← Chapters

မျိုးနွယ်စုခေါင်းဆောင်များရောက်ရှိလာခြင်း

Vol. 107 Ch. 1594

မျိုးနွယ်စုခေါင်းဆောင်များရောက်ရှိလာခြင်း

Vol. 107 Ch. 1594

ရုတ်တရက်ဆိုသလို...

ကောင်းကင်ဘုံကိုးလွှာထက်မှာ ပြင်းထန်ကြမ်းကြုတ်သော လေပြင်းတစ်ချက်တိုက်ခိုက်လာပြီး ဖန်တီးခြင်းကြာပဒုမ္မာကို ဘယ်နှင့်ညာယိမ်းထိုးကာ မရောင်အဝါမှေးမှိန်သွားစေ၏။

ကြမ်းကြုတ်ခက်ထန်သောလေပြင်းက ရုတ်တရက်ထိုးဆင်းလာပြီး ဓားသွားကဲ့သို့ ထက်ရှကာ အစိုင်အခဲဖွဲ့လုနီးပါးဖြစ်ပြီး ဆူဇီမို၏ ဦးခေါင်းမှတစ်ဆင့် သူ၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်လာ၏။

“အား..”

ဖန်တီးခြင်းကြာခုံပေါ်မှာ ဆူဇီမို၏ ခန္ဓာကိုယ်က ယိမ်းထိုးသွားပြီး နာကျင်နေသောအမူအရာတစ်ခုနှင့်အတူ မျက်မှောင်အနည်းငယ်ကြုတ်ကာ ခပ်သဲ့သဲ့ ညည်းတွားလိုက်၏။

“အဲ့ဒါက... ကောင်းကင်ဘုံ ခုနှစ်စင်ကြယ်လေပဲ”

နတ်ဘုရားစွမ်းအားကပ်ဘေး တာအိုအတိဒုက္ခ သုံးမျိုး....

“ဘုရားရေ... အထီးကျန်သိုင်းသခင်က မဟာယာနအဆင့်ကို ချိုးဖျက်တက်လှမ်းဖို့ကြိုးစားနေတာပဲ”

လူအုပ်ကြီးထဲမှ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအချို့သည် ကြမ်းကြုန်ခက်ထန်သောလေ၏ ဇာစ်မြစ်ကို မှတ်မိသွားပြီး အံ့အားတသင့် ရေရွတ်လိုက်ကြ၏။

လူသားကျင့်ကြံသူများသည် မဟာယာနအဆင့်သို့ ချိုးဖျက်တက်လှမ်းချင်သည်ဆိုလျှင် သူတို့က နတ်ဘုရားစွမ်းအားကပ်ဘေးနှင့် တာအိုအတိဒုက္ခ သုံးမျိုးကို တွေ့ကြုံခံစားရမည်ဖြစ်ကြောင်း တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများအားလုံးက သိရှိထားကြ၏။

သမိုင်းတစ်လျှောက်မှာ တာအိုအတိဒုက္ခ သုံးမျိုးတွင် သေဆုံးခဲ့ရသော တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအရေအတွက် မရေမတွက်နိုင်အောင်ရှိခဲ့၏။

သည့်ယခင်အဆင့်များတွင် အဆင့်ကြီးတစ်ဆင့် ချိုးဖျက်တက်လှမ်းခြင်းသည် အခက်အခဲနှင့် အန္တရာယ်များစွာဖြင့် ပြည့်နှက်နေခဲ့ပြီးသားဖြစ်၏။ သို့သော်လည်း မည်သူကမှ အဲ့ဒါကို ကပ်ဘေးများဟု မခေါ်ဆိုခဲ့ကြပေ။

တာအိုအတိဒုက္ခသုံးမျိုးကို နတ်ဘုရားစွမ်းအား ကပ်ဘေးဟု ခေါ်ဆိုရသည့်အကြောင်းရင်းမှာ သူတို့သည် အဲ့ဒီကနေ ရှင်သန်နိုင်ဖို့အခွင့်အရေးနည်းပါးသောကြောင့်ဖြစ်၏။

သူတို့က ကျရှုံးသွားမည်ဆိုလျှင် ရှင်သန်ဖို့အတွက် အခွင့်အရေးမရှိသလောက်နီးပါးပင်။

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများစွာအတွက်တော့ သူတို့သည် နတ်ဘုရားစွမ်းအားကပ်ဘေးကို ဖြတ်ကျော်နိုင်မှာမဟုတ်ဟု ခံစားမိသောအခါ သူတို့သည် အတင်းအကျပ်အဆင့်ချိုးဖျက်တက်လှမ်းဖို့ မရွေးချယ်တော့ဘဲ.. ထိုအစား ကောင်းမွန်စွာရှင်သန်နေထိုင်ရင်း... သူတို့၏ ဘဝသက်တမ်း ကုန်ဆုံးမည့်အချိန်ကိုသာ စောင့်ဆိုင်းတော့မည်ဖြစ်၏။

ဘာပဲပြောပြော... သူတို့၏ ဘဝသက်တမ်းကုန်ဆုံးမည့်အချိန်ထိ စောင့်ဆိုင်းမည်ဆိုလျှင်တောင် သူတို့မှာ နေရဖို့အတွက် နှစ်များစွာကျန်ရှိနေသေး၏။ သူတို့က ကပ်ဘေးဖြတ်ကျော်​ခြင်းမှာ ကျရှုံးသွားမည်ဆိုလျှင် ချက်ချင်းပင်သေဆုံးရပေလိမ့်မည်။

သူတို့သည် မဟာယာနအဆင့်သို့ ချိုးဖျက်တက်လှမ်းဖို့အတွက် တုန်လှုပ်စရာကောင်းသောပါရမီနှင့် သန်မာသောအခြေခံအုတ်မြစ်ကို လိုအပ်ရုံသာမက အလွန်တရာရဲဝံ့သောသတ္တိကိုလည်း လိုအပ်လေသည်။

မျိုးနွယ်စုတစ်သောင်းမှသက်ရှိများ အရမ်းကိုတုန်လှုပ်သွားရသည့်အကြောင်းရင်းမှာ ဆူဇီမိုသည် သန်မာသော ရန်သူများဝန်းရံခံလိုက်ရစဥ် မျိုးနွယ်စုတစ်သောင်းစုဝေးပွဲ၌ မဟာယာနအဆင့်သို့ ချိုးဖျက်တက်လှမ်းဖို့ ရွေးလျယ်လိုက်သောကြောင့်ဖြစ်၏။

တစ်ယောက်ယောက်ဟန့်တားနှောက်ယှက်ခြင်းမရှိလျှင်တောင် နတ်ဘုရားစွမ်းအားကပ်ဘေးကို ဖြတ်ကျော်ခြင်းမှာ သူတို့က သေရဖို့များလေသည်။

ဒါ့အပြင် ကမ္ဘာဦးမျိုးနွယ် ၆စုသည် သူ့ကိုသတ်ဖို့အတွက် အခွင့်အရေးတစ်ခုကိုစောင့်ဆိုင်းရင်း လောဘတကြီးစောင့်ကြည့်နေကြ၏။

တကယ်တော့... ဆူဇီမိုသည် ဤအချိန် ဤနေရာမှာ အဆင့်ချိုးဖျက်တက်လှမ်းချင်သောကြောင့် မဟုတ်ပေ။

အကြောင်းမှာ ဖန်တီးခြင်းကြာပဒုမ္မာသည် အဆင့် ၈ သို့ အသွင်ပြောင်းလဲပြီးနောက် ဖန်တီးခြင်းကြာခုံနှင့်အတူ အနက်ရောင်ဆံပင်အမြုတေစိတ်ဝိညာဥ်ကို အားဖြည့်ပေးနေသည့် စွမ်းအင်စီးကြောင်းများက အသွင်ပြောင်းလဲလာသောကြောင့်ဖြစ်၏။

ထိုစွမ်းအင်က အရမ်းကိုပေါကြွယ်ဝပြီး အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဥ်က အဲ့ဒါကို လုံးဝလက်မခံနိုင်တော့ပေ။

သူ၏ ကျင့်ကြံမှုအဆင့်က အဲ့ဒါကို ဆက်လက်၍ ထိန်းမထားနိုင်တော့ပဲ သူက မဖြစ်မနေ မဆင့်ချိုးဖျက်တက်လှမ်းနေရခြင်းဖြစ်၏။

မျိုးနွယ်စုခေါင်းဆောင် စန်းမင်၏ နှာရောင်ပေါ်ရှိ ကောင်းကင်ဘုံမျက်လုံးက ရုတ်တရက်ပွင့်ဟသွားပြီး ကပ်ဘေးဖြတ်ကျော်နေသော ဆူဇီမိုထံသို့ နက်မှောင်နေသောအလင်းတန်းတစ်ခုကို ထုတ်ဖော်လိုက်၏။

ကမ္ဘာဦးမျိုးနွယ်မှ မျိုးနွယ်စုခေါင်းဆောင်များသည် ဆူဇီမို မဟာယာနအဆင့်သို့တက်လှမ်းနေခြင်းကို ဒီတိုင်းစောင့်ကြည့်နေစရာအကြောင်းမရှိပေ။

သူက ကပ်ဘေးဖြတ်ကျော်ခြင်းမှာ အောင်မြင်သည်ဖြစ်စေ ၊ မအောင်မြင်းသည်ဖြစ်စေ သူတို့က ဆူဇီမိုကို ဟန့်တားနှောက်ယှက်ရမည်ဖြစ်၏။

ရုတ်တရက်ဆိုသလို...

နောက်ထပ် နတ်ဘုရားစွမ်းအားတစ်ခုက ဆင်းသက်လာခဲ့၏။

ဓားသွားတစ်ထောင် တစ်ခုပေါ်တစ်ခု ဆင့်ထပ်လာသကဲ့သို့ ဧရာမ ရေခဲအကာအရံအလွှာတစ်ခုသည် နက်မှောင်နေသောအလင်းတန်းရှေ့မှာပေါ်ထွက်လာပြီး ၎င်းကိုပိတ်ဆို့တားဆီးလိုက်၏။

အစစ်အမှန်ကျောက်စိမ်းက ဆူဇီမို၏ ရှေ့မှာ ပေါ်ထွက်လာလေပြီ။

သူမ၏ စိတ်အာရုံက ဆူဇီမိုအပေါ်မှာ အမြဲတမ်းရှိနေခဲ့၏။

မျိုးနွယ်စုခေါင်းဆောင် စန်းမင်က ထူးဆန်းစွာတုံ့ပြန်လာသည့်ခဏမှာပင် သူမက အဲ့ဒါကို အာရုံခံမိသွားပြီဖြစ်ပြီး ချက်ချင်းလက်ငင်း တိုက်ခိုက်လိုက်ခြင်းဖြစ်၏။

ဖျောက်... ဖျောက်.... ဖျောက်...

ရေခဲအကာအရံအလွှာက ကောင်းကင်ဘုံမျက်လုံး၏ စွမ်းအားကို ပိတ်ဆို့တားဆီးလိုက်သော်လည်း ရေခဲအကာအရံအလွှာပေါ်တွင် အက်ကွဲကြောင်းများပေါ်ထွက်လာပြီး ၎င်းက ပြိုကျသွား၏။

“မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်အနေနဲ့... နင်က လုံးဝသတိလက်လွတ်ဖြစ်နေတဲ့ လူတစ်ယောက်ကို ချောင်းမြောင်းတိုက်ခိုက်ရဲတယ်ပေါ့... ဘယ်လောက်တောင် အရှက်မဲ့လိုက်သလဲ”

အစစ်အမှန်ကျောက်စိမ်းက အေးစက်စွာ ပြောလိုက်၏။

“အစ်မ... မြန်မြန်ကူပေးဦး...ဆရာ့ကို ဘာမှ အဖြစ်မခံနိုင်ဘူး”

ရှောင်းယောင်က စိုးရွံ့ထိတ်လန့်သော အမူအရာတစ်ခုရှိလာပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်နှင့်အတူ အသံတစ်ခုကို အလောတကြီး ပို့လွှတ်လိုက်၏။

ယင်လန်က မသိမသာခေါင်းညိတ်ပြီး လေထဲသို့ခုန်တက်ကာ အစစ်အမှန်ကျောက်စိမ်းနှင့် ရင်ဘောင်တန်းရပ်တည်ရင်း မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီနှင့် အခြားသူများကို ကြည့်လိုက်၏။

မျိုးနွယ်စုခေါင်းဆောင် ဝူဟွားနှင့်အခြားသူများကလည်း တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ထွက်လာပြီး ဆူဇီမိုကိုအလယ်မှာထား၍ ဝိုင်းပတ်လိုက်ကြ၏။ သူတို့အားလုံးက သုန်မှုန်နေသောအမူအရာများရှိနေပြီး သူတို့၏ မူပိုင်ဓမ္မလက်နက်များကို ကိုင်ဆွဲထားကြ၏။

“အဲ့ဒီအဖြူရောင်ကိုယ်ကျပ်အင်္ကျီနဲ့ အမျိုးသမီးကို ငါ့အတွက်ထားလိုက်”

ယက္ခမျိုးနွယ်စုခေါင်ဆောင်က သရော်ပြုံးပြုံး၍ အစစ်အမှန်ကျောက်စိမ်းကို ကြည့်ရင်း သူ၏ နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်၏။

မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီက ခေါင်းညိတ်ပြလိုက်၏။

“ယင်လန်ကိုတော့... ငါ့အတွက်ထားလိုက်... ကျန်တဲ့လူသားမျိုးနွယ်စုခေါင်းဆောင် ဆယ်ယောက်ကိုတော့...”

“မပူနဲ့...”

မျိုးနွယ်စုခေါင်းဆောင် ကျင်းယန်က အေးစက်စွာပြောလိုက်၏။

“ငါတို့သုံးယောက်က ငါတို့ရဲ့ ခွန်အားအပြည့်နဲ့ တိုက်ခိုက်မယ်ဆိုရင်... သူတို့ဆယ်ယောက်လုံးက တစ်နာရီမပြည့်ခင် ဒီနေရာမှာသေဆုံးရလိမ့်မယ်”

“ဝူဟွား... လက်လျှော့လိုက်တော့”

ထိုစဥ်မှာပင် လေဟာနယ်ထဲမှာ အက်ကွဲကြောင်းများပေါ်ထွက်လာပြီး လူသားမျိုးနွယ်မှ မဟာယာနမျိုးနွယ်စုခေါင်းဆောင်များသည် တစ်ယောက်ပြီးတစ်ယောက် လျှောက်လှမ်းထွက်လာကြ၏။

သူတို့သည် ကောင်းကင်စင်ရော်ဂိုဏ်း ၊ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းနှင့် ဖန်းလိုင်ကျွန်းတို့မှဖြစ်လေသည်။

ထိပ်သီးဂိုဏ်းကြီး သုံးဂိုဏ်းမှ မဟာယာနမျိုးနွယ်စုခေါင်းဆောင်များသည် လူတိုင်း၏ ရှေ့မှောက်မှာ တစ်ယောက်ပြီးတစ်ယောက်ပေါ်ထွက်လာပြီး သူတို့က အရေအတွက် တစ်ရာကျော်လာခဲ့၏။

သူတို့ကြားမှာ အစောပိုင်းအဆင့် မဟာယာနများသာမက အလယ်အလတ်အဆင့် ၊ နောက်ပိုင်းအဆင့်နှင့် ပကတိမဟာယာနအဆင့်များပင်လျှင် ပါဝင်လာခဲ့၏။

ဤမျှ များပြားလှသော မဟာယာနမျိုးနွယ်စုခေါင်းဆောင်များ ပဟေဠိနန်းတော်သို့ ဆင်းသက်လာခြင်းနှင့်အတူ ဤမျိုးနွယ်စုတစ်သောင်းစုဝေးပွဲသည် သူတို့၏ ထိန်းချုပ်မှုအောက်မှာ မရှိတော့ကြောင်း မျိုးနွယ်စုတစ်သောင်းမှသက်ရှိများက နားလည်သဘောပေါက်လာကြ၏။

“ဂါး...”

“ဝေါင်း...”

ကမ္ဘာတုန်လောက်သောဟိန်းဟောက်သံများက ဆက်တိုက်ထွက်ပေါ်လာ၏။

တောင်ဘက်အရပ်ကနေ ဧရာမ ဥဒေါင်းတစ်ကောင်က ပျံသန်းလာနေ၏။ ၎င်းသည် ပေတစ်ထောင်မြင့်မားသော်လည်း ၎င်းက တစ်မူထူးခြားအောင်ပေါ့ပါးဖျတ်လတ်ပြီး သူ၏ ငှက်မွေးတစ်တောင်ချင်းစီက ထူးဆန်းသောအရောင်အဝါနှင့် တောက်ပနေ၏။

သားရဲနယ်မြေဒေသ ရှစ်ခုထဲရှိ ရွှေဥဒေါင်းတောင်ကျောရိုးမှ သားရဲဘိုးဘေး ခုန်းလင်ဖြစ်​လေသည်။

အနောက်ဘက်အရပ်ကနေ ခြေလက်ရှစ်ချောင်းနှင့်အတူ ဧရာမပင့်ကူတစ်ကောင်က ဖုန်များတထောင်းထောင်းထ၍ ပဟေဠိနန်းတော်ရှိရာသို့ ရွေ့လျားလာနေ၏။

ပင့်ကူတစ်ထောင်သဲခုံမှ သားရဲဘိုးဘေးကျူးဖာ...

အရှေ့ဘက်အရပ်ကနေ ဟင်္သပြဒါးအရောင်အဝါတစ်ခုက ကောင်းကင်တစ်ခွင်ပျံ့နှံ့သွားပြီး တစ်ခဏချင်းမှာပင် သူတို့ရှေ့သို့ ရောက်ရှိလာ၏။ အဲ့ဒါက သွေးနီရောင်တောင်ပံများနှင့် တစ်မူထူးခြားသည့်ပုံပေါ်သော လင်းယုန်တစ်ကောင်ဖြစ်လေသည်။

အရှေ့ပိုင်းဒေသမှ သားရဲဘိုးဘေး သွေးနီရောင်ငှက်မွေး...

အနောက်ဘက်အရပ်ကနေ သားရဲချီများက တရုန်းရုန်းထကြွလာပြီး ရှည်လျားသော ရွှေရောင်သားမွေးများနှင့်အတူ ခြင်္သေ့တစ်ကောင်က တောင်ကြောရိုးတစ်ခုပေါ်မှာ ပေါ်ထွက်လာပြီး ကောင်းကင်တစ်ခွင် ဟိန်းဟောက်လိုက်၏။

ခြင်္သေ့ရိုင်းတောင်ကြောရိုးမှ သားရဲဘိုးဘေးအရိုင်းကောင်းကင်...

တဖြည်းဖြည်းနှင့် သားရဲနယ်မြေရှစ်ခွင်မှ... သက်ရှိများသည် တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြ၏။ သူတို့အားလုံးက သားရဲဘိုးဘေးအဆင့် ပညာရှင်များဖြစ်ကြ၏။

“မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော ၊ မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ် ၊ မျိုးနွယ်စုခေါင်းဆောင် ရှုကျင်း.... ခင်ဗျားတို့တွေက.. “

မျိုးနွယ်စုခေါင်းဆောင် ဝူဟွားသည် ကောင်းကင်စင်ရော်ဂိုဏ်း ၊ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းနှင့် ဖန်းလိုင်ကျွန်းတို့မှ မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ရာကျော်ကို တွေ့မြင်သောအခါ တုန်လှုပ်သွားလေသည်။

ဤမဟာယာနမျိုးနွယ်စုခေါင်းဆောင်များထဲမှ အချို့သည် နှစ်ပေါင်းများစွာ ကျော်ကြားလာခဲ့သော ဘိုးဘေးအဆင့် ပညာရှင်များဖြစ်ကြလေသည်။

သူတို့သည် နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်မှာပင် သူတို့၏ အမှတ်အသားများကို ချန်ထားရစ်နိုင်ခဲ့ကြ၏။

ဧကရာဇ်များက နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်မှာ မပါဝင်ပေ။

တစ်နည်းအားဖြင့်ဆိုလျှင်... နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်ရှ် အမည် ၃၆ ခုစလုံးသည် မဟာယာနမျိုးနွယ်စုခေါင်းဆောင်များဖြစ်ကြ၏။

ဥပမာအားဖြင့် ကောင်းကင်စင်ရော်ဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင် ယွဲ့လောက နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်တွင် အဆင့် ၃၄ ဝင်လေသည်။

ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ်က နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်တွင် အဆင့်၂၇ ဝင်လေသည်။

ဖန်းလိုင်ကျွန်း၏ မျိုးနွယ်စုခေါင်းဆောင် ရှုကျင်းက နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်တွင် အဆင့် ၂၁ ဝင်လေသည်။

သူတို့သုံးယောက်သည် ပကတိအဆင့်မဟာယာနများဖြစ်ကြ၏။

သူတို့တစ်ယောက်ချင်းစီသည် အဆင့်မြင့်နတ်ဘုရားစွမ်းအားဆယ်ခုကျော်ကို နားလည်ဆင်ခြင်ထားကြ၏။

“မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော... ဒါကဘယ်အဓိပ္ပါယ်လဲ”

မျိုးနွယ်စုခေါင်းဆောင် ဝူဟွားက အေးစက်သောအသံဖြင့် ပြောလိုက်၏။

“ဘာရယ် မဟုတ်ပါဘူး”

မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့က သက်လတ်ပိုင်းအရွယ် အချောအလှတစ်ဦးဖြစ်ပြီး သူမ၏ ရင်ခွင်ထဲမှာ နှင်းဖြူရောင်ကြောင်တစ်ကောင်ကို ပွေ့ပိုက်ကာ ထိုကြောင်၏ ဦးခေါင်းကို မကြာမကြာပွတ်သပ်နေ၏။ သူမက မှင်သေသေဖြင့် ပြန်ဖြေလိုက်၏။

“ငါတို့ကလည်း မျိုးနွယ်စုတစ်သောင်း စုဝေးပွဲမှာ ပါဝင်တက်ရောက်ဖို့ဒီကိုရောက်လာတာပေါ့”

မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီနှင့်အခြားသူများသည် ထိုသူကိုတွေ့မြင်သောအခါ အကြည့်ချင်းဖလှယ်လိုက်ကြ၏။ သူတို့၏ မျက်နှာပေါ်တွင် အပြုံးများပေါ်ထွက်လာပြီး တိုက်ခိုက်ဖို့အလောတကြီး မရှိကြတော့ပေ။

ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ်က အေးစက်သော အမူအရာတစ်ခုရှိနေ၏။

“ဝူဟွား... လမ်းဖယ်ပေး အထီးကျန်သိုင်းသခင်က ဒီနေ့သေရလိမ့်မယ်”

“ဘယ်အချက်ပေါ်မူတည်ပြီးတော့လဲ”

မျိုးနွယ်စုခေါင်းဆောင် ဝူဟွားက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ဒီလောက်များတဲ့ မဟာနမျိုးနွယ်စုခေါင်းဆောင်တွေက သူ့အသက်ကို လိုချင်လာရအောင်... အထီးကျန်သိုင်းသခင်က ဘာများအမှားလုပ်ခဲ့လို့လဲ”

“အထီးကျန်သိုင်းသခင်က တစ်ခါတုန်းက သိုင်းတာအိုကိုတည်ထောင်ပြီး သက်ရှိအားလုံးကို သိုင်းပညာသင်ကြားပေးခဲ့တယ်ဆိုတာကို မမေ့လိုက်နဲ့... မင်းတို့ငါတို့တောင်မှ လူသားမျိုးနွယ်အပေါ် သူ့ရဲ့အကျိုးဆောင်မှုကို ယှဥ်နိုင်မှာ မဟုတ်ဘူး”

“ဒါပေမဲ့... သူက သေရမှာပဲ”

ဖန်းလိုင်ကျွန်း၏ မျိုးနွယ်စုခေါင်းဆောင် ရှုကျင်းက ပြောလိုက်၏။

“အထီးကျန်သိုင်းသခင် သေပြီးမှပဲ... ငါတို့နဲ့ ကမ္ဘာဦးမျိုးနွယ် ၆စုကြားက ရန်ငြိုးရန်စကို ယာယီအားဖြင့် ခဝါချနိုင်လိမ့်မယ်... အဲ့ဒါမှပဲ မျိုးနွယ်စုတစ်သောင်း စုဝေးပွဲကို အဆင်ပြေပြေဆက်ပြီး ကျင်းပနိုင်လိမ့်မယ်”

All Chapters