလာခဲ့၏။ သူတို့သည် အသက်ဓာတ်အားဖြင့် ပြည့်နှက်နေပြီး အလွန်တရာမြန်ဆန်သောနှုန်းထားဖြင့် ကြီးထွားလာလေသည်။
ဖန်တီးခြင်းကြာပဒုမ္မာ၏ အော်ရာက ဆက်တိုက်မြင့်တက်လာ၏။
မျိုးနွယ်စုတစ်သောင်းမှသက်ရှိများသည် တုန်လှုပ်သွားပြီး သူတို့၏ အကြည့်များက ဖန်တီးခြင်းကြာပဒုမ္မာပေါ်မှာ ဆင်းသက်နေခဲ့ကြ၏။
ဖန်တီးခြင်းကြာပဒုမ္မာ၏ ထိပ်ဖျားကနေ ပန်းရောင်ပန်းဖူးတစ်ခုက ပေါ်ထွက်လာ၏။ ၎င်းသည် တလက်လက်ထနေသော နှင်းရည်များဖြင့် စိုနေပြီး လူတိုင်း၏ ရှေ့မှောက်မှာ တဖြည်းဖြည်း ဖူးပွင့်လာခဲ့၏။
အပြင်ဘက်ကနေ ကြီးမားသော ကြာပန်းပွင့်ချပ်တစ်လွှာက ဖူးပွင့်လာခဲ့၏။
အဲ့ဒီနောက်... ဒုတိယမြောက် ကြာပန်းပွင့်ချပ်အလွှာက ပေါ်ထွက်လာ၏။
တတိယမြောက်အလွှာ...
သတ္တမမြောက်အလွှာပြီးတာတောင် အဲ့ဒါက ရပ်တန့်မသွားပေ။
ကြာခုံပေါ်မှာ ယခုအချိန်ထိ ဖူးပွင့်မလာသေးသော နောက်ဆုံးကြာပန်းပွင့်ချပ်တစ်လွှာရှိနေသေးသည်ကို မျိုးနွယ်စုတစ်သောင်းမှသက်ရှိများက ရှင်းလင်းစွာတွေ့မြင်နိုင်၏။
အဲ့ဒီနောက်... ချက်ချင်းပင် အဋ္ဌမမြောက်ပွင့်ချပ်အလွှာက ဖူးပွင့်လာပြီး လေထဲမှာ ပြိုးပြိုးပြက်ပြက် အရောင်အဝါတစ်ခု ပျံ့လွင့်လာစေ၏။
လောကက ချက်ချင်းပင် လှုပ်ခတ်သွား၏။
ရုတ်တရက်... ကျောက်စိမ်းကဲ့သို့ အစိမ်းရောင်ကြာပန်းများသည် ကောင်းကင်ထက်ကနေ ဆင်းသက်၍ လွင့်မျောလာပြီး ခမ်းနားထည်ဝါသောပုံစံဖြင့် ပေဟဠိနန်းတော်ပေါ်ကို ဆင်းသက်လာခဲ့လေသည်။
မျိုးနွယ်စုတစ်သောင်းမှသက်ရှိများက ကြောင်အ,မှင်တက်သွားကြ၏။
“အဲ့ဒါ.... ကောင်းကင်ထက်ကလာတဲ့ မင်္ဂလာအတိတ်နမိတ်တစ်ခုပဲ”
မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီကလည်း အံ့အားတသင့်ရေရွတ်လိုက်၏။
အဆင့် ၇ ဖန်တီးခြင်းကြာပဒုမ္မာက အဆင့် ၈ သို့ အသွင်ပြောင်းလဲလာခြင်းသည် မင်္ဂလာအတိတ်နမိတ်နှင့်အတူ လောကဆိုင်ရာဖြစ်စဥ်တစ်ခုကို အမှန်တကယ်ပင် ပေါ်ထွက်လာစေ၏။
မျိုးနွယ်စုတစ်သောင်းမှသက်ရှိများကိုမပြောနှင့် လက်ရှိ ဘိုးဘေးအဆင့် ပညာရှင်များပင်လျှင် ဤကဲ့သို့သော နမိတ်ဖြစ်စဥ်တစ်ခုကို တစ်ခါမှမတွေ့မြင်ဖူးခဲ့ပေ။
ပို၍အရေးကြီးသည်မှာ လက်ရှိဘိုးဘေးအဆင့် ပညာရှင်များသည် ကျဆင်းလာသော ကြာပွင့်များထံမှ သိပ်သည်းပြင်းထန်သော နတ်ဘုရားစွမ်းအားတစ်ခုကို ခံစားမိနေကြ၏။
“ဒါက....”
မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီနှင့်အခြားသူများက တုန်လှုပ်သွားကြ၏။
ဤနတ်ဘုရားစွမ်းအားကို အထီးကျန်သိုင်းသခင်က ထုတ်ဖော်လိုက်ခြင်း သေချာပေါက်မဟုတ်သည်ကို သူတို့က ပြောနိုင်လေသည်။
ထိုနတ်ဘုရားစွမ်းအား၏ စွမ်းပကားသည် သာမန်နတ်ဘုရားစွမ်းအားများကို ကျော်လွန်ပြီး အဆင့်မြင့်နတ်ဘုရားစွမ်းအား၏ အဆင့်ကို ရောက်ရှိနေသည်မှာ ဖြစ်နိုင်လေသည်။
သို့သော်လည်း ၎င်းကနေ သွယ်ဝိုက်ဖော်ပြနေသောအဓိပ္ပါယ်က အရမ်းကိုကြောက်စရာကောင်းလေသည်။
အဆင့် ၈ ဖန်တီးခြင်းကြာပဒုမ္မာထံမှာ ထိုနတ်ဘုရားစွမ်းအားက အစကတည်းက မွေးဖွားပေါ်ထွက်လာမည်ဆိုလျှင် အထီးကျန်သိုင်းသခင်သည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ပိုင်ဆိုင်ထားသည့်အတွက် သူသည် ထိုအဆင့်မြင့်နတ်ဘုရားစွမ်းအားကို နားလည်ဆင်ခြင်ရာမှာ မည်သည့်အဟန့်အတားကိုမှ တွေ့ကြုံရလိမ့်မည် မဟုတ်ပေ။
ကျင့်ကြံသူများအတွက်တော့... နတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်ခြင်းက အလွန်ကြာမြင့်သည့် အချိန်အနိုင်းအတာတစ်ခုကို လိုအပ်လေသည်။
အဲ့ဒီကြားမှာ သူတို့သည် မရေမတွက်နိုင်သော အတားအဆီးများနှင့် အခက်အခဲများကို တွေ့ကြုံရနိုင်လေသည်။
မဟာယာနမျိုးနွယ်စုခေါင်းဆောင်များစွာသည် နတ်ဘုရားစွမ်းအားတစ်ခုကိုနားလည်ဆင်ခြင်ဖို့ သူတို့သည် နှစ်ပေါင်းရာချီ ၊ နှစ်ပေါင်းထောင်ချီ သို့မဟုတ် နှစ်ပေါင်းတစ်သောင်းပင်လျှင် အချိန်ယူရနိုင်လေသည်။
သို့သော်လည်း အထီးကျန်သိုင်းသခင်ကတော့... အဲ့ဒါကို တကူးတက နားလည်ဆင်ခြင်နေစရာမလိုပေ။
အကြောင်းမှာ သူက ဖန်တီးခြင်းကြာပဒုမ္မာ ဖြစ်နေသောကြောင့်ပင်။
သူက မြင့်မားတိုးတက်လာသည်နှင့်အမျှ သူသည် ထိုအဆင့်မြင့်နတ်ဘုရားစွမ်းအားကို နားလည်ဆင်ခြင်နိုင်မည်ဖြစ်ပြီး အရာရာတိုင်းက သဘာဝအလျောက် ဖြစ်ပွားလာပေလိမ့်မည်။
ထိုအဆင့်မြင့်နတ်ဘုရားစွမ်းအားသည် အထီးကျန်သိုင်းသခင်၏ ပင်ကိုပါရမီတစ်ခုနှင့် တူညီလေသည်။
“ကြည့်စမ်း”
ရုတ်တရက် လူအုပ်ကြီးထဲမှ အော်သံတစ်သံထွက်ပေါ်လာ၏။
မျိုးနွယ်စုတစ်သောင်းမှသက်ရှိများသည် ဖန်တီးခြင်းကြာပဒုမ္မာကို လက်ညိုးထိုးပြီး သူတို့၏ မျက်လုံးများက ပြူးကျယ်ကာ အဆုံးမဲ့သော တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေလေသည်။
အဆင့်-၈ ဖန်တီးခြင်းကြာပဒုမ္မာက အပြည့်အဝ ဖူးပွင့်လာခဲ့ပြီဖြစ်ပြီး ကျောက်စိမ်းရောင်ကြာခုံပေါ်မှာ ပုံရိပ်တစ်ခုက ထိုင်နေ၏။
ထိုသူက အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အနက်ရောင်ဆံပင်များရှိလေသည်။ သူ၏ မျက်လုံးများကို မှိတ်ထားပြီး သူ၏ လက်ဖဝါးနှစ်ဖက်ကို သူ၏ ဒူးပေါ်မှာတင်ကာ တင်ပျဥ်ခွေထိုင်နေ၏။ သူ၏ အသားအရေက ကြည်လင်ပြီး ချို့ယွင်းချက်ကင်းစင်လေသည်။
မရေမတွက်နိုင်သော ကြာပွင့်များကျဆင်းလာခြင်းအောက်တွင် ထိုပုံရိပ်က နတ်ဘုရားသက်ရှိတစ်ပါးကဲ့သို့ဖြစ်နေ၏။
သူ့ထံမှာ အစိမ်းရောင်အရောင်အဝါတစ်ခုက ပစ်လွင့်ထွက်ပေါ်လာပြီး သူက လျစ်လျူမရှုနိုင်မည့် ခမ်းနားထည်ဝါသောအော်ရာတစ်ခုနှင့်အတူ ဖန်တီးခြင်းကြာပဒုမ္မာပေါ်မှာ ထိုင်နေလေသည်။
မျိုးနွယ်စုတစ်သောင်းမှသက်ရှိများသည် ထိုသည်ကိုတွေ့မြင်သောအခါ သူတို့က မြေပြင်ပေါ်မှာ ဝပ်တွားချင်စိတ်များပေါက်လာကြ၏။